Chapter 40
အစားအသောက်နှင့် အဖျော်ယမကာပွဲ
ရှဲ့ဖေး စကားပြောနေသောသူကို မျက်လုံးပင့်ပြလိုက်သည်။ အမျိုးသမီးက သူမပြောနေသည့်အရာက ရှဲ့ဖေး၏ စိတ်ထဲကအရာဟု ထင်ပြီး အမြန်ထပ်ထည့်ပြောလိုက်၏။
"ဒီလို ၀တ်ထားရင်တောင်မှ သာမာန်လို့ပဲ ခေါ်လို့ရတယ်...နင့်အစ်ကိုရဲ့ တောက်ပတဲ့ လမင်းလို အမျိုးကောင်းသားနဲ့ ဘယ်လို ထိုက်တန်နိုင်မှာလဲ"
သူမဘေးနားက အမျိုးသမီးက “ဟုတ်တယ် ဟုတ်တယ်” ဟုတက်တက်ကြွကြွထောက်ခံလိုက်သည်။
ရှဲ့ဖေး၏အမူအရာက မကောင်းသလို သူမ၏လေသံကလည်း ပိုဆိုးလာ၏။
"သူ(မ)နဲ့ မထိုက်တန်ဘူး"
မျက်နှာတွေ အားလုံးက ရွှင်မြူးမှုအပြည့်နှင့်ရှိနေကြသည်။ ရှဲ့ဖေးက ရှဲ့ရွှင်း၏ ညီမဖြစ်သည်။
သူမက ကျန်းရှုယောင်ကို ယခုလို ဆူပူကြိမ်းမောင်းလျှင် သခင်လေးရှဲ့ကလည်း ထိုသို့ဆက်ဆံခြင်းဖြစ်ရမည်။
၎င်းကို တွေးပြီးသည်နှင့် ရှဲ့ဖေးကဆက်ပြောလာသည်ကို သူတို့ကြားလိုက်ရသည်။
"ဒါပေမဲ့ နင်ကရော ထိုက်တန်ရဲ့လား"
လူတိုင်း ကြက်သေသေ သွားကြသည်။ သူတို့ကြားသည့်အရာကို မယုံနိုင်ကြပေ။
ရှဲ့ဖေး၏အကြည့်များက လူအများ၏မျက်နှာကို လှည့်ပတ်ကြည့်ရှုပြီး သူမအား ဤစကားများပြောဖူးသောလူအားဆိုလိုက်၏။
"နင်ကရော ထိုက်တန်သလား"
ခေါင်းကို လှည့်ကာ တစ်ခြားတစ်ယောက်ကို စိုက်ကြည့်ရင်း
"ဒါမှမဟုတ် နင်နဲ့ ထိုက်တန်တာလား"
ကျန်းရှုယောင်၏အသွင်အပြင်က အခြားသူများ မယှဥ်နိုင်ပေ။
သူမစကားကြောင့်ထိသွား၍ဖြစ်စေ သို့မဟုတ် ကျန်းရှုယောင်နှင့် နှိုင်းယှဥ်ခံရ၍ဖြစ်စေ လူတိုင်း၏ အသားအရေက ရုတ်တရက် ပြာသွားကာ ပါးရိုက်ခံရသကဲ့သို့ မျက်နှာများ နီရဲလာခဲ့သည်။
ရှဲ့ဖေး ၏အကြည့်များက သူတို့၏မျက်နှာပေါ်တွင် ပေါ့ပေါ့ပါးပါးသာ ပျံ့လွင့်သွားသော်လည်း ၎င်းသည် တောက်ပနေသောနေရောင်ကဲ့သို့ သူတို့၏နှလုံးသားထဲရှိ မှုန်မှိုင်းနေသော မနာလိုမှုအားလုံးကို လင်းလက်တောက်ပစေသည်ဟု ခံစားရသည်။
