Chapter 18
တို့ဟူးပူတင်း
အချိုလား တစိမ့်စိမ့်အရသာလား အငြင်းပွားမှုသည် အကျော်ကြားဆုံး အွန်လိုင်းစစ်ပွဲများထဲမှ တစ်ခုဖြစ်သည်။ စားရေးသောက်ရေးကိစ္စမှာ အစားအသောက်သမားများက ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပေ။ အချိုနှင့် တစိမ့်စိမ့်အဖွဲ့များသည့် နှစ်အတော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး အဆုံးအဖြတ်မပေးနိုင်ခဲ့ပါချေ။
တစိမ့်စိမ့် တို့ဟူးပူတင်းကို ပါးပါးလှီးထားသောကြက်သွန်နှင့် မုန်ညင်းစိမ်းများဖြူးပြီး ၊ဆော့စ်အစပ်လေးစမ်း ၊ကြွပ်ကြွပ်ရွရွလေးပေါင်းထားသော မုန့်ညက်ချောင်းဖြင့် တည်ခင်းပါက လူအများကို "ဒီနေ့လည်း ကောင်းသောနေ့ပါပဲ" ဟူ ထင်ယောင်ထင်မှားဖြစ်စေလောက်လေသည်။
တို့ဟူးပူတင်းအချိုက အချိုကြိုက်သူများကို ဆွဲဆောင်နိုင်ချေ ပိုများသည်။ ပျော့ပျောင်းသော တို့ဟူးပူတင်းပူပူကို သကြားဆော့စ်လေးစမ်းထားသည်က လန်းဆန်းသော ပဲရနံ့ဖြင့် ခံတွင်းထဲတွင် အရည်ပျော်သွားလိမ့်မည်ဖြစ်သည်။ ၎င်းကို အဓိက အစားအစာ သို့မဟုတ် အချိုပွဲအဖြစ် စားသုံးနိုင်သည်။
ယခုအချိန်တွင် ကြံချို၊ သဘာဝကုန်ကြမ်းများနှင့် ပြုလုပ်ထားသည့် သကြားညို ပေါ်လာပြီဖြစ်သည်။ 'Compendium of Materia Medica'တွင် သကြားညိုက "သဲကဲ့သို့ ပြန့်ကျဲနေကာ ကျောက်ကဲ့သို့ သိပ်သည်းသည်။ သကြားပွင့်များက သဘာဝအရ နွေးထွေးပြီး သရက်ရွက်ကို သက်သာစေပြီး အသည်းကို သက်သာစေသည်"ဟုတစ်ခါက မှတ်တမ်းတင်ထားသည်။ သူ့မှာ ဆေးဖက်ဝင်တန်ဖိုးရှိသည်။
ကျန်းရှုယောင် နှစ်ခုစလုံးကို လုပ်ခဲ့ပြီး ဘယ်အရာက သခင်မကြီး၏အကြိုက်နှင့် ကိုက်ညီသည်ကို သိရန်သက်သက်ဖြစ်သည်။
သခင်မကြီးက ရိုးရှင်းလွန်းသော နံနက်စာကိုစားခဲ့သည်။ သူမက တို့ဟူးပန်းကန်နှစ်လုံးကို မမြင်ဖူးသော်လည်း စားရခက်ပြီး အဆင်မပြေဟု ခံစားရသည်။
ရှုရှီ ကသခင်မကြီးအား မနက်စာကျွေးရန် ဘေးတွင်ရပ်နေကာ သဘာဝအတိုင်း သူမ တို့ဟူးပူတင်းအချိုကို ခိုးကြည့်နေသည်ကိုတစ်စုံတစ်ယောက်တွေ့သွားမည်ကို စိတ်ပူစရာမလိုပါချေ။ ဖြူဖွေး နူးညံ့ပြီး အိတုန်အိတုန်ဖြစ်နေသော တိုဟူးကို သကြားညိုဖြင့် အုပ်ထားသည်။ ပုံမှန်တိုဟူးထက် ချောမွေ့ပုံရပြီး ဘယ်လိုအရသာရှိလဲတော့ မသိ...
