Chapter 48
အဝါရောင်ကြက်သားနှပ်ထမင်း
ထိုသို့ အရသာရှိသည့်ဝက်သားကို တူနှင့် ညင်ညင်သာသာ ကိုင်တွယ်ရမှာ ဖြစ်ပြီး စားသည့်အခါမှာလည်း ကိုက်၍မရပါချေ။
ဝက်သားစတူးနှစ်တုံးကို စားပြီးသောအခါ ရှဲ့ရွှင်း ထမင်းဖြူပေါ်တွင် ဆော့စ်တစ်ဇွန်းစမ်းရန် ကျန်းရှုယောင် ထံမှ သင်ယူခဲ့သည်။ သူ နည်းနည်းမွှေလိုက်၏။ ဆော့စ် အညိုရောင်ဖြစ်ကာ ပျစ်ပြီး မွှေးသည်။ ထမင်းဖြူနှင့် ရောမွှေပြီးနောက် ဆန်လုံးများပေါ်တွင် ဆီပြန်ကာပြောင်လက်နေသော ဆော့စ်တို့က အညီအမျှ ဖုံးအုပ်ထားသည်။
ဝက်ဗိုက်သား၏အသားရနံ့သည် ပြင်းထန်သော အဆီများအသားရနံ့ဖြင့်ဆော့စ်ထဲသို့ လုံး၀ပေါင်းစပ်ထားသည်။ သို့တိုင် အရသာရှိပြီး လိုက်ဖက်ညီသည်၊ ချိုသော်လည်း မအီ၊ ဆော့စ်က ဆန်လုံများတွင် ကပ်နေပြီး ဆန်လုံးတစ်ခုစီက ချိုပြီးလေးသွားသည်။
ဤအရသာက ထမင်းဖြူပန်းကန်လုံးကြီးတစ်လုံးကိုယူပြီး ဆော့စ်ပျစ်ပျစ်ပေါ် လောင်းထည့်ကာ မွှေမွှေ၍ အားလုံးကိုစားရန် မစောင့်နိုင်တော့အောင်ဖြစ်စေ၏။
ရှဲ့ရွှင်းကအံ့သြစွာပြောသည်။
"ဝက်သားက ဒီလိုအရသာမျိုး လုပ်နိုင်တယ်ပေါ့"
"ဒီအသားကို အထင်မသေးနဲ့...ကျွန်မမှာ စဉ်းစားထားတာတွေ အများကြီးရှိတယ်"
ရှဲ့ရွှင်း ယနေ့က သူမအတွက် လှုံ့ဆော်မှုဖြစ်သွားသည် ထင်ပြီးပြောလိုက်၏။
"ဒီလို အစားအသောက်မျိုးက စားသောက်ဆိုင်တွေအတွက် မသင့်တော်ဘူး"
ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး
"မဟုတ်ဘူး... ဝက်သားစတူးက ပိုသင့်တော်တယ်... ဆန်ကြမ်းပန်းကန်လုံးကြီးတစ်လုံး၊ ဝက်သားစတူးနဲ့ ဆော့စ်၊ ဟင်းသီးဟင်းရွက်စိမ်းတွေနဲ့ ရောထားတဲ့ ကြက်ဥ... အဲဒါက ဆာလောင်မှုကို သက်သာစေတယ်"
ရှဲ့ရွှင်က ခေါင်းညိတ်လိုက်ပြီး ကျန်းရှုယောင်အား အိုးထဲကကျန်သည်ကို လင်းရှီ ဆီကို အရသာမြည်းရအောင် ပို့ခိုင်း၏။ သူမရှေ့က ဤဝက်သားပန်းကန်ပြားဖြင့် လင်းရှီ စားသောက်ဆိုင်ဖွင့်ရန် မစဉ်းစားဟု သူ မယုံပေ။
သူတို့နှစ်ယောက် ထမင်းစားပြီးသောအခါ ကျန်းရှုယောင်က ဂနာမငြိမ်ဖြစ်နေဆဲဖြစ်ကြောင်း ရှဲ့ရွှင်း မြင်လိုက်ရသည်။သူ သူမကိုပြောလိုက်၏။
