Chapter 11
ခရင်မ်ကိတ်
ထို့ကြောင့် အစေခံက ဝါးစိမ်းခြံဝင်းကအစေခံကို ရှဲ့ကျောက်နှင့် ရှဲ့ယောင်တို့ လက်ရေးလှလေ့ကျင့်နေကြသည့် အခန်းသို့ ခေါ်သွားကာ လက်ဖက်ရည် စားပွဲပေါ်တွင် ကိတ်မုန့်ကို တင်ခိုင်းပြီး ပြန်ထွက်သွားသည်။
ရှုရှီ ထိုစကားကိုကြားပြီးနောက် စာရင်းများကို ဆက်လက်ညှိနေခဲ့သည်။ အမွှေးတိုင်နှစ်ချောင်း စာပြီးနောက် ရှဲ့ကျောက်က ပြေးလာပြီး သူမ၏ ရင်ခွင်ထဲသို့ ခုန်ဆင်းလေသည်။
ရှုရှီ သူ့ကို တွန်းလိုက်ပြီး မျက်နှာတည်တည်နှင့် ပြောလိုက်၏။
"မင်းဘာလို့ ကျင့်ဝတ်တွေကို မေ့သွားတာလဲ... ဉာဏ်အလင်းရပြီး ကလေးမဟုတ်တော့ဘူးလား"
ရှဲ့ကျောက် ပြုံးနေတုန်းပါပင်။နောက်တစ်ကြိမ် ချဉ်းကပ်လာကာ လက်ကိုမြှောက်ပြီး "အမေ...မုန့်စားပါ" ဟု တိုးတိုးလေးပြောသည်။
ရှုရှီ၏မျက်နှာက ဆူပူကြိမ်းမောင်းနေသော်လည်း သူမ၏နှလုံးသားသည် ရေအိုင်ထဲသို့ အရည်ပျော်သွားခဲ့သည်။ သူမပါးစပ်ထဲကို ဘာထည့်ပေးသည်ကိုမကြည့်ဘဲ ကိုက်လိုက်ပြီး အရသာက ပုံမှန်မဟုန်မှန်း သတိထားမိသွာသည်။ ဘယ်လို မုန့်မျိုးလဲ...
ယခင်က သူမစားဖူးသော ကိတ်မုန့်များ၏ ထူထဲပြီး သိပ်သည်းသော အသွင်အပြင်နှင့် မတူဘဲ ဤကိတ်မုန့်က အလွန်ပျော့ပျောင်းနူးညံ့ကာ အိစက်နေပြီး နှစ်သက်ဖွယ်ကောင်းသော နို့၏မွှေးရနံ့ အနည်းငယ်ရှိသည်။
ရှဲ့ကျောက်၏ လက်ထဲက မုန့်ကို သူမ အရင်က မမြင်ဖူးပေ။ အရောင်မှာ အဝါဖျော့ဖျော့၊ အောက်ခြေမှာ အညိုရောင်ဖြစ်ပြီး အလွန်နူးည့ပွရွပုံရသည်။
"စားလို့ကောင်းလား"
သူမပါးစပ်ထဲတွင် မွှေးရနံ့သင်းသင်းလေးရှိနေသေးပြီး ကိတ်မုန့်က အရသာရှိလှသည်။ ၎င်းကို ပုံမှန် ကိတ်မုန့်မာမာများကဲ့သို့ ဖိဝါးရန် မလိုအပ်ပါချေ။
ရှုရှီက ပြန်ဖြေလိုက်၏။
"စားလို့ကောင်းတယ်"
ရှဲ့ကျောက်၏ မျက်လုံးများသည် သူ့အပြုံးများကြောင့် လခြမ်းကွေးလေးများဖြစ်သွားသည်။
"အမေ နောက်ထပ် ကိုက်လိုက်ဦး"
အစေခံများက သူ့ပုံစံကြောင့် အားလုံးကး ရယ်ရွှင်ကြကုန်သည်။
"သခင်လေးက တကယ်ကို သိတတ်လိုက်တာ... အရသာရှိတဲ့ အစားအသောက်တွေရှိတာနဲ့ သခင်မကိုတန်းသတိရတာပဲ"
ရှုရှီက ထိုစကားကြားရသည်ကို သဘောကျပြီး ပြုံးရင်း မုန့်ကို အရသာခံကာ နောက်ထပ်ကိုက်လိုက်သည်။ ပြင်ဆင်ထားပုံမှာ ထူးခြားပြီး အရသာကလည်း ထူးကဲ၏။ ပါ့ပေါင်းဖန်က ကိတ်မုန့်အသစ်လား... မဟုတ်ဘူး... ဒါက ကျန်းကောလုံက ဖြစ်နိုင်တယ်...