ရှုရှီ တိုဟူးထက် ပိုနူးညံ့ပုံရသည့်သကြားဆော့စ်နှင့် တိုဟူးပူပူအရသာအကြောင်း စဉ်းစားနေသည်။
သူမယောက္ခမကို နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုနေသည့် ချွေးမတစ်ယောက်အနေဖြင့် သခင်မကြီး၏ မသက်မသာဖြစ်နေမှု ဖြစ်နေသည်ကို သဘာဝအတိုင်း မြင်တွေ့နေရပေမဲ့ ကျန်းရှုယောင်ကိုကူ၍ သခင်မကြီး စိတ်ကျေနပ်အောင် လုပ်ပေးရန်မဆိုထားနှင့်၊ စကားအများကြီးပင်ပြောလိမ့်မည်မဟုတ်ပေ။
သူမ တို့ဟူးပူတင်းအချိုကို လှမ်းကြည့်ကာ အေးသွားသောအခါ အရသာမကောင်းတော့ဟု တွေးလိုက်မိသည်။
နှစ်ယောက်သား မတူကွဲပြားသော အကြောင်းအရာများကို တွေးတောနေစဥ် ရုတ်တရက် လူတစ်ယောက် အိမ်ထဲသို့ ပြေးဝင်လာသည်။
"အမေ..."
ရှဲ့ဖေးက လူမရောက်ခင် အသံက အရင်ထွက်လာ၏။
သူမ အပြေးဝင်လာပြီး သခင်မကြီး မနက်စာစားနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမက ဝတ်ကျေတမ်းကျေ အရိုအသေပေးကာ ပြုံးလျက် မတ်တတ်ရပ်လိုက်သည်။
သခင်မကြီးက သူမကို အလိုလိုက်ပြီး “ဒီနေ့ဘာလို့ အစောကြီးထနေတာလဲ” ဟု အကူအညီမဲ့စွာ ပြောလိုက်၏။
"အမေ မေ့သွားပြီလား...သမီး ဒီနေ့ ဟဲဝမ်ယောင်နဲ့ တခြားသူတွေနဲ့ ပိုလိုကစားဖို့ သွားမလို့"
"နင်...နင်..."
သခင်မကြီးက သူမ နဖူးကို လှမ်းပုတ်ပြီးဆိုသည်။
"ငါအရင်က နင်မအိပ်ချင်တာ မတွေ့ဖူးဘူး"
ရှဲ့ဖေးက ခေါင်းကျို့ကာ သူမအမေကို ရှောင်လိုက်ပြီးပြောလေ၏။
"အမေ့ကို အဲ့ဒါ လာပြောတာ...သမီးကတန်းသွားတော့မှာ"
"ဘာတွေအလျင်လိုနေတာလဲ... မနက်စာစားပြီးပြီလား"
သခင်မကြီးက ရှဲ့ဖေးအခုမှအိပ်ရာထခါစဖြစ်သည်ကို ထွင်းဖောက်မြင်နိုင်ပြီး အဆာပြေ လမ်းတွင် မုန့်အချို့စားမည်ဖြစ်ကြောင်းခန့်မှန်းမိသည်။
"မစားရသေးဘူး..."
ရှဲ့ဖေးက မကျေမနပ်ဖြင့် ပြန်ဖြေ၏။ သူမအမေက မနက်စာမစားဘဲ လွှတ်မှာမဟုတ်ဘူးဆိုသည်ကို သူမသိသည်။
သေချာသည်ပင်၊ သူမအသံ ထွက်သွားသည်နှင့် သခင်မကြီးက အစေခံများကို သူမအတွက် ထမင်းပြင်ပေး ခိုင်း၏။
ရှဲ့ဖေး အလျင်လိုနေသည်။ အစေခံများ အစားအသောက်ပြင်ဆင်ရန် မီးဖိုချောင်သို့ အပြန်ပြန်အလှန်လှန်သွားမည်ကို စောင့်ဆိုင်းရန် အချိန်မရှိပေ။ စားပွဲပေါ်က တိုဟူးပူတင်း ပန်းကန်နှစ်လုံးကိုတွေ့သောအခါ "ဒါပဲစားမယ်... ဒါက ဘာလဲ...တစ်ခါမှ မမြင်ဖူးဘူး" ဟုပြောလိုက်၏။
ရှုရှီနှင့် သခင်မကြီးကြက်သေသေသွားကာ ဘယ်သူမှ ပြန်မဖြေကြပေ။
၎င်းကိုမြင်သောအခါ ရှဲ့ဖေး တုံ့ဆိုင်းသွားပြီးပြောလေသည်။
"ဒါစားလို့ရမလား"
သခင်မကြီးက ရှက်ရွံ့စွာနေဟန်ရှိကာဆို၏။
"အဲဒါမဟုတ်....."