"စိတ်မပူပါနဲ့ ယောက္ခမ နားလည်မယ်လို့ ငါယုံကြည်တယ်”
ကျန်းရှုယောင်က မသေချာမရေရာဖြစ်ပြီးမေးလေသည်။
"ကျွန်မအမေနဲ့ ထပ်ပြီးဆွေးနွေးရမလား... ဒီနေ့တွေ့ခဲ့ရတာတွေကို ပြောပြလိုက်မယ်"
လင်းရှီသည် ယခင်ကသူမကဲ့သို့ သာမန်လူများ၏နေ့စဉ်လိုအပ်ချက်များကို နားမလည်သည့်အပြင် ဤလုပ်ငန်းကို စိတ်မဝင်စားမှာကို သူမစိုးရိမ်ခဲ့သည်။
"မင်းအမေက မင်းနဲ့တူတယ်လို့ မင်းထင်လား"
ရှဲ့ရွှင်း လုံးဝမစိုးရိမ်ဘဲ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်သည်။
သူ့ကိုထိုသို့မြင်သောအခါ ကျန်းရှုယောင် ငြိမ်သက်သွား၏။
ခဏအကြာတွင် လင်းရှီက ကျန်းရှုယောင်ကို သူမ၏ ခြံဝင်းသို့ ဖိတ်ခေါ်ရန် တစ်ယောက်ယောက်ကို စေလွှတ်လိုက်သည်။ ကျန်းရှုယောင်၏ ပထမဆုံး တုံ့ပြန်မှုသည် ရှဲ့ရွှင်းကို ပြန်ကြည့်ခြင်း ဖြစ်သည်။
ရှဲ့ရွှင်းက ပြုံးပြီးဆိုလိုက်၏။
"သွား...စိတ်မပူနဲ့"
ကျန်းရှုယောင်က ခေါင်းညိတ်လိုက်ပြီး အစေခံနောက်ကို လိုက်သွားခဲ့သည်။
ကျန်းရှုယောင် လင်းရှီ၏အခန်း သို့ရောက်သောအခါ သူမက ပြတင်းပေါက်အပြင်ဘက်သို့ငေးကြည့်နေသည်။ သူမဘာတွေတွေးနေလဲ ရှင်းရှင်းလင်းလင်းမသိရပါချေ။
"မေမေ"
ယနေ့မနက်တွင် အမေနှင့်သမီး အနည်းငယ် အငြင်းအခုံဖြစ်ခဲ့ကြသော်လည်း ကျန်းရှုယောင်က ပြုံးနေဆဲဖြစ်သည်။ သူမကို ယခုလိုမြင်လိုက်ရသောအခါ လင်းရှီ စိတ်ခံစားချက်များ ပိုကောင်းလာမိတော့၏။
လင်းရှီက ဘာမှပြန်မပြောမီ ကျန်းရှုယောင်ကဆိုလိုက်သည်။
"အခုလေးတင် ရှဲ့ရွှင်းက ကျွန်မကို မြို့အပြင်ဘက်ကို ခေါ်သွားတာ...ကျွန်မလက်ရာက အရမ်းကောင်းတယ်ဆိုတာ သဘောပေါက်သွားရတယ်"
လင်းရှီက အံ့သြသွားပြီး
"သူက မင်းကို အဲဒီကို ခေါ်သွားတယ်လား"
"ဟုတ်"
ထိုအချိန်တွင် ကျန်းရှုယောင်လည်း ရှဲ့ရွှင်းက အလွန်သစ္စာစောင့်သိကြောင်းကို ခံစားခဲ့ရသည်။
"သူက ကျွန်မကို စားသောက်ဆိုင်တချို့နဲ့ အစားအသောက်ဆိုင်တွေဆီ ခေါ်သွားတဲ့အတွက် စားသောက်ဆိုင်ဖွင့်ခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်လာပါတယ်"
