အခန်း 2:
ကြက်ဥလိပ်ကြော်နှင့် ကြက်သွန်စိမ်းခေါက်ဆွဲ
ရှဲ့ရွှင်း ဝမ်းသာအားရ ခုန်ပေါက်နေသော သူမ၏ ကျင့်ဝတ်ကင်းမဲ့မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ သူ့ကို ဒီလောက်တောင် သဘောကျနေလား... သူ့ကိုမြင်ရုံနဲ့ သူမကို ပျော်ရွှင်စေတယ်...
ဟုတ်တယ်...သူ့အပေါ် ဒီလောက်သဘောမကျရင် ဘယ်လိုလုပ် ယဉ်ကျေးမှုမရှိ၊ ဖြောင့်မတ်မှုမရှိ၊ အရှက်မရှိဘဲ သူမကို လက်ထပ်ယူခိုင်းဖို အသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက်မှာလဲ...
ရှဲ့ရွှင်းက အရပ်ရှည်ပြီး ခြေတံရှည်ရှည်ကြီးများနှင့်ဖြစ်ကာ ကိစ္စများကို တွေးတောရင်း ခြေလှမ်းများစွာ လှမ်းခဲ့သည်။ ကျန်းရှုယောင် သူ့ကို အမှီလိုက်ရန် ပြေးလိုက်ရတော့၏။ ကံကောင်းထောက်မစွာဖြင့် သူမက ယနေ့ ရိုးရိုးရှင်းရှင်း၀တ်စုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင်လည်း လက်ဝတ်ရတနာ အနည်းငယ်သာ ၀တ်ထားသည်။ မဟုတ်လျှင် သူမ ပင်ပန်းပြီး
ချွေးထွက်များလာလိမ့်မည်။
ခဏလောက် လမ်းလျှောက်ပြီးနောက် ရှဲ့ရွှင်း သူတခြားတစ်ယောက်နှင့်လမ်းလျှောက်နေတာကို သတိရသွား၏။
ရုတ်တရက် သူခဏရပ်ပြီး ခေါင်းကိုပြန်လှည့်လိုက်ရာ ကျန်းရှုယောင် လန့်သွားပြီး သူနှင့် တိုက်မိလုနီးပါးဖြစ်သွားသည်။
ကျန်းရှုယောင် ချက်ချင်းပင် ဘရိတ်အုပ်လိုက်ပြီး သူ့ထံမှ ခြေလှမ်းဝက်တိတိ အကွာတွင် ရပ်လိုက်သည်။
သူမခေါင်းပေါ်ရှိ ငွေကြိုးနှင့် အနီရောင်မဟူရာ တို့သည် ပြင်းထန်စွာ ယိမ်းထိုးသွားကာ နံနက်ခင်းအလင်းရောင်က ဆွဲသီးကိုဖြတ်သွားပြီး တောက်ပရွှန်းလက်သောအလင်းရောင်ကို ရောင်ပြန်ဟပ် စေခဲ့သည်။ ရှဲ့ရွှင်း မနေနိုင်ဘဲ မျက်လုံးများကို မှေးစင်းထားမိသည်။
သူ့ရှေ့ရှိလူက နှုတ်ခမ်းနီရဲရဲလေးကိုဖွင့်ကာ အနည်းငယ်ဟောဟဲလိုက်နေ၏။ အခုလေးတင်ဖြစ်သွားသည့်ကိစ္စကြောင့် သူမ၏ပါးပြင်များက နီမြန်းနေပြီး နှာသီးဖျားတွင် ချွေးပုတီးလေးများစို့နေကာ ချစ်စရာကောင်းမှုနှင့် ဆွဲဆောင်မှုတို့နှစ်ခုလုံးရှိနေသည်။ ရေခိုးရေငွေ့များနှင့်ပြည့်နေသည့် မျက်လုံးတစ်စုံက ကြည်လင်တောက်ပနေပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေခဲ့၏။
ရှဲ့ရွှင်း သူမ၏လက်ဝတ်ရတနာကနေ ဖြတ်လာသော အလင်းရောင်ဖြင့် ထိုးဖောက်ခံလိုက်ရသလို ခံစားလိုက်ရကာ ရုတ်တရက် ရပ်တန့်သွားသည်။
