အပိုင်း ၂၅
Viewers 18k

Chapter 25


အကြွေးဟောင်း


လက်ထပ်ပြီးနောက်  ကျန်းရှုယောင် ၏အသွင်အပြင်သည် သူမ၏ယခင်ဝတ်စားဆင်ယင်ပုံနှင့်အလွန်ကွာခြားသည်။ ထိုအပြင် အသားတချို့စားပြီးသည့်နောက် သူမက ပိုချစ်စရာကောင်းပြီး လှပလာခဲ့၏။ ပေါင်ဒါ မှုန့်များ ဖုံးထားသော ငဖောင်ခြောက်ရိုး မျက်နှာ၊ယခင်ရယ်စရာကောင်းသည့် အသွင်အပြင်နှင့် အလွန်ကွာခြားသည်။


ပိုင်ကျီက သူမ၏ အကျီလက်နှစ်ဖက်ကို ခေါက်လိုက်ပြီး စာပေပညာရှင်ကို မျက်စောင်းထိုးကြည့်ကာ ကျန်းရှုယောင်ကို"သခင်မ... သွားကြစို့" ဟု ပြောလိုက်သည်။


ကျန်းရှုယောင် ရှုပ်ထွေးနေပြီး လှည့်တော့မည်ပြုစဥ်မှာ စာပေ ပညာရှင်က ခြေလှမ်းအနည်းငယ်တိုးကာ သူတို့ကို တားလိုက်၏။ 


"ရပ်"


ပိုင်ကျီက ခါးထောက်ပြီး ခပ်မာမာမေးလိုက်သည်။


 "ရှင် ဘာလိုချင်လို့လဲ"


စာပေပညာရှင်က သူမမေးခွန်းကို မဖြေပေ။ သူက ကျန်းရှုယောင်၏ အဆင့်အတန်းမြင့်စွာပြင်ဆင်ထားသော အိမ်ထောင်ရှင်အမျိုးသမီးဆံထုံးကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာဆို၏။


 "မင်းလက်ထပ်ပြီးပြီလား"


ပိုင်ကျီက ရှဲ့ရွှင်း သူတို့နောက်မှာ ရှိနေတုန်းပဲဆိုသည် သတိရပြီး ရှဲ့ရွှင်းကိုရှာရန် အမြန်လှည့်ကြည့်လိုက်သည်။


သူမက အပြစ်ရှိသောစိတ်ဖြင့် အလုပ်ရှုပ်နေသောကြောင့် စာပေပညာရှင်ကို လျစ်လျူရှုခဲ့ပြီး ကျန်းရှုယောင်က စာပေပညာရှင်ကို ရင်ဆိုင်ရသူ ဖြစ်လာခဲ့သည်။ 


"ရှင့်မှာ ကိစ္စတစ်ခုခုရှိလား"


"သခင်မလေးကျန်း အခုဘယ်သူနဲ့လက်ထပ်ထားတာလဲဆိုတာ ငါမသိဘူး...အိုး မင်းရဲ့ခင်ပွန်းက မင်းလိုမိန်းမကို မယားအဖြစ်ထားနိုင်ဖို့ အာဏာရှိလို့လား ပိုက်ဆံရှိလို့လား"


ဤလူက အလွန်ချောသည်၊ သူ ဤမျှ ယုတ်မာသည့် စကားတွေ ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။


ပိုင်ကျီက သူတို့အနောက်၌ ခြေလှမ်းအနည်းငယ်အကွာတွင်ရပ်နေသော ရှဲ့ရွှင်း ကိုမြင်ပြီး စာပေပညာရှင်ဆီက ထိုသို့သောစကားကိုကြားလိုက်ရသည်။ သူမ ရုတ်တရက် ထိတ်လန့်သွားပြီး ခြေဆောင့်ကာ ကျိန်ဆဲလိုက်သည်။


 "ဘာတွေ မိုက်မိုက်ရိုင်းရိုင်းပြောနေတာလဲ"


"ငါက မိုက်ရိုင်းနေတာလား" 


၎င်းကို တွေးပြီး သူကဒေါသတကြီးဖြင့်ပြောလိုက်၏။


 "ကျန်းသခင်မလေးက အဲဒီနေ့က ငါ့အတွက်ကဗျာတွေ ရွတ်ခဲ့တယ် မဟုတ်ဘူးလား...သူက ငါ့ကို စော်ကားဖို့ ပိုက်ဆံသုံးတာ မှားသလား... နောက်ဆုံးမှာ ဒီကျန်းက ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကနေ နှင်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ အနာဂတ် ဖျက်ဆီးခံခဲ့ရတယ်....."


