အပိုင်း ၁၆
Viewers 18k

Chapter 16


ကျန်းရှုယောင်၏ မျက်လုံးများတောက်ပသွားသော်လည်း သူမ ပဟေဠိဖြစ်သွားသည်။ 


"သူကဆန္ဒရှိမှာလား" 


ပုံမှန်အားဖြင့် သူက တင်းမာသောမျက်နှာဖြင့် ရွံရှာနေလိမ့်မည်။


ပိုင်ကျီက  အိမ်ရန်ပွဲ၏ လှံနှင့်ဓားရိပ်တွင် ကြီးပြင်းလာရသော အစေခံတစ်ဦးဖြစ်ထိုက်သည်။ သူမက ပူးပေါင်းကြံစည်မှုနှင့် အကြံဉာဏ်များတွင် အလွန်တက်ကြွသည်။


 “သခင်က သခင်မနဲ့ ဝေးရာကို သွားချင်တယ်ဆိုမှတော့ သူ့ကို နှောင့်ယှက်သင့်တယ်... ခြိမ်းခြောက်ရင်တောင် ချော့မော့တယ်လို့ ယူဆလို့ရတယ်... ယောက်ျားတွေက မိန်းမတွေနဲ့ပြဿနာဖြစ်မှာကို အကြောက်ဆုံးလို့ အမေက ပြောတယ်... နှစ်ရာကျော် သံမဏိပြုလုပ်သည့်တိုင် ပျော့ပျောင်းသောလက်ချောင်းများအဖြစ်သို့ ပြောင်းလဲရပေလိမ့်မည်" 


 


ပိုင်ကျီ၏မိခင်က သခင်မရှန်းယန်၏ဘေးတွင် သြဇာကြီးသော နို့ထိန်းဖြစ်သည်။


ကျန်းရှုယောင်  ဤကိစ္စကို သေသေချာချာ တွေးတောပြီး ဤနည်းက ကောင်းသောနည်းလမ်းဟု ထင်မြင်မိသည်။ ရှဲ့ရွှင်းက သူမကို မုန်းတီးသောကြောင့် သူမ သူ့ ရှေ့မှောက်ကို သွားပြီး သူစက်ဆုပ်အောင် လှုပ်ခါပစ်မည်။ ရွံရှာစရာနှင့် ကြုံလာသည့်အခါ ကျန်းရှုယောင်  ထွက်သွားရန်အတွက် သူမကို တောင်းဆိုချက်လေးတစ်ခု ကတိပေးလိမ့်မည်။


ပိုင်ကျီ  ပြောခဲ့သည့် အလှတရားလှည့်ကွက်များအတွက်မူ ကျန်းရှုယောင် အလိုအလျောက် လျစ်လျူရှုခဲ့၏။


ရှဲ့ရွှင်းက သန့်ရှင်း ဖြောင့်မတ်သော ပုံစံရှိသူဖြစ်ပြီး အမျိုးသမီးနှင့် မနီးစပ်သော ရဟန်းတစ်ပါးနှင့်တူသည်။ မမှန်မကန်ပြုမူကာ ဗိုက်ထဲတွင် ဘာမင်မှမရှိသော သူမကဲ့သို့ အမျိုးသမီးတစ်ဦးအပေါ် မည်သည့်အခါမျှ ကောင်းမွန်သည်အမြင်မျိုး ရှိလာမှာ မဟုတ်ပါချေ။


[ET/N- "သူမ၏ဝမ်းထဲတွင် မင်မရှိ" ဆိုသည်မှာ စာပေတွင် အရည်အချင်းမရှိဟု ဆိုလိုသည်။]


...


