အပိုင်း ၂၂
Viewers 18k

Chapter 22


ပြဿနာရှာသည့်ယောက်မ


ကျန်းရှုယောင်  သူမရှေ့တွင် စိုးရိမ်တကြီးဖြစ်နေသော ကလေးမလေးကို ကြည့်ပြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။တို့ဟူးက အဲ့လောက်လည်းနံစော်မနေပါဘူးနော်... ဒူးရင်းဆိုလျှင် သူမ အနည်းငယ် နားလည်နိုင်ဦးမည်။


"မညစ်ပတ်ပါဘူး...အနံ့က ထူးဆန်းရုံပါ...ဒါပေမဲ့ အရသာရှိတယ်" 


သူမက ပြောပြီး ရှဲ့ယောင်ကိုက်ထားသော  တိုဟူးပုတ်ကို သူမပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။


 "ကြည့်...တကယ်စားလို့ရတယ်"


ရှဲ့ဖေး ကျန်းရှုယောင်က မီးခိုးမည်းရောင် နံစော်နေသော တိုဟူးကို စားသည်ကိုကြည့်ပြီး သူမလည်း ကိုက်လိုက်သကဲ့သို့  ပါးစပ်ထဲတွင် အနံ့များထွက်လာသလိုခံစားလိုက်ရကာ သူမ၏အမူအရာမှာ အလွန်ဆိုးရွားနေသည်။ 


"အားယောင်က  ငယ်ငယ်ကတည်းက  အရမ်းချူချာပြီးကျန်းမာရေးမကောင်းဘူး... သူ့ပါးစပ်ထဲကို ထည့်တဲ့ အစားအစာတွေကို သေသေချာချာ ပြင်ဆင်ရတယ်... နင်စားနိုင်တာနဲ့ပဲ အားယောင်ကို ပေါ့ပေါ့တန်တန် ဘယ်လိုလုပ် ပေးလို့ဖြစ်မလဲ"


ကျန်းရှုယောင်က ရှဲ့ယောင်ကို အများကြီး စားခိုင်းရန် မရည်ရွယ်ထားပေ။ မည်သို့ပင်ဖြစ်စေ  ယင်းက ကြော်ထားခြင်းဖြစ်၍ သူ့ဗိုက်က မခံနိုင်မှာကိုလည်း ကြောက်မိသည်။


သူမကရှင်းပြလိုက်၏။


 "ငါ သူ့ကို သရေစာအဖြစ် တစ်ခုပဲမြည်းခိုင်းခဲ့တာပါ"


သူမ ပန်းကန်ကို ချလိုက်ပြီး ရှဲ့ဖေး၏ "ကြက်ပေါက်လေးများကို စောင့်ကြပ်နေသော ကြက်မကြီး" အမူအရာနှင့် ရင်ဆိုင်ရသည်မှာ အလွန်ပင် မတရားစွပ်စွဲခံရသလို ခံစားရသည်။ 


"ကလေးက လောဘရှိပြီး စားချင်စိတ်လည်း များလာတဲ့အရွယ်လေ... သူ့မှာ အစာစားချင်စိတ်နည်းတာက သက်သတ်လွတ် အစားအသောက်မှာ အသစ်အဆန်းတွေ မရှိတာနဲ့  ပတ်သက်ကောင်းပတ်သတ်နိုင်တယ်... သူ့ကို ကြည့်လိုက်... သူက များသောအားဖြင့် မစားချင်ဘူး... နွားနို့ကိုတစ်ငုံနှစ်ငုံလောက်သောက်ပြီးရင်  မသောက်ချင်တော့ပေမဲ့ ငါ သူ့အတွက်လုပ်ထားတဲ့ နှစ်လွှာ နို့ပူတင်းကို သူအရမ်းကြိုက်တယ်... စကားမစပ် ကိတ်မုန့်နည်းနည်းလည်း စားနိုင်တယ်"


