အပိုင်း ၃၄
Viewers 18k

Chapter 34


ဘဲသွေးကြာဇံဟင်းရည်


ရှားပါးတောင်ပေါ်ရတနာအချို့၏ အမည်ကိုကြားရန် အဆင်သင့်ဖြစ်နေကြသူများမှာ ဝက်ခြေထောက်များအကြောင်း ရုတ်တရက်ကြားလိုက်ရသဖြင့် လူတိုင်း ကြက်သေသေသွားကြသည်။


အချို့သူများ၏ အမူအရာက ပြောင်းလဲသွားကာ မည်သို့သော အခင်းအကျင်းမျိုးဖြင့် သူတို့ တွေးနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။သူတို့က ရေသောက်ပြီး ပလုတ်ကျင်းရင်း အလုပ်ရှုပ်နေကြသည်။ အချို့က ဤကဲ့သို့ အရသာရှိသော အစားအစာများကို ကြမ်းတမ်းသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ဟု တွေးကာ စိတ်ပျက်သွားကြသည်။ တချို့က အိမ်ပြန်ပြီး အိမ်ကစားဖိုမှူးကို ချက်ခိုင်းရန်စဥ်းစားနေကြ၏။ မိဘတွေက ဆဲဆိုကြိမ်းမောင်းကြမလား မသိဘူး...


သူတို့ဘာတွေတွေးနေပါစေ ရှဲ့ရွှင်းတစ်ယောက်ကမူ ကျန်းရှုယောင်၏လက်ရာမွန်များကို တစ်ချို့လူတွေခံစားရန် မထိုက်တန်ဘူးဟု စိတ်ထဲမှာ ညည်းရင်း သူ့ထမင်းဘူးတွေကို စားလိုက်သည်။


ထမင်းကုန်သွားသည်နှင့် ဆော့စ်ကိုပင် ပြောင်စင်အောင်ရှင်းလိုက်၏။


ဤသည်မှာ အစားအသောက် နှင့် ကျန်းရှုယောင် ၏ဆန္ဒအတိုင်း အသက်ရှင်ရန် စဉ်းစားနိုင်သည်။


.......


ရှဲ့ရွှင်း အခုတလော ဝိုင်းပယ်ခံခဲ့ရသည်။


အနှစ်နှစ်ဆယ်ကြာအောင် နေထိုင်လာခဲ့သည်ကိုတွေးကြည့်လျှင် အရေးကြီးဆုံးမှာ မိမိကိုယ်မိမိ သူငယ်ချင်းများနှင့် ဝိုင်းရံထားရန်ဖြစ်သည်။ သို့သော်ငြား ယခုအချိန်မှာ နေ့လည်စာစားချိန်အတွင်း သူ့ဘက်ခြမ်းမှာ ဘယ်သူမှမရှိသလို ဘေးပတ်ဝန်းကျင်က စားပွဲတွေတောင် လွတ်နေ၏။


သို့တိုင် ရှဲ့ရွှင်းကား လုံးဝစိတ်ဓာတ်မကျပါချေ။ နေ့လယ်စာစားချိန်၌ သူသည် ထိုနေရာတွင်ထိုင်ပြီး အဖုံးဖွင့်လိုက်ကာ အခန်းထဲတွင် စွဲမက်ဖွယ်ရနံ့များ ပြည့်နေပေလိမ့်မည်။ အကယ်၍ သူသာ အရှေ့နန်းဆောင်၏ ဟင်းလျာတွေကို တစ်နေ့လုံး စားနေရသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက််ဆိုပါက သူလည်း သူ့ဘေးမှာ ထိုင်ချင်လိမ့်မည်မဟုတ်ပေ။


လင်းချန်က သူနှင့်ဝေးရာသို့ရောက်နေပြီး ရှဲ့ရွှင်းက တင့်တယ်သော ဟန်ပန်ဖြင့် သူ၏ နေ့လည်စာဘူးကို စားသောက်နေသည်ကို တွေ့လိုက်ရပြီး မနာလိုစိတ်ကြောင့် သူ၏အရိုးတူများကို ကိုက်ဖြတ်တော့မတတ် ဖြစ်နေသည်။


