အပိုင်း ၅
Viewers 16k

Chapter 5


ယူနန်တံတားဖြတ်ကျော် ဆန်ခေါက်ဆွဲ


ကျန်းရှုယောင် ယနေ့တွင် ယူနန်တံတားဖြတ်ကျော် ဆန်ခေါက်ဆွဲကို ပြုလုပ်ခဲ့သည်။


ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များမှာ အကန့်အသတ်ရှိပြီး ကလေးများလည်း ရှိနေ သည်။ထို့ကြောင့် သူမ ပထမဆုံးတွေးမိသည်က မွှေးပြီး ပေါ့ပါးသည့် ဆန်ခေါက်ဆွဲပါပင်။


သူမ ဟင်းရည် ပြုတ်ရန် ကြက်မအိုကြီးတစ်ကောင် နှင့် ဝက်အရိုးတို့ကို ယူကာ အိုးကြီးတစ်လုံးတွင်ထည့်၍ တစ်နေ့ခင်းလုံး မီးဖိုပေါ်၌ ပြုတ်ထားလိုက်သည်။ ရှေးအကျဆုံး ထင်းမီးဖိုပေါ်တွင် ပြုတ်ထားသော စွပ်ပြုတ်က သူမတူအောင်း ထူးကဲလေသည်။ ခေါက်ဆွဲပေါ်မှာ ဆားနှင့် ငရုတ်ကောင်းဖြူ အနည်းငယ်ဖြူးပေးရုံနှင့် ကြက်စွပ်ပြုတ်ရည်က အရသာရှိနေပြီဖြစ်၏။


ကြက်စွပ်ပြုတ်ရည်ကို ကြက်ဆီအလွှာဖြင့် ဖုံးအုပ်ထားလေသည်။ ဟင်းရည်ထဲမှာ ပြုတ်ထားသည့် ကြက်သားက နူးညံ့ချောမွေ့၏။ ပြုတ်ထားသော ဆန်ခေါက်ဆွဲကို ထည့်လိုက်ပြီး အဓိက ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


ကျန်းရှုယောင်က ကလေးနှစ်ယောက်ကို အစာစားသည့်အခါ အပူချိန်ကို အာရုံစိုက်ရန်ထပ်ခါတလဲလဲ ပြောခဲ့၏။ ကြက်စွပ်ပြုတ်ရည်ထဲက အဆီများကပွက်ပွက်ဆူနေပြီး အသားလွှာပါးပါးလေးများကိုဟင်းရည်ထဲမှာ ကျက်အောင်ထည့်ပြုတ်၍ရအောင်ထိ ပူနေသည်။


သို့ရာတွင် ရှောင်ကျောက်က အလျင်စလို စားနေတုန်းပါပင်။ သူက ပါးပါးလှီးထားသောဝက်သားလွှာကို ကောက်ယူပြီး ဟင်းရည်ထဲမှာစိမ်လိုက်၏။၎င်းနောက် နူးညံ့ပျော့ပျောင်းသော ခေါက်ဆွဲများကြားတွင် ညှပ်ကာ  ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အပူချိန်က သူ့ကို ပါးစပ်ကနေ တဟူးဟူး လေရှူသွင်းမိစေပြီး မျက်နှာတွေ နီမြန်းလာသည်။


မြို့စားရှဲ့အိမ်တော်၏ပင်မမီးဖိုချောင်တွင် လတ်ဆတ်သောဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံးသိုလှောင်ထားသည်။ သူတို့မှာ မရှိလျှင်ပင် သခင်များက အမိန့်ပေးသည်အခါ အစေခံများက  ချက်ချင်းရှာပေးကြလိမ့်မည်ဖြစ်၏။


ကျက်ရန် မလွယ်ကူသော အသီးအရွက်များကို ရေနွေးဖြော၊နုတ်နုတ်စဥ်းကာ ပန်းကန်ပြားပေါ်တွင်တင်ထားလိုက်သည်။ အဖြူရောင်  နှင့်အစိမ်းရောင် အရံဟင်းလျာများသည် အနုစိတ်ထားသောကြွေထည်များဖြင့် လိုက်ဖက်ပြီး ကြည့်ရသည်မှာ အမြင်လှ၏။


ရှဲ့ရွှင်း  စားပွဲအကြီးကြီးကို ကြည့်ပြီး ဆန်းသစ်သောဟင်း ကြည့်ကာမေးလိုက်သည်။


 "ဒါက ဘာလဲ"


