အပိုင်း ၃၇
Viewers 18k

Chapter 37


ငါးချဉ်ဖတ်ဟင်း


အကြော်များက ချိုသောသဲကိတ်ထက် အနည်းငယ်ဆီများသောအရသာရှိသည်။


မုန့်နှစ်ကိုသကြားရေနှင့် ဆီပူနှစ်ကြော်ထားပြီး မုန့်တွေ ဖြစ်လာခြင်းဖြစ်၏။


ကြော်ပြီးနောက်တွင် မုန့်က ထူးခြားသောရနံ့ရှိသည်။ အချိုက အရမ်းမလေးသလို ဆီလည်းမများလွန်းပါချေ။ ချိုမြသော မုန့်နှစ်က ဆီများသော ရနံ့နှင့် ပေါင်းစပ်နေသည်။ အနည်းငယ် ကြွပ်ရွပြီး အစားကြူးသူများအတွက် အလွန်သင့်လျော်သည်။


"ဒါလည်း မဆိုးပါဘူး" 


ကြော်ထားသည့် မုန့်နှစ်ကို မျိုချလိုက်ပြီးနောက် သူမပါးစပ်ထဲက မွှေးရနံ့သင်းသင်းလေးက အံ့သြစရာအကောင်းဆုံးပါပင်။


သူမ၏စကားကြားသောအခါ ရှဲ့ရွှင်း၏ ရင်တမမဖြစ်နေမှု ပျောက်ကွယ်သွားသည်။ သူက သူမကိုဆီစိမ်စက္ကူအိတ်နှစ်အိတ် လှမ်းပေးကာပြောလိုက်၏။


 "ဒါဆို မင်းပြန်ယူသွားပြီး စားပါ" 


ကျန်းရှုယောင်က မယူခဲ့ဘဲ သံသယစိတ်ဖြင့် သူ့ကိုကြည့်ကာမေးလေသည်။


 "ရှင့်အတွက်ကဘယ်မှာလဲ"


ရှဲ့ရွှင်းက သူမအကြည့်ကို ရှောင်လိုက်သည်။


 "အိမ်ပြန်တဲ့လမ်းမှာ ငါဝယ်လိုက်မယ်...အဟွတ်... ဒါပဲနော် ငါအရင်သွားလိုက်ဦးမယ်"


 စကားပြောပြီးနောက် သူမလက်ထဲကို ဆီစိမ်စက္ကူထုပ်ထိုးထည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ပြေးသွားသည်။


ကျန်းရှုယောင်က သူ့နောက်ကျောကို ကြည့်ပြီးရေရွတ်လိုက်၏။


 "ဇာတ်လမ်းက ထပ်မတိုးပါဘူး...သူက လမ်းလွှဲကနေလာတာလို့ မပြောခဲ့ဘူးလား...နောက်တစ်ခေါက် ထပ်ပတ်သွားဦးမလား"


သူမ သဲကိတ်မုန့်ကို ပါးစပ်ထဲသို့ ထည့်ကိုက်လိုက်ပြီး ပျော်ရွှင်စွာ မျက်လုံးများမှေးစင်းလိုက်သည်။


သူမ သက်ပြင်းချလိုက်၏။


 "ဒါပေမဲ့ ဘာလို့ ငါ့နဲ့ဆိုင်ရမှာလဲ... ပတ်ရမဲ့သူက ငါမှမဟုတ်တာ" 


သူမသည် ဆီစိမ်စက္ကူအနားစွန်းမှ ပြုတ်ကျလာသော သကြားမှုန့်များကို ခါကာ အိမ်ထဲသို့ သနားညှာတာစိတ်ကင်းမဲ့စွာ ပြန်လှည့်သွားခဲ့သည်။


ရေခဲခန်းထဲတွင် အမဲသားလေးတစ်ပိုင်းသာ ကျန်ရှိတော့သော်လည်း လင်းရှီက အမဲသားအချဉ်ဟင်းရည်  ဆက်လက်ပြုလုပ်ရန် ကျန်းရှုယောင်အား တောင်းဆိုနေဆဲဖြစ်သည်။


ကျန်းရှုယောင် ရယ်ရမလိုငိုရမလိုဖြစ်သွားပြီး လင်းရှီကို ထိုဟင်းမစားတော့အောင် ဖြောင့်ဖြရန် ကြိုးစားခဲ့သည် ။


