Chapter 46
သူမက ပို၍ပင် သိချင်သွားရသည်။ ဆာဒါကို က ဘယ်သူမို့လို့လဲ... ဘာလို့ သူ့ကို ရှာနေကြတာလဲ...
သူမက reply ပြန်ရန်အတွက် အောက်ခြေမှ ပေချ့်ကို နှိပ်လိုက်သော်လည်း မှတ်ပုံတင်ထားသော အသုံးပြုသူများသာ ကွန်မန့်ရေး၍ ရသည်ကို တွေ့လိုက်ရသည်။ လီယန်က မှတ်ပုံတင် အချက်အလက်များ၏ အပေါ်ဘက် ညာဘက်ထောင့်လေးကို တိတ်တဆိတ် ကြည့်လိုက်ပြီး သူမ အခုလေးတင် တွေ့လိုက်ရသော နာမည်ကို login အချက်အလက်များထဲသို့ ထည့်လိုက်သည်။
အချက်အလက်ထဲမှာ ဆာဒါကို ဆိုတဲ့ နာမည်ကို ဖြည့်ရတာ အရမ်း လွယ်တာပဲ... ဒါပေမယ့် လျှို့ဝှက်နံပါတ်က ဘာတဲ့လဲ...
123456789 ထည့်လိုက်မယ်...
အောင်မြင်စွာ ဝင်ရောက်နိုင်ပါပြီ။
လီယန်: “…”
ဒါက တကယ့်ကို ဆန်းကြယ်တဲ့ ကမ္ဘာကြီးပဲ...
သူမက ပေချ့်၏ အောက်ခြေကို ရောက်
သွားကာ reply ပြန်စာ နေရာတွင် စကားလုံး တစ်လုံးချင်း ရိုက်ထည့်လိုက်သည်။
ဘာလို့ ငါ့ကို ရှာနေကြတာလဲ...
လီယန်က ကြုံရာကျပန်း ဗုံးတစ်လုံး ချပေးလိုက်ပြီး သူမ၏ စာကြောင်းကို အဆုံးသတ်ပြီးနောက် ပိုစ့်မှ ထွက်ကာ ဟုမ်းပေ့ချ်ကို ပြန်သွားလိုက်သည်။ သူမ ကွန်မန့် ရေးနေသည့် ထိုအချိန်လေး အတွင်းမှာပင် နောက်ထပ်ပိုစ့်တစ်ခုက အဓိကပေ့ချ်တွင် ထွက်ပေါ်လာခဲ့သည်။
ညနက်ချိန်ရဲ့ ကောင်းချီးလေး... ကျေးဇူးပြုပြီး မင်းတို့ရဲ့ သွားရည်တွေကို သုတ်ဖို့ တစ်သျူး စက္ကူတွေ ပြင်ထားကြပါ...
ဝိုး... ကြည့်ရတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းမဲ့ပုံပဲ... လီယန်က ခပ်မြန်မြန် မျက်တောင်ခတ်၍ သူမလက်ထဲတွင် လက်ကိုင်ပဝါ ကိုင်ထားလိုက်ပြီး တလေးတနက် နှိပ်၍ ဝင်ကြည့်လိုက်သည်။
ထိုပိုစ့်တွင် မော့ကျန်း၏ လတ်တလော တင်ထားသည့် ဝေ့ပေါ်ပိုစ့် ရှိနေပြီး ထိုပုံကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရသည့်အတွက် လီယန် သူ့ အဝတ်များကို ဆွဲချွတ်လိုက်ချင်စိတ်များ ပေါ်ပေါက်လာရသည်။ သူမ တစ်ကိုယ်တည်း မဟုတ်သည်ကို အတည်ပြုရန်အတွက် သူမ၏ မျက်ဝန်းကျယ်များက အောက်ရှိ replyများကို ကြည့်နေလိုက်သည်။