ကျန်းရှုယောင် ပန်းကန်ထဲမှ ငုံးဥတစ်လုံးကို ယူလိုက်ပြီး ကိုက်လိုက်သည် ။ ပျော့ပျောင်းသော ဥအကာဖြူများ ပွင့်ထွက်လာသည်။ငုံးဥက မွှေးပြီး လတ်ဆတ်ကာ အရသာရှိလေသည်။


"ဆန်ခေါက်ဆွဲ" 


ပူလွန်း၍ လေကို စုပ်သွင်းလိုက်သည်။ သူမ ပြန်ဖြေချင်သော်လည်း ထပ်ပြီး လေပြန်စုပ်သွင်းရပြန်သည်။ သူမ၏ အနေအထိုင်က တကယ်ကို ဣန္ဒြေသိက္ခာမဲ့လွန်း၏။


ရှဲ့ရွှင်း အမျိုးသမီးတစ်ဦးက ထိုသို့သော စားသောက်မှုမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဝတုတ်လေးရှဲ့ကျောက်ကဲ့သို့ စားသည်မှာအမျိုးသမီးတစ်ဦးအတွက် ဆိုးရွားလှသည်။


သူက မျက်မှောင်ကြုတ်ပြီး “ဒါက ဆန်ခေါက်ဆွဲဆိုတာ ငါသိတယ်” ဟုပြောလိုက်၏။ သူသိချင်ခဲ့သည်က ယခုလို စားသောက်မှုပုံစံဖြစ်သည်။ပြီးတော့ ဟင်းသီးဟင်းရွက်နှင့် အသားလွှာတွေ ပြည့်နေတဲ့ စားပွဲက ဘာလဲ...


ကျန်းရှုယောင်က သူ့သံသယများကို နားမလည်သည့်အတွက် သနားစရာပါပင်။ သူ့စကားကိုကြားသည့်အခါ သူမက ခေါင်းပင်ထောင်မလာချေ။


"ဒေါ်လေး... ငါးအသားလွှာ..." 


ရှဲ့ကျောက်က တဟူးဟူးလုပ်ရင်း သူ့လက်တံတိုတိုလေးကို ကျန်းရှုယောင်  ဆီသို့ ဆန့်လိုက်သည်။


ကျန်းရှုယောင်က ငါးအသားလွှာ


ပန်းကန်ပြားကို ဖွင့်ဟပြောစရာမလိုသောနားလည်မှုဖြင့် ပေးလိုက်သည်။ သူ့ပါးစပ်ထဲမှာ အခုလေးတင် ဆန်ခေါက်ဆွဲ အလုတ်ကြီးတစ်လုတ်ကို ထိုးထည့်ထားသဖြင့် ဝါးနေရင်း မျက်လုံးများက မျက်ရည်များဝိုင်းနေ၏။


ရှဲ့ရွှင်း  လျစ်လျူရှုခံလိုက်ရပြန်သည်။


လူကြီးတစ်ယောက်နှင့် လူသေးသေးလေးတစ်ယောက်၏ "ရဲရင့်ပြီး အထိန်းအကွပ်မရှိသော" စားသောက်မှုအလေ့အကျင့်များကို ကြည့်လိုက်ရရင်း သူ၏ ကျန်းရှုယောင်အပေါ် နားလည်မှုတို့ တစ်ဖန် တိုးလာပြန်သည်။ ကျန်းမိသားစု၏အိမ်တွင် သူမရှိခဲ့စဉ်က ကျင့်ဝတ်သိက္ခာကို မလေ့လာခဲ့ပုံရသည်။


ကြက်စွပ်ပြုတ်ရည်၏ရနံ့က ရှဲ့ရွှင်း၏နှာခေါင်းထဲသို့ စိမ့်ဝင်လာသည်။ ဖလံလေးက ၎င်းတို့နှစ်ဦး ထံမှ ကူးစက်ခံထားရပြီး သူ၏ပုံစံမှာလည်း တဖြည်းဖြည်း ပြေလျော့လာသည်။ သူ မျိုချပြီး ပျော်ပျော်ကြီးစားနေ၏။


ရှဲ့ရွှင်း  ခေါင်းကိုက်လာပြီး ကျန်းရှုယောင်ထံသို့ အကြည့်လွှဲလိုက်သည်။ သူမက အလွန်ရှည်လျားသော ဆန်ခေါက်ဆွဲကို စားနေပြီး ဟမ်းစတားတစ်ကောင်ကဲ့သို့ ပါးစုံများဖောင်းလျက် ပါးစပ်ထဲသို့ ဆန်ခေါက်ဆွဲကို စုပ်သွင်းလိုက်သည်။


