Chapter 47
ဝက်သားစတူး
သူက တုံးအသောလူမဟုတ်ပေ။ လင်းရှီ၏ အပြစ်တင်သံကို နားထောင်ခဲ့သော ကျန်းရှုယောင်ထက် လင်းရှီ၏ အတွေးအမြင်များကို လျင်မြန်စွာ သိရှိနားလည်ခဲ့သည်။
ကျန်းရှုယောင် ထိုနေ့သူမအရက်မူးနေချိန်တွင် မည်ကဲ့သို့ ငိုနေသည်ကို တွေးကာ သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။သူ သခင်ရှန်းယန်အား ပြောလိုက်၏။
"ယောက္ခထီးက အလုပ်ရှုပ်နေတာဆိုတော့...ပေါယွမ် မဆက်မနှောင့်ယှက်သင့်တော့ဘူး"
၎င်းနောက် သူက ကျန်းရှုယောင်၏ ဆံပင်တွေကို ပွတ်သပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"သွားရအောင်...ယောက္ခမနဲ့ ပြန်တွေ့ကြရအောင်"
"ဘာလို့သွားမှာလဲ"
ကျန်းရှုယောင်က မေးပေမဲ့ ရှဲ့ရွှင်းက သူမကို အဖြေမပေးခဲ့ပါချေ။
လင်းရှီ၏ခြံဝင်းကိုသွားသည့်အခါ လင်းရှီက သူတို့ပြန်လာသည်ကိုမြင်ပြီး အတော်လေး စိတ်ရှုပ်ထွေးသွားသည်။ သူမက ကျန်းရှုယောင်ကိုကြည့်ကာ ရှင်းပြနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ကျန်းရှုယောင်က သူဘာဖြစ်ချင်သည်ကို မသိသောကြောင့် ရှဲ့ရွှင်းကိုသာ ကြည့်နိုင်ခဲ့သည်။
ရှဲ့ရွှင်းက ချောင်းဟန့်ပြီးပြောလိုက်၏။
"ယောက္ခမကို ပြောစရာရှိပါတယ်"
လင်းရှီ၏ ဓားမြှောင်နှင့်တူသော အလင်းတန်းများသည် ကျန်းရှုယောင်ဆီသို့ ပျံသန်းသွားသည်။ ကျန်းရှုယောင် အလွန်နားမလည်နိုင်ဖြစ်သွားပြီး ရှဲ့ရွှင်း၏ ၀တ်ရုံကို ဆွဲလိုက်သည်။
ရှဲ့ရွှင်းက ထိုစကားများကို ပြောပြီးနောက် သူဘာမျှ မပြောတော့ပေ။ လင်းရှီ ဒေါသနည်းနည်းထွက်နေပေမဲ သူက မိသားစုဝင်တစ်ဦးဖြစ်နေတုန်းပါပင်။ ထို့အပြင် သူမ သူ၏အမူအရာကိုကြည့်ခြင်းဖြင့် သူ၏စိတ်ကို ကောင်းကောင်း ခန့်မှန်းနိုင်သည်။
ကျန်းရှုယောင်က မလှုပ်မယှက်ရှိနေပြီး သူမလည်း ထွက်သွားရမည်ကို မရိပ်မိသေးပါချေ။
ရှဲ့ရွှင်း ၏ လေးနက်သောအမူအရာကိုမြင်သောအခါ လင်းရှီသူမမျက်နှာပေါ်တင်ထားသော သဘောကောင်းပြီး ကြင်နာတတ်သောအသွင်အပြင်ကို ဖယ်လိုက်ပြီး ကျန်းရှုယောင်အား "နင်သွားတော့" ဟုပြောလိုက်သည်။
ကျန်းရှုယောင်က ရှဲ့ရွှင်း နှင့် လင်းရှီကို တဖန်ပြန်ကြည့်ကာ မကျေမနပ်ဖြင့် ထွက်သွားလေသည်။
သူမထွက်သွားပြီးနောက် အခန်းထဲတွင် လင်းရှီ ၏လူယုံများသာ ကျန်တော့သည်။ လင်းရှီကဆို၏။
