Chapter 39
ဧည့်ခံပွဲ
ဧကရာဇ်ထိုက်ဇူက အမျိုးမျိုးသော အခြေခံအုတ်မြစ်များကို တည်ထောင်ခဲ့သော ဧကရာဇ်မင်းမြတ်ဖြစ်သည်။
ကျန်းရှုယောင် သူ့အကြောင်းတွေးလိုက်သောအခါတွင် သူမသက်ပြင်းမချဘဲ မနေနိုင်ပေ။ အခြားသူများက အခြေခံအုတ်မြစ်တည်ထောင်ရန် ကူးပြောင်းလာချိန်မှာ သူမက စားသောက်ရန် ဤလောကသို့ ရောက်လာခဲ့သည်။ ထိုက်ဇူက အဝတ်အစား၊ အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေးတို့အထိ လူမှုရေးစနစ်ကို တီထွင်ခဲ့ခြင်းသာဖြစ်သည်။ သူက အစားအသောက်ကို ဖွံ့ဖြိုးတိုးတက်စေပြီး သင်္ဘောသားများကို မျိုးစေ့ရှာရန် ပင်လယ်ပြင်သို့ ထွက်စေခဲ့သည်။ သူက စားစရာအတွက် ပြောင်းဖူး၊ ကန်စွန်းဥနှင့် အာလူးများကိုပဲ ရှာတွေ့ခဲ့ပြီး ငရုတ်ကောင်းကိုပင် ရှာမတွေ့ခဲ့ပေ။
သူမက ခေါင်းညိတ်ပြီး
"ကောင်းပြီ အမေ့ကို အကြံပေးလိုက်မယ်"
ရှဲ့ရွှင်းက သူမကိုဆက်အကြံပြုသည်။
“စားသောက်ဆိုင်တွေက မကြာခဏဆိုသလို ချမ်းသာသူတွေပဲ တတ်နိုင်ကြတယ်...သူတို့က အင်မတန်လက်ရာမြောက်ပြီး သာမန်လူတွေက ဝင်စားလို့ မရဘူး...ဈေးသက်သက်သာသာနဲ့ အရသာရှိတဲ့ အစားအစာတွေကို စဉ်းစားတာက ပိုကောင်းတယ်...စားသောက်ဆိုင်ဖွင့်ပြီး သာမာန်လူတွေကိုရောင်းရင်ရော"
လင်းရှီ မဆိုထားနှင့်၊ကျန်းရှုယောင်ပင် စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သူမ စိတ်လှုပ်ရှားစွာဖြင့် ကြမ်းပြင် ထပ်မံပုတ်လိုက်ပြီး ရှဲ့ရွှင်း၏ ပုခုံးကို ပုတ်လိုက်ပြန့ကာပြောလိုက်၏။
"ရှဲ့ပေါယွမ်... ရှင်က အရမ်းအံ့သြဖို့ကောင်းတာပဲ... အိပ်မက်ထဲက လူတွေကို နှိုးဖို့ စကားတစ်ခွန်းပဲ လိုတယ်"
ရှဲ့ရွှင်း မူလက ရှက်နေသော်လည်း သူမက အလွန်ရက်ရောပြီး စိတ်လှုပ်ရှားနေပုံရသည်ကို မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် ကြည်နူးသွားသည်။သူမအား သူ့ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်ခွင့်ပြုထားလိုက်၏။
"ငါကအကြံတစ်ခုပဲပေးတာပါ... မင်းအမေနဲ့ ပိုဆွေးနွေးသင့်တယ်"
"ဟုတ်တယ်..."