ပိုင်ကျီက အနောက်ဘက်မနီးမဝေးမှာရှိနေသည့်ရှဲ့ရွှင်းကို တွေးနေသောကြောင့် ဤလူကို ရှောင်ရန် သခင်မလေးကို ဆွဲထုတ်သင့်ပေမဲ့ စာပေပညာရှင်၏စကားကိုကြားသောအခါ သူမက စိတ်မြန်လက်မြန်နှင့်ပြောလိုက်၏။


 "ဘာရယ်... ရှင့်မှာ သင်ယူနိုင်စွမ်းမရှိတာနဲ့ပဲ  အရှက်မရှိ ကျွန်မတို့သခင်မလေးကို  အပြစ်တင်လို့ရတယ်ပေါ့ " 


 စကားပြောပြီးနောက် သူမက ကျန်းရှုယောင်ကို ရှေ့သို့ ဆွဲခေါ် လိုက်သည်။


စာပေပညာရှင်က သူတိုနောက်ကို လိုက်လာပြီး လူအုပ်ကြားထဲမှာ တမင်အော်ပြောလိုက်၏။


 “ကျန်းသခင်မလေး... မင်းလို အရှက်မဲ့တဲ့ မိန်းမတစ်ယောက် ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိနိုင်တာလဲ... မင်းယောက်ျားက မင်းကြက်တစ်ကောင်လို(မိန်းမပျက်) ပြုမူခဲ့တာကို သိလား...သူမသိခဲ့တာလား ဒါမှမဟုတ် ခေါင်းစိမ်းလိပ်ပဲလား...မင်းနဲ့လက်ထပ်ရတာ အရှက်ကွဲရတယ်လို့ မထင်ဘူးလား"


[ET/N- "ခေါင်းစိမ်းလိပ်" ဆိုသည်မှာ အစိမ်းရောင်ဦးထုပ်ကို ဆောင်းထားမှန်း မသိသော လူမိုက်ကို ဆိုလိုသည်။ "ဦးထုပ်စိမ်း ဆောင်းထား" ဆိုသည်မှာ ဇနီးသည်က သူ့ကိုဖောက်ပြန်နေသည်။]


သူကထိုသို့ပြောလိုက်သည့်အခါ ဖြတ်သွားဖြတ်လာများ တဖြည်းဖြည်း ရပ်တန့်သွားကာ ပွဲကြည့်လိုဟန် အနည်းငယ်ပြလာ၏။


ကျန်းရှုယောင် မျက်ရည်မကျဘဲ ငိုချင်လာသည်။ ဒါက မူရင်းပိုင်ရှင် အကြွေးတင်နေတာလား...


သူမ ကောင်းကင်ကို မော့ကြည့်လိုက်သည်၊ အစ်မမူရင်းပိုင်ရှင်ရေ... ရှင်က သခင်တစ်ယောက်ရဲ့သမီးဖြစ်ပါစေ... ဒီလောက်တော့ မမိုက်သင့်ဘူး... အဆုံးမှာတော့ ရှဲ့ရွှင်းလို အရူးတစ်ယောက်ကြောင့် ရှင့်အသက်ဆုံးရှုံးသွားတယ်လေ...


ထိုအချိန်တွင် ပိုင်ကျီက စာပေပညာရှင်၏စကားကြောင့် ဒေါသထွက်ပြီး မျက်နှာကဖြူလိုက်ပြာလိုက်ဖြစ်နေသည်။ သူမက အများအားဖြင့် ကန်ပုတ် ကြိမ်းမောင်းလိမ့်မည်ဖြစ်သော်လည်း ယခု သခင်လေးက သူတို့ နောက်မှာပါလာသည်။ ထိုစကားကြားသွားလျှင် သူမ ဘာလုပ်နိုင်မည်နည်း။ 