မနေ့က သူမအစေခံများကို အပြင်ထွက်ပြီး ချဉ်ဖတ်ဝယ်ခိုင်းခဲ့၏။ သူတို့သည် မြို့တော်၏အပြင်ဘက်သို့ တစ်လမ်းလုံးရှာဖွေကြပြီး နောက်ဆုံးတွင် လယ်တောအိမ်တစ်အိမ်မှ အိုးတစ်လုံးဝယ်ခဲ့ကြသည်။


ရှေးခေတ်လူတွေက ဂေါ်ဖီထုပ်တွေကို အချဉ်ဖောက်ပြီး ပုလင်းထဲမှာ အလုံပိတ်ထားကြသည်။ ယခုအချိန်တွင် ဟင်းရွက်ချဉ်များ ပေါ်နေပြီဖြစ်သည်။


ယခုလို အစားအသောက်မျိုးက ချမ်းသာပြီး မွန်မြတ်သူများအတွက်အစားအစာမျိုး မဟုတ်သည့်အတွက် ချဉ်ဖတ်ဝယ်ချင်သည်ဟု ကျန်းရှုယောင်က ပြောသည့်အခါ လူတွေက အင်မတန်အံ့သြသွား၏။


ချဉ်ဖတ်တွေက အရသာပြင်း၏။အဖုံးကိုဖွင့်ပြီးသည့်အခါ မီးဖိုချောင်က အငန်အချဉ်အနံ့တွေနှင့် ပြည့်နေတော့သည်။


ယခုအချိန်တွင် အချဉ်တည်နည်းက နောက်ပိုင်းမျိုးဆက်များနှင့် အနည်းငယ်ကွာခြားပြီး အရသာမှာလည်း အနည်းငယ်ကွဲပြားသော်လည်း အလွန်အကျွံတော့မဟုတ်ပေ။


ကျန်းရှုယောင်  ချဉ်ဖတ်တွေကို လှီးဖြတ်လိုက်ပြီး သူမအစေခံများကို အချဉ်တည်ခိုင်းရင် ပုံစံ အတော် ထိတ်လန့်သွားမလားဟု သိချင်နေမိသည်။


အချဉ်မကြိုက်သူတွေပင် ဟင်းခတ်အမွှေးအကြိုင်အနေနှင့် ဟင်းရွက်ချဉ်နှင့် ဟင်းပွဲတချို့ကို စားကြလိမ့်မည်။ ဥပမာအားဖြင့် နုတ်နုတ်စဉ်းထားသော ဝက်သားကြာဇံမုန့်များနှင့် ချဥ်ဖတ်၊ အမဲသားနှင့်ချဉ်ဖတ်၊ အဖြူရာင် အသားနှင့်ချဉ်ဖတ်စသည်ဖြင့်ဖြစ်ပြီး သို့မဟုတ် ထမင်းခေါက်ဆွဲပြုလုပ်သည့်အခါတွင် ချဉ်ဖတ်အနည်းငယ်ထည့်၍ ဟင်းချိုထဲတွင် အရသာရှိစေမည်ဖြစ်သည်။


ချဉ်ဖတ်၏ အချဉ်ဓာတ်သည် ရှာလကာရည်ထက် ပိုပျော့သည်။ အရသာရှိပြီး လန်းဆန်းစေသည်။ အီနောက်ခြင်းကို ပြေပျောက်စေပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ၏ အရသာကို ဘယ်တော့မှ ဆုံးရှုံးမည်မဟုတ်ပါချေ။


အရသာက ကြွပ်ဆတ်ပြီး ငန်သလို လတ်ဆတ်ပြီးချဉ်ကာ စူးရှသောရနံ့ရှိသည်။


ကျန်းရှုယောင် ယနေ့လုပ်မည့်အရာက ငါးချဉ်ဖတ်ဟင်းဖြစ်၏။


ငါးချဉ်ဖတ်ဟင်းက အိမ်ချက်ဟင်းလျာဖြစ်သည် ပြင်ဆင်ရသည်မှာ မခက်ပါချေ။ငါးအရိုးထွင်သလောက် ပင် မခက်ပေ။ ထမင်းချက်အမျိုးသမီးက အကူအညီပေး ချင်သော်လည်း နူးညံ့သိမ်မွေ့သောစကားကြောင့် ပယ်ချခံခဲ့ရသည်။ သူမကိုယ်တိုင် ငါးကို အတုံးလိုက် လှီး၏။ ပါဝင်ပစ္စည်းများကို စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်က ငြိမ်သက်ပြီး သက်တောင့်သက်သာရှိစေပါသည်။


