အပိုင်း ၄၂
Viewers 18k

Chapter 42


ပါးစပ်အပြည့် နှစ်လုတ်စားပြီးနောက် ဝတ်ရုံလက်ကိုအောက်ချကာ လက်ကိုင်ပုဝါကို ထုတ်၍ ပါးစပ်ထောင့်ကို ညင်သာစွာ ပွတ်သပ်ရင်းဆိုလိုက်၏။ 


"ရှဲ့သခင်မက တကယ်ကို လက်ရာကောင်းတာပဲ"


ကျန်းရှုယောင်က ပြုံးပြီးပြောလိုက်သည်။  "ဘယ်မှာ ကောင်းလို့လဲ...ကောသခင်မလေးက ကျွန်မကိုလွန်လွန်ကျူးကျူးမြှောက်နေပါပြီ...ကျွန်မက  ပေါ့ပေါ့ပါးပါးပဲ ပြင်ဆင်ထားပြီး သယ်ရလွယ်လား ဆိုတာကို စမ်းသပ်ဖို့ စီစဉ်ထားတာ"


"ရှဲ့သခင်မက စမတ်ကျတယ်...ဒီလိုအစားအစာမျိုးက တကယ်ကို သယ်ရတာ အဆင်ပြေတယ်... ဒီနေ့ ပူတယ်... နည်းနည်းအေးရင်တောင် အရသာရှိတုန်းပဲ" 


ကောချင်ရှုက ပိုက်ဆံမပေးရတိုင်း ချီးကျူးနေတော့သည်။


 "သခင်ရှဲ့က မင်းလို ဇနီးကောင်းကို ရှာတွေ့တာကံကောင်းတယ်" 


၎င်းကိုကြားသောအခါ ကျန်းရှုယောင်၏မျက်နှာ နီရဲသွား၏။ 


"မဟုတ်ပါဘူး... မဟုတ်ပါဘူးရှင်...ကျွန်မဒါကိုသူ့အတွက် စဥ်းစားခဲ့တာမဟုတ်ပါဘူး"


ကောချင်ရှုက ရှေ့သို့ ဆတ်ခနဲတိုးလာသည်။ 


"ဒါဆို လင်းမိသားစုဆိုင်မှာ ရောင်းမှာလား" 


ထိုသို့ပြောပြီးနောက် လင်းမိသားစုသည် အစားအသောက်နှင့် စားသောက်ဆိုင်လုပ်ငန်းတွင် ပါဝင်ခဲ့ပုံမရသည်ကို သတိရပြီး အတော်လေး စိတ်ပျက်သွားသည်။ 


မထင်မှတ်ပဲ ကျန်းရှုယောင်ကဆို၏။


 "ကျွန်မက စီးပွားရေးလမ်းပေါ်က လမ်းဘေးဆိုင်တစ်ဆိုင်မှာ ရောင်းဖို့စီစဉ်ထားတယ်...ဒါကြောင့် လမ်းပေါ်ရောက်တဲ့သူတွေလည်း အရသာရှိရှိ စားသုံးနိုင်မှာပါ... အစာခြောက်ကို စိမ်စားပြီး ဆာလောင်မှုကို သည်းခံဖို့ မလိုတော့ဘူး... ဒါပေမဲ့ ပါဝင်ပစ္စည်းတွေကို ပြောင်းလဲပစ်ရမှာ ဖြစ်ပြီးတော့ ကြက်သားကို အစားထိုးရမှာ... ဖြစ်နိုင်ရင် ဝက်သားပြားတွေသုံးပြီး မုန့်ဖုတ်တဲ့အခါ ထင်းချွေတာဖို့ မီးဖိုကြီးကြီး သုံးရလောက်တယ်ရယ်"


ကောချင်ရှုက သူမ၏စကားကိုကြားသောအခါ  ရုတ်တရက် နူးညံ့သည့်လေသံဖြင့်ဆို၏။


 "သူတို့အားလုံးက ဖြတ်သွားဖြတ်လာဆိုတော့ ဆင်းရဲသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်လေးတွေ ရှိတယ်...ဘာလို့ အသားနှစ်မျိုးလုံးကို မလုပ်တာလဲ"