"ဘာပြောချင်လဲ"
ဤစကားကို သူမမေးလိုက်သည့်အခါ စိတ်ထဲမှာ မှန်းဆလိုက်သည်။ ရှဲ့ရွှင်းက သူမကို မေးခွန်းထုတ်ရန် ဒီမှာရှိနေမည်ကို သူမကြောက်မိ၏။ကျန်းရှုယောင်ကို မြို့စားရှဲ့အိမ်တော်ထဲသို့ ပို့ရန်အတွက် ရှန်းယန်အိမ်တော်မှ လျှို့ဝှက်ကြံစည်ခြင်းနည်းလမ်းများကို အသုံးပြုခဲ့သည်။ ငိုယိုပြီး ပြဿနာရှာကာ ကြိုးဆွဲချပြီးနောက် သူတို့မိသားစုက မိဖုရာခေါင်ကြီးကိူ လက်ထပ်ခွင့်အမိန့်ပေးရန် တမင်တောင်းဆိုခဲ့၏။ ကျန်းရှုယောင်ကို သူ့ဘေးမှာ ချည်နှောင်ထားရန် သူမ စိတ်ပိုင်းဖြတ်ထားသည်။ သူ့အတွက် ဒေါသနှင့် နာကြည်းမှုရှိသည်ဆိုခြင်းက ပုံမန်ပါပင်။
ရှဲ့ရွှင်း နှင့်ရင်ဆိုင်ရသည့်အခါ သူမမှာ အပြစ်ရှိသလိုခံစားရပြီး အသက်ရှုမဝသလို မနေနိုင်ဖြစ်ရသည်။
သူမ၏အမူအရာကိုမြင်သော်အခါ ရှဲ့ရွှင်းက ပြောလိုသည့်အရာကိုတန်းသွားလိုက်၏။
"ရှုယောင် နဲ့ကျွန်တော်ရဲ့အိမ်ထောင်ရေးအကြောင်း သမက်က ယောက္ခမနဲ့စကားပြောချင်ပါတယ်"
အမှန်ပဲ... လင်းရှီ၏ နှလုံးသား တုန်ယင်သွားပြီး လက်ကိုင်ပုဝါကို တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်မိသည်။
သူမက ခက်ခက်ခဲခဲဆိုလိုက်၏။
"ဒီတစ်ခါ တကယ်တမ်း မင်းကို အမှားခဲ့ပြုမိတာက ရှန်းယန်အိမ်တော်....."
သူမစကားမဆုံးခင် ရှဲ့ရွှင်းက သူမကို ရုတ်တရက် ဦးညွှတ်လိုက်သည်။
လင်းရှီ အံ့သြသွားကာ စကားရပ်လိုက်ပြီး ရှဲ့ရွှင်း၏ နွေးထွေးသောအသံကို နားထောင်လိုက်ရသည်။
"ကျွန်တော် သူမကို လက်ထပ်တုန်းက ယောက္ခထီးနဲ့ ယောက္ခမကို တကယ်ဂါရဝပြုခဲ့တာ မဟုတ်ပါဘူး... အခုပြန်ပြင်ပါ့မယ်...ယောက္ခမ ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်"
သူက ဖြေးညင်းစွာဆို၏။
"ကျွန်တော် အရင်ကရှုယောင်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်... လက်ထပ်ပြီးနောက် သူ့ကို လျစ်လျူရှုခဲ့တယ်... သူ့ကို ဘယ်တော့မှ မျက်နှာကောင်းမပေးခဲ့ဘူး... အဲဒီတုန်းက တစ်ယောက်ကိုတစ်ယောက်ဧည့်သည်အဖြစ်နဲ့ လေးစားတဲ့ သာမန်စုံတွဲမဖြစ်ချင်တဲ့အတွက် စိတ်ထဲမှာ နာကျည်းခဲ့ရတယ်"