လမင်း သစ်ကိုင်းသစ်ခက်များထက်သို့ ရောက်သောအခါ တောက်ပသော လရောင်က တစ်ဖက်ပိတ်ထားသော ပြတင်းပေါက်များမှတစ်ဆင့် စာကြည့်ခန်းထဲသို့ စိမ့်ဝင်နေသည်။ ရံဖန်ရံခါ ညလေညင်းများက တိုက်ခတ်လာကာ လန်းဆန်းအေးမြမှုကို ယူဆောင်လာကြသည်။


ရှဲ့ရွှင်း မီးခွက်ထွန်းပြီး ထုံးစံအတိုင်း စာအုပ်ဖတ် သည်။ ဖတ်ပြီးသည်နှင့်အချိန်ကို မေ့သွားခဲ့၏။ လက်ဖက်ရည်အိုးဆီ လက်လှမ်းလိုက်သောအခါ လက်ဖက်ရည်အိုး ဘာမှမရှိတော့သည်ကို တွေ့လိုက်ရ၏။


သူတစ်စုံတစ်ယောက်ကို ခေါ်ရန်စောင့်နေစဥ်မှာ ရုတ်တရက် ချိုမြိန်လွန်းသည့် ခေါ်သံတစ်ခုက အပြင်ကနေ လူများကို ကြက်သီးထသွားစေသည်။


"ယောကျာ်းရေ~~"


"ခွမ်းးးး" 


ရှဲ့ရွှင်း  လက်ထဲတွင် လက်ဖက်ရည်ခွက်ကို မကိုင်နိုင်တော့။ခွက် စားပွဲပေါ်က ပြုတ်ကျပြီး ကြမ်းပြင်ကို အကြိမ်ပေါင်းများစွာ ဝင်တိုက်၏။


ဘာ...ဘာလဲ...


အခုလေးတင်က 'ရေဂန္ထဝင်၏ရှင်းလင်းချက်မှတ်စု'ကြောင့်  စွဲလန်းသွားပြီး သူ့စိတ်က မနိုးထသေး၍ဖြစ်မည်။ သူ့အနီးအနား ဘယ်မှာမှ မဖြစ်သင့်သည့် အနှီခေါ်သံကို ရုတ်တရက် ကြားလိုက်ရသောအခါ သူ့ခန္ဓာကိုယ်မှာ ကြက်သီး အလွှာတစ်ခုကို ခံစားလိုက်ရသည့်။


အခန်းထဲကဆူညံသံကို ကျန်းရှုယောင်  ကြားလိုက်သောအခါတွင် သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး စကားပြောတော့မည်ပြုသော်လည်း အသံပြောင်းရန် မေ့လုနီးပါး ဖြစ်နေကြောင်း သိလိုက်ရသည်။


သူမ လည်ချောင်းကို ဖျစ်ညှစ်ပြီးဆိုလိုက်၏။


 "ယောကျာ်း... ဘာဖြစ်တာလဲဟင်"


ရှဲ့ရွှင်း ငြိမ်သက်သွားပြီး တံခါးပေါ်မှ ရောင်ပြန်ဟပ်နေသော အမှောင်ရိပ်ကို လှမ်းကြည့်လိုက်သည်။


ကျန်းရှုယောင်လား...


ကျန်းရှုယောင်၏ အသွင်အပြင်က သူ့စိတ်ထဲတွင် လျင်မြန်စွာ ပေါ်လာသည်–ပထမ ၊ ကျက်သရေမရှိသော်လည်း စားချင့်စဖွယ်ရှိသော  စားသောက်မှုပုံစံ နှင့် ထိုည စာကြည့်ခန်းထဲရှိ တိတ်ဆိတ်သော စာရေးခြင်း ၊ ရေထဲက ကြာပန်းကဲ့သို့သော အသွင်အပြင် ၊ နောက်သို့ မော့ကြည့်လိုက်သောအခါ၌သကာလ လှပသော အသွင်အပြင်...