ရှုရှီ တွေးနေရင်း ရှဲ့ကျောက် ပြောသည်ကြားလိုက်ရသဘ်။
"ဒါက တတိယအဒေါ်က ပေးလိုက်တာ... သားတစ်ကိုက်ပဲကိုက်ပြီး အမေ့ဆီ ယူလာပေးတာ"
ခဏလေး...
တတိယအဒေါ်...
"အဟွတ်..."
ရှုရှီ ရုတ်တရက်ကြီး ချောင်းဆိုးပြီး မျက်နှာကြီးနီလာ၏။
"အဟွတ် ရေ... အဟွတ်... ရေ..."
ဆည်းဆာအချိန်တွင် ရှဲ့ရွှင်း ပြန်ရောက်လာသောအခါ ကျန်းရှုယောင်က ခြံဝင်းအတွင်းရှိ အေးမြသောလေနုအေးကို ခံစားနေသည်။
နွေရာသီ ရောက်ခါနီးပြီဖြစ်၍ အနက်ရောင် ကောင်းကင်ကြီးက ပြန့်ကျဲနေသော ကြယ်ပွင့်များနှင့်အတူ ရောင်စုံ ကန့်လန့်ကာတစ်ခုကဲ့သို့ရှိနေပြီး ပြိုးပြိုးပြက်ပြက် လင်းလက်နေသော နဂါးငွေ့တန်းဂလက်ဆီကို မှိန်ပျပျ မြင်နေရသဖြင့် စကြဝဠာကြီး၏ ကျယ်ပြောလှမှုအား လူအများကို သက်ပြင်းချမိစေသည်။
ကျန်းရှုယောင် လှုပ်ကုလားထိုင်ပေါ်တွင် လှဲ၍ ယိမ်းနွဲ့ရင်း အချိန်နှင့် နေရာ ၊နှင့် စကြာဝဠာ အကြောင်း ခဏလောက် တွေးနေကာ ရေရွတ်မိ၏။
"နွေရာသီက ညလယ်စာ၊ ချဉ်စပ်ခေါက်ဆွဲ၊ ကျောက်ပုစွန် ၊ အသားကင်၊ တုတ်ထိုး၊ ထမင်းကြော်အတွက် အသင့်တော်ဆုံးပဲ... သကြားအညိုစမ်းထားတဲ့ ရေခဲခြစ်လေးကို မြေပဲနဲ့ စပျစ်သီးတွေ ဖြူးပြီး ... မရှိမဖြစ် ဘီယာအေးအေးလေးနဲ့သာဆိုရင်...."