ရှဲ့ဖေးက အတော်လေး ကျင့်သားရနေပြီး သူတို့၏မျက်နှာများကို ဂရုမစိုက်ပါချေ။
"ထားလိုက်ပါ... ဒီမြို့တော်မှာ ကျန်းရှုယောင် ကပဲ ငါ့အစ်ကိုနဲ့ ထိုက်တန်တယ်လို့ မြင်တယ်"
နောက်ဆုံးတွင် တစ်ယောက်ယောက်က မနေနိုင်တော့ဘဲ ပြောလိုက်၏။
"ရှဲ့ဖေးးး... ဒါက ဘာကိုဆိုလိုတာလဲ...မြို့တော်မှာ သူ့ကို ဘယ်သူတွေ ဂရုစိုက်နေလို့လဲ... ငါတို့ စကားနည်းနည်းပဲ ပြောခဲ့ပေမဲ့ နင်က ဒီလိုမျိုး ငါတို့ရဲ့ မျက်နှာကို ဆုတ်ဖြဲပစ်ခဲ့တယ်"
"စကားနည်းနည်းပဲပြောတာလား"
ရှဲ့ဖေးက သူတို့၏ဒေါသကို လျစ်လျူရှုလိုက်သည်။
"နင်တို့ သူများတွေရှေ့မှာ ဘာပဲပြောပြော ပြောနိုင်တယ်... ငါမထိန်းချုပ်နိုင်ဘူး...ဒါပေမဲ့ ငါ့ရှေ့မှာ မပြောနဲ့...တခြားသူတွေရဲ့ ဝါးစားခံရတာကို ငါတို့ရှဲ့မိသားစုက ဘာလို့ သည်းခံရမှာလဲ"
သူမက ထိုလမ်းသွားလမ်းလာများထံမှ သူမ၏ပခုံးကို လှည့်ကာ မကျေနပ်သောမျက်နှာဖြင့် ထွက်ခွာသွားခဲ့သည်။
သူမ ထွက်သွားပြီးမှသာ ဒေါသအလွန်ထွက်နေသော လူများ နောက်ဆုံးတွင် စကားပြောရဲကြသည်။
"ဘာကြီးမလို့လဲ... ဒီမျက်နှာကို ဘယ်သူ့ပြမှာလဲ"
"သူက မြို့စားရှဲ့ရဲ့အာဏာကို အားကိုးနေတာ မဟုတ်ဘူးလား... ဟမ့် ဝန်ကြီးချုပ်ကောတို့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးကိုဆို ဒီလို ဆက်ဆံဝံ့မှာလား"
သူတို့က မျှော်လင့်ချက်တွေမြင်နေရသလိုမျိူး လူတိုင်းက စတင်ထောက်ခံလိုက်ကြ၏။
"မှန်တယ်...ပေကျင်းမှာရှိတဲ့ အရည်အချင်းအရှိဆုံး အမျိုးသမီးကသာ သခင်လေးရှဲ့နဲ့ ထိုက်တန်တယ်"
"ကောသခင်မလေးက ထက်မြက်ပြီး သူ့ရဲ့ အလှက ရေခဲနဲ့ နှင်းတွေလိုပဲ... သူက သာမန်ထက် သာလွန်တယ်...ကျန်းရှုယောင်ရဲ့ ဗလာကျင်းနေတဲ့ ဦးနှောက်က သူ့ကို ဖိနပ်စီးပေးဖို့တောင် မထိုက်တန်ဘူး!"
