အပိုင်း ၃၂
Viewers 18k

Chapter 32


လို့မေ


ရှဲ့ရွှင်း အိမ်မှထွက်လာခါစရှိသေး ကျန်းရှုယောင် ပို့ပေးသော လို့မေက ချွီရွှေမဏ္ဍပ်၏ ကျောက်စားပွဲပေါ်တွင် တင်ထားပြီးနေပြီဖြစ်သည်။


ရှဲ့လန် သူ့ဝတ်ရုံလက်စွပ်ကျယ်ကျယ်ကို မြှောက်လိုက်ပြီး နဂါးသွဲ့စစ်တုရင်ဓားစာခံကို ချလိုက်ကာ တုံ့ဆိုင်းလျက်ဆို၏။


 "ဒါ...ကြည့်ကောင်းတယ်" 


ရှဲ့လီက သဘောတူခဲ့ပြီး သူပြောသောစကားက သူ၏ရိုးဖြောင့်သောလေသံနှင့် လုံးဝကွဲလွဲနေသည်။


 “အနံ့က ကောင်းတယ်...တတိယခယ်မက အစားအသောက်ကြိုက်တယ်လို့ ကြားတယ်... ပြီးခဲ့တဲ့ တစ်ခေါက်က ငါ့အိမ်သူဆီ ပို့လိုက်တဲ့ ကိတ်မုန့်ကို မြည်းစမ်းရတာ ကံကောင်းတယ် ...အာ နူးညံ့ပြီးချိုတဲ့အရသာလေးကိုမှတ်မိနေတုန်းပဲ"


နှစ်ယောက်လုံး နှုတ်ဆိတ်သွားသည်။


ရှဲ့လန် ဝိုင်သောက်လိုက်ပြီး ရုတ်တရက် လက်ဆန့်ကာ တူများကိုကောက်ယူ၍ဆို၏။


 “ဒါဆို ငါစားကြည့်မယ်” 


သူ ပေါ့ပေါ့ပါးပါးလူတစ်ယောက်ဖြစ်သော်လည်း ပန်းကန်ပြားပေါ်ရှိ ဘဲအတောင်များနှင့် လည်ပင်းများကို ဂရုမစိုက်ပါချေ။


သူ ကြာဆွယ်တစ်ပိုင်းကို အမှတ်တမဲ့ ကောက်ယူလိုက်သည်။ ပါးစပ်ထဲမထည့်ခင်မှာ စတူး၏မွှေးရနံ့၊ အရသာရှိပြီး စပ်စပ်နှင့်သင်းပျံ့ပေမဲ့ ကြွယ်ဝသည့် ဆေးဖက်ဝင်အပင်ရနံ့ကို အနံ့ခံနိုင်လေသည်။ အနံ့က မယုံနိုင်လောက်အောင် အရသာရှိ၏။


ကြာဆွယ်အချပ်လေးတွေက နွေးနေတုန်းပင်၊ သူ့ပါးစပ်ထဲထည့်လိုက်သည့်အခါ ရနံ့က သူ့နှုတ်ခမ်းနှင့် ပါးတွေကို ချက်ချင်း လွှမ်းသွားသည်။ ဤကဲ့သို့ ကြွယ်ဝပြီး ရဲရင့်သော အရသာရှိသည့် အစားအစာကို သူ ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်သည်။ နှပ်ထားသော ကြာဆွယ်၏ အစပ်အရသာက သူ့အရသာခံအာရုံကို နှိုးဆွပေးကာ တစိမ့်စိမ့်အရသာနှင့် ထုံသောအရသာကို ပို၍ အရသာခံမိစေသည်။ ၎င်းသည် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ၎င်းတွင် အသားရနံ့နှင့် ရှုပ်ထွေးသောအရသာရှိသည်။ မည်သည့်အသားရနံ့မျိုးကိုကို စုပ်ယူထားသည်ဆိုခြင်းကို ပြောရန်ခက်လေသည်။


ကြာစွယ်ချပ်လေးတွေက ကြွပ်ကြွပ်လေးဖြစ်၏။ ဝါးလိုက်သောအခါ အနည်းငယ် ခါးသောရနံ့က ပိုပြင်းလာသော်လည်း ကြာဆွယ်အချပ်က သူ့အလိုလို နဂိုတည်းက ချိုမြပြီး အရသာလည်း ကြွယ်ဝသည်။ ပြောစရာမလိုအောင်ပင် စပ်သောပထမဆုံအကိုက်ကြောင့်ဖြစ်သည့်စပ်ဖျဥ်းဖျဥ်းဖြစ်မှုကိုလည်း သက်သာစေ၏။


