အပိုင်း ၃၀
Viewers 18k

Chapter 30


ကြက်ဥမုန့်


ကျန်းရှုယောင် နေ့တိုင်း အိမ်ထဲတွင် နေပြီး သူမ အားလပ်ချိန်တွင် ထမင်းဟင်းချက်ကာ ပျင်းရိချိန်တွင် ခြံဝင်းထဲတွင် အိပ်နေခဲ့သည်။


မကြာသေးမီက ရှုရှီက ကောင်လေးနှစ်ယောက်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားထားရသော်လည်း ရံဖန်ရံခါ သူမခြံဝင်းထဲသို့ ခိုးဝင်သွားကြသည်။ ရှုရှီက အိမ်တော် တစ်ခုလုံးကို တာဝန်ယူထားသူဖြစ်သဖြင့် သူမသိပေမဲ့ မျက်လုံးတစ်ဖက်ဖွင့်ပြီး နောက်တစ်ဖက်ကို ပိတ်ထားလိုက်၏။


ကျန်းရှုယောင် ကောင်လေးနှစ်ယောက်ကို တွေ့တိုင်း  အလွန်ပျော်ရွှင်နေခဲ့သည်။ ယနေ့ သူတို့ရောက်လာသောအခါ သူတို့အတွက် ကြက်ဥမုန့်ဖုတ်ရန် ပျော်ရွှင်စွာ မီးဖိုချောင်ဆီကို ပြေးသွား၏။


မုန့်အကာပြုလုပ်ရန် အချိန်အနည်းငယ်ယူရပြီး ဌာပနာမုန့်ထွက်လာချိန်၌ နေဝင်ရီတရောဖြစ်နေပြီဖြစ်သည်။


ခြံဝင်းတစ်ခုလုံးသည် မုန့်၏ချိုမြိန်သော နို့အနံ့အရသာဖြင့် ပြည့်နေသည်။ ရှဲ့ကျောက်က အစားမက်ပြီး မုန့်မီးဖိုရှေ့မှာ တဝဲလည်လည်လုပ်နေ သည်။ ဌာပနာမုန့်ကို ဖုတ်ပြီး ကျန်းရှုယောင် ထုတ်လိုက်သည်အခါ ပါးစပ်ဖွင့်ပြီး ချက်ချင်းစားရန် မစောင့်နိုင်တော့ပေ။


လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကြက်ဥမုန့်များက အလွန်ပူပြင်းပြီး အပေါ်ယံလွှာမှာဖောင်းမို့နေသည်။ အတွင်းအလွှာရှိကြက်ဥနို့ပေါင်းက ခဲနေကာ နူးညံ့ပြီး အဝါရောင်ရှိလေသည်။ ပူဖောင်းအနည်းငယ်က ပယင်းရောင်သန်းသည်အထိ ကင်ထားသည်။


ကြက်ဥမုန့်တွေက အရမ်းဆွဲဆောင်မှုရှိပြီး ရှဲ့ကျောက်၏ကြင်ကြင်နာနာစကားများ တန်းထွက်လာပါတော့၏။


 "တတိယအဒေါ်က အရမ်းအံ့သြစရာကောင်းတာပဲ ...အနံ့လေးကကောင်းလိုက်တာ... သားစားလို့ရမလား"


ရှေးခေတ်က သံဖြူပြား သို့မဟုတ် အလူမီနီယမ်သတ္တုပြား မရှိသောကြောင့် ထုတ်ယူရန် ခက်ခဲသည်။ ကျန်းရှုယောင် ထိုအစား ခရပ်စက္ကူကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။ မုန့်ဖုတ်မီးဖို၏ အပူချိန်ကို လျှော့ချလိုက်ပြီး ခဏကြာအောင် ဖုတ်ရ၏။ သူမ အရင်ဆုံး တစ်ကိုက် ကိုက်လိုက်ပေမဲ့ အဆုံးသတ် အရသာက မော်ဒန်ခေတ်ထက် အနည်းငယ် ပိုဆိုးနေဆဲဖြစ်သည်။ အပေါ်ယံက သိပ်မကြွပ်သလို အတွင်းပိုင်းမှာလည်း ကောင်းကောင်း မနူးညံ့ပေ။


