Chapter 17
ခေါက်ဆွဲကြော်၊ တောင်ပံကင်၊ တရှဲရှဲ တို့ဟူး
ရှဲ့ရွှင်း စားပွဲပေါ်တွင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ထိုင်နေသည်။
မှန်ပေသည်၊ "အချိန်အကြာကြီး" သည် သူ၏စိတ်ထဲတွင်ထင်သောအရာဖြစ်၏။
အကြောင်းမှာ ကင်ထားသောတောင်ပံများ၏အရောင်က ဆွဲဆောင်မှုရှိလွန်းသောကြောင့်ဖြစ်သည်။
အရေက နီညိုရောင်ရှိပြီး တစ်ဖက်တွင် အနည်းငယ် မီးသင်းသကြားအုပ်ထားသည်။ သူမ ဘယ်လိုလုပ်ထားလဲမသိ၊ ပြောင်လက်နေပေမဲ့ ဆီရွှဲမနေပေ။
သူ တစ်ကိုက်ကိုက်စားကာ အရသာမြည်းကြည့်လိုက်သည်။ ပျားရည်သုတ်ထားသောကြောင့် အနည်းငယ်ချိုသော်လည်း သိပ်မသိသာဘဲ လတ်ဆတ်လေသည်။
ဇီယာအနှစ်က အရသာရှိပြီး ကြက်တောင်ပံကင်များမှာ ထူးခြားသောအရသာရှိနေသည်။ မျက်နှာပြင်ပေါ်တွင် ဖြူးထားသော ဇီယာမှုန့်က အရသာကို ပိုမိုရရှိစေသည်။ ကိုက်လိုက်သည့်အခါ သူ့လျှာဖျားက လတ်ဆတ်ပြီး အရည်ရွှမ်းနေသည့် ကြက်သားကို ထိသွား၏။ အပူကို ကောင်းစွာ ထိန်းချုပ်ထားသည်။ ကြက်သားက တို့ဟူးကဲ့သို့ နူးညံ့သော်လည်း ချော်လွန်းမနေသလို အကင်၏အဓိပ္ပါယ်ကိုလည်း ပျောက်ပျက်သွားစေခြင်းမရှိချေ။
ခေါက်ဆွဲကြော်ကို ကြည့်လိုက်သောအခါဤခေါက်ဆွဲစားပုံစားနည်းက နည်းနည်းဆန်းသည်ဟု သူထင်မိသည်။ ဟင်းရည်မပါဘဲ အနက်ရောင်ဆော့စ်ခပ်ပျစ်ပျစ်တစ်ခုသာရှိသည်၊ သို့သော်၎င်းက လူများကို စားချင်စိတ်ဆုံးရှုံးစေမည်မဟုတ်ပါချေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဤခပ်ပျစ်ပျစ်နှင့် စေးကပ်သော ဆော့စ်၏ အရသာကို သိချင်မိသည်။
ရှဲ့ရွှင်း တူတစ်စုံကို ကောက်ကိုင်လိုက်သည်။ ခေါက်ဆွဲကို ဆော့စမ်းထားသဖြင့် ခွဲယူရ တကယ်ခက်၏။ သူ တူကိုလှည့်လိုက်သောအခါ စေးကပ်နေသော ခေါက်ဆွဲများက လုံးထွေးနေဆဲဖြစ်ပြီး ပန်းကန်လုံးထဲက ခေါက်ဆွဲတချို့ကို ပါတန်းလန်းပါလာသည်။