မဟုတ်ဘူး၊ သူသည်းမခံနိုင်ဘူး။ နေ့ခင်းဘက် အလုပ်ပြီးသောအခါတွင် မြို့စားရှဲ့၏အိမ်သို့သွားကာ ရှဲ့ရွှင်း နှင့် အတူထိုင်ရတော့လေသည်။


မိသားစုနှစ်စုသည် ရင်းနှီးကြပြီး လင်းချန်က ရှဲ့ရွှင်း  လက်မထပ်မီ အချိန်တိုင်း မြို့စားရှဲ့အိမ်တော်သို့ သွားလေ့ရှိသည်။ သူ့အိမ်သို့မသွားသည်မှာ အတော်ကြာနေလေပြီ။


လင်းချန် ယခုတစ်ကြိမ် ရှဲ့ရွှင်း၏အိမ်သို့ သွားချင်သည်မှာ အဓိက အချက်နှစ်ချက် ရှိ၏။ တစ်ခုက ရှဲ့ရွှင်း၏အိမ်က ထမင်းချက်များက မည်သည့်မြင့်မြတ်မြေအမျိုးအစားမှလာသည်ကိုကြည့်ရန်ဖြစ်သည်။  မီးမလိုပဲ ထမင်းချက်၍ရသည့် နေ့လယ်စာဘူးကို ထည့်မပြောလျှင်ပင် နေ့စဉ်ဟင်းလျာတွေကလည်း လတ်ဆတ်ပြီး အသစ်အဆန်းတွေနှင့် ပြည့်နေ၏။


သူ့အိမ်က ထမင်းချက်တွေကို စျေးကြီးပေး ငှားထားခြင်းဖြစ်သည်။ သူတို့၏ဘိုးဘေးများသည် ဧကရာဇ်ထိုက်ဇူ ၏ ထမင်းချက်များဖြစ်ကြောင်း ကြားသိရသည်။ သူတို့က ချက်နည်းပြုတ်နည်းကို သင်ယူခဲ့သည့် ပထမအသုတ်ဖြစ်ပေမဲ့ ရှဲ့ရွှင်း၏  ထမင်းချက်ထက် နိမ့်ကျနေဆဲပါပင်။


ဒုတိယ မစ်ရှင်ကမူ အိမ်ထောင်ပြုပြီးနောက် ရှဲ့ရွှင်း၏ ဘဝ ဘယ်လိုရှိလဲဆိုသည်ကို သိရန်အတွက်ပါပင်။ သူ လက်ထပ်ပြီးနောက်ရှဲ့ရွှင်း၏ဘဝ မည်မျှခက်ခဲသည်ကို သိချင်နေခဲ့သည်။ နှလုံးသားတစ်ခုလုံးနှင့်စိတ်တစ်ခုလုံး အဆင်မပြေသည့်အတွက် သွားကြည့်ချင်ခဲ့၏။


လင်းချန် သူ့အိမ်ကို သွားချင်သည်ဟု ပြောသည်ကို ကြားသောအခါ  ရှဲ့ရွှင်း  မသိစိတ်ကနေ  ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ခြေလှမ်းအနည်းငယ်ကြာပြီးနောက် သူသတိရသွားသည်။ မဟုတ်ဘူး၊ သူက အိမ်ထောင်ကျပြီမို့ ပိုသတိထားရမယ်...


သူက လင်းချန်ကိုပြောလိုက်၏။


 "မင်းဘာလို့ ငါ့အိမ်ကို လိုက်လာတာလဲ"


လင်းချန်က လူပါးဝစွာဖြေသည်။


 "ဘာမှမလုပ်ဘဲ ငါလာထိုင်လို့ မရဘူးလား"


အရင်တုန်းက လင်းချန်က သူနှင့်အတူ တစ်ချိန်လုံး လိုက်လာခဲ့သည်။ နှစ်ယောက်သား ပန်းချီဆွဲပြီး ဆောင်းပါး ရေးကြ၊မဏ္ဍပ်သို့သွားသောက်ပြီး ကဗျာတွေ နှိုင်းယှဥ်ကြပေမဲ့ ယခု...