သူမ ဘာလုပ်ရမှန်းမသိဖြစ်နေပြီး သခင်မလေးကို ဆွဲထုတ်သွားလျှင်လည်း အပြစ်ရှိလွန်းပုံပေါ်သွားမည်။  ဤနေရာတွင် သခင်မလေးက သူနှင့် လုံးလားထွေးလားဖြစ်နေသည်ကို သခင်လေးမြင်သွားလျှင်လည်း မကောင်းပေ။ နဖူးက ချွေးတွေ တစ်ပေါက်ပြီးတစ်ပေါက်ကျလာသည်။


ကျန်းရှုယောင်  စောင့်ကြည့်ခံရခြင်းကို မုန်းတီးသည်။ သူမက ဘယ်ညာ လှည့်ပတ်ရန် ကြိုးစားသော်လည်း စာပေပညာရှင်က အမြဲတမ်း ပိတ်ဆို့ထားသည်။ နောက်ဆုံးတွင် သူမ စိတ်တိုသွားပြီး စိတ်မရှည်စွာပြောလိုက်၏။ 


"ဒီကသခင်လေး... ရှင်က လူတွေကို ညစ်ပတ်တဲ့ရေနဲ့ ပက်ပြီး သူများတွေရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ပညာတတ်တစ်ယောက်လို့ ကျွန်မထင်တယ်...ဒါက ရှင့်စာတတ်မြောက်တဲ့နည်းလား"


"အိုး...မင်း ဝန်မခံဝံ့ဘူးလား... မင်းက ဒီကျန်းရဲ့အသားအရေကို မြင်မြင်ချင်း ငြိတွယ်သွားတာလေ... ငါ့နဲ့ ရင်းနှီးဖို့အတွက် ရွှေငွေလက်မှတ်တွေ လည်းလက်ဆောင်ပေးခဲ့သေး....."


"နပေါဦး..." 


ကျန်းရှုယောင်က သူ့ကို နှောင့်ယှက်လိုက်ပြီး စာပေပညာရှင်၏မျက်နှာကို ခဏလောက် စိုက်ကြည့်ရင်းမေးလိုက်၏။


 "ရှင့်ရဲ့ အသားအရေကို သဘောကျတာလား"


ထိုစကားကိုကြားလျှင် စာပေပညာရှင်က မိမိရုပ်ရည်ကို ယုံကြည်မှုရှိသကဲ့သို့ ခေါင်းကိုမော့လိုက်ပြီး သူ မုသားမဆိုကြောင်းတွေ့ရန် ဖြတ်သွားဖြတ်လာများကို  ကြည့်တစ်ချက်လောက်ကြည့်စေချင်နေသည်။


ရိုးရိုးသားသားပြောရလျှင် ဤလူက အလွန်ကြည့်ကောင်းသည်။သူက ကြည်လင်သောမျက်လုံးနှင့် ဖြူဖွေးသောမျက်နှာ၊ ဖြူစင်နုပျိုသောအသားအရည်ရှိပြီး စာပေပညာရှင်တို့အဖို့ ထူးခြားသည့် နုနယ်အားနည်းသည့်ခံစားချက်ရှိသော ကျယ်ပြန့်သော၀တ်စုံကို ၀တ်ဆင်ထားသည်။ သို့ရာတွင် ရှဲ့ရွှင်းကိုတွေ့ဖူးသည့် ကျန်းရှုယောင် အတွက် ဤလူ သွားရမည့် ခရီးက ဝေးနေပါသေးသည်။ သူ့ရုပ်ရည်ကို မပြောဘဲ ရှဲ့ရွှင်းက သူ့ကို စိတ်ထားဖြင့်ပင် လမ်းဆယ်လမ်းတွင် ကန်ထုတ်ပစ်ခဲ့နိုင်သည်။


မူရင်းပိုင်ရှင်က ကျန်ခဲ့သည့် အိုးမည်းကို  ဆက်ထမ်းသွားရန် သူမအတွက် မဖြစ်နိုင်သောကြောင့် ပြောင်ပြောင်ရှင်းရှင်းပြောလိုက်၏။


 "ဒီနေ့ အရှက်ခွဲမှုမျိုးစုံနဲ့ ကျွန်မကိုတားရတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျွန်မမသိဘူး... ကျွန်မကိုယ်ကျွန်မရိုးသားပြီး အပြစ်ကင်းတယ်ဆိုတာ သိတယ်...အရှုပ်အထွေးဖြစ်အောင် တွန်းအားပေးရင် အာဏာနဲ့ ပိုက်ဆံဆိုတာ ဘာကိုဆိုလိုတာလဲသိအောင် ကျွန်မပြပေးမယ်"