သူ့မှတ်ဉာဏ်ထဲရှိကျန်းရှုယောင်က ဇာလွှာနီကို မလိုက်သောအခါပေါ်လာသည့် မျက်နှာဖြူဖြူကြီးမှလွဲ၍ ရေထဲကျသွားသည့်နေ့က ကွက်တိကွက်ကျားမျက်နှာသာရှိပြီး ယင်းက သူမ၏ မိတ်ကပ်ထူထူကို ဖယ်ရှားလိုက်သောအခါရှိ သူမ၏ပုံစံဖြစ်၏။
သူခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်ပြီး ကျန်းရှုယောင်ကို မကြည့်ဝံ့တော့ဘဲ ရှေ့တည့်တည့်ကို ကြည့်၍ ပြောလိုက်သည်။
"မင်း နောင်ဒီလိုပဲ ၀တ်စားဆင်ယင်... ငါ့အမေက မိတ်ကပ်ထူထူနဲ့ အမျိုးသမီးတွေကို မကြိုက်ဘူး"
ကျန်းရှုယောင် မူလကတည်းက ဤအတိုင်း စီစဉ်ခဲ့သည်ဖြစ်၍ သူမက "အင်း...သိပါပြီ"ဟု ပြောလိုက်၏။
ရှဲ့ရွှင်း အနည်းငယ် အံ့သြသွားပြီး သူမက ဤမျှလောက် ကောင်းကောင်းမွန်မွန်ပြုမှူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူမသည် ထိုနေ့က နှလုံးကွဲအောင် အော်ဟစ်နေချိန်နှင့် မတူခြားနားနေသည်။
သူ့စိတ်ထဲမှာ အနည်းငယ် အပြစ်ရှိသလို ခံစားရ၏။ သူ့ဘဝတစ်လျှောက်လုံး သူနှင့်အတူ ကုန်ဆုံးမည့် ဇနီးသည်က သူ့ကို အသက်အန္တရာယ်နှင့် ခြိမ်းခြောက်ပြီး လက်ထပ်ခိုင်းခဲ့သည့် ကျန်းရှုယောင် မဟုတ်ဘဲ သူ့ကို ချစ်နေသူဖြစ်သင့်သည်။ ဤအိမ်ထောင်ရေးမှာ ရလဒ်ကောင်းတွေ မရရန် ကံတရားကစီစဥ်ထားပြီးဖြစ်၏။
သူ့ကို အလွန်သဘောကျပြီး သူ့ရှေ့မှာ နူးညံ့ အေးချမ်းနေသည်ဆိုလျှင်ပင် တူညီသည့်ခံစားချက်ကို မရနိုင်ပါချေ။
ဤသို့ တွေးတောရင်း ကျန်းရှုယောင်၏ အရှိန်နှင့် လိုက်လျောညီထွေဖြစ်စေရန် မသိစိတ်မှသူ၏ အရှိန်ကိုလျှော့လိုက်သည်။
နှစ်ယောက်သား ပင်မအခန်းကို ရောက်သောအခါ ခန်းမထဲတွင် လူများပြည့်နေသည်။
မင်္ဂလာမဆောင်မီတွင် ကျန်းရှုယောင် မြို့စားရှဲ့အိမ်တော်၏အခြေအနေကို သိရှိခဲ့ပြီးဖြစ် သော်လည်း ရှဲ့ရွှင်းက ပင်မခန်းမသို့သွားရာလမ်းတွင် သူမအား ထပ်မံပြောပြခဲ့သည်။
ရှဲ့ရွှင်းက မိသားစုတွင် တတိယမြောက်သားဖြစ်သည်။ သူ့အစ်ကို နှစ်ယောက်စလုံးက အိမ်ထောင်ကျပြီးကြလေပြီ။ သူတို့က အသက်ကြီးနေပြီဖြစ်ကာ သူတို့ကလေးတတချို့က ကျန်းရှုယောင်အရွယ် လောက်နီးပါးရှိနေကြပြီဖြစ်သည်။ သူ့အောက်မှာ သူ့ထက် တစ်နှစ်သာငယ်သည့် ညီမလေးတစ်ယောက်ရှိ၏။