ရှဲ့ကျောက် သူမ စားသောက်နေသည်ကို စိတ်အားထက်သန်စွာကြည့်ပြီး တံတွေးတွေ ထွက်လာ၏။ သူ့ကို မပေးမှာ စိုးရိမ်သဖြင့် ချွဲနွဲ့ရန် သူမ၏ စကတ်ထောင့်ကို ဆွဲလိုက်သည်။


 "တတိယအဒေါ်...တတိယအဒေါ်...တစ်ကိုက်ပေးမလားဟင်... တစ်ကိုက်ပဲလေနော်"


ကျန်းရှုယောင် သူ့ကို ဤကဲ့သို့ပုံစံဖြင့် မြင်သောအခါ မပြုံးဘဲ မနေနိုင်။ 


"အစကတည်းက မင်းအတွက် လုပ်ထားတာလေကွယ်"


သူမက မုန့်ဖုတ်ဗန်းကို စားပွဲပေါ်တင်ကာ ကြက်ဥမုန့်တစ်ခုကို ကောက်ယူကာ ရှဲ့ကျောက်အား ပေးလိုက်သည်။ 


"သတိထားနော်"


ရှဲ့ကျောက် ယူရန် မစောင့်နိုင်တော့ပေ။ ကျန်းရှုယောင်က ရှဲ့ယောင်ကို တစ်ခုပေးခဲ့ပြီး ရှဲ့ယောင်က ၎င်းကိုမယူမီ တိတ်တဆိတ် ကျေးဇူးတင်စကားပြောခဲ့သည်။


ရှဲ့ကျောက်က ကျန်းရှုယောင်  ကြက်ဥမုန့်လုပ်နေသည်ကို တစ်ချိန်လုံးကြည့်နေသောကြောင့် ယခုလိုမျိုးကြိုးစားပြီး စိတ်ဝင်စားစရာကောင်းသည့် မုန့်ဖုတ်နည်းနှင့် ပြုလုပ်ထားသော ကြက်ဥမုန့်များက မယုံနိုင်လောက်အောင်ကို စားချင်စရာကောင်းသည်ဟု ခံစားခဲ့ရ၏။ သူက အလွန်အင်မတန် ဂရုတစိုက် မြည်းစမ်းကြည့်ခဲ့သည်။


သူက အရင်ဆုံး  အကိုက်သေးသေးလေးကိုက်ပြီး အပေါ်မှ မုန့်ကြွပ်အလွှာ၏ အပြင်ဘက်အလွှာကို ကိုက်လိုက်သည်။ကြွပ်ရွလွန်း၍ သူ့သွားများနှင့် ထိလိုက်ရုံဖြင့်ကျိုးကြေသွားသည်။ ဝါးသောအခါတွင် ချိုမြိန်မှု အရိပ်အမြွက်နှင့် ပေါ့ပါးပြီး ဆီအနံ့ချိုချိုတို့ရှိသည်။


မုန့်ကြွပ်က အလွန်အရသာရှိပြီး ရှဲ့ကျောက်  ဝမ်းသာအားရ မျက်လုံးလေးမှေးကာ နောက်တစ်ကြိမ် ထပ်ကိုက်၏။


ဤတစ်ခါတွင် အတွင်းထဲထိ ကိုက်မိသွားသည်။ လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကြက်ဥမုန့်၏ဌာပနာက အလွန်ပူသော်လည်း အပူချိန်ကြောင့် အတွင်းသားက နူးညံ့ပြီး ချိုမြိန်နေ သည်။ ချိုမြသော နို့အရသာက ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ စိုစွတ်ပြီး ပျော့ပျောင်း၏၊ ချိုသည် သို့ပေမဲ့ ဆီမများပေ။


ရှဲ့ကျောက် ကျန်ကြက်ဥမုန့်များကို စုပ်ယူလိုက်သည်။ သူ့နှုတ်ခမ်းများနှင့် သွားများသည် မွှေးရနံ့များဖြင့် ပြည့်နှက်နေပြီး သူ့လျှာဖျားတွင် ဌာပနာ၏ နူးညံ့သိမ်မွေ့သော အရသာကို ရရှိနေဆဲဖြစ်သည်။


