အပိုင်း ၁၀
Viewers 18k

Chapter 10


အူမားမီကီးမား


သူမ စဉ်းစားနေတုန်းမှာ ရှဲ့ရွှင်းက ပုဇွန်တစ်ကောင်ကို ကောက်ယူပြီး ပန်းကန်လုံးထဲ ထည့်ကာ မျက်မှောင်ကြုတ်လိုက်သည်ကို တွေ့လိုက်ရ၏။


ကျန်းရှုယောင်က ပုဇွန်ကို အကြော ဖယ်ထားသော်လည်း ရှဲ့ရွှင်း ငယ်စဉ်ကတည်းက စားခဲ့ရသော ပုစွန်များက အလွန်သန့်ရှင်းစွာပြင်ဆင်ထားပြီသားဖြစ်သည်။ ဦးခေါင်းနှင့် အမြီးပါသော ပုစွန်များကို တွေ့ကြုံရသောအခါတွင် သူ ၎င်းတို့ကို မည်သို့စားရမည်ကို မသိခဲ့ပေ။


ထမင်းစားနေချိန် သူ့ဘေးမှာ မည်သူ ရပ်နေသည်ကိုမှ မကြိုက်ပေမဲ့ ယခု သူ့ကို ပုဇွန် အခွံခွာပေးမည့်လူ မရှိတော့ပေ။


ကျန်းရှုယောင်  ဘာပြန်ပြောရမှန်းကို မသိတော့သဖြင့် ပုဇွန်တစ်ကောင်ကို ကောက်ယူပြီး "ကျွန်မ ဘယ်လိုစားလဲ ကြည့်"ဟု ပြောလိုက်၏။


"ခေါင်းကိုက် ... အမြီးကို ကိုက် ... အရေခွံ့ကကြွပ်နေတော့ ထွက်လာလိမ့်တယ်" 


သူမကပြောရင်း သရုပ်ပြခဲ့သည်။ 


"ကြည့်ကြည့် ကျွတ်သွားပြီ"


ရှဲ့ရွှင်း၏ မျက်ခုံးမွှေးများ အရိုင်းဆန်စွာ ခုန်ပေါက်သွား၏။(မျက်မှောင်ကြုတ်တာကိုရိုးရိုးမပြောဘူး )ဒီအမူအရာက ယဥ်ကျေးမှုမဲ့လွန်းတယ်...


ကျန်းရှုယောင်က သူတွေးနေသည်များကို ဂရုမစိုက်ဘဲ မုန်တိုင်းတိုက်သလို ပြန်ထမင်းစားနေသည်။ အထပ်ထပ်အခါအခါ တုံ့ဆိုင်းနေပြီးနောက် သူမနောက်ကနေ  လိုက်သင်ယူခဲ့သည်။ သူ နိုင်ငံခြားကို ခရီးထွက်တုန်းကပင် ထူးထူးခြားခြား တခါမှ မလုပ်ဖူးသဖြင့် သူ့အမူအရာက တောင့်တင်းပြီး လေးနက်လွန်းနေ၏။


၎င်းကို သိရှိသွားပြီးနောက် ပုဇွန်ကို သူ့သွားနှင့် အခွံခွာရန် ကျန်းရှုယောင်၏ လှုပ်ရှားမှုများကို သင်ယူခဲ့သည်။ ပထမတစ်ခုက အခွံခွာရန် ခက်သည်၊ ဒုတိယတစ်ခုကျ ကျင့်သားမရသေး၊ တတိယတစ်ခုကျ တဖြည်းဖြည်း ချောမွေ့လာတော့၏ ... သူ မည်မျှလောက် အခွံခွာခဲ့မှန်းမသိဘဲ တဖြည်းဖြည်းနှင့် ပန်းကန်ပြားပေါ် မှာ စုပုံလာပြီး တောင်ကုန်းလေးတစ်ခုဖြစ်သွားသည်။


ကျန်းရှုယောင်က အစားအသောက်ထဲတွင် နစ်မြှုပ်နေသည်။ ခဏအကြာတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမ သတိပြုမိလိုက်သည်။ အိုးထဲက ပုစွန်တွေ ဘာကြောင့် ပျောက်သွားတာလဲ...


