Chapter 12
ဝက်သားကြာဇံနှပ်
ရှုရှီ အခန်းထဲပြန်ဝင်ကာ ထိုင်ချလိုက်ပြီး လက်ဖက်ရည်ပူပူ အနည်းငယ်သောက်လိုက်သည်။ သူမ ထိုအကြောင်း များများတွေးလေလေ၊ မကျေမနပ်ဖြစ်မိလေလေပါပင်။ သူမဒုတိယအိမ်တော်ခွဲက ခါးသီးသော၊ စိတ်အားထက်သန်ပြီး မိုက်မဲသော ကျိုးရှီအတိုင်းလိုက်မိမည်ကို အမြဲတမ်းစိုးရိမ်နေခဲ့သည် ။ ပထမအိမ်တော်ခွဲနှင့် ကျန်းရှုယောင်၏ဆက်ဆံရေးက ကလေးနှစ်ယောက်ကို ရိုးရိုးတန်းတန်း ချစ်သည်ဖြစ်စေ စေတနာကောင်းကြောင့်ဖြစ်စေ ၎င်းကို မျက်စိစုံမှိတ်ဆန့်ကျင်ခြင်းသည် ဆတ်ဆတ်ထိမခံဖြစ်ပြီး ရိုင်းစိုင်းသည့်ပုံပေါက်သည်။
သူမစဥ်းစားပြီးနောက် ထကာ ရှဲ့ကျောက်နှင့်ရှဲ့ယောင်တို့၏ စာကြည့်ခန်းသို့ သွားခဲ့သည်။ အခန်းထဲ ဝင်လာသည်နှင့် နို့၏မွှေးရနံ့က သင်းပျံ့နေ၏။
ရှဲ့ကျောက်နှင့် ရှဲ့ယောက်တို့က စားပွဲ၏အဆုံးတစ်ဖက်ဆီမှာနေရာယူပြီး လက်ရေးလှကို အလေးအနက်ထားလေ့ကျင့်နေကြသည်။ပူပြင်းသောနေက ပြတင်းပေါက်အပြင်ဘက်တွင့် တည့်တည့်ကျနေပြီး လေနုအေးလေးက သစ်ပင်ရိပ်များကို ရွေ့လျားစေသည်။ ရံဖန်ရံခါ သူတို့နှစ်ဦးသည် စားပွဲအလယ်ရှိ ပန်းကန်ပြားပေါ်ရှိ လေးထောင့်ကိတ်မုန့်များကို ကောက်ကိုင်ပြီး ပါးစုံများ ဖောင်းကားလာသည်အထိ တစ်ယောက် တစ်ကိုက် ကိုက်ကြသည်။ အစားနည်းသောရှဲ့ယောင်ပင်လျှင် လက်ဆန့်ပြီး အကြိမ်ပေါင်းများစွာ ယူခဲ့သည်။
ရှုရှီ၏အမူအရာမှာ အတော်လေး ပျော့ပျောင်းလာပြီး တံခါးဝတွင် ခဏရပ်နေခဲ့ကာ ရှဲ့ကျောက် သူမကိုမြင်သည့်အခါမှ အခန်းထဲသို့ ၀င်သွားခဲ့သည်။
"အမေ"
ရှဲ့ကျောက်က စုတ်တံကို ချလိုက်ပြီး ခုံပေါ်မှ ခုန်ဆင်းလိုက်သည်။
ရှုရှီက သူ့ခေါင်းကို ပွတ်လိုက်ပေမဲ့ သူ့က မထိမိအောင် ရှောင်ဖယ်လိုက်ပြီး သူမဝတ်ရုံလက်များကို စားပွဲဆီဆွဲကာဆို၏။
"အမေ...တတိယအဒေါ် ပေးခဲ့တဲ့ ခရင်မ်ကိတ် စားကြည့်လို့ရတယ်"
ရှုရှီ ပန်းကန်ပြားပေါ်ရှိ အလွန်ကြည့်ကောင်းသော ကိတ်မုန့်ကို ကြည့်ရင်း အနည်းငယ် တံတွေး မျိုချလိုက်သည်။ ပါးစပ်ထဲမှာ မွှေးပျံ့ပြီး အိစက်နေမှာပဲ... အလယ်က ဘာလဲ... အရမ်းလတ်ဆတ်ပုံရတယ်...
