အပိုင်း ၄၆
Viewers 18k

Chapter 46


ငရုတ်သီး


လင်းချန်၏ အသည်းနှလုံးသည် ရှဲ့ရွှင်း ကြောင့် ကြေကွဲခဲ့ရသော်လည်း မြို့တော်၏အခြားတစ်ဖက်တွင် ကျန်းရှုယောင်တစ်ယောက်  လုံးဝအသည်းကွဲသွားခဲ့သည်။


ကျန်းရှုယောင်  သူမကို အရင်ကရှာခိုင်းသည့် ငရုတ်မျိုးစေ့တွေကို ရှာတွေ့ခဲ့သည်ဟု သခင်မရှန်းယန်က သတင်းပို့ခဲ့ပေမဲ့ သူမလိုချင်သည့် အစေ့အမျိုးအစား ဟုတ်မဟုတ်က မသေချာပါချေ။


ကျန်းရှုယောင်  အတောင်ပံများ ပေါက်ပြီး သခင်ရှန်းယန်အိမ်တော်သို့ ချက်ချင်း ပြန်ပြေးသွားလိုသော်လည်း သူမအောင့်အီးထားရ၏။ ရှဲ့ရွှင်း  ပြန်လာသောအခါတွင် သတင်းကောင်းကို ဝေမျှရန် ကျင့်ဝတ်ကိုလျစ်လျူရှုကာ သူ့ရှေ့သို့ ပြေးသွားခဲ့သည်။


ရှဲ့ရွှင်းက ယခုမှ အိမ်သို့ပြန်လာခါစပြီး ရှုပ်ထွေးပြီး လေးလံသော အရာရှိဝတ်စုံများကို ၀တ်ဆင်ထားဆဲဖြစ်သည်။ သူ အနည်းငယ် မောပန်းနေသော်လည်း ကျန်းရှုယောင်က သူမ၏ စကတ်ကို လက်နှစ်ဖက်ဖြင့် မကာ အဝေးမှ သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသောအခါတွင် သူ၏ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။


ခြံတံခါးဝမှာ ရပ်ပြီး မသိစိတ်ဖြင့် ပြုံးပြီးဆိုလိုက်၏။  


"ဘာလို့ ပြေးနေတာလဲ"


ကျန်းရှုယောင်က ပြောပြရန်မစောင့်နိုင်တော့ပေ။ "ပန်းငရုတ်သီးရှာဖို့  ပင်လယ်သွားတဲခရီးသွားအုပ်စုကိုခိုင်းဖို့ အမေ့ကို တောင်းဆိုခဲ့တယ်... သတင်းရှိတယ်ဆိုပြီး ပြောဖို့ စာတစ်စောင်ပို့လာတယ်"


သူမကပျော်နေ၍ ရှဲ့ရွှင်းလည်း ဝမ်းသာသွားသည်။ သူ့မျက်လုံးနှင့် မျက်ခုံးထောင့်များသည် တောက်ပမှုအပြည့်ရှိနေ၏။


 "ငရုတ်သီး..."


"ကော်နယ်ဆီနဲ့ အရသာတူပေမဲ့ ပိုကောင်းတယ်" ကျန်းရှုယောင်က သူ့ကို ရှင်းပြသည်။


သူမက ပြုံးကာ ခေါင်းမော့၍ ရှဲ့ရွှင်းကိုကြည့်လိုက်ရာ ယနေ့တွင် သူ ထူးထူးခြားခြား ချောမောနေသည်ကိုသာ သတိပြုမိလိုက်သည်။


ရှဲ့ရွှင်းက သူ၏အရာရှိယူနီဖောင်းကိုဝတ်ဆင်သည်အား ပထမဆုံးအကြိမ် သူမမြင်ဖူးခြင်းဖြစ်သည်။ ခါတိုင်းနှင့် ယှဉ်လိုက်လျှင် သူက အင်မတန် တက်ကြွ၊ တည်ငြိမ်ပြီး ခိုင်မာ၏။ သူ သူမကို ကြည့်လိုက်သောအခါ သူ့မျက်လုံးထောင့်စွန်းများက မသိမသာမြင့်တက်လာပြီး  နူးညံ့မှုအနည်းငယ်တို့ဖြင့် ကြည့်နေသည်။