သူက နည်းနည်း စိတ်ဓာတ်ကျသွား၏။ ခုနက ကြက်တောင်ပံများကလည်းက စားရ အလွန်ခက်သည်။ ကျန်းရှုယောင်က ကြက်တောင်ပံအရိုးများကိုပင် မဖယ်ရှားခဲ့ပေ။ သူ့မှာ ကြက်တောင်ပံများကို တစ်ဖက်ခြမ်းမှာမီးသင်း ပျားရည်ဆော့စ်ဖြင့်ညှပ်ကာစားခဲ့ရပြီး ပါးစပ်ထောင့်များကို အကြိမ်ပေါင်းများစွာ ညစ်ပတ်လုနီးပါးဖြစ်ခဲ့ကာ ပန်းကန်ထဲသို့ပင် ဆက်ကျသွားသည်။
သို့ပေမဲ့ အရိုးထဲက သန့်စင်သည့် ကြက်သားကိုစားရသည့် အရသာကို သူနည်းနည်း စွဲလန်းမိကြောင်း ဝန်ခံရမှာ ဖြစ်ပြီး စောစောက အတောင်ပံသုံးချောင်းက မလုံလောက်ခဲ့ပါချေ။
သူ့တူများဖြင့် ရစ်ပတ်ထားသည့်ကို ခေါက်ဆွဲကြော်ကိုကြည့်လိုက်သည်။စောစောက တူကိုအတော်များများ ကစားရသည်က သူ့ကို စိတ်မရှည်စေသည့်အတွက် ပါးစပ်ကိုဖွင့်ပြီး ပါးစပ်ထဲကို ပလုပ်ပလောင်း တိုက်ရိုက်ထည့်ပစ်လိုက်၏။
ပြင်းထန်သော ဆော့စ်ရနံ့က သူ့ပါးစပ်တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
သူ ပလုပ်ပလောင်းဖြင့်ဝါးလိုက်၏။ ခိုင်မာပြီး နူးညံ့သောခေါက်ဆွဲနှင့် အညိုရောင်ဆော့စ်က နူးညံ့ပြီး စေးကပ်သော အသံကိုထွက်စေသည်။ ဝါးလိုက်တိုင်း ဆော့စ်၏ အရသာက ပိုမိုပြင်းထန်လာပြီး လတ်ဆတ်သော အရသာက အချိန်အကြာကြီး စွဲကျန်နေကာ အနည်းငယ်ချိုမြိန်မှုကို ဖော်ပြနေသည်။ နောင်တွင် ဤဆော့စ်၏ အရသာကိုသာ လူများက မြည်းစမ်းနိုင်သကဲ့သို့ အခြားအရသာများမှာလည်း အားနည်းသွားမည်ဖြစ်သည်။
သူ နောက်ထပ် ခေါက်ဆွဲများကို တူဖြင့် ခပ်ကြီးကြီး ရစ်လိုက်သည်။ ပဲငံပြာရည်က သူ့နှုတ်ခမ်းထောင့်များမှာ ပေသွားပေမဲ့ သူ သုတ်ရန် ဂရုမစိုက်ပေ။ သူ ပဲခေါက်ဆွဲကို အလုတ်ကြီး သုံးလုပ်စားပစ်ခဲ့၏။
စားပြီးနောက် သူအနည်းငယ် ပဟေဠိ ဖြစ်နေဆဲပင်။ ပန်းကန်သေးသေးတစ်လုံးစာသာရှိသော်လည်း တူအကြိမ်ရေ အနည်းငယ်စာအတွက် မလုံလောက်ပါချေ။
ပန်းကန်ထောင့်တွင် အငန်သက်သာရန်အတွက်ကျန်းရှုယောင်ထည့်ထားသည့် လှီးထားသော နွေကြက်သွန်၊ ရှာလကာရည် အနည်းငယ်နှင့် ရောထားသော ဟင်းရည်တို့ကို ယူလိုက်သည်။ ပူနွေးသော ဟင်းရည်က လည်ချောင်းထဲသို့ လျှောကျသွားပြီး ချက်ခြင်းပင် ပြည့်အီမှုများကို ဖိနှိပ်လိုက်၏။