ကျန်းရှုယောင်က သူမ၏ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခြင်းခံရပြီးနောက် သေချာပေါက် တောင်းပန်လာမည်ဟု ရှဲ့ဖေး  ထင်မြင်ခဲ့သော်လည်း ဖြည်းဖြည်းအေးအေး ပြန်လည်တုံ့ပြန်လာခြင်းကို သူမ မမျှော်လင့်ထားသဖြင့် ခဏလောက် စကားမပြောနိုင်ဘဲ ဖြစ်သွားသည်။


“အဲ့ဒါ့အပြင် ငါက မင်းရဲ့ယောက်မပါ...မင်းငါ့ကို ဘာလို့ဒီလိုအော်တာလဲ...ဒါက မင်းတို့မျိုးရိုးမြင့်သခင်မလေးတွေရဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းလို့ ခေါ်တဲ့ဟာလား"


ရှဲ့ဖေး နင်သွားသည်။"မင်းတို့ မျိုးရိုးမြင့်သခင်မလေးတွေ"ဆိုသည်က ဘာကိုဆိုလိုသနည်း။ သူမသည်လည်း မျိုးရိုးမြင့်အမျိုးသမီး မဟုတ်ပါလော။ သူမက သူတို့နှင့်အတူ ပါဝင်ရခြင်းကို အထင်အမြင်သေးဟန်တူသည်။


"ဘာလို့ ငါ့ကိုယောက်မလို့ တွက်ရတာလဲ" 


ထိုသို့ပြောနေချိန်မှာ ရှဲ့ဖေး ဒေါသထွက်သွား၏။ 


 "ငါ့ရဲ့တတိယအစ်ကိုက ထူးချွန်ပြီး အရည်အချင်းရှိတယ်ဆိုတာ တစ်မြို့လုံးမှာ မသိတဲ့သူဘယ်သူရှိလဲ... သူ့နဲ့ထိုက်တန်တဲ့သူတွေ အရမ်းနည်းတယ်...နင်က သူနဲ့လုံးဝမထိုက်တန်ဘူး"


ကျန်းရှုယောင်  ဗိုက်လည်းပြည့် အားလည်းအားနေသောကြောင့် ရှဲ့ဖေးနှင့် ရန်ဖြစ်ရလည်း ကိစ္စမရှိပါချေ။ သူမ အနည်းငယ် ပြုံးလိုက်သည်။ 


"ဘာလို့လဲ...မင်းအစ်ကိုနဲ့ လက်ထပ်ထားလို့ပဲ မင်းယောက်မဖြစ်နေပြီလေ... မင်းအစ်ကိုက ဖြောင့်ဖြောင့်တောင့်တောင့်လက်ထပ်ယူထားတဲ့ဇနီးမယားလေကွယ် "


ဤစကားမျာက ရှဲ့ဖေး၏ဒဏ်ရာကိုသွားစွနေ၏။ သူမ၏မျက်နှာက ဒေါသကြောင့် ဖြူဖျော့နေသော်လည်း သူမက ရန်ဖြစ်ခြင်းတွင် တကယ့်တိုက်ပွဲအတွေ့အကြုံသိပ်မရှိလှပေ။ အချိန်အတော်ကြာအောင် ထိန်းထားပြီးနောက် သူမ ဝမ်းပမ်းတနည်းဖြင့် ပြောလိုက်ရုံသာတတ်နိုင်၏။


  “တတိယအစ်ကိုက သီလနဲ့ အရည်အချင်း နှစ်မျိုးလုံးရှိတဲ့ မိန်းမနဲ့ လက်ထပ်နိုင်မှန်း အသိသာကြီး...သူ့ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ ဇနီးသည်နဲ့ အိမ်ထောင်ပြုပြီး အိမ်ထောင်ရေးက ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီး ပေါင်းစည်းသွားခြင်းဖြစ်လိမ့်မယ်...ဒါပေမဲ့ နင်က ဝင်ပြီး သူ့အိမ်ထောင်ရေးကို ဖျက်စီးလိုက်တာ....."