ရှဲ့ရွှင်း၏အကြည့်ကို သူမတွေ့လိုက်ရပြီး ရုတ်တရက် သူမမျက်နှာမှာ အနည်းငယ်ပူလာသည်။


သူမ ကမန်းကတန်း အဝေးကို လှမ်းကြည့်ကာ မျက်နှာကို လက်နှင့်ခတ်လိုက်၏။


 "ရာသီဥတုက အခုတလော အရမ်းပူလာတယ်"


ရှဲ့ရွှင်းက ဘာမှသတိမထားမိဘဲပြန်ဖြေသည်။ "ဟုတ်တယ်... ငါအခန်းထဲပြန်သွားပြီး ရေချိုးပြီး အဝတ်အစားအရင်လဲလိုက်မယ်...နောက်မှ မင်းဆီလာခဲ့မယ်" 


သူထွက်သွားပြီးနောက် ကျန်းရှုယောင် သူ့နောက်ကျောကို မိနစ်အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။


သူမ မျက်နှာပေါ်ရှိ အပူများမှာ မပျောက်သေးဘဲ သူမပဟေဠိဖြစ် သွားသည်။ သူကသူ၏အရာရှိယူနီဖောင်းလေးတင် ၀တ်ဆင်ထားခြင်းဖြစ်၏။ ချောမောသည့် မစ္စတာရှဲ့က ရုတ်တရက် အရှင်သခင်ရှဲ့ မည်သို့ ဘယ်လိုဖြစ်လာသနည်း။ သူက မတူညီသည့်လူနှစ်ယောက်နှင့်တူသည်။


ရှဲ့ရွှင်း ရေချိုးပြီးနောက် ပုံမှန်အ၀တ်အစားများ ပြောင်းလဲခဲ့သည်။ ကျန်းရှုယောင်ကိုတွေ့ချိန်၌ သူမက ယခင်ကကဲ့သို့ လှုပ်ကုလားထိုင်တွင် ထိုင်နေခဲ့သည်။ ရှဲ့ရွှင်း၏အဝတ်အစားများကို သူမမြင်လိုက်ရသောအခါ သူမစိတ်သက်သာရာရသွားသည်။


ရှဲ့ရွှင်းက သူဘာတွေ လွတ်သွားလဲ မသိဘဲ ခုနက သူမပြောသည့်အကြောင်းကိုမေး၏။


ကျန်းရှုယောင်ကဆိုသည်။


 "မနက်ဖြန်မနက် ရှန်းယန်အိမ်တော်ကို သွားကြည့်ချင်တယ်"


ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး 


"မနက်ဖြန် ငါလည်းအလုပ်ပိတ်တော့ အတူတူသွားရအောင်"


ကျန်းရှုယောင်က ထထိုင်လိုက်ပြီး သူမမျက်နှာပေါ်ရှိ ပျော်ရွှင်မှုကအနည်းငယ် မှိုင်းမှိုင်း ဖြစ်သွားသည်။ 


"ဒါပေမဲ့ စားသောက်ဆိုင်အစီအစဉ်ကို ကျွန်မမစဉ်းစားထားဘူး... ဒါကြောင့် အမေနဲ့ ဘယ်လိုဆွေးနွေးရမလဲဆိုတာ မသိသေးဘူး"


ရှဲ့ရွှင်းက သူမဘေးမှာဝင်ထိုင်ပြီးဆို၏။


 "ဘာလို့ဘာစားစရာ ရောင်းရမလဲဆိုတာ စဉ်းစားရမှာလဲ...ငါ့အမြင်အရတော့ ကြုံသလို ထုတ်ယူလိုက်တာက ကောင်းပါတယ်"