သူမ၏မျက်လုံးများတွင် အပြုံးတစ်ခုရှိနေပြီးဆက်ပြောလေသည်။


"ဧကရာဇ်ထိုက်ဇူရဲ့ကျေးဇူးကြောင့် ကြက်သားက အခုခေတ်မှာ ဈေးမကြီးဘူး... ကုန်သည်တွေအပြင် ငွေပိုငွေလျှံရှိတဲ့ လူတွေက ဝယ်လို့ရတယ်...အဲဒါအပြင် ဘာလို့ ဆိုင်တွေမှာပဲ ရောင်းရမှာလဲ... ဆိပ်ကမ်းမှာ အလုပ်လုပ်တဲ့ အမျိုးသားတွေက အသားမုန့်နဲ့ မုန့်တွေကို ခဏခဏ ဝယ်ကြလိမ့်မယ်...တမူထူးခြားတဲ့ ဟမ်ဘာဂါကိုလည်း မြည်းစမ်းကြည့်ချင်ကြမယ် ထင်တယ်”


ကျန်းရှုယောင်  စဉ်းစားရင်း သူမ၏ မေးစေ့ကို ကိုင်ကာ ထိုအကြောင်းကို ယောင်ဝါးဝါး တွေးနေမိသည်။ 


"ဟုတ်တယ်...ဒါပေမဲ့ ဟမ်ဘာဂါက ဆောင်းရာသီမှာ အေးတော့ စားရတာ အဆင်မပြေတုန်းပဲ... တစ်ခုခုတော့ မှားနေပြီထင်တယ်... သာမာန်နှမ်းကိတ်မုန့်တွေလို စားသောက်ဆိုင်တွေမှာ ရောင်းတာ ပိုသင့်တော်တယ်...သယ်ရတာလည်း အဆင်ပြေဖို့နဲ့ အေးတဲ့ရာသီဥတုအတွက်က စဉ်းစားရမယ်"


ကောချင်ရှုကဆို၏။


 "တို့က စီးပွားရေးအကြောင်း သိပ်မသိဘူး...တို့အတွေးတွေကိုပဲ ပြောခဲ့တာပါ...ရှဲ့သခင်မ စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်"


ကျန်းရှုယောင်က သဘာဝအတိုင်းပြောလိုက်သည်။


 "မဆိုးပါဘူး...မဆိုးပါဘူး"


ကောချင်ရှု  မူလက သူမ အစားအသောက်အကြောင်း များများပြောသည်ကို ကြားချင်ခဲ့သည်။ သေသေချာချာ တွေးကြည့်သောအခါ သူမကို နှောင့်ယှက်ရမှာ ရှက်သွားပြီး အသာအယာ ရှောင်ထွက်သွားခဲ့၏။


ပွဲပြီးသွားပြီး အားလုံးက အိမ်တော်ရှေ့က ရထားလုံးပေါ်ပြန်တက်ကြသောအခါမှ ရှဲ့ရွှင်း  ကျန်းရှုယောင်ကို ပြန်တွေ့လိုက်ရသည်။


သူထွက်သွားတော့မည်ပြုချိန်တွင် ဝန်ကြီးချုပ်ကော၏ မိသားစုမှ အကြီးဆုံးသခင်မလေးက ကျန်းရှုယောင်ဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရ၏။ 


ဤလူနှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် လုံးဝ မသက်ဆိုင်ပါချေ။ ပေကျင်းရှိ မြင့်မြတ်သော အမျိုးကောင်းသမီးကြီးနှစ်ပါး ဘယ်အချိန်က တွေ့ဆုံခဲ့သနည်း။