နှစ်ယောက်သား အခန်းထဲသို့ ဝင်သွားခဲ့ကြပြီး အမျိုးသမီးအစေခံက ကန့်လန့်ကာကိုဖွင့်လိုက်သောအခါ အားလုံးက သူတို့ကိုခေါင်းလှည့်ကြည့်လာကြသည်။
ကျန်းရှုယောင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး သူ့မိဘများနှင့် တွေ့ဆုံရန် ရှဲ့ရွှင်းနောက်ကိုလိုက်သွားခဲ့သည်။
သခင်မကြီးက ဤမိန်းမကို သိပ်စိတ်မကျေနပ်ပေ။ ရက်ချိန်းသတ်မှတ်ပြီးနောက် သူမ ကျန်းရှုယောင်အကြောင်းကို မေးမြန်းရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ပြီး သူမရရှိခဲ့သော စကားလုံးတိုင်းသည် ယခင်ကထက် ပိုမိုမနှစ်မြို့စရာကောင်းလေသည်။ အကျင့်စရိုက်ပဲဖြစ်စေ၊ မိသားစုနောက်ခံအခြေအနေတွင်ပဲဖြစ်စေ ကျန်းရှုယောင်က ရှဲ့ရွှင်းနှင့် မထိုက်တန်ပါချေ။
သို့သော် သူမ၏ ကျင့်ဝတ်တွင် အပြစ်တစ်စုံတစ်ရာကို မမြင်နိုင်သဖြင့် သခင်မကြီး စိတ်အခြေအနေ အနည်းငယ် ပိုကောင်းလာသည်။
ကျန်းရှုယောင်က ကျင့်ဝတ်နှင့်အညီ သက်ကြီးရွယ်အိုနှစ်ဦးအား လေးစားစွာ လက်ဖက်ရည်ဆက်ခဲ့သော်လည်း သခင်မကြီးက ၎င်းကို ယူရန် လက်မဆန့်ခဲ့ပေ။
မြို့စားရှဲ့က အမြဲတမ်း ကြင်နာတတ်သူဖြစ်ကာ သူ့ဘာသူ လက်ဖက်ရည်ယူသောက်ပြီးနောက် သခင်မကြီးက ကျန်းရှုယောင်တွက် ခက်ခဲအောင် မလုပ်ဆောင်နိုင်တော့ပေ။
ပထမအဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ခဲ့သောကြောင့် နောက်ပိုင်း နှုတ်ဆက်ခြင်းက ပိုမိုလွယ်ကူခဲ့သည်။ ကျန်းရှုယောင် စာအိတ်အနီများကို တစ်လုံးပြီးတစ်လုံး လက်ခံရရှိပြီး စောစောက သူမပြင်ဆင်ထားသည့် လက်ဆောင်များကို ငယ်သူများထံ ပေးပို့ခဲ့သည်။
ပထမအိမ်တော်ခွဲနှင့် ဒုတိယအိမ်တော်ခွဲတွင် ကလေးများစွာရှိပြီး အသက်ကြီးသူများက ကျန်းရှုယောင်နှင့်ရွယ်တူဖြစ်ကြ၏။ သူတို့က နီမြန်းသောမျက်နှာဖြင့် သူမကို "တတိယအဒေါ်" ဟု ခေါ်ကြသောအခါ နှစ်သစ်ကူးအတွက် အိမ်ပြန်သောအခါတွင် ရွယ်တူချင်းများထံမှ အခွင့်ကောင်းယူနေသကဲ့သို့ ခံစားခဲ့ရသည်။
သူမ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ရယ်လိုက်သည်။ သူမ၏ အပြုံးသည် သူမ၏တောက်ပပြီးသား ရုပ်သွင်ကို ပိုတောက်ပစေခဲ့သည်။
တစ်ဖက်မှ ရှဲ့ဖေး ဤမြင်ကွင်းကိုမြင်ပြီး အတော်လေး မှင်တက်သွားသည်။
