Chapter 13
ရှဲ့ရွှင်း မျက်မှောင်ကြုတ်နေသော သူမမျက်နှာကိုကြည့်ရင်း သူ့မျက်လုံးများတွင် အပြုံးတစ်ခုပေါ်လာသည်။ မတ်တပ်ရပ်ပြီး သူမဆီ လျှောက်သွားလိုက်သည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ့မျက်နှာထက်မှာ ဖြစ်ပေါ်လာ,ခဲ,သည့် အပြုံးက ရုတ်တရက် ပျောက်ကွယ်သွား၏။
သူ့မှာ အရည်အချင်းတချို့ရှိပင်ငြား သူ့အရည်အချင်းကြောင့် တခြားလူများကို နှိမ့်ချတတတ်သည့်လူမဟုတ်သော်လည်း ကျန်းရှုယောင်၏လက်ရေးက...
"မင်းက စာရေးနေတာလား ... တစ္ဆေအဆောင်ဆွဲနေတာလား"
ငယ်ငယ်ကတည်းက အခုအချိန်အထိ ယခုလိုရုပ်ဆိုးသည့် အက္ခရာများကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
"ဟေး..."
ကျန်းရှုယောင် သူမကူးယူထားသော စာအုပ်ကို ကောက်ကိုင်လိုက်ပြီး သေချာစွာ စကင်န်ဖတ်လိုက်သည်။
"ဘာကြောင့် ဒီလိုပြောတာလဲ"
ဒီအဆင့်က မူလတန်းကျောင်းက အသက်အရွယ်တူ တပည့်တွေထက် အများကြီး ကျော်လွန်နေပါတယ်နော် အိုခေ...
"မင်း..."
ရှဲ့ရွှင်း တစ်ခုခုပြောရန် တုံ့ဆိုင်းနေ၏။ ကျန်းရှုယောင်၏ ပညာမတတ် ဘာအရည်အချင်းမှမရှိသော နာမည်ကောင်းကို သူကြားသိခဲ့ရသော်လည်း သူမက ဤမျှ ပညာမတတ်၊ အရည်အချင်းမရှိကြောင်း တစ်ခါမျှ မတွေးခဲ့မိပါချေ။ သူမ၏ လက်ရေးက သူ့တူလေးနှစ်ယောက်လောက်ပင် ကောင်းမွန်လှသည် မဟုတ်ပေ။
ရှဲ့ရွှင်း မနေနိုင်ဘဲ နှုတ်ကထွက်မိလိုက်သည်။
"ဒီလိုစာလုံးမျိုးနဲ့ဆို ကူးပြီးသွားရင်တောင် ဘာမှထူးခြားမှာမဟုတ်ဘူး"
ကျန်းရှုယောင် အပြင်းအထန်စိတ်ထိခိုက်သွားရ၏။ သူမက စားပွဲကို ခေါင်းနှင့်တိုက်ပြီးပြောလေသည်။
"ဘာလုပ်ရမလဲ...ကျွန်မ ရူးတော့မယ်"
ရှဲ့ရွှင်း အကူအညီမဲ့သလို မနှစ်မြို့မိသော်ငြား ရယ်ချင်ပက်ကျိလည်းဖြစ်နေခဲ့၏။ သူက ကုလားထိုင်မှာ ပြန်ထိုင်ပြီးပြောလိုက်သည်။
“အမေက မင်းရဲ့ စိတ်နေစိတ်ထားကို ပြင်စေချင်တာ... ညဘက် အလုပ်တွေ အလျင်စလိုလုပ်မဲ့အစား နေ့ခင်းဘက် စွမ်းဆောင်ရည် ပိုပြတာ ပိုကောင်းတယ်...အခွင့်အရေးရရင် ကူးထားတဲ့ ကျမ်းစာအုပ်ကို အမေ့ကိုလွှဲပေးလိုက်"
သူ့အတွက် စကားအများကြီးပြောသည်က အတော်ရှားပေမဲ့ ကျန်းရှုယောင်ကို နှစ်သိမ့်ရန်အများကြီးပြောခဲ့၏။ ကျန်းရှုယောင်က သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။
သူက လူကောင်းဖြစ်သွားတာလား...
မဟုတ်ဘူး...ဒါက လူတစ်ယောက်ကို ဘယ်လိုကျော်ဖြတ်ပြီး လှည့်ကွက်တွေ ကစားရမလဲဆိုတာ သင်ပေးနေတာ... ဒါကြောင့် သူက သူမကို မကောင်းတာတွေလုပ်ဖို့ သင်ပေးတဲ့သူ လူကောင်းတစ်ယောက်လား...