ရထားလုံးတစ်စီးဖြတ်သွားကာ သခင်မလေးကောချင်ရှုက သူမ၏ရထားလုံးကန့်လန့်ကာ၏ထောင့်ကို မလိုက်သည်။ သူမ၏လှပသည့်အသွင်အပြင်နှင့် အဖြူရောင်အဝတ်အစားများက သူမကို မသေမျိုးနတ်သမီးတစ်ယောက်လို ဖြစ်စေခဲ့၏။
သူမ၏စကားအစတွင်ပင် လေသံက တိုးဖျော့အားနည်းနေသည်။
"နင်တုန်... သူတို့ပြောတာတွေက မှန်တယ်လို့ ထင်လား"
နင်တုန်က ခေါင်းငုံ့ကာ "သဘာဝအတိုင်းပါပဲ" ဟု လေးလေးစားစားပြန်ပြောသည်။
ကျန်းရှုယောင် အိမ်တော်ထဲသို့ဝင်သွားပြီးနောက် မကြာမီတွင် မင်းသမီးချန်းလဲ့မှစေလွှတ်သော မိန်းမစိုးတစ်ဦးက သူမအား တွေ့ရှိပြီး တန်းစီခြင်းကို ကျော်ဖြတ်ကာ ရှုပ်ထွေးသောကျင့်ဝတ်မျိုးစုံမှ သူမအား ကယ်တင်ခဲ့သည်။
ကျန်းရှုယောင်က အခု အိမ်ထောင်ကျသွားပြီဖြစ်၏။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအနေဖြင့် ရှုရှီနှင့်တခြားအိမ်ထောင်သည်အမျိုးသမီးများဖြင့်ပေါင်း၍ မင်းသမီးလေးအား သွားရောက် တွေ့သင့်သည်။
သို့တိုင် သူမက မင်းသမီးလေး၏ပွဲခံမဏ္ဍပ်ကို ရှဲ့ရွှင်း ထက် အနည်းငယ်နောက်ကျပြီးမှ ရောက်ခဲ့၏။
အကြီးဆုံးမင်းသမီးက ရှဲ့ရွှင်းကို အလွန်နှစ်သက်သည်။ သူက ရုပ်ရည်ချောမော၊ ထက်မြက်ပြီး ထူးချွန်သော်လည်း အကြောင်းတစ်ခုခုကြောင့် ကျော်ကြားမှု မရှိခဲ့ပေ။
ပေကျင်းရှိ မြင့်မြတ်နွယ်ဝင်အမျိုးသမီးများကို တုန်လှုပ်စေသည်မှာ သူ၏အေးစက်ပြီးအမတသဖွယ်ပုံစံကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု သူမ စိတ်ထဲတွင် လှောင်ပြောင်ခဲ့သည်။
ရှဲ့ရွှင်းက မင်းသမီးကို လေးလေးစားစား နှုတ်ဆက်ခဲ့ပြီး သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် အလွန်ဖော်ရွှေချေငံစွာ စကားစမြည်ပြောခဲ့ကြ၏။
တစ်ဖက်တွင် ကျန်းရှုယောင်က တန်းစီခြင်းကို ခုန်ကျော်သည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ ဝန်ကြီးချုပ်ကော၏သမီးဖြစ်သူ ကောချင်ရှု သည်လည်း တန်းကျော်တက်ခဲ့သည်။ သူမမိသားစုက ရာထူးကြီးမြင့်ပြီး မိဖုရားခေါင်မယ်မယ်ကလည်း သူမကို ချစ်၏။စည်းစနစ်အရ မိသားစုဆက်နွယ်မှုကို အကြိမ်များစွာ ဖယ်ရှားပစ်ခဲ့သည်ဟုတွေးရသော်လည်း သူမက အကြီးဆုံးမင်းသမီး၏နှောင်းပိုင်းကြင်ယာတော်၏ ဆယ့်သုံးယောက်မြောက်ဝမ်းကွဲလည်းဖြစ်သည်။