သူမက မြိုးစားရှဲ့အိမ်တော်၏အငယ်ဆုံးသမီးဖြစ်ပြီး ငယ်စဉ်ကတည်းက ပစားအပေးခံခဲ့ရ သည်။ သူမ၏အစ်ကိုသုံးယောက်က တစ်ယောက်က အခြားတစ်ယောက်ထက် ပိုစွမ်းဆောင်နိုင်ကြသည်၊ အထူးသဖြင့် သူမ၏ တတိယအစ်ကိုပင်။ သူ့အကြောင်းမေးဖို့အတွက် အမျိုးသမီးဘယ်နှစ်ယောက်လောက် သူမကိုရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့သလဲလို့...မထင်မှတ်ပဲ တတိယအစ်ကိုက ကျန်းရှုယောင်နှင့် လက်ထပ်ခဲ့၏။ ကျန်းရှုယောင်ကို "တတိယယောက်မ" ဟု ခေါ်ရမည့်အကြောင်းတွေးသောအခါတွင် သူမ သိက္ခာကျသွားသလို ခံစားလိုက်ရသည်။
ရှဲ့ဖေး အလှည့်ရောက်သောအခါ သူမက လက်ဆောင်ကိုယူကာ အမျိုးသမီးအစေခံထံသို့ ပေးအပ်လိုက်ပြီး ကျေးဇူးတင်ကြောင်း ဝတ်ကျေတမ်းကျေပြောခဲ့သည်။ ကျန်းရှုယောင် ကိုအရှက်ရစေချင်ကြောင်း သူမက ရှင်းရှင်းလင်းလင်းဖော်ပြခဲ့၏။
လေထုက အဆင်မပြေဖြစ်လာသည်။
ကျန်းရှုယောင် လူအချို့က သူမကို ခက်ခဲအောင်လုပ်မည်များကို ပြင်ဆင်ထားပြီးဖြစ်သည်။သို့ရာတွင် သက်ကြီးဝါကြီးများ၏ စာမေးပွဲကို အောင်မြင်ပြီး ကလေးမလေးတစ်ယောက်ကို မအောင်မြင်ခဲ့ဟုမမျှော်လင့်ထားပေ။
သူမ ရှဲ့ဖေးက ပြဿနာရှာနေသည်ကို သတိမထားမိသလို မျက်နှာတစ်စက်မပျက်ဘဲ ပြုံးရင်းဆိုလိုက်၏။
"ကျေးဇူးတင်စရာ မလိုပါဘူး...ကလေးမလေး သဘောကျလို့ ဝမ်းသာပါတယ်ကွယ်"
ရှဲ့ဖေး နင်သွားသည်။ သူမက သေတ္တာကိုပင် ဖွင့်မကြည့်ခဲ့ပေ။မည်သို့ သဘောကျတယ်ဖြစ်မည်နည်း။ကျန်းရှုယောင်က တကယ်ကို လူပါးဝသည်။
သူမ အမျိုးသမီးအစေခံ၏ လက်ထဲက သေတ္တာကို ဒေါသတကြီးလုယူပြီး ဖွင့်၍ သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ကာ ပြုံးလျက်ပြောလိုက်သည်။
"တတိယယောက်မက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်... ဒါပေမဲ့ ဒီတစ်စုံက အရမ်းဟိတ်ဟန်များလွန်းတယ်...ကျွန်မက ကျက်သရေရှိပြီး သန့်ရှင်းကြည်လင်တဲ့ လက်ဝတ်ရတနာတွေကို ပိုကြိုက်တယ်...ဒါကိုမလိုအပ်မှာကိုကြောက်မိပါရဲ့"
ကျန်းရှုယောင်သည် သူမ၏ ပေါပေါပဲပဲဆန်သောအသွင်အပြင်ကြောင့် အခြားသူများ၏ လှောင်ပြောင်ခြင်းကို အမြဲခံရသည်။ သူမက ကောင်းကောင်းမွန်မွန် ဝတ်တတ်စားတတ်ခြင်းမရှိပေ။ထို့ကြောင့် ဤစကားလုံးများသည် လှောင်ပြောင်ခြင်းအဓိပ္ပါယ်တို့နှင့် ရောနှောနေပေ သည်။
ပစ်မှတ်အထားခံရသော ကျန်းရှုယောင်က နာကျင်ခြင်းတို့ မယိုးမယွဖြစ်ခြင်းတို့ရှိမနေပေ။ သူမဖြေခါနီးတွင် ရှဲ့ရွှင်းက အရင်ဝင်ပြီးပြောလိုက်၏။