ကျန်းရှုယောင်က ခေါင်းညိတ်လိုက်ပြီး သူမလက်ကို ဖြည်းညှင်းစွာရုတ်လိုက်ကာ စိတ်ဓာတ်ကျသည့်အမူအရာနှင့်ဆိုသည်။
"ရှင့်လက်မောင်းကဘာလို့ ဒီလောက်မာတာလဲ... အများကြီးစားပြီး မဝဘူးလား"
အခုတလော သူမအများကြီးလုံးတစ်လာ၏။
ရှဲ့ရွှင်း သူမ စကားကြားသောအခါ ကြောင်အမ်းသွားသည်။ သူ ရယ်ရမလို ငိုရမလို ဖြစ်နေ၏။ သူမ နေ့တိုင်း မည်သည့် ထူးထူးဆန်းဆန်းအရာမျိုးတွေ တွေးနေသည်ကို သူ တကယ် မသိတော့ပါချေ။
"ငါ--"
ကျန်းရှုယောင်က ရုတ်တရက် သူ့ဗိုက်ကို ထိရန် သူမလက်ကို ဆန့်တန်းပြီး စကားပြောတော့မည်ပြု၏။
ဘုန်းးး-
ရှဲ့ရွှင်း၏စိတ် ဗလာဖြစ်သွားပြီး နှေးကွေးလေးလံမှုထဲကို ကျသွားခဲ့သည်။
နူးညံ့ပျော့ပျောင်းသောလက်က သူ့ဗိုက်သားကို ဖိထားပြီး ၎င်းတို့ကြားတွင် အထည်အလွှာများသာရှိသဖြင့် သူမလက်ဖဝါး၏ နူးညံ့မှုကို ခံစားရနေသလိုပင်။
ရှဲ့ရွှင်း၏ ခန္ဓာကိုယ်က ကျောက်တုံးကဲ့သို့ တောင့်တင်းနေပြီး သူမလက်ကို ရှောင်ရန် မေ့သွားသည်။ သူ့မျက်နှာမှာ သွေးနီရောင် နီရဲနေသည့်အထိ ရှက်သွေးဖြာ သွားသည်။
ကျန်းရှုယောင် အနည်းငယ် ထိပြီး သူမလက်ကို ပြန်ဆွဲယူလိုက်သည်။
"ရှင့်မှာ ဘာလို့ဝမ်းဗိုက်ကြွက်သားတွေရှိနေသေးတာလဲ..တကယ်မတရားဘူး..ကျွန်မဆိုဗိုက်မှာ အဆီတွေရှိနေပြီလို့ခံစားရတယ်...ဟေး ရှဲ့ပေါယွမ် ရှင်ဘာလို့ပြေးနေတာလဲ"
ရှဲ့ရွှင်း မတ်တပ်ရပ်ကာ ခလုတ်တိုက်မတတ် ပြေးထွက်လာခဲ့သည်။ သူ့မျက်နှာမှာ နီမြန်းနေပြီး ရှက်ရွံ့နေသည်။
စာကြည့်ခန်းထဲကို လေပြင်းတစ်ချက်တိုက်သွားသည်ကို လူတွေမြင်လိုက်ရပြီး တံခါးက ဝုန်းခနဲပိတ်သွား၏။
ရှဲ့ရွှင်း၏ မျက်နှာပေါ်တွင် အပူများ ဖုံးလွှမ်းသွားသည်။ ပူလွန်း၍ သူ့နှလုံးသားလည်း ပူလောင်လာသည်။ အဖြူရောင်အငွေ့များ သူ့ခေါင်းထိပ်မှာ ပေါ်လာတော့မတတ်။
အခန်းတဝိုက်တွင် လှည့်ပတ်ပြေးသော်လည်း သူလှုပ်မရပေ။
ဖယောင်းတိုင်မီးက သူ့မျက်နှာပေါ်ရှိ ရှက်ရွံ့မှုနှင့် အကူအညီမဲ့မှုအားလုံးကို လှစ်ဟပြထားသကဲ့သို့ တောက်ပလွန်းနေသည်။
သူ အလျင်အမြန်ဖယောင်းတိုင်မီးကို သွားမှုတ်လိုက်ပြီး အခန်းတွင်း မှောင်လာသောအခါတွင် သက်ပြင်းချကာ ထောင့်စွန်းတွင် ပျော့ခွေကျသွားသည်။
သူ့မျက်နှာကို ထိရန် လက်ကို မြှောက်လိုက်၏။ သူ့လက်ပူပူကို ခံစားလိုက်ရပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို နံရံထောင့်စွန်းနှင့်ဆောင့်လိုက်သည်။
ကျန်းရှီက တကယ်...တကယ်ကို... သူတကယ်ကို သူမနှင့်ပတ်သက်၍ အကူအညီမဲ့နေခဲ့၏။
နောက်တစ်နေ့တွင် မနက်စာစားပြီး သန့်ရှင်းရေးလုပ်ပြီးသော်လည်း အရှေ့တောင်ပံခြံတွင် လှုပ်ရှားမှုမရှိပေ။
သူက သက်ပြင်းချရင်းဆိုလိုက်၏။
“မျှော်လင့်ထားသလိုပဲ"
အရှေ့တောင်ပံတံခါးဆီသို့ လျှောက်သွားသောအခါ ခြံထဲတွင် အစေခံတစ်ယောက်မှမရှိပေ။ သူတို့အားလုံးက အရှေ့တောင်ပံအထဲတွင်ရှိပြီး ဘာလုပ်နေသည်ကို သူမသိချေ။
ရှဲ့ရွှင်း တံခါးဆီသို့ လျှောက်သွားပြီး ဝင်ချင်ခဲ့သည်။ သို့သော် သူ တုံ့ဆိုင်းသွားပြီး တံခါးကို အရင်ခေါက်လိုက်သည်။
"ရှဲ့ပေါယွမ်"
ကျန်းရှုယောင်၏ အသံက အတွင်းမှ ထွက်ပေါ်လာသည်။
"ငါပါ"
ရှဲ့ရွှင်းက ပြန်ပြောသည်။
"အထဲဝင်ပါ..."