သူမ အတွေးများကို အမြန်ရပ်လိုက်သည်။ ညင်သာစွာ ပြုံးပြပြီး ခေါင်းယမ်းကာ "မလိုပါဘူး"ဟုပြောလိုက်၏။သူမက အစားကြူးသူမဟုတ်ပါချေ။
ရှဲ့ကျောက်က ကြွေပန်းကန်ပြားလေးထဲမှာ အနည်းငယ်ကို ယူပြီး ရှုရှီဘေးနားရှိ အစေခံကိုထိူးပေးလိုက်သည်။
"အမေက ကိတ်မုန့်တွေကို မကြိုက်ဘူးလား... သူတို့က တခြားကိတ်မုန့်တွေထက် အများကြီး ပိုအရသာရှိတယ်...စတုတ္ထညီကတောင် သူတို့ကို ချစ်တယ်“
ရှဲ့ကျောက်၏ ဝတ်ကြီးဝတ်ငယ်ပြုမှုမှာ အလွန်ချီးကျူးစရာကောင်းသည်။ ရှုရှီ ၎င်းကို မငြင်းနိုင်သောကြောင့် သူမအခန်းကို ပြန်ယူသွားရန်သာ အစေခံကိုခိုင်းလိုက်ရသည်။
သားအမိတတွေ စကားစမြည်ပြောပြီးနောက် ရှုရှီသူမအခန်းသို့ ပြန်လာပြီး စားပွဲပေါ်ရှိ ကိတ်မုန့်ကို ကြည့်ရင်း တုံ့ဆိုင်းသွားသည်။
စာရင်းလုပ်ရင်းနှင့် ကိတ်မုန့်ကို ရံဖန်ရံခါ ကြည့်မိနေ၏။ ဘဏ္ဍာစိုးကို တရားဟောရင်း နှာခေါင်းက ချိုမြိန်သည့်အနံလေးကိုရလိုက်သည်...
အဆုံးတွင် သူမ ကိတ်မုန့်ကို မမြင်နိုင် သို့မဟုတ် အနံ့မခံနိုင်စေရန် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ရန် ရွေးချယ်ခဲ့သည်။
...
လမင်းက အထက်အကိုင်းအခက်များသို့ ရောက်သောအခါ လူတို့သည် တဖြည်းဖြည်း ဆေးကြောပြီး မီးများကို မှိတ်ကြသည်။ ရှုရှီ ဆီမီးခွက်ကို ရွှေ့လိုက်ပြီး မီးရောင်က အနည်းငယ်မှိန်သွားသည်။အကြီးဆုံး သခင်ရှဲ့လီ ကုတင်၏တစ်ဖက်ခြမ်းမီာ လှဲလိုက်သည့်အခည ဆီမီးကို လုံးဝငြှိမ်းပစ်လိုက်၏။
သူတို့အကြင်လင်မယားက အနှစ် (၂၀) ကျော်ကြာ လက်တွဲလာခဲ့ကြပြီး ညတိုင်း အတူအိပ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဧည့်သည်တွေလို လေးစားပြီး ယခင်ကလိုပဲ တစ်ယောက်ကိုတစ်ယောက် ချစ်ကြ၏။
ရှဲ့လီက အစိုးရဌာနတွင်း မကောင်းမှုများအကြောင်း ခဏလောက် ပြောနေပြီး ရှုရှီက တိတ်ဆိတ်စွာ နားထောင်ကာ နှစ်သိမ့်ပေးသည်။ ရှဲ့လီ၏ စိတ်ဓာတ်ကျမှု ပျောက်ကွယ်သွားသောအခါတွင် သူ့အိပ်ငိုက်လာကာ သူ့အသံက တိုးသထက် တိုးလာသည်။
ရှုရှီ လည်း အနည်းငယ် အိပ်ငိုက်နေပြီး စကားတွေ ရပ်ပြီး အိပ်ပျော်ရန် အဆင်သင့် ဖြစ်နေပေမဲ့ ရှဲ့လီ၏ အိပ်ချင်မူးတူးအသံတိုးတိုးက သူမနားထဲကို ဝင်ရောက်လာ၏။
"...ဒီနေ့ စားပွဲပေါ်က မုန့်တွေက အရသာရှိတယ်... တစ်ယောက်ယောက်ကို မနက်ဖြန် ထပ်ဝယ်ခိုင်းသင့်တယ်..."