"မင်းက ငယ်သေးတယ်...အဲဒါကို အနာဂတ်မှာ သုံးဖို့ အခွင့်အရေးတွေ ရှိလာလိမ့်မယ်"
ကျန်းရှုယောင်ကို သူ မကြိုက်ပေမဲ့ သူများတွေဆီက အနိုင်ကျင့်မခံစေချင်သလို ယနေ့ မည်သည့် အကောင်းအဆိုးမှလည်း မစတင်ချင်ပါချေ။
စကားပြောပြီးသောအခါ သူက ကျန်းရှုယောင်ကိုဦးဆောင်၍ ရှဲ့ဖေးကိုဖြတ်ကျော်သွားခဲ့ပြီး သူမကို အံ့အားသင့်စေခဲ့သည်။
ကျန်းရှုယောင် အတွက် ရှဲ့ရွှင်းကပြောပေးလိမ့်မည်ဟု ရှိနေသူတိုင်း မမျှော်လင့်ထားခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ မနေ့က မင်္ဂလာဆောင်တုန်းက သူ့သဘောထားက ရှင်းလင်းသိသာလေသည်။
ကျန်းရှုယောင် ရှဲ့ဖေးကို တိတ်တိတ်လေး ကြည့်လိုက်ရာ ကောင်မလေး၏ မျက်လုံးများသည် မကျေနပ်ချက်များဖြင့် နီရဲနေသည်ကို တွေ့လိုက်ရသည်။
ရှဲ့ရွှင်းးးး... ဝက်လိုအသင်းဖော်...
[ET/N- "ဝက်လိုအသင်းဖော်" သည် ဝက်တစ်ကောင်ကဲ့သို့ မိုက်မဲသော သင်၏အသင်းဖော်ကို ဖော်ပြနေသည်။ အွန်လိုင်းဂိမ်းများတွင် အသုံးများသည်။]
သိသိသာသာကိုပင် သူမ ရှဲ့ဖေးကို လှည့်စားနိုင်သည်၊ သို့သော် သူက အမုန်းပွားစေကာ အနှီယောက်မ၏ ဖန်နှလုံးသားကိုပင် ခွဲပစ်ခဲ့သည်။
လက်ဖက်ရည်သောက်ပြီးသည်နှင့် လူတွေက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြ၏။ ကျန်းရှုယောင် သူမယောက္ခမထံ ချဉ်းကပ်ပြီးသူမကိုယ်သူမ ဟာသလုပ်ရန် မစဉ်းစားခဲ့ပေ။ ရှဲ့ရွှင်း ထွက်သွားသည်ကိုမြင်သောအခါ သူမ သူ့နောက်ကို အမြန်လိုက်သွားခဲ့သည်။
ရှဲ့ရွှင်း အိမ်ထဲတွင်နေပြီး ကျန်းရှုယောင်ကိုမတွေ့ ချင်သောကြောင့် မြို့ပြင်မြင်းပြိုင်ပွဲသို့သွားရန်အတွက် သူငယ်ချင်းများနှင့်ချိန်းဆိုရန် စဥ်းစားခဲ့သည်။
ကျန်းရှုယောင်က သူ့နောက်ကို တစ်လမ်းလုံးလိုက်နေသည်ကို တွေ့လိုက်ရသဖြင့် မလွှဲမသွေကို အပြစ်ရှိသလို ခံစားခဲ့ရသည်။
သူက ရပ်ပြီး လည်ချောင်း ရှင်းလိုက်၏။ "သူငယ်ချင်းတွေနဲ့တွေ့ဖို့ အပြင်ထွက်မလို့"
စကားပြောပြီးနောက်တွင် သူက ဇနီးဖြစ်သူနှင့် စကားပြောနေမှန်း သတိလိုက်ရသဖြင့် ပို၍ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
ကျန်းရှုယောင် သူ့ခရီးစဉ်ကို သူမအား အဘယ်ကြောင့် ရုတ်တရက် သတင်းပို့သည်ကို နားမလည်ပါချေ။ သူမက စိတ်ရှုပ်ထွေးစွာ ခေါင်းညိတ်ပြလိုက်၏။
"အိုး..."