သံသယဖြစ်စရာတွေရှိပေမဲ့ စကားတစ်ခွန်းမှ မပြောဘဲ သူတို့ဆီ လျှောက်သွားခဲ့သည်။


သူစဉ်းစားသလို တခြားလူတွေလည်း အတူတူ သံသယရှိကြ၏။ ရထားလုံးပေါ်တက်ခွင့်မရသေးသော မျိုးရိုးမြင့်သခင်မလေးများက ပွဲကြည့်ရန် ဘေးနားတွင် ရပ်နေခဲ့ကြသည်။ ကျန်းရှုယောင်နှင် ကောသခင်မလေးတို့ အတူတူရှိလိမ့်မည်ဟုဘယ်တုန်းကမှ မမျှော်လင့်ထားပေမဲ့ ပွဲကောင်းတစ်ပွဲတော့ ပေါ်လာလိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။


စကားအနည်းငယ်ဆွေးနွေးပြီးနောက် ကောချင်ရှုကဆို၏။ 


"ရှဲ့သခင်မက တို့နဲ့စာတွေ ဖလှယ်ဖို့ ဆန္ဒရှိလားလို့ သိချင်မိပါတယ်" 


သူမသည် ကျန်းရှုယောင်နှင့် တမင်တကာ သူငယ်ချင်းဖွဲ့ခဲ့သည်။ ရုတ်တရက်ဆန်သည်ဟုခံစားရပေမဲ့ သူမပြောနေတုန်းပါပင်။ ကျန်းရှုယောင်ကို အခုလွှတ်ပေးလိုက်လျှင် ဘယ်အချိန်ပြန်တွေ့နိုင်မလဲဆိုသည်ကို မည်သူသိမည်နည်း။


ကျန်းရှုယောင်က ခေါင်းညိတ်ပြီး 


"ကျွန်မ ဆန္ဒရှိတာပါတယ်...ကောသခင်မလေးက ကျွန်မကိုအဆင့်နိမ့်တယ်လို့ မထင်ရင်ပေါ့"


ကောချင်ရှုက ကမန်းကတမ်း ဆို၏။


 "တို့က ဘယ်လိုလုပ်အဲ့လိုထင်မလဲ" 


ကျန်းရှုယောင်က ပေကျင်းရှိ သူမ၏ ညစ်ညမ်းသော ဂုဏ်သတင်းကို ရည်ညွှန်းနေသည်ဟု ထင်မြင်ပြီးသူမက အားပေးလိုက်သည်။  "ကျော်ကြားမှုနဲ့ ကောလာဟလတွေ အားလုံး တိမ်ကောနေပြီ...အဲဒါကြောင့် အလေးအနက်မထားပါနဲ့"


ကျန်းရှုယောင်က သူမကို တောက်ပစွာ ပြုံးပြလိုက်သည်။ သူမ၏အပြုံးက နွေဦးတွင်ပွင့်သောပန်းများကဲ့သို့ တောက်ပနေပြီး ကောချင်ရှု ၏နှလုံးသားကို ပျော့ပျောင်းစေသည်။ သို့သော်၊သူတို့အား လက်ညှိုးထိုးကာ တီးတိုးစကားဆိုကြသော အမျိုးသမီးငယ်များကို ကြည့်ပြီး  ယနေ့နံနက် ရထားလုံးပေါ်မှ ကြားလိုက်ရသော စကားဝိုင်းကို တွေးလိုက်မိသည်။


သူမ၏ဖခင်က ၀န်ကြီးချုပ်ဖြစ်သောကြောင့် ပေကျင်းရှိ မြင့်မြတ်အိမ်တော်တိုင်းအကြောင်း အနည်းငယ်သိသည်။ ကျန်းရှုယောင်၏ အခြေအနေကို တွေးကာ သူမ မျက်မှောင်မကြုတ်မမိဘဲ မနေနိုင်။ 


"အခက်အခဲတွေ့ရင် တို့ဆီ စာရေးနိုင်ပါတယ်"  