လင်းရှီ၏ အာရုံစူးစိုက်မှုသည် ရှဲ့ရွှင်း သူမ၏သမီးကို အရပ်သားဈေးသို့ ခေါ်ဆောင်ကာ သူမ၏မျက်နှာကို ပြသခွင့်ပြုခြင်းတွင် အာရုံစိုက်နေဆဲဖြစ်သည်။ကျန်းရှုယောင် အတော်လေး စိတ်လှုပ်ရှားနေသည်ကိုမြင်သောအခါ သူမ မပြုံးဘဲမနေနိုင်မိ။
"ဒါဆို ငါ့ကိုပြောပြလေ"
"ဥပမာ- စွပ်ပြုတ်ရောင်းတဲ့ဆိုင်က ဈေးကမနည်းပေမယ့် အရသာက မကောင်းဘူး...ကျွန်မလုပ်ရင် ပိုကောင်းလိမ့်မယ်...သင်္ဘောလုပ်သားတွေက ခွန်အားကို ရောင်းပြီး ဝင်ငွေရှာကြတယ်..သူတို့အတွက် စားတာက သူတို့ရဲ့ ခွန်အားကို ဖြည့်တင်းဖို့ပဲ... ဒါပေမဲ့ စျေးနှုန်းတူပြီး ဒီထက်အရသာရှိတဲ့ အစားအစာတွေကို ဘယ်သူက မစားချင်မှာတဲ့လဲ"
လင်းရှီ စိတ်ထဲမှာ မရေရာသည့် အတွေးတွေ ဝင်လာပြီး သူမကို ကြည့်ရင်းဆိုလိုက်၏။
"ဘာတွေလဲ"
"အရသာလည်းရှိတယ်... ဆိပ်ကမ်းကဆိုင်တွေမှာ ငါးစွတ်ပြုတ်ကို အညှီနံ့နည်းနည်းနဲ့ ရောင်းတယ်... ခေါက်ဆွဲဆိုင်က ခေါက်ဆွဲကို အရိုးပြုတ်ရည်နဲ့ ချက်ပြုတ်ပြီး အသားပြုတ် အနည်းငယ်သာ ပေးတယ်...ချက်ပြုတ်တဲ့ လုပ်ငန်းစဉ်ကို ဘယ်သူမှ သိပ်ဂရုမစိုက်ဘူး...အရသာရှိတဲ့အစားအသောက်တွေကို မြို့တော်က ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာပဲ မြည်းစမ်းနိုင်တယ်လို့ ထင်ရပေမဲ့ သာမန်အစားအစာတွေကို အနုစိတ်လွန်းစရာမလိုဘဲ အရသာရှိအောင် ပြုလုပ်နိုင်တယ်"
ကျန်းရှုယောင် ဤကိစ္စကို ပထမတစ်ခါပြောတုန်းက လင်းရှီမှာ ထိုအတွေးမျိုး ရှိ၏။ ယခုအချိန်မှာ သူမက စိတ်မလှုပ်ရှားဘဲ ဖြည်းဖြည်းလေး တွေးပြီးပြောလိုက်သည်။
"နင်သာဆိုရင် ဘာလုပ်မှာလဲ"
ကျန်းရှုယောင် သူမ၏ အမေးကို နားထောင်ပြီး မျှော်လင့်ချက် အနည်းငယ် ရှိလာသည်။
“အများကြီးလုပ်စရာ မလိုပါဘူး... အသားအတွက်ပဲ လှည့်ကွက်မျိုးစုံ လုပ်နိုင်တယ်... အသားချည်းပဲလည်း မလိုပါဘူး... သက်သတ်လွတ်ဟင်းတွေမွှေကြော်လုပ်လို့လည်း ရပါတယ်...ခေါက်ဆွဲတွေလည်း ရှိတယ်...တွဲဖက်ကို အလွယ်တကူ ပြောင်းလို့ရတယ်...ကြက်သားခေါက်ဆွဲ၊ ပါးပါးလှီးထားတဲ့ အသားနဲ့ ခရမ်းချဥ်သီးခေါက်ဆွဲ၊ ဝက်သားလွှာခေါက်ဆွဲနဲ့ချဉ်ဖတ်စသဖြင့်ပေါ့..."