[ET/N- အကြီးဆုံးမင်းသမီးသည် ဧကရာဇ်မင်းမြတ်၏ အစ်မအကြီးဆုံးဖြစ်ပြီး မင်းသမီး ချန်းလဲ့က သူမ၏သမီးဖြစ်သည်။]
အကြီးဆုံးမင်းသမီးက ရှဲ့ရွှင်း ၏ စိတ်နေစိတ်ထားကို ပြောဆိုနေစဥ် လရောင်ဝတ်စုံကို ၀တ်ထားသော နတ်သမီးတစ်ဦးက အခန်းထဲသို့ အေးအေးလူလူ လွင့်မျော လာသည်။ သူမက ကျော့ရှင်းပြီး ယဉ်ကျေးသိမ်မွေ့ကာ မင်းသမီးလေး သူမ၏ လှုပ်ရှားမှုတိုင်းတွင် အမှားအယွင်းရှာမတွေ့ပေ။
ဧကရာဇ်ထိုက်ဇူ၏ကျေးဇူးကြောင့် ယောက်ျားနှင့်မိန်းမ ခွဲခြားမှုမှာ ယခုအချိန်တွင် တင်းကျပ်ခြင်းမရှိပေ။ ထို့ကြောင့် ကောချင်ရှုက ရှဲ့ရွှင်းကိုမြင်သောအခါ သူ့ကို နှုတ်ဆက်ရန် ခေါင်းကို အနည်းငယ်သာငုံ့လိုက်သည်။
ရှဲ့ရွှင်း မိန်းမစိုး၏ကြေညာသံကိုကြားသောအခါတွင် တစ်စုံတစ်ယောက်ဝင်လာသည်ကို သူသိလိုက်သည်။သူက ဂရုမစိုက်ဘဲ ဘေးသို့သာရွေ့သွားခဲ့သည်။
အကြီးဆုံးမင်းသမီးက ဤလူနှစ်ယောက်၏ လုပ်ရပ်ကိုကြည့်ပြီး ဤသည်က တိုက်ဆိုင်မှုတစ်ခုဟု သူမထင်ခဲ့၏။ တစ်ယောက်က ပေကျင်းမှာ အရည်အချင်းအရှိဆုံး အမျိုးသမီးဖြစ်ပြီး နောက်တစ်ယောက်က ပေကျင်း အရည်အချင်းအရှိဆုံး အမျိုးသားဖြစ်သည်။ နှစ်ယောက်စလုံးက အမတနှင့် လွင့်မျောနေသော ဆရာသခင်များကဲ့သို့ပင်။
သို့ရာတွင် သူမ အနီးကပ်ကြည့်သည့်အခါမှာ သူတို့နှစ်ယောက်ကအနီးကပ်ကြည့်သည့်အခါ ထူးဆန်းနေသလို ခံစားလိုက်ရ၏။ တစ်ယောက်က အေးစိမ့်နေသည့် ရေခဲနှင့်တူသည်။ နောက်တစ်ယောက်က နှင်းသီးတွေလိုပါပင်။ သူတို့ကိုယ်သူတို့ တစ်ယောက်တည်း နေသည်က အဆင်ပြေပေမဲ့ အတူတူ ရပ်နေချိန်၌မှု တာအိုဘုန်းကြီးနှင့် သီလရှင်တို့ဖြင့် အတော်လေး ပိုတူ၏။
(ဓမ္မမိတ်ဆွေနှစ်ယောက်)
သူမ ရှဲ့ရွှင်း ဆုတ်ခွာသွားနိုင်ကြောင်း ခေါင်းညိတ်ပြလိုက်စဥ်တွင် မိန်းမစိုး၏ အသံစူးစူးက ရုတ်တရက် ထွက်ပေါ်လာသည်။
"ရှဲ့သခင်မ... ကျန်းရှုယောင်... မြို့စားရှဲ့အိမ်တော်၏ တတိယသခင်မ--"
သူမ စကားမဆုံးခင်မှာ မင်းသမီးချန်းလဲ့က လက်ခုပ်တီးပြီး စိတ်လှုပ်ရှားစွာဆိုလိုက်၏။
"သူရောက်နေပြီလား...ဝင်ခိုင်းလိုက်"
အစေခံက ကန့်လန့်ကာတွေကို မလိုက်ပြီး ကျန်းရှုယောင် ဝင်လာခဲ့သည်။ သူမ၏တောက်ပသော အနီရောင်ဝတ်စုံက အခန်းကို ချက်ချင်း လင်းလက်သွားစေ၏။