ဟင်းရည်တစ်ဝက်လောက် သောက်ပြီးသောအခါက သူ့ခံတွင်းထဲရှိ ခေါက်ဆွဲကြော်၏အရသာက ပျောက်ကွယ်သွားသည်။
ရှဲ့ရွှင်း တရှဲရှဲတို့ဟူးကို ယူရန် သူ့တူများကို ရွှေ့လိုက်သည်။ တို့ဟူးက ကြွပ်ဆတ်သော အရေပြားရှိပြီး အတွင်းတွင် နူးညံ့သည်။ အပေါ်မှာ ဟင်းခတ်အမွှေးအကြိုင်များနှင့် လှီးထားသောကြက်သွန်များ ဖုံးအုပ်ထား၏။ အကိုက်ရေအနည်းငယ်နှင့် ကုန်သွားသည်။ အရသာက စပ်ပြီး အနည်းငယ်ထုံနေပေမဲ့ တိုဟူး၏မူရင်းလတ်ဆတ်သည့် ပဲအနံ့ကို ထိန်းသိမ်းထား၏။
စားပြီးနောက် ကျန်ဟင်းရည်ပန်းကန်တစ်ဝက်ကို သောက်လိုက်ပြီး လျှာဖျားဖြင့် ကြွပ်ရွသော တို့ဟူးအရေခွံကို ထိလိုက်စဥ်က ကျေနပ်မှုကို အမှတ်ရနေမိဆဲဖြစ်သည်။
သို့သော်လည်း ဤတစ်ခေါက်တွင် ပမာဏကအတော်လေးနည်း၏။အရေအတွက်နည်းနည်း အရည်အသွေးများများဆိုသည့်အတိုင်းလိုက်နာသည့် တော်ဝင်စားဖိုချောင်နှင့် အတူတူဖြစ်တန်ရာသည်။
ဤသည်များက ကျန်းရှုယောင်၏ညစာထဲကဆိုသည်ကို သူမသိသည်ကား သနားစရာပါပင်။ရုတ်တရတ်စိတ်ကူးပေါက်ပြီး သူမက ရှဲ့ရွှင်းကိုညလယ်စာတစ်နပ်ပေးခဲ့သည်...ကျန်သည်များက မရှိတော့လောက်ဖို့များ၏။
ရှဲ့ရွှင်း တံခါးဆီသွားပြီး လှမ်းခေါ်လိုက်ပြီး အပြင်မှာ စောင့်နေသည့် အစေခံက ပန်းကန်များကို သိမ်းလိုက်သည်။
ဤညလယ်စာ ပြီးသည့်အခါ ကျန်းရှုယောင်က သူ့ကို တစ်ခုခုမေးခဲ့သည်ကို ယောင်ဝါးဝါး မှတ်မိလာ၏။ မနက်ဖြန် သူမနှင့်ထမင်းအတူစားရန် တောင်းဆိုနေပုံရသည်။
သူ မထင်မှတ်ပဲ သဘောတူလိုက်တယ်...
တကယ်ကြီး...
ရှဲ့ရွှင်း၏ မျက်နှာက ခါးသီးနေပြီး ဟန်ပန်က သူ့ကိုယ်သူ *တပေါစအကျင့်ကျင့်နေသလိုဘာလိုလိုနှင့်။
(ခြိုးခြုံချွေတာခြင်း)
သူ တောက်ပသော လခြမ်းကို မော့ကြည့်ကာ ပွဲတစ်ခုကိုသွားမည့်အတိုင်း သက်ပြင်းချလိုက်သည်။
မနက်ဖြန် ဘာဟင်းချက်မလဲ မသိ...အရင်တစ်ခေါက်က မာပိုတို့ဟူး က အရသာ ရှိတယ်...
......