သူစားပြီးသောအခါ ရှဲ့ကျောက် မုန့်တစ်ဝက်ကိုသာ စားရသေးပြီး ၎င်းကို အလောတကြီးမျိုချရန်  ဝန်လေးနေပုံရသည်။ သူ့အနေဖြင့်  ဖြည်းဖြည်းချင်းသာ စားချင်၏။


ရှဲ့ကျောက် ကျန်းရှုယောင်ကို သနားချင့်စဖွယ် ပြုံးပြသည်။ သူ၏ ထက်မြက်သော မျက်လုံးကြီးများက ဆက်တိုက် မျက်တောင်များပုတ်ခတ် ပုတ်ခတ်လုပ်နေ၏။


 "တတိယအဒေါ် ...ဟီးဟီးဟီး... နောက်ထပ်တစ်ခုပေးပါဦးနော် "


ကျန်းရှုယောင်က သူ့နှာခေါင်းကို ဖိပြီးဆိုလိုက်သည်။


 "ခုနလေးက မင်း ပါးစပ်က အရမ်းချိုတာပဲ... အခု မင်း ကောင်းကောင်းစားပြီးပြီဆိုတော့ စကားပြောတာ ပြီးသွားပြီလား"


ရှဲ့ကျောက်က ခေါင်းယမ်းလိုက်သည်။ 


"သေချာပေါက် မပြီးသေးဘူးပေါ့...တတိယအဒေါ်က အကောင်းဆုံးပဲ... အမ်း...ဒေါ်လေးက မွေးကတည်းက လှတယ်၊စကားပြောလည်းကောင်းတယ်၊ လက်ရာလည်းကောင်းတယ်"


ကျန်းရှုယောင် နှာခေါင်းရှုံ့လိုက်သော်လည်း တစ်ခုယူကာ သူ့ထံသို့ ပေးလိုက်သည်။


ရှဲ့ကျောက်က ကမန်းကတန်း မျက်နှာချိုသွေးလိုက်သည်။ 


"ဒေါ်လေးက သားတို့အပေါ်ကောင်းပြီး ကျွန်တွေအပေါ် ရည်မွန်တယ်...တတိယဦးလေးအတွက် ဒေါ်လေးကို လက်ထပ်ရတာ ကောင်းချီးတစ်ခုပဲ"


ကျန်းရှုယောင် သူ့ကို နောက်ထပ်တစ်ခုပေးလိုက်ပြီး သူ့လက်ထဲပဲထည့်လိုက်သည်။ အများအားဖြင့် တိတ်ဆိတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော ရှဲ့ယောင်က ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ "တတိယအဒေါ်မှာ လှပတဲ့နှလုံးသားရှိပြီး လပြည့်ဝန်းလို မျက်နှာလှလှလေးရှိတယ် " ဟု တိုးတိုးလေးပြောလာသည်။


ရှဲ့ကျောက် အံ့အားသင့်သွားပြီး ကျန်းရှုယောင် လည်း ထိတ်လန့်သွားသည်။


ရှဲ့ယောင်က လက်ကိုဆန့်ကာ ခွက်ပုံသဏ္ဍာန်ပြုလုပ်၍ နှုတ်ခမ်းလေးစုဝိုင်းရင်း ကျန်းရှုယောင်ကိုကြည့်နေပြီး 'သားအတွက်ရော...'ဟုမေးနေဟန်ပင်။


ကျန်းရှုယောင်  ဤတူပေါက်စလေးများကြောင့် အရည်ပျော်သွားသည်။ သူမက ရှဲ့ယောင်၏ ခေါင်းကို ပွတ်လိုက်ပြီး ကြက်ဥမုန့်ကို ပေးလိုက်၏။


ရှဲ့ကျောက်က အပြိုင်အဆိုင်ရှိသလိုခံစားရပြီး အတော်လေး လက်မခံနိုင်ဖြစ်သွားသည်။


 "တတိယအဒေါ်က သဘာဝအတိုင်း လှပပြီး နိုင်ငံတဝှမ်းလုံး သိကြတယ်"


ရှဲ့ယောင်က ကြက်ဥမုန့်ကို တတိတိကိုက်စားရင်းဆိုလေ၏။


"သူ(မ)က အဝေးက တောင်တွေပေါ်က ခေါင်ရမ်းပန်း...ပျံလွှားငှက်တွေကို မနာလိုဖြစ်စေပြီး စာဝါငှက်တွေကို အရှက်ရစေတယ်"


...