ရှဲ့ရွှင်း  ကောင်းကင်ကို မော့ကြည့်ပြီး လင်းချန်ကိုပြောလိုက်၏။


 "ညစာမစားနဲ့" 


လင်းချန်က သူ့စကားကြောင့်  ချောင်းဟန့်လိုက်ပြီးဆိုသည်။


 "မင်းအစ်ကို၊ ဒုတိယအစ်ကိုနဲ့အဒေါ်ကို မတွေ့ရတာကြာပြီ...မင်းအဘိုးကြီး ကျန်းမာရေးကောင်းရဲ့လား၊ တူလေးနှစ်ယောက် စားကြိုးစားမစားလည်း မသိရဘူး....."


ရှဲ့ရွှင်းက သူ့ကို အေးစက်စွာ ကြည့်နေခဲ့ပြီး လင်းချန် ရှဲ့ရွှင်း ကို မဟုတ်ကဟုတ်ကများဖြင့် လှည့်စား၍ မရကြောင်း သိပြီး ပါးစပ်ကို နာခံစွာ ပိတ်ထားလိုက်သည်။


ရှဲ့ရွှင်းက ကူကယ်ရာမဲ့သည့် လေသံဖြင့် ရှေ့ကို ခြေလှမ်းကျဲ့ကြီးများဖြင့်လျှောက်လှမ်းရင်းဆိုလေ၏။


 "ငါ့မိန်းမက ငါ့ကိုနေ့စဉ် နေ့လည်စာ ချက်ပေးတယ်လို့ ငါပြောပြီးပြီ...မင်းသွားရင်တောင် ပင်မမီးဖိုချောင်မှာ လုပ်ထားတဲ့ အစားအစာတွေပဲ စားရမှာ"


လင်းချန် သူ့လေသံသည် အလိမ်အညာကဲ့သို့မဟုတ်ဘဲ ရိုးသားမှုရှိသည်ကို မြင်လိုက်ရပြီး သူတုံ့ဆိုင်းသွားသော်လည်း "ရပါတယ်... ငါ မစားချင်ဘူး" ဟုပြောလိုက်သည်။


မြို့စားရှဲ့အိမ်တော်သို့ရောက်သောအခါ သူတို့နှစ်ဦးသည် ဝါးစိမ်းခြံဝင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်ကာ စာကြည့်ခန်းထဲတွင်နေခဲ့ကြသည်။ ခဏအကြာတွင် ရှဲ့ရွှင်းက အစားအသောက်ပြင်ဆင်ရန် အမိန့်ပေးလိုက်၏။


စားပွဲမှာထိုင်ပြီး အစေခံတွေက အစားအသောက် တည်ခင်းသည်ကို ကြည့်နေလိုက်သည်။ သူ အနည်းငယ် ရှုပ်ထွေး သွားသည်။


စားပွဲပေါ်ရှိ ညစာက သူ့အိမ်ရှိ ညစာနှင့် မထူးမခြားနားဖြစ်သည်ကို မြင်လိုက်ရသောအခါ လင်းချန်၏ နှလုံးသား ကြေကွဲသွားသည်။


မဟုတ်ဘူး၊ ရှဲ့ပေါယွမ်က ဒီည ချက်ပြုတ်ခွင့် မပြုဘူးလို့ စားဖိုမှူးကို ပြောခဲ့တာလား... ဒါမှမဟုတ် ရှဲ့အိမ်တော်ရဲ့ ညစာက ရိုးရှင်းပြီး အဲဒီစားဖိုမှူးက နေ့လယ်စာပဲ လုပ်ထားတာလား...