သူမက အိမ်ထောင်မပြုသေးသော်လည်း ခြံဝင်း အတွင်းကကိစ္စ တော်တော်များများကို သိသည်။ သူမက တစ္ဆေလိုလိုဘာလိလိုယင်းယင်းနှင့် ယန်ယန်တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိပါသေးသည်။


ကျန်းရှုယောင်က သူမ ဘာကိုဆိုလိုသည်ကို နားမလည်ဘဲ ယဉ်ကျေးသိမ်မွေ့စွာပဲ ဆက်ဆံခဲ့သည်။


ကျန်းရှုယောင်က လူမူဆက်ဆံရေးတွင် အနည်းငယ် နှေးကွေးနေသည်ကို ကောချင်ရှု မြင်ခဲ့ပြီး သူမ အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူမက အနားသို့ တိုးလာပြီးတိုးတိုးလေးပြောလိုက်၏။  "တို့ဆိုလိုတာက မင်းဘယ်သူကိုလက်ထပ်ထားသည်ပဲဖြစ်ဖြစ် ဇနီးအဖြစ်ကနေလျစ်လျူရှုခံထားသည်ပဲဖြစ်ဖြစ်... အရှုပ်အထွေးနည်းနည်းအတွက်နဲ့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မတရားမခံရစေနဲ့"


ရှဲ့ရွှင်းက ကျန်းရှုယောင်ကိုလက်ထပ်ချိန်က မြို့စားရှဲ့အိမ်တော်၏ ဝန်လေးနေမှုနှင့် သူ့ပတ်ဝန်းကျင်ရှိ မျိုးရိုးမြင့်သခင်မလေးများ၏ ဆဲဆိုအပြစ်တင်ခြင်းနှင့် စိတ်အားထက်သန်မှုတို့ကို တွေးတောရင်း ကောချင်ရှု အတော်လေး စိတ်မချမ်းသာခဲ့ပေ။


 "မင်းမတရားခံရရင် သည်းခံမနေဖို့သတိရ " 


 


ဝိုင်သောက်နေစဉ်အတွင်း ရှဲ့ရွှင်းက အေးစက်နေသော မျက်နှာပေးကို ကျန်းရှုယောင်ဆီ ပေးသည်ကို တွေးရင်း သူမစိတ်မကောင်းဖြစ်မိသော်လည်း သူမအမူအရာ၏ အပူချိန်ကလည်း နွေးထွေးလွန်းမနေသည်ကို သူမ လုံးဝမေ့သွားခဲ့သည်။


ကျန်းရှုယောင်က ပြန်မဖြေသေးပေမဲ့ ရှဲ့ရွှင်းက လာနေပြီဖြစ်၏။ ကောချင်ရှု အသံကြား၍ ခေါင်းလှည့်ကြည့်လိုက်သောအခါတွင် သူမ လေအေးပေးစက်ထက် ပိုအေးစက်နေသော ရှဲ့ရွှင်း၏ မပျော်မရွှင်အမူအရာကို မြင်လိုက်ရသည်။


'ဟမ့်...ဒါက ဘယ်လိုပုံစံလဲ...ဒီမျက်နှာကို ဘယ်သူ့လာပြတာလဲ' 


သူက သူ့ဇနီးကို လက်ထပ်ထားသောကြောင့် ပွဲ၌ သူမကို အေးစက်စွာ ဆက်ဆံခြင်းသည် အဓိပ္ပါယ်မရှိပေ။


သူတို့ဘေးနားက ရှိုးကောင်းကောင်းကို ကြည့်နေကြသည့် အမျိုးသမီးတွေက "အား...သခင်ရှဲ့ နဲ့ သခင်မလေးရှဲ့က အတူတူ ရပ်နေချိန်မှာလိုက်ဖက်ညီလိုက်တာ" ဟု အော်ဟစ်မိလိုက်ကြသည်။


"ဟုတ်တယ်...သူတို့နှစ်ယောက်လုံးက လောကကြီးကို ဂရုမစိုက်တဲ့ပုံစံ... တစ်ယောက်နဲ့တစ်ယောက် အရမ်းလိုက်တယ်"