သူမ ရှဲ့ရွှင်းကိုကြည့်လိုက်၏။အဖော်ကောင်းပဲဟေ့...အကုန်လုံး သူ့ဗိုက်ထဲရောက်သွားတယ်...


သူမ အရှိန်မြှင့်လိုက်သည်။ သူမ မြန်မြန်စားလေ ရှဲ့ရွှင်းက  သူမကြောင့် သက်ရောက်ခံရပြီး သူ့အရှိန်ကို မြှင့်လေဖြစ်၏။ နှစ်ယောက်သား စားပြီးသည်နှင့် ချွေးတလုံးလုံးထွက်ကာ ထမင်းဝိုင်းထဲ၌ နှစ်မြုပ်သွားကြသည်။


နောက်ဆုံးတွင် သူမ မစားနိုင်တော့ပေ။  သူမ၏တူများကို ရပ်လိုက်ပြီး အိုးထဲက ဟင်းများကို ကြည့်လိုက်သောအခါ အောက်ခြေပဲ ကျန်တော့၏။ စောစောက ဒယ်အိုးနှင့်ချက်စဥ်က ဟင်းချက်ထားသည်ကများလွန်းသည်ဟုထင်ခဲ့သည်။ သူမနှင့်ရှဲ့ရွှင်း တစ်ဝက်သာစားနိုင်မည်ဟု သူမခန့်မှန်းခဲ့သော်လည်း ဤလူက အမှန်တကယ်စားနိုင်မည်ဟု သူမမျှော်လင့်ခဲ့ပေ။


အစာစားပြီးနောက် ကျန်းရှုယောင်  အစာကြေစေရန်အတွက် ခြံထဲသို့သွားကာ လမ်းလျှောက်ခဲ့သည်။ ရှဲ့ရွှင်းက  စာဖတ်ရန် စာကြည့်ခန်းသို့ ပြန်သွားပြီး သူမသည် ခြံထဲတွင် မရှိတော့သည့်အချိန်မှ စာကြည့်ခန်းထဲမှ ခိုးထွက်လာခဲ့သည်။


ကျန်းရှုယောင်ထက် သူက ပို၍ပင်ထိတ်လန့်သွားခဲ့သည်။ ယနေ့ သခင်ရှန်းယန်၏အိမ်တော်မှာ အစားအသောက် အများကြီးစားခဲ့ပြီး ညနေပိုင်းမှာလည်း နောက်ထပ် ထမင်းကြီးတစ်နပ် စားခဲ့ကာ ပုံမှန်အားဖြင့်ဆို နှစ်ရက်စာ လုံလောက်လေသည်။


ရှဲ့ရွှင်း ခြံပြင် ထွက်ကာ အပြင်ဘက်ဝင်းထဲမှာ လှည့်ပတ်သွားခဲ့သည်။ သူနည်းနည်းသက်သာလာချိန်မှာ  ဝါးတောဘေးကအဆောင်ငယ်လေးမှာ လကြည့်နေသည့် သူ့အစ်ကိုကြီးက သူ့ကို စစ်တုရင်ကစားရန်အတွက် အတင်းခေါ်ထား၏။ စစ်တုရင်ကစားပွဲနှစ်ခုက တစ်ကြိမ်လျှင် တစ်နာရီကြာမြင့်ပြီး ရှဲ့ရွှင်း  ထိုင်နေရာမှ ဗိုက်အင့်လာသည်။