သူမအသံက အံ့သြသွားဟန်ပင်။
ရှဲ့ရွှင်း အခန်းထဲသို့ လျှောက်သွားရာ လမ်းတစ်လျှောက်တွင် စားပွဲပေါ်၌ အထူးကောင်းမွန်သော ပန်းထိုးခါးပတ်များစွာ၊နံရံဘေး၌ နူးညံ့သိမ်မွေ့သော ပန်းထိုးဖိနပ် ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရပြီး နံရံတစ်ဝိုက်တွင်မူ အဝတ်အစားများဖြင့် နစ်မြုပ်နေသော ထိုင်ခုံတစ်ခုံကို တွေ့လိုက်ရသည်။
သူ့မျက်ခုံးထောင့်များ လှုပ်သွားသည်။
အတွင်းခပ်လှမ်းလှမ်းတွင် ကျန်းရှုယောင်က မှန်တင်ခုံရှေ့မှာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်က အစေခံများက အသက်အောင့်ထားကြပြီး အခန်းထဲ တိတ်ဆိတ်နေ၏။
ရှဲ့ရွှင်း အံ့ဩသွားသည်။ ကျန်းရှုယောင် ရုတ်တရက် လှည့်ကြည့်လာသောအခါ သူ့စကားတွေက လည်ချောင်းထဲမှာ ရုတ်တရက် နစ်မြုပ်သွားသည်။
ပန်းပုထွင်းပြတင်းပေါက်မှတဆင့် နေရောင်က သွန်းလောင်းနေပြီး သူမ၏ နက်မှောင်သော တိမ်ပုံသဏ္ဍာန် ဆံပင်ပုံစံပေါ်တွင် ထွန်းလင်းတောက်ပနေသော ပုလဲကိုအလှဆင်ထားသည်။ ပန်းဖွားလှလှလေးများဖြင့် အလှဆင်ထားသည့် တွဲလျောင်းကျနေသော ဆံထိုးလေးတစ်ချောင်းက သူမ၏မျက်နှာပေါ်တွင် ယိမ်းထိုးနေသောအလင်းရောင်နှင့် အရိပ်များကို ဖြန်းပက်ထားသည်။ သူမ၏ ပါးလွှာသော နှုတ်ခမ်းများပေါ်တွင် မျက်နှာချေနီ ပါးပါး လိမ်းခြယ်ကာ သူမ၏ မျက်လုံးထောင့်များကိုပါစွန်းထင်းထားစေသောကြောင့် သူမ၏ ဖျတ်လက်ပြီးသား မျက်လုံးများကို ဆွဲဆောင်မှုရှိစွာ ဆေးဆိုးထားသည်။ သူမ၏မျက်လုံးများက စမ်းရေများဖြင့် ပြည့်နေသကဲ့သို့ တောက်ပပြီးရွှန်းလက်နေပုံရသည်။
ရှဲ့ရွှင်း ခဏတာ မှင်တက်သွားသည်။ သူ့မျက်လုံးတွေက တောက်လောင်နေပုံရပြီး သူ့အကြည့်တွေကို အမြန်ရွှေ့လိုက်၏။
"ရှဲ့ပေါယွမ် ဒီကိုလာ"
သူမ၏ လေသံမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ် မြင့်နေသော်လည်း ကလေးကဲ့သို့ ချွဲနွှဲ့နေသည့်အသံဖြစ်နေသည်။
ရှဲ့ရွှင်း လက်တွေက သူ့နောက်ကျောမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ သူသည် သူမဆီသို့ တအိအိ လျှောက်သွားသော်လည်း သူမ၏ ကြာပန်းမျက်နှာကို မကြည့်ဝံ့ပေ။