"ဒါပေမဲ့ အခု သူဘယ်လိုမိန်းမမျိုးလဲဆိုတာ ကျွန်တော် သိပါပြီ...သူလုပ်ခဲ့တဲ့အရာအတွက်ကျွန်တော် စိတ်ဆိုးတယ်... ဒါပေမဲ့ သူ့ကို အမှားလုပ်မိလို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်... အချစ်ရေးမှာ ခေတ်အဆက်ဆက် ဘယ်သူမှ ဂရုတစိုက် မလေ့လာခဲ့ကြတဲ့အတွက် အဲဒါကဘာလဲဆိုတာ ကျွန်တော် နားမလည်ခဲ့ဘူး
... သူနဲ့စတွေ့တုန်းက အပိုင်ကြံမခံခဲ့ရဘူး၊ ဒီအခြေအနေမှာ အဆုံးမသတ်ခဲ့ဘူဆိုရင် ကျွန်တော် သူ့ကို ဇနီးမယားအဖြစ်နဲ့ လက်ထပ်ဖို့ တံခါးဝကို အရောက်လာပြီး လေးစားမှုပေး ၊အကာအကွယ်ပေးမှာအသေအချာပါပဲ"
“အခုချိန်မှာ ကျွန်တော် သူ့အပေါ် အရမ်းကြင်နာနေပါပြီလို့ပြောရင် ယောက္ခမ မယုံနိုင်လောက်ပါဘူး... ဒါပေမဲ့ သမက်က နောင်တစ်ချိန်မှာ သူ့ကို အလိုလိုက်ပါ့မယ်၊ သူ့ကိုလေးစားပြီးဂရုစိုက်ပါ့မယ်၊ သူ့ဘဝကို ရှင်သန်နိုင်အောင် သူ့ဆန္ဒမှန်သမျှဖြည့်ဆည်းပေးပါ့မယ်လို့ဘုရားသခင်ကို ကတိပေးရုံပဲတတ်နိုင်ပါတယ်"
လင်းရှီက သူ့ကို ငေးကြာင်ကြည့်နေမိကာ မယုံနိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
ရှဲ့ရွှင်းလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးနောက် အနည်းငယ် ရှက်သွားသည်။ သူ ချောင်းဟန့်လိုက်ပြီး အရေးကြီးဆုံး အကြောင်းအရာကို ဘက်ကိုလှည့်လိုက်၏။
"ယောက္ခမက ကျန်းမာရေး မကောင်းတော့ ရှုယောင်က အရမ်း စိတ်ပူနေတာ...ကျွန်တော်က သူ့ပြဿနာတွေကို ကူညီဖြေရှင်းပေးချင်တယ်... ဒါကြောင့် စားသောက်ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ဖို့က... ယောက္ခမ စိတ်ပူစရာ မလိုပါဘူး...ကျွန်တော် အဆိုပြုခဲ့တာပါ"
ယခု လင်းရှီ လုံးဝအံ့အားသင့်သွားကာ အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှုမပြုနိုင်ဘဲ အတန်အကြာမှ ပြောလိုက်သည်။
"မင်း အဆိုပြုထားတာလား"
"ဟုတ်ပါတယ်...ကျွန်တော် သူ့ကိုပျော်စေချင်တယ်"
ရှဲ့ရွှင်းကဆို၏။
"ကျွန်တော်လိုချင်တဲ့ ဇနီးသည်က အလှဆင်ပစ္စည်းမဟုတ်ပါဘူး...အသက်မဲ့ ရုပ်သေးရုပ်တစ်ခုကတော့ ဝေးရောပါပဲ... သူက လွတ်လပ်ပြီး အထိန်းအကွပ်မဲ့တယ်...ကျွန်တော့်အတွက်ကတော့ အိမ်ထောင်သည်တွေအတွက် ပြီးပြည့်စုံတဲ့ ဘဝတစ်ခုပါပဲ"
လင်းရှီ၏ မျက်နှာသည် အကြိမ်အနည်းငယ် ပြောင်းလဲသွားကာ နောက်ဆုံးတွင်တော့ ပြောမပြနိုင်သော ရုန်းရင်းဆန်ခတ်မှုများသာ သူမ၏အမူအရာတွင် ကျန်ရှိနေခဲ့သည်။