စာကြည့်ခန်းသို့ ပြန်သွားကာ ရေချိုးပြီး အိပ်ရာဝင်သော်လည်း ဘယ်ညာလှည့်ပြီးနောက် အိပ်မပျော်သေးပေ။ သူ အပြင်ထွက်ပြီး ခဏလောက် ဓားရေး လေ့ကျင့်ခဲ့ကာ  ညလေညင်းက သူ့အားအင်များကို ပို၍လွှင့်ပြည်သွားစေခဲ့၏။


ဟိုလိမ့်သည်လိမ့်ဖြင့် လှဲချပြီးနောက် စတုတ္ထနာရီထိုးပြီးမှသာ အိပ်ပျော်သွားခဲ့သည်။သူက နောက်ရက်မှာ တာဝန်ကျသည်အတွက် နောက်ကျမှ နိုးလာခဲ့သည်ကား သေချာပေ၏။ 


"သခင်...လမ်းမှာစားဖို့ မုန့်ယူသွားပါဦး" 


သူ့ကိုယ်ရေးကိုယ်တာအစေခံကျိယန်က နောက်ကနေ လိုက်အော်သည်။


ရှဲ့ရွှင်းက  လမ်းလျှောက်လာရင်း လက်အနားခေါက်များကို ချိန်ညှိကာ "မစားဘူး" ဟု ပြန်ပြောလိုက်သည်။


"သခင်... ဗိုက်ကို တစ်ခုခုနဲ့ဖြည့်ပါဦးလား"


"တော်ပြီ"


ရှဲ့ရွှင်းက တံခါးကထွက်ပြီးနောက် ပြန်ဝင်လာကာ ကျိယန်ကိုတိုက်မိမတတ်ပင်။


 "ငါ့ကျောက်စိမ်းဆွဲသီး ဘယ်မှာလဲ" 


"ဒီတစ်ခု... ဒီတစ်ခု" 


ကျိယန်က  နံရံနောက်ကွယ်မှ ထွက်လာပြီး ရှဲ့ရွှင်းကို ကျောက်စိမ်းဆွဲသီးကို ပေးလိုက်သည်။


ရှဲ့ရွှင်းက  ၎င်းကို ဝတ်ပြီး အမြန်ထွက်သွား၏။


ကျိယန်က နောက်ကလိုက်ကာ “ဒါဆို သခင်လမ်းကြားက ဖြတ်သွားရင် နှမ်းကိတ်မုန့်သွားဝယ်လို့ရတယ်” ဟု တိုးတိုးလေး  ပြောနေဆဲဖြစ်သည်။


ရှဲ့ရွှင်း  စိတ်မရှည်တော့ပေ။


 "ငါသိတယ်" 


သခင်နှင့်အစေခံတစ်တွဲ သုတ်သီးသုတ်ပျာ ပြေးနေစဥ်မှာ မနီးမဝေးမှ စပ်စုလိုသော အသံတစ်ခု ထွက်ပေါ်လာ၏။ 


"ဟမ်...ရှင်လည်းအိပ်ရာထ နောက်ကျတာလား"


ရှဲ့ရွှင်း ကပျာကယာ ရပ်လိုက်ပြီး ဘေးကို ကြည့်လိုက်သည် ။


ကျန်းရှုယောင်က ပါးစပ်ထောင့်တွင် ဆော့စ်များပေလျက် လက်တစ်ဖက်စီ၌ အလိပ်တစ်ခုစီ ကိုင်ထားသည်။ သူမ၏ပါးစပ်က ဝါးနေဆဲဖြစ်ပြီး သူမ၏ပါးများက ဟမ်းစတားကဲ့သို့ ဖောင်းကားနေသည်။


သူမနောက်တွင် အစေခံလေးယောက်ရှပြီး အသီးသီး ပျော်ရွှင်စွာ စားသောက်နေကြသည်။


"ငါနောက်ကျတာမဟုတ်ဘူး" 