လင်းရှီ၏ စိတ်ထဲတွင် အစီအစဥ်က တဖြည်းဖြည်း ရှင်းလင်းလာသည်။
"လင်းမိသားစု ဆိပ်ကမ်းရဲ့ စားသောက်ကုန်လုပ်ငန်းကို နင်ထိန်းချုပ်ချင်လား"
“ဆိပ်ကမ်းတင်မက တခြားနေရာတွေလည်း ပါပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မိသားစုက စားသောက်ကုန်လုပ်ငန်းမှာ ပါ၀င်နေတယ်ဆိုရင် ပြန်ရောင်းဖို့ မလိုပါဘူး... တိုက်ရိုက်ချက်ပြုတ်ရင် အလယ်မှာအလွှာတွေ ကိုင်တွယ်ဖြေရှင်းစရာ မလိုတော့ဘူး... အရည်အသွေးမြင့်ပြီး စျေးသက်သက်သာသာနဲ့ လူတွေကို ကိုယ်တိုင်ချက်ပြုတ်ရတဲ့ အားကို သက်သာစေတယ်”
လင်းရှီက ခေါင်းငုံ့ကာ သူမခေါင်းထဲမှာ အလားအလာကို တွက်ချက်ပြီးဆိုလိုက်သည်။
"ဒါက ကောင်းပါတယ်...ဒါပေမဲ့ ငါတို့ စားသောက်ဆိုင် ဖွင့်ရင် ကျန်တဲ့ အစားအသောက် ရောင်းတဲ့ လူတွေက အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး"
ကျန်းရှုယောင် ဤကိစ္စကို မတွေးမိသဖြင့် အံ့ဩသွားသည်။
လုပ်ငန်း၏ရည်ရွယ်ချက်က ငွေရှာဖို့ဆိုလျှင် လင်းရှီက သိပ်စိတ်မပူပါချေ။ သို့သော် ဤလုပ်ငန်းသည် သာမန်ပြည်သူအတွက်သာဖြစ်ပြီး ထိုစားသောက်ဆိုင်များသည်လည်း သာမန်ပြည်သူတို့၏ လုပ်ငန်းဖြစ်သည်။ လင်းမိသားစုသည် မထင်မှတ်လောက်အောင် ချမ်းသာကြွယ်ဝပြီး အကျိုးအမြတ်အတွက် လူများနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ပေ။
ကျန်းရှုယောင် တိတ်ဆိတ်နေသည်ကိုမြင်သောအခါ လင်းရှီက ရယ်မောပြီး စကားပြောတော့မည်ပြုလိုက်၏။ သို့ပေမဲ့ ကျန်းရှုယောင်က ရုတ်တရက် ထပြောသည်။
"ဒါက ကွက်တိပဲ မဟုတ်လား"
"ကျွန်မတို့ စားသောက်ဆိုင်မှာ ပါဝင်ဖို့ စာချုပ်ချုပ်နဲ့ စာချုပ်ချုပ်ရင် သူတို့ကို ပါ၀င်ခွင့် ပေးနိုင်တယ်...လင်းမိသားစုက လူအင်အား နည်းပါးနေတယ်... သူတို့ကလည်း ဒီလုပ်ငန်းမှာအတွေ့အကြုံ ရှိပြီးသား... သူတို့ကို သင်ပေးတာက အစကနေစတာထက်ပိုမြန်ဆန်တော့ အချိန်ကုန်သက်သာစေမယ်...ကျွန်မတို့က ခိုလှုံခွင့်ပေးလိုက်မယ်... ပြီးတော့ သူတို့ဆိုင်ကို တစ်ယောက်ယောက်က လာရိုက်ချိုးမှာအတွက်လည်း စိတ်ပူစရာ မလိုဘူး...ဒါက နှစ်ဘက်လုံးအတွက် အကောင်းဆုံးပဲလေ"