ချောမောလှပသူများကို မြင်ဖူးသော အကြီးဆုံးမင်းသမီးမှာလည်း အံ့အားသင့်သွားသည်။ သူမဘဝတွင် သူမတွေ့ဖူးသော အမျိုးသမီးများထဲ၌ အနီရောင်ဝတ်စုံနှင့် ရွှေရောင် အဆင်တန်ဆာများ ဝတ်ဆင်ပြီး ကြည့်ကောင်းသည့်သူမှာ တော်ဝင်ကိုယ်လုပ်တော်လင်းမှလွဲ၍ ကျန်းရှုယောင် တစ်ဦးတည်းသာရှိသည်။
ရှဲ့ရွှင်းက တုံ့ဆိုင်းမနေဘဲ ခေါင်းကို လှည့်ကြည့်လိုက်သည်။
ကျန်းရှုယောင်က သူ့ကိုမြင်သောအခါ သူက နေရာပေးရန် ချက်ချင်း ဘေးဖယ်ပေးလိုက်၏။
ကျန်းရှုယောင် သက်ပြင်းချလိုက်သည်။ရှဲ့ရွှင်း ဒေါသထွက်နေဆဲဖြစ်၏။
မင်းသမီးက နှစ်ယောက်သား မတ်တပ်ရပ်နေသည်ကို ကြည့်လိုက်သည်။ တစ်ယောက်က ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိကာ တစ်ယောက်က အေးစက်ပြီး မာနကြီး၏။သူမ လက်ခုတ်တီး အားပေး ချင်နေမိသည်။
မှန်ပေသည်၊ တာအိုဘုန်းကြီးက နတ်ဆိုးသမီးပျိုနှင့်လိုက်ဖက်ညီသင့်၏။
မရေမတွက်နိုင်သော ပြဇာတ်များက သူမ၏ စိတ်ထဲမှာ ပေါ်လာပြီး စာပေပညာရှင်များနှင့် ဝိညာဥ်များ၊ မသေနိုင်မျိုး နှင့် နတ်ဆိုးများ စသည်ဖြင့်...
သူမ၏ မျက်လုံးများက တောက်ပလာသော်လည်း သူတို့၏ သိမ်မွေ့သောအပြုအမူ အားလုံးကို(မသိမသာ) သူမ မြင်လိုက်ရသည်။
'စိတ်ဝင်စားဖို့ကောင်းတာက ဒီ တာအိုဝါဒီလေးက ပညတ်တွေကို ချိုးဖျက်ပြီး သူ့နှလုံးသားကို လှုံ့ဆော်ထားပုံရတယ်...ဒါပေမဲ့ နတ်သမီးက လူသားအချစ်ကို နားမလည်ဘူး'
ပြဇာတ်တစ်ခုကို ချက်ချင်းစီစဉ်ရအောင် သူမ ပြဇာတ်အဖွဲ့ကို လှမ်းခေါ်ရန် မစောင့်နိုင်တော့ပေ။ သူမ အံကြိတ်ကာ ထိန်း၍ စကားအနည်းငယ်ပြောပြီးနောက် သူတို့ကိုသွားခွင့်ပြုလိုက်ရသည်။
ကျန်းရှုယောင် အခန်းထဲမှ ထွက်သွားသည်နှင့် သူမကို မင်းသမီးချန်းလဲ့က ကြားဖြတ်ပြီး ခေါ်ဆောင်သွားခဲ့သည်။
ရှဲ့ရွှင်းက ထိုနေရာ၌ ရပ်ကာ အဝေးမှာ ပျောက်ကွယ်သွားသော သူတို့၏ နောက်ကျောကို ကြည့်ပြီး စိတ်ပူစပြုလာသည်။
အရင်တုန်းက ချန်းလဲ့ရှန့်ကျူ*က ကျန်းရှီကို ချောမောလှပသည့် ကောင်လေးတွေကို တွေ့ရန် ခေါ်သွားနေကျဖြစ်၏။ ဒါပေမဲ့ ကျန်းရှုယောင်က အိမ်ထောင်ပြုသွားပြီဆိုတော့ မင်းသမီးလေးက ပြဿနာမရှာလောက်တော့ပါဘူးနော် ဟုတ်တယ်မလား...