ကျန်းရှုယောင်က ခေါင်းခါလိုက်သည်။


 “မဟုတ်ဘူး...ဈေးသက်သက်သာသာနဲ့ အရသာရှိတဲ့ အစားအစာတွေကို လုပ်ချင်တယ်...ဒါပေမဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စီမံရတာက စျေးမနည်းဘူးဆိုတာ တွေ့ခဲ့ရတယ်... နောက်ပြီး အစက အလျင်လိုနေတဲ့လူတွေအတွက် သယ်ရလွယ်ကူတဲ့ အစားအစာတွေလုပ်ဖို့ ရည်ရွယ်ထားတယ် ...အခု အကြိမ်ပေါင်းများစွာ ကြိုးစားပြီးပြီ...ဒါပေမဲ့ အေးသွားတဲ့အစားအစာက ပူတာလောက် မကောင်းဘူးဆိုတာ ကျွန်မတွေ့ခဲ့တယ်"


သူမကဆိုသည်။


“တစ်ခါက ကောသခင်မလေးက ကျွန်မကို အဆင်ပြေဖို့ချည်းမတွေးဖို့ စည်းရုံးခဲ့ပေမဲ့ ကျွန်မရဲ့ အစားအသောက်တွေကို စားသောက်ဆိုင်တွေမှာ ရောင်းရင် သာမာန် အစားအစာတွေနဲ့ ဘယ်လိုလုပ် ကွာခြားမှာလဲ...ရှင်က ကျွန်မကို လူတွေအတွက် ကောင်းတာတစ်ခုခု လုပ်ပေးဖို့ ပြောခဲ့တယ်...အခုအလုပ်မဖြစ်ဘူးး"


ရှဲ့ရွှင်း သူမ၏ သံသယများကို ကြားလိုက်ရသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်သည်။ ညလေညင်းက တိတ်ဆိတ်နေပြီး သူ့ရယ်သံတွေက ကြည်လင်စွာကြားနေရသောကြောင့် မျက်မှောင်ကြုတ်ပြီး တွေးနေသည့်ကျန်းရှုယောင်ကို မျက်ခုံးတွေပြေလျော့သွားစေသည်။


"မင်းက ခြားနားမှုတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေတာပဲ" 


ရှဲ့ရွှင်းကဆို၏။


 "မနက်ဖြန် မင်းကို သာမန်လူတွေနဲ့တွေ့ဖို့ ခေါ်သွားမယ်... မင်း ဘာလုပ်ရမယ်ဆိုတာ သိလိမ့်မယ်ထင်တယ်"



နောက်တစ်နေ့အစောပိုင်းတွင် ရှဲ့ရွှင်း အရှေ့တောင်ပံခြံရှေ့တွင် စောင့်ဆိုင်းနေခဲ့သည်။


ကျန်းရှုယောင် သူ့ကို အကြာကြီး မစောင့်ခိုင်းပညချေ။ သူမ ပေါ့ပေါ့ပါးပါး ထုပ်ပိုးပြီး သူနှင့်အတူ အပြင်ထွက်ခဲ့၏။


အပြင်ထွက်ရန် ရှဲ့ရွှင်းက သူမကို လိုက်ပို့ပေးမည်ဟုပြောခဲ့သည်ကို သတိရမိသောကြောင့်ဖြစ်မည်၊ ခါတိုင်းနှင့်ယှဉ်လျှင် ပိုရိုးရှင်းသည့် ပြောင် အဝတ်အစားများကို ၀တ်ထားခဲ့သည်။ ပါးလွှာသောအင်္ကျီများနှင့် ငွေရောင်ဆံထိုးများသာရှိပြီး ပြတ်သားပြီး ရက်ရောသောပုံပေါက်သည့် သူမ၏အဝတ်အစားနှင့်မလိုက်ဖက်သော ချစ်စရာကောင်းသော သူမ၏မျက်နှာမှလွဲ၍ သူမသည် သာမန်အိမ်ထောင်ရှင်စီးပွားရေးသမားများနှင့်တူသည်။ သူမက မျိုးရိုးမြင့်အမျိုးသမီး ဖြစ်ကြောင်း အရိပ်အယောင်မရှိပေ။


ရှဲ့ရွှင်းနှင့်အတူ အပြင်ထွက်ရသည်က ကျန်းရှုယောင်အတွက် ပိုလွယ်သည်။ သူတို့သည် ရှဲ့အိမ်တော် မှထွက်ခွာပြီးနောက် ရှန်းယန်အိမ်တော်သို့ တန်းတန်းမတ်မတ်သွားခဲ့ကြသည်။