သို့ပေမဲ့လည်း “ခွေးတွား” ဆိုသည့် စကားလုံးများရေးရင်း မျက်မှောင်ကြုတ်ပြီး ဘောပင်ကို ကိုက်နေခဲ့၏။ သဘောကောင်းသည့်လူများဆိုလျှင် သူမလက်ရေးကို နှံ့စပ်ကျယ်ပြန့်ကာ ထူးခြားလှသည်ဟု ပြောနိုင်သလို  ဆိုးဆိုးရွားရွား ပြောချင်ပါကလည်း ရုပ်ဆိုးသည်ဟု ပြော၍ရပေသည်။  ထိုကဲ့သို့သော ကျန်းရှုယောင်က ယခုမည်ကဲ့သို့ ဆူညံနေသနည်း။


တစ်ခုခါ အဆင်မပြေဘူးလား...


"ယောကျာ်း~ ရှင်ဘာလို့မဖြေတာလဲ...ကျွန်မဝင်လာလို့ရမလား" 


ကျန်းရှုယောင် ရှဲ့ရွှင်းကို အချိန်အကြာကြီး အသရေဖျက်နေရင်း ဤအသံဖြင့် ပြောရသည်ကို ငြီးငွေ့နေခဲ့သည်။ ပြုတ်ကျ၊ ခေါင်းဆောင့်မိပြီး ကိစ္စချောသွားတာများလား...


ဤစကားက ရှဲ့ရွှင်းကို ထိတ်လန့်စေခဲ့သည်။ သူ အမြန်ထလိုက်သဖြင့် သူဝတ်ရုံလက်က စုတ်တံထည့်သည့်ခွက်ကို မတော်တဆ ပွတ်ဆွဲလိုက်မိပြီး စုတ်တံအားလုံး ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။


သူ အရင်က ဒီလောက် ပျာယာမခတ်ဖူးဘူး... 


သူ့အတွင်းစိတ်က ယားယံမှုတို့ အုံကြွလာပြီး "ခဏ" ဟု အော်လိုက်သည်။


ကျန်းရှုယောင်  သူဘာတွေလုပ်နေမှန်းမသိဘဲ လက်များနာလာသည်အထိ လက်ထဲမှာ ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားရ၏။သူမ စိတ်မရှည်စွာဖြင့် တံခါးကို ခြေဖြင့် ကန်ဖွင့်ရန် စိတ်မရှည်စွာ လျှောက်လာလိုက်သည်။


"ခရက်-" 


 


တံခါးရုတ်တရက်ပွင့်လာပြီး ကျန်းရှုယောင်  မြဲမြဲမရပ်နိုင်တော့ပေ။ ခေါင်းကိုမော့လိုက်သောအခါတွင် ရှဲ့ရွှင်း၏ အေးစက်သောမျက်နှာနှင့် ရင်ဆိုင်လိုက်ရသည်။


ကျန်းရှုယောင်  ရှဲ့ရွှင်း၏ ခေါင်းတလား မျက်နှာနှင့် ပတ်သက်၍ မကြာခဏ ညည်းညူလေ့ရှိသော်လည်း ၎င်းသည် အများအားဖြင့် မျက်စိပသာဒဖြစ်ဖွယ်ကောင်းသော ကျောက်စိမ်းအခေါင်းတစ်ခုဖြစ်သည်။ ယခုတွင်လည်း သူ့မှာ ခေါင်းတလား မျက်နှာရှိနေသော်ငြား တစ္ဆေ ထွေးထုတ်တော့မည့် နှစ်တစ်ထောင် ပုပ်နေသော ခေါင်းတလားကဲ့သို့ နမိတ်မကောင်းသော လေထုနှင့်အတူ ရှိနေသည်။


ရှဲ့ရွှင်းက အရပ်ရှည်ပြီး ပခုံးကျယ်ကာ ခြေတံရှည်များရှိသည်။ အရပ်ဘက်အရာရှိတစ်ဦးဖြစ်သော်လည်း ကိုယ်ခံပညာကို တစ်နှစ်ပတ်လုံး လေ့ကျင့်ခဲ့သည်။ သူက နီးကပ်လာသောအခါ ခေါင်းငုံ့ကာ သူမကို ကြည့်လိုက်သည်။ နိုင့်ထက်စီးနင်းဆန်သော ပုရိသအရှိန်အဝါက ကျန်းရှုယောင်ကို ခဏလောက် တုန်လှုပ်သွားစေသည်။