ရှဲ့လန် စကားမပြောဘဲ ကြာစွယ်ကို မျိုချလိုက်ပြီး ဝိုင်တစ်ခွက်ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။


အနည်းငယ်ခါးသက်သော အေးစက်စက်ဝိုင်က သူ့လည်ချောင်းထဲသို့ စီးကျလာပြီး သူ၏ဝမ်းဗိုက်ဆီသို့ရောရှိသွား၏။ ရှဲ့လန် သက်ပြင်းမချဘဲ မနေနိုင်ခဲ့။တကယ်ကို လန်းဆန်းလွန်းလှသည်။


ရှဲ့လီက သူ့ကို မှတ်ချက်ပေးမည်ကို စောင့်နေတုန်းပင်။ သူသောက်ပြီးသွားသည်ကို မြင်သောအခါ သူ့တူများကို ရွှေ့လိုက်၏။ ပန်းကန်ပြားပေါ်တွင် အကြီးဆုံး ဘဲအတောင်ပံကို သူမြင်ပြီး အမြန်ကောက်ယူလိုက်သည်။


ရှဲ့လီက ကျန်းရှုယောင်၏ ကိတ်မုန့်ကို မြည်းစမ်းပြီး သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို အသိအမှတ်ပြုကြောင်း သူ့ညီဖြစ်သူ နားလည်သောကြောင့် သူ တုံ့ဆိုင်းမနေတော့ပါချေ။


ကြာစွယ်ကပင် အလွန်အရသာရှိ၍ အသားကပိုကောင်းသည်ဟု ယူဆရသည်။


ရှဲ့လျန် ဘဲတောင်ပံကို ကောက်ကိုင်လိုက်ပြီး ခက်ခက်ခဲခဲ ကိုက်လိုက်သည်။ ဘဲသားစတူးက နူးညံ့ချောမွေ့ပြီး အသား၏ ကျုံ့နိုင်ဆန့်နိုင်မှုကို ထိန်းသိမ်းထားသည်။ ကိုက်ပြီးနောက် အရသာရှိပြီး မွှေးသည်။ကြွယ်ဝသောစမုန်စပါးနှင့်ဆေးဖက်ဝင်အပင်များက  ဘဲသားကို အညှီအနံ့မရှိစေဘဲ အသားအရသာပဲရှိစေသည်။ အနှစ်က အရသာရှိပြီး ငန်လည်းငန် စပ်လည်းစပ်၏။ ရှဲ့လန် ဤအရိုးပေါ်ရှိ စေးကပ်သောဘဲသားအားလုံးကို စားရန် မစောင့်နိုင်တော့ပေ။


သို့သော် တူဖြင့် ကိုက်စားရန် မလွယ်ကူခဲ့ပါချေ။ သူ တစ်ဝက်တစ်ပျက်ကိုက်ပြီးနောက် တစ်ဖက်ခြမ်းရှိ ရှဲ့လီက ဘဲလည်ပင်းကိုကိုက်ပြီး၍ ကြာဆွယ်အချပ်နှစ်ချပ်ကို စားနေပြီဖြစ်သည်။


ရှဲ့လျန် သူ့ပုံစံကို ဂရုမစိုက်တော့ပေ။ သူဝတ်ရုံလက်တွေကို လှန်တင်လိုက်ပြီး အမြန်ဆုံးအရှိန်ဖြင့် စားလေ၏။


ရှဲ့ရွှင်း ချွီရွှင်မဏ္ဍပ်သို့ရောက်သောအခါတွင် အတော်လေး သိက္ခာရှိသော သူ့အစ်ကို နှစ်ယောက်က ဘဲသားများကို ရက်စက်သော အမူအရာဖြင့် ကိုက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ရုပ်သွင်ကို အာရုံစိုက်လေ့ရှိသော သူ၏ဒုတိယမြောက်အစ်ကိုက အမှန်တကယ်ကို သူ့ပါးစပ်ထောင့်တွင် ဟင်းအနှစ်ဆော့စ်အချို့ရှိနေသည်။


အမြဲ စည်းကမ်းစောင့်ထိန်းလေ့ရှိသော သူ့အစ်ကိုကြီးက စားပွဲကို လက်ဖြင့်ပုတ်ကာဆို၏။


 "လာ...ဝိုင်နောက်တစ်အိုး ထပ်ထည့်ရအောင်"