လင်းရှီ မူလက ယနေ့ ငရုတ်သီးအိုးကို မြို့စားရှဲ့၏အိမ်သို့ ပို့ပေးရန် စီစဉ်ထားသော်လည်း ကျန်းရှုယောင်က လူကိုယ်တိုင်လာခဲ့သည်။


သူမ အတော်လေး ဝမ်းသာနေပေမဲ့ စိုးရိမ်စိတ်အနည်းငယ်ရှိနေပြီး ကျန်းရှုယောင်ကိုပြောလိုက်၏။


"တစ်ရက် နှစ်ရက်ကနေ နေ့တိုင်း သူ့အိမ်ကနေ မိဘအိမ်ဆီ ပြေးလာတဲ့ ဇနီးတွေကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ..ကိုယ့်ကိုကိုယ် ထိန်းထားသင့်တယ်...မိသားစုကို ပြန်သွားချင်ရင်တောင် ဘယ်လိုလုပ် ခင်ပွန်းကိုပါလာဖို့ ဒုက္ခပေးရတာလဲ"


"မေမေ စိတ်မပူနဲ့" 


ကျန်းရှုယောင်က ရှဲ့ရွှင်းကို တစ်ချက်ကြည့်လိုက်ပြီး


 "ရှဲ့ပေါယွမ်က သူ့ဘာသူလိုက်လာတာ"


လင်းရှီ ထိုစကားကိုကြားရသည့်အတွက် ကျေနပ်သွားပြီး လင်းရှီ၏လက်ကို ကိုင်လိုက်ကာဆို၏။ "ငါ့သမီးလေး ဒီလောက်ကောင်းမယ်လို့ မမျှော်လင့်ထားဘူး"


သူမ အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း ကျန်းရှုယောင် နှင့် သူမ၏ခင်ပွန်းက သဟဇာတဖြစ်နေကြသည်။ ယင်းက သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် အားတက်လာစေသည်။ သူမ၏အစေခံကို ငရုတ်ပင်တစ်အိုး လက်ဆောင်ပေးရန်ခိုင်းလိုက်၏။


ကျန်းရှုယောင် အတော်လေး စိတ်လှုပ်ရှားသွားသည်။ ရှဲ့ရွှင်း သူမနှင့် အနည်းငယ်စကားပြောချင်သော်လည်း လင်းရှီရှိနေခြင်းကြောင့် သူသည်းခံရုံသာတတ်နိုင်ခဲ့သည်။


လင်းရှီက သူ၏အေးစက်စက် မျက်နှာကို ကြည့်ကာ စိတ်မသက်မသာ ခံစားလိုက်ရသည်။ ရက်အနည်းငယ်ကြာတိုင်း သူ့မိသားစုအိမ်ကထွက်ပြေးလာတဲ့ သူမသမီးကို သူ သိပ်မချစ်လောက်ဟု သူမ အမြဲတွေးမိ၏။ ယနေ့ သူက သူမသမီးနှင့်လိုက်ရန် ဆန္ဒမရှိခြင်း ဖြစ်နိုင်သည်။


ရှဲ့ရွှင်း သခင်မရှန်းယန်ကို နှုတ်ဆက်ပြီးနောက် သခင်ရှန်းယန်နှင့် စကားပြောရန် အရှေ့ခြံဝင်းသို့ သွားခဲ့သည်။


လင်းရှီ အဝေးက သူ့နောက်ကျောကို ကြည့်ပြီး မယှဥ်သာအောင် စိတ်မကောင်းဖြစ်သွားမိသည်။


သူမအမေ၏ စိုးရိမ်ပူပန်မှုကို ကျန်းရှုယောင်က လုံးဝ နားမလည်ခဲ့ပါချေ။ အစေခံတစ်ဦးက ငရုတ်ပင်ကို ကိုင်ဆောင်လာသောအခါတွင် သူမ စိတ်လှုပ်ရှားစွာ ခုန်ထိလိုက်သည်။


ငရုတ်သီးအစပ်ကြိုက်သူအတွက် ပန်းငရုတ်ကိုမြင်ခြင်း ထက် ပိုပျော်ရွှင်စရာတစ်ခုရှိပါဦးမလား...