(“ဒီပုံက ဒီအဘွားအိုကြီးကို တစ်နှစ်လောက် စိတ်ကျေနပ်သွားပြီး သက်တောင့်သက်တာ အသက်ဆက်ရှင် သွားနိုင်ဖို့ လုံလောက်ပြီ [မရွှင်မပျ ဖြစ်နေတဲ့ အပြုံး]")
(“ခနလေး... screen ကို သုတ်ဖို့ တစ်သျူး ရှာနေတယ်")
(“ရှပ်ကို ဆွဲချွတ်ပစ်ချင်လိုက်တာ")
(“ဆွဲချွတ်လိုက်ပါ... ငိုချင်လာပြီ ဝူး ~ ~ ~ ~”)
“[တောက်ပနေပြီ] ဆာဒါကို နောက်တစ်ထပ်မှာ ပေါ်လာပြီဟေ့... သူက ကျန်းဇီလို အပြုံးမျက်နှာလေးနဲ့တောင် ပိုစ့်တင်ထားသေးတယ်"
ထိုကွန်မန့် ရုတ်တရက် ထွက်ပေါ်လာပြီး လီယန်ကို တစ်ခဏမျှ ကြောင်အသွားစေသည်။ သူမက ယခုလေးတင် ပြုခဲ့သော ကောင်းမှုကို သတိရမိသွားပြီးနောက် စိုးရိမ်မှု အချို့ဖြင့် ၎င်းကို ကြည့်ရန် ပြန်သွားလိုက်သည်။
ဆာဒါကို ထွက်ပေါ် လာမှုကြောင့် ထိုပိုစ့်က ဖိုရမ်၏ ရေပန်းစား အကြောင်းအရာများထဲတွင် ခပ်မြန်မြန် နေရာယူသွားပြီး လူတိုင်းက သူမ ထိုအတောအတွင်း ဘယ်နေရာ ရောက်နေခဲ့သည်နှင့် သူမက မော့ကျန်း၏ လက်ထောက် ဟုတ်မဟုတ်ကို အားတက်သရော မေးမြန်းလာကြသည်။
ဧကရာဇ်မော့ရဲ့ လက်ထောက်... လီယန်က အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ ဆာဒါကိုလို့ ခေါ်တဲ့ မူလလူက ဒီလိုမျိုး နောက်ခံကြီးကြီး ရှိနေခဲ့တာလား... သူမက ရုတ်တရက် ဖိအား အတော်လေး ကြီးလာသလို ခံစားလိုက်သည်။ သူမက နာမည်ကျော် တစ်ဦးကဲ့သို့ ဟန်မဆောင်ချင်ပေ။
လီယန်က ဖိုရမ်မှ ထွက်ကာ ရေချိုးပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။ သူမက သူမကိုယ်သူမ စိတ်တည်ငြိမ်သွားစေရန် ကြိုးစားလိုက်သော်လည်း သူမ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှု ပြင်းပြင်းကို အမြဲတမ်း ခံစားနေရပြီး သူမ မည်သည့်အတွက်ကြောင့် စိတ်လှုပ်ရှား နေရသည်ကိုကား လုံးလုံး နားမလည် နိုင်ခဲ့ပါပေ။
ဆေးရုံကနေ ဆင်းလာခဲ့ရလို့ အရမ်း စိတ်လှုပ်ရှား သွားတာလား...
လီယန်က အိပ်ရာပေါ်မှ ဖုန်းကိုယူကာ မော့ကျန်း ဝေ့ပေါ်ပိုစ်အသစ် တင်လိုတင်ငြား ဝေ့ပေါ်ကို ပြန်ဝင်ကြည့်လိုက်သည်။ အဆုံးတွင် မော့ကျန်းက ပိုစ့်အသစ် တစ်ခုမှ တင်မလာခဲ့သော်လည်း သူမ၏ ကိုယ်ပိုင် ဝေ့ပေါ်အကောင့်တွင် အသိပေးချက် အသစ် တစ်ခု ရှိနေခဲ့သည်။
ကောင်းသောညပါ...
