အပိုင်း ၃၁
Viewers 18k

Chapter 31


ဝါးတော


ကျန်းရှုယောင် ယနေ့ညတွင် အသားနှပ်ပြုလုပ်ခဲ့ပြီး အနံ့သည် ဆံပင်တွေအကုန်လုံး စွဲသွားသည်ဟု သူမ ခံစားခဲ့ရသည်။ အဝတ်အစားလဲပြီးသည်နှင့် အိမ်ထဲမှာ ဖြည်းဖြည်းချင်း ဟိုလျှောက်သည်လျှောက်လုပ်နေခဲ့၏။


သူမ မြို့စားရှဲ့အိမ်တော်တွင်လက်ထပ်ဝင်လာပြီးနောက် မီးဖိုချောင်နှင့် ပင်မခန်းမမှလွဲ၍ အခြားနေရာများသို့သာ သွားရောက်လည်ပတ်,ခဲ,လေ သည်။ သူမသည် ဤအိမ်အကျယ်ကြီးထဲတွင် တစ်ထောင့်တစ်နေရာပဲ လျှောက်သွားခဲ့ကာ ပတ်လမ်းကြောင်းကိုပင် မသိခဲ့ပေ။


ယနေ့ညတွင် လေနုအေးက လန်းဆန်းနေပြီး လက ကြည်လင်နေသည်။ သူမ စိတ်ကောင်းဝင်နေပြီး လမ်းပြရန် ဘယ်သူ့ကိုမှ မတောင်းဆိုခဲ့ပါချေ။ လရောင်အောက်တွင် သူမ အိမ်တော်ကြီးတဝိုက်တွင် လျှောက်သွားခဲ့သည်။


မြို့စားရှဲ့၏စံအိမ်သည် ရာစုနှစ်ပေါင်းများစွာ အမွေဆက်ခံခဲ့သော မင်းညီမင်းသားများ၏ အိမ်ဖြစ်ထိုက်သည်။ အိမ်ကြီး၏ဝင်းကို သပ်သပ်ရပ်ရပ် စီစဉ်ပေးထားပြီး လမ်းကျယ်သည်၊ ခြံဝင်းများက ကျက်သရေရှိပြီး ရိုးရှင်းသည်။ အိမ်တော်ကြီးတွင် ထည်ဝါမှုနှင့် ကြီးကျယ်ခမ်းနားမှုနှစ်ခုလုံးရှိသော စင်္ကြံနှင့်  စိမ်းလန်းသော မိုးမခပင်များဖြင့် စီတန်းအနားသပ်ထားသည့် တင့်တယ်ပြီးသပ်ရပ်လှပသော ရေကန်ကြီးပါရှိသည်။


သူမ ကြုံရာကျပန်း လမ်းလျှောက်ရင်း ဝါးတောငယ်တစ်ခုကို တွေ့လိုက်သည်။


သူမ မဝင်ဝံ့ဘဲ နောက်ပြန်လှည့်ရန် ကြံစည်ခဲ့သော်လည်း လမ်းကြောင်းမှားကာ ဝါးတောငယ်ဘေးရှိ ချွီရွှေမဏ္ဍပ်နားတဝိုက်ကို ရောက်သွားခဲ့သည်။


မဏ္ဍပ်ထဲမှာ လူနှစ်ယောက် ထိုင်နေကြ၏။ သူတို့သည် ၀တ်ရုံများကို ၀တ်ဆင်ထားပြီး အလွန်ရိုမန်တစ်ဆန်လှသည်။ အနီးကပ်ကြည့်ရှုပြီးနောက်၊ သူတို့က ရှဲ့ရွှင်း၏အကြီးဆုံးအစ်ကို ရှဲ့လိီနှင့် ဒုတိယအစ်ကို ရှဲ့လန်တို့ ဖြစ်နေခဲ့၏။ 