ရှဲ့ရွှင်းလည်း လှုပ်ကုလားထိုင်ကို သူမဘယ်မှာရှာတွေ့ခဲ့သည်ကို မသိပေ။ သူမက လက်ထပ်ပြီးကတည်းက အဘယ်ကြောင့် အမြဲ စည်းလွတ်ဝါးလွတ်နေနေရသနည်း။
သူမဘေးရှိ ခွေခြေပုလေးပေါ်မှာထိုင်ပြီးယပ်ခတ်ပေးနေသည့် အစေခံက ရှဲ့ရွှင်း ရောက်လာသည်ကို မြင်သောအခါ လန့်သွားပြီး မတ်တပ်ထရပ်ကာ အရိုအသေပေးလေ၏။
စိတ်များ ကောင်းကင်ထက်သို့ လွင့်ပျံနေသောကျန်းရှုယောင်တစ်ယောက် သူတို့၏ အရိုအသေပေးသံကို ကြားလိုက်ရသောအခါ ခဏလောက် ထိတ်လန့်သွားသည်။ သူမ မထခင်တွင် ရှဲ့ရွှင်းက လှုပ်ကုလားထိုင်ဆီသို့ လျှောက်လာပြီး သူမကို စီးစီးပိုပိုး ကြည့်နေပြီ ဖြစ်၏။
သူ့မျက်ခုံးများက တွန့်ကွေးနေပြီး သူ့အမူအရာက စိမ်းကားနေကာ လူအများကို ငုံ့ကြည့်သည့်အခါ တည်ငြိမ်ပြီး တင်းမာသည့် ခံစားချက်မျိုးရှိနေသည်။ သို့သော် ကျန်းရှုယောင်က သတိမထားမိဘဲ ရုတ်တရက်ထလိုက်ကာ ကုလားထိုင်ကိုရှေ့နောက်လှုပ်ယမ်းသွားစေသည်။
"ရှင့်အတွက် ကိတ်မုန့်နှစ်နှစ်ခု ချန်ထားတယ်... တစ်ခုက စားပွဲပေါ်တင်ထားတဲ့ ခရင်မ်တွေနဲ့မုန့်"
သူမက ပြုံးလိုက်ပြီး သူမပေါ်တွင် တွဲလောင်းကျနေသော ပုတီးစေ့များက သူမ၏ တိမ်တိုက်ကဲ့သို့ အနက်ရောင် ဆံပင်များပေါ်တွင် အလျားလိုက်ရွေ့လျားနေသည်။
သူမ၏ တင်းတိမ်ရောင်ရဲပြီး သက်တောင့်သက်သာရှိကာ သဘောထားကြီးသော အသွင်အပြင်က ရှဲ့ရွှင်း အနည်းငယ် အကူအညီမဲ့သွားစေခဲ့သည်။
အိမ်ထောင်ကျသည်က မကြာသေးပေမဲ့ သူ သူမ၏စိတ်အားထက်သန်မှုကို တဖြည်းဖြည်း ကျင့်သားရနေပြီဖြစ်၏။ သူမစကားကိုကြားသောအခါ ခေါင်းညိတ်ပြပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် စားပွဲပေါ်က ကိတ်မုန့်ကို ယူလိုက်သည်။
သူမက သူမ၏စိတ်စေတနာကောင်းကို တမင်တကာပြနေသည်။ သူ အမြဲငြင်းနေလျှင် မကောင်းပါချေ၏။ သို့သော် သူမ၏ မဖွယ်မရာ အတိတ်အကြောင်းနှင့် သူ့ကို လျစ်လျူရှုထားသည့်ပုံစံကို တွေးလိုက်ရာ ရှဲ့ရွှင်း စိတ်မသက်မသာဖြစ်ခဲ့ရပြန်သည်။
ခြံဝင်းငယ်၏အဝင်ဝသို့ လျှောက်သွားစဥ်တွင် ရှဲ့ရွှင်း ခေါင်းလှည့်ကာ လှုပ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော သူမကိုကြည့်လိုက်ပြီး ခေါင်းကိုက်သွားသည်။ အကယ်၍ သူမက သူ့ကို ဤမျှ အစွဲအလမ်းကြီးနေပါလျှင်လည်း အဘယ်ကြောင့် ယခင်ကကဲ့သို့ ပြုမူခြင်းမျိုး မရှိတော့သနည်း။ သို့ရာတွင် သူမ သူ့ကိုလက်ထပ်ရန် ကိုယ့်အရှက်ကိုယ်ခွဲခဲ့၏။ယင်းက သူ့ကို နားမလည်နိုင်လောက်အောင်ဖြစ်စေသည်။
ရှဲ့ရွှင် အနှီရှုပ်ထွေးသောအရာများကို အာရုံမစိုက်ချင်ပေ။ သူပြန်သယ်လာသည့် ထူးထူးဆန်းဆန်း ကိတ်မုန့်တွေကို ကြည့်ရင်း တိတ်တိတ်လေး သက်ပြင်းချလိုက်၏။ဘာပဲပြောပြော ဖွင့်ပြော လိုက်တာ ပိုကောင်းပါတယ်လေ...