သူ၏အပြုံးမဲ့မျက်နှာကို လှမ်းကြည့်ရင်း ကျန်းရှုယောင် ပြုံးပြီး ခေါင်းကို မော့ကာဆိုလိုက်၏။ "ယောကျာ်းရေ...ကျွန်မကို ဝင်ခွင့်ပေးနိုင်မလား" ဒီအရွယ် အမယ်အိုရဲ့လက်တွေကမခိုင်တော့ဘူးကွဲ့...


ဤတစ်ကြိမ်မှာ သူမအသံကို ချိန်ညှိရန် မေ့သွားလိုက်သည်က အများကြီး ပိုသာမာန်ဖြစ်သွားပြီး ရှဲ့ရွှင်း သူ၏မသက်မသာဖြစ်မှုတို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်  ပြေလျော့သွားခဲ့သည်။


"မင်းဘာဖြစ်နေတာလဲ..." 


မနက်ဖန်ကျ စာကြည့်ခန်းအပြင်မှာ တစ်ယောက်ယောက် စောင့်ခိုင်းမည်ဟု သူစီစဉ်ထားပေမဲ့ သူမက သူ့ကိုနှောက်ယှက်သည့်အခါ ခေါင်းလှည့်ပြီးနောက် မေ့သွား၏။


မနက်ဖြန်တွင် ကျန်းရှုယောင်ကို တားးရန် စာကြည့်ခန်းအပြင်၌ လူအနည်းငယ်ခန့် ထားရှိရမည်ဖြစ်သည်။


"ကျွန်မယောကျာ်း စာဖတ်ရတာ ခက်တယ်လို့ ထင်လို့လေ... အဲဒါကြောင့်  ညလယ်အဆာပြေစာတချို့လုပ်လာတာ" 


သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြုံးပြလိုက်ပြီး သူမနှုတ်ခမ်းများက ဖြူဖွေးနေလျက် ဆံထုံးထက်မှတွဲလောင်းကျနေသော အနီရောင်ပုတီးလုံးများက တလှုပ်လှုပ်ဖြင့် သူမလမ်းလျှောက်တိုင်းလွှဲယမ်းနေကြသည်။ 


လမင်းအောက်ရှိ အလှတရားကို ကြည့်ရင်း သူမ၏ အပြုံးက ရှဲ့ရွှင်းကို တစ်ခဏမျှ မှင်တက်သွားစေကာ မသိစိတ်ဖြင့် ခြေလှမ်းဆုတ်မိလိုက်၏။


ကျန်းရှုယောင်၏ မျက်နှာပေါ်ရှိ အပြုံးက မပြောင်းလဲဘဲ  ရှဲ့ရွှင်း ညင်သာစွာ ဖြတ်သွားခဲ့ကာ ပန်းကန်ကို စားပွဲပေါ် တင်လိုက်သည်။


"ယောက်ျား... ရှင်ဗိုက်ဆာနေလား..


ဒီအစားအစာတွေက ရှင့်အကြိုက်နဲ့ ကိုက်သလား ကြည့်ပါဦး"


သူမက ခေါင်းကို လှည့်လိုက်ပြီး ဖယောင်းတိုင်မီးက သူမကို နူးညံ့သိမ်မွေ့သည့်ဟန် ပေးစွမ်းနေ၏။ 


ရှဲ့ရွှင်း  ခဏမျှသာမှင်သက်သွားခဲ့ခြင်းဖြစ်ပြီး မကြာမီ ပြန်လည်အသိဝင်လာခဲ့သည်။


သူ ကျန်းရှုယောင်ကိုကြည့်ရင်း တစ်ခုခုမှားနေပြီဟု ခံစားရသည်။


အတိအကျပြောရလျှင် ဤသည်မှာ သူမလုပ်သင့်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမက သူမ၏ဂုဏ်သတင်းကိုဂရုမစိုက်ဘဲ သေခြင်းတရားဖြင့် ခြိမ်းခြောက်ကာ သူ့ကို လက်ထပ်ချင်ခဲ့သည်။ သူ့ဆီမလာလျှင် အံ့သြစရာဖြစ်နေပေမည်။