ကျန်းရှုယောင်က  ချက်ချင်းပဲဖြတ်မေးလိုက်သည်။


 "သူ့မှာ ချစ်သူရှိတာလား"


ရှဲ့ဖေး သူမ၏ အတွေးများကို လိုက်မမီနိုင်တော့ဘဲ အခုလေးတင်အစပျိုးနေသော ဝမ်းနည်းမှုက ကျန်းရှုယောင်ကြောင့် ပပျောက်သွားပြီး  ကြောင်တောင်တောင်နှင့် ပြန်ဖြေလိုက်၏။


"ဘယ်သူမှ မရှိဘူး" 


"ဒါဆို ဒါပဲပေါ့... မင်းအစ်ကိုမှာ ချစ်သူရှိပြီး ငါ့ကို ယူလိုက်တယ်ဆိုရင် သူက သူများတွေကို ရှက်ပြီး စိတ်မခိုင်မာတော့ဘူး... မင်းအစ်ကိုမှာ ချစ်သူမရှိရင် သူ့မှာ ချစ်သူရတဲ့အထိ စောင့်လိုက်ပါ...အဲ့လိုဆိုငါရပ်လိုက်မယ်...အဲဲ့ဒီအခါမှသာငါစွန့်ပစ်ခံရလိမ့်မယ်... လောကမှာ လူတွေက စွန့်ပစ်ခံထားရတဲ့ဇနီးတွေကိုပဲ လက်ညှိုးထိုးပြီး ကန့်သန့်ချက်တွေထားကြလိမ့်မယ်... ဒါပေမဲ့ နောက်အိမ်ထောင်ပြုလို့ ပြစ်တင်ဝေဖန်ခံရမဲ့  သမက်ရယ်လို့မရှိဘူး...အဲ့ဒါကြောင့် မင်းအစ်ကိုက  ဒီအိမ်ထောင်ရေးကနေ ဘာမှမထိခိုက်သွားဘူး...ငါတစ်ယောက်ထဲကပဲ ပေးဆပ်ရလိမ့်မယ်"


ကျန်းရှုယောင် ဤဆန်းပြားသည့် လှည့်ကွက်ကို သူမနှလုံးသားဆီရောက်ရန် အသုံးပြုခဲ့သည်။


ရှဲ့ဖေး သူမပြောသောစကားကြောင့် အံ့အားသင့်သွားသည်။


 "ဒါပေမဲ့... ဒါပေမဲ့..."


သူမ တွေးလိုက်မိသည့်အခါရှိသေး ကျန်းရှုယောင်၏နောက်တွင် ဖြူဖွေးဝတုတ်နေသောလက်လေးကို ဆန့်တန်းထားသည့် ဝဝကစ်ကစ်သဏ္ဍာန်လေး ကို သူမတွေ့လိုက်ရသည်။


အနီးကပ်ကြည့်လိုက်သောအခါ ခြေဖျားထောက်ပြီး ရပ်ကာ ကျန်းရှုယောင်  သစ်သားစားပွဲပေါ်မှာ ပေါ့ပေါ့ပါးပါးတင်ထားထားသည့် တို့ဟူးပုတ်ကိုခိုးရန်ပြင်နေသည့်  ဘယ်ကထွက်လာမှန်းမသိသော ရှဲ့ကျောက်ဖြစ်နေ၏။


"အားကျောက်..."


ရှဲ့ဖေး ကျန်းရှုယောင်နှင့် ငြင်းခုံခြင်းကို စိတ်မ၀င်စားတော့ဘဲအော်လိုက်သည်။


 "ဘာဖြစ်နေတာလဲ... အိမ်တော်မှာ  စားစရာမရှိလို့လား ...ဒါမှမဟုတ်စားစရာပြတ်လတ်သွားလို့ ပြောင်းလဲသွားတာလား... ဒီနံစော်ပြီး ပြောရက်စရာမရှိတဲ့ အရာတွေကို စားတော့မှာလား"


