Chapter 47
နေ့ရက်များက ဖေဖော်ဝါရီသို့ ရောက်လာသောအခါ လီယန်က နောက်ဆုံး စစ်ဆေးမှုအတွက် ဆေးရုံသို့ သွားခဲ့သည်။ အခန်းထဲမှ ထွက်လာသောအခါ လီယန်က အမှတ်တမဲ့ တုန်ယင်သွားလေသည်။ ဆောင်းရာသီ၏ လေအေးများက သူမ၏ အသားအရည်ပေါ်တွင် ကြမ်းကြမ်း တိုက်ခတ်နေသဖြင့် လည်စည်းကို မျက်နှာပေါ်သို့ ဆွဲတင်၍ နှာခေါင်းအုပ်ထားလိုက်ရသည်။
အိတ်ထဲမှ ဖုန်းမြည်လာချိန်တွင် လီယန်က ခေါင်းငုံ့၍ တစ်ခဏမျှ ရှာဖွေလိုက်ပြီးနောက် ဖုန်းကို ထုတ်လိုက်သည်။
"ယန်ယန်... မနက်ဖြန်ည အားလား... ညစာအတူစားချင်လို့"
လီယန်က တစ်ခဏမျှ တွေးတောလိုက်ပြီး မနက်ဖြန် လုပ်စရာ မရှိသည်ကို အတည်ပြုပြီးနောက် စာပြန်ပို့လိုက်သည်။
ရှန်းယွမ်ဇယ်က ဖုန်းကို ကိုင်ထားရင်းဖြင့် ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်က အမူအယာက အနည်းငယ် သဘာဝကျမနေပေ။ သူ့ဘေးတွင် ရပ်နေသော ဓါတ်ခွဲခန်းကျောင်းသားက သူ့အကြည့်များ၏ ဦးတည်ရာနေရာကို ကြည့်လိုက်သောအခါ မျက်ခုံးပင့်မိသွားပြီး ပဟေဠိ ဖြစ်သွားရသည်။ ဘာတွေကများ ပရော်ဖက်ဆာရှန်းကို အရမ်း စိတ်လှုပ်ရှားနေစေပါလိမ့်...
"တုန်ခါသံ"
သူ့လက်ထဲမှ ဖုန်းက တုန်ခါလာခဲ့ပြီး ရှန်းယွမ်ဇယ်က မျက်နှာပြင်ပေါ်မှ စကားလုံး နှစ်လုံးကို ကြည့်လိုက်သည်။ "ကောင်းပြီလေ"
သူ့နှုတ်ခမ်းများက မနေနိုင်ဘဲ အပြုံးလေးတစ်ခုအဖြစ် ကွေးတက်လာသည်။ သူက ပြန်စာရေးကာ လီယန်ထံ ပို့လိုက်သည်။
လီယန်က ရှန်းယွမ်ဇယ်ထံမှ စာကို ကြည့်ကာ Arc de Triomphe၏ တည်နေရာကို ပြန်စဥ်းစားလိုက်သည်။ တည်နေရာကို ဖော်ထုတ်နေစဥ်မှာပင် ဖုန်းမြည်လာခဲ့လေသည်။ သူမက ဖုန်းကိုင်၍ မေးလိုက်သည်။
"ရှန်ပူ... ဘာကိစ္စလဲ"
"နင်အခု ဘယ်မှာလဲ"
"ဆေးရုံမှာ... အခုလေးတင် စစ်ဆေးမှုတွေ လုပ်ပြီးသွားတာ... ဒေါက်တာဖန်က ငါ လာစရာ မလိုတော့ဘူးလို့ ပြောတယ်"
"မနက်ဖြန် အားလား... ညစာ ထွက်စားရအောင်"
လီယန်က မျက်တောင်ခတ်လိုက်သည်။ မနက်ဖြန်က ဘာများ အရေးကြီးတဲ့နေ့ မို့လို့လဲ... ဘာလို့ လူတိုင်းက အပြင်ထွက်စားဖို့ မေးနေကြတာလဲ...