ရှဲ့ရွှင်းက လေသံလေးဖြင့် ရှင်းပြသည်။


ကျန်းရှုယောင်၏မျက်လုံးများတွင်"နားလည်တယ်"ဟူသော အကြည့်တို့ရှိနေပြီး မနက်အစောကြီး လမ်းထလျှောက်သည့် အဒေါ်ကြီးတစ်ယောက်လိုပြောလေ၏။


 "ဟေး ဒါ ကျွန်မမစားရသေးဘူး...ရှင် မျှစားချင်လား"


ရှဲ့ရွှင်းက  ငြင်းချင်ပေမဲ့ ကျန်းရှုယောင်က သူမဘယ်ဘက်လက်ထဲက ကီးမားကို သူ့ဆီ ပေးလာသည်။


 "ရော့"


ရှဲ့ရွင်း ဝေစုတစ်ခုထိုးထည့်ပေခြင်းခံလိုက်ရ၏။ ဆီစိမ်စက္ကူကို အရွယ်ကြီးကြီး ဖြတ်ပြီး သူဝတ်ရုံလက်နှင့် ဆံ့သော အလိပ်တစ်ခုအဖြစ် ခေါက်ထားသည်။


သူ့မှာ နှောင့်နှေးရန် အချိန်မရှိသောကြောင့် သူမကို ကျေးဇူးတင်ပြီး အလျင်အမြန် ထွက်သွားခဲ့၏။


ကျန်းရှုယောင်က သူပြန်ထွက်သွားသည်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။


 "အလုပ်မသွားရတာ ကောင်းလိုက်တာ"


သူမ ကီးမားကို ကိုက်လိုက်သည်။အင်း... ပြီးပြည့်စုံ လုနီးပါးပဲ...အစပ်ချောင်းလေးတွေနဲ့ ထုပ်ထားရင် ပိုကောင်းတယ်...


ကျောင်းအဝင်ဝက ကီးမားဆိုင်များကို သူမ တွေးမိလိုက်၏။ ဟိုးအဝေးကတည်းက မွှေးပျံ့သည့် ရနံ့ကို အနံ့ခံနိုင်လေသည်။ အပေါ်ယံလွှာက ပါးလွှာပြီး ပျော့ပျောင်းစွာ ဖြန့်ထားပြီး ကြက်ဥတစ်လုံးကို ထည့်လိုက်ရ၏။ ကြက်ဥက အနံ့မွှေးပြီး ဆော့စ်နှင့် နယ်၊ပါးပါးလှီးထားသည့် ကြက်သွန်စိမ်းနှင့်  အစပ်ချောင်းလေးများဖြူးပေးရသည်။ ဝက်ပေါင်ခြောက်၊ ဆလတ်နှင့် ကြွပ်ကြွပ်ရွရွမုန့်သားကို တစ်ကိုက် ကိုက်ပြီးပါက ပါးစပ်ထဲမှာ အပူတွေ စိမ့်ထွက်လာပြီး သူမမှာ သီးရင်း ကျောင်းကို အပြေးအလွှား သွားခဲ့ရာ၏။သူမထံ၌ နောက်တစ်ကြိမ် ပိုကြွပ်အောင် လုပ်ရမည်ဆိုသည့် အတွေးများနှင့် ပြည့်နေသည်။


"ဘယ်လိုနေလဲ" 


သူမ အစေခံအနည်းငယ်ကို လှည့်ပြီး မေးကြည့်လိုက်၏။


"အင်း... အရသာရှိတယ်...အရသာကတကယ်လတ်ဆတ်တယ်"


"ဆော့စ်က အရသာကောင်းတယ်...နည်းနည်းထပ်ထည့်ရင် ပိုကောင်းမယ်"


"အထဲမှာ ကြွပ်ကြွပ်လေးကို ကြိုက်တယ်...ကိုက်လိုက်တာနဲ့ ရွနေတာ"


ကျန်းရှုယောင်က ရယ်ပြီးပြောလိုက်၏။


 "အရသာရှိရင် ပြီးရင် နောက်ထပ် နည်းနည်းထပ်လုပ်လို့ရတယ်"


...