ရှဲ့ရွှင်းက စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီး ပြော၏။
"ယောက္ခမရထားတဲ့ သင်ခန်းစာတွေကြောင့် ယောက္ခမ မယုံဘူးဆိုတာ ကျွန်တော် သိပါတယ်..အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့ နှလုံးသားတွေ ပြောင်းလဲလာတာကို ကျွန်တော် လည်း မြင်ဖူးပါတယ်... ဒါပေမဲ့ ယောက္ခမက ကျွန်တော်ပြောခဲ့တာတွေကို သက်သေပြဖို့ အခွင့်အရေးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လင်းရှီက စကားအကြာကြီး မဆိုဘဲနေသည်။ရှဲ့ရွှင်းသူမ စကားမပြောတော့ဘူးဟု ထင်သည့်အခါမှ သူမက "ကောင်းပြီ" ဆိုသည့်စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ပြောလိုက်၏။
"ရှဲ့ပေါယွမ် မင်းက ဖြောင့်မတ်တဲ့လူပဲ... မင်းပြောတဲ့အတိုင်းလုပ်ဖို့ မမေ့ပါနဲ့"
ရှဲ့ရွှင်းက နောက်တစ်ကြိမ် ဦးညွှတ်ကာ အခန်းထဲမှ ထွက်သွားလေသည်။
အခန်းထဲတွင် တိတ်ဆိတ်သွားပြီး လင်းရှီက မတ်မတ်ထိုင်နေသည်။ ကြာရှည်စွာ အစာစားချင်စိတ်မရှိခြင်းက သူမကို ပိန်ကပ်သွားစေ၏။ ထိုအချိန်တွင် သူမသည် လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေကာ သူမဘာတွေတွေးနေမှန်း မသိသာပေ။ ကြေကွဲစရာပင်ဖြစ်ချေသည်။
နို့ထိန်းက တိတ်တိတ်လေး ရှေ့ကို လှမ်းပြီး “သခင်မ” ဟု တိုးတိုးလေး ပြောလိုက်၏။
လင်းရှီက ပြန်မဖြေဘဲ မျက်လုံးများမှ မျက်ရည်များ ရုတ်တရက် စီးကျလာသည်။
နို့ထိန်းဖြစ်သူ လန့်သွားပြီး
"သခင်မ...သခင်မလေး ဘာလို့ငိုနေတာလဲ"
လင်းရှီက သူမမျက်ရည်တွေကို သုတ်လိုက်ပြီးဆို၏။
"ဘာမှမဟုတ်ပါဘူး ဖုပေါင်းမူ... ဝမ်းသာလို့ပါ"
(ဒီနေရာမှာ နို့ထိန်ကြီးက စိတ်လှုပ်ရှားပြီး အရင်ကလို သခင်မလေးလို့ ခေါ်မိသွားတာပါ)
*
ကျန်းရှုယောင် အခန်းအပြင်ဘက်တွင် စိတ်မသက်မသာ ဖြစ်နေသည်။ ရှဲ့ရွှင်း ရောက်လာသည်ကိုမြင်သောအခါ သူမကအမြန်မေးလိုက်၏။
"ဘယ်လိုနေလဲ"
"အင်း..အခု အဆင်ပြေသွားလောက်ပြီ"
"ရှင်ဘာပြောလိုက်လို့လဲ"
ရှဲ့ရွှင်းက သူမအကြည့်ကို ရှောင်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆိုသည်။
"ဒီလိုပဲပေါ့...ဘာဖြစ်လို့လဲ..သာမန်လူတွေရဲ့ နေ့ရက်တွေကို မင်းကိုပြမယ်ပြောထားတယ်မလား... အခုသွားရအောင်"
"အခုလား..."