လင်းချန်၏ ဦးနှောက်များ လွင့်စင်သွားသော်လည်း ရှဲ့ရွှင်းက သူ့မျက်နှာပေါ် ရှိစိတ်ပျက်လက်ပျက်ဖြစ်မှုကို မမြင်ချင်ယောင်ဆောင်နေခဲ့သည်။ သူက တူကို ကောက်ကိုင်လိုက်ပြီး "စား" ဟုပြောလိုက်၏။


ကျန်းရှုယောင်က ရှဲ့ရွှင်းကို စိတ်ကျေနပ်အောင် လုပ်ရန် မလိုအပ်တော့သောကြောင့်၊ သူမ သူ့အတွက် ညစာကို တမင်တကာ ချက်မနေတော့ပေ။ ရှဲ့ရွှင်း  အိမ်ကို စောစောပြန်လာပြီး ညစာစားရန် အချိန်မီ အိမ်ပြန်ရောက်မှသာ ကျန်းရှုယောင်က သူ့ကို အတူတူထမင်းစားရန် ဖိတ်၏။


ယနေ့ သူ အိမ်ပြန်ရောက်ပြီး  လင်းချန်ကိုခေါ်၍ စာကြည့်ခန်းထဲတန်းဝင်သွားသည်။ သူရောက်ရှိနေသည်ကိုပြသရန် ကျန်းရှုယောင်၏ ခြံဝင်းငယ်ကို မသွားခဲ့သည့်အတွက် ကျန်းရှုယောင်  ပြုလုပ်သည့် ညစာကို လုံးဝမရနိုင်ပါချေ။


ယနေအဆိုင်းက အစောကြီးပြီးသွားခဲ့သည်။ ရှဲ့ရွှင်း  အစပိုင်းတွင် ညစာစားရန် မီနိုင်ခဲ့သော်လည်း လင်းချန်က ရုတ်တရတ် နှောင့်ယှက်လာခဲ့သည်။


လင်းချန် ဘာတွေမှားနေပြီလဲဟု တွေးနေတုန်း အပြင်ကနေ လူငယ်တစ်ယောက် ရုတ်တရက်ဝင်လာပြီး သူ့အတွေးတွေကို ဖြတ်ပစ်လိုက်၏။


“သခင်... သခင်မက အစေခံ တစ်ယောက်ကို လွှတ်ပြီး ညစာစားချင်လားလို့ မေးခိုင်းပါတယ်"


ရှဲ့ရွှင်း အံ့အားသင့်သွားသည်။ ကျန်းရှုယောင်က သူ့အကြောင်း ရုတ်တရက် တွေးမိသည့်အတွက် အံ့သြစွာ ပျော်ရွှင်သွားသည်။


သူပြန်မဖြေသေးပေမဲ့ လူငယ်နောက်ကလိုက်လာသည့် ပိုင်ကျီက လင်းချန်ကိုတွေ့သောအခါ ကမန်းကတန်း အရိုအသေပြုပြီးဆို၏။


 "သခင်မှာ ဧည့်သည်ရှိတယ်ဆိုတာ မသိခဲ့ဘူး...ဒီအစေခံ သတင်းပြန်ပို့လိုက်ပါ့မယ်"


ရှဲ့ရွှင်းက သူမကို အမြန်တားလိုက်ပြီး


 "ခဏလေး"


ပိုင်ကျီက လှည့်ပြီး ညွှန်ကြားချက်ကို စောင့်ရင်း ရှဲ့ရွှင်းကို အရိုအသေထပ်ပြု၏။


"အာ" 


ရှဲ့ရွှင်း ခုနလေးက အော်လိုက်သောအခါ ဆန္ဒစောလွန်းနေမိမှန်း သတိပြုမိပြီး အမြန်နှေးချလိုက်သည်။


 "ဒီနေ့ ညစာ အများကြီးချက်ထားတာလား"


"သခင့်ကို ပြန်ကြားပါတယ်.... သခင်မ ဒီနေ့ အများကြီးလုပ်ထားတာပါ"


မနေ့က ကျန်းရှုယောင် ဘဲကိုနှပ်ပြီး ဘဲအမြစ်၊ ဘဲနှလုံးသား၊ ဘဲအသည်း၊ ဘဲအူနှင့် ဘဲသွေးအိုးကြီးတစ်ပုံတစ်ပင်ကျန်ခဲ့သည်။ အချိန်အတော်ကြာအောင် ထားပြီး မကောင်းတော့မှာကို သူမကြောက်သည့်အတွက် ရှင်းထုတ်ပစ်ရန်ဘဲသွေးကြာဇံဟင်းရည်အိုးကြီးကို လုပ်ခဲ့၏။