နောက်တစ်နေ့မနက် ကျန်းရှုယောင် ရေချိုးပြီးချိန်မှာ ရှဲ့ရွှင်းတစ်ယောက် မနေ့ညက ညလယ်စာကို အပြောင်ရှင်းသွားကြောင်း ပိုင်ကျီကသတင်းပို့ခဲ့ပြီး ဟင်းတစ်စက်ပင် မကျန်တော့သည်ကို သူမ အံ့အားသင့်မိကြောင်းဆို၏။
သူမ ပိုင်ကျီကို ထိုအကြောင်း ဘယ်ကကြားလဲဟု မမေးဘဲ ပင်မမီးဖိုချောင်ကို အမြန်ပြေးသွားလိုက်သည်။
ယခု သူမ၏မျက်နှာ(ဟောင်း)ကို အောက်ချပြီး ရှဲ့ရွှင်းကိုသွားရှာခဲ့ပြီးဖြစ်ရာ သခင်မကြီးကို ဖားရန်မှာ ကြီးကျယ်သောကိစ္စမဟုတ်ပေ။
ယခုအချိန်က နံနက်စာဖြစ်ပြီး ပင်မမီးဖိုချောင်သည် ဆူပွက်နေပြီး အသက်ဝင်နေသည်။
ကျန်းရှုယောင် ဝင်လာပြီးသည်နှင့် အားလုံးက လှည့်ကြည့်လိုက်ကြ၏။ တချို့က နားမလည်ဟန်၊ တချို့က မထီမဲ့မြင်ပြုသည်၊ တချို့က စူးစူးစိုက်စိုက် ကြည့်နေကြသည်။
ကျန်းရှုယောင်၏နောက်က အစေခံလေးယောက်စလုံးက ရှန်းယန်အိမ်တော်မှဖြစ်၏။ ချမ်းသာပြီး မြင့်မြတ်သောအိမ်များတွင် ကြီးပြင်းလာသူများသည် ပို၍ပင် မာနကြီးပြီး တည်ငြိမ်ကြသည်။ သူတို့၏အဝတ်အစားများပေါ်က ပစ္စည်းများကပင် သာမာန်လူများဝတ်သည့်အရာများနှင့် ယှဉ်၍မရပါချေ။
ကျန်းရှုယောင်က ပို၍ပင် ကျော့ရှင်းလေသည်။ သူမသည် ခေါင်းပေါ်တွင် ရိုးရိုးဆံညှပ်ကိုသာ ၀တ်ထားသည်မှာ သိသာထင်ရှားသော်လည်း သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ကျက်သရေရှိသောဝတ်စုံဝတ်ထားပြီး ဦးခေါင်းထက်တွင် ပုလဲဆံထိုးများဖြင့် ပြည့်နှက်နေသကဲ့သို့ ဂုဏ်ကြီးရှင်ပျိုးနီပန်းလေးသဖွယ်ဖြစ်နေသည်။
လူတစ်စုက လမ်းလျှောက်ဝင်လာပြီး သိသိသာသာကို ခမ်းနားထည်ဝါမှုများသိပ်မပါရှိသော်လည်း သူတို့သည် သခင်နှင့်သခင်မများထက်ပင် ပို၍အားမာန်အပြည့်ရှိနေကြ၏။
ယောက္ခမက လူသိမခံ မနှစ်သက်သည့် တတိယသခင်မကို အထင်အမြင်သေးလျှင်ပင် သူတို့အနေဖြင့် လူတိုင်း မသိစိတ်ကနေ ခေါင်းငုံ့ပြီး အရိုအသေပြုကြရသည်။
"ဒီနေ့ မနက်စာ ဘာပြင်ဆင်ထားလဲ"
ကျန်းရှုယောင်က မေးသည်။
ထိုအခါ ထမင်းချက်တစ်ယောက်ရှေ့တက်လာပြီး ဟင်းအမည်ကို သတင်းပို့၏။
ဤအချိန်တွင် အစားအသောက်က အတော်လေးရိုးရှင်းသည်။အမတ်မင်းကောင်းမန်သာလျှင် ထိုအချိန်က ဧကရာဇ်ထိုက်ဇူ တီထွင်ခဲ့သော သံအိုးကို အသုံးပြုလိမ့်မည်ဖြစ်သည်။လူများအနေဖြင့် တစ်နေ့ကို ထမင်းသုံးနပ်အတွက် ပုံမှန်ချက်ပြုတ်သည်ကိုပဲ အားကိုးကြရ၏။ မွှေကြော်ဖြစ်လျှင်ပင် ယနေ့မနက်စာအတွက် အအသီးအရွက်ကြော်၊ ကြက်သားပြားမွှေကြော်၊ တို့ဟူးနှင့် ပုစွန်ထမင်းကြော်တို့လိုမျိုး မွှေကြော်များသာပဲ ဖြစ်လေသည်။