အစပ်ငါးပြုတ်နှင့် ယှဉ်လျှင် ငါးချဉ်ဖတ်ဟင်းက အစပ်မစားနိုင်သည့်လူတွေအတွက် ပိုသင့်တော်၏။ ၎င်းသည် လန်းဆန်းပြီး စားချင်စရာကောင်းကာ လတ်ဆတ်ပြီး ဆားငန်သော်လည်း အီနောက်ခြင်းမရှိပေ။


သူမက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေပြီး လင်းရှီက  စားပွဲတွင်ထိုင်ကာ လိမ်လိမ်မာမာဖြင့် ညစာစားရန် စောင့်နေသည်။ကျန်းရှုယောင်  နှစ်ရက်ကြာ ပြုစုစောင့်ရှောက်ပြီးနောက် နောက်ဆုံးတွင် သူမသည် ခွန်အားပြန်လည်ရရှိလာခဲ့သည်။


၎င်းကိုမြင်လိုက်ရသောအခါ နို့ထိန်းကြီး အလွန်ကျေနပ်အားရသွား၏။ ကျန်းရှုယောင်ကို သူမ၏ ဝတ်ကြီးဝတ်ငယ်ပြစုမှုအတွက် ချီးကျူးခဲ့ပြီး  လက်ထပ်ပြီးပြီးချင်း အချိန်တိုလေးအတွင်းမှာပင် ဟင်းချက်ခြင်းကျွမ်းကျင်လာသောကြောင့် သက်ပြင်းချခဲ့သည်။


မူလပိုင်ရှင်က တစ်ညလုံး အပြင်သို့ထွက်ပြေးပြီး ပြဿနာရှာလေ့ရှိပြီး လုပ်ငန်းနှင့် ဘာမှ မပတ်သက်ပါချေ။ အိမ်ပြန်ရောက်သောအခါ လင်းရှီ နှင့် အမြဲရန်ဖြစ်တတ်သောကြောင့် လင်းရှီသည် သူမသမီးကို ကောင်းကောင်းမသိခဲ့ပေ။


နို့ထိန်း၏စကားများကိုကြားသောအခါ သူမပုခုံးတွေ လျော့ကျသွားပြီး သက်ပြင်းချရင်းဆို၏။


 "ငါ သူ့ကို ကျေနပ်စရာမရှိလို့ဆိုပြီး အပြစ်တင်ပြီး တစ်ယောက်တည်း ထားခဲ့ဖူးတယ်... အခုသူလည်းအရည်အချင်းရှိတယ်ဆိုတာ ငါသိသွားပြီ... တခြားသူတွေရဲ့အမြင်ကလိုမျိုး တန်ဖိုးမရှိတာမဟုတ်ဘူး"


ထိုအကြောင်းပြောရင်း သူမမျက်နှာမှာ ဂုဏ်ယူသည့် အပြုံးတစ်ခု ပေါ်လာသည်။


 "ငါတို့လင်းမိသားစုရဲ့ သမီးတွေက အရမ်းတော်တယ်...ငါက စီးပွားရေး ကျွမ်းကျင်ပြီး သုံးနှစ်သမီး အရွယ်ကတည်းက ပစ္စည်းတွေ ရောင်းဖို့ စီစဉ်ခဲ့တယ်...ငါ့သမီးလေးက ဉာဏ်ကောင်းပြီး အချက်အပြုတ်အရမ်းတော်တယ်"


ထိုအကြောင်းကို တွေးလိုက်တိုင်း သူမကြည်နူးမိသလို ဝမ်းလည်းနည်းမိသည်။ မိခင်တစ်ယောက်အနေဖြင့် သူမသမီးကို အားပေးချင်ပေမဲ့ ဘယ်ကနေစရမှန်းမသိဖြစ်နေ၏။