ရှဲ့လျန်၏ခွက်သည် ဗလာဖြစ်နေပြီး သူ၏စိတ်ဝိညာဉ်က အစပ်ကြောင့် တဖြည်းဖြည်းမြင့်တက်လာသည်။ သူ့အနေဖြင့် အသာအယာတရှူးရှူးတရှဲရှဲလုပ်ကာ ခေတ္တမျှ အသက်ရှူသွင်းရုံသာတတ်နိုင်ခဲ့သည်။


 "အဲဒီအိုးကို မသုံးတော့နဲ့... ငါ့ရဲ့ အဖိုးတန် ဖူကျုံးဝိုင်ကို ယူလာဖို့ပဲ တစ်ယောက်ယောက်ကို ခိုင်းလိုက်"


ရှဲ့ရွှင်း မဏ္ဍပ်ထဲသို့ လှမ်းကြည့်လိုက်ရာ ကြွေပန်းကန်ပြားပေါ်တွင် ကြာဆွယ်နှစ်ချပ် သုံးချပ်ပဲ ကျန်နေတော့သည်ကို တွေ့လိုက်ရသည်။


ရှဲ့လီ နှင့် ရှဲ့လန်တို့က တစ်ချိန်တည်းတွင် ၎င်းတို့၏ တူများကို နှိမ့်ကာ ဘဲလည်ပင်းတစ်ခုကို အတူတူညှပ်ထားသည်။


နှစ်ယောက်စလုံး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေကြသော်လည်း  ရှဲ့ရွှင်းက ချောင်းဟန့်ကာ သူတို့ကို လွှတ်ပေးရန် ခြောက်လိုက်၏။


ထိုလူမှာ ရှဲ့ရွှင်း  ဖြစ်သည်ကိုတွေ့လိုက်ရသောအခါ သူတို့နှစ်ယောက် စိတ်သက်သာရာရသွားသည်။ အစေခံတွေရှေ့မှာ မျက်နှာပျက်မသွားသည်က ကောင်းပါ၏။


"တတိယညီ...မင်းဘာလို့ဒီကိုရောက်နေတာလဲ" 


ရှဲလန် သူ၏အေးမြသောလေနုအေးနှင့် လမင်းကဲ့သို့ သဘောထားကို ပြန်လည်ရရှိပြီး ဝတ်ရုံလက်ကို လွှဲယမ်းရင်း မေးလိုက်သည်။


ရှဲ့ရွှင်း သူတို့သိက္ခာတချို့ကို ကယ်တင်ချင်ပေမဲ့ သူ့ဒုတိယအစ်ကိုကိုတွေ့သောအခါ မထိန်းနိုင်ဘဲပြောလိုက်မိ၏။


 "ဒုတိယအစ်ကို...မင်းပါးစပ်ကို သုတ်လိုက်ပါဦး" 


ရှဲ့လီက ပို၍ပင်ပွင့်လင်းလာသည်။


 "တတိယညီ... ငါ့ခယ်မချက်တဲ့ ဟင်းက တကယ်အရသာရှိတယ်...သေရည်နဲ့ အရမ်းလိုက်တယ်"


ရှဲ့ရွှင်း သူတို့နှစ်ယောက်ကြားရှိ ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရှုပ်ပွနေသော ညစာပန်းကန်ကို ကြည့်ပြီးပြောလိုက်၏။ 


"မနက်ဖြန် နောင်တရလိမ့်မယ်...ဒါကြောင့် လျှော့သောက်ပါ" 


ရှဲ့လီလည်း တွေးပြီး ခေါင်းညိတ် သဘောတူလိုက်သည်။


"ကောင်းပြီ ...ဒါဆို ခဏနားပြီး နောက်တစ်ခါ ထပ်သောက်ရအောင်"


"ငါ့ခယ်မ ဒီအစားအစာကို ချက်နိုင်သေးလားမသိဘူး" 


ရှဲ့လန်က စမ်းမေးကြည့်သည်။


ရှဲ့ရွှင်းက ပြန်ဖြေ၏။


 "မသိဘူး"


ရှဲ့လန်က မျက်နှာပြောင်တိုက်၍ဆိုလိုက်သည်။


 "ဒါဆို တတိယညီ ပြန်သွားပြီး ခယ်မကို မေးလို့ရမလား...ထပ်ပြီးလုပ်ရင် ကျေးဇူးပြုပြီး ငါတို့ကို ဝေစုပေးဖို့ တောင်းဆိုပေး"