ပင်မမီးဖိုချောင်က ခန်းမဆောင်နှင့် အနီးဆုံးဖြစ်ပြီး ကျန်းရှုယောင် ဤနေရာတွင် သခင်မကြီးအတွက်မနက်စာ ပြင်ဆင်ရန် စီစဉ်နေသည်။
သူမက လက်ယပ်ခေါ်လိုက်ပြီး သူမနောက်လိုက်လာသော အစေခံလေးက သစ်သားအိတ်ကို ရှေ့သို့ သယ်သွားသည်။
"ဒါက ငါပြင်ဆင်ထားတဲ့ မနက်စာပဲ...အဲဒါကို အဓိက အစားအစာအဖြစ် မှတ်ယူလို့ရတယ်...မီးနဲ့နွှေး ...ပါဝင်ပစ္စည်းတွေထည့်ဖို့ ပိုင်ကျီကို စောင့်ပြီး အတူတူ ခန်းမထဲ ပို့လိုက်"
“ဒါ…”
ချွေးမက ယောက္ခမကို မျက်နှာလုပ်ချင်သည်။ သူတို့လည်း မြင်ဖူးပေမဲ့ အများစုက စွပ်ပြုတ်ပဲလုပ်ကြ၏။ မနက်စာကို ပင်မမီးဖိုချောင်သို့ ယူဆောင်သွားခြင်းမျိုး အမှန်တကယ်မရှိပေ။
"ငါက ပင်မမီးဖိုချောင်ထဲမှာ အစားအသောက်တွေ လာနွှေးရုံတင်... ဒီမှာက နီးတော့ စားစရာတွေ အေးမသွားဘူးလေ... သခင်မကြီး နင်တို့ကို အပြစ်တင်မှာ မကြောက်နဲ့...ငါရှင်းပြလိုက်မယ်"
ထမင်းချက်က ဘာမှ မပြောဝံ့ပေ။
ပိုင်ကျီက အစေခံအနည်းငယ်ဖြင့် ပင်မမီးဖိုချောင်တွင် နေခဲ့ပြီး ကျန်းရှုယောင်က ကျန်သည်များကို ခန်းမထဲသို့ ခေါ်သွားလိုက်သည်။
ရှုရှီနှင့်ကျောက်ရှီတို့ ခန်းမထဲသို့ ရောက်ခါရှိသေး ကျန်းရှုယောင်နှင့် တွေ့လိုက်ရသည်။ ရှုရှီကပဲ သူမကို ခေါင်းညိတ်ပြီး နှုတ်ဆက်သည်၊ ကျိုးရှီက တစ်ချက်ပင်မကြည့်။
ခဏအကြာတွင် အစေခံက ကန့်လန့်ကာကို ဆွဲတင်လိုက်ပြီး သုံးယောက်သား သခင်မကြီးကို ဂါရဝပြုရန် ဝင်လာကြ၏။ဂါရဝပြုပြီးနောက် ကျိုးရှီက ထွက်သွားပြီး ရှုရှီက သူမယောက္ခမကို အလုပ်အကျွေးပြုရန် နေခဲ့သည်မှာ ဆယ်နှစ်တိုင်တိုင်ဖြစ်သည်။ မှန်ပေသည်၊ ယခုအခါ ကျန်းရှုယောင်လည်း ရှိနေ၏။
ကျန်းရှုယောင်က စိုးရိမ်နေပုံရသော်လည်း သခင်မကြီးက အနေအထိုင်မပျက်နိုင်ဘဲ သူမ အစားအသောက်မပျက်စေရန် ဤနေရာတွင် မနေရန်ပြောသောကြောင့် ဘာမှမပြောတော့ပေ။
ရှုရှီ သခင်မကြီးကို ထိုင်ရန် ကူညီပေးပြီးသည့်နောက်မှာ အစေခံများကို ထမင်းဟင်း တည်ခင်းရန် အမိန့်ပေးခဲ့သော်လည်း ယနေ့ အစားအသောက်တည်ခင်းသည့်အစေခံများက ရေသံဂလုတ်ဂလုတ်ဖြင့်စမ်းချောင်းကြောင့် ဖွင့်ထားသည့် တူးမြောင်းတစ်ခုလို အပိုလိုင်းတစ်ခုနှင့် ထွက်လာသည်ကို တွေ့လိုက်ရပြီး အလွန်ရုတ်ချည်းဆန်၏။
သူမ အနီးကပ်ကြည့်ပြီးနောက်... ဒါကအစတုန်းက ကျန်းရှုယောင်ရဲ့အစေခံမဟုတ်ဘူးလား...