ကံကောင်းထောက်မစွာဖြင့် ကျန်းရှုယောင်က တင်းမာမှုကို ဖြေလျှော့ရန် အချိန်မီရောက်လာခဲ့သည်။ လင်းရှီ သူမကိုမြင်လိုက်သည်နှင့် သူမမျက်နှာပေါ်ရှိ ဝမ်းနည်းခြင်းတွေ ပျောက်ကွယ်သွားသည်။


ကျန်းရှုယောင်က သူမ၏ မျက်နှာပေါ်တွင် တောက်ပပြီး ရွှင်လန်းသော အပြုံး အမြဲရှိနေသည်။


 "မေမေ ဗိုက်ဆာနေပြီလား"


သူမဗိုက်မဆာသော်ငြား  သူမသမီး၏အပြုံးကိုကြည့်ရင်း လင်းရှီ နောက်က လိုက်ကာ "ဗိုက်ဆာတယ်"ဟု ပြန်ဖြေလိမ့်မည်။


"ကျွန်မဒီနေ့ ငါးချဉ်ဖတ်ဟင်းလုပ်ထားတာ" 


သူမက လင်းရှီ၏ဘေးတွင် ထိုင်ချလိုက်ပြီး


 "မေမေ့စားချင်စိတ်နဲ့ ကိုက်ညီလား ကြည့်ကြည့်ပါ"


လင်းရှီက ဇွန်းကို ကောက်ကိုင်လိုက်ပြီး ဟင်းရည်ကို မော့သောက်လိုက်သည်။ ငါးချဉ်ဖတ်စွပ်ပြုတ်တွင် မျက်နှာပြင်ပေါ်ရှိဝေ့သီနေသော အဆီလွှာနှင့်အတူ ချောမွေ့မှုအဓိကပါရှိပြီး ချဉ်ဖတ်များကြောင့်လည်း အဆီပြန်တတ်သည်။ ထိုကြောင့် ဝေ့သီနေသောဆီများကိုအခြေခံထားသည့် ဟင်းရည်အရသာက ချဉ်ပြီး လန်းဆန်းစေ၏။


သူမက ခေါင်းညိတ်ပြီး


 "ဟေ့ ဟုတ်တာပေါ့...  ဒါက ငါ့စားချင်စိတ်နဲ့ ကိုက်ညီတယ်"


ကျန်းရှုယောင်က သူမ၏ ချီးကျူးမှုကို ခံယူပြီး ပို၍ တောက်တောက်ပပပြုံးလိုက်သည်၏


 "ဟင်းရည်ကိုပဲ မသောက်နဲ့... ငါးအသားလွှာကို မြည်းကြည့်ပါဦးမေမေ"


လင်းရှီ ပြောမပြနိုင်လောက်အောင် အရသာရှိသော ငါးအသားလွှာတစ်ပိုင်းကို ကောက်ယူလိုက်သည်။


ငါးအချပ်၏အထူက သင့်လျော်သည်။ အချပ်တစ်ခုစီက အရွယ်အစားတူညီပြီး  လတ်ဆတ်၊ အရသာရှိကာ ချောမွေ့ပြီး ပျော့ပျောင်းသည်။ ငါး၏အညှီနံ့တို့မပါဘဲ အရသာရှိပြီး ချဉ်သောရနံ့များဖြင့်သာ အနည်းငယ်ချဉ်သောဟင်းရည်က ငါး၏အရသာကို အပြည့်အဝ နှိုးဆော်ထားသည်။


"ဒီငါးအသားလွှာကို ဒီလောက်  လတ်ဆတ်အောင် လုပ်ထားတာ ရှားတယ်" 


အရင်တုန်းက လင်းရှီ စားဖူးသည့်ငါးတွေက စိတ်ဝင်စားစရာမကောင်းပေ။ ပါဝင်ပစ္စည်းများက ပေါ့ပါးသော်လည်း အရသာကအနည်းငယ်ဖွယ်(ပေါ့ရွှတ်)သည်။ နှိုင်းယှဉ်ကြည့်လျှင် ပိုလေးသောပါဝင်ပစ္စည်းများက ငါး၏အရသာကို ဖုံးလွှမ်းသွားမည်ဖြစ်သည်။