"မွန်းတည့်ချိန်နီးနေပြီ...အချိန်ကောင်းပဲ"
သူက ပြဿနာတစ်ခုကို ဖြေရှင်းပြီး၍ သက်တောင့်သက်သာရှိနေကာ ခြေလှမ်းကျဲကြီးများဖြင့် ဆိုလိုက်၏။
"သွားကြရအောင်"
ကျန်းရှုယောင်က သူ့နောက်မှ အလျင်အမြန် လိုက်လာပြီးအော်သည်။
"ဟေး ရှဲ့ပေါယွမ်...ကျွန်မကို စောင့်ဦး"
နှစ်ယောက်သား ရထားလုံးပေါ်တက်ပြီး မြို့ပြင်ဘက်သို့ လသွားကြသည်။ မြို့အပြင်ဘက်မှာ လမ်းတွေက ကျဉ်းပြီး လူစည်ကား၏။ ရှဲ့ရွှင်း ကျန်းရှုယောင်ကို ရထားပေါ်မှ ခေါ်ထုတ်ပြီး တောင်ဘက်သို့ လမ်းလျှောက်ခဲ့သည်။
ကျန်းရှုယောင် သူ့နောက်ကို လိုက်သွားပြီးမေးလိုက်၏။
"ရှင် ဒီနေရာတွေကို ရောက်ဖူးလား"
ရှဲ့ရွှင်းက အကူအညီမဲ့စွာဆိုသည်။
"အရာရှိတွေက ခန်းမထဲမှာ တစ်နေ့လုံးထိုင်ပြီး နိုင်ငံရေးကိစ္စတွေကို ကိုင်တွယ်နိုင်မယ်လို့ မင်းထင်နေတာလား"
ကျန်းရှုယောင် ငြိမ်သွားသည်။ ရှဲ့ရွှင်း တစ်စုံတစ်ယောက်က သူမကိုတိုးမိဆိုပြီး သူမကို ကာကွယ်ရန်သူ့ဘေးကို ဆွဲခေါ်သွားခဲ့၏။
ဆိုင်သေးသေးလေးတစ်ခုကို ရောက်သည့်အခါ ရှဲ့ရွှင်းကဆိုသည်။
"ဒါက ဒီအနီးနားမှာ အကျော်ကြားဆုံး စားသောက်ဆိုင်...ငါတို့ စမ်းကြည့်သင့်လား"
စားသောက်ဆိုင်တွင် ထိုင်ခုံအလွတ်မရှိ။ ကျန်းရှုယောင် ခေါက်ဆွဲပန်းကန်များ ကိုင်ဆောင်ထားသော လူအုပ်စုကြီးအား လှမ်းကြည့်လိုက်သည်။ အရသာ အလွန်ကောင်းမည်ထင်ပြီး "ကောင်းပြီ" ဟုပြောလိုက်၏။
ရှဲ့ရွှင်းက ခေါက်ဆွဲတစ်ပန်းကန်ကို မှာလိုက်ပြီး သူဌေးက အမြန်လုပ်ပေးသည်။ ယခုလိုချောမောသည့် လူငယ်တစ်ယောက်ကို မတွေ့ရသည်မှာ ကြာ၍ဖြစ်မည်၊ သူ့အတွက် ဘယ်ကနေထွက်လာမှန်းမသိသည့် ခွေးခြေခုံးကျိုးလေးကို ဆွဲထုတ်လာသည်။
ရှဲ့ရွှင်းက သူမကို ကျေးဇူးတင်စကားဆိုပေမဲ့ မထိုင်လိုက်ပေ။ သူက ခေါက်ဆွဲတစ်ပန်းကန် ယူလာကာ ဘေးနားတွင် ရပ်လိုက်ပြီး ကျန်းရှုယောင်အား "စား" ဟု ပြောသည်။
သူက ပန်းကန်ကိုကိုင်ထားပြီး ကျန်းရှုယောင်က သူ့လက်ပေါ် ကတိုက်ရိုက်စား၏။ ခေါက်ဆွဲကို ကောက်ကိုင်လိုက်သည်နှင့် ခေါက်ဆွဲက သူမစိတ်ကူးထားသလို အရသာမရှိသည်ကို တွေ့လိုက်ရသည်။ အသားနိုင်းချင်းအရသာရှိပေမဲ့ အနံ့မမွှေးဘဲ အတော်လေးညှီ၏။
သို့ရာတွင် သူမပတ်ဝန်းကျင်က လူတွေက ခေါက်ဆွဲကို တရူးရူးစားနေသည်ကိုကြည့်ပြီး သူမ အရသာများမှားခံမိသလားဟု သံသယဖြစ်မိပြီး နောက်ထပ်တစ်ကိုက်စားလိုက်ရာ အရသာက အတူတူပါပင်။
ရှဲ့ရွှင်းက ပန်းကန်လုံးကို ချပြီး ထွက်သွားသည်။ သူ့ဘေးနားက ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က ပန်းကန်လုံးကို ကိုင်လိုက်ပြီး သူ့ပါးစပ်ထဲကို လောင်းထည့်လိုက်၏။
ကျန်းရှုယောင် နားမလည်နိုင်တော့ပေ။
"ဒါ..."