"လွန်ခဲ့တဲ့ တစ်မိနစ်ကပဲ ယွမ်ဇယ်ကောကောက ညစာစားဖို့ ခေါ်နေတာ... ဘာပဲဖြစ်ဖြစ် ငါလည်း လုပ်စရာ မရှိဘူးလေ"
ချန်းချင်းယန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလာခဲ့သည်။
"မနက်ဖြန် ဘာနေ့လဲ သိလား"
လီယန်က တွေးတောကာ ပြောလိုက်သည်။ "မော့ကျန်းရဲ့ အယ်လ်ဘမ် ထွက်မဲ့ရက်လေ" ဖိုရမ်က နေ့တိုင်း countdown တင်ပေးထားသဖြင့် သူမက မမှတ်မိချင်လျှင်တောင် မေ့ပစ်ရန် မတတ်နိုင်ပေ။
ချန်းချင်းယန်၏ စိတ်အခြေအနေက ရုတ်တရက် အနည်းငယ် ရှုပ်ထွေးသွားသလိုပင်။
"နင် ဧကရာဇ်မော့ရဲ့ အယ်လ်ဘမ်ထွက်မဲ့ရက်ကို သေသေချာချာ မှတ်မိနေတာ ငါ အရမ်း ကျေနပ်ပေမယ့်လည်းလေ မနက်ဖြန်က ဗယ်လင်တိုင်းဒေးဟဲ့ သိရဲ့လား"
ဗယ်လင်တိုင်းဒေးလား...
လီယန်၏ အတွေးများ ဟာလာဟင်းလင်း ဖြစ်သွားသည်။ လူတိုင်းက မနက်ဖြန် မော့ကျန်း၏ အယ်လ်ဘမ် ထွက်မည့် အကြောင်း ပြောနေကြသဖြင့် မနက်ဖြန် ဗယ်လင်တိုင်းဒေး ဖြစ်သည့်အကြောင်း လုံးဝ မေ့လျော့သွားခြင်း ဖြစ်သည်။
"ရှန်းယွမ်ဇယ်က နင့်ကို အပြင်ထွက်ဖို့ ခေါ်နေတယ်... သူ့မှာ အကြံတစ်ခု ရှိလို့ပဲနေမှာ အာ" အဆုံး၌ ချန်းချင်းယန်၏ အာ...ဟူ
သော အသံက ချဲ့ကားပြောနေသလိုပင်။ သူမ၏ အသံက အကြံပေးဟန် ဖြစ်နေသဖြင့် လူအများမှာ နက်နက်နဲနဲ မတွေးမိဘဲ မနေနိုင်ကြပေ။
လီယန်၏ နှုတ်ခမ်း လှုပ်ရှားသွားပြီး မေးလာခဲ့သည်။ "ဒါဆို မနက်ဖြန် နင်ငါ့ကို အပြင်ထွက်ဖို့ ခေါ်တာကလည်း...
"... ဂွတ်ဘိုင်" ချန်းချင်းယန်က ဖုန်းကို ကြမ်းကြမ်းတမ်းတမ်း ချပစ်လိုက်သည်။
လီယန်က ဖုန်းကို ကိုင်ထားရင်း ဆေးရုံ အဝင်ဝတွင် တစ်ခဏမျှ တောင့်တောင့်ကြီး ရပ်နေခဲ့သည်။ သူမက ဖုန်းကို အိတ်ထဲသို့ ပြန်ထည့်ခါနီးတွင် ရှန်းယွမ်ဇယ်က နောက်ထပ် စာထပ်ပို့လာခဲ့သည်။
ထိုသူက စားသောက်ဆိုင်နာမည်ကို ထပ်ပြောပြလာခဲ့ပြီး ၎င်းက Aမြို့ရှိ နာမည်ကြီး စားသောက်ဆိုင် တစ်ခု ဖြစ်နေခဲ့သည်။ ဒါပေမယ့် ဘာလို့ အရင်က Arc De Triomphe လို့ ခေါ်တာပါလိမ့်...