ကောချင်ရှု သူမ၏ နှလုံးသားထဲတွင် အေးစက်စွာ ဟွန်းခနဲပြုခဲ့သည်။ သူမက အဝေးကိုကြည့်ကာ ရှဲ့ရွှင်းကို ခေါင်းညိတ်ပြသည်။


ရှဲ့ရွှင်းက အလွန်နီးကပ်နေသောကြောင့် ယခုလေးတင် သူမပြောလိုက်သည်ကို သဘာဝအတိုင်းကြားလိုက်ရသည်။ဤအမျိုးသမီးက ကျန်းရှီနှင့် သူတို့၏ ခင်ပွန်းနှင့်ဇနီးဆက်ဆံရေးကို အမှန်တကယ် ဆွပေးနေသောကြောင့် သူ ဒေါသထွက်ပြီး စိတ်ထဲမှာ နှာမှုတ်လိုက်၏။


"ကောသခင်မလေး " 


လေသံက တည်ငြိမ်နေပေမဲ့ နက်ရှိုင်းသည့် အေးစက်မှုရှိနေ၏။


သူ့အသံကိုကြားသောအခါ ကောချင်ရှုက ပို၍ပင် စိတ်မချမ်းမသာဖြစ်သွားသည်။ ကျန်းရှုယောင် ကဲ့သို့ တောက်ပပြီး ရွှင်လန်းသော တစ်စုံတစ်ယောက်က ထိုရေခဲတုံးကို ထမ်းနေရသည်ဟု သူမ တွေးခဲ့သည်။ သူမလေသံက ကောင်းမနေပေ။


 "သခင်ရှဲ့"


ဘေးနားက အမျိုးသမီးက စိတ်လှုပ်ရှားစွာဆို၏။ "အားးး... တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်နေကြပြီထင်တယ် မြင်လိုက်လား"


"ငါမြင်တယ်...ငါမြင်တယ်...ဟမ့် ကျန်းရှုယောင်  အကြာကြီး ဂုဏ်ယူနေမယ် မထင်ဘူး...ကြည့်စမ်းကြည့်စမ်း ...သူရထားလုံးပေါ်တက်သွားတယ်... ဘာလို့လဲ...သူ မနေနိုင်ဘူးလေ"


ယင်းက သူတို့ထင်ထားသည်နှင့် လုံးဝကိုမတူပါချေ။ ကျန်းရှုယောင်က ရထားလုံးပေါ်တက်ပြီးနောက် ရှဲ့ရွှင်းက ရထားလုံးကိုကြည့်ကာ ကောချင်ရှုကို တိုက်ရိုက်ဆိုလိုက်၏။


 "ကောသခင်မလေး... မြင့်မြတ်တဲ့လူဟာ ကိစ္စတွေကို သိတတ်ပြီး စကားလုံးတွေကို သတိထားတတ်ရတယ်...စကားအလွန်အကျွံ မပြောသင့်ဘူး... စကားများများပြောရင် ပိုရှုံးတယ်"


ကောချင်ရှုက အေးစက်စက်နှင့်ခံစားချက်မရှိစွာပြောသည်။


 "သခင်လေးရှဲ့က ဒီလောက် ထက်မြက်တာ...သူ့သူငယ်ချင်းတွေရော သူ့ဇနီးအတွက်ရော အရာရာမှာ လူကြီးလူကောင်းတစ်ယောက်လို ပြုမူနေရမယ်"


ရှဲ့ရွှင်းက အေးစက်သော မျက်လုံးများဖြင့် သူမကို ကြည့်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။


ကောချင်ရှု သူ့ကို တူညီသောအကြည့်ဖြင့် ပြန်ကြည့်သည်။ နှစ်ယောက်သား အကြည့်ချင်း တိုက်မိပြီး မီးတောက်များ ပြည့်လျှံသွားသည်။ ကောချင်ရှုက နှာမှုတ်ကာ သူမ၏အကြည့်ကို ပြန်ရုတ်လိုက်ပြီး အေးစက်စွာ ထွက်ခွာသွားခဲ့သည်။


တစ်ဖက်က ပရိသတ်က ပိုစိတ်လှုပ်ရှားလာ၏။


"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး...