ရှဲ့ရွှင်း ဝင်းထဲသို့ လှမ်းဝင်လိုက်သောအခါ အထဲရှိ ကလေးဆန်သော အသံကိုကြားရပြီး ဂရုတစိုက် နားထောင်ပြီးနောက် စကားလုံးများ၏ အကြောင်းအရာသည် အနည်းငယ် ထူးဆန်းသည်ကို တွေ့လိုက်ရသည်။


သူ ကျန်းရှုယောင်၏ခြံဝင်းဆီသို့ လျှောက်သွားလိုက်ပြီး သစ်ပင်အောက်ရှိ လှုပ်ကုလားထိုင်ပေါ်တွင်ရှိနေသော ကျန်းရှုယောင်၏ အပြုံးကို တွေ့လိုက်ရသည်။ သူမရှေ့မှာ တူလေးနှစ်ယောက်က ပိုက်ဆံရသလို ပီယဝါစာစကားတွေပြောနေပြီး နှစ်ယောက်လုံးက သူမ၏အသွင်အပြင်ကို ချီးကျူးနေကြ၏။


အထူးသဖြင့် ရှဲ့ကျောက်က သူမ၏ဝတ်ရုံလက်များကိုဆွဲနေကာ နောက်အခိုက်အတန့်တွင် သူမ၏လက်ဖျံများကို ကိုင်ထားလိုနေသည်။ အလွန်ကို တရင်းတနှီးဖြစ်နေကြ၏။


အရမ်း မျက်စိဖမ်းစားစရာကောင်းတာလား...


ရှဲ့ရွှင်းက  လမ်းလျှောက်လာပြီး သူတို့ကို ဝင်ဖြတ်ပြောလိုက်သည်။


 "ရှဲ့ကျောက်...  မင်း ဘာလုပ်နေတာလဲ"


ရှဲ့ကျောက် လန့်ဖျပ်သွားသော်လည်း ရှဲ့ရွှင်း၏လက်ထဲက ထန်ဟုလူကိုမြင်သောအခါတွင် သူက နာခံမှုရှိရှိဖြင့် "တတိယဦးလေး" ဟု ချိုသာစွာ အော်လိုက်သည်။


"ကောင်းပြီ...ပိတ်ရက်တွေမှာ အမျိုးကောင်းသားရဲ့ပုံစံကို သင်မသင်ခဲ့ရဘူးလား... စည်းကမ်းနဲ့ ကျင့်ဝတ်တွေကော အားလုံးမေ့သွားပြီလား" 


ရှဲ့ရွှင်းက စူးစူးရှရှ အကြည့်ဖြင့် ကြိမ်းမောင်းလိုက်သည်။


ရှဲ့ကျောက်က သူ့ကို နည်းနည်းကြောက်နေဆဲဖြစ်သောကြောင့် ခေါင်းလေး အနည်းငယ်ကျုံ့သွားပြီး သူ့ကိုကြည့်ရန် ကြောက်ရွံ့နေခဲ့၏။


ကျန်းရှုယောင်က ဤခြံဝင်းထဲတွင် ရှဲ့ရွှင်းကိုမကြောက်သည့် တစ်ဦးတည်းသောသူဖြစ်သော်လည်း သူမရှဲ့ရွှင်း၏ ကလေးများအပေါ် စည်းကမ်းတင်းကြပ်ပြီး ဥပေက္ခာပြုသောအသွင်အပြင်ကို နားမပလည်နိုင်သေးပေ။ သူမက မည်သည့်သင့်တင့်လျောက်ပတ်သောထိုင်ခြင်းပုံစံမှမရှိဘဲ လှုပ်ကုလားထိုင်ပေါ်မှာ ကိုယ်တစ်ပိုင်းမှီ၍ထိုင်နေဆဲဖြစ်ကာ ဆိုလိုက်၏။


"ဘာအတွက်လဲ "


ရှဲ့ရွှင်းက သူမကိုကြည့်လိုက်ပြီး


 "မင်းရောပဲ....."