ကျန်းရှုယောင်က အတိအကျမပြောသော်လည်း လင်းရှီကစီးပွားရေးတွင် အလွန်ထူးချွန်သူဖြစ်သည်။ သူမစကားကြားပြီးနောက် မျက်လုံးများ တောက်ပလာသည်။ ထို့အပြင်၊ ကျန်းရှုယောင်က လုပ်ငန်း၏ ယေဘုယျမူဘောင်ကို အကြမ်းဖျင်းဖော်ပြလိုက်သည်။သူမ ၎င်းကို ပိုတွေးလေ၊ သူမ ပို၍ စိတ်လှုပ်ရှားလာသည်။
သူမ၏ကိုယ်ဝန်ဆောင်ဗိုက်ကို ကိုင်ထားရင်း မတ်တတ်ထရပ်ပြီး ကျန်းရှုယောင်၏ စကားကို နားထောင်နေသကဲ့သို့ နှစ်ကြိမ် ခေါက်တုံ့ခေါက်ပြန် လျှောက်သွားရင်း သူမကိုယ်သူမလည်းပါးစပ်ကပြောနေသေး၏။
"စိတ်မပူနဲ့ ...စိတ်မပူနဲ့... အဲဒါကို ဖြည်းဖြည်းချင်း ဆွေးနွေးသင့်တယ်...တစ်ကြိမ် တစ်ခု"
သူမက ကုလားထိုင်ပေါ်ပြန်ထိုင်ပြီး ကျန်းရှုယောင်ကိုပြောသည်။
"နင်တွေးနိုင်သမျှ စိတ်ကူးတွေကို ချရေးချေ... ဖြစ်နိုင်မလား ငါကြည့်မယ်"
ထိုအချိန်တွင် သူမက အနည်းငယ် စိတ်လှုပ်ရှားသွားကာ
"ဖြစ်နိုင်ရင် ငါတို့ရဲ့ဆိပ်ကမ်းကနေ စမ်းကြည့်ရအောင်"
ကျန်းရှုယောင် သူမအမေက သဘောတူသည့်အတွက် အလွန်ပျော်နေပြီး ချက်ချင်း ဆိုလိုက်သည်။
"ဟုတ်ကဲ့"
လင်းရှီလည်း စိတ်လှုပ်ရှားနေပေမဲ့ ကျန်းရှုယောင်ကထိုသို့ဖြစ်နေသည်ကိုမြင်သောအခါ စိတ်ဆိုးဟန်ဆောင်ပြီးပြောလိုက်၏။
"ကောင်းပြီ ...နင်က ငါ့လိုဖြစ်စရာမလိုပါဘူး... စီးပွားရေးလုပ်ရရင် အရမ်းပျော်နေတာ"
ကျန်းရှုယောင် သူမ အဆဲရခံရသလို ခံစားရသည်။ သူမက စီးပွားရေးလုပ်ရသောကြောင့် ပျော်ခြင်းမဟုတ်ဘဲ လင်းရှီက ၎င်းကို သဘောကျသောကြောင့်ဖြစ်သည်။သို့တိုင် လင်း ရှီက ထိုသို့ တွေးလျှင် ငြင်းခုံချင်နေမှာ မဟုတ်ပေ။
ကျန်းရှုယောင် လင်းရှီ၏အခန်းထဲမှ ထွက်လာပြီးနောက်ထိ သူမ၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားခြင်းမရှိပေ။ရှဲ့ရွှင်း သူမကိုမြင်သောအခါ သခင်မရှန်းယန်နားလည်သွားကြောင်း သိလိုက်သည်။