 သူတို့မျက်လုံးချင်းဆုံသွားတယ်"


 (no typing error)


"ကောသခင်မလေး ပြုံးနေတာတွေ့လိုက်ရတယ်... အဲ့လိုစိတ်နဲ့ ဘယ်လိုများရယ်နိုင်တာလဲ"


"ကျန်းရှုယောင်ကို သခင်ရှဲ့က အနှေးနဲ့အမြန်ဆိုသလို ကန်ထုတ်လိမ့်မယ်လို့ ငါထင်တယ်...ကောသခင်မလေးကသာ သူနဲ့လိုက်ဖက်နိုင်မှာ"


...


ထိုနေရာ၌ ရပ်နေသော ရှဲ့ရွှင်း  သူ့အမူအရာကို ထိန်းလိုက်သည်။ သူ တုံ့ဆိုင်းနေပြီးနောက် ကျန်းရှုယောင် ၏ ရထားလုံးထဲသို့ ဝင်ရန် ကန့်လန့်ကာကို မလိုက်သည်။


ရှဲ့ဖေးလည်း အထဲမှာ ရှိနေ၏။ သူဝင်လာသည်ကိုမြင်သောအခါ သူမ ထခုန်မိသွားသည်။ "တတိယအစ်ကို..."


ရှဲ့ရွှင်းက သူ့ညီမကြောင့် အံ့အားသင့်သွားပြီး အနည်းငယ်ရှက်သွား၏။


 "မင်းအမေနဲ့ ရထားစီးလို့ရလား...မင်းရဲ့ တတိယောက်မကို ငါပြောစရာရှိတယ်"


ရှဲ့ဖေးက ကျန်းရှုယောင်ကို ရွှင်မြူးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ ကန့်လန့်ကာကိုဖွင့်ပြီး ရထားလုံးပေါ်မှ ဆင်းလိုက်သည်။


ကျန်းရှုယောင်က ရှဲ့ရွှင်းကို စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။


 "ကျွန်မကို ဘာပြောချင်တာလဲ"


ရှဲ့ရွှင်း၏အမူအရာမှာ သိပ်မကောင်းဘဲဆိုလေ၏။


"ခုနက ကောသခင်မလေး ပြောတာကို စိတ်ထဲမထားပါနဲ့... မင်းနဲ့ငါကြားက ဆက်ဆံရေးကို တမင်တကာ ရန်တိုက်နေတာထင်တယ်"


ကျန်းရှုယောင်  ကြောင်သွားပြီး


 "ဘယ်လိုဖြစ်နိုင်မှာလဲ...ကောလဟာလတွေကို ဂရုမစိုက်ဖို့နဲ့ ကိုယ့်ကိုကိုယ်မတရားမခံဖို့ ပြောခဲ့တာလေ...နောက်ပြီး ရှင်နဲ့ကျွန်မကြားက ရန်တိုက်ရအောင်တန်လို့လား"


သူမပြောသည်ကိုကြားသောအခါ ရှဲ့ရွှင်းတစ်ယောက် အေးစက်သည့်အမူအရာကို ထိန်းထားဆဲပေမဲ့ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။


 "ငါစိတ်ပူလွန်သွားတာ"


ကျန်းရှုယောင် သူ့ကို ကြည့်ပြီး သူမအမူအရာက ထူးဆန်းသွားသည်။ 


"ကောသခင်မလေးက နည်းနည်းခပ်တန်းတန်းဖြစ်ပုံရပေမဲ့  အရမ်းကောင်းတဲ့သူတစ်ယောက်ပါ...သူက ကျွန်မနဲ့ သူငယ်ချင်းဖြစ်ချင်တယ်၊ စာအဆက်အသွယ်လည်း မပြတ်စေချင်ဘူး"