ကျန်းရှုယောင် သူမ၏ အစေခံကိုမခေါ်ဘဲ ညဘက်တွင် အိမ်အနှံ့ လှည့်လည်ခဲ့သည်။ ယခုအချိန်မှာ သူတို့မျက်လုံးများက သူမကို စေ့စေ့ငုငုကြည့်နေသည်ကို တွေ့ရသည်မှာ နည်းနည်းရှက်စရာကောင်း၏။ အဝေးမှ ခေါင်းညိတ်ပြပြီးနောက် လစ်ထွက်သွားရန် ကြံစည်ခဲ့သည်။


ရှဲ့လီက သူမကို တားလိုက်သည်။ 


"တတိယခယ်မ... မင်းရဲ့အစေခံ ဘယ်မှာလဲ"


ကျန်းရှုယောင်က ရပ်လိုက်ပြီး


 "ကျွန်မ ခြံထဲမှာ လမ်းလျှောက်ချင်တာမို့ လူမခေါ်လာခဲ့ဘူး..."


ရှဲ့လီက သူ့လက်ထဲက စစ်တုရင်အပိုင်းအစတွေကို ချလိုက်ပြီး တင်းတင်းမာမာဆို၏။


 "ဒါက သခင်ရှန်းယန် ရဲ့အိမ်တော် မဟုတ်ဘူး... မင်းမိဘအိမ်မှာရှိတုန်းကလို နေလို့မရတော့ဘူး... အတွင်းခြံဝင်းထဲမှာပဲ လမ်းလျှောက်...အပြင်ဘက်ခြံဝင်းကို မသွားနဲ့"


ကျန်းရှုယောင် ဆူပူကြိမ်းမောင်းခြင်း ခံရသော်လည်း သူမ ဘာမှ မပြောဘဲ ထွက်သွားသည်။


လမ်းတစ်ဝက်မှာ သူမ မကျေမနပ်မိဖြစ်မိသည်။ သူမကို အပြစ်တင်ရမည်ဆိုရင်လျှင်း ယင်းက သခင်မကြီး၏ အလုပ်ဖြစ်၏။ ရှဲ့ရွှင်း၏အစ်ကိုကြီးဆိုလျှင်ပင် မည်သို့ ပါဝင်နိုင်မည်နည်း။


ရှဲ့လီက အကြီးတစ်ယောက်ဖြစ်ပြီး အစ်ကိုအကြီးဆုံးက ဖခင်တစ်ယောက်လိုပါပင်၊ သို့ပေမဲ့ သူမကို ဤမျှထိ တင်းကြပ်နေရန် မလိုဘူး မဟုတ်ပါလော။


ဤအကြောင်းကို သူမ ပိုတွေးလေလေ ဒေါသဖြစ်လေလေဖြစ်သည်။ ရှန်းယန်အိမ်တော်မှာမဟုတ်ဘူးဆိုသည်က သူဘာကိုဆိုလိုသနည်း။ ဤအိမ်မှာလက်ထပ်ဝင်ပြီးလျှင် အိမ်နောက်ဖေးကနေပင် ထွက်မရတော့လေသလား။သူမ သူမခြံဝင်းထဲမှာ တနေကုန် ငြီးငွေ့နေရ၏။ အိမ်ထဲမှာ အချုပ်ချခံထားရသည့်လူတွေက ဖျားကုန်ပေလိမ့်မည်။


ရှဲ့မိသားစုရှေ့မှာ စကားမပြောတတ်သည့် မူလပိုင်ရှင်တောင်မှ ဒေါသမထွက်ဘဲနေနိုင်မည်မဟုတ်ပေ။ အမြဲတမ်း ရိုးရိုးသားသားပြောတတ်သည့် ကျန်းရှုယောင်ဆိုလျှင်ကား ထည့်ပြောစရာပင်မလိုချေ။


ဝေးဝေးမသွားဘဲ ဆောင့်ကြီးအောင့်ကြီး လှည့်လိုက်သည်။


ရှဲ့လီ သူ့အတွက်သူ ဝိုင်တစ်ခွက်ငှဲ့ပြီး ခွက်ချင်းတိုက်ခါနီးတွင် ကျန်းရှုယောင်က စိတ်တိုနေသောမျက်နှာဖြင့် ပြန်ပြေးလာသည်ကို သူမြင်လိုက်ရသည်။