ရှဲ့ရွှင်းက အခုလေးတင် ငွေပေးချေသည်ကို သူမ မြင်လိုက်ရသည်။ ခေါက်ဆွဲတစ်ပန်းကန်က စျေးမကြီးပေမဲ့ အသားအနည်းငယ်ဝယ်ရန် လုံလောက်လေသည်။ လူတွေက ပိုက်ဆံသုံးရန် ဆန္ဒရှိပေမဲ့ တန်ကြေးနှင့် ကိုက်ညီသည့် အရသာကို မစားနိုင်ကြပေ။ မနှစ်မြို့ဖွယ်ဖြစ်သင့်သော်လည်း စီးပွားရေးကောင်းနေဆဲဖြစ်ပြီး သူမအတွက် တကယ်နားလည်ရခက်သည်။
ရှဲ့ရွှင်းကဆို၏။
"ငါမင်းကို ပြောတယ်မဟုတ်လား... မင်းမြင်ပြီးရင် ဘာလုပ်ရမယ်ဆိုတာ သိလိမ့်မယ်"
သူက ကျန်းရှုယောင်ကို ဆိပ်ကမ်းဆီသို့ ဦးတည်ခေါ်သွာသည်။ ဆိပ်ကမ်းက အလုပ်အားလုံးက ခွန်အားကို အားကိုးသည့်အတွက် လူတွေက သန်မာရန်အတွက် နေ့ခင်းဘက်မှာ ကောင်းကောင်းစားရ၏။ ဤနေရာကလူတွေက များသောအားဖြင့် စတူးနှင့်ထမင်းတစ်ပန်းကန် သို့မဟုတ် ငါးစွပ်ပြုတ်နှင့် ဘန်းမုန့်ခြောက်ကို ပိုသုံးကြသည်။
ဆိပ်ကမ်းမှာ ငါးပြတ်လပ်မှုမရှိသည့်အတွက် ငါးစွတ်ပြုတ်က ဈေးမကြီးပေမဲ့ မြေကြီးကဲ့(နွံနံ့)သို့ အရသာရှိသောကြောင့် တစ်ငုံသောက်ပြီးနောက် ကျန်းရှုယောင် ထပ်မသောက်ချင်တော့ပါချေ။
ရှဲ့ရွှင်းက စတူးတစ်ပန်းကန်ကို မှာလိုက်ပြီး အတုံးကကြီးသော်လည်း အရသာက သာမန်မျှဖြစ်နေတုန်းပါပင်။ ဂျင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် နှပ်ထားသောကြောင့် အသားအနံ့က သိပ်မပြင်းပါချေ။ဟင်းရည်အခြေခံက ပဲငံပြာရည်ဖြစ်ပေမဲ့ ပဲငံပြာရည်ကို ကောင်းကောင်းအချဥ်မဖောက်ဖားသောကြောင့် အရသာက သာမန်ဖြစ်ပြီး နှပ်ထားသည့်အသားက သိပ်မကောင်းပါချေ။ သို့တိုင် ဤနေရာက အရသာရှိသည့် အစားအစာဟု သတ်မှတ်ပြီးသားဖြစ်သည်။
ကျန်းရှုယောင်မှာ မရေရာသော နားလည်မှုတစ်ခုရှိသည်။ ရှဲ့ရွှင်းက စျေးပေါသော ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ရန် အာရုံစိုက်နေသည်ဟု သူမကို မတွေးခဲ့မိသည်မှာ အံ့သြစရာမဟုတ်ပေ၊ အကြောင်းမှာ သာမန်လူများက အသုံးအများဆုံးအသားကိုပင် ကောင်းစွာမကိုင်တွယ်နိုင်သောကြောင့်ဖြစ်သည်။
ထိုမှပင် သူမ ဤခေတ်က ဒယ်အိုးဇောက်ကိုပဲ တီထွင်ပြီးသည့် ခေတ်ဖြစ်သည်ကို သူမ သိလိုက်ရသည်။ သာမန်လူတွေမပြောနှင့် အထက်တန်းစလွှာတွေပင် အစားကောင်း မစားရပေ။