ရှုရှီ၏ အိပ်ချင်စိတ်က ချက်ချင်း ပျောက်သွားသည်။သူမ ခေါင်းကိုလှည့်ပြီး "ဘာမုန့်လဲ" ဟုမေးလိုက်၏။
"အင်း...အဲဒါ လက်ကိုင်ပုဝါနဲ့ ဖုံးထားတဲ့ပန်းကန်ပဲ...ဒါပေမဲ့ ဘာလို့ လက်ကိုင်ပုဝါနဲ့ ဖုံးထားရတာလဲ"
ရှုရှီက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အနည်းငယ်မှောင်နေသော်လည်း သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ ခဏတာ တိတ်ဆိတ်သွားသည်။
ရှဲ့လီက အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး သူမ၏အဖြေကို မကြားရတော့သောကြောင့် သူမ အိပ်ပျော်နေသည်ဟု ထင်ခဲ့ပေမဲ့ ရုတ်တရက် သူမပြောသည်ကိုကြားလိုက်ရ၏။
"အခုတလော အားကျောက်နဲ့အားယောင်တို တတိယအိမ်တော်ခွဲက ကျန်းရှီနဲ့ ကစားလေ့ရှိတာကို သိလား “
ရှဲ့လီက အိပ်ငိုက်နေပြီး သူ့အတွေးများက သူမစကားများနောက်ကို မီအောင်မလိုက်နိုင်ပေ။ "ဟင့်အင်း... ဘယ်သူလဲ"
"အားကျောက် နဲ့ အားယောင် ...ရှင့်သားတွေ"
“ငါ့သားတွေက ဘာဖြစ်နေတာလဲ” ဟုသူက ယောင်ဝါးဝါးဖြင့် မေးလိုက်သည်။
"သူတို့က ကျန်းရှီဆီသွားရတာကို ကြိုက်တယ်... ကျန်းရှီကလည်း သူတို့ အပေါ် ကောင်းတယ်... ကိတ်မုန့်တွေကို ကျန်းရှီက ပို့ပေးတာ"
"အိုး...ကျန့်းရှီက ဘယ်သူလဲ "
(😂)
"တတိယအိမ်တော်ခွဲရဲ့သခင်မ...ရှဲ့ရွှင်းရဲ့ဇနီး"
ရှုရှီက စိတ်ရှည်ရှည်နှင့် ပြန်ဖြေ၏။
"အိုး အိုး...သူနဲ့ကစားဖို့ ဘယ်သူကရှာနေတာလဲ" သူ လေးတိလေးကန်ဖြစ်နေဆဲဖြစ်ပြီး တကယ်နားမလည်သေးပေ။
"ကျန်းရှီ ....."
ရှုရှီ အသက်ပြင်းပြင်းရှူပြီးပြောလိုက်သည်။
"ထားလိုက်ပါ ယောကျာ်းရယ်... အိပ်တော့"
အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် သူမနံဘေးမှ ဟောက်သံတစ်ခုထွက်ပေါ်လာသည်။
ရှုရှီက အတန်ကြာမှ သက်ပြင်းချပြီးဆို၏။ "ကျွန်မက တစ်ရက်လောက် သိမ်းထားပြီး မစားချင်ခဲ့ဘူး... ဒါပေမဲ့ ရှင်က အဆင်ပြေတယ်ဆိုတော့... စား စား... အိပ်တော့"
ရှဲ့လီ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ အုပ်ချုပ်ရေးမှု အခက်အခဲများရှိပေမဲ့ အိမ်မှာ သူ့ကို အချိန်တိုင်း နှစ်သိမ့်အားပေးတတ်သည့် ဇနီးကောင်းတစ်ယောက်ရှိလေသည်။ သူမက ဂုဏ်သိက္ခာရှိသော သခင်မတစ်ဦးဖြစ်ပြီး သနားစရာကောင်းသော အလှတရားတစ်ခုဖြစ်သည်။
သူတို့ နှစ်ယောက် ငယ်ငယ်က ဆုံဖူးပြီး မျက်စာပစ်ကာ တစ်ယောက်ကို တစ်ယောက် နှစ်ပေါင်းများစွာ ချစ်ခဲ့ကြသည်။
သို့ရာတွင် နောက်တစ်နေ့၌ ရှုရှီက သူမ အအေးမိနေသည်ဟု ဆို၏။
သူမက စာနာတတ်သူဖြစ်သောကြောင့် သဘာ၀အတိုင်းက အရာအားလုံးက "ရှဲ့လီကြောင့်" ဖြစ်ပြီး သူခမျာ စာကြည့်ခန်းသို့ ရက်အတော်ကြာ သွားအိပ်ခဲ့ရကာ ရက်ပေါင်းများစွာ ကောင်းကောင်းမအိပ်ခဲ့ရပေ။(သူဖျားနေလို့ဆိုပြီး သူယောကျ်ားကို အပြင်ထွက်အိပ်ခိုင်းတာ🤣)
.....