ရှဲ့ရွှင်း  မယုံနိုင်ဖြစ်သွားသည်။


ထိုသို့ အစားအစာစားသည့်အမျိုးသမီးတစ်ယောက် မည်သို့ရှိနိုင်ပါမည်နည်း။  နိုင်ငံခြားကို ခရီးထွက်တုန်းက သူတွေ့ဖူးသည့် ထိုင်ပေက အမျိုးသမီးများနှင့်  တူ၏။ သိပ်ကို မသင့်တော်ပေမဲ့ ... ကြည့်ရတာ... အရသာရှိတယ်...


သူ တံတွေး မမျိုချဘဲမနေနိုင်ပေ။


ထိုကဲ့သို့ ကြီးကောင်ကြီးမားကြီးက တစ်ယောက်တည်း ရပ်နေသဖြင့် ကျန်းရှုယောင် သူ့ကို လျစ်လျူရှုပြီးမနေနိုင်ပေ။


ရှဲ့ရွှင်းက သူမကို မတွေ့ချင်သလို သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိချင်ကြောင်း သူမသိသည်။ သူက မျက်မှောင်ကြုတ်ပြီး သူမပန်းကန်ကို ကြည့်နေသည်ကို မြင်ရာတွင် မေးလိုက်၏။


 "ညစာစားပြီးပြီလား"


ရှဲ့ရွှင်း  သူ့စိတ်ထဲမှာ အမှန်တကယ်ပင် ထိုအတွေးကို တွေးနေမိသည်။ ထိတ်လန့်တကြားနှင့် သူ့မျက်လုံးများကို ထိုနေရာကနေ အမြန်ဖယ်လိုက်ပြီးပြောလိုက်၏။


 "မစားရသေးဘူး"


ကျန်းရှုယောင်က "ရှင် ကျွန်မတို့နဲ့ အတူတုစားချင်လား" ဟု ယဉ်ကျေးသမှုအရ မေးလိုက်သည်။ ရှဲ့ရွှင်း၏ ရွံရှာနေသောအကြည့်က တစ်ချက်ကြည့်လိုက်ရုံနှင့် မလိုလားမှန်းသိသာသည်။ မေးကတည်းက သူမ အဖြေကို သိပြီးသားဖြစ်၏။


မမျှော်လင့်ဘဲ ရှဲ့ရွှင်းက စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားပြီးနောက် ရုတ်တရက် "ကောင်းပြီ" ဟုပြောလာသည်။


ကျန်းရှုယောင် ချက်ချင်း ခေါင်းမော့ပြီး သူ့ကို အံ့သြစွာ စိုက်ကြည့်လိုက်မိသည်။


ရှဲ့ရွှင်းကိုယ်တိုင်လည်း သူမ၏ဖိတ်ခေါ်မှုကို သဘောတူမိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူအလွန်ကိုမှ နောင်တရနေပေမဲ့ အပေါ်ယံမှာ တည်ငြိမ်အေးဆေးသလိုပြုမှူနေရသည်။သူ ဝတ်ရုံကို မ၍ ထိုင်လိုက်၏။


သူက သူ့လက်ကို မြှောက်လိုက်ပြီး တစ်စုံတစ်ယောက်က ရှေ့ကို တိုးလာပြီး သူ့ကို ပြင်ဆင်ပေးသည်။


သူက အစာစားချိန်မှာတောင် ယဉ်ကျေးသိမ်မွေ့ပြီး ကြော့မော့တင့်တယ်သော လူကြီးလူကောင်းတစ်ယောက်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းရှုယောင် သူမနှလုံးသားထဲမှာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ရှင်ဘာလို့ ဆန်ခေါက်ဆွဲစားနေသေးတာလဲ... မနက်ခင်း နှင်းရည်လေးပဲ သောက်လိုက်ပါလား...