ရှဲ့ရွှင်း  စောနေသေးသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။ မြင်းကို အရှိန်လျှော့ပြီး လမ်းအဆုံးကနေ ကွေ့လိုက်၏။


သူ ဇက်ကြိုးကို ဖြည်လိုက်ကာ မြင်းကို သူ၏တော်ဝင်မြို့သို့ သွားရာလမ်းကို ရှာစေပြီး သူ့ဝတ်ရုံလက်ထဲက ပူပူနွေးနွေး ကီးမားကို ထုတ်ယူလိုက်သည်။


သူ့နောက်က တစ်စုံတစ်ယောက်က သူ့ကို "ပေါယွမ်"ဟုခေါ်လာပြီး လူတစ်ယောက်က မြင်းစီးလျက် ရောက်လာသည်   သူ့လက်ထဲမှာ အစားအသောက် ကိုင်ထားသည်ကို မြင်သောအခါ  ပြုံးပြီးဆိုသည်။


 "မင်းလည်း မနက်စာမစားရသေးဘူးလား"


ဤလူသည် ဝန်ကြီးချုပ်၏မြေးဖြစ်ပြီး ဆရာကျန်း၏အိမ်တော်တွင် သူနှင့်အတူ တာဝန်ကျနေသည်။ သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက အတူတူကစားခဲ့ကြပြီး သွေးနီးသောဝမ်းကွဲညီအကိုများအဖြစ် မှတ်ယူနိုင်ခဲ့ကြသည်။


"ငါရောပဲ... အခုမှ လမ်းကြားက နှမ်းကိတ် ဝယ်လာတာ" 


သူက သူ့လက်ထဲက နှမ်းကိတ်မုန့်ကို လှုပ်ခါပြီး ကိုက်လိုက်၏။ 


"မင်းက ဘာဝယ်လာတာလဲ"


ရှဲ့ရွှင်းက  ခေါင်းခါလိုက်ပြီး


 "ငါမဝယ်ဘူး ... အိမ်က ယူလာခဲ့တာ"


လင်းချန် သူ့ကိုအားကျသွားသည်။


 "အိုင်းး...လမ်းကြား အဆုံးမှာ ဒီကိတ်မုန့်တွေစားရတာကို ငြီးငွေ့နေပြီ... ငါ့ရဲ့ပင်မမီးဖိုချောင်က ငါ့အတွက် ကိတ်မုန့်လုပ်ရင်ကောင်းမယ်... ကံဆိုးစွာနဲ့ပဲ ငါ့အမေက အမြဲတမ်း ဒီအကြောင်းကိုပြောပြီး  စောစောထပြီး အပြင်မှာစားမဲ့အစား အိမ်မှာစားဖို့ပြောနေတယ်"


ရှဲ့ရွှင်း သူနားလည်မှုလွဲနေမှန်းသိသော်လည်း ကျန်းရှုယောင်က သူ့ကိုအတင်းထိုးပေးလိုက်ကြောင်း မရှင်းပြနိုင်သောကြောင့် ကိုးရိုကားရားဖြင့်သာ ရယ်လိုက်သည်။


လင်းချန်ပ အများကြီးမမေးတော့ဘဲ ပါးစပ်ပိတ်ပြီး ကိတ်မုန့်စားနေ၏။


ရှဲ့ရွှင်းလည်း သူနှင့် အတူစားပြီး မုန့်ကို ကိုက်လိုက်သည်။ အရသာက ထူးဆန်းသည်၊ အထူးသဖြင့် ကြွပ်အောင် ကြော်ထားသည့် အပြင်အလွှာက ကိုက်လိုက်သည်နှင့် တကြွပ်ကြွပ်မြည်နေ၏။