ရှဲ့ရွှင်းက သူ့ကို အေးစက်စွာ ကြည့်နေသည်။ ကြည့်လိုက်သည်နှင့် သူ့နှာခေါင်းပေါက်ထဲက အလွန်တိုးဖွသော ဟင်းခနဲအသံတစ်ချက်ကြားရမည်ဖြစ်ပြီး ဘယ်သူမှ ဂရုတစိုက်နားမထောင်ဘဲ မကြားရပါချေ။


ရှဲ့လီက သူဘာဖြစ်နေမှန်း သတိမထားမိပေ။ သူ၏ တတိယညီမှာ အမြဲတမ်းလိုလို တင်းမာပြီး မထူးမခြားနားဟန်မျက်နှာထားရှိနေကျဖြစ်၏။ သူ့မျက်နှာမှာ ဘာခံစားချက်မှမပြသသည်ကို ကျင့်သားနေပြီဖြစ်သည်။


“ငါ့ခယ်မက ဟင်းချက်ရာမှာ ဒီလောက် ကျွမ်းကျင်နေတော့ ငါ့ညီကို မနာလိုဖြစ်မိတယ်...ဒီဟင်းက အရမ်းအရသာရှိတာမလို့ မင်းအစ်ကိုနဲ့ငါ ဝိုင်အိုးပေါင်းများစွာ မသောက်ဘဲမနေနိုင်ဘူး... အခုတော့ ငါဗိုက်က နည်းနည်းတောင် ဖောင်းနေသေးတယ်"


"ဟုတ်လား ...ဒီလောက်အရသာရှိမှန်း မသိဘူး" 


သူမှ မစားဖူးတာ ဟမ့်...


ရိုးစင်းသောလေသံကို ဆယ်နှစ်ကျော်ကြာအောင် ကျင့်သားရခဲ့ပြီး မည်သို့ အနုနည်းဖြင့် ရန်လိုရန်ပင် မသိတော့သည်မှာ သနားစရာပင်။


သူထိုသို့ပြောပြီးနောက် ရှဲ့လီက  "တကယ်ကို အရသာရှိလိုက်တာ" ဟူသော စကားကိုပါ ဆိုခဲ့ပြီး သူ့ကို ဒေါသဖြစ်စေပြီ  ပို၍ပင် မကျေမနပ်ဖြစ်စေခဲ့သည်။


ရှဲ့ရွှင်း အသက်ပြင်းပြင်းရှူလိုက်သည်။ ရုတ်တရက် သူက ကမ်းလှမ်းလိုက်၏။


 "အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ...ငါတို့ဘာလို့ စစ်တုရင်မကစားကြရမှာလဲ"


ရှဲ့ရွှင်းတွင် အလွန်ကောင်းမွန်သော စစ်တုရင်စွမ်းရည်ရှိသည်။ ရှဲ့လီနှင့် ရှဲ့လန်တို့အနေဖြင့် သူနှင့်ရင်ဆိုင်ရတိုင်း အများကြီး သင်ယူနိုင်၏။ ထိုသို့ကြားရသည်ကို သူတို့ ဝမ်းသာလေသည်။ စစ်စစ်အားဖြင့် သူတို့က သူ့ကို စစ်တုရင်ကစားရန် ဖိတ်ခေါ်ခဲ့ပေမဲ့ သူကအမြဲတမ်း လျစ်လျူရှုခဲ့သည်။


ရှဲ့လီက  ပထမဆုံး ယှဉ်ပြိုင်ခဲ့ပြီး ရှဲ့ရွှင်း သူ့ကို အခွင့်အရေးမပေးဘဲ သတ်ပစ်လိုက်၏။


"ငါ့ရဲ့ တတိယညီ... ငါ မင်းကို မတွေ့ရတာ ရက်အနည်းငယ်ပဲရှိသေးတယ်... မင်းရဲ့ စစ်တုရင်စွမ်းရည်က ဒီလောက် အံ့သြစရာကောင်းနေပြီ"


ရှဲ့ရွှင်း၏အမူအရာမှာ မပြောင်းမလဲတည်ရှိနေဆဲဖြစ်၏။ ထို့နောက် သူ ရှဲ့လန် နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ သူ အပိုင်းအစတစ်ခုရွေ့လိုက်သည့်အကြိမ်တိုင်း ရှဲ့လန်၏ နှလုံးသားနှင့် အသည်းကို တုန်လှုပ်စေခဲ့သည်။