ရှဲ့ရွှင်း ရှေ့သို့ တိုးလိုက်ပြီး ကျန်းရှုယောင်ကလည်း သူနှင့်အတူ ပါလာဆဲဖြစ်သည်။
"မင်းဘာလို့ ငါ့နောက်ကိုလိုက်နေတာလဲ"
သူမနေနိုင်ဘဲ မေးလိုက်၏။
ကျန်းရှုယောင် စိတ်ရှုပ်ထွေးသွားသည်။
"ကျွန်မ ရှင့်နောက်မလိုက်ဘူး"
သူမ ခဏလောက် ခေါင်းလေး စောင်းနေပြီးမှ သဘောပေါက်သွားပြီးပြောလိုက်၏။
"ကျွန်မ ပင်မမီးဖိုချောင်ကို သွားမလို့...ရှင်နဲ့ ဦးတည်ရာချင်းတူသွားတာ"
ရှဲ့ရွှင်း သူအတွေးလွန်နေခြင်းဖြစ်သည်ဟု မမျှော်လင့်ထားခဲ့၊ သူ့နားရွက်များက လျင်မြန်စွာ နီရဲလာသည်။
သူက စကားမပြောဘဲ အောက်ကိုပဲငုံ့ကြည့်နေသည်ကိုမြင်သည့်အခါ ကျန်းရှုယောင် တိတ်တိတ်လေး နောက်ပြန်ဆုတ်ပြီးပြောလိုက်၏။
"ရှင် အရင်သွားနှင့်လိုက်ပါလား"
ရှဲ့ရွှင်းက အမှားကိုဖာထေးရန်အလို့ငှာ တစ်ခုခုပြောရန် စဉ်းစားနေတုန်းဖြစ်သည်။ ကျန်းရှုယောင်က ယခုလိုပြောသည့်အခါ သူမက သူ့အခုလေးတင်အတွေးလွန်သွားသည်ကို လှောင်ပြောင်နေသလိုမျိူး ခံစားလိုက်ရပြီး ရှက်ကာ နားရွက်တွေနီရဲလာပြန်၏။
(ဟောတော်...kawaiiii)
သူ ကျန်းရှုယောင်ကို မော့ကြည့်လိုက်သည်။ ကျန်းရှုယောင်က အပြစ်ကင်းစွာဖြင့် မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး "ကျေးဇူးပြု၍"ဟူသော အမူအရာလုပ်ရန် လက်ကိုဆန့်လိုက်သည်။
ရှဲ့ရွှင်း နင်သွားပြီး ရှက်ရွံ့စွာဖြင့် တိတ်တိတ်လေး အံကြိတ်လိုက်သည်။
သူက ရုပ်ရည်ချောမောပြီး ရှက်ရွံ့နေချိန်တွင် သူ့မျက်လုံးများက တောက်ပလင်းလက်နေခဲ့သည်။ သူ၏အမတအသွင်အပြင်သည် အနည်းငယ် ဒေါသထွက်နေပုံရသောကြောင့် တောက်ပပြီး အသက်ဝင်နေကာ နောက်ဆုံးတွင် တက်ကြွပြီး ချောမောသော လူငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ကျန်းရှုယောင်က သူမဘာ"မှား"နေသည်ကို လုံးဝမသိဘဲ ရှဲ့ရွှင်းက သူမကိုကြည့်နေသည်ကိုမြင်သောအခါ သူမက ဆက်ပြောလိုက်၏။
"ဒါမှမဟုတ် ကျွန်မအရင်သွားရမလား...တစ်ချိုးလောက်ဆို ပင်မီးဖိုချောင်ရောက်ပြီ"
"မဟုတ်ဘူးးး..."