ဆော့စ်က လေးလေးပင်ပင်ရှိပြီး အတွင်းဆုံးအလွှာမှာ ထုပ်ထားသည့်အသား၏ အပြင်လွှာကို အညိုရောင်သန်းသည်အထိ ကင်ထားသည်။ အထဲမှာ အသားက လတ်ဆတ်ပြီး နူးညံ့နေသည်။ ကိုက်ပြီးနောက် မွှေးကြိုင်သော အနှစ်က ပါးစပ်ထဲသို့ ပေါက်ကွဲထွက်လာကာ လျှာဖျားကို အနည်းငယ် တုန်သွားစေသည်။


မြင်းစီးရင်း မနက်စာစားရသည်ကို ဘာကြောင့် လင်းချန် သဘောကျသလဲဆိုခြင်းကို သူနားလည်သွားပုံရ၏။


မြို့တော်ကြီးသည် မနက်စောစောမှာ သိပ်ပြီး တက်ကြွလှုပ်ရှားမှုမရှိပါချေ။ လမ်းပေါ်တွင် လမ်းသွားလမ်းလာများ ကျဲပါးနေသည်။ စကားဝိုင်းငယ်များ၏အသံက အော်သံများနှင့် ငှက်အော်သံများကြားတွင် နစ်မြုပ်နေပြီး ချက်ပြုတ်ရာမှထွက်လာသော မီးခိုးငွေ့များ ရောနှောသွားကာ ယင်းက အဝေးရှိ  တောအုပ်စိမ်းစိမ်း မဖုံးကွယ်နိုင်ပေ။ သူတို့အောက်က မြင်းများက ရှေ့ကို အေးအေးဆေးဆေး ရွေ့နေ၏။ သူက ကီးမားတစ်ကိုက် ကိုက်လိုက်ပြီး လူသားမီးရှူးမီးပန်းလိုမျိုး


ခံစားလိုက်ရသည်။


လီချန်က နှမ်းကိတ်မုန့်၏နောက်ဆုံးအကိုက်ကိုစားပြီးနောက် အခွံကိုလုံးခြေကာ "ဆိတ်သားက ပိုနည်းလာတယ်" ဟု ညည်းညူလိုက်သည်။ ပြောပြီးသည်နှင့်  သူက ရှဲ့ရွှင်းလက်ထဲက ကီးမားကိုကြည့်ပြီးဆို၏။


 "ပေါယွမ် မင်း... ဒီကိတ်မုန့်က... ဘာပါလဲ"


ရှဲ့ရွှင်းက  ပြန်ဖြေလိုက်သည်။


 "ဥ၊ အသား၊ အရွက်"


"မင်း တစ်ကြွပ်ကြွပ်ကိုက်နေတာကို ငါကြားလိုက်ပါတယ်...အဲဒါက ဘာလဲ"


"မုန့်သားကြော် ဒါမှမဟုတ် တစ်ခုခုဖြစ်မယ်"


"အိုး~ မနက်ဖြန် မင်းအိမ်က ယူလာဦးမှာလား...ငါ့ကို နည်းနည်း  ပေးလို့ရမလား"


ရှဲ့ရွှင်းက တုံ့ဆိုင်းနေပြီး


 "ငါမသိဘူး... ဖြစ်နိုင်မှာမဟုတ်ဘူး"


"ကောင်းပြီ...ရရင်ငါ့ကို မျှပေးနော်"


နှစ်ယောက်သား စကားစမြည်ပြောရင်း တော်ဝင်မြို့ဆီသို့ သွားကြသည်။


သေချာသည်ပင်၊ ကျန်းရှုယောင်က နောက်တစ်နေ့ စောစောမထသဖြင့် ရှဲ့ရွှင်း ရှင်းမပြနိုင်လောက်အောင် သက်သာရာရသွား၏။ အကယ်၍ သူမသာ ထလျှင် မုန့်နှစ်ခုတောင်းရန် ပါးစပ်ကိုဖွင့်နိုင်မှာ မဟုတ်ချေ။