"ဒါဆို ဒါပဲစားမယ်"
ရှဲ့ဖေးက အစာစားခြင်းအတွက် ဗွေရှာနေခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ သူမက ယာဂုတစ်ပန်းကန် သောက်ရမည်ဖြစ်၏။ ဤသည်ကလည်း ပန်းကန်လုံးတစ်လုံးစာဖြစ်၍ အားလုံးအတူတူပါပင်။
သူမ တစိမ့်စိမ့်အရသာတိုဟူးပူတင်းကို ယူ၍ ရှေ့မှာထားပြီး အသစ်အဆန်းကို အနံ့ခံကြည့်ကာပြောလိုက်သည်။
"ဒါက ပြုတ်ထားတဲ့ တို့ဟူးပဲလား"
သခင်မကြီးကဆို၏။
“အဲ့ဒါမျိုးပဲ”
ရှဲ့ဖေး တိုဟူးပူတင်းတစ်ဇွန်းကိုယူ၍ ပါးစပ်ထဲသို့ထည့်လိုက်ရာ သူမ၏လျှာဖျား ရုတ်တရက် အပူလောင်သွားသည်။ အသက်ရှုရန် ပါးစပ်ကို မသိစိတ်က ဖွင့်ထားသော်လည်း နောက်ပိုင်းတွင် သူမ၏ အမူအကျင့်ကို သတိရကာ အမြန်ပိတ်လိုက်သည်။
ပူပူနွေးနွေး တိုဟူးပူတင်းက အလွန်နူးညံ့ချောမွေ့သည်၊ သူမ မဝါးမီပင် လည်ချောင်းမှ အောက်သို့လျှောကျကာ အစာအိမ်အထိ ရောက်သွားသည်။
ရှဲ့ဖေး အံ့အားသင့်သွား၏။ ပါးစပ်ထဲတွင် တစိမ့်စိမ့်အရသာရှိနေဆဲဖြစ်သော်လည်း သူမ ဘာမှမစားရသေးသလို ခံစားရသည်။
သူမ မော့ကြည့်လိုက်သောအခါ သခင်မကြီးနှင့် ရှုရှီက သူမကို တဖန်ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူမ အတော်လေး အံ့သြသွားသည်။ ဒီနေ့ သူတို့ ဖြစ်ပျက်ခဲ့တာက ထူးဆန်းတယ်...
ခေါင်းသုံးရသည်ကို မကြိုက်သည့်အတွက် သူမမေးလိုက်၏။
"ဒါ... ဒီနည်းနဲ့ စားတာမဟုတ်လား"
ရှုရှီက ခေါင်းယမ်းလိုက်ပြီး "အရသာက ဘယ်လိုလဲ"ဟု ဖြတ်ခနဲ မေးလိုက်သည်။
ရှဲ့ဖေးက ဂရုမစိုက်ဘဲ တဟူးဟူးမှုတ်နေရင်း နောက်တစ်ဇွန်းကို ယူလိုက်သည်။ သူမပါးစပ်ဆီ မရောက်ခင် အကြိမ်အနည်းငယ်ကြာပြီး အေးရန်လုံလောက်လေသည်။
ယခု သူမ ပူနွေး၊ နူးညံ့ပြီး ချောမွတ်သောအရသာကို ခံစားလိုက်ရသည်။ ဤသည်က သူမ၏ ပထမဆုံးအမြင်ဖြစ်၏။ တိုဟူးကိုလည်း ဤမျှနူးညံ့အောင် ပြုလုပ်နိုင်ကြောင်း သူမသိလိုက်ရသည်။ ၎င်းသည် ရေနှင့်တူသည်၊ ပါးစပ်ထဲတွင် အရည်ပျော်သွားကာ ဝါးစရာမလိုဘဲ မျိုချနိုင်သည်။