သူက ဝိုင်ဖန်ခွက်ကို ချလိုက်ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်၏။


 "သူ(မ)က ကောလဟာလတွေ ပြောသလိုပါပဲ... အထိန်းအကွပ်မရှိ ပြုမူနေတယ်"


တစ်ဖက်က ရှဲ့လန် စကားမပြောခင် ကျန်းရှုယောင်က အရင်ပြောထားပြီးသားဖြစ်နေသည်။


 "အစ်ကိုကြီးပြောတာမှားတယ်... ကျွန်မက ရှဲ့မိသားစုရဲ့သမီးမဟုတ်ပေမဲ့ ဒီအိမ်ထဲကိုလက်ထပ်ဝင်ပြီးကတည်းက ရှဲ့ရွှင်းရဲ့ဇနီး တတိယအိမ်တော်ခွဲရဲ့ သခင်မပါ... အိမ်တော်ထဲမှာ လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်တဲ့ အရည်အချင်းမရှိဘူးလား"


ရှဲ့လီသည် အရာရှိလောကတွင် နှစ်ပေါင်းများစွာ နှစ်မြုပ်နေခဲ့သည်။ သူ့မှာ ရှဲ့မိသားစု၏ ရုပ်ရည်ကြည့်ကောင်းမှုတို့ရှိပြီး ချောမောသော်လည်း သူက ပို၍တည်ကြည်ပြီး တောင့်တင်း ခံ့ညားသောပုံစံရှိသည်။ လူတွေက သူ့ရှေ့မှာ ရှိနေသသည့်အခါ သူ့ကို ဆန့်ကျင်မိမှာကြောက်ပြီး သတိလက်လွတ် ပြုမူမိတတ်ကြ၏။


ကျန်းရှုယောင်၏စကားကိုကြားသောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ပိုခက်ထန်လာပုံရသည်။


"အိမ်ထောင်မပြုခင်မှာ နာမည်ဆိုးရခဲ့တာကို ကျွန်မသိပါတယ်...ဒါပေမဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာ ပြဿနာမဖြစ်စေခဲ့သလို သက်ကြီးဝါကြီးတွေ စော်ကားတာမျိုးလည်း မလုပ်မိပါဘူး...နာခံမှုအပြည့်နဲ့ အခန်းထဲမှာကျုံ့ပြီး နေရစ်ခဲ့တယ်—"


သူမ ပြင်းပြင်းထန်ထန် ပြန်ခံပြောသည်။ ထိုအချိန်တွင် ပျော့ပျောင်းပြီး အကူအညီမဲ့နေသော အသံက သူမကို အနှောင့်အယှက်ပေးလာသည်။


"တတိယခယ်မ" 


ရှဲ့လန်က သူ့အပြုံးကို ထိန်းမထားဘဲဆို၏။


 "မင်းနားလည်မှုလွဲနေတယ်"


လက်ထပ်ပြီးစ ပထမနေ့တွင် သတို့သမီးက လက်ဖက်ရည် ကမ်းသောအခါက ကျန်းရှုယောင် ရှဲ့ရွှင်း၏ အစ်ကိုနှစ်ယောက်ကို ပထမဆုံးတွေ့ဖူးသည့် တစ်ခုတည်းသော အကြိမ်ဖြစ်သည်။ ထိုစဥ်က ခယ်မငယ်တစ်ယောက်အနေနှင့် သူတို့ ဘယ်လိုပုံသဏ္ဍာန်ရှိလဲဆိုတာကို သိအောင်  မော့ကြည့်ရန် မဝံ့ရဲခဲ့ပါချေ။ ခမ်းနားထည်ဝါသော အရာရှိဝတ်စုံနှစ်ခု၏ ထောင့်စွန်းများကိုသာ သူမ သတိရမိသည်။