ရှဲ့ရွှင်း သူ့အမူအရာကိုပျက်စေမည်မဟုတ် သူမကိုလည်း ဂရုမစိုက်လိမ့်မည်မဟုတ်ချေ။ ညလယ်စာက လာပို့ပြီးပြီးမလို့ သူမကို ယူသွားဖို့ ပြောလို့ရသေးရဲ့လား...


ယခင်က ကျန်းရှုယောင်၏ ဆူညံသောအသံကြောင့် သူမလက်ထဲတွင် ပန်းကန်ပြားကို ကိုင်ထားကြောင်း သူ သတိမထားမိခဲ့ပေ။ ယခု အခန်းထဲတွင် စားစရာနံ့များ ပြည့်နှက်နေပြီး သူ့ကို မသိစိတ်က တံတွေး မျိုချလိုက်မိစေသည်။


သူက လျှောက်လာပြီး ညလယ်စာ ပန်းကန်ကို ကြည့်ကာဆိုလိုက်၏။ 


"ဒါတွေက ဘာတွေလဲ"


ကျန်းရှုယောင်  သူ့ကိုအများကြီး ပူးပေါင်းဆောင်ရွက်ရန် မမျှော်လင့်ထားပါချေ။ယခုလေးတင်ရှိ မှုန်ကုပ်ကုပ်မျက်နှာထားက  သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။


လူအများစုက အရသာရှိသော အစားအစာများ၏ သွေးဆောင်မှုကို မခံနိုင်ကြပေ။ ထို့အပြင် ရှဲ့ရွှင်း၏အသက်ကို မော်ဒန်ခေတ်တွင် လူပျိုပေါက်တစ်ယောက်အဖြစ်သာ မှတ်ယူနိုင်သည်။ သူသည် ဗိုက်ဆာသောအခါ နွားတစ်ကောင်ကိုပင်စားနိုင်သည့် အရွယ်ဖြစ်သည်။


သူမ စားစရာများကိုတစ်ခုချင်းမိတ်ဆက်ပေးခဲ့၏။


"ဒါက ခေါက်ဆွဲကြော်...ဒါက တရှဲရှဲ တို့ဟူး...ဒါကဇီယာကြက်တောင်ပံ" 


 


သူမချက်ပြုတ်သည့် ဟင်းပွဲများသည် ရိုးရှင်းသော ပါဝင်ပစ္စည်းများကို အသုံးပြုကာ ထူးခြားဆန်းသစ်သော အရသာများကို ဖန်တီးပေးထားသည်။ ယနေ့ခေတ်တွင် အဆင့်မြင့်စားဖိုမှူးများသည် စျေးကြီးသောပါဝင်ပစ္စည်းများနှင့် နည်းလမ်းများကို အာရုံစိုက်လွန်းသော်လည်း အရေးကြီးဆုံးနှင့် အရေးပါသောအရသာများကို လျစ်လျူရှုထားကြသည်။


ရှဲ့ရွှင်းက ချောင်းဟန်ပြီးပြောလိုက်၏။


 "ဒီမှာထားလိုက်ပါ... ငါဗိုက်ဆာရင် စားမယ်"


ကျန်းရှုယောင်  သူဗိုက်ဆာပုံမပေါ်သည်ကိုတွေ့သဖြင့် ချက်ချင်းစားရန်မမျှော်လင့်ခဲ့ပေ။ သူမက ခေါင်းညိတ်ပြီးပြောလိုက်သည်။