"ငါ့ရဲ့ တတိယညီ...မင်းရဲ့ စစ်တုရင်ကစားနည်းနဲ့ ပုံစံက ဘယ်လိုလုပ် ဒီလောက် ပြောင်းလဲသွားတာလဲ"


နှစ်ယောက်သား သက်ပြင်းချလိုက်သည်။


ရှဲ့ရွှင်းကဆိုလိုက်၏။


 "အရေးမပါတာတွေပြောနေတာ ရပ်လိုက်... မင်းရွေ့မှာလား"


"လာပြီကွ"


ရှဲ့လန်က အမြန်ပြန်တုန့်ပြန်သည်။


ရှဲ့ရွှင်းက သူ့ကို အခွင့်အရေးမပေးခဲ့သည်က သနားစရာပါပင်။ တစ်နာရီ၏လေးပုံနှစ်ပုံအတွင်းမှာပဲ သူတို့ကို ဘဝအကြောင်း သံသယဝင်အောင် နှိပ်စက်ခဲ့သည်။ သူတို့က မိုးလင်းသည်အထိ မဏ္ဍပ်မှာ ထိုင်ရန် ဆန္ဒရှိခဲ့ကြ၏။


ရှဲ့ရွှင်း စိတ်ချမ်းသာသွားသည်။ သူထပြီး ထွက်သွားချင်ပေမဲ့ ရှဲ့လီကတားလိုက်၏။


 "တတိယညီ... မင်း မကြာသေးမီက ဘာစစ်တုရင်စာအုပ်ကို ရထားတာလဲ?"


ရှဲ့လန်ကထပ်ဖြည့်ပြော၏။


 "ဒါမှမဟုတ် မင်းမှာ ရုတ်တရတ်ကြီး ရောဂါရှိနေတာလား...မင်းရဲ့ ဒုတိယအစ်ကိုကို ပြောပြလို့ရမလား"


ရှဲ့ရွှင်း ဤစကားကိုကြားပြီး အလွန်ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရသည်။ သူ့အစ်ကိုနှစ်ယောက် အရာရှိအသက်မွေးဝမ်းကြောင်းအလုပ်မှာ မြေခွေးအိုကြီးတွေမဟုတ်ပေမဲ့ သူတို့လည်း အရာရှိလောကမှာ ရောထွေးနေကြပြီး ဤအချက်လေးကိုပင် နားမလည်ကြပေ။


သူ မဏ္ဍပ်အပြင်ဘက်တွင် စတင်လမ်းလျှောက်လာခဲ့ပြီး သူ့နောက်မှ ညီအစ်ကိုနှစ်ဦးက သူ၏ အကြံပြုချက်များနှင့် စစ်တုရင်မှတ်တမ်းများကို မျှဝေရန် သူ့ကိုခေါ်နေဆဲဖြစ်သည်။


ရှဲ့ရွှင်း  သည်းမခံနိုင်တော့ဘဲ လှည့်ကြည့်လိုက်ပြီး သူတို့ခြေလှမ်းကျဲကြီးများဖြင့်လျှောက်သွားလိုက်၏။


 "မင်းတို့တကယ်မသိဘူးလား"


နှစ်ယောက်သား သူလှည့်လာသည်ကိုမြင်သော ဝမ်းသာအားရ ဖြစ်သွားပြီးဆိုကြသည်။


 "ဘာမသိတာလဲ"


သူ နှစ်ပေါင်းများစွာ ဤစစ်တုရင်အရူးများ၏ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ကို တွေးပြီး ရှဲ့ရွှင်း ခေတ္တရပ်လိုက်ပြီး ပြောလိုက်၏။


 "မင်းတို့ရဲ့ စစ်တုရင်စွမ်းရည်တွေက တကယ်ကို...တကယ်ကို ဆိုးတာပဲ" 


စကားပြောပြီးနောက် သူ ကျောမတ်မတ်ထား၍ ရက်ရက်စက်စက် လှည့်ထွက်လာခဲ့သည်။


လေကအေးနေပြီး  ချွီရွှင်မဏ္ဍပ်မှာ စစ်တုရင်အရူးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ သူတို့၏ ကိုယ်ဟန်အနေအထားတွေက တောင့်တင်းပြီး အဖြစ်မှန်တွေကို အချိန်အတော်ကြာအောင် လက်မခံဝံ့ကြပေ။


လုံးဝအသဲကွဲသွားသလိုခံစားရတယ်...


Xxxxx