အာရုံထွေပြားနေသည့် အတွေးများကို ဘေးဖယ်ပြီး စာဖတ်ရန် စာကြည့်ခန်းသို့ ပြန်သွားခဲ့သည်။ ခဏအကြာတွင် ပင်ပန်းလာသဖြင့် တစ်စုံတစ်ဦးကို ရေသွားယူခိုင်းလိုက်သည်။
ရေချိုးပြီးနောက် သူ့ဗိုက်ထဲမှာ အနည်းငယ် ဗလာကျင်းနေသလို ခံစားလိုက်ရသည်။ စားပွဲပေါ်က ကိတ်မုန့်တွေကိုသူမြင်သောအခါ ခဏလောက် အေးခဲသွား၏။ လမ်းလျှောက်လာရင်း ကိတ်မုန့်တစ်ဖဲ့ကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
ဗိုက်ဆာနေ၍လားမသိ၊ ကိတ်မုန့်က ပါးစပ်ထဲမှာ အလွန်နူးညံ့နေ၏။ ချိုသော်လည်း မအီပါဘဲ အရသာက နူးညံ့အိစက်ပြီး နို့နံ့နှင့် ပြည့်နေသဖြင့် စားပြီးသည့်နောက် ခံတွင်းထဲ၌ သင်းပျံ့သော မွှေးရနံ့များ ထွက်လာကာ အစာစားချင်စိတ်ကို နှိုးဆွပေးနေသည်။
သူ အလယ်တွင် အဖြူရောင်ခရင်မ် များပါသော အခြားကိတ်မုန့်ကို ကောက်ယူလိုက်ပြီး သေချာ ကြည့်လိုက်သည်။ ဤအဖြူရောင်အတွင်းအလွှာသည် အလွန်မာကျောသောပုံပေါက်သော်လည်း အသာအယာ ဖိကြည့်သောအခါ အလွန်ပျော့ပျောင်းပြီး ချော်နေသောကြောင့် မိုးကုပ်စက်ဝိုင်းပေါ်ရှိ တိမ်တိုက်များကို သတိရသွားစေသည်။ သူ ငယ်ငယ်ကဆိုလျှင် တိမ်ဖြူတွေကို အမြဲကြည့်ဖြစ်၏။
ကိတ်မုန့်ကို ပါးစပ်ထဲထည့် ကိုက်လိုက်သည်နှင့် ကြွယ်ဝသော နို့မွှေးရနံ့က ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာသည်။ ကိတ်မုန့်၏ နူးညံ့သော အဝါရောင် အပိုင်းက ပေါ့ပါးပြီး ပျော့အိကာ နို့ဖြူရောင် အပိုင်းက ထူပြီး ချောမွေ့သည်။ အရသာက နူးညံ့ပြီး နှုတ်ခမ်းနှင့် သွားများအကြားတွင် မွှေးကြိုင်နေကာ ကြာရှည်စွဲကျန်၏။
ဤမုန့်က ဆန်းသစ်သောအသွင်အပြင်နှင့် အရသာရှိပြီး အသက်အရွယ်တိုင်းအတွက် သင့်လျော်သည်။ သူ၏ အမြွှာတူလေးများက ရှဲ့ရွှင်း၏စိတ်ထဲတွင် ဖျပ်ခနဲပေါ်လာပြီး ကျန်းရှုယောင်က ၎င်းတို့အတွက် စောစောစီးစီး ပေးပြီးလောက်ပြီဖြစ်သည်။
သူ့မျက်နှာမှာ ရှုပ်ထွေးနေသည့် အမူအရာရှိနေပြီး ကျန်းရှုယောင်က ကောင်လေးနှစ်ယောက်နှင့် ဘယ်လိုတည့်အောင်ပေါင်းသလဲဆိုသည်ကို သူမသိပေ။
သူမ၏လှုပ်ကုလားထိုင်ပေါ်မှာ အစားအစာများအကြောင်း ပြောရင်း တလှုပ်လှုပ်ဖြစ်နေသည့်ပုံစံကို တွေးကြည့်သောအခါ ကလေးနှင့်မခြားတော့ပါချေ။
...