ဆော့စ်၏ ရိုးရှင်းသောအရသာက မူလလတ်ဆတ်သောပဲပိစပ်ရနံ့ကို ဖုံးမထားဘဲ အရသာရှိပြီး မငန်လွန်းပါချေ။ မနက်စောစော စားသုံးရန် သင့်လျော်သည်။
"အရသာရှိတယ်"
သူမ ခေါင်းညိတ်ပြပြီး တို့ဟူးပူတင်းကို မွှေကာ လက်စသတ်လိုက်သည်။ သူမဗိုက်မှာ ပူနွေးနေပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာရှိနေသည်။ သိသိသာသာကိုပင် သူမ ဗိုက်ဆာသလို မခံစားရပေမဲ့ ယခုချိန်မှာ ကျေနပ်စွာ စားသောက်ခဲ့၏။
သူမက စားပြီးသည်နှင့် ပါးစပ်ကို သုတ်လိုက်ပြီးပြောသည်။
"မီးဖိုချောင်မှာ ဒါလုပ်ထားတဲ့ ထမင်းချက်ကို ဆုတစ်ခု ပေးလိုက်ပါ"
သခင်မကြီး သီးသွား၏။
ရှုရှီ သူမယောက်မ၏ စိတ်ကို သိသောကြောင့် သဘာဝအတိုင်း သူမ မကျေနပ်ဖွယ် အဖြေကိုမထုတ်ချင်ပေ။
ထို့ကြောင့် နှစ်ယောက်လုံး ငြိမ်နေကြသည်။
ထိုသို့ တိတ်တိတ်နေ၍ အဆင်မပြေသည်ကို မြင်ပြီး ရှုရှီ ဘေးမှာ ရပ်နေသည့် နို့ထိန်းက မတ်မတ်ရပ်ကာဖြေလိုက်၏။
"စတုတ္ထသခင်မလေးကို ပြန်ကြားပါတယ်... တတိယသခင်မက အဲဒါကို လုပ်ခဲ့တာပါ"
တတိယသခင်မ....
ရှဲ့ဖေး ကြောင်အသွားသည်။
ဘယ်သူ...
သူမ မျက်တောင်ခတ်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမအသံက ရုတ်တရက် စူးရှလာကာဆို၏။
"ကျန်းရှုယောင်က ဒါကို လုပ်ထားတာလား"
သူမ အဝတ်အစားများချုပ်ခြင်း၊ လက်ဝတ်ရတနာများချီးမြှင့်ခြင်း၊ စာရေးခြင်း၊ လက်ကိုင်ပုဝါများ ပေးပို့ခြင်းစသည်တို့ဖြင့် အလုပ်များနေခဲ့သည်... ဤလူကို သူမမေ့လုနီးပါးဖြစ်ခဲ့သည်။
သခင်မကြီးက သူမကို ယောက်မနာမည်ကို တိုက်ရိုက်ခေါ်ခြင်းကြောင့် ရိုင်းစိုင်းသည်ဟု အပြစ်မတင်ပါဘဲ ရှင်းပဲပြလိုက်၏။
“ဒါက နင့်ယောက်မရဲ့ မနက်စာပဲ”
သူမစိတ်ထဲတွင် ကျန်းရှုယောင် ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးသည်ကို သူမ မယုံပါချေ။
"ကမ္ဘာမှာ အလကားရတဲ့နေ့လည်စာဆိုတာ မရှိဘူး... သူဘာလို့ မနက်စာ လာပို့တာလဲ...ပင်မမီးဖိုချောင်မှာ ထမင်းချက် မရှိဘူးလား..