သူမက လင်းရှီ၏ဝတ်ရုံလက်ကိုဆွဲလိုက်ပြီး "မေမေ ဒါဟုတ်တယ်"


သူမ၏တုံ့ပြန်မှုကိုမြင်သောအခါ လင်းရှီ အကူအညီမဲ့သလိုခံစားလိုက်ရသည်။


 "ဒါပေါ့... အဲတော့ ဘာဖြစ်လဲ"


ကျန်းရှုယောင်က ရှက်ရွံ့စွာပြုံးပြီး "မေမေ ဒီအိုးပဲရှိတာလား" ဟုမေးလိုက်သည်။


"ဘယ်ဟုတ်မလဲ ... နင်က ဘာလိုချင်လဲလို့ပဲ ငါမေးရသေးတာလေ... ဒါပေမယ့် လှည်းတန်းတွေ့တာက နင်လိုချင်တာ ဟုတ်မဟုတ်တော့ ငါမသိဘူး... ဒါကြောင့် သူတို့က ပေကျင်းကို အိုးတစ်လုံးပဲ ယူလာတယ်... ကမ်းရိုးတန်းဒေသတွေမှာ ချမ်းသာတဲ့ ကုန်သည်တွေက ဒီအပင်ကို ကြည့်ဖို့ ဘွန်ဇိုင်းလုပ်လေ့ရှိပေမဲ့ ငါတော့ ပန်းတစ်ပွင့်လောက်တော့ ကြည့်ကောင်းမယ်မထင်ဘူး" 


လင်းရှီက လက်ကိုဝှေ့ယမ်းပြီး 


"လာ... ဥယျာဉ်မှူးကိုဝင်ခိုင်းလိုက်"


အစေခံက တုံ့ပြန်ပြီး မကြာမီ ကမ်းရိုးတန်းဒေသမှ သာမန်လူတစ်ဦးဖြစ်သော ဥယျာဉ်မှူးတစ်ဦးကို ခေါ်ဆောင်လာသည်။ လင်းရှီ ကို အရိုအသေပြုပြီး တောင့်တောင့်ကြီး မတ်တပ်ရပ်လိုက်သည်။


ကျန်းရှုယောင်က လုပ်ငန်းကို နားမလည်သဖြင့် လင်းရှီအားပြောလိုက်၏။ 


"မေမေ ငရုတ်သီးများများစားပေးလို့ရမလား...အဲဒါက အနာဂတ်မှာ အကျိုးရှိမှာရယ်"


လင်းရှီက သူမကို အမြဲတမ်း အလိုလိုက်နေပေမဲ့ပြောလိုက်ဆဲပါပင်။


 "ဒီအပင်ကို စိုက်တာ ဘာအကျိုးရှိမှာလဲ" 


ကျန်းရှုယောင်က ငရုတ်သီး၏အရသာရှိမှု အကြောင်း ပြောပြလိုက်၏။လင်းရှီ ဤအပင်တွေကို သူမဘယ်လိုသိလဲဟုမေးသည့်အခါ ဧကရာဇ်ထိုက်ဇူက ဤအပင်ကိုတွေ့ပြီး ချီးကျူးကြောင်းပြောခဲ့သည်။


လင်းရှီက သံသယရှိသော်လည်း အလုပ်ကိစ္စအတွက် သူမ စီစဉ်နေဆဲပင်။


ငရုတ်ကောင်းက ကျန်းရှုယောင် ပြောသည့်အတိုင်း အသုံးမဝင်လျှင်ပင် ငွေအနည်းငယ်သာ ဖြုန်းတီးရာကျသည်။ ဤငွေလေးတွေက သူမသမီးကို ပျော်အောင် ထားနိုင်လျှင် သူမ တွန့်တိုနေမှာ မဟုတ်ပေ။