လီယန်က မနက်ဖြန် ထိုအကြောင်းကို မေးရန် သူမကိုယ်သူမ သတိပေးလိုက်ရင်း ဖုန်းကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဗယ်လင်တိုင်းဒေးတွင် လီယန်က မနက်စောစော နိုးလာခဲ့သည်။ အမှန်တကယ်တွင်လည်း သူမက အမြဲတမ်း အိပ်ရာစောစောနိုးလေ့ရှိသည်။ ပတ်ဝန်းကျင်တွင် တစ်နာရီမျှ ပြေးလိုက်ပြီးနောက် လီယန်က အိမ်သို့ ပြန်လျှောက်မလာခင် အကြောလျှော့လိုက်သည်။
အိမ်ပြန်ရောက်ချိန်၌ ရှစ်နာရီထိုးရန် လိုသေးသည်။ အပြင်ဘက် ကောင်းကင်က အလွန် မလင်းထိန်နေသေးသော်လည်း ချန်းချင်းယန်ထံမှ ခေါ်ဆိုမှု သုံးခုကို လွတ်သွားခဲ့လေပြီ။
ချန်းချင်ယန်ထံသို့ ဖုန်းပြန်ခေါ်လိုက်စဥ်တွင် လီယန်မှာ စကားပြောရန် အခွင့်အရေးပင် မရလိုက်ဘဲ ချန်းချင်းယန်၏ အော်ဟစ်သံက ဖုန်းကို ဖြတ်၍ ဟိန်းဟောက်လာခဲ့သည်။ "သောက်ကျိုးနဲ... တလီ... နင်ဘယ်တွေ ရောက်နေတာလဲ"
"ငါ ပြေးဖို့သွားနေတာလေ... ဘာဖြစ်လို့လဲ"
"နင့်မှာ ပြေးဖို့ အချိန် ရှိသေးတယ်လား... ငါ့ကို ကူပြီး လာတန်းစီပေး"
လီယန်က ချန်းချင်းယန် ရှိနေခဲ့သည့် Aမြို့၏ အကြီးဆုံး ဓါတ်ပြား အရောင်းဆိုင်သို့ ရောက်လာရန်အတွက် မိနစ်လေးဆယ် အသုံးပြုလိုက်သည်။ လူပင်လယ်ကြီးက အတူတကွ စုဝေးနေသဖြင့် လီယန်မှာ သူမကိုယ်သူမ ကပ်ဘေးအတွင်း အစားအစာ ဝေရန် ရောက်လာခဲ့သည့် မင်းသမီးလေး တစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
ချန်းချင်းယန်ကို ရှာရန် အင်အားများစွာ စိုက်ထုတ်လိုက်ရပြီးနောက် လီယန်မှာ ခေါင်းစကိုက်လာရတော့သည်။ "ရှန်ပူ... ဘာတွေ ဖြစ်နေတာလဲ"
"ဧကရာဇ်မော့ရဲ့ အယ်လ်ဘမ်အသစ်ကို ဝယ်မလို့လေ... ပထမဆုံးလူ 100က အကန့်အသတ် ထုတ်တဲ့ ပိုစတာ ရမှာ... နင်မသိပါဘူး... လူတိုင်းက မနေ့ညကတည်းက ဒီနေရာမှာ စခန်းချနေကြတာ"
လီယန်: “…”
ဒီလို သမားရိုးကျမဟုတ်တဲ့ ကမ္ဘာကြီး... သူမ တကယ့်ကို နားမလည်နိုင်တော့ဘူး...