သူမက မည်သည်ကြောင့်မှန်း မသိသော်လည်း ရိုးရှင်းသည့် ထိုစကားလေးများက သူမ၏ နှလုံးသားကို ခုန်လှုပ်သွားစေခဲ့သည်။
သူမက ပရိုဖိုင်ပုံပင် မရှိသော IDကို ကြည့်လိုက်မိသည်။ ဒီ[သစ်တော်သီးတွေ စားနေတယ်]က ဘယ်သူများလဲ...
လီယန်က ဖုန်းကို သုံးစက္ကန့်မျှ စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကောင်းသောညပါ"
နေ့ရက်များက အလျင်စလို မဟုတ်ဘဲ ကျော်ဖြတ် သွားခဲ့ပြီး လီယန်၏ ခန္ဓါကိုယ်သည်လည်း အချိန်နှင့်အမျှ တိုးတက်လာခဲ့သည်။ ဆေးရုံရှိ ပြန်လည်ထူထောင်ရေးစင်တာသို့ သွားရသည့် အကြိမ်ရေလည်း တစ်ပတ်မှ တစ်ရက်သို့ လျော့ပါးလာကာ မကြာမီပင် ထိုနှစ်၏ နောက်ဆုံး နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။
နှစ်တိုင်း၏ နောက်ဆုံးနေ့ရက်က လူတိုင်းကို အမြဲတမ်း စိတ်ခံစားချက်များ မြင့်တက်လာစေပြီး လူတစ်ယောက်၏ ကိုယ်ပိုင်ဘဝအကြောင်း တွေးမိစေသည့် ရက်တစ်ရက် ဖြစ်သည်။ လီယန်သည်လည်း တွေးနေမိပါ၏။ ဒီနေ့ည ညစာကို ဘာစားရင်ကောင်းမလဲဟူ၍ပင်။
“ပီပီ ပီပီကာချူး”
ထိုမက်ဆေချ့် အသိပေးချက်က လီယန်၏ အတွေးကို နှောက်ယှက်လိုက်ပြီး သူမက ဆဲလ်ဖုန်းကို ကောက်ကိုင်ကာ လီရှောင်ထံမှ စာကို ကြည့်လိုက်သည်။ "တောင်းပန်ပါတယ်.. ဒီည ညီမမှာ လုပ်စရာ ရှိနေလို့ အစ်မတို့နဲ့အတူ အဖော်ပြုပေးလို့ မရတော့ဘူး"
လီယန်က ထိုစာကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် စာတိုတစ်ခုသာ ပြန်လိုက်သည်။ "ဪ"
သူမက ဖုန်းကို ချထား၍ ယနေ့ည ဟော့ပေါ့စားရန် ဆုံးဖြတ်လိုက်သည်။
နှစ်သစ်ကူး အကြိုည ပါတီတွင် လူအများစုက အလွန် ခမ်းနားသော ညစာကို စားလေ့ရှိကြပြီး လီယန်၏ ညစာသည်လည်း ထို့နည်းတူစွာပင်။ နှစ်သစ်ကူး အကြိုညတိုင်းတွင် ခိုက်ဟွမ်းက ဖျော်ဖြေပွဲတစ်ခု ကျင်းပလေ့ရှိပြီး ဧကရာဇ်မော့ကို နောက်ဆုံး ဖဲချပ်
အနေဖြင့် အသုံးပြုထားကာ သူ့ဖျော်ဖြေမှုက အမြဲတမ်း နောက်ဆုံးအပိတ်ပွဲဖြစ်လေ့ရှိသည်။ လက်မှတ်များကို ခိုက်ဟွမ်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင်သာ တင်ထားခဲ့ပြီး ကံစမ်းမဲပေါက်သူများသာ တက်ရောက်ခွင့် ရမည် ဖြစ်သည်။
ချန်းချင်းယန်က နှစ်တိုင်း နှစ်တိုင်း စာရင်းသွင်းခဲ့သော်လည်း ရလဒ်က အမြဲတမ်း မအောင်မြင်နိုင်ခဲ့ပေ။
ဒီနှစ်လည်း မျှော်လင့်ချက်မရှိတော့ဘူး...