ပိုင်ကျီက ကျန်းရှုယောင် ဆန်ခေါက်ဆွဲပြုလုပ်သည်ကို တစ်ကြိမ် မြင်ဖူးပြီး ဆန်ခေါက်ဆွဲရေနွေးဖြောသည်ကလည်း မည်သည့်ကျွမ်းကျင်မှုမှ မလိုအပ်ပါချေ။ တစ်ခါကြည့်ပြီးနောက် တတ်သွားလိမ့်ပေမည်။ ထို့ကြောင့် သူမ ရှဲ့ရွှင်း၏ဝေစုကို အမြန်ယူလာခဲ့သည်။


မြေအိုးကို ရှေ့မှာ ချထားလိုက်သည့်အခါ မွှေးရနံ့က ပိုပြင်းထန်လာ၏။ ဟင်းရည်သည် ကြည်လင်ပြီး  အဝါရောင်ဆီအလွှာဖြင့် ဖုံးအုပ်ထားသည်။အဖြူရောင် ဆန်ခေါက်ဆွဲများက ဟင်းရည်ထဲမှာ နှစ်မြှုပ်နေပြီး ကြည့်လိုက်ရုံနှင့် ချိုမြိန်မှုနှင့်အရသာကို စိတ်ကူးကြည့်နိုင်ပေ၏။


ရှဲ့ရွှင်းက သူ့တူများကို ရွှေ့လိုက်သောအခါ ကျန်းရှုယောင် မနေနိုင်ပဲသတိပေး  လိုက်သည်။


 "ပူတယ်... သတိထား"


ရှဲ့ရွှင်း  အနည်းငယ် ထိတ်လန့်သွားသည်။


ရှဲ့ရွှင်းကို သူမ၏ခင်ပွန်းအဖြစ် မှတ်ယူပါက ကျန်းရှုယောင်  ရှက်ရွံ့နေမည်မှာ သေချာလေ သည်။ ယခုအချိန်တွင် သူမက သူ့ကို သာမန်ညစာစားသူအဖြစ် သဘောထားသဖြင့် သူမ၏ စိတ်နေသဘောထားက အလွန်ပင် သဘာဝကျလာသည်။


အစားအသောက်က လူတွေကို အင်မတန် ခင်မင်ရင်းနှီးစေ၏။ ပုံမှန်အားဖြင့် စားသောက်ဆိုင်တစ်ဆိုင်ရှိ အချို့သော စားသုံးသူများသည် ဘေးစားပွဲကို "ဘာစားတာလဲ...အရသာရှိလား" ဟု မေးတတ်သည်။စားသုံးသူအများစုက စိတ်ပါလက်ပါဖြေကြားကြပြီး မီနူးတွင် အကောင်းဆုံးအရာကို အကြံပြုကြသည်။


ယနေ့မှာ ရှဲ့ကျောက်နှင့် ရှဲ့ယောင်တို့က သူမကိုချက်ပြုတ်သူတစ်ယောက်အနေဖြင့်  အထူးတလည် ထောက်ခံအားပေးခဲ့ကြပြီး ရှဲ့ရွှင်းကလည်း သူတို့နှင့် ပူးပေါင်းလိုက်သည့်အခါ သူမ၏ သဘောထားက နွေးထွေးပြီး ပျူငှာလာ၏။


"အသားတွေကို အရင်ထည့်...ပြီးမှ အသီးအရွက်တွေ ထည့်ပေး" 


သူမက ရှင်းပြလိုက်သည်။


ရှဲ့ရွှင်ကလည်း ခေါင်းညိတ်လိုက်သည်။


ကျန်းရှုယောင် သူ၏ ကျက်သရှေရှိပြီး အေးစက်သော အသွင်အပြင်ကို ကြည့်ပြီး စိုးရိမ်လာသော ကြောင့် သူ့ဘက်သို့ အနည်းငယ်ရွှေ့ကာ သူ့အတွက် ငုံးဥစိမ်းကို အိုးထဲ သေသေသပ်သပ် ထည့်ပေး လိုက်သည်။


ထို့နောက် အများသုံးတူများကိုသုံး၍ အသားစိမ်း၊ ငါးအသားလွှာများ၊ ကြက်သား၊ ကျောက်ကပ်နှင့် အခြားအသားများကို လျင်မြန်စွာထည့်ပေးခဲ့သည်။


သူမက"ဒါ စားလား...ဒါဆိုရင်ရော...မစားတာ တစ်ခုခုရှိလား... အရသာရှိလား... စားကြည့်ချင်လား"ဟု တစ်ခုခုပြီးတစ်ခုမေးနေခဲ့၏။


ရှဲ့ရွှင်း  ပဲစေ့များ လောင်းချသလိုမျိုး သူမ၏ စကားအရှိန်ကို ကြားပြီးနောက် မူးဝေသွားသည်။ သူ ဤအသားတွေကို ပုံမှန်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ အရေးမကြီးပါချေ။ သူ သူမနှင့်အတူ လိုက်ပါခဲ့သည်။