ယခု လရောင်တောက်ပနေသဖြင့် ကျန်းရှုယောင်   နောက်ဆုံးတွင် သူတို့၏ရုပ်ရည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။


အစ်ကိုအကြီးဆုံးရှဲ့လီက ဂုဏ်သိက္ခာပိုရှိပုံပေါ်ကာ နေ့တိုင်း မျက်မှောင်ကြုတ်နေသောကြောင့် သူ့မျက်ခုံးကြားမှာ မျဉ်းကြောင်းလေးတွေ ရှိနေသည်ကလွဲ၍ သူတို့နှစ်ယောက်စလုံးဟာ ရှဲ့ရွှင်းနှင့်တူကြသည်။ ဒုတိယအစ်ကို ရှဲ့လန်က သူ၏အရာရှိယူနီဖောင်းကို ချွတ်ကာ ၀တ်ရုံကို ၀တ်ထားသည်။ သူက မြို့စားအိမ်တော်၏ သခင်တစ်ဦးကဲ့သို့ မဟုတ်ဘဲ ရှုခင်းများနှင့် ခရီးသွားခြင်းကို နှစ်သက်သော ကျောင်းတော်သားနှင့် ပိုတူသည်။


နူးညံ့သိမ်မွေ့သော သံလိုက်လိုအသံဖြင့် သူက ချေငံပြေပြစ်စွာ ပြုမူကာ ကျန်းရှုယောင်ကိုပြောလေသည်။


 "မင်းက မြို့စားရှဲ့အိမ်တော်နဲ့ သိပ်မရင်းနှီးဘူး... ဝေးလံခေါင်သီတဲ့ အရပ်ကို လျှောက်သွားမိပြီး မနာလိုတဲ့ လက်အောက်ငယ်သားနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"


ကျန်းရှုယောင် အနည်းငယ် လန့်သွားသည်။


ရှဲ့လန် ထပ်ပြော၏။ 


"ဒါပေမဲ့  ငါတို့အိမ်တော် ငါတို့ရဲ့လက်အောက်ငယ်သားတွေကို တင်းတင်းကျပ်ကျပ် ဆက်ဆံတယ်... သူတို့အားလုံးက မိသားစုထဲမှာ မွေးဖွားလာကြတာ... ဒီလိုမျိုးဆိုးကျိုးတွေဖြစ်လာမှာမဟုတ်ဘူး... ငါ့အစ်ကိုကြီးနဲ့ ငါက ခုနက မင်းသားဝူ နဲ့ အရက်သောက်ရင်း စကားပြောနေကြတာပဲ... မင်းသားဝူက ရမ္မက်ကြီး ပြီး ရမ်းရမ်းကားကား ပြုမူတတ်တယ် ...ဒါက ငါတို့ခယ်မကို မျက်တောင်ဖျားနဲ့တောင်ထိခိုက်စေမှာမဟုတ်ပေမဲ့ သူက မင်းကို စွဲလန်းသွားရင် ဘယ်လိုလုပ်မလဲ"


ကျန်းရှုယောင်  သူ၏ နူးညံ့ယဉ်ကျေးသော လေသံကြောင့် ရှက်သွားသည်။ သူတို့က သူမအား မလိုမုန်းထားစိတ်ဖြင့် မဆက်ဆံခဲ့ကြကြောင်း ပေါ်လွင်လာသော်လည်း သူမက သူတို့ သူမကို တစ်ခုခုဆန့်ကျင်နေသည်ဟု ထင်မြင်ခဲ့ကာ ယင်းကြောင့် နားလည်မှုလွဲသွားခြင်း ဖြစ်လေသည်။


သူမ အင်္ကျီထောင့်ကို ဆွဲကိုင်လိုက်ရင်း အသံက ရုတ်တရက် ပျော့သွားကာ ရှက်သွားသည်။


 "တောင်းပန်ပါတယ် နားလည်မှုလွဲသွားလို့ပါ... ခုနက ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်မိပါတယ်... ခအကြီးဆုံးခဲအိုနဲ့ ဒုတိယခဲအိုတို့ ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်"