သေချာသည်က သူမတစ်ယောက်တည်းမကုန်ပါချေ။ ဘဲသွေးကြာဇံဟင်းရည်အိုးကြီးကို ကြည့်သောအခါ ဘေးအိမ်က စားချင်စိတ်ကြီးသော ရှဲ့ရွှင်းကို ရုတ်တရက် တွေးမိသည်။


ရှဲ့ရွှင်း၏ မျက်နှာက ခါတိုင်းကဲ့သို့ တည်ငြိမ်အေးဆေးနေသော်လည်း သူ့မျက်လုံးများက အနည်းငယ် တောက်ပလာသည်။


 "အခု အိမ်မှာ ဧည့်သည်ရှိနေလို့ ညစာစားဖို့ မသွားနိုင်ဘူးလို့သူ့ကိုပြောလိုက်ပါ...လူတစ်ယောက်စာအတွက် အစားအသောက်တချို့ပို့ပေးဖို့လည်း ပြောလိုက်ပါဦး"


ပိုင်ကျီက ပြန်တုန့်ပြန်ပြီး အရိုအသေပြုကာ အခန်းထဲကနေ ထွက်သွား၏။


ရှဲ့ရွှင်းက ဤမျှ ယဉ်ကျေးနေသည့်အတွက် လင်းချန် အံ့သြသွားသည်။ သူ့ကို ဖိအားပေး လက်ထပ်ခိုင်းတဲ့ ကျန်းရှီနဲ့ အဆင်မပြေဘူးမလား...


သူ ထိုအကြောင်းတွေ ပိုတွေးလေလေ စိတ်ရှုပ်လေလေပါပင်။ သူ့စိတ်တွေ ထုံကျင်နေပေမဲ့ ရုတ်တရက် မယုံနိုင်လောက်အောင် အရသာရှိသညံ အနံ့ကို ရှူလိုက်ရသည်။ မော့ကြည့်လိုက်သောအခါ အစေခံလေးက ညစာဗန်းကိုကိုင်ပြီး သူတို့ဆီ လျှောက်လာနေ၏။


ဗန်းပေါ်တွင် ပန်းကန်လုံးအကြီးကြီးနှစ်လုံးပါရှိပြီး ပန်းကန်လုံး၏အပေါ်တွင် ပွက်ပွက်ဆူနေသည်။ အစေခံ အနားရောက်လာသောအခါ မွှေးရနံ့က ပိုပြင်းထန်လာသည်။


လင်းချန် အစားအသောက်ချနေသော အိမ်အကူကို ကြည့်နေသည်၊ သူ့မျက်လုံးများ အနည်းငယ်ကျယ်လာပြီး ပန်းကန်လုံးထဲရှိ ဘဲသွေးကြာဇံဟင်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။


ဟင်းရည်၏အခြေက ကြည်လင်နေပြီး မျက်နှာပြင်ပေါ်တွင် ရွှေဝါရောင်အဆီများ ပေါ်နေသည်။ ကြာဇံက ကြည်လင်ပြတ်သားသည်။ ပန်းကန်လုံးထဲတွင် ဘဲသွေးနီနီများဖြင့် ပြည့်နေပြီး ဘဲအသည်း၊ ဘဲအမြစ်၊ ဘဲအူစသည်ဖြင့် သေးငယ်သော အပိုင်းများ ပါရှိပြီး နွေကြက်သွန်တို့ဖြူးထားသည်။ အရောင်ကစွဲဆောင်မှုရှိပြီး ပါဝင်ပစ္စည်းများ ကြွယ်ဝသည်။