"ကြေးမှန်ပေါ်က ပုံက မရှင်းဘူး...ကျွန်မကိုပန်းပုံစံ ကပ်ပေးပါလား"
သူမကပြောလိုက်သည်။
“ကျွန်မ သူတို့ကို ကူညီပေးဖို့ တောင်းပေမဲ့ သူတို့ က မလုပ်မပေးချင်ဘူး”
ရှဲ့ရွှင်း သူမ၏ တိုင်ကြားချက်ကို ကြားပြီးနောက် အစေခံများက ဘာကြောင့် သူမကို မကူညီမည်ကို နားလည်သည်။
သူတို့က သူတို့၏မသေသပ်သောလက်က သူမ၏အလှကို ပျက်စီးစေမည်ကို ကြောက်ရွံ့နေပေလိမ့်မည်။
သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဤတာဝန်ကို သူ မငြင်းဝံ့ဘဲ လက်ခံခဲ့၏။
ကျန်းရှုယောင်က သူမခေါင်းကို မော့လိုက်သည်။ သူမ မော့ကြည့်လိုက်သောအခါ သူမမျက်လုံးထောင့်စွန်းများ မြင့်တက်လာပြီး မျက်နှာချေနီတို့စွန်းနေသည့် မျက်လုံးလေးတွေက ပိုချစ်စရာကောင်းလာသည်။
ရှဲ့ရွှင်း ၏လက်များ တုန်ယင်သွားပြီး ရွှေပန်းပွင့်များ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သည်။
စိတ်လှုပ်ရှားလေလေ သူ့မျက်နှာက ပိုတင်းမာလာလေလေဖြစ်သည်က သနားစရာပါပင်။ သူက အေးစက်စက်ဖြင့် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းများတင်းတင်းစေ့လျက် ငုံ့ကြည့်နေသည်။ ၎င်းက သူ့ကို ပို၍ စိမ်းကားပြီး စိတ်မဝင်စားဟန်ရှိစေသည်။
ကျန်းရှုယောင် ၎င်းကိုမြင်သောအခါ သူမ အနည်းငယ်ရှက်သွား၏။
"ရှင် စိတ်တိုနေတာလား"
ရှဲ့ရွှင်းက "ဟမ်..."ဟုဆိုသည်။ သူ့လက်တွေက တုန်ခါနေပြီး သူမနဖူးမှာ ပန်းတွေ ကပ်ရန် အလုပ်များနေ၏။ ကလောင် နှင့် ဓားတို့ကို နေ့စဉ် ကိုင်ဆောင်နိုင်သော လက်က ရွှေရောင်ပန်းပွင့်များကို မကိုင်နိုင်လုနီးပါး ဖြစ်နေသည်။
ကျန်းရှုယောင်က သူမ၏နဖူးကို နာခံစွာ ပင့်လိုက်ပြီး သူမ၏အကြည့်က သူ့မျက်ခုံးများ အနှံ့ ဖြန့်ကျက်သွားသည်။ သူက အာရုံစူးစိုက်နေ သောအခါတွင် အေးစက်ပြီး အနည်းငယ် ခက်ထန်နေပုံရကာ သူမ အနီးကပ် မကြည့်ဝံ့ပေ။
"ရှင့်ကို စောင့်ခိုင်းပြီး စိတ်အနှောက်အယှက်ဖြစ်စေတာ တောင်းပန်ပါတယ်" ဟုသူမက တိုးတိုးလေးပြောသည်။
ရှဲ့ရွှင်းက ရွှေမျက်ပါးကို နဖူးပေါ် တိုက်ရိုက်တင်လိုက်ပြီး သူ့အသံက တင်းမာနေကာ “မဟုတ်ပါဘူး” ဟုဆိုသည်။