သို့ရာတွင် ဤငါးချဉ်ဖတ်ပန်းကန်က အနေတော်ဖြစ်ပြီး သူမအကြိုက်နှင့်အလွန် ကိုက်ညီသည်


သူမထမင်းဖြူနှင့် ငါးအသားလွှာ မစားချင်ဘဲ ဟင်းရည်ကိုသာ ငုံ့လွေးသည်။


ထို့နောက် သူမ နူးညံ့သော အဖြူရောင်ငါးအသားလွှာများကို ကောက်ယူပြီး ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခု ညှပ်ယူရန် တူများကို အသုံးပြုခဲ့သည်။ သူမ၏ လျှာဖျားက နူးညံ့ပြီး အရသာရှိသော အရသာကို ထိန်းထားနိုင်လိမ့်မည်ဟု သူမ မျှော်လင့်နေသည်။


ငါးအသားများကို မျိုချပြီးနောက် ဟင်းရည်တစ်ဇွန်းသောက်ရန် မစောင့်နိုင်တော့ပေ။


ဟင်းရည်၏အခြခံက ချဉ်ပြီး အနည်းငယ်စပ်၏။ လျှာဖျားမှ အမြစ်အထိ ချဉ်ပြီး အရသာအပြည့်ရှိသည်။ အချဉ်တွေကုန်သွားလျှင် အရသာကပိုပြင်းလာ၏။


သောက်ပြီးနောက် သူမပါးစပ်မှာ သွားရေယိုနေပြီး တစ်ကိုယ်လုံး နွေးထွေးသွားသည်။


ကျန်းရှုယောင်က စိုးရိမ်တကြီးကြည့်ပြီးမေး၏။ "မေမေ ထမင်းမစားချင်ဘူးမလား...ဒီည မေမေအတွက် ခေါက်ဆွဲချက်ပေးမယ်လေနော်"


လင်းရှီက သူမကိုရယ်လိုက်သည်။


 "နင်ကအိမ်ထောင်ကျပြီး တော်တော်ပြောင်းလဲသွားပြီ...နင့်အမေက ဘယ်လိုလုပ် အဲ့လောက်နုမှာလဲ... သိပ်စိတ်မပူပါနဲ့ဟယ်"


ကျန်းရှုယောင် သူမစိတ်ထဲတွင် သက်ပြင်းချလိုက်၏။သူမမည်သို့ စိတ်မပူဘဲနေမည်နည်း။လင်းရှီက ယခင်ကခံတွင်းမကောင်းသော်လည်း ကောင်းကောင်းရှင်သန်နေဆဲဖြစ်သည်။ သို့ရာတွင် ယခုသူမကကိုယ်ဝန်ရှိနေပြီး စိတ်ဓာတ်ကျကာ တိုက်ခိုက်ရန် ဆန္ဒမရှိဖြစ်နေကာ ကျန်းရှုယောင်ကို ဘေးကြပ်နံကြပ်ဖြစ်စေသည်။


သူမ သူမမိဘအိမ်သို့ပြန်လာသောအခါ လင်းရှီ၏စားချင်စိတ်က တိုးလာသော်လည်း သူမ၏စားချင်စိတ်က ဆိုးလာ၏။


ဤညနေက သူမမြို့စားရှဲ့အိမ်တော်သို့ပြန်သွားရမည့်အချိန်ဖြစ်ပြီး ကျန်းရှုယောင်ကထွက်ခွာရန် တွန့်ဆုတ်နေသော်လည်း လင်းရှီက ထိုသည်ကို ရယ်စရာဟုမြင်နေ၏။


"ဘယ်အရွယ်ရှိပြီလဲ မအေနားကမခွာနိုင်ဖြစ်နေတာ..."


သူမက ကျန်းရှုယောင်၏ခေါင်းကိုပုတ်လိုက်လေသည်။သားအမိ နှစ်တွေအတွင်း တစ်ခါမှ ဤမျှ မနီးကပ်ခဲ့ဖူးပါချေ။


ကျန်းရှုယောင်က ကလေးတစ်ယောက်လို ချွဲနွဲ့နေခြင်းမဟုတ်ပါချေ။ သူမက သူမအမေကို အမှန်တကယ်စိတ်ပူနေခြင်းဖြစ်ပြီး ပါးစပ်ကထွက်မိသွားသည်။


 "ခင်ပွန်းကို ထားခဲ့ပြီး မေမေနဲ့အတူတူနေဖို့ပြန်လာမယ်လေနော်" 