ထိုဆည်းဆာချိန်ပြီးကတည်းက ကျန်းရှုယောင် လည်းကောင်းကောင်း မအိပ်ရတော့ပေ။
သို့ပေမဲ့ ဤသည်က ကြီးကြီးမားမား ပြဿနာ မဟုတ်ပါချေ။ မနက်ခင်းဂါရဝပြုခြင်းကနေ ပြန်လာပြီးနောက် သူမဟာ အမြဲတမ်း အိပ်ရေးဝအောင် အိပ်နိုင်လေသည်။
သို့သော် ရက်အနည်းငယ်အကြာတွင် သခင်မကြီး က သူမကို ကျမ်းဂန်များ ကူးခိုင်းခဲ့၏။သူမက စုတ်တံဖြင့် မရေးတတ်သောကြောင့် ယင်းက သူမကိုအကြပ်တွေ့စေသည်။
သို့သော် ဤကျမ်းဂန်များကို မကူးရန်က လုံးဝမဖြစ်နိုင်ပါချေ။ သူမက ဦးနှောက်မရှိလျှင်ပင် ဤအဆင့်မြင့်အိမ်တော်ကြီးမှာ သခင်မကြီးက အမျိုးသမီးတိုင်း၏ တိုက်ရိုက်အထက်လူကြီးဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မရဘူးဆိုသည်ကိုလည်း သူမနားလည်၏။
၎င်းကို ကူးယူရန် အခြားသူတစ်ဦးအား တောင်းဆိုရန်မှာလည်း အလုပ်မဖြစ်ပါချေ။မြို့စားရှဲ့အိမ်တော်တစ်ခုလုံးရှိလူတိုင်းက သခင်မကြီး၏လူများဖြစ်သည်။
ထိုကြောင့် သူမကိုယ်တိုင် ကူးရမှာ ဖြစ်၏။ နေ့ခင်းဘက်တွင် သခင်မကြီး လုပ်ထားသည့် ဗုဒ္ဓခန်းမဆောင်ငယ်တွင် ကျမ်းဂန်များကို ကူးယူကာ ညဘက်ပြန်ရောက်သောအခါ ဆက်လက်ကူးယူရန် ဆီမီးထွန်းထားရသည်။
သို့သော် စားပွဲခုံမရှိပါချေ။ ရိုးရိုးစားပွဲအမြင့်ကလည်း မသင့်တော်ပေ။ ကူးပြီး နှစ်ရက်အကြာတွင် သူမ၏ခါး နာကျင်လာသည်။
သုံးရက်မြောက်သောနေ့တွင် သူမလက်ထဲတွင် ကျမ်းစာများကိုင်ဆောင်ကာ ပြန်လာသောအခါ ရှဲ့ရွှင်း၏စာကြည့်ခန်းတွင် မိးထွန်းထားတဲရှိသေးသည်ကို သူမတွေ့လိုက်ရသောကြောင့် သူမ အရေထူထူဖြင့် သွားခဲ့၏။
ရှဲ့ရွှင်းက သူ့ခြံဝင်ထဲမှာဆိုလျှင် သိပ်ဂရုမစိုက်သဖြင့် တံခါးဝမှာ စောင့်နေသည့်သူမရှိချေ။ ကျန်းရှုယောင် ချဉ်းကပ်သွားပြီး တံခါးကို လှမ်းကြည့်လိုက်သည်။
"ဘာကိစ်စလဲ"
ရှဲ့ရွှင်း၏ အေးစက်သော အသံက အတွင်းမှ ထွက်ပေါ်လာသည်။
"ကျွန်မပါ"
ကျန်းရှုယောင်က ပထမဆုံးအကြိမ် တစ်ခုခုပြောခဲ့ပြီး သူမအသံကို ပိုနှစ်လိုဖွယ်ရှိအောင် ရည်ရွယ်ချက်ရှိရှိနှင့်ပြုလုပ်ခဲ့၏။
"ယောကျာ်း ... ကျွန်မဝင်လာလို့ရမလား"
အထဲမှ တုံ့ပြန်မှု မရှိခဲ့ပါချေ။
ကျန်းရှုယောင် သူမကိုယ်သူမ တွေးလိုက်၏။ ဘယ်လိုဖြစ်တာလဲ... ငါ့အသံက ဒီလောက်ချိုနေတာ ...သူဘာလို့ လုံးဝ မတုံ့ပြန်တာလဲ...