ကျန်းရှုယောင်၏ အားလပ်နေသောနေ့ရက်များက ကုန်ဆုံးသွားခဲ့သည်။
အပူရှိန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ကျောက်ယန်မင်းသမီး၏ ပန်းကြည့်ပွဲကျင်းပသည့် ဖိတ်စာတစ်ခုက ပင်မခန်းမရှိ စားပွဲပေါ်တွင် တင်ထားလျက်ရှိကာ ကျန်းရှုယောင် ၏အမည်ကို အထင်ကြီးလောက်ဖွယ် စာရင်းသွင်းထားသည်။
ထိုမှသာ သူမကိုတွေ့ရန်ကို ရှောင်လွှဲပြီး ကျန်းရှုယောင်ကို သူမခြံထဲမှာ တစ်ယောက်တည်းထားခဲ့လျှင်ပင် သူမက သူမချွေးမပဲဖြစ်နေဆဲဖြစ်သည်ကို သခင်မကြီး သဘောပေါက်သွား၏။ သားဖြစ်သူနှင့် မကွာရှင်းမချင်း သူမက မြို့စားရှဲ့အိမ်တော်နှင့် အမြဲချည်နှောင်နေမည် ဖြစ်သည်။
ကျန်းရှုယောင်က တစ်ချိန်က အရှက်ရစရာတစ်ခုဖြစ်ခဲ့သော်လည်း ရှန်းယန်အိမ်တော်၏လူ ဖြစ်ခဲ့ဖူးသူဖြစ်ပြီး ယခု သူမက ပြဿနာပတ်ရှာပါက မြို့စားရှဲ့အိမ်တော်၏ ခေါင်းပေါ်တွင်ကျလာမည်ဖြစ်၏။
မူလက ပွဲသို့ဖိတ်ကြားခြင်းမှာ ရွှင်လန်းမှုအပြည့်ရှိလိမ့်မည်ဖြစ်သော်လည်း ယနေ့သတင်းကြောင့် လေထုက တိတ်ဆိတ်သွားခဲ့သည်။
ရှဲ့ဖေးက ငယ်ရွယ်သူဖြစ်သောကြောင့် သူမတွေးသမျှကို ထုတ်ပြောတတ်သည်။ သူမက ခြေဆောင့်ကာ တိုးတိုးလေး ညည်းညူ၏။
"အမေ...သမီး သူနဲ့ အတူမသွားချင်ဘူး...ရှက်စရာကြီး...သူ့ကိုမလွှတ်ပါနဲ့...ဖျားနေတယ်လို့သာ ပြောလိုက်ပါနော်"
သခင်မကြီးက သူမကို ရိုင်းစိုင်းသည့်အတွက် မဆူပူပါဘဲ မျက်မှောင်ကြုတ်ကာဆိုသဘ်။ "မင်းသမီးချန်လဲ့က သူနဲ့ အမြဲတမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်... မသွားရင် မဖြစ်ဘူး"
ဒုတိယသခင်မကျိုးရှီက အနေအေးသော အကြီးဆုံးသခင်မရှုရှီထက် ကိုယ့်ကျင့်သီလနည်းသည် ။ ကျန်းရှုယောင်နှင့် ပွဲတက်ရမည့်အကြောင်းကို တွေးပြီး သူမ မထိန်းနိုင်ဘဲပြောလိုက်၏။
"အမေ...သူက မြို့စားရှဲ့အိမ်တော်မှာ လက်ထပ်ဝင်လာပြီဆိုကတည်းက စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ထားသင့်တယ်...အမေ့ရဲ့ကရုဏာက သူ့ကို မနက်ခင်းနဲ့ ညနေခင်း ဂါရဝါပြုချိန်တွေကနေကယ်တင်ခဲ့တာ... အခုက ပွဲတစ်ခုရှိနေပြီလေ