ဒါမှမဟုတ် ဒီပန်းကန်လုံးလေးစားရတာက သူ့အတွက် ထူးခြားနေလို့လား... တိုဟူးလေးပဲ မဟုတ်ဘူးလား"
ရှဲ့ဖေး ရှက်သွားသည်။ ကျန်းရှုယောင် ကျွေးသည့်မနက်စာ ကို သူမ တကယ်စားပြီး ချီးကျူးမိခဲ့သည်။ ယခု စားပြီးပြီဖြစ်သဖြင့် အန်မထုတ်နိုင်တော့ပေ။ တကယ်ရှက်စရာကောင်း၏။
ကြွေပန်းကန်အလွတ်က သူမရှေ့တွင်ရှိနေဆဲဖြစ်ပြီး ပို၍ရုပ်ဆိုးသည့်အရာများကို သူမ မပြောနိုင်ပေ။ သူမ နှုတ်ခမ်းများက ပွင့်ချည်ပိတ်ချည်ဖြစ်နေပြီး ဗြုန်းခနဲ ထရပ်ကာ ဗလုံးဗထွေးပြောသည်။
"သမီး အရင်သွားတော့မယ်... အမေ ဖြည်းဖြည်းစားပါ"
သူမက ရှက်ရွံ့စွာ ပြေးသွားကာ ရှုရှီ နှင့်သခင်မကြီးကို အရှက်တောထဲတွင် ထားခဲ့သည်။
ထမင်းပွဲက တကယ်ကို စိတ်မသက်မသာဖြစ်ရသဖြင့် သခင်မကြီး အစာစားချင်စိတ် ပျောက်ပြီး လူတွေကို သိမ်းရန် လက်ကို ဝှေ့ယမ်းလိုက်သည်။
ရှုရှီက နေစရာ မလိုတော့သဖြင့် အရိုအသေပြုပြီး ပြန်အနားယူလိုက်၏။
ခန်းမထဲမှ ထွက်လာပြီးနောက် ရှုရှီ အနည်းငယ် မျက်မှောင်ကြုတ်ကာ ထမင်းပွဲယူသွားသွားသော အစေခံ၏ နောက်ကျောကို ကြည့်လိုက်သည်။ သခင်မကြီးစားထာသည့် အစားအစာတွေက ပုံးထဲကို သဘာဝအတိုင်း ရောက်သွားပေမဲ့ တိုဟူးပန်းကန်က ပင်မမီးဖိုချောင်၏အစေခံဆီ ရောက်သွားခြင်း ဖြစ်နိုင်၏။
ရှုရှီ တို့ဟူးပူတင်းအချိုပန်းကန်ကိုတွေးရင်း သနားစရာကောင်းသည်ဟု တိတ်တိတ်လေး တွေးလိုက်မိသည် ။
...
ရှဲ့ရွှင်း အရှေ့နန်းတော်တွင် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် နေ့လည်စာစားခဲ့သည်။ သူ ဟင်းကို ထမင်းကို စိတ်မပါလက်မပါစားနေခဲ့၏။ ကြက်သားမွှမွှတစ်လုတ်စာက မနေ့ညက ကြက်တောင်ပံများကို တွေးမိစေပြီး ထမင်းတစ်လုတ်က မနေ့ညက ခေါက်ဆွဲကြော်ကို ပြန်သတိရစေသည်။
ဤဟင်းများ၏အရသာက အတော်လေးညံ့၏။ အကောင်းဆုံး ဟင်းပွဲများကပင် အရသာမရှိ၊ အိမ်မှာစားသည်က ပိုကောင်းသည်။
လင်းချန် သူ၏ဝေစုကို စားသောက်ပြီးသောအခါတွင် ရှဲ့ရွှင်း၏ဝေစုက တစ်ဝက်ကျော်ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။
"ပေါယွမ်... မင်းစိတ်ထဲမှာ တစ်ခုခုရှိနေတာလား"
ရှဲ့ရွှင်း အာရုံပြန်ဝင်လာပြီး ခေါင်းကိုခါယမ်းကာ သူ့တူများကိုချ၍ "ငါစားချင်စိတ်သိပ်မရှိလို့... ဒါပါပဲ" ဟုပြောလိုက်သည်။
လင်းချန်က မျက်နှာပေါ်တွင် နားလည်မှုရှိသော အမူအရာပြပြီး သူ့ပုခုံးကို သနားညှာတာစွာ ပုတ်လိုက်သည်။
ရှဲ့ရွှင်း သူ၏ရွယ်တူချင်းများထဲတွင် ထူးချွန်ထက်မြက်သော လူငယ်ပါရမီရှင်ဖြစ်သည်။ တော်ဝင် စာမေးပွဲတွင် တတိယဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက်အရာရှိ နှစ်ခုစလုံးအတွက် သင့်တော်၏။ တည်ငြိမ်အေးချမ်ပြီး ချောမောလှပသော အသွင်အပြင်ဖြင့် "သမိုင်းတွင် နံပါတ်တစ် အမျိုးကောင်းသား"ဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်သူဖြစ်သည်။ မြို့တော်ရှိ မည်သည့်လူငယ်က သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် မမှတ်ယူသနည်း။