ရှဲ့လျန်က သူမမြေကြီးကိုစိုက်ကြည့်နေသည်ကို တွေ့သောအခါ  ပြုံးပြီး ခေါင်းယမ်းလိုက်၏။ "သူ(မ)က တတိယလေးရဲ့ သစ်သားတုံးစိတ်နေစိတ်ထားနဲ့ တော်တော်ကွာခြားပုံရတယ်"


ဤလူကြီး၏ သဘောထားက ကျန်းရှုယောင်ကို ပို၍ပင် အရှက်ရစေခဲ့သည်။ 


“ဒီခယ်မက အဆင်အခြင်မဲ့ခဲ့ပါတယ်"ဟု သူမထပ်ပြီးတောင်းပန်လိုက်၏။


"ကောင်းပြီ"


ရှဲ့လီက ပြောလိုက်သည်။ သူက ရှဲ့လန်ကို စိုက်ကြည့်ကာ ကလေးမလေးကို အနိုင်ကျင့်ခြင်း မပြုရန် သူ့ကို လက်ယက်ပြလိုက်သည်။ သူက ကျန်းရှုယောင်ကိုဆို၏။


 "တတိယခယ်မ...မင်းလမ်းပြဖို့ အစေခံ ခေါ်ပါ...လမ်းမပျောက်စေနဲ့"


သူ့လေသံက ခံ့ညားထည်ဝါနေသေးပေမဲ့ ကျန်းရှုယောင်  သူ ဆူပူကြိမ်းမောင်းခြင်း မဟုတ်သည်ကို အခုသိသွားပြီဖြစ်သည်။


တွေးလေလေ ရှက်လေလေဖြစ်သည်။ ခြံဝင်းဆီသို့ လမ်းလျှောက်လာရင်း လမ်းတွင် အစေခံတစ်ဦးနှင့် တိုးသဖြင့် အပြန်လမ်းပြရန် တောင်းဆိုခဲ့သည်။


သူမအိမ်ဝင်းထဲပြန်ရောက်သောအခါ ရှဲ့ရွှင်းလည်း ပင်မမီးဖိုချောင်ကနေ ပြန်လာခဲ့၏။ နှစ်ယောက်သား ခြံအဝင်ဝမှာ ဆုံကြ၏။ သူမပုံစံက ထူးဆန်းနေသည်ကိုမြင်သောအခါ ရှဲ့ရွှင်းက အသံကျယ်ကျယ်ဖြင့်မေးလေသည်။


 "မင်းဘယ်သွားတာလဲ"


ကျန်းရှုယောင်က အစောပိုင်းတွေ့ဆုံမှုအကြောင်းကို တွေးတောနေဆဲဖြစ်ပြီး ရှဲ့ရွှင်းက ရုတ်တရက် ထွက်လာကာ သူမကို ခေါ်လိုက်သည်။သူမ ပြန်ဖြေလိုက်၏။


 "ကျွန်မ အပြင်ခဏထွက်ခဲ့တယ်" 


"အိုး" 


ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်သည်။သူ စကားလုံးရှာရန် ကြိုးစားနေစဉ် ကျန်းရှုယောင်က သူမခေါင်းကို ထုပြီး မီးဖိုချောင်ထဲကို အမြန်ဝင်သွားခဲ့၏။


ရှဲ့ရွှင်း  သူမနောက်ကနေ စပ်စပ်စုစု လိုက်သွားသည်။


မီးဖိုအောက်ရှိ သစ်သားထူထူများက လောင်ကျွမ်းသွားပြီး လို့မေကို ဖြည်းညှင်းစွာ နှပ်ရန် ကျန်နေသော အပူချိန်ကိုသာ ချန်ထားခဲ့သည်။ ကျန်းရှုယောင် အဖုံးကိုဖွင့်လိုက်သည်နှင့် မွှေးပျံ့သောရနံ့က အခန်းထဲသို့ ချက်ချင်းစိမ့်ဝင်ပျံ့နှံ့လာသည်။