ရှုရှီ သူတို့က ကျန်းရှုယောင်နားက လူတွေနှင့်တူသည်ဟု သူမကိုယ်သူမ တွေးခဲ့သည်။ သူမက သိသိသာသာပင် အံဝင်ခွင်ကျဖြစ်မနေဘဲ သူမ၏မျက်နှာမှာ တည်ငြိမ်အေးဆေးနေသော်လည်း သူမအသက်ရှုမဝဖြစ်နေသည်။
သူမ ကျန်းရှုယောင်ကို လှည့်ကြည့်ကာ မေးလိုက်၏။
"ညီမ ဘာကိစ္စရှိလို့လဲ"
သခင်မကြီးလည်း တွေ့သဖြင့် မျက်မှောင်ကြုတ်ကာ ကြည့်နေလေသည်။
ကျန်းရှုယောင်က ၎င်းတို့၏ မကျေနပ်မှုများကို သတိမမူမိဘဲ ပြုံးလျက်ဆို၏။
"ချွေးမက နှုတ်ရေးမကောင်းတော့ ယောက္ခမကို ဝတ်ကြီးဝတ်ငယ်ပြုချင်ပေမဲ့ ဆိုးဆိုးရွားရွား ပြုမူမိပြီး ရွံရှာဖွယ် အဆုံးသတ်သွားရတယ်....."
သခင်မကြီးနှင့်ရှုရှီ အမှန်ကို အတူတူ တွေးမိကြသည်။ ငါတို့သိတယ်...
သူမ၏ပါးပြင်များက ပိုထူလာကာ ဤသည်ကို မတရားဟု ခံစားရ၏။
"...ဒါကြောင့် ချွေးမက အစားအသောက်တချို့ကို လေ့လာရတာ ကြိုက်တယ် ဆိုတော့ အမေ့ရဲ့ မနက်စာမှာ ဟင်းလျာတချို့ ထည့်လို့ ရတယ်လို့တွေးမိလိုက်တယ်...အကြိုက်နဲ့ လိုက်လျောညီထွေ မဖြစ်ရင်တောင် အသစ်အဆန်းဖြစ်တယ်လေ...နေ့တိုင်းဒါချည်း ထပ်ခါထပ်ခါစားရတာလိုမျိုးမဟုတ်တော့ စိတ်ခံစားချက်ကို ပိုသာယာစေနိုင်တယ်"
ရှုရှီ "နေ့တိုင်းလို ထပ်ခါထပ်ခါ စားရတာမျိုးမဟုတ်ဘူး" ကို ကြားလိုက်ရသောအခါ သူမ စိတ်ထဲမှာ ထိတ်လန့်တကြား ခံစားလိုက်ရသည်။ ရှန်းယန်အိမ်တော်က ချမ်းသာကြွယ်ဝဝသည်ဟု သူတို့အားလုံးက ပြောကြသည်၊ သို့သော် သူမ သူတို့ ဤမျှလောက် အသုံးအဖြုံးကြီးမည်ဟု မမျှော်လင့်ထားပေ။ ကျန်းရှီက သူမရဲ့အိမ်မှာရှိတုန်းက နေ့တိုင်းစားရတဲ့မနက်စာတောင် မထပ်ဘူးလား...
သခင်မကြီးက ထိုသည်ကိုသဘောမကျပေ။ "မနက်စာအတွက် ဟင်းပေါင်းများစွာရှိတယ်..