ကျန်းရှုယောင်က သူမကိုယ်သူမတွေးလိုက်၏။ 'မျှော်လင့်ထားသလိုပဲ သူအရမ်းဒေါသထွက်နေတယ်'
"မနေ့က ရှင့်ကို ထိပြီးစော်ကားမိလို့ တောင်းပန်ပါတယ်"
နှစ်ယောက်သား ရင်းနီးလာပြီဖြစ်သဖြင့် ကျန်းရှုယောင်က သူ့ကို ဘေးအိမ်က အသက်ကြီးပြီး ဖူးဖူးမှုတ်ခံထားရသည့် မျက်နှာထားတည်တည်ဖြင့် ကျောင်းသားအစ်ကိုကြီးဟု မြင်လေသည်။သူမ ယောက်ျားနှင့်မိန်းမကြားအကွာအဝေးကို မေ့လျော့ပြီး သူနှင့် နီးကပ်လွန်းသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏နဖူးတွင် ရွှေပန်းပွင့်များ နေရာချထားပြီးဖြစ်သည်။ မဟုတ်လျှင် ရှဲ့ရွှင်း၏လက်များ လှုပ်ခါပြီး နေရာအနှံ့ စောင်းသွားလိမ့်မည်။
ဤတစ်ခါအတွက် သူပြန်မဖြေပေ။ စကားတစ်ခွန်းမှ မပြောဘဲ အစေခံတစ်ယောက်ထံ ပစ္စည်းတစ်ခု ပေးခဲ့သည်။ ထို့နောက် အေးစက်သော မျက်နှာနှင့် လက်နှစ်ဖက်ကိုနောက်ပစ်ကာ လှည့်ထွက်သွားသည်။
ကျန်းရှုယောင်၏ မိုးမခကိုင်းအသွင်သဏ္ဍာန် မျက်ခုံးမွှေးများက မျက်မှောင်ကြုတ်ကာ သူမဘေးနားရှိ အစေခံအားပြောလိုက်၏။
"ဘာလုပ်ရမလဲ...သူက အရမ်းဒေါသထွက်နေပုံပဲ"
အလှလေးက မျက်မှောင်ကြုတ်သွားသဖြင့် အစေခံများပင် စိတ်ဆင်းရဲသွားကာ သူမကို အမြန်နှစ်သိမ့်ပေးလိုက်ကြသည်။
*
ရှဲ့ဖေး ခန်းမရှေ့ရောက်လာပြီး ကျန်းရှုယောင် မလာသေးသည်ကိုတွေ့သောအခါ မကျေမနပ် ဆိုလိုက်၏။
"သူက ဘာလို့ အချိန်ဆွဲနေရတာလဲ... သူတစ်ယောက်ထဲပဲ ကျန်တော့--"
သူမစကားမဆုံးခင်မှာ ကျန်းရှုယောင်က သူမစကတ်ကိုမပြီး အမြန်ပြေးလာသည်ကို သူမတွေ့လိုက်ရသည်။
ပထမဆုံးအကြည့်တစ်ချက်တွင် ခေါင်ရမ်းပန်းနှယ် မီးသဖွယ် ကျက်သရေရှိလှသော အနီရောင်ကိုမြင်လိုက်ရ၏။ ကျန်းရှုယောင်က သူမ၏ ခေါင်းပေါ်တွင် ပုတီးစေ့စီခြယ်ဆံထိုးများကို ၀တ်ဆင်ထားသည်။ဤသည်က သိသိသာသာကို အပေါစား ရွှေအဆင်တန်ဆာတစ်ခုဖြစ်ပေမဲ့ သူမအပေါ်မှာမူ လုံးဝကို တောက်ပြောင်လွန်းနေမှုမရှိခဲ့ပါချေ။ ချမ်းသာပြီး အဆင့်အတန်းမြင့်ရုံသာပေါ်လေသည်။
ထိုသို့ဆိုလျှင်ပင် သူမ၏တစ်ကိုယ်လုံးမှာ အဖမ်းစားဆုံးက သူမ၏တောက်ပသော မျက်နှာဖြစ်ပြီး လူတိုင်း၏မျက်လုံးတွေကို ချက်ချင်း မယုံနိုင် ဖြစ်သွားစေ၏။