လို့မေ အတွက် အရေးကြီးဆုံးအချက်မှာ ဟင်းအနှစ်ပြင်ဆင်မှုဖြစ်သည်။ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သကြား၊ ပိန္နဲသီး၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ဖာလာဖြူ၊ လိမ္မော်ခွံစသဖြင့် မရှိမဖြစ်လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များဖြစ်လေသည်။လိုအပ်နေသော နေသော ငရုတ်သီးခြောက်ကို ကော်နယ်ဆီဖြင့် အစားထိုးခဲ့သည်။


ဟင်းအနှစ်ကို ပိုအရသာရှိစေချင်သည်ဆိုပါက အထူးပြုလုပ်ထားသော တရုပ်ဆေးအိတ်ထဲမှာ ထည့်ထားရ၏။ ကျန်းရှုယောင်  နွယ်ချို ၊ မြက်သီး ၊ ငရုတ်ကောင်း ၊ ခရမ်းရောင် တိမ်တိုက် ၊ သစ်မွှေး၊ တရုတ်နံနံ၊ စသည်ဖြင့် ပါဝင်ပစ္စည်းများယူရန် ပိုင်ကျီကို ဆေးဆိုင်သို့  သွားခိုင်းလိုက်ပြီး အားလုံးကို ပိတ်စလေးဖြင့် ထုပ်ကာ အိုးအောက်ခြေတွင် ထည့်၍ ဆေးဘက်ဝင်ဟင်းခတ်အမွှေးအကြိုင်တိုင်း၏ရနံ့က ဟင်းချိုထဲတွင် ပျံ့နှံ့လာသည်အထိပြုတ်ခဲ့သည်။


ပထမဦးစွာ ဟင်းရည်တွင် အဆီအလုံအလောက်ရှိစေရန် ဝက်ဗိုက်သားနှင့် ဝက်ခြေထောက်များကို ထည့်ရန် လိုအပ်ပြီး ထိုမှသာ ဘဲလည်ပင်း၊ ဘဲတောင်ပံများ၊ကြက်ဥပြုတ်များ ကြာပန်းစွယ်၊ တို့ဟူးခြောက်စသည်တို့ကို အဆီများပြီး အရသာကဲစေသည်။ .


သူမ သံဇွန်းကြီးတစ်ချောင်းကို ကောက်ယူကာ နှပ်ထားသော အသားများကို ဆယ်ထုတ်ကာ ပန်းကန်လုံးတစ်ခုထဲတွင် ထည့်လိုက်သည်။ အရသာရှိလှသည့် ဟင်းရည်အမွှေးအကြိုင်တွေက ရှဲ့ရွှင်းကို  ပင်မမီးဖိုချောင်ကို သွားစားခဲ့ရသည်ကို နောင်တရစေခဲ့၏။


သူ ပန်းကန်ထဲက အသားနှပ်ကို ကြည့်လိုက်သည်။ အရောင်က အနီရောင်ဖြစ်ပြီး အနံ့က အရသာရှိပြီး နူးညံ့ကာ အပေါ်ယံလွှာကို ကြည်လင်တောက်ပပြီး ဆွဲဆောင်မှုရှိသည့် နီညိုရောင် ဟင်းအနှစ်နှင့် ရစ်ပတ်ထားသည်။


ရှဲ့ရွှင်း  ပန်းကန်လုံးထဲက ပါဝင်ပစ္စည်းတွေကို ကြည့်ပြီးမေးလိုက်၏။


 "ဒါက ဘာလဲ"