 "ဒါဆို ကျွန်မအရင်သွားလိုက်ဦးမယ်...ယောကျ်ားစာဖတ်ပြီးရင် အဆာပြေ စားလို့ရတယ်... အခု ရာသီဥတုက ပူလာပြီ...အစာက ဖြည်းဖြည်းချင်း အေးသွားပေမဲ့ အေးနေတဲ့အစားအစာတွေ စားတာက ဗိုက်အတွက် မကောင်းဘူး “


ရှဲ့ရွင်းက သိကြောင်း ပြန်ဖြေသည်။


ကျန်းရှုယောင်  သက်ပြင်းချရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ စာပေပညာရှင်များက မတူကွဲပြားကြသည်၊ အစာစားချင်စိတ်ကိုပင် မျိုသိပ်ထားနိုင်ကြသည်။ ယခု ခေတ်သစ်နာရီအရ ည ၉း၁၀ နာရီဖြစ်၏။ အရင်က သူမ ည ၇ နာရီမှာ ညစာကိုသာ စားခဲ့လျှင်ပင် သူမ၏လောဘကို ပြေပျောက်ရန်အတွက် ၉ နာရီဝန်းကျင်မှာ အဆာပြေ အသီးအနှံများ စားရပေလိမ့်မည်။ထို့အပြင် လက်ရှိအချိန်မှာ လူများက မမှောင်ခင်မှာ စားလေ့ရှိကြ၏။ ထမင်းစားပြီးနောက် ကိုးနာရီမှာ ဗိုက်ဆာကြမည်ဖြစ်သည်။


သူမထွက်သွားပြီးနောက် ရှဲ့ရွှင်း  စားပွဲခုံတွင်ထိုင်ကာ စာရေးစုတ်တံကိုကောက်ကိုင်လိုက်ပြီး ၎င်းနောက် ပြန်ချကာ ထရပ်လိုက်သည်။


နားမလည်နိုင်သော အပြစ်ရှိသည့် အသိစိတ်ဖြင့် ခေါင်းကို ယမ်းကာ ၀တ်ရုံကိုမပြီး ညစာစားပွဲ၌ ထိုင်လိုက်သည်။ သူ့တူများက ဇီယာကြက်တောင်ပံများကို ထိလိုက်သည်နှင့် ...


"ယောကျ်ား မနက်ဖြန်....."


ကျန်းရှုယောင်က အလွန်လျင်မြန်စွာ လျှောက်လာပြီး သူ့ကို နှောင့်ယှက်ရန် မေ့လုနီးပါးဖြစ် သွားသည် ။သူမလုပ်ငန်းကိစ္စများကို တွေးရင်းနှင့် အမြန်ပြန်ပြေးလာပြီး ဤရှက်စရာကောင်းသည့် မြင်ကွင်းထဲကို တိုးဝင်သွားမိ၏။


ရှဲ့ရွှင်းက သူ့တူများကို အေးအေးဆေးဆေးချလိုက်ပြီး "ဘာကျန်သေးလဲ" ဟု အေးစက်စွာပြောသည်။ အမှန်တွင် သူ့မျက်နှာတစ်ဝက်က ရှက်ရွံ့မှုကြောင့် ထုံနေခဲ့၏။


"အင်း...မေးချင်တာက မနက်ဖြန် ကျွန်မနဲ့ ညစာစားဖို့ ပြန်လာမှာလား"


"ကောင်းပြီ " 


ရှဲ့ရွှင်းက သူ၏ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ကျောင်းမှာ နာခံဟန်ဆောင်နေကျ ပုံစံအတိုင်း ပြန်ရောက်သွားသလိုမျိုး သူ့ဒူးပေါ် လက်တင်လိုက်သည်။


"အိုး..." 


ကျန်းရှုယောင်  ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး သူမဘာလုပ်မည်ဆိုသည်ကို မေ့သွားကာ နောက်တဖန်လှည့်ထွက်သွား၏။


သူမထွက်သွားသောအခါ ရှဲ့ရွှင်း စိတ်တိုတိုနှင့် ထိုနေရာမှာ ကျန်နေခဲ့သည်။


Xxxx