ရှဲ့ကျောက်က ကျန်းရှုယောင်  နောက်ကနေ ခေါင်းလေးပြူထွက်လာပြီး နှုတ်ခမ်းလေးမဲ့လိုက်၏။


 “ဒေါ်လေးက အမှားအမှန်ကို မသိဘူး”


ရှဲ့ဖေး၏ မျက်လုံးများ ထိတ်လန့်တကြားဝိုင်းစက်သွားကာ သူမ၏နှာခေါင်းဖျားကို လက်ညှိုးထိုးပြလျက် မယုံကြည်နိုင်စွာ မေးလိုက်သည်။


 "အမှားအမှန်ကို မပြောနိုင်ဘူး..." 


ရှဲ့ကျောက်က  ခေါင်းညိတ်ပြီး ကလေးတွေမှာ အကျိုးသင့်အကြောင်းသင့်တွေးခေါ်နိုင်ခြင်းမရှိပေမဲ့ တွေးခေါ်ရန်က ဖြစ်နိုင်ပါသေး၏။


“တတိယအဒေါ်လုပ်ထားတဲ့ အစားအစာက စားလို့ရမရ ကောင်းမကောင်းတောင် မသိဘဲနဲ့ ပြေးလာပြီး စွပ်စွဲတာတော့ မှားတယ်လေဗျာ"


ရှဲ့ဖေး အာစေးမိပြီး စကားမပြောနိုင်ဘဲ ဒေါသထွက်ကာ ဝမ်းနည်းနေခဲ့သည်။ 


"ငါက ဒါကိုဘယ်သူ့အတွက်လုပ်တာလဲ"


ရှဲ့ကျောက်က ငယ်သေးသဖြင့် လူအများ၏သိက္ခာကို မည်သို့ကာကွယ်ရမည်ကို မသိခဲ့ပေ။ သူက တိုက်ရိုက်ကြီးပြောလိုက်၏။


 "ဒါပေမဲ့  တတိယအဒေါ်က သားတို့အပေါ် သိပ်ကောင်းတာလေ...ဒေါ်လေးက သူ့ကိုဘာလုပ်နေတာလဲ"


"ရှဲ့ကျောက်... မင်းဘာလို့ တံတောင်ဆစ်ကို  အပြင်ကို လှည့်တာလဲ" (ဘာလို့အပြင်လူဘက်လိုက်တာလဲ)


ရှဲ့ဖေး သူမ သစ္စာဖောက်ခံရသည်ဟု ခံစားရသဖြင့် ဒေါသထွက်သွားသည်။


ကျန်းရှုယောင်   သူမက အသံကျယ်လွန်းသည်ဟု ခံစားရသောကြောင့် ရှဲ့ကျောက်၏နားရွက်များကို အုပ်ပြီး မနှစ်မြို့စွာပြောလိုက်၏။


 "သာသာယာယာပြောပါ... ကလေးတွေကို အကျယ်ကြီးမခြောက်ပါနဲ့" 


 


ကျန်းရှုယောင်က လူတွေကို ဘယ်လို စိတ်ဆိုးအောင်လုပ်ရမလဲဆိုတာ သိတယ်...


သူမ၏  "ဓား"ပျော့ကြောင့် ရှဲ့ဖေး၏ ရင်ဘတ် နာကျင်သွားသည်။ သူမက သူမ၏တူလေးနှစ်ယောက်ကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့ပြီး ကျန်းရှုယောင်က  ဤနေရာတွင် တစ်လသာနေထိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အပြင်လူတစ်ယောက်နှင့်တူနေသည်။ သူမ ခြေဆောင့်ပြီးပြောလိုက်သည်။


 "နင်ဘယ်သူ့ကို ကြင်နာဟန်ဆောင်ပြနေတာလဲ"