"တလီ... ငါ့နေရာ ဦးထားဖို့ ကူညီပေးအုံး... ငါ မနက်စာသွားစားပြီး အိမ်သာ သွားလိုက်အုံးမယ်" ချန်းချင်းယန်က ဝေးဝေး ပြေးသွားပြီးနောက် အနည်းငယ် စိုးရိမ်စိတ် ဝင်လာခဲ့သည်။ "ကိုးနာရီထိုးရင် တံခါးကိုသွား... နာရီကို သေချာကြည့်ထား... သူများတွေကို ကျော်တက်ခွင့်မပေးနဲ့... ငါတို့က နံပါတ် 98ပဲ"
လီယန်: “…”
သူမက တစ်ဦးနှင့် တစ်ဦး တိုးဝှေ့နေကြသော လူအုပ်ကြီးကို ကြည့်ကာ သူမ၏ အသက်ရှုသံပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။ သူတို့တွေက တေးဂီတလောကက အရမ်း သိမ်မွေ့တယ်ဆိုပြီး မပြောခဲ့ကြဘူးလား... သူမဘာလို့များ မတွေ့ရပါလိမ့်...
ချန်းချင်းယန်က အချိန်အကြာကြီး မယူခဲ့ဘဲ လူတန်းကြီးကလည်း တဖြည်းဖြည်း လှုပ်ရှားလာခဲ့သည်။ လီယန်က အော်ဟစ်နေသော ဖန်များ၏ ဝိုင်းရံမှုကို ခံနေရရင်း ဧကရာဇ်မော့ ကိုယ်တိုင်ကိုယ်ကျ လာရောက်နေသည်လားဟုပင် ခံစားလိုက်ရသည။
ချန်းချင်းယန်က သူမရှေ့မှ လူတန်းကို မည်သူမှ ဖြတ်မဝင်စေရန် ပြောထားသော်လည်း အခြားသူများမှာ ပိုစတာ ဝယ်ရန် အုပ်စုတွင်းသို့ ရောက်ရှိလာကြသည်။ သူမ ဘယ်လိုရေရမလဲ ဆိုတာကို မသိတော့ဘူး... သူမပို၍ နီးလာလေလေ ချန်းချင်းယန်၏ အရိပ်ကို မည်သည့်နေရာမှ မတွေ့ရသေးပေ။ လီယန်က ဖုန်းကို ထုတ်၍ မက်ဆေ့ချ်ပို့လိုက်သည်။
"အိမ်သာထဲက ထွက်လာပြီလား"
"ဘဲမ... ငါ့အတွက် ဝယ်ပေးထား ပိုစတာရဖို့ သတိထားအုံး"
လီယန်က နှုတ်ခမ်းများ လှုပ်ရှားသွားသည်။ သူမကဲ့သို့ အလွန်အမင်း နေမကောင်း ဖြစ်နေသူအား ခိုင်းစားနေသည်က အလွန် ရက်စက်လွန်းပေသည်။
လီယန်က ငွေရှင်းကောင်တာတွင် ရပ်ကာ သူမရှေ့မှ လူတန်းကြီးမှ ထွက်ခွာသွားကြသူများမှာ မည်သည့် အကန့်အသတ် ပိုစတာမှ မရခဲ့ကြကြောင်း တွေ့လိုက်ရသည်။ သူမက ထိုသတင်းကို ချန်းချင်းယန်အား ပြောမည်အပြုတွင် "ဘန်း"ဟူသော အသံနှင့်အတူ အလှဆင်ပစ္စည်းလေးများက သူမရှေ့တွင် ပေါက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ဒီအတန်းဖော်လေးကို ဂုဏ်ပြုပါတယ်... မင်းက 111ယောက်မြောက် ဝယ်သူမို့ ငါတို့ရဲ့ စပယ်ရှယ် ပိုစတာကို ရရှိသွားပါပြီ"
စိတ်လှုပ်ရှားနေသော မန်နေဂျာ၏ စကား အဆုံးတွင် လူအုပ်ထဲမှ အော်သံများ ပေါက်ထွက်လာခဲ့သည်။ လီယန်က အနည်းငယ် မူးဝေလာရသလိုပင်။ သူမက ဖိုရမ်ထဲမှ အကန့်အသတ် ထုတ်ထားသော ပိုစတာက ဆယ်ခုသာ ရှိပြီး တစ်ခုစီကလည်း ကွဲပြားကာ ဆိုင်၏ နေရာဆယ်ခုတွင် နေရာချထားသည်။ လက်ခံရရှိမည့်သူကိုလည်း မန်နေဂျာကပင် ရွေးချယ်မည် ဖြစ်ပေသည်။
ကြည့်ရတာ သူမက အရမ်း ကံကောင်းနေတဲ့ပုံပဲ... ဒါပေမယ့် 111က...