နူးညံ့သော ကြက်သွန်မြိတ်၊ ဟင်းနုနွယ်ရွက်၊ နုတ်နုတ်စဥ်းထားသော ဆလတ်ရွက်၊ မုန်လာဥနီနှင့် အခြားအသီးအရွက်များကို သူမက သူ့အတွက် ထည့်ပေးခဲ့သည်။ အိုးအလွတ်သည် လျင်မြန်စွာ စုပုံလာပြီး၊ ပန်းကန်လုံးထဲတွင် အရောင်တောက်တောက်အရာများနှင့်ပြည့်နေကာ အများကြီးဖြစ်သော်လည်း အရသာက မပြင်းပါချေ။


"ကျက်ရင် စားလို့ရပြီ " 


ကျန်းရှုယောင်က ရှဲ့ရွှင်းကို မျှော်တလင့်တကြီးကြည့်ကာ "စားကြည့်ပါလား"ဟုဆိုသည်။သူမက တရုတ်နှစ်သစ်ကူးကာလတွင် သူ့မြေးကို အရူးအမူးကျွေးမွေးနေသော ကြင်နာတတ်သော အဘွားကြီးနှင့်တူသည်။


"ကျေးဇူးတင်ပါတယ် "


ရှဲ့ရွှင်း  သူမ၏တလက်လက်တောက်ပနေသောအကြည့်ကို ရှောင်လိုက်သည်။ သူ အလွန် စိတ်မသက်မသာ ခံစားရပြီး အနည်းငယ် အပြစ်ရှိသလိုပင်ခံစားရ၏။


သူမက  ဤဟင်းပွဲအကြီးကြီးကို သူ့အတွက်တကယ်ချက်ပြုတ်ပေးထားခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် ညစာအတွက် သူ့ကိုတည်ခင်းပေးရန် အဘယ်ကြောင့်  စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်နေရမည်နည်း။သို့ရာတွင် သူကမူ မင်္ဂလာဆောင်ပြီး ပထမဆုံးနေ့မှာ ထွက်ပြေးပြီး သူ့မိန်းမကို တစ်ယောက်တည်း ထားခဲ့သည်။


ကျက်လုနီးပါးဖြစ်သည်ကိုမြင်သောအခါ ကျန်းရှုယောင်က သူ့ကိုသတိပေးလိုက်၏။


 "အခုစားလို့ရပြီ"


ရှဲ့ရွှင်း  သူ၏ပျော်ရွှင်နေသော အတွေးများကို လွှင့်ပစ်လိုက်သည်။ သူ အိုးကိုအာရုံစိုက်ကာ ဆန်ခေါက်ဆွဲကို တူဖြင့်မွှေပြီး အသီးအရွက်မျိုးစုံနှင့်ရောကာ ကိုက်လိုက်သည်။ အရသာက ထူးကဲသည်၊ ကြွယ်ဝသည်၊ အရသာရှိသည်။


ခေါက်ဆွဲပူပူမှာ ကြက်စွပ်ပြုတ်၏ အရသာကြောင့် နူးအိ နူးညံ့ပြီး အရသာရှိရုံသာမက လန်းဆန်းချိုမြိန်ပြီး ဆန်၏မွှေးရနံကိုလည်း ရရှိစေလေသည်။


ဟင်းသီး ဟင်းရွက်များက ချက်ပြီးခါစဖြစ်၍ လတ်ဆတ် ကြွပ်ရွပြီး ချိုမြိန်၏။  မိရိုးဖလာနည်းများနှင့် ယှဉ်လျှင် ပိုကြွပ်ပြီး နူးညံ့သည်။ အသီးအရွက်များ၏ မူလရနံ့နှင့် အရသာကို ထိန်းသိမ်းထားလေသည်။


၎င်းတို့ကို ရောနှောပြီး တစ်ကိုက်တည်း မျိုချပြီးနောက်တွင် ၎င်းကို အဘယ်ကြောင့် ဤကဲ့သို့ စားရကြောင်းကို သူ နားလည်နိုင်ခဲ့သည်။


ရှဲ့ရွှင်း၏ ဆယ်နှစ်ကျော်ကြာစားသောက်မှုကျင့်ဝတ်သည် သူ့အား  ဖြည်းညှင်းစွာ ကျက်သရေရှိစွာ စားသောက်ခြင်းအလေ့အထကို ထိန်းသိမ်းနိုင်စေခဲ့သည်။ သူ မြည်းစမ်းနေတုန်း ရုတ်တရက် ခေါင်းကို မော့လိုက်ရာ ကျန်းရှုယောင်၏ မျှော်လင့်နေသည့် မျက်လုံးများကို တွေ့လိုက်ရသည်။ သူလန့်ပြီး သီးလုမတတ်ပင်။ ထိုမှသာ သူမက သူ့အကဲဖြတ်မှုကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သတိရမိခဲ့သည်။