အစေခံက ကျန်းရှုယောင် ညွှန်ကြားချက်ကို သတိရပြီး အစားအသောက်ကို မိတ်ဆက်ပေးလိုက်၏။


 "ဒါက ဘဲသွေးကြာဇံဟင်းရည်ပါ... အထဲက အရံဟင်းအမယ်ကတော့ ဘဲသွေးနဲ့ ဘဲသားဟင်းပါ... သခင်မက သခင်အတွက် အစပ်ဆီ ပြင်ပေးလိုက်ပါတယ်... အစပ်စားချင်ရင် တစ်ဇွန်းထည့်လို့ရတယ်...ဟင်းရည်အကြည်နဲ့ အစပ် အရသာ နှစ်မျိုးလုံးက အရသာရှိပြီး တစ်ဝက်စားပြီးမှ အစပ်ဆီထည့်ပါလို့ သခင်မ ပြောပါတယ်"


ကျန်းရှုယောင်၏ကိုယ်ရေးအချက်အလက်ကို မိတ်ဆက်ခြင်းမပြုမီတွင် ရှဲ့ရွှင်း ဘဲသွေးကြာဇံဟင်းရည်က အရသာရှိပုံမပေါ်ကြောင်း ခံစားခဲ့ရသည်။


လင်းချန်က အံ့အားသင့်စွာနှင့် ပါးစပ်ဟောင်းလောင်း၊နားရွက်များထောင်လျက်နားထောင်နေ၏။ ကျန်းရှီ ထိပ်တန်းထမင်းချက်ပဲ... ခဏလေး ဘဲသွေး...


သူ သွေးနီရောင် တို့ဟူးကို ငုံ့ကြည့်ကာ အထစ်အထစ်နှင့်ဆိုသည်။


 "သွေး... ဘဲကသွေးထွက်တဲ့ သွေးလား..."


အစေခံက မည်သို့ဖြေရမည်ကို မသိသောကြောင့် ရှဲ့ရွှင်း  သူမအား လက်ပြကာ ထွက်ခွာခိုင်းလိုက်သည်။ ကျန်းရှုယောင်  ကိုယ်တိုင်ချက်ပြုတ်ထားသည့် အစားအစာကို လင်းချန်ကစားသည်နှင့်ပတ်သက်ပြီး သူ အဆင်မပြေဖြစ်သည့်အတွက် အေးစက်စွာ  "ထားလိုက်ပါ" ဟု ဆိုလိုက်၏။


စကားပြောပြီးနောက် သူသဘောထားသေးမိနေမှန်း သိလိုက်သည်။ သူ အစားမက်သောကောင်လေးဖြစ်စဥ်ကပင် သူ့ကစားဖော်များနှင့် ထန်ဟုလူများ ဝေမျှလိမ့်မည်ဖြစ်သည်။ သူက မည်သို့ ကြီးပြင်းလာပြီး ပိုကပ်စေးနည်းလာရသနည်း။


၎င်းကို မစဉ်းစားဘဲ မွှေးကြိုင်သော ရနံ့ကို ပြင်းပြင်းထန်ထန် ရှူရှိုက်ရင်း သူ့တူတွေကို ကောက်ကိုင်ပြီး စားလိုက်ပါတော့၏။


လင်းချန်က တွန့်ဆုတ်မနေတော့ပေ။ ပထမဦးစွာ သူသည် ကြာဇံအချို့ကို အစမ်းယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ကြာဇံသည် ဘဲသားဟင်းရည်ကို စုပ်ယူပြီး ချိုမြပြီး အရသာရှိသော ဟင်းရည်ကို ယူဆောင်လာသည်။ ၎င်းသည် နူးညံ့ပြီး ပျော့ပျောင်းကာ သွယ်လျပြီး ချောမွေ့သည်။ ပါးစပ်ထဲကို ရှူသွင်းလိုက်ပြီးနောက် လတ်ဆတ်သည့်ရနံ့က ပါးစပ်ထဲမှာ ပျံ့နှံ့သွားပြီး ဝါးပြီး မျိုချရမည်ကိုပင် လူတို့အား မုန်းတီးသွားစေ၏။