ယခုအချိန်တွင် လူသားက(လူအသား) ကျွဲနွားနှင့် သိုးများထက် ဈေးသက်သာပေလိမ့်မည်ည်။ သက်ကြီးရွယ်အို သို့မဟုတ် ဖျားနာ၍ သေဆုံးသွားသော ကျွဲနွားများကိုသာ သတ်ခွင့်ရှိသည်။ ထို့ကြောင့် ကျန်းရှုယောင် အမဲသားကို မချက်ဘဲ ဘဲသား၊ ဝက်သားနှင့် အခြားအသားများကို ရွေးချယ်ခဲ့သည်။


"လို့မေ... ဒါ ဘဲအတောင်ပံ၊ ဘဲလည်ပင်း...ဒါက ဝက်ခြေထောက်"


ကျန်းရှုယောင်က သူ့ကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေး၏။


သူအရင်က နားလည်ပေးနိုင်လိမ့်မည်မဟုတ်သော်လည်း ကျန်းရှုယောင်က "ဝက်ခြေထောက်" ဆိုသည့် စကားလုံးကို ပြောသည့်အခါ ရှဲ့ရွှင်း  သူမကို အံ့ဩစွာ ကြည့်နေခဲ့သည်။


မြင့်မြတ်အိမ်တော်များ၏မျိုးရိုးမြင့်များသည် ဝက်သားကို စားကြသော်လည်း ဤခေတ်တွင် ခေတ်မစားပေ။ အများအားဖြင့် ပါဝင်ပစ္စည်းများမှာ ပင်လယ်စာ၊ လတ်ဆတ်သောငှက်များနှင့် ကြက်ငှက်များဖြစ်သည်။ ဝက်များ၏နေထိုင်မှုပတ်ဝန်းကျင်သည် ညစ်ပတ်သောကြောင့် သို့မဟုတ် အတွေ့အကြုံမရှိစွာချက်ထားသောဝက်သားက အညှီအရသာရှိသောကြောင့် ဖြစ်နိုင်သည်။ထမင်းစားပွဲပေါ်တွင် ဝက်သားကို တွေ့ရခဲပြီး ရှိလျှင်ပင် ၎င်းကို ဂရုတစိုက် စီမံထားသည်။ ကျန်းရှုယောင်ကဲ့သို့သော ဝက်ခြေထောက်များကို စားရသည်ဟု မကြားဖူးပေ။


ရှဲ့ရွှင်း   ဝက်ခြေထောက်၏ မူလပုံသဏ္ဍာန်ကဲ့သို့သာ ယောင်ဝါးဝါးတူနေသည့် ခုတ်ထစ်ထားသော ဝက်ခြေထောက်ကို ကြည့် သူ့ဗိုက်ထဲက ဆာလောင်မှုကို မျိုသိပ်ထားလိုက်သည်။


 "ကျွန်မအဲဒါတွေကို သေသေချာချာ ကိုင်ထားပြီးပြီ... သူတို့က လုံးဝ မညစ်ပတ်ဘူး...တကယ်အရသာရှိတယ်" 


မော်ဒန်ခေတ်မှာ ဝက်ခြေထောက်တွေက အရမ်းဈေးကြီးတယ်နော် ဟုတ်ပြီလား...


သို့ရာတွင် ပြောပြီးသည့်အခါ “အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက လက်မခံနိုင်ဘူးထင်တယ်” ဟုဆိုကာ သူမတုံ့ဆိုင်းသွားသည်။


ရှဲ့ရွှင်း  နားရွက်လှုပ်သွား၏။ အမ်...အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို... ဘယ်သူလဲ... 


ကျန်းရှုယောင်  ဝက်ခြေထောက်ကို ထုတ်ကာ ကျန်အသားများကို အစီအရီထည့်ပြီး နှပ်ထားသော ဆော့စ်အလွှာကို လောင်းချလိုက်သည်။ ထို့နောက် ရှဲ့လီ နှင့် ရှဲ့လန်တို့ထံ ပေးပို့ရန် အစေခံတစ်ဦးကို ခေါ်ခဲ့သည်။


"ငါကတောင်းပန်တာလို့ပဲ သူတို့ကိုပြောလိုက်... မကြိုက်မဖြစ်ရင် အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက အရက်နဲ့မြည်းကြည့်လို့ရတယ်"