ရှဲ့ရွှင်း စကားပြော ပြီးသောအခါတွင် သူ စကားအလွန်အကျွံပြောမိနေမှန်း သိလိုက်ရသည်။ သူမကို လျစ်လျူရှုပြီး စာအုပ်ကို ပြန်ဖတ်နေလိုက်သည်။
ကျန်းရှုယောင်အတွက် ခုံတန်းလျားမှာနေပြီး ဘယ်လို"ပြုမူ" ပြီး စိတ်အားထက်သန်သလို ဟန်ဆောင်ရဖို့ စဉ်းစားရတာ အဆင်ပြေရဲ့လား...
သူမက ကိစ္စများကို တွေးတောသည့်အခါတွင် ဘောပင်ထိပ်ကို ကိုက်ခြင်းကဲ့သို့သော သည်းမခံနိုင်သော အလေ့အထအချို့ရှိသည်။
ရလဒ်အနေဖြင့် ရှဲ့ရွှင်း သူမ၏ ပါးစပ်ထဲသို့ စုတ်တံထိပ်ဖျားကို ထည့်ထားသည်ကို တွေ့လိုက်ရသည်။
ဤလုပ်ရပ်က ကလေးဆန်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊သူ ၎င်းကို မသိစိတ်မှ စိုက်ကြည့်မိသည်။
(ဪ)
သူမက အရိုးမရှိသကဲ့သို့ စားပွဲပေါ်တွင် ကိုယ်တစ်ဝက် မှီနေကာ အပြာရောင်ပိုးစက သူမ၏လည်ပင်းမှ ကျွတ်ထွက်ကာ ရှည်သွယ်ဖြူဝင်းသော လည်တိုင်ကို ပေါ်လွင်စေသည်။ သူမ၏ အသားအရေက ဝင်းမွတ်နေပြီး စုတ်တံကို ကိုက်လိုက်သော နှုတ်ခမ်းနီနီများက ပြည့်ဖောင်းကာ နူးညံ့နေ၏။ ပုလဲရောင်အလင်းတန်းများက နူးညံ့ပြီး နှင်းဆီရောင်တောက်နေသည့် တောက်ပမှုကို ပြသနေပြီး ခူးဆွတ်ခံရန် စောင့်ဆိုင်းနေသည့် ဆူးပန်းလေးသကဲ့သို့ပင်။
ရှဲ့ရွှင်း၏မျက်လုံးများ ပူလောင်လာပုံရသဖြင့် အကြည့်ကို လျင်မြန်စွာပြန်ရုတ်သိမ်းကာ သူ၏မိန်းမောနေမှုကို တည်ငြိမ်အောင်ကြိုးစားလိုက်သည်။
စာအုပ်ကို လေးလေးနက်နက်ဖတ်နေသလိုမျိုး ဆက်ရေးနေပေမဲ့ စာအုပ်ဘေးမှာ ဘာမှတ်ချက်တွေရေးထားမှန်း သူမသိပါချေ။
ကျန်းရှုယောင် ရုတ်တရက် သတိပြုမိသွားပြီးနောက် သူ လုံးဝ အသိဝင်လာပြီး အနီးကပ် ကြည့်လိုက်သောအခါ သူ့စာအုပ်၏ ထောင့်မှာ ကျမ်းစာအနည်းငယ် ရေးထားသည်ကို တွေ့လိုက်ရ၏။
"ရုပ်ဟူသည် အနတ္ထနှင့်ခြားနားခြင်းမရှိ...အနတ္ထဟူသည် ရုပ်နှင့်ခြားနားခြင်းမရှိ...ရုပ်ဟူသည် အနတ္ထ... အနတ္တဟူသည် ရုပ်...အသိနှင့်သတိအတွက် တူညီခြင်းသည်မှန်ကန်ရာ၏။"
သူက စာအုပ်ကို "ဘန်း"ခနဲ ပိတ်လိုက်ပြီး "ဘာကိစ္စလဲ" ဟု ရှင်းရှင်းလင်းလင်း မေးလိုက်သည်။
ကျန်းရှုယောင် သူ၏ရုပ်တည်ကြီးကို ကြည့်ကာ အံ့သြသွားသည်။ သူက ဘယ်သူကို ဒေါသထွက်နေတာလဲ..စာအုပ်ထဲမှာ ဘာရေးထားလဲမသိ...သမိုင်းစာအုပ်ထဲက ပညာရှိတွေကို သစ္စာဖောက်တွေက သတ်လိုက်တာ ဖြစ်နိုင်လား...