သူမက ကျက်သရေရှိစွာ၊အထက်တန်းကျစွာနှင့်  ဆွဲဆောင်မှုရှိစွာ  မွေးဖွားလာခဲ့ပြီး ယနေ့မှာ ရွှေငွေ ဆံထိုးများကို တမင်တကာ ၀တ်ဆင်ထားကာ ကြွယ်ဝ ခမ်းနားနေသည့်အတွက် သူမ၏စကားများက လွှမ်းမိုးနေခဲ့သည်။ ပွဲကိုကြည့်ရှုနေကြသော ဖြတ်သွားဖြတ်လာများ မလွှဲသာမရှောင်သာ ထိတ်လန့်ကြောက်ရွံ့ကာ တဖြည်းဖြည်း ပြန့်ကျဲသွားကြသည်။ 


စာပေ ပညာရှင်က ခဏလောက် တုန်လှုပ်သွားသည်။ ယခင်ကျန်းရှုယောင်က နှိမ့်ချပြီး စာနာတတ်ကာ လက်ဆောင်များပေးရန်  ပိုက်ဆံကို ဖြုန်းတီးခဲ့သည်။ သူ သူမကို ပေါ့ပေါ့တန်တန် ကြိမ်းမောင်းခဲ့ခြင်းသာဖြစ်၏။ သူမက အခြားသူများပေါ်တွင် သူမ၏ အထောက်အထားကို ဘယ်သောအခါက တင်ခဲ့သနည်း။ 


"ငါက တရားသူကြီးတစ်ယောက်နော်...အုပ်ချုပ်ရေးအဖွဲ့အဝင်တစ်ယောက်... မင်းအမှားလုပ်ဝံ့ရင်...." 


ထိုအချိန်တွင် သူက ဒေါသထွက်လာပြန်ပြီး


“မင်းကြောင့်မဟုတ်ရင် ငါက မျက်နှာပျက်ပြီး ကဗျာလောကထဲက နှင်ထုတ်ခံရမှာ မဟုတ်ဘူး... ဒီဆောင်းဦးပေါက်မှာ သေချာပေါက် တော်ဝင်စာပေပညာရှင်ဖြစ်ပြီး  ဧကရာဇ်မင်းရဲ့ ခန်းမထဲကို ဝင်ရမှာ--” 


သူ့စကားမဆုံးသေးခင်မှာ ကြားဖြတ်ခံရပြန်သည်။ 


ပညာရှင်က အသက်ရှူမဝဖြစ်ပြီး သီးလုမတတ်။ ဘယ်သူက ထပ်ပြီး နှောက်ယှက်နေတာလဲ။ ဒီတစ်ယောက်ကနေ  နှစ်ယောက် သုံးယောက်... ကြုံသလို သူစိမ်းတွေက တခြားသူတွေကို ဘယ်လိုလုပ် အနှောင့်အယှက်ပေးတာလဲ...သူများတွေကို လေးစားတတ်ကြလေ...


"မင်းတစ်ယောက်တည်းလား... တရားရုံးက သိပ်မျက်စိကန်းနေတာမဟုတ်ဘူး" 


ရှဲ့ရွှင်း နောက်ဆုံးတွင် လူအုပ်ကိုဖြတ်ပြီး ကျန်းရှုယောင်ဆီသို့ ရောက်လာသည်။ 


ကျန်းရှုယောင်  သူ့အသံကိုကြားသောအခါ တုန်ယင်သွားရသည်။ သူမက အတိတ်က မဟုတ်တရုတ်အကျင့်များကို လုပ်ခဲ့သူမဟုတ်သော်လည်း သူမတွင် အပြစ်ရှိသလိုခံစားနေရဆဲဖြစ်သည်။ရှဲ့ရွှင်း၏အေးစက်သောလေသံဖြင့်ကား ထည့်ပြောစရာပင်မလိုပါချေ။သူဒေါသထွက်နေသလား...