လင်းရှီ ၏မျက်နှာက နူးညံ့သိမ်မွေ့သောအပြုံးမှ ရုတ်တရက်ပြောင်းလဲသွားကာ မျက်မှောင်ကြုတ်၍ လေးနက်သောလေသံဖြင့် ဆူလိုက်၏။


 "အဓိပ္ပာယ်မရှိ...လက်ထပ်ပြီးပြီဆိုကတည်းက ယောက်ျားဖြစ်သူရဲ့ အိမ်မှာနေရမှာပဲ...ငါမေးပါဦးမယ်...ရှဲ့ရွှင်းလို တခြားခင်ပွန်းကို ဒီမြို့တော်မှာ ဘယ်မှာသွားရှာမလဲပြော"


"ဒါပေမဲ့ သမီးက ယောက်ျား မလိုဘူးလေ...တစ်ယောက်တည်း နေရတာ အရမ်းပျော်တယ်" 


ကျန်းရှုယောင် လင်းရှီ၏ သဘောထား ကြောင့် ထိတ်လန့်သွားပြီး အကြောင်းအမျိုးမျိုးပြကာ ငြင်းခုံခဲ့သည်။


"နင်က သိတတ်လာပြီးအရွယ်ရောက်လာပြီလို့ ငါထင်ခဲ့တာ... ဒါပေမဲ့ အရင်ကလို ပြဿနာရှာ နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး" 


လင်းရှီက သူမကို တွန်းထုတ်လိုက်သည်။ အမေနှင့်သမီး ရန်ဖြစ်ပြန်မည့်ပုံရသည်။


ကျန်းရှုယောင်  အံ့ဩသွားသည်။ လင်းရှီက သူ့မသမီးကို အင်မတန်ချစ်လျှင် အဘယ်ကြောင့် သူမကို အတင်းအကြပ် လက်ထပ်ခိုင်းနေရသနည်း။ သို့သော် မူလပိုင်ရှင်က ယခင်က ထိုမျှအမြီးအမောက်မတည့်သော်လည်း သူမက(လင်းရှီ) ၎င်းကို ဂရုမစိုက်ဘဲ  နည်းအမျိုးမျိုးဖြင့် လိုက်လျောပေးခဲ့သည်။ မည်သို့ဖြစ်၍ အိမ်ထောင်ကျပြီးမှ စည်းကမ်းတွေ ပြောင်းသွားရသနည်း။


ကျန်းရှုယောင်က မျက်မှောင်ကြုတ်ပြီး သူမကို ကြည့်နေသည်ကိုမြင်သောအခါ လင်းရှီက ခေါင်းမာပြီး မကျေမနပ်ဖြစ်နေပုံရပေမဲ့ လေသံကနူးညံ့နေဆဲပါပင်။


 "နင်ကပျော်နေပြီး ရှဲ့ရွှင်းကိုသဘောကျတယ်လို့ မေမေ့ကို ပြောခဲ့တယ်မဟုတ်လား...မျက်လုံးတစ်မှိတ်အတွင်း ဘာလို့ပြောင်းလဲသွားရတာလဲကွယ်"


ကျန်းရှုယောင်က ဆင်ခြေပေးလိုက်၏။


 "သမီး... သူ့ကို မြင်ရတာကိုပဲ သဘောကျတာ... သူက ရုပ်ချောတယ်" 


 သူမက မူလအကြောင်းအရာကို ပြန်လှည့်ကာ "မေမေ သမီးနားမလည်ဘူး... မြို့စားရှဲ့အိမ်တော်ကနေ ဘာလို့ထွက်လာလို့မရတာလဲ... သမီးနာမည်ပျက်သွားမှာကို မေမေ ကြောက်နေတာလား...သမီးသိက္ခာကျမှာလား"


လင်းရှီက ခဏလောက် တိတ်ဆိတ်သွားသည်။ ကျန်းရှုယောင်၏အကြည့်များက အပြစ်ရှိစိတ်နည်းနည်းပိုလာသည်ကိုမြင်ရသောအခါ သူမကတိုးတိုးလေးပြောသည်။


 "လင်းမိသားစုက ဘယ်လောက်ချမ်းသာပါစေ နင့်ကို အကာအကွယ်မပေးနိုင်ဘူး...မြို့စားရှဲ့ မိသားစုကပဲ လုပ်နိုင်တယ်" 