သူ အလျင်စလို မျိုချလိုက်သည်။ ပူပြင်းသော အပူချိန်က သူ့လည်ချောင်းကို အနည်းငယ် နာကျင်စေသည်။


"တစ်မျိုးလေး အရသာရှိတယ်"


ကျန်းရှုယောင် ချီးကျူးခံရပြီးနောက် သူမ၏ "စစ်မြေပြင်" သို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။ သူမ ကျေနပ်စွာဖြင့် စီးနင်းမှုကို ဆက်လုပ်ဆောင်ခဲ့သည်။(အစားကိုအမဲလိုက်သလိုစားနေတာ)


ရှဲ့ရွှင်က သူမကို အခုလေးတင် ဆိုးရွားသည့်သုံးသပ်ချက်ပေးပါက သူမ သူ့ပန်းကန်ကို ချက်ချင်း ဖယ်ပစ်မှာဖြစ်၏။


ရှဲ့ရွှင်း မစားခင်မှာ ကျန်းရှုယောင်က သူ့၏မှတ်ချက်ကို စောင့်ဆိုင်းနေသည်ကိုတွေ့လိုက်ရပြီး စိတ်သက်သာရာ ရသွားသည်။ သူ့ကိုလက်ထပ်ဖို့ အတင်းအကြပ်ခိုင်းသည်ကို သူမုန်းသော်ငြား သူမ၏ သူကိုစိတ်ကျေနပ်စေချင်သည့် ဆန္ဒက အမှန်ပါပင်။ 


သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။


သူ့စိတ်ထဲမှာ တစ်ခုခုရှိတိုင်း သူ့အစာစားနှုန်းကို မေ့လျော့သွားတတ်၏။


အသားလွှာပါးများက လတ်ဆတ်ပြီး နူးညံ့သည်။ အပေါ့အငန်က ကွက်တိဖြစ်ပြီး အရသာက နူးညံ့ပေါ့ပါးပေမဲ့  ခေါက်ဆွဲနှင့်ရောပြီး အားရကျေနပ်ဖွယ်ရှိ၏။ တစ်ကိုက်ပြီးတစ်ကိုက်စားရင်း သူ လုံးဝမရပ်နိုင်ခဲ့ပေ။


သူ့ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီပါးပါးလေး ချွေးအနည်းငယ် စိုစွတ်လာချိန်တွင် မြေအိုး၏ အောက်ခြေက ပေါ်ထွက်လာသည်။


---


[ET/N- 


1. ယူနန်တံတားဖြတ်ကျော်ခေါက်ဆွဲ သည် ယူနန် အစားအစာထဲမှ လူသိများသော ဆန်ခေါက်ဆွဲပြုတ်ဖြစ်သည်။ 


အမည်နာမ၏ဇာတ်လမ်းသည် ကျွန်းငယ်လေးတစ်ကျွန်းတွင် သူ၏တောက်ဝင်စာမေးပွဲအတွက် အပြင်းအထန်လေ့လာနေသော စာပေပညာရှင်တစ်ဦးနှင့် စတင်သည်။ သူ့အတွက် အစားအသောက်လာပို့သည့်သူ့ဇနီးဖြစ်သူက ကျွန်းဆီကို တံတားကိုဖြတ်ပြီးချိန်မှာ ဟင်းရည်ကအေးပြီး ခေါက်ဆွဲတွေ ပွလာသည်ကို  တွေ့ရှိခဲ့ရသည်။ ထို့နောက်တွင် သူမက  ဆူပွက်နေသော ဟင်းရည်ပါသည့် မြေအိုးကြီးတစ်လုံးကို အပူထိန်းပစ္စည်းအဖြစ် အပေါ်မှ ဆီအလွှာတစ်ခုတင်ကာ ဟင်းရည်ပူနွေးမှုကို ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့သည်။ ခေါက်ဆွဲနှင့် အခြားပါဝင်ပစ္စည်းများကို သီးခြား ဘူးများတွင် သိမ်းဆည်းထားပြီး သူမရောက်ရှိချိန်တွင် ပန်းကန်လုံးနှစ်လုံးကို ဟင်းချိုပူပူတစ်ခုအတွက် ပေါင်းထည့်လိုက်သည်။


Xxxx