ရှဲ့ဖေး ဆောင်းရာသီည နန်းတော်ဧည့်ခံပွဲအတွင်းက တော်ဝင်ကိုယ်လုပ်တော်လင်းအကြောင်း ရုတ်တရက် တွေးမိသည်။ သူမက တိမ်ပုံသဏ္ဍာန် ဆံပင်ပုံစံကို ဆင်ယင်ထားသည်။ လှပပြီး တင့်တယ်သည်။ ဧကရာဇ်မင်း၏ နံဘေးတွင်ထိုင်ကာ နန်းတော်ခြောက်ခု၏ အလှတရားနှင့် တကယ်ထိုက်တန်သော်လည်း သူမသည် လူများကို အနီးကပ်ကြည့်ရှုရန် ကြောက်ရွံ့စေခဲ့သည်။
ရှဲ့ဖေး၏နှလုံးသားမှာ ဖိညစ်ခံရသလိုပင်။
သူမ သူမ၏တတိယမြောက်အစ်ကိုကို အမြန်ကြည့်လိုက်သည်။ အရင်ကလို အေးစက်နေဆဲဖြစ်သည်ကို သူမမြင်သောအခါ စိတ်သက်သာရာရသွား၏။ သူမ စိတ်ထဲမှာပြောလိုက်သည်။ 'တတိယအစ်ကို အလှတရားဖြင့် သွေးဆောင်ခံရမည့်သူ မဟုတ်'
မင်းသမီးစံအိမ်သို့ လူတိုင်းသွားသောအခါ ကျန်းရှုယောင် ၊ရှဲ့ဖေး နှင့် ရှုရှီတို့သည် တူညီသောရထားလုံးဖြင့် လိုက်ပါခဲ့ကြသည်။
ရှုရှီက သူမကိုမြင်သောအခါ ခဏလောက် မှင်သက်သွားသည်။ ထို့နောက် သူမက မဆိုင်းမတွပင် ချီးကျူးစကား အနည်းငယ်ကို ချဲ့ကားဆိုခဲ့သည်။
ချီးမွမ်းစကားအနည်းငယ်က ရှဲ့ဖေး၏နားရွက်များကို ယားယံစေခဲ့ပြီး သူမ၏အကြည့်များက ကျန်းရှုယောင်၏မျက်နှာပေါ်သို့ ထပ်မံရောက်သွားပြန်၏။ ကျန်းရှုယောင်က အပေါ်ကိုကြည့်ရန် သူမ၏မျက်လုံးများကို အနည်းငယ်ပင့်လိုက်သည်ကို သူမမြင်လိုက်သောအခါ သူမ၏နှလုံးသားတုန်ယင်သွားပြီး သူမအကြည့်ကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။
သူမ ခန္ဓာကိုယ်အောက်က ထိုင်ခုံကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ပြီး ဖဲသားမျက်နှာပြင်ကို ပွတ်သပ်လိုက်သည်။
ဘာဖြစ်တာလဲဟ...
ရှဲ့ဖေးက အံကြိတ်ပြီးတွေးလိုက်၏။
'သူမက အရမ် အောက်တန်းကျပြီး ယုတ်မာစွာ မွေးဖွားလာခဲ့မှန်း သိသာထင်ရှားတယ်... ဒါပေမဲ့ အချိန်တိုအတွင်းမှာ သူမက အရမ်းချမ်းသာပြီး ဆွဲဆောင်မှုရှိလာခဲ့တယ်'
သူမ ယခင်က ကျန်းရှုယောင်၏ ၀တ်စားဆင်ယင်ပုံကို တွေးပြီး လက်ရှိနှင့် နှိုင်းယှဉ်ခဲ့သည်။ သူမ နားမလည်သော်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ဒီလိုမျိုး ၀တ်ထားရင် အဲဒီသခင်မလေးတွေဆီက ဘယ်လိုလုပ် လှောင်ပြောင်ခံရမှာလဲ...