(T/N–စတုတ္ထအဆင့်မင်းသမီး)
စိတ်ပူနေသဖြင့် မျက်နှာက ပိုအေးစက်လာသည်။ သူ့ကို ချောင်းကြည့်နေသည့် နန်းတော်ကအမျိုးသမိီးများ ကြောက်လွန်း၍ ခေါင်းကို ချက်ချင်းငုံ့လိုက်ကြ၏။
ပွဲအပြီးတွင် ကျန်းရှုယောင်က ရှန့်ကျူ၏ဘေးတွင် တစ်ချိန်လုံးထိုင်နေကာ မျိုးရိုးမြင့်သခင်မလေးတစ်စု၏ မနာလိုမှုကို နှိုးဆွပေးခဲ့သည်။ သို့သော် သူမက ယခင်ကကဲ့သို့ အဆင်အခြင်မဲ့သူဖြစ်မည်ထင်ကာ သူတို့က ကစားပွဲတစ်ခုအတွက် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ကြသည်။
မကြာခင်မှာ သူတို့ စောင့်မျှော်နေသည့် အခွင့်အရေးတွေ ရောက်လာ၏။ ထိုင်ခုံနေရာသို့ ပြန်သွားပြီးနောက် မင်းသမီးချန်းလဲ့က အကြံပြုလာသည်။
"အိမ်တော်က မကြာသေးမီက တူးမြောင်းတွေ အများကြီးလုပ်ထားတယ်...ဘာလို့ အဲဒီနေရာကို ရွှေ့ပြီး ပညာရှင်တွေဆီက မသင်ယူရမှာလဲ... ဒါပေမဲ့ စည်းမျဉ်းတွေ ပြောင်းသွားပြီ...ဝိုင်နည်းနည်းနဲ့ ဆော့ကြရအောင်... ဝိုင်ဖန်ခွက်က မင်းတို့ရှေ့မှာ ရပ်သွားရင် ကဗျာတွေရွတ်ပြရမယ်... မလုပ်နိုင်ရင် သောက်ရလိမ့်မယ်"
ကျန်းရှုယောင် နားထောင်ရင်း ခေါင်းမူးသွားကာ အလျင်အမြန် မင်းသမီးချန်းလဲ့၏ဝတ်ရုံလက်ကို တိတ်တဆိတ်ဆွဲပြီးပြောလိုက်၏။
"ရှန့်ကျူ...ကျွန်မဗိုက်ထဲမှာ မှင်မရှိဘူး"
ရှန့်ကျူက သူမ၏မျက်နှာပေါ်တွင် ဂုဏ်သိက္ခာရှိသောအပြုံးတစ်ခု ပြုံးနေဆဲဖြစ်သည်။ သူမက အံကြိတ်ကာပြန်ဖြေ၏။
“ငါ့မှာဒီလိုကစားဖို့ စိတ်ကူးရှိမယ်ထင်လား...အကုန်လုံးမယ်တော့်အကြံတွေ...မယ်တော်က အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေပြီဆိုတော့ လျှောက်ပတ်ကစားလို့ မရတော့ဘူးတဲ့... သူက ငါ့ကို စာပေအများကြီးတတ်မှ ငါ့မှာ နာမည်ကောင်းရှိမှာတဲ့"
ကျန်းရှုယောင်က နှုတ်ဆိတ်နေသည်။
မင်းသမီး ချန်းလဲ့က သူမလက်ကောက်ဝတ်ကို ညှစ်ပြီး သူမကိုအားပေးလေ၏။
"နင်ဘာမှ မရွတ်နိုင်ရင်တောင် သောက်မနေနဲ့ပေါ့... ဘာလို့ အရမ်းကြောက်နေတာလဲ...ငါတို့ မမူးမချင်း သောက်ကြရအောင်"
ကျန်းရှုယောင် ရယ်ရမလိုငိုရမလို ဖြစ်နေသည်။ ရှုံးတော့မည့်ကို ဤမျှလောက် မောက်မာစွာ ပြောနေစရာ မလိုပါချေ။
ထိုကြောင့် အရည်အချင်းမရှိသည့်လူနှစ်ယောက်စုပြီး ဝိုင်ခွက်တွေရပ်ရန် ဖြစ်နိုင်ခြေအနည်းဆုံးနေရာကို ရွေးလိုက်၏။
ကံများဆိုးကြသည်ကား သနားစရာပါပင်။ ဝိုင်ဖန်ခွက်က ကျန်းရှုယောင် ရှေ့တွင် ချက်ချင်းရပ်သွားသည်။