ရှဲ့ရွှင်းက သူ၏ စုတ်တံကို ချလိုက်ပြီး သူ့လက်မောင်းပေါ်ရှိကြက်သီးများကို ပွတ်လိုက်ရင်း အမျိုးသားအစေခံတစ်ယောက်ကို တံခါးဝတွင် အစောင့်အကြပ်မထားခဲ့သည့်အတွက် နောင်တရလာသည်။ အနည်းဆုံး သူက ကျန်းရှုယောင်ကို တိုက်ရိုက်တားနိုင်လိမ့်မည်ပင်။
(😂)
"ယောကျာ်းရေ..."
သူမအသံက တံခါးအပြင်ဘက်မှာ ပဲ့တင်ထပ်နေကာ ဤတစ်ခါတော့ ပို၍ပင် ဟန်ဆောင်ထား၏။
ရှဲ့ရွှင်း မျက်ခုံးလှုပ်သွားသည်။ သူ အိမ်ထောင်ကျသည်မှာ ကြာပြီ၊ သို့ပေမဲ့ ယခုလို "နူးညံ့" သည့် လေသံမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။
သူက စာအုပ်ကိုပိတ်ပြီး “ဝင်ခဲ့ပါ” ဟုပြောလိုက်သည်။
ကျန်းရှုယောင်က ကျမ်းစာအုပ်အချို့ကို ကိုင်ထားရင်း တံခါးကို အရှိန်ဖြင့် ဖွင့်လိုက်ပြီး ဘာအမူအရာမှ ရှိမနေပေ။
"ဟိုမှာ စားပွဲမရှိဘူး...ဒီည ဒီမှာ ခဏလောက်ထိုင်လို့ရမလား"
"စိတ်မပူပါနဲ့ ...ကျွန်မ တိတ်တိတ်လေး နေပါ့မယ် ...ရှင့်ကိုမနှောင့်ယှက်ပါဘူး... မနက်ဖြန် စားပွဲတစ်လုံးဝယ်ခိုင်းလိုက်မယ်"
ရှဲ့ရွှင်း သူမနှင့် စကားပြောရန် အချိန်ပိုမပေးချင်သောကြောင့် ခေါင်းညိတ်လိုက်ပြီး ကျန်းရှုယောင်၏အစေခံက ထိုင်ခုံကို ချက်ချင်းရွှေ့လိုက်သည်။
သူမက နာခံမှုရှိပြီး နေရာအများကြီးမယူဘဲ စားပွဲ၏ထောင့်မှာ ကျုံ့ကျုံ့လေးနေ၏။
ရှဲ့ရွှင်း မူလက သူမက သူနှင့် နီးစပ်ရန် အခွင့်အရေးယူချင်သည်ဟု သံသယရှိခဲ့သည်။ ထို့ကြောင့် သူမကို ဤအခွင့်အရေးကိုသုံး၍သဘောထားကြီးသောပုံစံဖြင့် နှစ်ယောက်ကြားဆက်ဆံရေးကို ဖြေလျှော့ရန် မကြိုးစားဖို့ ရှင်းရှင်းလင်းလင်းပြောချင်ခဲ့သည်။
မထင်မှတ်ဘဲ သူမ ထိုင်ပြီး ငြိမ်ငြိမ်လေးရေးနေကာ သူ့ကိုကြည့်ပင် မကြည့်ပေ။
နွေဦးနှောင်းပိုင်းနှင့် နွေရာသီအစောပိုင်းကာလဖြစ်သဖြင့် ညနေပိုင်းတွင် အပူချိန်ကပြင်းသည်။ သူမက ပါးလွှာပြီး နူးညံ့သော အဝါရောင် ၀တ်စုံကိုသာ ၀တ်ဆင်ထားသည်။ မင်္ဂလာဆောင်နေ့မှာ သူမဝတ်ခဲ့သည့် အနီရောင်ဝတ်စုံလောက် မကောင်းပါချေ။