မန်နေဂျာရဲ့ အကြံက အတော်လေး နိမိတ် မကောင်းတဲ့ပုံပေါ်နေတယ်နော်..
ဧကရာဇ်မော့၏ အယ်လ်ဘမ် နှစ်ချပ် ဝယ်ပြီးနောက် လီယန်က ထိုစပယ်ရှယ် ပိုစတာကိုပါ ယူသွားရန် မမေ့ခဲ့ပေ။ မနာလိုနေသော အမုန်းမျက်လုံးများအောက်မှ သူမက အသာအယာပြုံးကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
လမ်းဆုံသို့ ရောက်သောအခါ လီယန်က တစ်ခဏမျှ တွေးတောလိုက်ပြီး ထုပ်ပိုးထားသော စပယ်ရှယ်ပိုစတာကို အိတ်ထဲသို့ ထည့်လိုက်ပြီး ချန်းချင်းယန်ကို လှည့်စားရန် မည်သည်ကိုမျှ မရရှိသည့်အလား ဟန်ဆောင်နေလိုက်သည်။
ကံအားလျော်စွာဖြင့် ယနေ့လွယ်လာသော ကျောပိုးအိတ်က လုံလုံလောက်လောက် ကြီးနေခဲ့သည်။
ချန်းချင်းယန် အိမ်သာထဲမှ ထွက်လာသောအခါ သူမက ဘောလုံးလေးကဲ့သို့ အင်္ကျီထဲတွင် နစ်မြုပ်နေခဲ့သည့် လီယန်၏ အရိပ်လေးကို ဖမ်းမိသွားသည်။ ချန်းချင်းယန်က ခပ်မြန်မြန် ပြေးလာခဲ့ပြီး လီယန်၏ လက်ထဲမှ အယ်လ်ဘမ်ကို ယူကာ သူမ၏ နှုတ်ခမ်းလေးများက အပြုံးတစ်ခုသဖွယ် တွန့်ကွေးသွားခဲ့သည်။ "ပိုစတာ"
လီယန်က သူမကို ကြည့်လိုက်ပြီး သူမ၏ အမူအယာက အလွန် အပြစ်ကင်းနေပုံပေါ်သည်။ "ငါတို့ရှေ့ကလူတွေက နည်းနည်း ပိုဝယ်သွားကြတော့ မန်နေဂျာကလည်း သူတို့ကို ထည့်ရေလိုက်တယ်လေ... ဒါကြောင့်မို့ ပိုစတာ မကျန်ဘူး"
"သောက်ကျိုးနဲ... ဒီလို ဖြစ်လို့ မရဘူးလေ... လူတိုင်းက တစ်ခုစီ ဝယ်ဖို့ပဲ ရည်ရွယ်ထားကြတာ... သူတို့ကို သွားရှာပြီး ခွဲထုတ်ပစ်မယ်"
လီယန်၏ နှုတ်ခမ်းလေးများက ရွှင်မြူးမှုကြောင့် လှုပ်ရှားသွားခဲ့သည်။ "နင်သူတို့ကို ခွဲထုတ်ရင်တောင် သူတို့က ပိုစတာ ပေးမှာ မဟုတ်ဘူး"
"ဘာဖြစ်လဲ.. ငါ ဆန္ဒပြချင်တယ်"
လီယန်က ထိုအကြောင်းကို တစ်ခဏမျှ တွေးလိုက်ပြီး အကြံပြုလိုက်သည်။
"ညနက်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီးတော့ နင့်ကိုနင် တိတ်တိတ်လေး ဆိုင်ရှေ့မှာ ချိတ်ဆွဲထားလိုက်လေ"
ချန်းချင်းယန်: “…”
တလီက တစ်ခါတစ်လေ တကယ် ရယ်ဖို့ကောင်းတာပဲ ဟားဟား...