ကျန်းရှုယောင်သည် ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေပြီး သူမစိတ်ထဲတွင် ကျော်ကြားသော စီချွမ်အစားအစာနှင့် ဟူနန်ဟင်းလျာများပေါ်လာခဲ့သည်။ သူမ၏ ခေါင်းထဲတွင် စပ်စပ်နှင့် အရသာရှိသော သရေစာများ ပြည့်နေသည်။ နောက်ဆုံးတွင် သူမ သူမ၏ ဤမင်းဆက်တွင် အစားအသောက်တိုးတက်စေရန်ဟူသော ရည်မှန်းချက်ကြီးကို တွေးပြီး လုပ်ငန်းအကြောင်းကို သတိရမိသည်။


"ဒါနဲ့ မေမေ...သမီးမှာ စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိတယ်...မေမေ နဲ့ စကားပြောချင်တယ်"


လင်းရှီက သူမကို မသိတော့သလိုမျိူး စိုက့်ကြည့်လာ၏။


 "စီးပွားရေးလား...နင်က မွေးကတည်းက ပေသီးတောင် မကိုင်ဖူးသေးဘူး...ဘာလို့ ရုတ်တရက် စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားနေတာလဲ"


မှန်သည်၊ဤသည်က ရှဲ့ရွှင်း စိတ်ကူးဖြစ်၏။ သို့သော် သူမ၏ မူလရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းတွင်မဟုတ်ဘဲ လင်းရှီ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည်ရရှိရန်ဖြစ်သည်။


ကျန်းရှုယောင်က ပြုံးပြီး


 "သမီးရဲ့ ဟင်းချက်ကျွမ်းကျင်မှုက မဆိုးဘူးမဟုတ်လား...အဲဒါကြောင့် သမီးက စီးပွားရေးလုပ်နည်းကို မသိတဲ့အတွက် မေမေကို မေးဖို့ ဒီကိုလာခဲ့တာ"


လင်းရှီအား သူမ၏အတွေးအမြင်တွေကိုဝေမျှလိုက်သည်။


 "မေမေ ဒီကျန်းနန်ကနေ မြို့တော်အထိ မရေမတွက်နိုင်တဲ့ အစားအစာတွေကို စားဖူးပေမဲ့ သမီးထက် ပိုဆန်းသစ်တဲ့ ဟင်းချက်နည်းကို မြင်ဖူးလား"


စီးပွားရေးကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်အနေဖြင့် လင်းရှီ၏ ပထမဆုံး အတွေးက ဤလုပ်ငန်း၏ ဖြစ်နိုင်ချေကို တွေးဆမိခြင်း ပါပင်။ သူမက ခေါင်းယမ်းပြီးပြောလိုက်၏။


 "ပေကျင်းမှာ စားသောက်ဆိုင်တွေ အများကြီးရှိတယ်...ရှေ့ကိုတက်ဖို့ ခက်တယ်" 


"သမီးတို့က စားသောက်ဆိုင်တွေနဲ့ ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး...သာမန်လူတွေကိုပဲ ရောင်းချမှာပါ...ဘာပဲဖြစ်ဖြစ် သမီးရဲ့ ကျွမ်းကျင်မှုက အရသာရှိပြီး ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို စျေးပေါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဖန်တီးဖို့ပါပဲ"


လင်းရှီ၏ မျက်နှာ အနည်းငယ်ပြောင်းလဲသွားသည်ကို ကျန်းရှုယောင်  မြင်သောအခါ ကျေနပ်မိသွားသည်။ သူမ ဆက်ပြီး စည်းရုံးတော့မည့်အချိန်တွင် လင်း ရှီက ပြတ်ပြတ်သားသား စကားတစ်ခွန်းကို ထွေးထုတ်လိုက်သည်ကို ကြားလိုက်ရသည်။


သူမက လေးနက်သောအမူအရာဖြင့် လှည့်ကြည့်ကာဆိုလိုက်သည်။


 "နင်က မြို့စားရှဲ့အိမ်တော်ရဲ့  တတိယသခင်မလေ...ဒီရှုပ်ရှတ်ခတ်နေတဲ့ အတွေးတွေကို ဘယ်လိုများတွေးလိုက်တာလဲ... လယ်ယာလုပ်ငန်းကို လုပ်ချင်ရင် ဘယ်လောက်လိုချင်လဲသာပြော...မေမေ နင့်ကိုပေးလိမ့်မယ်...ဒါပေမဲ ဒီကိစ္စကို ငါဘယ်တော့မှ သဘောမတူဘူး."