အားလုံးက ချက်ချင်းပင် သူမကို တညီတညွတ်တည်း ကြည့်ကြသည်။
သူမပြင်ဆင်ထားသော်လည်း ယခုအခိုက်အတန့်တွင် သူမ အလွန်ရှက်ရွံ့နေသလို ခံစားရသည်။ ပညာရှင်အုပ်စုတစ်စုကြားကနေ မေးခွန်းတွေဖြေရန် ဆရာမဆီက ဆင့်ခေါ်ခံရသလိုပင်။
သူမက တောင့်တောင့်ကြီး ရယ်မောရင်း မျက်နှာကို သပ်သပ်ရပ်ရပ် အုပ်ကာ ဝိုင်တစ်ခွက် သောက်လိုက်သည်။
ကျန်းရှုယောင် တောက်ပပြီး လှပစွာ မွေးဖွားလာသူဖြစ်ပြီး သူမ၏ ဝတ်ရုံလက်နှင့်ကွယ်ပြီး အရက်သောက်သည့်ပုံစံက သူမကို စွဲမက်ဖွယ်ကောင်းပြီး ညှိ့ဓာတ်ပြင်းစေသည်။ မင်းသားများနှင့် မျိုးရိုးမြင့်သခင်လေး များစွာတို့၏အကြည့်များမှာ မနေနိုင်ဘဲ သူမအပေါ်မှာစုပုံကျရောက်သွားတော့၏။
ရှဲ့ရွှင်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်မှ အရှိန်အဝါက တူးမြောင်းအတွင်းရှိ ရေများ အေးခဲလုနီးပါး ဖြစ်သွားစေသည်။
ဝိုင်ဂိမ်းက ဆက်သွားပြန်သည်။
သုံးကြိမ်တိုင်တိုင် ဖန်ခွက်က ကျန်းရှုယောင်၏ ရှေ့တွင် ရပ်သွားပြန်သည်။ ကျန်းရှုယောင် စိတ်ထဲကနေ ကျိန်ဆဲပြီး သောက်လိုက်ပြန်၏။
ရှဲ့ရွှင်းက စိုးရိမ်တကြီးကြည့်နေသည်။ သူက သူမကို မကြာခဏ မျက်ရိပ်ပြပြီး ကျန်းရှုယောင် ကို သူ့ဘေးမှာ ထိုင်ခိုင်း၏။
ရှဲ့ရွှင်း၏အကြည့်ကိုလက်ခံရရှိပြီးနောက် ကျန်းရှုယောင် သူ၏ခေါင်းတလားမျက်နှာက ကြောက်မက်ဖွယ်အေးစက်နေသည့်ပုံစံကိုမြင်သောအခါ တိတ်တဆိတ်ကိုယ်လေး ကျုံ့သွားခဲ့သည်။
သူမရှုံးသွားလို့ တအားရှက်သွားတာလား...သူကဒီလောက်ကြီးဒေါသထွက်နေတယ်...
နောက်တစ်ကြိမ် ကျန်းရှုယောင်ရှေ့မှာ ဝိုင်ဖန်ခွက်ကို ရပ်သွားသည်ကိုမြင်သောအခါ ရှဲ့ရွှင်းက ရုတ်တရက် ထရပ်လိုက်ပြီး သူမအစားယူသောက်လိုက်၏။
ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူက ကျန်းရှုယောင်ဆီသို့ လျှောက်သွားပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
"စည်းကမ်းက ဘာလဲ...တခြားသူတွေအတွက် သောက်ပေးလို့ရတာလား"
တစ်စုံတစ်ယောက်က စောဒကတက်သည်။
ရှဲ့ရွှင်း၏မျက်နှာက စိုးစဥ်းမျှပင်ပြောင်းလဲမသွားပေ။
"ခင်ပွန်းနဲ့ဇနီးက အတူတူပဲလေ... ဘာဖြစ်လို့ မရရမှာလဲ"
ကျန်းရှုယောင်ကိုအထင်သေးသည့် မျိုးရိုးမြင့်သခင်မလေးများပဲဖြစ်စေ၊ရှဲ့ရွှင်း၏ အရည်အချင်းကို လေးစားသည့်မျိုးရိုးမြင့်သခင်လေးများပဲဖြစ်စေ၊ကျန်းရှုယောင်ကိုယ်တိုင်ပဲဖြစ်စေ အားလုံးက အံသြသွားကြ၏။