သူမပြောပြီးပြီးချင်းမှာပဲ သူမ ပွေ့ဖက်ထားသည့်ရှဲ့ယောင်က  ရုတ်တရက်လှုပ်ရှားလိုက်ပြီး သူမ၏လက်ဖျံကနေ လွတ်ထွက်သွားကာ ကျန်းရှုယောင်ဆီကို တိတ်တိတ်လေး  ပြေးသွားပြီး ကျန်းရှုယောင်၏ ဝတ်ရုဲလက်ကိုဆွဲလျက် သူမကိုကြည့်နေသည်။


ရှဲ့ဖေး တူလေးနှစ်ယောက်စလုံးက လုံးလုံးလျားလျား  သူမနှင့် ဆန့်ကျင်ဘက်သို့ ပြောင်းသွားသည်ကြည့်ပြီး လွန်စွာ မတရားခံရသလိုခံစားသွားရကာ ခဏလောက် ဆွံ့အသွား၏။ 


 "နင်တို့နှစ်ယောက်က ဘယ်အရာက ကောင်းတယ် မကောင်းဘူးဆိုတာ တကယ်မသိဘူးပဲ"


"ဘယ်သူက ကောင်းတယ် မကောင်းဘူး မသိတာလဲ"


သူမအသံ ထွက်သွားသည်နှင့် တပြိုင်နက် သူမနောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။


ရှဲဲ့ဖေး ဤအသံနှင့် ရင်းနှီးလွန်းသည်။ ငယ်စဉ်ကလေးဘဝကတည်းက သူမ၏ တတိယအစ်ကို  အလေးစားဆုံးဖြစ်ပြီး သူမအကြောက်ဆုံးမှာလည်း  တတိယအစ်ကိုဖြစ်သည်။


တစ်ခါတစ်ရံ သူမ လျှောက်ပတ်ကမြင်းကြောထနေတုန်း ရှဲ့ရွှင်း သူမကို ဗြောင်ကျကျ စိုက်ကြည့်လာလျှင် သူမ ထိတ်လန့်တုန်လှုပ်သွားရသည်။ ယခုလိုလေသံနှင့် ပြောလျှင်ကား အတိုင်းထက်လွန်ဖြစ်ပေတော့၏။


သူမ ရုတ်တရက် မီးသေသွားပြီး ရှဲ့ရွှင်းကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။


 "တတိယ...တတိယ အစ်ကို"


ရှဲ့ရွှင်း အခန်းတွင်းသို့ ခေတ္တခဏ တစ်ချက်ကြည့်လိုက်ပြီး ဘာဖြစ်သွားသည်ကို လျင်မြန်စွာ ခန့်မှန်းမိလိုက်သည်။


သူက ရှဲ့ဖေးကိုပြော၏။


"မင်းမှာ ဒီလိုအဓိပ္ပါယ်မရှိတဲ့တစ်ဖက်ခြမ်းရှိနေသေးမှန်း ငါမသိခဲ့ဘူး...မင်းအမေ သင်ပေးခဲ့တဲ့ စည်းကမ်းတွေ အကုန်သင်ယူထားရဲ့လား"


လေသံက တည်ငြိမ်ပြီး ညင်သာပေမဲ့ ရှဲ့ဖေး ဤလေသံကို အကြောက်ဆုံးပါပင်။


"တတိယအစ်ကို....." 


ရှဲ့ဖေး၏ မျက်နှာ "ဖြန်း"ခနဲ ဖြူဖျော့သွားသည်။ သူမက လည်ပင်းကျုံ့ကာ လက်ဖဝါးများကို ဖျစ်ညှစ်ထားပြီး ကြောက်လန့်နေဟန်တူသည်။


ကျန်းရှုယောင်က  ဖက်ထုပ်သေးသေးလေးနှစ်ခု၏ အမွေးထူခေါင်းလေးများကို လက်ဖြင့် ဖိထားသည်။ သူမကိုယ်သူမ  ဟာသပြဇာတ်၏ ဇာတ်ဆောင်အဖြစ် လုံးဝ မခံစားရပေ။ သူမက ရှဲ့ရွှင်း ၏မျက်နှာကို ရွှတ်နောက်နောက်အမူအရာဖြင့် စိုက်ကြည့်နေသည်။


အလို... ရင်းနှီးနေတဲ့ ခေါင်းတလား မျက်နှာက ဒီလိုမျိုး ကြောက်စရာကောင်းတာလား...