သူမက ပြန်ဖြေလိုက်၏။
"ဗိုက်ဆာတယ်...စားစရာတစ်ခုခုသွားစားဖို့ မီးဖိုချောင်သွားမလို့...ရှင် တစ်ခုခုစားချင်လား"
ရှဲ့ရွှင်း ယခင်က ဗိုက်ဆာခြင်းမရှိသော်လည်း ယခု သူမမေးသောအခါ အနည်းငယ်ဗိုက်ဆာလာသဖြင့် ခေါင်းညိတ်လိုက်သည်။
"ငါ မင်းနဲ့လိုက်ခဲ့မယ်"
ကျန်းရှုယောင်က ထပြီးနေပြီဖြစ်ကာ သူ့ကိုအံ့အားသင့်စွာ ပြန်ကြည့်သည်။
ရှဲ့ရွှင်းက လက်နှစ်ဖက်ကို နောက်ကျောပစ်လိုက်ပြီး လမ်းလျှောက်ရင်းဆို၏။
"အခန်းက နည်းနည်း ငြီးငွေ့စရာကောင်းတယ်...ငါလေကောင်းလေသန့်သွားရှူမလို့"
"အိုး..."
ကျန်းရှုယောင်က ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
ရှဲ့ရွှင်းက ခြံထဲကိုသွားပြ ခဏလောက် မတ်တပ်ရပ်ချင်သည်ဟု သူမ ထင်ခဲ့ပေမဲ့ မမျှော်လင့်ပါဘဲ သူက မီးဖိုချောင်ထဲကို တောက်လျှောက်လိုက်လာခဲ့၏။
သူမက စကားတွေ အများကြီးပြောပြီး မီးပုံးကိုချကာဆိုလိုက်သည်။
"လူကြီးလူကောင်းက မီးဖိုချောင်နဲ့ ဝေးဝေးနေလိမ့်မယ်လို့ ပြောကြတာမဟုတ်ဘူးလား"
ရှဲ့ရွှင်းက သူမနှင့်အတူလမ်းလျှောက်ရင်းပြောလေသည်။
" 'လူကြီးလူကောင်းက မီးဖိုချောင်နဲ့ဝေးဝေးနေတယ်'ဆိုတဲ့စကားက 'ထုံးတမ်းဓလေ့များစာအုပ် : ယွိဇောင်' ၊ 'လူကြီးလူကောင်းက မီးဖိုချောင်နဲ့ဝေးဝေးနေ ၊ မင်းက အရာအားလုံးကို အသွေးအသားနဲ့ လေ့ကျင့်နိုင်တယ်'ကလာတာ ...ဆိုလိုတာက အသားရှိသတ္တဝါအားလုံးကို မင်းလက်နဲ့မသတ်သင့်ဘူး... ဒါကြောင့် မင်းက မီးဖိုချောင်နဲ့အဝေးကြီးမှာရှိပြီး မီးဖိုချောင်နဲ့ဘာမှမဆိုင်ဘူး"
"အိုး ဒီလိုကိုးးး"
ကျန်းရှုယောင်က “သင်ယူ”နေသကဲ့သို့ ဂရုတစိုက် နားထောင်သည်။
ထို့နောက် သူမက လက်နှစ်ဖက်ကို ပိုက်ကာ မီးဖိုကိုကြည့်ရင်း မျက်နှာပေါ်တွင် ရယ်ကျဲကျဲ အမူအရာဖြင့်ဆို၏။
"မီးဘယ်လိုမွှေးရမှန်းမသိဘူး"
သူမ အပြင်ထွက်ပြီး လူတွေကိုခေါ်မည်လုပ်ပေမဲ့ မမျှော်လင့်ပါဘဲ ရှဲ့ရွှင်းက ထိုင်ချပြီး မီးခတ်ကျောက်ကို ကောက်ယူလိုက်သည်။ မီးခြစ်ဆံဖြင့် ထင်းကို မီးညှိလိုက်ပြီး သူ့လှုပ်ရှားမှုများက သပ်သပ်ရပ်ရပ်နှင့် ချောမွေ့နေ ပြီး ကျန်းရှုယောင် အံ့အားသင့်သွား၏။
"ဒါကို ရှင်ဘယ်လိုလုပ်လုပ်တတ်တာလဲ"
ရှဲ့ရွှင်း သူမကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်ရင်းဆိုလေသည်။
"ငါအရင်က ခရီးထွက်ဖူးတယ်..အစေခံငယ်လေးတစ်ယောက် အမြဲမခေါ်သွားနိုင်ဘူးလေ "
အရင်က သူ့ကို စွဲလန်းခဲ့တာ မဟုတ်ဘူးလား...ဒါကို သူမ ဘယ်လိုလုပ်မသိတာလဲ...