ကျန်းရှုယောင်  အနည်းငယ် အံ့အားသင့်သွားသည်။ လင်းရှီက ကျန်းရှုယောင် အရင်တုန်းကလောက် မမိုက်မဲတော့သည်ကိုတွေးပြီး တုံ့ဆိုင်းသွားကာ ပွင့်ပွင့်လင်းလင်းလင်းပြောလိုက်၏။


 "လင်း မိသားစုမှာ နောက်ခံမရှိဘူး... သူတို့သမီးတွေက အလွယ်တကူခူးဆွတ်နိုင်တဲ့အသီးချိုချိုတွေ... လက်ဝတ်ရတနာတွေ ရွှေငွေတွေရှိတယ်...နင်က လှတယ်..…” 


 


“ငါက နင့်အဖေနဲ့ အိမ်ထောင်မပြုရင် နင့်အဒေါ်နဲ့ နန်းတော်ထဲ ဝင်ရလိမ့်မယ်” ဟူသော စကားအချို့ကို သူမ မပြောဝံ့သေးပေ။


ဤစကားများသည် ကျန်းရှုယောင်၏ စိတ်ကူးထက်ကျော်လွန်နေပြီး သူမက ၎င်းအကြောင်းကို ခဏမျှတွေးပြီး လင်းရှီ ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ချမ်းသာကြွယ်ဝသော ကုန်သည်မိသားစုများ၏ အကြီးအကဲတစ်ဦးဖြစ်သည့် လင်းရှီက ရှန်းယန်အိမ်တော်၏အနောက်ခြံဝင်းတွင် ကိုယ်လုပ်တော်များနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။ကျန်းရှုယောင် မတန်ဟုသာ ခံစားခဲ့ရသည်။ သူမက အလွန်ချမ်းသာသည်၊ သူမ ပျော်ရွှင်စွာ နေထိုင်သင့်သည် မဟုတ်ပါလော။


ယခု လင်းရှီ၏ ရှင်းလင်းချက် အပြီးတွင် သူမ သူမ၏ မိုက်မဲမှုကို နားလည်သွားခဲ့သည်။ နောက်ဆုံးတွင် သူမ၏အတွေးအမြင်က ခေတ်သစ်မှာ ရှိနေဆဲဖြစ်၏။


လင်ရှီ နှစ်များတစ်လျှောက် ခံစားခဲ့ရသည့် နစ်နာမှုများနှင့် ဆင်းရဲဒုက္ခများကို တွေးတောရင်း သူမ မမေးဘဲမနေနိုင်မိဆဲဖြစ်သည်။


 “မေမေက ဖေဖေ့ကို ချစ်လား” 


လင်းရှီ သူမကရှဲ့ရွှင်းအပေါ်မှာ ခံစားချက်မရှိဘူးဟုငြင်းခုံချင်နေသေးပြီး ကွဲကွာချင်နေဆဲဖြစ်သည်ဟု ထင်သွားပြီးပြောလိုက်၏။


 "ငတုံးမလေး... မြင့်မြတ်တဲ့မိသားစုမှာ ခိုလှုံခွင့်ရချင်ပြီး အချင်းချင်းလည်း ပျော်ရွှင်စေချင်နေတယ်...အဲ့ဒါကဘယ်လိုလုပ် လွယ်မှာလဲ"


ကျန်းရှုယောင်၏ ခေတ်သစ်တွေးခေါ်မှုအရ ဤအရာများသည် ချေဖျက်ရန် အနည်းငယ်ခက်ခဲနေသေးသည်။ ရှဲ့ရွှင်း  အိမ်တံခါးဝသို့ရောက်နေပြီဟု အစေခံက ပြောလာသည်အထိ သူမအဝတ်အစားထောင့်များကို ငေးတိငေးမော စိုက်ကြည့်နေခဲ့ကာ အိမ်ကြီးထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။