"ကျွန်မကဘာလဲ" 


ကျန်းရှုယောင် ရှဲ့ရွှင်းက သူမ၏တူပေါက်စလေးကို အပြစ်ဆုံးမခြင်းဖြင့် သူမကို အပြစ်တင်ဆုံးမနေသည်ဟုထင်မိသည်။သူမကို အကျိုးအကြောင်းမဆိုဘဲ အပြစ်တင်လာခြင်းကြောင့် သူ့ကို စိတ်တိုသွားသဖြင့် မညှာမတာပြန်ပက်လိုက်၏။


"ကျွန်မမှာ စည်းမျဥ်းဆိုတာမရှိဘူး..."


ရှဲ့ရွှင်း ကြောင်အမ်းသွားခဲ့ပြီး ယင်းကသူ့မျက်နှာထက်မှာ မပေါ်သည်ကား စိတ်မကောင်းစရာပါပင်။အပြင်ဘက်မှာ ပုံမှန်ခေါင်းတလားမျက်နှာပဲရှိနေဆဲဖြစ်လေသည်။


ကျန်းရှုယောင်  သူ့မျက်နှာကို ကြည့်ပြီး သူမမှန်သည်ဟု ထင်သည်။ သူမ စိတ်ထဲကနေ နှာမှုတ်လိုက်ပြီး ရှဲ့ကျောက်ကိုပြောလိုက်၏။


 "မင်းရဲ့ တတိယဦးလေးကို ကြည့်စမ်း...သူက မနာလိုဖြစ်နေပြီ"


ဘုန်း...


ရှဲ့ရွှင်း၏ စိတ်ထဲတွင် ကျယ်လောင်သောမြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီး သူ့နှလုံးသားလေး တုန်လှုပ်ခြောက်ခြားသွားသည်။ သူမ ဘာပြောလိုက်တာလဲ... သူက မနာလိုဖြစ်တယ်...သူဘယ်လိုလုပ် မနာလိုဖြစ်မှာလဲ... သူ ဘယ်သူ့ ရှာလကာရည်ကို စားနေတာလဲ... သူ မနာလိုဖြစ်မှန်း သူမ ဘာကြောင့်သိတာလဲ... မဟုတ်ဘူး... သူ မနာလိုမဖြစ်ခဲ့ဘူးးး...


(😂)


သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေပြီး ထန်ဟုလူကို မကိုင်နိုင်လုနီးပါး ဖြစ်နေပေမဲ့ ကျန်းရှုယောင်က ဖြည်းဖြည်းချင်း ဆက်ပြောသည်။


"မင်းကငါ့ကိုပဲ ချီးကျူး တယ်... ဒါပေမဲ့ မင်းရဲ့တတိယဦးလေးကို မချီကျူးဘူး...အဲဒီတော့ သူက မပျော်ဘူးလေ... လာခဲ့ မင်းရဲ့တတိယဦးလေး ဘယ်လောက်ကောင်းလဲ ငါ့ကို ပြောပြ"


ရှဲ့ကျောက်က အလွန်ကို မဆိုင်းမတွတုံ့ပြန်လေသည်။ ကျန်းရှုယောင် ပြောသမျှကို သူယုံပြီး ချက်ချင်းဖြေလိုက်၏။


 "သားသိတယ် သားသိတယ် ...တတိယဦးလေးက လှတယ်...လကိုကွယ်ဖုံးပြီး ပန်းတွေကို အရှက်ရစေလိမ့်မယ်...တိုင်းပြည်တစ်ခုစာထိုက်တန်တဲ့ အလှတရား"


ရှဲ့ရွှင်း အံ့အားသင့်သွားသည်။


သူ့စိတ်တွေ မလှည့်ပတ်နိုင်သေးခင်မှာ  ငယ်ငယ်လေးကတည်းက အမြဲတမ်း နှုတ်ဆိတ်နေပြီး ယဉ်ကျေးသိမ်မွေ့သည့် တူငယ်လေးရှဲ့ယောင်၏ ခြင်ယင်ကောင်လိုတိုးညှင်းလှသောကြောင့် ပုံမှန်ကြားရခဲသည့်အသံကို ကြားလိုက်ရ၏။သူက ဂရုတစိုက်နှင့် အတန်အသင့်ချောချောမွေ့မွေ့ဆိုလေသည်။