ကျန်းရှုယောင် သူ့အကြည့်ကြောင့် ခေါင်းခြောက်သွားပြီး ဂရုမစိုက်တော့ဘဲ အိုးထဲသို့ ရေနှစ်ဇွန်းလောင်းထည့်ကာ အဖုံးဖွင့်လျက် ရေပွက်ပွက်ဆူလာသည်ကို စောင့်နေလိုက်သည်။
ထို့နောက် လှည့်၍အသီးအရွက်ရှာပြီး ရေဆေးလိုက်ကာ နွေကြက်သွန်ကို လှီးဖြတ်၊ ရှီတာကီမှိုကို အတုံးတုံးလှီးလိုက်သည်။ ရေဆူလာလျှင် ရှီတာမှိုအတုံးသေးသေးလေးများနှင့်ခေါက်ဆွဲထည့်ပြီး ခဏလောက် ပြုတ်လိုက်၏။၎င်းနောက် အသီးအရွက်များထည့်ကာ ပွက်ပွက်ဆူနေသည့်ရေမှာ ပြုတ်ပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်လိုက်သည်။
ပဲငံပြာရည်နှင့် ရှာလကာရည်ကို လောင်းထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်စိမ်းဖြင့် ဖြူးလိုက်၏။ ကျန်းရှုယောင် နောက်ထပ်အိုးသေးသေးလေးထဲမှ ပြုတ်ထားသော အစေ့နှစ်ဇွန်းကို ထုတ်ယူပြီး ခေါက်ဆွဲပေါ်တွင် တင်လိုက်သည်။
"ဒါက ဝက်သားခေါက်ဆွဲပြုတ်ပဲ" ဟု သူမက ပြောလိုက်သည်။
နှစ်ယောက်သား စာကြည့်ခန်းကို မပြန်တော့ဘဲ အစားစားရန် အရှေ့တောင်ပံခန်းကို သွားကြ၏။
ဤခေါက်ဆွဲပန်းကန်က တကယ့်ကို ရိုးရှင်းပေမဲ့ ညလယ်စာအတွက် အလွန်သင့်တော်သည်။ ခေါက်ဆွဲပြုတ်က လတ်ဆတ်နေပြီး အတုံးလိုက် ရှီတာကီမှိုများကြောင့် ပေါ့ပါးသော အူမားမီအရသာရှိသည်။ အူမားမီအနံ့အရသာက ကြက်သွန်စိမ်းအရသာဖျော့ဖျော့နှင့် ပေါင်းစပ်နေ ပြီး အရသာက ပေါ့ပါးပေမဲ့ မပျော့ပါချေ။
ဝက်သားနှပ်ကို ကျန်းရှုယောင် နေ့လည်ခင်းတွင် ပြုလုပ်ထားခြင်းဖြစ်သည်။ သူမ မူလက ဝက်သားနှပ်ထမင်းစားရန် စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် သူမ ညမှ ပြန်လာစားခဲ့ရသည်။
ဝက်သားနှပ်အတွက်သုံးသည့် ဝက်ဗိုက်သားကို အတုံးသေးသေးလေးများတုံးပြီး ဆီပါးပါးလေးထွက်သည်အထိ အိုးထဲထည့် မွှေ၏။ ထို့နောက် စမုန်စေ့များကိုထည့်ကာ မီးအေးအေးဖြင့်တည်ထားရပြီး နောက်ဆုံးမှာ အရောင်ထွက်ရန် မီးသင်းသကြားအုပ်သည်။ ၎င်းနောက် အပူကိုထိန်းချုပ်ကာ ဝက်သားတုံးများကို တူးမသွားစေဘဲ အကုန်လုံး မီးသင်းသကြားလွှမ်းမိအောင် ကြော်ခဲ့၏။ ဝက်သားတုံးတစ်ခုချင်းစီက နီညိုရောင် ဆော့စ်ဖြင့် ဖုံးအုပ်ထားခဲ့သည်။