ကောချင်ရှုက သူမကို စားသောက်ဆိုင်တစ်ခုမှာ ဟမ်ဘာဂါရောင်းရန် ဆွဲဆောင်ခဲ့သည်မှာ အံ့သြစရာ မရှိတော့ပါချေ။ အခြေခံအုတ်မြစ်ကို ပြုပြင်ထိန်းသိမ်းထားသော်ငြား အစားအသောက် မဖွံ့ဖြိုးသေးဤနေရာရှိလူများတွင် အမှန်တကယ် ချက်ပြုတ်နည်းတစ်ခုတည်းသာရှိနေသည်။
ကျန်းရှုယောင်ကဆိုလိုက်၏။
"ကျွန်နားလည်ပါပြီ... ပြန်ကြရအောင်...ကျွန်မမှာ အကြံဥာဏ်တွေ အများကြီးရှိတယ်"
ရှဲ့ရွှင်းက တဖန် ရယ်မောကာ နှစ်ယောက်သား အိမ်ပြန်ကြပြီး အဆာပြေ လမ်းမှာ မုန့်ပေါင်းနှစ်ခုကို ဝယ်လိုက်သည်။
ရှန်းယန်အိမ်တော်သို့ ပြန်ရောက်သောအခါ ထမင်းစားချိန်ကျော်သွားလေသည်။
ကျန်းရှုယောင်က သက်တောင့်သက်သာရှိနေသည်။ သူမက မီးဖိုချောင်ကြီးထဲသို့ ဝင်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ယနေ့ သူမစားခဲ့သည့် စတူးအကြောင်း တွေးရင်း စိတ်တွေ လှုပ်ရှားသွား၏။
တိုက်တိုက်ဆိုင်ဆိုင် စဉ်းတီပြားပေါ်တွင် အဆီနှင့်အသားရောလျက် ဝက်ဗိုက်သားတစ်ပိုင်း ချိတ်ဆွဲထားသည်။ ဝက်သားစတူးလုပ်ရန် ထို့ထက် ပိုမိုကောင်းမွန်သော ပါဝင်ပစ္စည်းများ မရှိနိုင်ပါချေ။
ဝက်သား၏အရေခွံက အနှစ်သာရဖြစ်ပြီး ချန်ထားရမည်။နှပ်ထားသော ဝက်ဗိုက်သား၏ ကောကဲ့သို့စေးကပ်နေသောအပိုင်းက စေးကပ်နေပြီး အရသာကချိုသည်။
ဝက်ဗိုက်သားကို အရွယ်တော်နှင့် လေးထောင့်အကွက်ပုံစံဖြစ်အောင် လှီးဖြတ်ရသည်။ အရမ်းကြီးလျှင် အရသာရှိမှာ မဟုတ်သလို စတူးက ကြွပ်နေမှာ မဟုတ်ပါချေ။ အရမ်းသေးလျှင်လည်း ပါးစပ်ထဲ အသားအပြည့် ဖြည့်ရသည့် စိတ်ကျေနပ်မှု ဆုံးရှုံးပေလိမ့်မည်။
တုံးပြီးပါက အညှီဓာတ် ဖယ်ရှားရန် အမွှေးအကြိုင် အရသာနှပ်ထားပြီးနောက် ဒယ်အိုးကို ဆီပူအောင်တည်ကာ ဂျင်းအတုံးများ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနှင့် စမုန်နက်တို့ကို ဆီသတ်ရသည်။ ပြီးလျှင် ဝက်သားကို လောင်းထည့်ပြီး ခဏမွှေပေးရ၏။ အားလုံးကို အိုးတစ်လုံးထဲသို့ ပြောင်းထည့်ပြီးနောက် ဝိုင်ဖြူ၊ ပဲငံပြာရည်၊ သကြားခဲတို့ကို ထည့်ပြီး နာရီဝက်ခန့် ဖြည်းဖြည်းချင်ဆူစေသည်။