 "တတိယဦးလေးက ချောမောလှပသော မျက်နှာနှင့်လှပသောအသွင်အပြင်ရှိသည်...နိုင်ငံ့ကျက်သရေ နှင့် နတ်ကဲ့သို့သောရနံ့" 


ဤစာကြောင်းက နည်းနည်းရှည်၏။ ဒုတိယပိုင်းတွင် သူ အသက်ရှူမဝလုနီးပါး ဖြစ်နေသည်။


ကျန်းရှုယောင်လည်း အံသြသွားသည်။ အနှီကောင်လေးနှစ်ယောက် ယခုလိုဖြေရန် သူမ တကယ်မမျှော်လင့်ထားပါချေ။ သူမ တုံ့ပြန်နိုင်သောအခါတွင် သူမ ရယ်မောရင်းကုလားထိုင်ပေါ် မှ မြေကြီးပေါ်သို့ လိမ့်ကျလုမတတ်ဖြစ်နေ၏။


သူမ တသိမ့်သိမ့်တုန်အောင်ရယ်နေပြီး ရှဲ့ရွှင်း၏ မျက်နှာက တဖြည်းဖြည်း နီရဲလာကာ သူမ၏ အပြုံးကြောင့် ရှက်ရွံ့သွားသည်။ သူက  အံကြိတ်ပြီး "ကျန်းရှုယောင် " ဟု ဆိုလိုက်၏။


ကျန်းရှုယောင်က မရပ်ချင်ရပ်ချင်ဖြင့်  ရယ်နေသည်ကို ရပ်လိုက်ပြီး ရှဲ့ရွှင်းကို အပေါ်အောက်ကြည့်ကာပြောလေသည်။


 "မင်းပြောတာက မမှားပေမဲ့....."


ရှဲ့ရွှင်း: ???


"...ဒါပေမဲ့ မင်း ယောက်ျားတွေကို အဲဒီလိုချီးကျူးလို့ မရဘူး...မင်းရဲ့ တတိယဦးလေးရဲ့ ပုံစံနဲ့ ရုပ်ရည်က ချောမောခန့်ညားပြီး သူ့အသရေက တုနှိုင်းမရဘူးလို့ ပြောရမယ်"


ရှဲ့ရွှင်း ဘယ်လို တုံ့ပြန်ရမလဲ မသိပေ။ ရှက်စရာလည်းမဟုတ်သလို စိတ်အနှောက်အယှက်လည်းမဖြစ်ခဲ့ချေ။ နားရွက်ခြေများက ပိုပိုနီရဲလာ၏။သို့သော်လည်း သူ ကျန်းရှုယောင်  ဒေါသထွက်နေမနေ မသိပေ။


ရှဲ့ကျောက်က ၎င်းကို မြင်နိုင်သည့် မျက်လုံး မရှိပေ။ သူက ရှဲ့ရွှင်းလက်ထဲက ထန်ဟုလူများကို စိုက်ကြည့်ပြီး "တတိယဦးလေး...သားတို့အတွက် ဒီဟာကို ဝယ်ခဲ့တာလား"ဟု မေး၏။


ရှဲ့ယောင်ကလည်း ထိုစကားကြားသောအခါ သိလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လာသည်။


ဘယ်ဟုတ်မလဲ...


ရှဲ့ရွှင်း အိမ်ကို မပြန်ခင်မှာ သူတို့ ခြံဝင်းထဲ ရောက်လာမည်ဆိုသည်ကို သူ မသိခဲ့ပေ။


သူက ကျန်းရှုယောင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမမှာတုံ့ပြန်မှုမရှိသည်ကို တွေ့လိုက်ရ၏။ သူသည် ဝန်လေးနေဟန်ဆောင်ကာ ရှဲ့ကျောက် နှင့် ရှဲ့ယောင် အား ထန်ဟုလူများ ပေးလိုက်သည်။


ရှဲ့ကျောက်က အပြင်မှာရောင်းသည့်အစားအစာ မစားဖူးသေးသည့်အတွက် ဝမ်းသာအားရယူပြီး ရှဲ့ရွှင်းကို ကျေးဇူးတင်လိုက်၏။