ကျန်းရှုယောင်၏ အပြုံးသည် သူမမျက်နှာပေါ်တွင် အေးခဲသွားသည်။


လင်းရှီ၏ ငြင်းဆန်မှုသည် သူမမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ လင်းရှီကို စိတ်ဝင်စားလာမည်ဖြစ်ပြီး  သူမ၏ စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုကို ပြန်လည်ရရှိလာကာ ယခင်လင်းရှီထံ ပြန်ရောက်သွားမည်ဟု သူမယုံကြည်ချက်ရှိခဲ့သော်လည်း လင်းရှီက ဤမျှသဘောမတူနိုင်ဟု သူမမျှော်လင့်ခဲ့ပေ။


"မေမေ... ဒါက မြို့စားရှဲ့အိမ်တော်ရဲ့ တတိယသခင်မဖြစ်တာ သက်ဆိုင်သလား... စားသောက်ဆိုင်တစ်ခုပဲ မဟုတ်ဘူးလား...လယ်နဲ့ ဘာကွာလို့လဲ... သမီး-"


" အကြီးကြီးကွာခြားတာပေါ့... စီးပွားရေး လုပ်ငန်းတွေ ကိုင်တွယ်ဖို့က အိမ်ထိန်းရဲ့ အလုပ်ပဲ...သခင်မတွေ အားလုံးက အမိန့်ပေးဖို့ပဲ လိုတယ်... မျိုးရိုးမြင့်သခင်မတွေ ဘယ်လောက်များများ အတည်တကျ စီးပွားရေး လုပ်နေသလဲ... စီးပွားရေးမှာ နင့်မျက်နှာကို ပြရမယ်...အကျင့်ပုတ်ရမယ်...လျှို့ဝှက်ကြံစည်ရမယ်... ဒီမိန်းမကို ဘယ်သူက လက်ထပ်ချင်မှာလဲ"


"ဒါပေမဲ့ ... မေမေ...မေမေ ပြောတဲ့အတိုင်းချည်း ဘယ်လိုလုပ်ဖြစ်မှာလဲ" 


ကျန်းရှုယောင်   ယခုလိုမျိုး ငြင်းခုံသည်ကို ပထမဆုံးအကြိမ် ကြားလိုက်ခြင်းပင်။


သူမက ဘာမှမထူးခြားသလို ဖြစ်နေသောအခါ လင်းရှီက စိုးရိမ်တကြီးနှင့်ဟောက်လိုက်၏။


 "နင့်အဖေနဲ့ ငါက  ချစ်ချစ်ခင်ခင်စုံတွဲကနေ အခုလိုဖြစ်သွားတာ ဘာလို့လို့နင်ထင်လဲ"


ကျန်းရှုယောင် သူမ၏စကားကြောင့် လုံးဝအံ့အားသင့်သွားသည်။ သူမ လင်း ရှီကို တအံ့တသြကြည့်ရင်း


 "အနောက်ခြံဝင်းကြောင့်မဟုတ်လား..." 


သူမက သခင်ရှန်းယန်က သခင်မကြီးကို ငြီးငွေ့သွားခြင်း သို့မဟုတ် သူတို့နှစ်ယောက်မှာ မတူညီသည့် ကိုယ်ရည်ကိုယ်သွေးရှိသောကြောင့်ဟု အမြဲထင်ခဲ့၏။ ဤသည်က အကြောင်းပြချက်ဖြစ်ရန် သူမ မမျှော်လင့်ထားပေ။