... သင်ကြားရမဲ့ ကျင့်ဝတ်တွေကို ဖြည့်စည်းပေးရမယ်...ကျွန်မတို့မြို့စားရှဲ့အိမ်တော်ကို တခြားသူတွေရယ်ကြမှာကို ခွင့်ပြုလို့မရဘူး"
ကျန်းရှုယောင်၏ မနက်ခင်း နှင့် ညနေ ဂါရဝပြုခြင်းကို ရှောင်ရမည့် အကြောင်းအရင်းမှာ မရှိတော့သဖြင့် သူမဒေါသမထွက်တော့သလို သူမ၏ နှလုံးသားလည်း မနာကျင်တော့ပေ။ယင်းက "ကရုဏာ" နှင့် ဘာမှမဆိုင်ပါချေ။ သို့သော် သခင်မကြီးက ကျိုးရှီ၏စကားကို ဘယ်သောအခါမှ ချေပမည်မဟုတ်ပေ။ သူမက မျက်မှောင်ကြုတ်ကာ တွေးနေပြီး အနည်းငယ်စိတ်လှုပ်ရှားသွားသည်။
တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ရှုရှီက ကျိုးရှီကို ရုတ်တရက် ကြည့်လိုက်ပြီးဆို၏။
"တတိယသခင်မလေးက အခု အိမ်ထောင်ပြုရမဲ့ အရွယ်ရောက်နေပါပြီ... အကြီးဆုံးမင်းသမီးလေးရဲ့ ပန်းကြည့်ပွဲကို လူငယ်ပါရမီရှင်တွေက လာကိုလာကြည့်ရတယ်...ပါရမီရှင်တွေ အများကြီးမို့ ယောက်မလေး ပိုဂရုစိုက်သင့်တယ်"
ဤသည်က သူမသမီးက ကျန်းရှုယောင်၏ဖျက်ဆီးခြင်းကို မခံရနိုင်ကြောင်း ကျိုးရှိကို သတိပေးခြင်းဖြစ်လေသည်။သူမအနည်းငယ် စိတ်တိုသွား၏။
"အမေ...စည်းကမ်းတွေ မမှန်ရင်တောင် သူ့အတွက် သူ့စိတ်ကိုထိန်းချုပ်ဖို့ နေ့တိုင်း ကျမ်းဂန်တွေကို ကူးယူတာ ကောင်းပါတယ်...ကျင့်ဝတ်ကို သိရုံနဲ့ လုံလောက်ပါပြီ...ကျွန်မတို့ သူ့ကို သိပ်ပြီး မမျှော်လင့်ပါဘူး...အေးအေးဆေးဆေး ဧည့်ခံပွဲသွားရင်ကို လုံလောက်ပါတယ် "
ရှုရှီက သံယောင်လိုက်ပြီးပြော၏။
"ညီမလေး ပြောတာ မှန်ပါတယ်...သူ့ကို
ခဏလောက်လာပြီး အကြိမ်ရေတချို့လောက် အလုပ်အကျွေးပြုခိုင်းလိုက်ပါ... အားလပ်ချိန်မှာ အမေက အကြိမ်ပေါင်းများစွာ သင်ပေးလို့ရတယ်... အမေရဲ့ လွှမ်းမိုးမှုအောက်မှာ တစ်ခုခုတော့ ပြောင်းလဲသွားမှာ သေချာတယ်"
ကျိုးရှီ နင်သွားသည်။ ရှုရှီ...ဒီကောင်မက သခင်မကြီးကို မျက်နှာလုပ်ဖို့ ဘယ်တော့မှ မမေ့ဘူး...