ကျန်းရှုယောင်က ဝါးစိမ်းခြံဝင်တွင်နေထိုင်ခဲ့သည်။ နေ့တိုင်း စားလိုက်၊သောက်လိုက်၊အိပ်လိုက်ဖြင့် သူမ၏နေ့ရက်များသည် အလွန်အဆင်ပြေသည်။ မိခင်ဘက်မှခန်းဝင်ပစ္စည်းဆိုင်ကို ကြည့်နေရသည်မှတစ်ပါး သူမ၏ဘဝကပျင်းစရာကောင်းလှ၏။


လူတွေက အားလပ်နေသည့်အခါ ပျော်စရာရှာပြီး အရသာရှိသည့် အစားအစာများလုပ်ရသည်ကို ကြိုက်ကြးသည်။ပိုင်ကျီ အရင်တစ်ခေါက် ဝယ်ခဲ့သည့် နို့နှင့် ထောပတ်ကို ရပြီးနောက် မုန့်ဖုတ်ရန် စပြီး တွေးခဲ့၏။


ရှေးခေတ်က ကိရိယာများ ရှားပါးသော်လည်း လူသားအရင်းအမြစ် လုံလောက်လေသည်။အစေခံလေးယောက်က အလှည့်ကျလုပ်ကြပြီး နှစ်နာရီအကြာတွင် နောက်ဆုံးမှာ ကြက်ဥအကာအိုးကြီးတစ်အိုးကို ခရင်မ်လုပ်နိုင်ခဲ့၏။အရင်တစ်ခါ ဆောက်ထားသည့် မုန့်ဖိုက အဆင်ပြေသည်။ ကိတ်မုန့်ကို မီးဖိုထဲသို့ထည့်ကာ ဖုတ်ပြီးနောက် ခဏအကြာတွင် ခြံတစ်ခုလုံး မွှေးကြိုင်သောအနံ့နှင့် ပြည့်နေသည်။


ခြံထဲကလူတိုင်း လောဘတကြီးရှုရှိူက်ကြ၏။ ကိတ်မုန့်ထွက်လာပြီးသည့်အခါ ကျန်းရှုယောင် က သူတို့အတွက် အပိုင်းသေးလေးတစ်ပိုင်းစီခွဲလိုက်ပြီး တစ်လက်စတည်း  ပထမအိမ်တော်ခွဲက တူလေးနှစ်ယောက်ဆီ ပို့ပေးရန် လူတစ်ယောက်ကိုခိုင်းလိုက်သည်။


ရှုရှီ၏ဘဝသည် အခုတလော လုံးဝကို သာယာနေခဲ့သည်။ အမွှာများကို အရင်တစ်ခေါက်  ကျန်းရှုယောင်ဆီမှ ပြန်ခေါ်ပြီးနောက်တွင် နှစ်ယောက်သား သူမကို နောက်တစ်ကြိမ် ထပ်မရှာရန် လိမ်လိမ်မာမာ သဘောတူခဲ့ကြသည်။ ကျန်းရှုယောင်က  သူမ၏ ခြံဝင်းထဲတွင် တိတ်တိတ်လေး ကျုံ့ဝင်သွားသလိုမျိုး ဘာသံမှ မကြားရပေ။ အိမ်ထဲမှာ ရက်အနည်းငယ်သာကြာသွား၏။ထိုကဲ့သို့သောလူရှိမနေ သကဲ့သို့ပင်။