ကျန်းရှုယောင်  သကာရည်အလွှာများနှင့်ပြည့်ဖောင်းပြီး တောက်ပသော အရောင်အသွေးရှိသေယ ဟော်သွန်သီးများကြည့်ကာ သက်ပြင်းချလိုက်သည်။ 


"ထန်ဟုလူ မစားရတာကြာပြီ"


ရှဲ့ကျောက်က ၎င်းကိုကြားပြီး ကျန်းရှုယောင်ဆီကို ထိုးပေးလိုက်၏။


 "တတိယအဒေါ်လိုချင်လား"


ကျန်းရှုယောင်က ယဉ်ကျေးမနေပေ။ သူမ ထိပ်ဆုံးတစ်ခုကို ကိုက်ပြီး တကျွင်းကျွင်း ဝါးလိုက်သည်။


ရှဲ့ရွှင်း  သူတို့၏ ချစ်ခင်ရင်နှီးပြီး အနှောက်အယှက်ကင်းသော အသွင်အပြင်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ့ရင်ထဲမှာ အချဉ်ပေါက်သွားပြီး မကျေနပ်ချက်များနှင့် လောင်ကျွမ်း  ပြည့်လျှံနေခဲ့၏။


သူ စာကြည့်ခန်းဆီသို့ လှည့်ပြန်သွားသော်လည်း ခြံဝင်းထဲတွင် စိတ်လှုပ်ရှားမှုက ဆက်လက်ရှိနေခဲ့သည်။


စာကြည့်ခန်းထဲ ရောက်ရှိပြီးနောက် ရှဲ့ရွှင်း သူဝယ်ထားခဲ့သော စာအုပ်ပုံကြီးကို ထုပ်ပြီး တစ်အုပ်ပြီးတစ်အုပ် ဖတ်သည်။


အခန်း၏အစမှာ စာပေပညာရှင်နှင့် ချောမောလှပသော အမျိုးသမီးတို့ မြင်မြင်ချင်း ချစ်မိသွားချိန်ဖြစ်သည်။ နှလုံးသားနှစ်ခုက တစ်ခုနှင့်တစ်ခု ကြည်နူးမှုများ၊ တစ်ယောက်နှင့်တစ်ယောက် မည်သို့ချစ်ကြပုံများတို့ပါဝင်သော်လည်း ဘာကြောင့် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသည်လဲဆိုသည်က ရှင်းရှင်းလင်းလင်း မသိရပါချေ။


သူ ဖတ်စာအုပ်အားလုံးကို ပျင်းရိစွာ လှန်ကြည့်ခဲ့သော်လည်း နောက်ဆုံးတွင် အဖြေကို ရှာမတွေ့ခဲ့ပေ။ သူတကယ် ယခုလိုစာအုပ်မျိုးတွေ ရေးသည့် စာပေ ပညာရှင်တွေကို ဖမ်းပြီး အတင်းအကြပ် ပြန်ရေးခိုင်းချင်မိ၏။


လက်ဆေးရန် ကြေးနီဘေစင်ဆီသို့ လျှောက်သွားကာ ရေပေါ်တွင် ထင်ဟပ်နေသော သူ့အရိပ်ကို ကြည့်လိုက်သည်။ သူ ယောင်ဝါးဝါး စိတ်အားထက်သန်နေခဲ့သည်။


ပါရမီရှင်ယောက်က ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ကို သူမ၏အလှကြောင့် ချစ်မြတ်နိုးသည်ဆိုပါက ကျန်းရှုယောင်ကရော အဘယ်သို့နည်း။


သူ အောက်ကိုငုံ့ပြီး ရေထဲရှိ သူ၏ရောင်ပြန်ဟပ်မှုကို သေသေချာချာ ကြည့်လိုက်၏။


သူက သူ့အသွင်အပြင်ကို သိပ်ဂရုမစိုက်ပေ။ တော်ဝင်စာမေးပွဲအောင်သူများ လမ်းရှည်ကြီးကို ဖြတ်ကျော်လာချိန်က သူ့ဆီပစ်သော အမွှေးအိတ်များနှင့် ပန်းများက သူ့အား ဖုံးလွှမ်းသွားသည်။ ဘယ်သူကမှ ပထမဆုရှင်ကို ပန်းတွေမပစ်သလိုပင်။ ထိုအချိန်တွင် သူ စိတ်တိုရုံသာ ရှိသည်။ ဒါဆို ဘာလို့ အကုန်လုံး သူ့ဆီကို ပစ်ချတာလဲ...အခု စဉ်းစားကြည့်တော့ သူက ပိုကြည့်ကောင်းလို့ ဖြစ်နိုင်လား...