နှစ်ယောက်သားက အတူတကွ နေ့လည်စာ စားကြပြီးနောက် တစ်နေ့လည်လုံး စျေးဝယ်ထွက်ကြသည်။ လီယန်က အချိန်ကို ကြည့်ကာ ရှန်းယွမ်ဇယ်နှင့် တွေ့ရမည်ကို သတိရသွားသည်။
"ရှန်ပူ... ငါအရင်သွားနှင့်မယ်... ညစာ တစ်ယောက်တည်း စားလိုက်တော့"
ချန်းချင်းယန်: “…”
သူဘာပြောချင်တာလဲ... ရှန်းယွမ်ဇယ်နဲ့ အတွဲတောင် မဖြစ်သေးဘူး... အခုကတည်းက ဆင်ဂယ်ခွေးလေးကို လာနှိမ်ချင်နေပြီပေါ့...
သူမက မော့ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြန်ငုံ့လိုက်သည်။ "တလီ... ရှန်းယွမ်ဇယ်နဲ့ ဒိတ်မှာကို ဒီလိုမျိုးကြီး သွားမလို့လား... ခေါင်းလည်းမလျှော် မိတ်ကပ်လည်း မလိမ်းဘဲနဲ့လေ"
လီယန်၏ မျက်နှာ မဲမှောင်သွားလေသည်။
"နင်ဘေးမှာ ရှိနေသမျှ ငါ့ဆံပင်က အမြဲတမ်း လျှော်ပြီးသားလို ခံစားရတယ်"
ချန်းချင်းယန်: “…”
သူမ နာမည် ပြောင်းချင်တယ်လို့... သူမအဖေ ဘယ်လောက်ပဲငိုငို နာမည် အသစ်လိုနေပြီ...
ထိုဆိုင်က ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး တရုတ်စားသောက်ဆိုင် မဟုတ်သော်လည်း သေချာပေါက် စျေးအကြီးဆုံးများထဲမှ တစ်ခု ဖြစ်လိမ့်မည်။ ထိုနေရာသို့ စားသောက်ရန် ဖိတ်ခေါ်ခံရခြင်းက ချမ်းသာမှုနှင့် အင်အားကြီးမှုတို့၏ ပုံရိပ်ကို ပေးစွမ်းနိုင်သည်။
ရှန်းယွမ်ဇယ်က လီယန်ကို ထိုနေရာသို့ ဖိတ်ရခြင်းမှာ သေချာပေါက် သူ့ကြွယ်ဝမှုများကို ကြွားဝါချင်၍ မဟုတ်ဘဲ ထိုဆိုင်က သူ၏ မိခင်ကျောင်း ဖြစ်နေ၍ပင်။
သူက ပထမထပ်၏ စင်္ကြံတွင် ထိုင်နေသောကြောင့် ဖြတ်သွားကြသည့်များစွာသော မိန်းမပျိုတို့အား သူ့ထံသို့ အထူးတလှယ် အကြည့်များ ပေးလာစေရသည်။ ၎င်းက ထိုသူ၏ လှည့်စားတတ်သော ချောမောလှသည့် ရုပ်ရည်ကြောင့်သာမက ယနေ့က ဗယ်လင်တိုင်းနေ့ ဖြစ်သဖြင့် လူချောလေးတစ်ယောက်ကို တယောက်တည်း တွေ့ရသည်မှာ အတော်လေး ရှားပါး၍ ဖြစ်သည်။
ဝင်ပေါက်တွင် ရပ်နေသော ဧည့်ကြိုမိန်းကလေးမှာ သူမ၏ မျက်လုံးတို့က ဆိုဖာပေါ်ရှိ လူထံ ဝေ့ဝဲသွားပြီး သူမ၏ နှလုံးသား အခုန်မြန်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသူ စောင့်နေသည့်လူသာ ပေါ်မလာခဲ့ပါက သူမကြိုးစားကြည့်ရမည်။