ကျန်းရှုယောင်က အိမ်တွင်နေသည့်အခါ သူမ၏အသွင်အပြင်ကို ဂရုမစိုက်ပေ။ သူမပခုံးပေါ်တွင် ကျဆင်းနေသော မှင်အနက်ရောင်ဆံပင်များကို အပြာရောင်ပိုးချည်ဖြင့် လျော့တိလျော့ရဲ တစောင်း တစ်ဝက်ချည်ထားပြီး ကျောက်စိမ်းဆံထိုးကို ဖြစ်သလိုထိုးစိုက်ထား၏။
မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးက တောက်ပနေသော သူမ၏မျက်နှာကို ဝိုးတဝါးနူးညံ့မှုတို့အရောင်ဆိုးထားပြီး ပျင်းရိပြီး သက်တောင့်သက်သာဖြစ်နေသော်လည်း တောက်ပနေဆဲဖြစ်သည်။
ရှဲ့ရွှင်း၏ မျက်လုံးများက သူမ၏ နက်မှောင်သော ဆံပင်ဆီသို့ ရွေ့သွားသည်။ သူမက ကျောက်စိမ်း အဆင်တန်ဆာများနှင့် မသင့်တော်ပါဘဲ ရွှေအဆင်တန်ဆာများနှင့် ပိုသင့်လျော်ပြီး ယင်းက ငယ်ရွယ်သော မိန်းကလေးများထဲတွင် ရှားပါး၏။ ယခုအချိန်တွင် ပေကျင်းရှိ မျိုးရိုးမြင့်သခင်မလေးများသည် ကျောက်စိမ်း အဆင်တန်ဆာများကို နှစ်သက်ကြသည်။ ရွှေက သူတို့ကို ချမ်းသာပြီး ကျက်သရေရှိသည့်ပုံပေါ်သည်ဆိုပေမဲ့ နည်းနည်း ပိုအပေါစားဆန်စေသည်ဟု သူတို့ ထင်ကြသည်။ သို့သော်
"အပေါစားဆန်သော" ပုံစံက ဖိနှိပ်၍မရနိုင်သော သူမ၏အသရေနှင့် ပိုမိုသင့်လျော်လိမ့်မည်ထင်သည်။
သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး သူ့အတွေးများကလည်း လွင့်ပျံသွားခဲ့ကာ စာအုပ်ကို ဘယ်စာမျက်နှာကိုမှ လှန်ထားခဲ့မရှိပါချေ။
ထိုသည်က ကျန်းရှုယောင်က သူပြန်ပြင်ထားသော စုတ်တံကို ရုတ်တရက် ချလိုက်သည်အထိသာဖြစ်၏။
သူမ၏ လက်ကောက်ဝတ်တွင် အားအင်အသုံးများမှုကြောင့် နာကျင်လာသည့်အတွက် မျက်မှောင်ကြုတ်ကာ စုတ်တံကိုပစ်ချပြီး ဆက်တိုက် ပွတ်ပေးနေသည်။ သူမ၏ အမူအရာမှာ ခါးသီးလှသည်။
ရှဲ့ရွှင်းက ရုတ်တရက်မေးလိုက်၏။
"မင်းအိမ်မှာ စုတ်တံကိုင်ဖို့ မသင်ဖူးဘူးလား"
ကျန်းရှုယောင်၏ လက်ရေးလှအဆင့်သည် မူလတန်းကျောင်းအဆင့်တွင် ကျန်ရစ်နေခဲ့သည်။ သူမကပြန်မဖြေဘဲ စုတ်တံကို ကောက်ကိုင်လိုက်ပြီးရေရွတ်လိုက်၏။
"ဒီလောက် ကူးနေတာကို ဘယ်လိုလုပ်ပြီး ပြီးအောင် လုပ်ရမလဲ... ဒီအလုပ်ကို မြန်မြန် ရှင်းပစ်ချင်တယ်"
ငယ်ငယ်တုန်းက သူ့အမေက သူ့အကြီးဆုံးမရီးနှင့် ဒုတိယမရီးကို အပြစ်ပေးရန် ကျမ်းစာအုပ်များကို ကူးခိုင်းလေ့ရှိသည်။
Xxxxx