အဖုံးကိုဖွင့်လိုက်သောအခါ တစ်ခန်းလုံးက အသားမွှေးရနံ့တွေနှင့် ပြည့်သွား၏။
အိုးထဲက ထွက်လာသည့် ဝက်သားစတူးက ကြွပ်ကြွပ်ရွရွ၊ သပ်သပ်ရပ်ရပ်၊လေးထောင့်ပုံဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြတ်သားသည်။
နေ့လယ်က ထမင်းကျန်ကို ပြန်ပူအောင် နွှေးရန် လုံလောက်လေသည်။ အသားတစ်တုံးနှင့်ထမင်း တစ်ပန်းကန်။
ကျန်းရှုယောင် အစေခံကို ရှဲ့ရွှင်းကို ခေါ်ခိုင်းပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ စားပွဲအလယ်တွင် မွှေးကြိုင်သော ဝက်သားစတူးပန်းကန်ပြားတစ်ချပ်ရှိသည်။ အရောင်မှာ နီညိုရောင်ဖြစ်ပြီး တောက်ပသော်လည်း ဆီမရွှဲဘဲ မီးသင်းသကြားအရောင်ဖြစ်သည်။
ရှဲ့ရွှင်း သူ့ဘဝတွင် ဤမျှလှပသော ဝက်ဗိုက်သားကို ပထမဆုံးအကြိမ်တွေ့လိုက်ရသောအခါ မထိန်းနိုင်ဘဲ သက်ပြင်းချမိခဲ့သည်။ သူ အသားကို တူနှင့်ညှပ်ယူအခါ ပို၍ပင် အံ့သြသွား၏။
ဝက်ဗိုက်သားသည် အလွန်နူးညံ့ပြီး အိစက်နေသည်။သို့ရာတွင် နူးညံ့လွှန်း၍ တူနှင့်တစ်ချက်ညှပ်လိုက်သည်နှင့် အရည်ပျော်သွား၏။ စတုရန်းပုံအသားတုံးက တူများကြားတွင် တုန်ခါနေပြီး ဆီနှင့်တောက်ပနေကာ သူ့လျှာကို အရည်ထွက်အောင် လှုံ့ဆော်ပေးနေသည်။
သူ့ပါးစပ်ထဲထည့်လိုက်သည့်အခါ သူ့သွားများက အဆီတွေကိုထိလိုက်သည်နှင့် အသားတွေ အရည်ပျော်သွားသည်။ ချိုပြီး ပျော့ပျောင်းသည်၊ အဆီများပေမဲ့ ဆီမများပေ။အသားနံ့လှိုင်လှိုင်က ပါးစပ်ထဲမှာ ပျံ့နှံ့လာကာ ရှည်လျားပြီး အဆုံးမရှိစွာစွဲကျန်နေသောအရသာဖြင့် ခံတွင်းထဲတွင် မွှေးပျံ့နေပါသည်။ များများဝါးလေလေ အရသာကပို၍ယစ်မူးဖွယ်ကောင်း လေလေပါပင်။
ထမင်းဖြူပေါင်းကို တစ်ကိုက်စားလိုက်သည့်အခါ အသားရနံ့နှင့် ဆန်၏မွှေးပျံ့သော အရသာတို့ အချင်းချင်းချေဖျက်သွားသည်။
အညိုရောင်ဆော့စ်နှင့်ဝက်သားစတူး၏ အခေါက်က ဝက်သားနှင့် လုံးဝမတူပါချေ။ ယင်းအစား ၎င်းသည် အရည်ထုတ်ထားသောကော်နှင့်တူသည်။ ပျော့ပျောင်းပြီး ဖယောင်းကဲ့သို့ဖြစ်၏။ နူးညံ့သောအဆီက စွဲမက်ဖွယ်အသားရနံ့ရှိသည်။
Xxxxx