ချန်းချင်းယန်က ဧည့်ခန်းမှ ဆိုဖာပေါ်တွင် ထိုင်၍ တီဗီတွင် မော့ကျန်း သီချင်းဆိုနေသည်ကို ကြည့်ရင်းဖြင့် ခုနစ်ဆယ့်ရှစ်ခါမြောက် သက်ပြင်းချလိုက်သည်။ "တလီ... နင်ပြောကြည့်... ငါကျိန်စာတိုက်ခံထားရတာ များလား"
“လေး” လီယန်က ပုစွန်ဖက်ထုပ်များကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ချန်းချင်းယန်ကို သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
ချန်းချင်းယန်က သံမဏိလို အကြည့်မျိုးဖြင့် သူမကို စိုက်ကြည့်လာခဲ့သည်။ "တလီ... နင်ပြောကြည့်... စားတာ မဟုတ်ဘဲနဲ့ နင်ဘာလုပ်တတ်လဲ"
“သူက လူတွေကို ဘယ်လို ရိုက်ရမှန်းလည်း သိတယ်" သူမကို ပြန်ဖြေသူက ပြန့်ပြန့် ဖြစ်ကာ သူမက နိုင်ငံခြားသို့ စာသင်သွားရမှ အိမ်ပြန်ရောက်လာသူ ဖြစ်ပြီး သူမတို့နှင့်အတူ ညစာလာစားခြင်း ဖြစ်သည်။
ထိုစကားများကို နားထောင်ရင်း ချန်းချင်းယန်၏ နှုတ်ခမ်းတို့မှာ ရွှင်မြူးမှုဖြင့် လှုပ်ရှားသွားခဲ့သည်။ တလီဟူသော နာမည်ပြောင်က ဟာသအနေနှင့် ကြုံရာကျပန်း ခေါ်ဆိုခြင်း မဟုတ်ဘဲ ထိုအားကောင်းမောင်းသန် မိန်းကလေးက သူမသာ အလိုရှိလျှင် အိပ်ခန်းတံခါးကိုပင် ချိုးဖျက်နိုင်ပေသည်။
“ကံမကောင်းစွာနဲ့ ချွီဟွားကတော့ မလာနိုင်ဘူး... ဒါကြောင့် မိန်းကလေးတွေ စောစော လက်မထပ်သင့်ဘူးလို့ ငါပြောတာပဲ" သူမက ဟာ့ပေါ့အိုးနီထဲသို့ အသီးအရွက် အချို့ထည့်ကာ သူမ၏ ဆီများသော ဟင်းခွက်ထဲသို့ ထည့်လိုက်ပြီးနောက် ပါးစပ်ထဲသို့ သွင်းလိုက်သည်။
သူမ၏ စကားများက လီယန်ကို မသိလိုက်မသိဘာသာဖြင့် သူမ၏ ပါးစပ်ထဲသို့ တူများ ကိုက်ထားမိသွားစေသည်။ သူမက ထိုသူ သုံးယောက်နှင့် အခန်းအတူတူ နေခဲ့ရပြီး တစ်ယောက်က လက်ထပ်သွားကာ တစ်ယောက်က စာသင်နေဆဲ ဖြစ်၍ တစ်ယောက်က ဝတ္ထုရေးနေသည်။ ကြည့်ရသည်မှာ သူမ တစ်ယောက်တည်းကသာ လုပ်စရာ မရှိ ဖြစ်နေပုံပင်။
လီယန်၏ နှလုံးသားက အနည်းငယ် ဝမ်းနည်းသွားခဲ့ပြီး ပါးစပ်ထဲမှ တူများကိုက်နေခဲ့သည်။ စတိတ်စင်ပေါ်မှ မော့ကျန်းက သီချင်းဆိုပြီးသွားပြီ ဖြစ်၍ တီဗီ မျက်နှာပြင်ပေါ်တွင် နံပါတ်များ စပြီး နောက်ပြန်ရေတွက်နေလေပြီ။