သူမရှဲ့ရွှင်းနှင့် သူငယ်ချင်းဖြစ်ရသည်ကို ပျော်ပေမဲ့ သူက ကောချင်ရှုအကြောင်းပြောသည့်အခါ သူမ အနည်းငယ် မပျော်မရွှင်ဖြစ်ဆဲဖြစ်၏။ရှဲ့ရွှင်းက စိတ်ထဲကနေကြိတ်နှာမှုတ်ကာ မျက်နှာကို တစ်ဖက်သို့ လှည့်ပြီး အသံတိုးတို့းဖြင့်ဆိုလိုက်သည်။


 "သူက ရေခဲတုံးကြီးနဲ့တူတယ်... အဲဒါက ဘာကောင်းလို့လဲ...ပတ်ပတ်လည်က လူတိုင်းကို အေးခဲဖို့ မစောင့်နိုင်တော့တဲ့ဟာကို"


ကျန်းရှုယောင်:...


"အခုချက်ချင်း ရှင့်ကိုယ်ရှင့်ကြည့်ဖို့ ကျွန်မရဲ့ အနတ္တမှန်ကို ငှားချင်လား"


တခြားသူ၏ မျက်နှာကို  ရေခဲတုံးလိုပဲဟု သူက ပြော၏။ သူတို့နှစ်ယောက်က အေးစက်စက်မျက်နှာကိစ္စမှာ ကွာခြားနေတာမျိုးမရှိပါဘူးနော် ဟုတ်ပြီလား...


ရှဲ့ရွှင်း၏အမူအရာက ထူးဆန်းသွားကာ စိတ်တိုတို့ဖြင့် နှုတ်ခမ်းချွန်ထွက်လာမတတ်ဆိုသည်။


 "မင်း...မင်း...ဟမ့်"


ကျန်းရှုယောင်က  သူသောက်နေသည့် အရာကို မသိသောကြောင့် သူမ သူ့ကို မကြည့်တော့ဘဲ အပြင်ဘက် ရှုခင်းကို ကြည့်ရန် ကန့်လန့်ကာကို မလိုက်သည်။


(ရှာလကာရည်)


ရထားလုံးက လမ်းကြောင်းပေါ်တွင် ချောမွေ့စွာ မောင်းနှင်ခဲ့သော်လည်း ရထားလုံး လမ်းထဲသို့ လှည့်ပြီးနောက် ကျန်းရှုယောင် အနည်းငယ် မူးဝေသွားသည်။ သူမ ကန့်လန့်ကာကို ချလိုက်ပြီး နံရံကို မှီလိုက်သည်။


ရှဲ့ရွှင်းက သူမကို စိုက်ကြည့်ရင်း "လက်ဖက်ရည်သောက်ချင်လား"ဟု မေး၏။


သူ့အသံက အနည်းငယ် မှိန်ဖျော့ကာဝေဝါးသွားပြီး ကျန်းရှုယောင်  သူမ မူးနေမှန်း သိလိုက်သည်။


ထိုအသီးအနှံဝိုင်တွေမှာ အရက်ပါဝင်မှု မြင့်မားသလိုမျိုး အရသာမရှိပေမဲ့ သူမက အလွန်အကျွံသောက်ပြီး မြန်မြန်သောက်ခဲ့သည်။ သူမ၏ ခံနိုင်ရည်က မထိန်းနိုင်တော့ပေ။


သူမ စားပွဲငယ်လေးကို ထုတ်ကာ ကုလားထိုင်ပေါ် တင်ပြီးနောက် ခေါင်းတင်လိုက်သည်။၎င်းနောက် သူမကပြန်ဖြေလိုက်၏။


 "မသောက်တော့ဘူး...  ခဏအိပ်လိုက်ဦးမယ်" 