လူတိုင်းသည် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ရှဲ့ရွှင်းက အဆင်မပြေမှုကို နားမလည်ဟန်ဆောင်လိုက်သည်။ သူက ကျန်းရှုယောင် လက်ထဲက ဝိုင်ဖန်ခွက်ကိုယူလိုက်ပြီး တူးမြောင်း၏မျက်နှာပြင်ပေါ်မှာ တင်လိုက်ပြီးဆိုသည်။
"ဆက်သွားပါ"
လူတချို့က ပွဲကြည့်နေကြ၏။ ကျန်းရှုယောင်ကို မနာလိုသူအချို့က ရူးသွပ်သွားကြသည်။ တစ်ချို့က အသည်းကွဲကြ၏... အမျိုးမျိုးသော မျက်လုံးများက ကျန်းရှုယောင်ကို စိုက်ကြည့်နေကြပြီး သူမကို မနေတတ်မထိုင်တတ်ဖြစ်စေ၏။
သူမက ရှဲ့ရွှင်းကို တိုးတိုးလေးပြောလိုက်သည်။
"ရှင်ဘာလုပ်နေတာလဲ"
ရှဲ့ရွှင်းက သူမကို စိုက်ကြည့်လိုက်သည်။သံက သံမဏိဖြစ်မလာခြင်းကို မုန်းတီးပြီးပြောလိုက်၏။
"မင်းဘာလို့ ငါ့ဘေးမှာ ဘာလို့ လာမထိုင်တာလဲ...ငါ မင်းကို ရှုံးအောင်လုပ်ပြီး အရက်သောက်အောင်လုပ်မှာမလို့လား"
(T/N– မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခြင်း)
ကျန်းရှုယောင် အံ့သြသွားသည်။ သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကိုကြည့်လိုက်၏။
'ဒါက စိတ်ဆိုးနေတာလား...မဆိုးတာလား'
ရှဲ့ရွှင်းက "ဟမ့်" ဟု အသံပြုကာ အဝေးကို လှမ်းကြည့်လိုက်သည်။ သူက အနည်းငယ် လှည့်ပြီးကျန်းရှုယောင်ကို ကာလိုက်ကာ သူမကို လူတိုင်း၏ အကြည့်ကနေ ပိတ်ဆို့လိုက်သည်။
(ပရိုတက်တစ်ဖရန့်...)
ခဏအကြာတွင် ကျန်းရှုယောင်ကပြောလိုက်၏။ "အာ...ကျွန်မက သောက်ရမှာ မကြောက်ဘူး...တော်တော်လေး သောက်နိုင်တယ်ရယ်"
ရှဲ့ရွှင်းက ခေါင်းကို လှည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ သူမကို အေးစက်စွာ ကြည့်နေသည်။ ကျန်းရှုယောင်တစ်ယောက် လိမ်လိမ်မာမာဖြင့် ကိုယ်လေးကျုံ့ သွားပြီး အဖြောင့် A ကျောင်းသား၏ ပေါင်ကို ဖက်ထားရန် ဆုံးဖြတ်လိုက်သည်။
[ET/N:စာသားအတိုင်းတိုက်ရိုက်မဟုတ်။၎င်းသည် သူ့ကိုအားကိုးခြင်းအတွက် သာဓကတစ်ခုဖြစ်သည်။]
ခဏကြာသောအခါ ပျင်းစရာကောင်းလာ၏။ မင်းသမီးချန်းလဲ့က ကဗျာမရွတ်နိုင်သူများကို ဘေးထွက်ခိုင်းကာ အဆုံးတိုင်အောင် ရပ်တည်နေသူသည် အောင်နိုင်သူဖြစ်လိမ့်မည်ဖြစ်သည်။
ထို့နောက် လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ပစ်လိုက်၏။ တဖြည်းဖြည်းနှင့် ရှဲ့ရွှင်းနှင့်ကောချင်ရှုတို့ပဲ ကျန်တော့သည်။