သူမ နေရာတွင် အေးခဲသွားသည်။ ရှေးလူတို့က ရှေးရိုးဆန်သော အတွေးအခေါ်ရှိကြပြီး ယောကျာ်းမာနပိုရှိသည်။ သူမက သူ၏အမည်ခံဇနီးပဲဖြစ်ခဲ့လျှင်ပင် လူအနည်းငယ်သာ ထိုအရာများကို ခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းရသည်။


စာပေပညာရှင် ထိတ်လန့်သွားပြီး ရှဲ့ရွှင်းကို မော့ကြည့်လိုက်သည်။


ရှဲ့ရွှင်း၏ ကိုယ်ဟန်အနေအထားက အရပ်ရှည်ပြီး ဖြောင့်ဖြောင့်ကြီးဖြစ်ကာ စာပေပညာရှင်၏ဦးခေါင်းထက် ပိုမြင့်ကာ ကျန်းရှုယောင်၏ဘေးတွင် ရပ်နေသည်။ သူ၏ရှည်လျားသော ခန္ဓာကိုယ်က သရဖူကျောက်စိမ်းကဲ့သို့ လှပနေပြီး သူ့ခန္ဓာကိုယ်က နှစ်လိုဖွယ်ရှိသည်။စာပေပညာရှင် မိမိ၏ အကျည်းဆန်သောစိတ်ကို မွေးမြူရတော့၏။


စာပေပညာရှင်သည် သူ့အကြည့်ကို အမြန်ပြန်ရုတ်လိုက်ပြီး ကိုယ့်အကြောင်းကိုယ်သိသောစိတ်မှ မနာလိုစိတ် အနည်းငယ် ထွက်ပေါ်လာသည်။ ရှဲ့ရွှင်း ဝတ်ဆင်ထားသော ၀တ်ရုံ၏ တန်ဖိုးကြီးပြီး လက်ရာမြောက်လှသော လက်ရာကို ကြည့်ပြီး စိတ်နှလုံးထဲတွင်သရော်လိုက်သည်။ 


"ဟုတ်တယ်...ငါက ငါ့အရည်အချင်းကို အားကိုးတယ်... ငါက ဆရာချင်းယွင် ကျောင်းက တပည့်တစ်ဦးပဲ... ငါကတော်ဝင်စာပေပညာရှင်... မင်းက ဘယ်သူလဲ...အဲဒါကို ပြောကြည့်ရအောင်" 


သူ သတ္တိရှိလာသလို ခံစားရသည်။ ကျန်းရှုယောင်နှင့်ရောနေသောသူမျိုးက ဘာကောင်းသည့်အရာများရှိမည်နည်း။သူက ပညာမဲ့သူထက် ဘာမှမပိုပါချေ။ သူသည် မရိုးသားသောစိတ်နှင့် ချမ်းသာသော ကောင်လေးတစ်ယောက်ထက် ဘာမှမပိုပေ။ 


ရှဲ့ရွှင်း၏ လေသံက မှုန်ကုပ်ကုပ်ဖြစ်နေ၏။ 


"ချန်ပင်းရဲ့ 27 နှစ်မြောက်မှာ တတိယနေရာ ... ရှဲ့ရွှင်း"


[ET/N: စာပေပညာရှင်က သူ့ကိုယ်သူ တော်ဝင် စာမေးပွဲတွင် ထိပ်တန်း 100 အတွက် ဘွဲ့တစ်ခုဖြစ်သည့် ကျင်းရှီ (တော်ဝင်စာပေပညါရှင် ) ဖြစ်လာမည်ဟု  ပြောနေသော်လည်း ၎င်းကို မရရှိသေးပေ။ သို့ရာတွင် ရှဲ့ရွှင်းက ထန်ဟွ(တတိယနေရာ) ဖြစ်နေပါပြီ]


စာပေပညာရှင်က သူ့ကို လှောင်ပြောင်ရန် အဆင်သင့်ဖြစ်နေပေမဲ့ ဤစကားတွေကို ရုတ်တရက်ကြားလိုက်ရသောအခါ ခဏတာအ ရှက်ရသွားသည်။ 


ရှဲ့...ရှဲ့ရွှင်း ... ဒါပေမဲ့ သူသိတဲ့ စာပေသမား ရှဲ့ပေါယွမ်က... သူ မနေ့ညက အိပ်ရာမဝင်ခင် သူ့ဆောင်းပါးကို ဖတ်နေတုန်းပဲ...