ရှဲ့ရွှင်းက သူမကို မကြည့်တော့ဘဲ


 "ဒီခြံဝင်းကို မလာနဲ့တော့" ဟုပြောလိုက်၏။


ရှဲ့ဖေး က သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေပြီးနောက် ကျန်းရှုယောင်ကို တစ်ဖန် လှည့်ကြည့်ကာ မျက်ရည်များကို ထိန်းရင်း တုန်တုန်ယင်ယင် ပြေးထွက်သွားခဲ့သည်။


ကလေးနှစ်ယောက်ကလည်း လစ်ထွက်သွားပြီး ကျန်းရှုယောင်တစ်ယောက်တည်း နေရာတွင် ရပ်ကာ စိတ်ရှုပ်သွားဟန်ဖြင့် ကျန်ရစ်ခဲ့သည်။


တံခါးဝမှာရပ်နေသည့် ရှဲ့ရွှင်း ကျန်းရှုယောင်ကို 


ဖျတ်ခနဲကြည့်လိုက်ရာ ခေါင်းငုံနေသည်ကို တွေ့လိုက်ရ၏။ သူ နည်းနည်း ရှုပ်ထွေးနေသလို ခံစားရသည်။


ရှဲ့ဖေးက ယနေ့တွင် အလွန်အကျွံလုပ်ခဲ့ပြီး သူမအတော်လေးမတရားခံရသလိုခံစားရပြီး စိတ်မသက်မသာဖြစ်သင့်သည်။


အစကတည်းက သူနှင့်လက်ထပ်ရန် ခေါင်းမာနေခဲ့သောကြောင့် တခြားသူတွေက လှောင်ပြောင်ပြီး အေးစက်စွာ ဆက်ဆံခြင်းကိုခံရမည်ဆိုသည်ကို သူမနားလည်ထားရမည်။ သူ့အတွက် နဲ့ ထိုက်တန်ရဲ့လား...


... သူမ အခုမှ နောင်တရနေမှာလား...


ကျန်းရှုယောင် သူ ခိုးကြည့်နေသည်ကို တွေ့သွားမှာကြောက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ တိတ်ဆိတ်မှုကို ချိုးဖျက်ရန် သူတွေးနေပေမဲ့ ကျန်းရှုယောင်  ရုတ်တရက် ပြောသည်ကို သူကြားလိုက်ရ၏။


"ဟမ်...ငါ့တို့ဟူးပုတ်ရော"


ကျန်းရှုယောင် သစ်သားစားပွဲကို ငုံ့ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို တွေ့လိုက်သည်။ သေသေချာချာ စဉ်းစားကြည့်တော့  တို့ဟူးပုတ်တစ်ပန်းကန် ပျောက်သွားတာ မဟုတ်ဘူးလား...


"အဲ့ကောင်လေး..." 


ကျန်းရှုယောင် ရယ်ရမလို ငိုရမလိုဖြစ်သွား၏။ ကြော်ထားသည့် အစားအစာတွေကို အလွန်အကျွံစားခြင်းက အမြဲတမ်း မကောင်းပါချေ။ ရှဲ့ကျောက်က လောဘကြီးလွန်းသည်။


သို့တိုင် သူမ၏ အစားအသောက်ကို တခြားသူတွေ အသိအမှတ်ပြုသည့်အတွက် အလွန်ပျော်နေဆဲပါပင်။


ပင်မမီးဖိုချောင်၏ တံခါးဝတွင်  လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေသောရှဲ့ရွှင်းကိုကြည့်ပြီး တံခါးအပြင်ဘက်ရှိ တောက်ပနေသော နေရောင်ခြည်ကြောင့် သူ့ရှည်လျားသော ရုပ်ပုံသဏ္ဍာန် အရည်ပျော်သွားတော့မလိုဖြစ်နေသဖြင့် သူမ ပြောလိုက်သည်။


 "ဒီနေ့ စောနေသေးတော့ ကျွန်မ တို့ဟူးပုတ်လုပ်ထားတာ...စားကြည့်ချင်လား" 


 


ရှဲ့ရွှင်းက အရမ်းပိန်တယ်... ယောက်ျားလေးတွေက ရုပ်ရည်ကြည့်ကောင်းဖို့ နည်းနည်း သန်မာနေရမယ်...