သူမ၏အသံကိုကြား၍ ရှဲ့ရွှင်း သူမကိုကြည့်လိုက်သောအခါ မျက်နှာနီမြန်းနေပြီး မျက်လုံးများက အရက်မူးနေသည့်အရိပ်အယောင်များစွန်းထင်းနေသဖြင့် သံသယနှင့်မေးလိုက်သည်။


"မူးနေတာလား"


စောစောက သူမသောက်ခဲ့သည့် ခွက်အနည်းငယ်က သူမကို မူးအောင် လုပ်ရန် မလုံလောက်ပေ။


ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုထားသည်။ မျက်လုံးမှိတ်ပြီး အိပ်လိုက်သော်လည်း သူမက မသက်မသာဖြင့် မျက်မှောင်ကြုတ်နေလေသည်။


ရှဲ့ရွှင်းက ပြောလိုက်၏။ 


"မင်းကို ပြုစုဖို့ အစေခံကို ဝင်လာခိုင်းလိုက်မယ်" 


ရထားလုံးမောင်းသူကို တားရန် ကန့်လန့်ကာကို မခါနီးမှာ ရုတ်တရက် သူ့နောက်ကနေ ရှိုက်သံကြားလိုက်ရသည်။


စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ကျန်းရှုယောင်  မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ မျက်နှာက မည်းမှောင်နေပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်။


ရှဲ့ရွှင်း  အံ့အားသင့်သွားပြီး သူမကိုကူညီရန် သူမဘေးတွင် အမြန်ထိုင်လိုက်သည်။


"ဘာဖြစ်လို့လဲ" 


ခုနကကောချင်ရှု ပြောသည်များကို တွေးရင်း သူ့စိတ်တွေ ချဥ်စူးလာ၏။


 "ငါ မင်းကို စိတ်မတိုပါဘူး...မင်းမတရားခံနေရရင် ငါ့ကိုဘာလို့ မပြောတာလဲ...တွေ့ပြီး တိုင်လို့ရတဲ့လူပဲ မရှာနဲ့လေ"


 ဤအရေးကြီးသောအခိုက်အတန့်တွင် သူသည် ကောချင်ရှုကို ကန်ထုတ်ရန် မမေ့ခဲ့ပါချေ။


 (😂)


ကျန်းရှုယောင်၏ ဦးနှောက်က မူးဝေနေပြီး အဘယ်ကြောင့် သူမ ငိုမိသည်ကို သူမ မသိပေ။ သူမ အဆင်မပြေသလို ခံစားရသည်။ သူမအတွက် အကြောင်းပြချက်ရှာရန် အချိန်အတော်ကြာခဲ့သည်။


 "အမေ့ကို စိတ်ပူတယ်"


ရှဲ့ရွှင်း၏နှလုံးသား ချက်ချင်းအရည်ပျော်သွားပြီး သူမကိုသူ့ပခုံးမှာမှီစေ၏။


"မစိုးရိမ်ပါနဲ့... ယောက္ခမက သေချာပေါက်ပြန်ကောင်းလာမှာပါ"


 


ကျန်းရှုယောင်က သူမခေါင်းကိုခါလိုက်၏။


"အဲလိုမဟုတ်ဘူး ...သူက အရမ်းသနားစရာကောင်းတယ်လို့ထင်မိရုံပါ...သူက မရေမတွက်နိုင်အောင် ပိုက်ဆံတွေရှိတဲ့ ပူပင်ကြောင့်ကြမဲ့ပြီး အလိုလိုက်အကြိုက်ဆောင်ခံခဲ့ရတဲ့ အကြီးဆုံးသခင်မလေ...ဒါပေမဲ့ အနောက်ခြံဝင်းထဲမှာ လျှို့ဝှက်ကြံစည်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်...သူခမျာ သူရဲ့စိတ်ဝိညာဥ်အခုလိုဖြစ်လာတဲ့အထိ အဘိဇ္ဈာပွားခဲ့ရ ဒေါသထွက်ခဲ့ရတယ်"


Xxx