သူမယုံချင်ပေမဲ့ ရှဲ့ရွှင်း၏ကျက်သရေရှိလှသောဟန်ပန်ကိုမြင်သောအခါ 80% ယုံခဲ့သည်။ 


သူ့မျက်နှာက မည်းသည်းနေပြီး သူ့စိတ်တွေ ရှုပ်ထွေးနေခဲ့၏။ အချိန်အတော်ကြာပြီးနောက် သူက ကျန်းရှုယောင်ကို "မင်းကြိုက်သလို လုပ်"ဟုပဲပြောပြီး ကမန်းကတန်း ထွက်သွားခဲ့သည်။ 


ကျန်းရှုယောင်  ဤမျှလောက်ရိုးရှင်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမက ရှဲ့ရွှင်းကို ခိုးကြည့်လိုက်ရာ သူ့အမူအရာက အေးစက်ပြီး မပျော်မရွှင်ဖြစ်နေကြောင်းကို မြင်လိုက်ရပြီး သူမ၏နှလုံးသားမှာ အပြစ်ရှိသလို ခံစားလာရသည်။ 


"အဲဒါ..." 


သူမရှင်းပြချင်ပေမဲ့ ရှဲ့ရွှင်းက ရှောင်ထွက်သွားသည်။ 


"လက်ဝတ်ရတနာဝယ်မလို့မလား သွားရအောင်" သူ့လေသံက တင်းမာပြီး အေးစက်နေကာ ပထမတုန်းက  သူကိုယ်သူ စကားပြောနေသည်ဟု သူမထင်မိခဲ့၏။ 


ကျန်းရှုယောင် သူ ခြေလှမ်းအနည်းငယ်လှမ်းသွားသည်ကိုမြင်ပြီး အမြန်နောက်သို့ လိုက်သွားခဲ့သည်။ ရှဲ့ရွှင်း  လက်ဝတ်ရတနာဆိုင်သို့ ဝင်ရောက်လာခဲ့သည်။ ဆိုင်ရှိ ဧည့်သည်များက သူ့ကို ရှောင်သွားကြသည်၊ သူက လူတွေကို အေးခဲပြီး သေအောင် လုပ်မည့်သူနှင့် တူနေ၏။ သူ့အမူအရာက မကောင်းမှန်းသိသွားပြီး စိတ်တိုဒေါသထွက်မှုကို ထိန်းရန် မျက်မှောင်ကြုတ်လိုက်သည်။ 


ဒီအမျိုးသမီးကျန်းရှီက ကောလဟာလတွေအတိုင်းပဲ မတော်တရော်နဲ့...


စာပေပညာရှင်က အတိတ်ကို စကားအနည်းငယ်ဖြင့် ပြောပြပြီးနောက် ပိုင်ကျီ၏ ဖြူဖျော့ဖျော့နှင့် ထိတ်လန့်နေ သောအမူအရာကို ကြည့်လိုက်သောအခါ သူနားမလည်သည့်အရာဘာများရှိတော့မည်နည်း။


ကျန်းရှုယောင်က ရှုပ်ထွေးနေသောပုံစံဖြင့် သူ့နောက်ကနေ  လိုက်လာသည်ကို မြင်လိုက်ရသောအခါ ရှဲ့ရွှင်း ပို၍ပင် ဒေါသထွက်သွား။။


အဲ့ဒီလူ...သူ့ထက်နည်းနည်းအသက်ကြီးတဲ့ပုံစံနဲ့လူက ယောက်ျားဖြစ်ရုံကို... 


ရိုးစင်းသောအသွင်အပြင်နှင့်စက်စုတ်ဖွယ်ကောင်းသောအပြုအမူ။ ထိုပုံစံနှင့် တွဲလျက် သူက ပို၍ပင် ကြောက်စရာကောင်းပြီး မုန်းတီးစရာကောင်းသည်။ ထိုသို့သော လူမျိုးကလည်း သူမမျက်လုံးထဲကို ရောက်သွားနိုင်၏။


သူ ကျန်းရှုယောင်၏ရုပ်သွင်ကိုကြည့်ပြီး အံကြိတ်ကာ တွေးလိုက်မိသည်။ သူမအတွက် ထိုလူကလည်း ကဗျာနဲ့ငွေများပေးထိုက်တန်သည်တဲ့လား... သူမက တကယ်... တကယ်ကို...အမြင်မရှိဘူးးးး...


Xxxxxx