သို့သော် ထိုသို့သော အမျိုးကောင်းသားသည် ထိုမိန်းမနှင့် အိမ်ထောင်ပြုခဲ့၏။ ယင်းက တကယ်ကို... လင်းချန် ကျန်းရှုယောင်ကို အရင်က မြင်ဖူးသည်။ ဤအမျိုးသမီးက ထူးထူးခြားခြား ဝတ်စားဆင်ယင်ပြီး ဣန္ဒြေသိက္ခာမဲ့သည့် အမူအရာ ရှိ၏။ ရှဲ့ရွှင်းနှင့် ထိုက်တန်သည့်အရာ သူမတစ်ကိုယ်လုံးမှာ ဘာမှမရှိပါချေ။
ရှဲ့ရွှင်း အိမ်ထောင်သက် တစ်လကျော်ပြီဖြသ်သည်ကို တွေးကြည့်ပါက နေ့တိုင်း ထိုကဲ့သို့သော ဇနီးသည်ကို မျက်နှာချင်းဆိုင်နေရသည့်အတွက် သေချာပေါက် နေ့တိုင်း ဒုက္ခရောက်နေပေလိမ့်မည်။
"ဒီနေ့ တာဝန်ပြီးရင် နည်းနည်းပါးပါးသောက်ဖို့ ဇွေ့ရှောင်အဆောက်အဦးကို သူငယ်ချင်းတွေကို ဖိတ်လို့ရတယ်... မင်းဘယ်လိုထင်လဲ"
ရှဲ့ရွှင်းက မျက်ခုံးပင့်ကာ ခေါင်းယမ်းလျက်ဆို၏။
"ဒီနေ့ အိမ်မှာ တစ်ခုခုရှိနေတယ်...မြန်မြန်ပြန်ရမှာ"
ဒီနေ့ ကျန်းရှီက သူနဲ့ ညစာအတူစားမယ်လို့ပြောတယ် အဟွတ်... သူသဘောတူထားပြီးသားဖြစ်လို့ တခြားသူကို စောင့်ခိုင်းစရာ အကြောင်းမရှိဘူး...
လင်းချန်က ခေါင်းညိတ်ကာ စကားရပ်လိုက်ပြီး ရှဲ့ရွှင်း၏ ပခုံးကို ထပ်မံ ပုတ်လိုက်သည်။
ရှဲ့ရွှင်း ထူးဆန်းသောနေရာတွင် အထားခံလိုက်ရသည်။ သူက လင်းချန် ထွက်သွားသည်ကို ကြည့်ပြီး နောက်ပြန်လှည့်ကြည့်ကာ ဘာဖြစ်နေလဲ နားမလည်ဘဲ သူ့ပခုံးကို ကြည့်လိုက်၏။
အလုပ်ပြီးသည့်အခါ ရှဲ့ရွှင်း သူ့လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့သည်။ မြို့စားရှဲ့အိမ်တော်၏တံခါးဝသို့ရောက်သောအခါ ကောင်းကင်က စောနေသေးသည်ကိုမြင်သဖြင့် ခဏမျှစဉ်းစားကာ မြင်းပေါ်မှမဆင်းဘဲ အိမ်တော်တံခါးဝသို့မပြန်မီ အကြိမ်အနည်းငယ်မျှ အပတ်ရေအနည်းငယ် လှည့်ပတ်လိုက်သည်။
မြင်းပေါ်မှ ဆင်းပြီးနောက် အနောက်ခြံဝင်းသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ လမ်းတစ်ဝက်မှာ သူ့အကြီးဆုံးတူလေး ရှဲ့ရယ်နှင့်တွေ့လိုက်၏။
"တတိယ ဦးလေး... ညစာအစောကြီးစားတာလား"
ရှဲ့ရယ်က တစ်လှမ်းချင်း လမ်းလျှောက်နေသည့် သူ၏ ချောမောသော တတိယဦးလေးကို မြင်လိုက်ရချိန်တွင် အံ့သြသွားသည်။
ရှဲ့ရွှင်း၏ အေးစက်သော မျက်နှာက အနည်းငယ် ပိုအေးစက်လာသည်။ သူ ရှဲ့ရယ်ကို စိုက်ကြည့်ကာ သာမာန် အရှိန်အတိုင်း ပြန်ရောက် သွားပြီး ကျက်သရေရှိစွာ လွင့်မျောထွက်သွားသည်။
ရှဲ့ရွှင်း ဒေါသထွက်သွားသော်လည်း
သူရှဲ့ရယ်ကို စိတ်မဆိုးဘဲ သူ့ကိုယ်သူဒေါသထွက်ခြင်းဖြစ်၏။
သူ့ရဲ့အပြစ်ရှိစိတ်က ဘောက်မဲ့ကြောင့်လဲ... သိက္ခာမဲ့တဲ့ ဒီဘဝမှာ သူလုပ်ခဲ့သမျှက ခါတိုင်းထက်စောပြီး ပြန်လာခဲ့တာပဲမဟုတ်ဘူးလား...သူက ဘာလို့အချိန်ဆွဲနေတာလဲ... ကျန်းရှီက သူထမင်းစားဖို့ အရမ်းစိတ်အားထက်သန်နေတယ်လို့ ထင်မှာစိုးတဲ့အတွက်လား...