မင်းသမီးလေး၏ အိမ်တော် တံခါးက ကျယ်ပြီး နေရာ ကျယ်ဝန်းပေမဲ့ အိမ်တော်ဆီကို လာသည့်ရထားလုံးများနှင့် ပြည့်ကျပ်နေဆဲဖြစ်၏။
နေထွက်လာသောအခါ အားလုံးက အနည်းငယ်စိတ်လှုပ်ရှားနေကြသည်။ မိသားစုကြီးရှိ အစေခံများက မည်သည့်ရထားကို ဦးစွာဝန်ဆောင်မှုပေးရမည်ကို ကြာမြင့်စွာကတည်းက အသိအမှတ်ပြုထားသောကြောင့် အဆင့်နိမ့်သူများသည် စိတ်ရှည်ရှည်ဖြင့်သာ စောင့်နိုင်သည်။
လင်းချန် ရထားလုံးပေါ်မှ ဆင်းလာပြီး မဝေးသော ရထားလုံးပေါ်မှ ဆင်းလာသည့် ရှဲ့ရွှင်းကို တွေ့လိုက်ရသည်။
သူက လူစုလူဝေးနှင့် ရထားလုံးများကို ဖြတ်သွားကာ ရှဲ့ရွှင်းထံသို့ နှုတ်ဆက်ရန် ရောက်လာသည်။
သူ့အိမ်သို့ အရင်တစ်ခေါက် ထမင်းသွားစားပြီးနောက် လင်းချန် ဘဲသွေးကြာဇံဟင်းကို စမ်းလုပ်ကြည့်ရန် အိမ်ရှိထမင်းချက်ကို တောင်းဆိုခဲ့သည်။ သွေးရရန် ဘဲဘယ်နှစ်ကောင်သတ်ခဲ့လဲ သူမသိပေ။ ယင်းက သူ့နှလုံးသားကို ခုန်ပေါက် စေခဲ့ပြီး သူ့အဖေက ဆူပူကြိမ်းမောင်းခဲ့၏။
သခင်ရှန်းယန်၏အကြီးဆုံးသခင်မလေးအကြောင်း ကြောက်မက်ဖွယ်ကိစ္စများကို သူကြားသိခဲ့ရပြီး ဟန်များသောမျက်နှာကိုလည်း မြင်ခဲ့ဖူးသည်။ သို့တိုင် ဘဲသွေးကြာဇံဟင်းတစ်ခွက်ကြောင့် သူသူမအပေါ် အလွန် အကောင်းမြင်နေလေပြီ။ သူမနှင့် ရှဲ့ရွှင်းတို့၏ ရန်ငြိုးထားမှုမှန်သမျှကို မေ့သွားရန် ဆန္ဒရှိပြီး လင်နှင့်မယား တစ်သက်လုံး ချစ်နေကြရန် ဆုတောင်းမိသည်။
ရထားထိန်းက ရထားလုံးဆီသို့ လျှောက်သွားကာ ထိုင်ခုံကို နှိမ့်လိုက်သည်။ အစေခံတစ်ယောက်က ကန့်လန့်ကာကိုဖွင့်လိုက်သောအခါ ပုလဲသွယ်ဆံထိုးက အသံတိုးတိုးလေးမြည်၏။ လင်းချန် မသိစိတ်ကနေ သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။
နေရောင်က တောက်ပနေပြီး သူတုံ့ပြန်ရန် အချိန်မရသေးခင်မှာ ကျန်းရှုယောင်ကို ဗြောင်တင်းတင်း စိုက်ကြည့်ရင်း သူ့နှလုံးသား စည်းချက်များလွဲသွားရ၏။
ကျက်သရေရှိပြီး စွဲမက်ဖွယ်ကောင်းလှသည်။ အပြုံးများက ပန်းတစ်ပွင့်လို ပွင့်လန်းနေသည်။ခေါင်ရန်းပန်းကပင် သူမမျက်နှာလောက် မလှပေ။
သူ အထိတ်တလန့်ဖြင့် မျက်လုံးလွှာချမိလိုက်သည်။ သူက ရှဲ့ရွှင်းကို ရှက်ရွံ့ထိတ်လန့်စွာ ဆွဲခေါ်ပြီး တိတ်တိတ်လေး မေး၏။
"ပေါယွမ်... မင်းညီမလေးက ကြီးလာပြီ...သူက ပြည်တန်တဲ့ အလှတရားကို ပိုင်ဆိုင်တယ်ကွာ "
ရှဲ့ရွှင်းက သူ့ကို မျက်စောင်းထိုးပြီး အေးစက်စွာပြောသည်။
"အဲဒါ ငါ့မိန်းမ ကျန်းရှုယောင်"
လင်းချန် အသက်ပြင်းပြင်းရှူကာ သီးသွားလုနီးပါးပင်။
သူ့စိတ်တွေ ကမောက်ကမဖြစ်နေပြီး ရှဲ့ရွှင်း၏ စကားတွေကို နားလည်းရန် အချိန်အတော်ကြာခဲ့၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
သူ့စိတ်ထဲကနှင့် တူညီသော စကားတစ်ခွန်းက တစ်ဖက်မှ ထွက်ပေါ်လာသည်။
လီသခင်မလေးက စုန့်သခင်မလေး၏ ဝတ်ရုံလက်ကို ဆွဲပြီး ကျန်းရှုယောင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"မဖြစ်နိုင်ဘူးးး"
သူမကဆို၏။
"သူက အချိန်တိုအတွင်းမှာ မတူတဲ့လူတစ်ယောက်လို ဘယ်လိုပုံပေါက်နိုင်မှာလဲ...အသိသာကြီးကို သူကမကောင်း....."