လင်းရှီက  သူမကိုကြည့်ရင်း အသံက ထုံနေသည်မှာကြာပြီဖြစ်သကဲ့သို့ ထိုင်းမှိုင်းနေသည်။


 "ယောက်ျားတွေက နင့်ကို လက်မထပ်ခင်က နင့်ရဲ့ သပ်သပ်ရပ်ရပ်လှည့်ကွက်တွေနဲ့ တုနှိုင်းမရတဲ့ နည်းဗျူဟာတွေကို သဘောကျတယ်...နင့်ကို မျက်ခုံးရိတ်မခံတဲ့ သန်မာတဲ့ မိန်းမတစ်ယောက်လို့ ချီးကျူးတယ်... နင့်ရဲ့မျက်ခုံးမွှေးတွေကိုရိတ်ပြီး နေ့ရက်တွေကြာလာတာနဲ့အမျှ နင့်ကို ကြေးနီနဲ့ ဖုံးထားပြီး နင့်ရဲ့ဒီမိသားစုစီးပွားရေးလုပ်နေတာနဲ့ ယောက်ျားတွေကြားမှာ လှည့်စားတာကိုမုန်းကြတယ်"


“မေမေ..."


ကျန်းရှုယောင်  သူမ၏ နှလုံးသားထဲတွင် နာကျင်စွာ ခံစားရရင်း လင်းရှီ၏ဝတ်ရုံလက်ကို ဆုပ်ကိုင်လိုက်သည်။


"တော်ပြီ"


လင်းရှီက သူမကိုဖြတ်ပြော၏။


 "အဲဒါကို မစဉ်းစားပါနဲ့တော့...လက်မထပ်ခင်က နင်က လူရယ်စရာဖြစ်ခဲ့တယ်... နင့်ကို ဒီလောက်ကြာအောင်ကာကွယ်ဖို့က နင့်အမေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုးပါပဲ... နင်လက်ထပ်ပြီးရင် အရင်စိတ်နေစိတ်ထားတွေကို ဖယ်ထားရမယ်... မြို့စားရှဲ့အိမ်တော်က နင့်ကို လိုက်လျောပေးနိုင်တယ်လို့ ထင်လား"


ကျန်းရှုယောင်  စီးပွားရေးကို ဂရုမစိုက်တော့ဘဲ လင်းရှီ၏အတွေ့အကြုံကို သနားကာ သူမကိုကြည့်ကာ ငိုခဲ့သည်။


လင်းရှီ ၏နှလုံးသည် ခဏမျှပျော့ပျောင်းသွားသော်လည်း ပြန်မာလိုက်ဆဲပါပင်။


 "ကောင်းပြီ...ဒီစကားကပြီးသွားပြီ... နင့်အဖေကို သွားကြည့်ချေတော့"


ဤစကားတွေက သူမကို နှင်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်၏။ ကျန်းရှုယောင်  စကားအနည်းငယ်ထပ်ပြောချင်သော်လည်း လင်းရှီ၏မျက်နှာကို သူမမြင်သောအခါ နားထောင်ခဲ့သည်။


ရှဲ့ရွှင်း ကျန်းရှုယောင်ကို ပြန်တွေ့သောအခါ သူမ က ဝမ်းနည်းနေသည်။


"ဘာဖြစ်နေတာလဲ" ဟု သူက တိုးတိုးလေးပြောသည်။


ကျန်းရှုယောင်က လင်းရှီ၏ ငြင်းဆန်မှုအကြောင်း သူ့ကို ပြောပြခဲ့ပေမဲ့ သားအမိနှစ်ယောက်၏ နှလုံးသားကို နာကျင်စေသည့် စကားတွေကို သူမ မပြောပြခဲ့ပါချေ။


"ကျွန်မတို့စီးပွားရေး လုပ်မရဘူး...တခြားနည်းလမ်းရှာရအောင်" 


သူမ စိတ်ပျက်သွားပုံရသည်။


ရှဲ့ရွှင်း သူမ စားသောက်ဆိုင်ဖွင့်ရန် မည်မျှမျှော်လင့်ထားသည်ကို သိသော်လည်း ယခုအခါ သူမက စိတ်ပျက်အားလျော့ သွားသည်။ စီးပွားရေးနှင့်ပတ်သက်သည့် သူမ၏ အတွေးအမြင်များအပြင် လင်းရှီ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည်ရရှိရန်အတွက် သူမ၏ မျှော်လင့်ချက်များ ဆုံးရှုံးသွားခြင်းဖြစ်နိုင် သည်။


Xxxx