အစေခံက ခေါင်းညိတ်ပြပြီး တလေးတစားနှင့် ထွက်သွား၏။


ရှဲ့ရွှင်း  ထိုအကြောင်းကို တွေးနေပေမဲ့ ကျန်းရှုယောင်နှင့်  သူ့အစ်ကိုနှစ်ယောက်ကြား ဆုံနိုင်မည့်လမ်းကို မှန်းဆ၍ မရသည့်အတွက်မေးလိုက်တော့သည်။


 “ဘာလို့ သူတို့ကို ကျွေးတာလဲ” 


"တောင်းပန်ဖို့မဟုတ်ဘူးလား" 


ကျန်းရှုယောင်  အသေးစိတ်ပြောပြရန် မရည်ရွယ်ထားပါချေ။ သူမ အဖုံးကိုပိတ်ပြီး မီးဖိုခန်းငယ်လေးထဲက ထွက်သွား၏။


ရှဲ့ရွှင်း  ခဏလောက်ကြက်သေသေသွားသည်။သူ မမြည်းရသေးဘူးလေ... ဘယ်လိုလုပ် ထွက်သွားလို့ဖြစ်မလဲ... လူတိုင်းမစားရင် ကောင်းမယ်... ဒါပေမဲ့ သူ့အစ်ကိုကြီးနဲ့ သူ့ဒုတိယအစ်ကိုက ဘယ်လိုလုပ်ဝေစုရသွားတာလဲ...


သူက စိတ်ဓာတ်ကျစွာဖြင့် သူမနောက်သို့လိုက်ကာ အကြမ်းဖျင်း မှန်းဆလိုက်၏။


 "ခုန ထွက်သွားတုန်းက သူတို့နဲ့ တိုးသွားတာလား"


ကျန်းရှုယောင်က ခေါင်းညိတ်လိုက်သည်။


"မဏ္ဍပ်ထဲမှာ စစ်တုရင်ကစားကြပြန်ပြီလား"


ကျန်းရှုယောင်က စပ်စုလိုစွာ  မေးသည်။


 "ရှင် ဘယ်လိုသိလဲ"


ရှဲ့ရွှင်း၏အတွေး: ဒါပေါ့...သူသိတာပေါ့... အကျင့်ပုတ် စစ်တုရင်အရူးနှစ်ယောက်က စစ်တုရင်ကစားဖို့ တနှစ်ပတ်လုံး အဲဒီနေရာမှာ ထိုင်နေကြပေမဲ့ သူတို့ရဲ့ စစ်တုရင်စွမ်းရည်က တစ်ဝက်တောင် မတိုးတက်သေး...


ရှဲ့ရွှင်း  သူ့အခန်းသို့ ပြန်ရောက်ပြီးနောက် ခုနလေးက အရသာရှိသောလို့မေအကြောင်းတွေးခြင်းကို မရပ်တန့်နိုင်ဘဲ တစ်ချိန်တည်းတွင် အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကိုအကြောင်း လည်း တွေးနေမိသည်။


နောက်ဆုံးတွင် သူထပြီး ဝါးတောဆီကို သွားခဲ့၏။


အစ်ကိုနှစ်ယောက်၏ စိတ်နေစိတ်ထားကို သူသိသည်။ တစ်ယောက်က ခေတ်နောက်ကျပြီး စည်းကမ်းတွေ လိုက်နာသည်၊နောက်တစ်ယောက်က ကြော့ရှင်းရသည်ကို ကြိုက်၏။ သူတို့က ထူးဆန်းသောအစားအစာများကို မစားချင်ဘဲ ကျန်းရှုယောင်၏ အတွေးများကို ဖြုန်းတီးပစ်နိုင်ပေသည်။ ထို့နောက် ပန်းကန်လုံးကို ပြန်ယူလာပြီး သူ့ဘာသာသူ ဖြေရှင်းရကောင်းနိုင်သည်။


Xxxxx