လေအေးလေး ဖြတ်သွားကာ တံခါးပွင့်လာခဲ့သည်။ ဧည့်ကြိုမလေးက "ကြိုဆိုပါတယ်" ဟု မပြောလိုက်ခင်မှာပင် လီယန်က ထိုင်နေသော ရှန်းယွမ်ဇယ်ထံ အပြေးရောက်သွားသည်။
"တောင်းပန်ပါတယ်... ဒီလိုအချိန် လမ်းပိတ်တတ်တာ မသိခဲ့ဘူး"
ထိုစကားကို ပြောပြီးသွားသည့်နောက် လီယန်၏ မျက်နှာလေးမှာ ဝင်းပနေပြီး မြန်မြန် ပြေးလာရသည့်အတွက် အနည်းငယ် ရဲတွတ်နေခဲ့သည်။
ရှန်းယွမ်ဇယ်က သူမကို မော့ကြည့်လိုက်သည်။ အပြုံးလေးတစ်ခုက သူ့နှုတ်ခမ်းတွင် ထွက်ပေါ်လာလေသည်။ "ကိစ္စမရှိဘူး... မင်း အချိန်ကိုက်ရောက်လာတာ"
ရှန်းယွမ်ဇယ်က အပေါ်ဆုံးထပ်မှ အခန်းတစ်ခုကို ကြိုတင်မှာထားပြီးသား ဖြစ်ပြီး Aမြို့၏ ညရှုခင်းအလှကို ခံစားနိုင်ပေသည်။ လီယန်က မီနူးကို ကြည့်လိုက်သည့်အခါ အချို့ စျေးနှုန်းများက သူမကို မျိုချ၍ပင် ခက်ခဲစေနိုင်သည်။
ရှန်းယွမ်ဇယ်က သူမ၏ တစ်ဖက်တွင် ထိုင်နေပြီး ပြုံးနေသော စားပွဲထိုးလေးက သူမ ဘေးတွင်ရပ်ကာ သူမ မှာ၍ ပြီးမည်ကို စောင့်နေသဖြင့် ရုတ်တရက် အတော်လေး ဖိအားများလာသလို ခံစားလိုက်ရသည်။
"အမ်... ငါးသေးသေးလေး ကြော်ထားတာ ပေးပါ" လီယန်က ထိုစာကြောင်းကို ပြောရန် အားကုန်သုံးလိုက်ရသည်။ သူမက မီနူးကို ပထမ စာမျက်နှာထိ လှန်လိုက်ပြီး ရှန်းယွမ်ဇယ်ထံ ကမ်းပေးလိုက်သည်။ "ကောကော ဘာမှာမှာ.. ညီမစားမယ်"
ရှန်းယွမ်ဇယ်က ရယ်မောကာ လီယန်၏ လက်ထဲမှ မီနူးကို လှမ်းယူလိုက်သည်။ "မင်းက ထောက်ပံ့ပေးဖို့ တကယ် လွယ်တာပဲ" ဒါပေမယ့်... ငါးသေးသေးလေးကြော်ကတော့... လီယန်နှင့် မော့ကျန်းတို့၏ အကြိုက်က ကြောက်ခမန်းလိလိ တူနေကြောင်း တွေ့လိုက်ရသည်။
လီယန်က ဂရုမစိုက်ဘဲ ရှန်းယွမ်ဇယ်ကို ပြုံးစိစိ လုပ်ပြလိုက်သည်။ သူမ၏ အကြီးအကျယ်ဆုံး အချက်မှာ ကျွေးမွေးရန်အတွက် အလွန် လွယ်ကူခြင်း ဖြစ်သည်။
စားပွဲထိုးလေးက ရှန်းယွမ်ဇယ် ပြောလာသော ဟင်းပွဲများ အားလုံးကို ကူးယူပြီးသောအခါ အခန်းထဲမှ ငြင်ငြင်သာသာ ဆုတ်ခွာသွားသည်။ ရုတ်တရက် သူနှင့် လီယန်တို့သာ အခန်းထဲတွင် ကျန်နေခဲ့တော့သည်။ ရှန်းယွမ်ဇယ်က အနည်းငယ် အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။
Xxxxc