အဲဒါက မြို့စားရှဲ့အိမ်တော်မှာ ဆယ်စုနှစ်နဲ့ချီပြီး လိုက်နာခဲ့တဲ့ စည်းမျဉ်းတွေပဲ...နောက်ထပ်တစ်ခု ထပ်ထည့်ရင် ဖြုန်းတီးတာပဲ"
ကျန်းရှုယောင်က ပိုင်ကျီကိုရှေ့တိုးရန် လက်ယက်လှမ်းခေါ်ပြီးဆိုလိုက်၏။
"မဟုတ်ပါဘူး... ဒီနေ့ပြင်ဆင်ထားတဲ့ တိုဟူးပူတင်းက ပဲပိစပ်နဲ့လုပ်ထားတာ...အိမ်မှာပဲလုပ်တာ... စျေးသိပ်မကြီးဘူး... အရသာလည်းရှိတယ်"
သမိုင်းထဲတွင် တို့ဟူးပူတင်းကို ဟန်မင်းဆက်၌ တီထွင်ခဲ့သော်လည်း ဤနေရာတွင် မရှိပါချေ။ တို့ဟူး နှင့် တို့ဟူးပူတင်း အကြားအကြီးမားဆုံးကွာခြားချက်မှာ "ဆားရည်စိမ်" အဆင့်တွင်ကွာခြားချက်ရှိပြီး ဆားရည်၏ပြင်ဆင်မှုသည် ထွက်လာသည့်ကုန်ချောကို နူးညံ့မှုရှိမရှိဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။
တိုဟူးပူတင်းနှင့် တို့ဟူးကြားတွင် ကွာခြားချက်ရှိသော်လည်း ခြားနားခြင်း သိပ်မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့နှစ်ခုသည် အာဟာရဓာတ်ပြည့်ဝသော နံနက်စာအမျိုးအစားတွင် နေရာတစ်ခုကို သိမ်းပိုက်နိုင်ခြင်းမှာ ၎င်းတို့၏အရည်အချင်းကိုဖော်ပြနေ၏။
ပိုင်ကျီက သခင်မကြီးကို လေးစားစွာ အရိုအသေ ပြုလိုက်သည်။ သူမက ကျန်းရှုယောင်ထက် များစွာသာလွန်ကောင်းမွန်ပြီး အရိုအသေပြုခြင်း နှင့် ဟင်းလျာများ စီစဉ်ပေးခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် မျက်စိပသာဒဖြစ်ဖွယ်ဟု မှတ်ယူရလောက်အောင်ပင်။
သူမက ပန်းကန်ခွက်ထဲမှ တိုဟူးပူတင်းကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။ တိုဟူးပူတင်းက ဖြူဖွေးနူးညံ့ကာ ချောမွေ့နေပုံရပြီး သူမက ဇွန်းတစ်ဇွန်းစာကော်ပြီး ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်လိုက်သည်။ တို့ဖူးထက် အနည်းငယ် နူးညံ့ပြီး နို့ထက်ပိုတင်းသည်။
"ပန်းကန်တစ်ခုက တစ်စိမ့်စိမ့်အရသာ... နောက်တစ်ခုက အချို... ဘယ်ဟာ ပိုကြိုက်လဲ"
သခင်မကြီးက ၎င်းကို မစားကြည့်ချင်ပေ။ သူကတစ်ခုခု ယူလာပေးတာနဲ့ သူမက စားလိုက်မယ်ပေါ့... သူမက မျက်နှာလုပ်ဖို့ ဒီလောက် လွယ်သလား...