နှပ်ထားသော ဝက်သားကို ခေါက်ဆွဲပြုတ်ဖြင့် အပူပေးပြီး အနည်းငယ်မွှေပေးခြင်းဖြင့် ပေါ့ပါးသော ခေါက်ဆွဲပြုတ်သည် ဝက်သား၏ မူရင်းအရသာကို မပျက်စီးစေတော့ပေ။
ရှဲ့ရွှင် ခေါက်ဆွဲတစ်ဖက်ကို တူဖြင့် ကောက်ယူလိုက်ပြီး ဝက်သားနှပ်နှင့် ရောမွှေလိုက်သည်။
ခေါက်ဆွဲများက လတ်ဆတ်ပြီး ချောမွေ့ကာ ပူပူနွေးနွေး ခေါက်ဆွဲ၏ မူလအရသာကို ထိန်းသိမ်းထားသည်။
အစေ့များဖြင့် နှပ်ထားသော ဝက်သားနှပ်သည် အဆီများအသားနှင့်အဆီနည်းအသား မျှတစွာ ရောစပ်ထားသည်။ အဆီများသောအသားက ကြွပ်ရွပြီး နူးညံ့သည်၊အဆီနည်းအသားက အချိန်ကြာမြင့်စွာ နှပ်ထားသည့်အတွက် အိစက်နေ၏။ အသားနှပ်ရန်အရသာစပ်ထားသည်က လေးပင်ပြီး အတုံးလိုက်အသားများထဲသို့ ကောင်းစွာစိမ့်ဝင်နေသောကြောင့် အရသာကြွယ်ဝပြီး ဆော့စ်အပြည့်နှင့်ဖြစ်သော်လည်း မအီဘဲ တစ်ခါစုပ်ရုံနှင့် တန်းအရည်ပျော်သွားပါသည်။
အစိမ်းရောင်ဂေါ်ဖီထုပ်က ဝက်သားနှပ်ပ်၏ အီစိမ့်မှုဖယ်ရှားပေးသည်။ လတ်ဆတ်သောရနံ့နှင့် နွေးထွေးမှုတို့ဖြင့် အသားနိုင်းချင်း ညစာကို ရှင်းလင်းထင်ရှားစွာ ချန်ထားလေသည်။
သူ ဝက်သားနှပ်ကို အလွန် ကြိုက်၏။ ဝက်သားနှပ်များအကုန်လုံကို အကုန်စားပစ်ခဲ့သည်။ ကျန်းရှုယောင် သူ့ကို နောက်ထပ်တစ်ဇွန်းထည့်ရန် မီးဖိုချောင်ထဲကို သွားမလားဟုမေးချင်ပေမဲ့ သူ ငြိမ်ငြိမ်လေးစားနေသည်ကိုမြင်ပြီး "အစားစားနေတုန်း စကားမပြောသင့်ဘူး"ဟုတွေးကာ ပါးစပ်ပိတ်ထားလိုက်၏။
ဝက်သားနှပ်၏ဆော့စ်က ဟင်းရည်ထဲသို့ အရည်ပျော်သွားကြီး ခေါက်ဆွဲကိုပင် အသားနံ့လှိုင်လှိုင်များဖြင့် ထုပ်ပိုးထားသည်။ ရှဲ့ရွှင်းက ဖြည်းညှင်းစွာဝါးပြီး ခေါက်ဆွဲတစ်ပန်းကန်ကို သန့်ရှင်းသပ်ရပ်စွာစားနေသည်။
ရှဲ့ရွှင်း၏ ခေါက်ဆွဲပန်းကန်လုံးက ကျန်းရှုယောင်ထက် နှစ်ဆပိုကြီးသည်။ သူ ဟင်းရည်ကို အပြောင်ရှင်းလိုက်သည်ကိုမြင်သောအခါ ကျန်းရှုယောင် သူ့မှာပဲ စားချင်စိတ်အတော်များနေသလား သို့မဟုတ် သူမလက်ရာကပဲ အတော်ကောင်းနေသလားဟု မတွေးတောမိဘဲမနေနိုင်ပါချေ။
ညစာစားပြီးနောက် နှစ်ယောက်သား ချွေးအနည်းငယ်ထွက်ကာ ပျင်းရိလာကြသည်။
ရှဲ့ရွှင်းက စာ့ကြည့်ခန်းသို့ ပြန်သွားပြီးနောက် စာအုပ်တစ်အုပ်ကို ခဏဖတ်ပြီး ကိုယ်လက်သန့်စင်၍ အိပ်ရာဝင်ခဲ့၏။
Xxxx