အပေါ်ယံတွင်  ဘဲဆီများဝေ့သီနေသည့် ဘဲသားဟင်းရည်ကို တစ်ငုံသောက်ပြီးသည်နှင့် သူ့ဗိုက်က ချက်ချင်း ပူနွေးလာ၏။ 


လင်းချန်က အစာစားရာတွင် အနည်းငယ်ဇီဇာကြောင်မှုနည်းပြီး သူက ကြာဇံကို စုပ်ယူကာ ဟင်းရည်ပန်းကန်ကိုပင် တိုက်ရိုက်တရွှတ်ရွှတ်စုပ်သောက် သည်။ သူ့ကိုကြည့်နေရင်း ရှဲ့ရွှင်း ၏မျက်ခုံးများ ခုန်တက်သွားသည်။


ရှဲ့ရွှင်း  မအံ့သြပေမဲ့ သူက ထိုမျှလောက်အထိ စိတ်မရှည်ဖြစ်စရာမလိုပေ။ မည်သို့ပင်ဖြစ်စေ သူက ကျန်းရှုယောင်၏ လက်ရာတွေကို နေ့တိုင်း မြည်းစမ်းကြည့်နိုင်လေသည်။


အကြောင်းတစ်ခုခုကြောင့် သူမက သာမန်လူများမုန်းတီးသော ဤအလတ်စား ဘဲဝမ်းတွင်းသားတစ်ပန်းကန်ကဲ့သို့သော ဟင်းချက်နည်းကို မကြာသေးမီက စတင်စဉ်းစားခဲ့သည်။ ရှဲ့ရွှင်း မည်သည့် အစိတ်အပိုင်းများဖြစ်သည်ကို ခန့်မှန်းနိုင်သည်။


သူက ဘဲသွေးတစ်ပိုင်း—သူ၏တူများကြားတွင် အနည်းငယ်အက်ကွဲနေသည့် သွေးနီရောင် တို့ဟူးကို ကောက်ယူလိုက်သည်။ ပါးစပ်ထဲတွင် ဘဲသွေးက နူးညံ့အိစက်သည်၊ တို့ဟူးထက် ပို၍ ပျော့ပျောင်းသည်၊ အရသာရှိပြီး အရသာမှာ ထူးခြားသည်၊ ၎င်းသည် အနည်းငယ် စွဲလမ်းစေ သည်။


သူနှင့်မျက်စောင်းထိုးက လင်းချန်တစ်ယောက်ကား ထိုပန်းကန်လုံးကြီးတစ်လုံးထဲက ကြာဇံအားလုံးကို စားကုန်လုနီးပါးပင်။ထို့နောက်မှာ ကျန်ရစ်ခဲ့သည့် ဘဲဝမ်းတွင်းသားကို သူစိတ်ထဲမထားတော့ပေ။  ဘဲသားအစိတ်ပိုင်း အနည်းငယ်ကို အစမ်းသဘောကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ဘဲအမြစ်က အသားပေါသည်။ဘဲအသည်းက မွှေး၍ ဖယောင်းကဲ့သို့ဖြစ်၏။ ဘဲနှလုံးသားက ထူပြီး ဝါးရသည်။ တစ်ခုချင်းစီကို အရသာရှိစွာ ချက်ပြုတ်ထား၏။ ငန်ပြီး အရသာရှိသည်။ ဝါးလေလေ ပိုမွှေးလေလေပါပင်။ ဘဲဝမ်းတွင်းသား၏တမူထူးခြားသော ယစ်မူးဖွယ် အသားနိုင်းချင်းအနံ့မွှေးမွှေးက အားမာန်အပြည့်ရှိသည်။ ဝါးပြီးနောက် သူ မျိုချရန် သည်းမခံနိုင်


တော့ပေ။


အဝါရောင်ဘဲအူများကိုစားရသည်က ပိုအရသာရှိ၏။ ဘဲအူများသည် အနည်းငယ်လိပ်နေကာ နှစ်သက်ဖွယ်ကောင်းသော ဟင်းရည်အချို့ ပိတ်မိနေပြီး စားလိုက်သည်နှင့် အလွန်နူးညံ့သည်။