ခြံဝင်းကို ရောက်သောအခါ ရှဲ့ရွှင်း သူ့အတွေးများကိုပြန်သုံးသပ်ပြီးပြီဖြစ်ပြီး သူ့အမူအရာက သဘာဝကျပြီး ငြိမ်သက်နေသည်။ ခြံဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် မွှေးကြိုင်သော မွှေးရနံ့ကို ရှူရှိုက်မိလိုက်သည်။
ကြည့်... အိမ်ပြန်ဖို့ မစောလွန်းဘူး... ညစာ ပြင်ထားပြီးသားပဲကဲ...
မွှေးရနံ့က ခြံတစ်ခုလုံးကို လွှမ်းသွားသည်။ လောဘကြီးသော အစေခံလေးက သူမလက်ထဲမှ အလုပ်ကို ချလိုက်ပြီး မီးဖိုချောင်အနီးသို့ ပြေးသွားပြီး ခေါင်းပြူကြည့်နေခဲ့သည်။ ခြံတံခါးမှ ရှဲ့ရွှင်း ဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူမ ထိတ်လန့်လွန်း၍ ချက်ချင်းပင် အငွေ့ပျံ သွားခဲ့သည်။
ရှဲ့ရွှင်း အဆင်မပြေဖြစ် ပြန်သည်။ ယခု ကျန်းရှီက မီးဖိုချောင်ငယ်လေးတွင် ရှိနေလောက်သည်။ သူစောင့်နေဖို့ အရှေ့တောင်ပံကို တိုက်ရိုက်သွားသင့်သလား ဒါမှမဟုတ် မီးဖိုချောင်ငယ်လေးမှာ သူမကို သွားတွေ့သင့်သလား...
ခြံဝင်းအလယ်မှာ ရပ်ပြီး စဉ်းစားနေခဲ့သည်။
ခြံဝင်းထဲမှာ မွှေးရနံ့ပြင်းပြင်းက သင်းပျံ့နေပြီး အစေခံမလေး ခုန်ပေါက်ပြီး အဝေးကို ထွက်ပြေးသွား၏။ စင်္ကြံပေါ်ရှိ အစေအပါးတို့ကိုကား မတွေ့ ရပေ။ ညမိုးချုပ်သည်နှင့်အမျှ နေဝင်ချိန်က ပိုးဇာလွှာကဲ့သို့ တောက်ပနေပြီး တံစက်မြိတ်များနှင့် သစ်ပင်ထိပ်များကို နွေးထွေးသောအရောင်ဖြင့် လွှမ်းခြုံထားသည်။
ယခင်က လူသူကင်းမဲ့ပြီး စည်းစနစ်ကျသည့် ဝါးစိမ်းခြံဝင်း၏အသံကို နားထောင်လျက် စဉ်းစားရင်း ရှဲ့ရွှင်း အနည်းငယ် လမ်းပျောက်သွားရ၏။
လက်ထပ်ပြီးသည့်နောက် နေ့ရက်များက ဤသို့ဤပုံပါတကား... နေဝင်ချိန်ဆည်းဆာ၊ ညစာနှင့် ကမ္ဘာလောကကြီးက မီးရှူးမီးပန်းများသဖွယ်။
Xxxx