ရှဲ့ရွှင်းက  သူမ အံကြိတ်ကာ ဝမ်းနည်းစွာငိုကြွေးမည်ကို အသင့်ဖြစ်နေပြီဖြစ်သည်။သူမကရုတ်တရက်ကြိး မေးလိုက်သောအခါ သူနင်ပင်မနင်နိုင်တော့ချေ။



ရှဲ့ဖေး  အချိန်အတော်ကြာအောင် ပြေးထွက်လာခဲ့ပြီး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။


သူမ ဤမျှ ရှက်စရာကောင်းသော အခြေအနေတွင် မည်သို့ရှိနေသည်ကို နားလည်ရန် ကြိုးစားရင်း နေရာတွင် ရပ်လိုက်သည်။


သူမက ထိုနေရာတွင် တွေဝေငေးမောရင်းရပ်နေကာ သူမကို မည်သူမျှ မနှောင့်ယှက်ဝံ့ပေ။


ယင်းက ပန်းကန်ပြားကိုကိုင်ထားသည့် ရှဲ့ကျောက် ရုတ်တရက်ပေါ်လာသည့်အထိသာပင်။


"ဒေါ်လေး" 


သူက  သူ့လက်ထဲမှာ တို့ဟူးပုတ်ကို ကိုင်ထားရင်း ရှဲ့ဖေးကိုခေါ်လိုက်၏။


ညီအစ်ကိုနှစ်ယောက် လမ်းလျှောက်ရင်း ညီလေးကတစ်ကိုက် ကိုက်လိုက်၊ သူကတစ်ကိုက် ကိုက်လိုက်နှင့် စားခဲ့ကြသည်။ သို့ရာတွင်  သူ့ပါးစပ်က နည်းနည်းကြီးသဖြင့် တစ်လုတ်အပြည့်သွပ်ပြီးနောက်ကုန်ခါနီးဖြစ်သွား၏။


ရှဲ့ဖေး  တို့ဟူးပုတ်ပန်းကန်ပြားကို မြင်သောအခါ ငိုချင်လာသည်။


သူမ၏သနားစရာကောင်းသည့် အသွင်အပြင်ကို မြင်လိုက်ရသောအခါ ရှဲ့ကျောက် သူမလည်း လိုချင်နေသည်ဟု ထင်သွား၏။ သူ အနည်းငယ် ရုန်းကန်နေပြီးမှ သေးငယ်သည့် အပိုင်းတစ်ခုကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့်  တွန်းပေးလိုက်သည်။


"ဒေါ်လေး စားချင်လား"


ရှဲ့ဖေး မသိစိတ်က ပါးစပ်ကိုဖွင့်ပြီး "မစားချင်ဘူး"ဟု ပြောချင်ပေမဲ့ ရှဲ့ကျောက်၏ ဝတ်ကျေတမ်းကျေအမေးကို မြင်လိုက်ရပြီးနောက်... သူမအဖြေကိုတောင် မစောင့်ဘဲ ပန်းကန်ထဲ ဘယ်လိုများပြန်ထည့်ချင်ရတာလဲ...


သူမ ချက်ချင်းပဲ အဖြေပြောင်းပြီး "စားချင်တယ်" ဟုပြောလိုက်သည်။


ရှဲ့ကျောက် သူမကို နားမလည်သလိုမျိုး စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်သော်လည်း သူမဆီ တိုးလာဆဲပါပင်။


Xxxx