ဘဲအူများ၏ အရသာက ထူးခြား၏။ ဝါးသည့်အခါ ပါးစပ်ထဲမှာ ကြွပ်ဆတ်ဆတ်နှင့် ပေါ့ပါးပေမဲ့ အလွန် ဝါးရသည်။ ကြွပ်ဆတ်ပြီးအရသာရှိသော အရသာက အလွန်စွဲလမ်းစေ၏။


ဝါးနေစဉ်တွင် သန့်ရှင်းလတ်ဆတ်ပြီး မွှေးကြိုင်သော ဘဲဟင်းရည်ကို သောက်ပြီး မွှေးကြိုင်သော ဘဲဆီမွှေးကလည် လျှာဖျားမှလျှောကျသွားစေသည်။ အရသာ အင်မတန်ကောင်း၏။


သူက ကျန်သည့် ဘဲအူတွေကို မြန်မြန်စားပြီး ရှဲ့ရွှင်း ပန်းကန်ထဲက ဘဲအူတွေကို စိုက်ကြည့်နေသည်။


ရှဲ့ရွှင်းက သူ့ဘဲများကို ပစ်မှတ်ထားနေကြောင်း မသိဘဲ ငြိမ်ငြိမ်လေး စားနေခဲ့သည်။ သူ့မြင်ကွင်းထဲတွင် တူဖျားနှစ်ခု ရုတ်တရက် ပေါ်လာပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေကာ လင်းချန်၏ချော့မော့နေသောလေသံကနောက်မှကပ်ပါလာ၏။


"ပေါယွမ် တစ်ခုလောက် ပေးပါ... တစ်ခုတည်းပါကွာနော်" 


ရှဲ့ရွှင်း  သူစားနေသည့်အသံကို သည်းခံနေသည်မှာ ကြာခဲ့ပြီ။ ယခု လင်းချန်၏တူများကို မြင်လိုက်ရပြီး သူ့ပန်းကန်လုံးထဲကို ထည့်တော့မည်ဖြစ်သဖြင့် သည်းမခံနိုင်တော့ပေ။


 "လင်းချန်းးးး"


လင်းချန် လန့်ဖျပ်သွားပြီး သူ့တူတွေကို ဝမ်းပမ်းတနည်း ပြန်ဆွဲယူလိုက်ပြီး သူနှင့်ညှိနှိုင်းလိုက်၏။


"အစေခံကို ငါ့အတွက် ဒါမျိုးတွေ နောက်ထပ်တစ်ဇွန်းမောက်မောက် ယူခိုင်းပေးလို့ရမလား... ငါ မဝသေးဘူး"


ရှဲ့ရွှင်း၏ လေသံမှာ အနည်းငယ်အေးစက်နေပြီး "မင်း ဘယ်လိုများဒီလိုဖြစ်ရတာလဲ...ငါ့အိမ်မှာ ငါ့မိန်းမရဲ့ အစားအစာတွေ စားတာက မလုံလောက်သေးဘူးပေါ့... မင်း ထပ်စားချင်သေးတာလား"


"တစ်ဇွန်းပဲထပ်ထည့်လိုက်...အရမ်းစျေးမကြီး....." 


လင်းချန်က ရှဲ့ရွှင်းရှေ့မှာ သူ့အတွေးများ အမြဲထုတ်ပြောပြီး စည်းကမ်းတွေကို ဂရုမစိုက်ပေ။ သို့သော် သူပြောပြီးသည်နှင့် ရှဲ့ရွှင်း ၏မျက်နှာ ရုတ်တရက် အေးစက်သွားသည်ကို သတိပြုမိသည်။


အခြေအနေကို သိသောသူသည် ထက်မြက်သူဖြစ်သည်။ သူချက်ချင်း ပါးစပ်ပိတ်ပြီး သူ့ပန်းကန်ထဲကကျန်သည်ကို ရိုးရိုးသားသား စားသောက်ပြီး ဟင်းရည်တစ်ငုံသောက်သည်ကိုပင် အသံမထွက်ပေ။


Xxxxx