ချန်းချင်းယန်က စိတ်လှုပ်ရှားစွာဖြင့် မော့ကျန်းနောက်မှ လိုက်၍ နံပါတ်များ ရေနေလေသည်။ လီယန်က screenပေါ်မှ လူကို ကြည့်လိုက်သောအခါ ထိုသူကို တစ်ခါမှ မတွေ့ဖူးသည်မှာ သိသာနေသော်လည်း သူ့မျက်နှာပြင် အစိတ်အပိုင်းများအားလုံး... သူ့နှုတ်ခမ်းများ၊ သူ့အပြုံးတို့က သူမ၏ အရိုးထဲထိ ရေးထွင်းထားသကဲ့သို့ အလွန် ရင်းနှီးနေသည်က ကြောက်ခမန်းလိလိ ခံစားရသည်။
ဆယ်စက္ကန့် ရေတွက်ခြင်း ပြီးသွားသောအခါ screenက ရောင်စုံပူဖောင်းများဖြင့် ပြည့်သွားပြီး မြေကို တုန်လှုပ်စေသော အော်သံတို့ ထက်ပေါ်လာကာ ချန်းချင်းယန်က တီဗီဆီသို့ ခပ်မြန်မြန် ပြေးသွားခဲ့သည်။
“Happy New Year”
ထိုကဲ့သို့ ဆူညံနေသော အသံများဖြင့်ပင် မော့ကျန်း၏ အသံက အခန်းအတွင်းသို့ ကြည်ကြည်လင်လင် ပေါ်ထွက်လာခဲ့သည်။
လီယန်၏ နှလုံးသားထဲမှ ဝမ်းနည်းအားငယ်မှုအားလုံး ရုတ်တရက် ပြောင်ရှင်းသွားခဲ့ပြီး သူမက တီဗီ မျက်နှာပြင်ထက်မှ လူကို ကြည့်၍ သူမ၏ နှုတ်ခမ်းထောင့်လေးများ ကွေးတက်လာခဲ့သည်။
............
နှစ်သစ်ကူးပြီး တစ်လကြာသည်အထိ လီယန်က အိမ်တွင်းမှာသာ အနားယူနေခဲ့ပြီး အပြင်မထွက်သလောက် နီးပါးပင်။ ချန်းချင်းယန်နှင့် တွေ့သည့် အကြိမ်ရေပင် အတော်လေး နည်းလာခဲ့သည်။ လီယန်က အသိတစ်ယောက်ထံမှ ချန်းချင်းယန်၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးတော့မည်ဟု ခပ်ရေးရေး ကြားသိခဲ့ရသည်။ ထို့ကြောင့် လတ်တလောတွင် သူမက ထိုကိစ္စဖြင့် အလုပ်များနေပေလိမ့်မည်။
အိမ်တွင် ပျင်းရိနေသော အချိန်တွင် လီယန်က ဆာဒါကို၏ အကောင့်ကို ဝင်၍ ဖိုရမ်ကို ဝင်သွားလိုက်သည်။
ဤတစ်ကြိမ်၌ သူမက ဆာဒါကို၏ ပိုစ့်သမိုင်းကြောင်းကို ကြည့်လိုက်ရာ ဆာဒါကို၏ ယခင်က ပိုစ့်အားလုံးတို့မှာ မော့ကျန်းကို အသရေ ဖျက်ရန် ကြိုးစားခဲ့ခြင်းပင် ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အံ့သြမိသွားသည်။ လီယန်က ယခင်စတိုင်အတိုင်း အတုခိုး၍ စကားလုံးများကို သေသေချာချာ အလေးပေးထားပြီး သူမက ကွန်မန့် မန့်သည့်အချိန်တိုင်း မော့ကျန်း၏ နာမည်ကို အနက်ရောင် ပေါင်ဒါဖြင့် ဆက်ပြီး အသရေ ဖျက်နေခဲ့သည်။
ထိုကဲ့သို့ပင်...