ရုပ်ချောသည့်အခါ လူတို့၏ဘဝက ပိုကောင်းလေသည်။ ဤအကြောင်းပြချက်ဖြင့် သူမ ကျန်းရှုယောင်ကို နေ့ရောညပါ အပြစ်တင်ခဲ့သည်။ ယထိုသို့ ရုပ်ဆိုးပြီး အရည်အချင်းမရှိသော အမျိုးသမီးက ရှဲ့ရွှင်း၏ ကြယ်နှင့်လကဲ့သို့အသွင်သဏ္ဍာန်ဆီသို့ မည်သို့တက်နိုင်မည်နည်း။
"ငါမြင်ရသလောက်က အရင်အတိုင်းပဲ... ၀တ်စားဆင်ယင်မှုပုံစံပြောင်းပြီး မိတ်ကပ်အပြည့်နဲ့ မျက်ခုံးမွှေးတွေ ပြင်ထားတယ်... မတူတဲ့လူလို့ထင်ရတာ ပုံမှန်ပါပဲ"
"ဟမ့်...အဲဒါက ဂါဝန်နဲ့ ဆံထိုးက လှည့်စားထားတဲ့အသွင်အပြင်ပဲ"
လီသခင်မလေးက ပြောလိုက်၏။ လူတိုင်း တိတ်ဆိတ်နေခဲ့သည်။ ယင်းကအကြောင်းပြချက်မဟုတ်ကြောင်း စိတ်ထဲတွင်သိနေသော်လည်း သူမကိုယ်သူမ လိမ်ညာရန်ကြိုးစားဆဲဖြစ်သည်။
ရှဲ့ဖေး လာနေသည်ကို သူမမြင်သောအခါ သူမလှမ်းခေါ်ပြီး ကျန်းရှုယောင်အတွက် မကောင်းသောစကားတွေ ရေရွတ်နေမိသည်။ ကျန်းရှုယောင် လက်ထပ်တော့မည့်အချိန်မှာ ရှဲ့ဖေးက အရှက်မဲ့ပြီး နာမည်ဆိုးနှင့်ကျော်ကြားသည့် အမျိုးသမီးကို မုန်းတီးမှုများနှင့် ကျိန်ဆဲခဲ့၏။
ရှဲ့ဖေး၏ အမူအရာက ဆိုးရွားနေပြီး အားလုံးက ပျော်နေကြသည်။
"အားဖေး နင် ဘာလို့ဒီလောက်မျက်နှာမကောင်းတာလဲ"
"ဒါက ကျန်းရှုယောင်ဟုတ်တယ်မလား"
"ဟုတ်တယ်... သူ့ဟန်များနေတာကို ကြည့်ပြီး ငါလည်း အဆင်မပြေဘူး...ဆံထိုးတွေကို ဘယ်သူတွေကို ပြနေတာလဲ...ဒါက ပွဲတစ်ခုပါ..တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေဖို့ မဟုတ်ဘူး"
ဤစကားက နည်းနည်းပြင်းထန်ပေမဲ့ ဘယ်သူမှ မငြင်းဆန်ကြပါချေ။
Xxx