ရှဲ့ရွှင်းက ယနေ့ ရထားလုံးစီးလာပြီး မြင်းမစီးပေ။


သူက ရထားပေါ်မှဆင်းကာ ကျန်းရှုယောင်ကို စောင့်နေသည်။ သူမ အိမ်တော် တံခါးဝမှ စိတ်မပါလက်မပါဖြင့် ထွက်လာသည်ကို သူမြင်လိုက်ရပြီး သူ၏ လည်ချောင်းထဲတွင် သူ့စိတ်ထဲမှအတွေးပေါင်းစုံဖြင့်  ဆို့နင်သွားသလို ခံစားလိုက်ရသည်။


ကျန်းရှုယောင်က သူ့ကို နှုတ်မဆက်ဘဲ သူမဘာသာသူမ ရထားပေါ်တက်သွားပြီး ရှဲ့ရွှင်းကိူ စိတ်မသက်မသာ ဖြစ်စေခဲ့၏။ တွေးပြီး သူလည်း ရထားလုံးပေါ်တက်လိုက်သည်။


ရထားပေါ်မှာ စားပွဲနိမ့်လေးကို ချလိုက်ပြီး သူမဘာတွေ တွေးနေမှန်းမသိအောင် ခေါင်းငုံ့ထားလိုက်သည်။


သူတို့နှစ်ယောက်လက်ထပ်ပြီးကတည်းက ရှဲ့ရွှင်း  သူမ ယခုလို အချိန်ဆွဲနေသည်ကို တစ်ခါမှမမြင်ဖူးပါချေ။


သူ သူမဘေးမှာ ထိုင်ချလိုက်ပြီး သူ့လက်တွေ ခြေတွေကို ဘယ်လိုချရမှန်းမသိပေ။ ကျန်းရှုယောင်၏ အုံ့မှိုင်းသောအကြည့်ကိုမြင်သောအခါ သူပျာယာခတ်သွားသည် ။


သူ လက်ဖက်ရည်ခွက်ကိုယူ၍ လက်ဖက်ရည်သောက်ချင်သလားဟု မေးလိုက်သည်။


ကျန်းရှုယောင်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။


"ဒါဆို ကိတ်မုန့်တွေရော"


ကျန်းရှုယောင်က ခေါင်းခါပြန်သည်။


ရှဲ့ရွှင်း  ပါးစပ်ပိတ်လိုက်ပြီး သူ့ကျရှုံးမှုတွေကြောင့် အနည်းငယ် အကြံအိုက်သွား၏။


ကျန်းရှုယောင်က ရုတ်တရက်ခေါင်းမော့လာပြီး ကြိုးစားပမ်းစား တွေးနေသည့် ရှဲ့ရွှင်းကို ထိတ်လန့်သွားစေသည်။


သူမက ရှဲ့ရွှင်းကို တွေဝေငေးမောလျက် ကြည့်ကာ သူ့ကို မသိစိတ်မှ နောက်သို့ ရှောင်ထွက်သွားစေပြီး သူ့နောက်မှ အေးစက်စက် သစ်သားပျဉ်ပြားကြီးကိုတွယ်ကပ်မိလိုက်၏။


သူမက ယခု စားပွဲနိမ့်လေးပေါ်တွင် လဲလျောင်းနေပြီး ခေါင်းယမ်းရင်း ဆံပင်တွေကိုပွတ်နေသည်။ ရှဲ့ရွှင်း၏ "ထိန်းမနိုင်သိမ်းမရ"ဟူသော သူမအပေါ်အမြင်နှင့်အညီ သူမက ပျော့ပျောင်းသောကုလားထိုင်ပေါ်တွင် အကြော တစ်ဝက်သေပြီး အရိုးမပါသလို လဲလျောင်းနေသည်။


ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စည်းကမ်းနှင့် ကျင့်ဝတ်တွေကို လုံးလုံးလျားလျား မေ့သွားပြီး  သူ့နှလုံးသားက ပို၍ပင်သွေးများပွက်ပွက်ဆူလာပြီး သူမခေါင်းကို ထိချင်လာ၏။


"ရှဲ့ပေါယွမ်"


ကျန်းရှုယောင်က ပြောသည်။


ဤသည်က ယနေ့ ပထမဆုံးအကြိမ် သူ့ကိုခေါ်ခြင်းဖြစ်၏။ ကျဉ်းမြောင်းသော ရထားလုံးပေါ်၌ ပါးစပ်ကို ဖွင့်လိုက်သောအခါတွင် နားနားကပ်၍စကားပြောနေသကဲ့သို့ ဖြစ်နေလေသည်။