သူ့ကိုယ်ပိုင်အလှကို ရှင်းရှင်းလင်းလင်းမသိသော  ရှဲ့ရွှင်း စိတ်ရှုပ်ထွေးသွားသည်။ ညစာစားရန်ပင် မေ့သွားခဲ့၏။ ကျန်းရှုယောင်  သူစာကြည့်ခန်းတံခါးကို ပိတ်ထားကြောင်းကြားသောအခါ သူစိတ်ဆိုးသွားပြီး သူမကို လျစ်လျူရှုလိုက်သည်ဟု သူမထင်ခဲ့သည်။


ရှဲ့ရွှင်း  ညစာ အကြောင်းကို သတိရသောအခါ ကျန်းရှုယောင်  သူမ၏ ညစာကိုစားပြီးသွားပြီဖြစ်သည်။


သူဗိုက်ဆာနေပြီဆိုသည်ကို သတိထာမိသောအခါ ပင်မမီးဖိုချောင်မှာ အကြွင်းအကျန် ရှိမရှိ စစ်ဆေးရန် လူတွေကို အမြန်ခေါ်လိုက်သည်။ အဆုံးတွင် အစေခံလေးက အသားစွပ်ပြုတ်တစ်ပန်းကန်နှင့် အရံဟင်းတစ်ပန်းကန်ကိုသာ ယူဆောင်လာခဲ့သည်။


ဤသည်က သိသာထင်ရှားစွာ မလုံလောက်သညံအတွက် ကျိမော့ကမေးလိုက်၏။


 "သခင်... ထပ်ပြိး တစ်ခုခုလုပ်ဖို့ ပင်မမီးဖိုချောင်ကို အမိန့်ပေးချင်လား"


ရှဲ့ရွင်းက  သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးဆိုသည်။ "မလိုဘူး" 


သူ ဗိုက်ထဲအစာရှိအောင် မုန့်တချို့စားရန် စိတ်ကူးထားသည်။


သို့သော် ညဘက်တွင် မုန့်အချို့စားခြင်းက ဗိုက်ပြည့်စေရန် မလုံလောက်သဖြင့် ရှဲ့ရွှင်း  ခဏအကြာတွင် ဗိုက်ဆာလာပြန်သည်။


သူ စာကြည့်ခန်းမှ ထွက်လာပြီး တစ်စုံတစ်ဦးကို ပင်မမီးဖိုချောင်သို့ ခေါ်ကာ တစ်ခုခု ချက်ပြုတ်ရန် စားဖိုမှူးကို ခိုင်းခိုင်းမည်ပြုချိန်တွင် ရုတ်တရက်  အနံ့ပြင်းပြင်းကို ရှူရှိုက်မိလိုက်သည်။


ရှဲ့ရွှင်း အနံ့အသက်ရှိရာကိုလိုက်ပြီး မီးဖိုချောင်ငယ်လေးဆီသို့ကြည့်ရာ ထိုနေရာတွင် တစ်ယောက်မှ မရှိသည်ကို တွေ့လိုက်သော်လည်း အိုးတစ်အိုးက မီးဖိုပေါ်တွင် ပွက်ပွက်ဆူနေသည်။ သူအတော်လေး စိတ်ပျက်သွား၏။ အသားနှပ်နံ့လှိုင်လှိုင် အနံ့ခံရင်း ဗိုက်က နှစ်ခါအော်လာသည်။ သူ ဗိုက်ဆာလွန်း၍ အစေခံတွေကို  ပင်မမီးဖိုချောင်ကို ခေါက်တုံ့ခေါက်ပြန်သွားပြီး  အစားအသောက်ယူမည်ကို မစောင့်နိုင်တော့ပေ။ သူ ပင်မမီးဖိုချောင်ဆီသို့ အမြန်သွားလိုက်သည်။


Xxxxx