"အယ်လ်ဘမ်countdown... 17ရက်ပဲ ကျန်ပါတော့တယ်"
"လက်သီးကဒ်”
"လက်သီးကဒ်”
"ကောလိပ်ဝင်ခွင့် စာမေးပွဲ countdown... 135ရက်ပဲ ကျန်ပါတော့တယ်... မင်းတို့ရဲ့ ဆောင်းရာသီ အားလပ်ရက် အိမ်စာတွေ လုပ်ပြီးကြပြီလား :)”
…
ထိုကဲ့သို့မျိုးပင် –
"နတ်ဘုရား တားမြစ်ဇုံ 3ရဲ့ အကြိုပြကွက် ထွက်လာပြီ... မင်းတို့ 20စက္ကန့်စာ ပရိုမိုးရှင်းလေး ကြည့်ပြီးကြပြီလား... ကျန်းဇီက သေချာပေါက် ဒီနှစ်ရဲ့ ဆုတွေ သိမ်းတော့မှာ[ပုံ] [ပုံ]"
"ကောင်းစန်ရဲ့ မျက်လုံးအကြည့်တွေက မိုက်ချက်ပဲ... ကျန်းဇီရဲ့ သရုပ်ဆောင်စကေးက ရှင်းပြဖို့ကို မလိုတော့ဘူး"
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ထွက်ခဲ့တဲ့ ဇာတ်ကားတွေ ကြည့်လိုက်ကြစမ်းပါ... ဘယ်သူမှ မော့ကျန်းရဲ့ ကောင်းစန်လောက် မကောင်းဘူး"
နင်တို့သာ အကဲဖြတ်ဒိုင်တွေဖြစ်သွားရင် တော့ အဲ့ကားက ကောင်းနေမှာပေါ့:)”
…
ထပ်ပြီးတော့ အောက်ပါအတိုင်းပင် –
"ဒီနေ့ Happy Birthdayရဲ့ ရာသီအသစ်အတွက် ကြော်ငြာထွက်လာပြီ.. ငါတို့ရဲ့ နတ်ဘုရားပဲ ကြောငြာပေးမှာ... ငါ ရေချိုးဖို့ မစောင့်နိုင်တော့ဘူး"
"နင် ရေချိုးတိုင်း နတ်ဘုရားလေးလို အနံ့မွှေးကြိုင်နေတော့မှာ... ပျော်ပျော်ကြီး အရှက်မဲ့လိုက်(* / ω \ *)”
နတ်ဘုရားလေးက အမျိုးသမီး ရေချိုးဆပ်ပြာ ကြော်ငြာပေးတာ တစ်မျိုး ဖြစ်နေပေမယ့်လေ... ဒီကြော်ငြာက ခံစားချက်ကောင်းစေတယ်... နောက်ထပ် ကြော်ငြာ ဘယ်လို ဖြစ်မယ် ထင်လဲ"
"လစဥ်သုံးဂွမ်းထုပ်"
…
ချန်းချင်းယန် ဒေါသပုန်ထနေလေပြီ။ သူမက ဆာဒါကိုဟုခေါ်သော ထိုညီအစ်အမကို အန်တီကြီး သွေးတို့ဖြင့် ဖုံးပစ်လိုက်ချင်သည်။ ဆာဒါကိုက မော့ကျန်း၏ လက်ထောက် ဖြစ်နေလျှင်တောင် သူမ မယုံခင် အရင်ဆုံး သတ်ပစ်လိုက်နိုင်သည်။
ပြီးတော့ အဆုံးမှာ သူမ ထည့်ထားသော အီမိုဂျီကလည်း သေချာပေါက်မော့ကျန်းကို တမင်သက်သက် လှောင်ပြောင်နေသည်သာ ဖြစ်ရမည်။
ဒေါသထွက်နေသော ချန်းချင်းယန်မှာ ကိုယ်တိုင်ကိုယ်ကျ ပိုစ့်တစ်ခုတင်လိုက်ပြီး ဆာဒါကိုကို စိမ်ခေါ်လိုက်သည်။
လီယန်က စည်းကမ်းထိန်း အဒေါ်ကြီး သူမအား စိမ်ခေါ်လာသည်ကို တွေ့သောအခါ ပိုစ့်ကို ယက်ကန်ယက်ကန် လျှောက်၍ ဝင်သွားလိုက်ရသည်။
"အမဲရောင်တွေ လာဖြူးနေတယ်ပေါ့... နင်တာဝန်ယူရမယ်မှတ်... မြင်းတစ်ကောင်လို ဝတ်စားထားတာက ဟီးရိုး ဖြစ်မသွားဘူးနော်... မော့ကျန်းရဲ့ လက်ထောက်လို့တောင် ပြောရဲသေးတယ်"
ထိုအာမေဋိတ်အတွဲလိုက်က လီယန်ကို ရှောခ့်ရသွားစေသည်။ သူမက ထိုစတိုင်က တစ်ယောက်ယောက်ကို အမှတ်ရစေသည်ဟု အမြဲတမ်း ခံစားနေရသည်။ ဒါပေမယ့် ဘယ်သူလဲ...