သူမ ကျန်းရှုယောင်ကို အလွန်မုန်းသည်ပြောရန်က သူမက မုန်းခြင်း မဟုတ်ပေ။ ယခု မြို့တော်တစ်ခုလုံးက မြို့စားရှဲ့အိမ်တော် ပြက်လုံးများကို ကြည့်ရှုရန် စောင့်ဆိုင်းနေပြီး ရှဲ့ရွှင်း သူ့ဇနီးနှင့် ကွာရှင်းမည့်အချိန်ကို ခန့်မှန်းနေကြသည်။ သူမ၏သားအကြီးဆုံးက အိမ်ထောင်ရေးအကြောင်းပြောသည့်အရွယ်သို့ပင် ရောက်နေပြီဖြစ်သော်လည်း ကျန်းရှုယောင်၏ဟားကွက်ကြောင့် လူအများက သူမ၏အကြီးဆုံးသားအကြောင်း ပြောသောအခါတွင် သူတို့တွေးမိသည့်ပထမဆုံးအချက်မှာ သူ၏အရည်အချင်းနှင့် အပြုအမူမဟုတ်ပါဘဲ "ရှဲ့ရယ်က ကျန်းရှုယောင်ကိုလက်ထပ်ထားသည့် ရှဲ့ရွှင်း၏တူ" ဟူ၍ဖြစ်သည်။


(ငါ့နှယ်😆...သူကလည်းသနားစရာ...မဆီမဆိုင်)


တွေးရင်း ဒေါသတကြီးနှင့် အစေခံကို လက်ယပ်ခေါ်လိုက်၏။


"အခုတလော ဘာမှမဖြစ်ဘူးမလား"


အစေခံက ပြန်မဖြေရသေးခင်မှာ တစ်စုံတစ်ယောက်က အပြင်ကနေ ပြေးဝင်လာပြီး သတင်းပို့လေသည်။


“သခင်မ...  ခြံထဲမှာ ကောင်လေးနှစ်ယောက်ကို မုန့်လာပေးတာလို့ ပြောနေတဲ့ တတိယသခင်မဆီကလူတစ်ယောက်ရောက်နေပါတယ်” 


"မုန့်လား..." 


ရှုရှီ စိတ်ထဲမှာ ကြိတ်ရယ်မောလိုက်သည်။ပထမအိမ်တော်ခွဲမှာ မုန့် မလိုပါချေ။ ရှဲ့ရယ်က  သူ့ညီလေးနှစ်ယောက်ကို ချစ်ပြီး အပြင်သွားတိုင်း မုန့်အသစ်တွေ အမြဲယူလာပေး၏။ သူမကလည်း အချို ကြိုက်သည်။ စားပွဲပေါ်တွင် နေ့စဉ် မုန့်မျိုးစုံ အရသာမျိုးစုံရှိသော်လည်း ကလေးနှစ်ယောက်က ၎င်းတို့ကို သိပ်မကြိုက်ပေ။


"ဟုတ်ကဲ့ သခင်မ...ကြည့်....."


ရှုရှီက သူမလက်ကို ဝှေ့ယမ်းပြီး ဂရုမစိုက်ဘဲဆိုလိုက်၏။


 "ပို့ပေးလိုက်ပါ...မင်း သူ့ကို ပြန်ပေးလို့ မရဘူး... ဒါပေမဲ့ စကားအများကြီး မပြောနဲ့...အားကျောက်နဲ့ အားယောင်က စားမကြည့်ချင်ဘူးဆိုရင်  အတင်းအကြပ် မခိုင်းနဲ့"


(T/N—အူမားမီက ဂျပန်လို 'အရသာရှိလှစွာမှု၏အနှစ်သာရ'ဟုအဓိပ္ပါယ်ရသည်။အခြေခံအရသာငါးမျိုးထဲကတစ်ခုဖြစ်ပြီး စွတ်ပြုတ်များနှင့်ချက်ထားသည့်အသားများ၏အရသာဖြစ်၏။ အူမားမီသည် amino acid glutamate၊ နှင့်/သို့မဟုတ် nucleotides inosinate နှင့် guanylateတို့ကို ဆိုဒီယမ် နှင့် ပိုတက်စီယမ်ကဲ့သို့ သတ္တုဓာတ်များနှင့် ပေါင်းစပ်ထားသော အရာများအတွက် အဓိကအားဖြင့် သုံးသော ယေဘုယျအသုံးအနှုန်းဖြစ်သည်။Source >>Google)


Xxxxx