ရှဲ့ရွှင်း ခပ်သွက်သွက် လှည့်ပြီး ခြေလှမ်းအကျယ်ကြီး လှမ်းလိုက်သည်။ သူ့ခြေထောက်တွေက မီးလောင်နေသကဲ့သို့ပင်။
တိတ်တဆိတ် သက်ပြင်းချရင်း ကျန်းရှုယောင် သူ့နောက်ကျောကို ကြည့်လိုက်သည်။ လူငယ်များသည် အနည်းငယ်ပို၍ တက်ကြွနေရမည်ဖြစ်ပြီး ထို့ကဲ့သို့သော ပျံသန်းနေသောပုံစံက တကယ်ကို ဆွဲဆောင်မှုရှိလေသည်။
သက်ပြင်းချပြီးနောက် သူမ အမျိုးသမီးအစေခံ များကို မီးဖိုခန်းဆီသို့ ခေါ်သွားခဲ့သည်။
မနက်မိုးလင်း အိပ်ယာထနောက်ကျပြီး မနက်စာမစားဖြစ်သည့်အတွက်ကြောင့် ယခုအချိန်၌ ဗိုက်ဆာလွန်း၍ ရင်ဘတ်က ကျောကိုကပ်နေပြီဖြစ်သည်။
မီးဖိုချောင်ထဲကလူများက ကျန်းရှုယောင် လာနေသည်ကိုတွေ့သောအခါ ထိတ်လန့်တကြားနှင့် အရိုအသေပေးကြ၏။
ကျန်းရှုယောင်က သူမလက်ကို ဝှေ့ယမ်းပြီး မီးဖိုချောင်ထဲသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
အိမ်ထောင်စုကြီးများသည် အချက်အပြုတ်ကောင်းခြင်းကို ပိုမိုအာရုံစိုက်ကြသော်လည်း ပမာဏမှာ အလွန်နည်းပါးသည်။ ယေဘုယျအားဖြင့် မီးဖိုချောင်ရှိလူများသည် စားကြွင်းစားကျန်များကို ဂရုစိုက်ကြသောကြောင့် ကျန်းရှုယောင် မီးဖိုချောင်တဝိုက်တွင် လျှောက်ပတ်သွားခဲ့ရာ သခင်များအတွက် ဟင်းရည်ကျိုနေသည်ကိုသာ မြင်လိုက်ရသည်။
“တတိယမသခင်မ ဘာများ…”
အဘွားကြီးတစ်ယောက်က သူမ အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက်လုပ်နေသည်ကို မြင်သည့်အခါ မေးလာ၏။
"ဘာမှမဟုတ်ပါဘူး...ကျွန်မ စားစရာလာရှာတာ"
"ဘာစားချင်လို့ပါလဲ"
အဘွားက ကုန်း၍ ကျန်းရှုယောင်ကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး နောက်ကလိုက်လာသည်။ သူမ ထိုသည်ကို ကျင့်သားမရသဖြင့်ပြောလိုက်၏။
“သွားပြီး အလုပ်တွေ ပြီးအောင်လုပ်ချေပါ...ကျွန်မဘာသာ တစ်ခုခု လုပ်လိုက်မယ်”
Xxxxx