သို့သော်လည်း သူမက မော့ကျန်း၏ လက်ထောက်ဟု ဝန်ခံရန်အတွက်ကား သူမ တကယ် မလုပ်ရဲပါပေ။
ထို့ကြောင့်ပင် သူမက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ " မပြောရဲပါဘူး :)”
ချန်းချင်းယန်: “…”
ထိုခံစားချက်က ဝါဂွမ်းကို လက်သီးဖြင့် ထိုးနေရသည်နှင့်တူနေသည်။ သူမက တကယ့် တကယ့်ကို မပျော်ဘူးနော်... ဒါပေမယ့် သူမက မျက်နှာပြင်ကို ဖြတ်၍ သူမကို အားရပါးရ မရိုက်ပစ်နိုင်ပေ။ သူမ၏ အပြုံးက "ငါ့ကို လာကိုက်ပါ"ဟု ပြောနေသကဲ့သို့ပင်။
ကွကျဥပဲ...
ချန်းချင်းယန်က ဒေါသတကြီးဖြင့် မောစ့်ကို လွှင့်ပစ်လိုက်ပြီးနောက် သုံးစက္ကန့်အကြာတွင် ကြမ်းပြင်ပေါ်မှ ပြန်ကောက်၍ ဆာဒါကို၏ IPလိပ်စာကို ပိတ်ချလိုက်သည်။ ကွန်ပြူတာ တစ်ဖက်မှ သတိ မပြုမိသေးသော လီယန်မှာ အခြားသောပိုစ့်ကို နှိပ်လိုက်ပြီး နောက်ထပ် အနက်ရောင်မှုန့်များ ဖြူးရန် ပြင်နေချိန်၌ မျက်နှာပြင်အောက်ခြေရှိ ကွန်မန့်ပေးသောနေရာလေးမှာ ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရသည်။ သူမက တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ဘန်းခံလိုက်ရပြီ ဖြစ်ကြောင်း နားလည်သွားသည်။
…
သောက်ကျိုးနဲ... သူမကို ဘန်းတဲ့ စည်းကမ်းထိန်းက ရူးနေတာပဲ ဖြစ်ရမယ်...
"ပီပီ ပီပီကာချူး"
လီယန်က ဒေါသတကြီး ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖုန်းမျက်နှာပြင်၌ ချန်းချင်းယန်ထံမှ ပို့လာသော မက်ဆေ့ချ်တစ်ခုကို ပြနေခဲ့သည်။ "ဒီကမ္ဘာပေါ်မှာ ဟိုဟိုဒီဒီ လျှောက်ပြီး ကျောခင်းနေတဲ့ ရူးနေတဲ့သူတွေ အများကြီးပဲ"
လီယန်က ခေါင်းငြိမ့်၍ တွေးတွေးဆဆဖြင့် စာပြန်လိုက်သည်။ "ငါလည်း အဲ့လိုပဲ ထင်တယ်"
လူနှစ်ယောက်အကြားက အပြန်အလှန်နားလည်စိတ်က ထိုမျှလောက် မမြင့်ဖူးခဲ့ပေ။
Xxxxxx