သူလည်း သူမအတွက် နည်းနည်းပျော်သွားပြီးပြောလိုက်၏။
“မင်း အခု စိတ်ပူစရာ မလိုတော့ဘူး”
ကျန်းရှုယောင်က မျက်ခုံးပင့်ကာ ပြုံးပြပြီးဆိုလာသည်။
"စိတ်ပူရမှာပေါ့... စိတ်ပူစရာ ရှိတယ်...ဟင်းချက်နည်းကို ကြိုစားပမ်းစား တွေးရမယ်... ပျင်းလို့မရဘူး"
ထိုအချိန်တွင် သူမ စိတ်အားထက်သန်လွန်းနေ သဖြင့် ရှဲ့ရွှင်း၏ပခုံးကို ပုတ်ကာဆိုလိုက်၏။ "ဟင်းပွဲမြည်းရမဲ့တာဝန်ကို ရှင့်လက်ထဲ အပ်လိုက်မယ်"
ဟင်းလျာများမြည်းစမ်းခြင်းနှင့် ပတ်သက်လာလျှင် ကျန်းရှုယောင် တကယ်ကို ရှင်းရှင်းလင်းလင်း မသိပေ။
ထိုနေ့ရှဲ့ အိမ်တော်သို့ပြန်သွားသောအခါတွင် သူတို့နှစ်ဦး၏ညစာသည် စမ်းသပ်ဟင်းလျာဖြစ်သည်။ ကျန်းရှုယောင်က ရိုးရာဝက်သားနုတ်နုတ်စဥ်းကြော်နှင့် ဝက်သားချပ်များအပြင် အစားအသောက်ပေးပို့ခြင်းလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော အဝါရောင်ကြက်သားနှပ်ကဲ့သို့သော အခြားဟင်းလျာများလည်း စားရလျှင်ကောင်းမည်ဟုတွေးမိခဲ့သည်။
ကြက်သားကို အပိုင်းပိုင်းလှီးဖြတ်ပြီး ရှီတာ့မှို၊ ကြက်သွန်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကိုပါ လှီးလိုက်၏။ ငရုတ်ကောင်းစိမ်းမပါလျှင် အဝါရောင် ကြက်သားနှပ်၏ အစပ်အရသာကို ငရုတ်ကောင်းအနည်းငယ်နှင့် ယာယီအစားထိုးနိုင်သည်။
ထို့နောက် အိုးထဲသို့ ဆီထည့်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ တို့ကို ဆီပူထိုးပြီး ကြက်သားတုံးများကို ထည့်ကာ ဖြည်းဖြည်းချင်း ကြော်ရသည်။ ကြက်သားတုံးများ အရောင်ပြောင်းသောအခါ ဆန်ဝိုင်၊ အဝါရောင်ဆော့စ်ခြောက်၊ ပဲငပိ၊ ပဲပိစပ်အနှစ်၊ ပဲငံပြာရည်၊ ရှာလကာရည်အချိုနှင့် ငရုတ်သီးမှုန့်တို့ကို ပေါင်းထည့်သည်။ ထို့နောက် ရှီတာ့မှိုထည့်ကာ မွှေကြော်သည်။
သူမ မှိုစိမ်သည့် ရေကို မသွန်ပစ်ခဲ့ပေ။ ပါဝင်ပစ္စည်းများကို မွှေပြီးနောက် အိုးထဲသို့ ရေလောင်းထည့်လိုက်သည်။ ပြီးရင် မီးကို လျှော့ပြီး ခဏလောက် တည်ထားလိုက်၏။