သို့သော် ကျန်းရှုယောင်က ပန်းတစ်ပွင့်လို ပြုံးလျက် ဘေးတွင်ရပ်နေကာ မတ်လရှိ နွေဦးကဲ့သို့ တောက်ပနေသည်။သခင်မကြီး ကလေးငိုစေမည့် မျက်နှာကို တကယ် ထိန်းမထားနိုင်တော့ပေ။
'ဒီချွေးမက ဘာလို့ဒီလောက်လှတပတလေး မွေးလာရတာလဲ...ဘာလို့ အရင်က သူမဆီက ဘာကောင်းတာမှ မကြားဖူးတာလဲ...'ဟု သခင်မကြီး တွေးမိသည်။ သူမက ဣန္ဒြေသိက္ခာမဲ့ပြီး ရယ်စရာကောင်းကာ ရုပ်အလွန်ဆိုးသည်ဟု လူအများက ပြောကြသည်။
တွေးရင်းနှင့် သူမ "ဟုတ်ပြီ" ဟု ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ ပူတင်းနှစ်ပန်းကန်ကို လျစ်လျူရှုကာ ထမင်းရည်နှင့် ဟင်းရွက်ချဉ်ကို သူမဘာသာသူမ ယူခဲ့သည်။
ကျန်းရှုယောင် အရာမထင်သည့်အတွက် အနည်းငယ် စိတ်ပျက်သွားသည်။ဤသည်က ရှဲ့ရွှင်း၏ကောင်းကွက်ကို အမှတ်ရစေ၏။ သူ့မှာ လျစ်လျူရှုတတ်သည့် စိတ်နေစိတ်ထားနှင့် အေးစက်သည့်မျက်နှာထားရှိပေမဲ့ စားချင်စိတ်ပြင်းပြသည့် အားသာချက်တစ်ခုလည်းရှိလေသည်။
ယခုလည်း သူမက မနက်စာကို လုံ့လစိုက်ထုတ်ပြီး ပေးခဲ့သော်လည်း ယောက္ခမက အေးစက်စွာ ကြည့်နေခဲ့သည်။ သူမ မနက်စာ မစားရသေးပေ၊ သိပ်မကြာခင် မစားပါက သူမတို့ဟူးပူတင်း အေးသွားလိမ့်မည်။
သူမက ဦးညွှတ်ပြီးပြောလိုက်၏။
“အလုပ်အကျွေးပြုဖို့ ယောက်မတစ်ယောက်ရှီနေတော့ ချွေးမက မျက်စိနောက်အောင် ဒီမှာမနေသင့်ဘူး... အမေက ချွေးမ ချက်တဲ့ အစားအစာတွေကို မြည်းစမ်းဖို့ မျှော်လင့်နေတုန်းပါပဲ...ချွေးမရဲ့အမေက အိမ်မှာ ဒါကို အရမ်းကြိုက်တာ ...သူ(မ)ကအမေနဲ့အကြိက်တူနိုင်လောက်မယ်၊အမေရဲ့ စိတ်နဲ့ အံဝင်ခွင်ကျဖြစ်မယ်ထင်ခဲ့တာ..…”
မုသားစကားက ဝန်ထုပ်ဝန်ပိုးမရှိဘဲ ပါးစပ်ပွင့်ဟလာသည်။ သနားစရာကောင်းပြီး နီးကပ်ရန်ရွယ်ခဲ့ခြင်းဖြစ်၏။
သခင်မကြီးက ရှေ့မှာ နာခံမှုရှိပြီး လျှို့ဝှက်တွက်ချက်နေမှုများကို မြင်နေကျဖြစ်သော်လည်း အရေထူသည်ကို အားကိုးသည့် ထိုကဲ့သို့သော လုပ်ရိုးလုပ်စဉ်ကို သူမ မမြင်ဖူးပေ။
ကျန်းရှုယောင် ပြေးထွက်သွားပြီး ပူနေချိန်မှာ သူမ၏ မနက်စာကိုစားရန် ပျော်ရွှင်စွာခုန်ပေါက်နေခဲ့သည်။ သခင်မကြီးကမူ ထိုင်နေရင်း သူမ ကြမ်းတမ်းလွန်းသွားသလားဟု ပြန်စဉ်းစားကာကျန်နေခဲ့၏။
သူမ ရင်ခွင်အောက်မှာ ကြီးပြင်းလာသည့် ချစ်စရာကောင်မလေးရှဲ့ဖေးက နည်းအမျိုးမျိုးနှင့် အလိုလိုက်ခံခဲ့ရပေမဲ့ မိခင်နှင့်သမီးကြားက ချစ်ခြင်းမေတ္တာအကြောင်း ထုတ်ပြရန်သည်းမခံနိုင်ပါချေ။ ကျန်းရှီကလည်း သူမကို စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ကျန်းရှီနှင့် ထိုဆိုးသွမ်းသော အမျိုးသမီးများအတွက် ခက်ခဲသောအရာများကို တမင်တကာလုပ်ပြခြင်းကြားက ကွာခြားချက်ကအဘယ်နည်း။
ကျန်းရှီ၏ခြေလှမ်းများ လျင်မြန်စွာ နင်းလျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ စိတ်ထဲတွင် မသက်မသာ ဖြစ်ခဲ့ရသည်။
Xxxx