ရှဲ့၏ဒုတိယအိမ်တော်ခွဲတွင် တိသမီး တစ်ယောက်သာရှိသည်။ ထို့ကြောင့်ပထမအိမ်တော်ခွဲအနေဖြင့် သဘာဝအတိုင်း စိတ်ပူစရာမလိုသော်လည်း ရှုရှီ၏တည်ငြိမ်ပြီး တသီးတသန့်
ဆန်သောပုံစံက သူမကိုအမြဲတမ်းစိတ်မချမ်းသာဖြစ်စေသည်။
[ET/N: တိသမီး ဆိုသည်မှာ ဇနီးမှ မွေးဖွားလာသော သမီးကို ရည်ညွှန်းသည်၊ ကိုယ်လုပ်တော်မှ မွေးဖွားလာသော ရှုသမီးနှင့် ဆန့်ကျင်ဘက်ဖြစ် သည်။]
"သခင်လေးနှစ်ယောက်က မကြာသေးမီက သူ့ဆီ ပြေးပြေးသွားတယ်လို့ ကြားတယ်...*သစ်ကြံပိုးခေါက်နဲ့ ရင်းနှီးတဲ့သူတွေက အနီရောင်တွေဖြစ်ပြီး မင်နဲ့ရင်းနှီးတဲ့သူတွေက အနက်ရောင်ပေါ့...ယောက်မရေ မုန့်စားချင်သေးလား"
(T/N– တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး)
ရှုရှီ၏ မျက်နှာက မပြောင်းလဲဘဲ ဤစကားလုံးများကြောင့် နာကျင်ခြင်း သို့မဟုတ်မရိုးမယွဖြစ်ခြင်းတို့ဖြစ်ပုံမပေါ်သော်လည်း ခန်းမထဲက ထွက်ပြီးသည့်နောက်မှာ သူမ၏မျက်နှာက ပြောင်းလဲသွား၏။
အများကြီးတွေးကြည့်ပြီးနောက် သူမမှာ စိုးရိမ်စရာတွေရှိနေတုန်းပါပင်။
"ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အားကျောက်နဲ့အားယောင် သူ့ဆီ မသွားဘူးမဟုတ်လား"
နို့ထိန်းက ဦးညွှတ်ပြီး ပြန်ဖြေ၏။
“ဟုတ်ကဲ့...သခင်လေး နှစ်ယောက်က အခန်းထဲမှာ စာရေးစာဖတ်နေ ပြီး... ဆရာနဲ့ပဲ တွေ့ကြပါတယ်”
ရှုရှီ စိတ်သာသာရာရပြီး သက်ပြင်းချလိုက်စဥ်မှာ နို့ထိန်းကဆက်ပြောလာသည်။
"တစ်ခုပါပဲ... တတိယအိမ်တော်ခွဲကတော့ လတ်ဆတ်တဲ့မုန့်တွေ ယူလာတတ်တယ်...သခင်ငယ်လေးတွေက ကြိုက်..."
ရှုရှီက ရုတ်တရက်ရပ်ပြီး အပြစ်တင်မောင်းမဲလိုက်၏။
"ဘာတွေပြောနေတာလဲ... လူတွေက ငါ့သားတွေဆီကို စေတနာကောင်းနဲ့ စားဖို့ ယူလာပေးတာလေ... ငါက မကျေနပ်ဖြစ်ရမှာလား... ငါက အမှားအမှန်မခွဲခြားနိုင်တဲ့လူလား"
နို့ထိန်းက ထပ်ခါထပ်ခါ အမှားကိုဝန်ချတောင်း