အခြားအရာများထဲတွင် ကျန်းရှုယောင်၏ငံပြာရည် ပြုလုပ်ခြင်းပညာသည် ပထမအဆင့်ဖြစ်သော်လည်း ၎င်းကို ကစော်ဖောက်ရန် အချိန်မလုံလောက်သည့်အတွက် ဝမ်းနည်းစရာဖြစ်သည်။ မဟုတ်ပါက မီးဖိုခန်းငယ်အနီးတွင် ငံပြာရည်အိုးတန်းတစ်ခု ဖြည့်နိုင်မည်ဖြစ်သည်။
ကြက်သားတုံးများကို မီးနည်းနည်းဖြင့် ချက်သည်ကို စောင့်နေစဉ် ကျန်းရှုယောင် ငံပြာရည်အိုးသေးသေးလေးကို သက်တောင့်သက်သာရှိစွာ ကြည့်လိုက်သည်။ ငံပြာရည်စက်ရုံ တည်ထောင်ရန် နည်းလမ်းရှိမရှိကို သူမ တွေးနေမိသည်။
စတူးက ကျခါနီးပြီဖြစ်သဖြင့် အဝါရောင်ကြက်သားကို မြေအိုးထဲပြောင်းပြီး အဖုံးအုပ်ပြီး ဖြည်းဖြည်းချင်း နှပ်ထားလိုက်၏။
မြေအိုးထဲမှာ ချက်ထားသည့် ကြက်သားက အလွန်နူးညံ့သည်။ မီးအေးအေးဖြင့် နှပ်ပြီးနောက် ငံပြာရည်က အသားထဲသို့ စိမ့်ဝင်သွားကာ ဟင်းရည်သည် ထူထဲသောအရသာရှိမည်ဖြစ်သည်။ အချိုရည်ကိုစုပ်ယူပြီးနောက်၊ ဟင်းရည်ပျစ်ပျစ်က ကြက်သားတုံးများကိုထုပ်ပိုးထားပြီးအရသာရှိလိမ့်ပေမည်။ ထမင်းနှင့်တွဲစားနိုင်သလို စွပ်ပြုတ်နှင့်လည်းစားလို့ရ၏။
ကျန်းရှုယောင်က အစေခံတွေကို မြေအိုးထဲမှာ ဟင်းလျာတွေကို တိုက်ရိုက်တည်ခင်းခိုင်းသည်။ မြေအိုးက ကြက်သား၏ အပူနှင့် နူးညံ့မှုကို ထိန်းထားနိုင်သည့် အကြွင်းအကျန်အပူချိန်ကို ထိန်းသိမ်းထားသည်။
ရှဲ့ရွှင့် မြေအိုးကို မြင်သည်နှင့် သူတံတွေးကို မမျိုချဘဲမနေနိုင်ပေ။ နေ့လည်ခင်းတုန်းက ဝက်သားစတူးကို မြေအိုးနှင့်လုပ်ခဲ့သည်။ အရသာက အလွန်ကောင်းသဖြင့် နေ့လည်ကတည်းကကို စွဲလန်းနေဆဲဖြစ်၏။
မြေအိုးထဲကို ကြည့်လိုက်သောအခါ ဝက်သားစတူးနှင့်ဘာမှမဆိုင်သည်ကို တွေ့လိုက်ရသည်။
အဝါရောင်ကြက်သားနှပ်ကိုမှ ဟင်းရည်နှင့်ဖြစ်၏။ ဟင်းရည်၏အရောင်က မှောင်နေပေမဲ့ အလွန် ရှင်းလင်းသည်။ မျက်နှာပြင်ပေါ်တွင် ပါးလွှာသောဆီများ ပေါလောမြောနေကာ ရှီတာ့မှိုအမြှောင်းထူထူများနှင့်အတူ မွှေးကြိုင်သောရနံ့က လတ်ဆတ်သော်လည်း မပြင်းပါချေ။
ကျန်းရှုယောင် အစာမစားမီအမူအကျင့်များကို မကြာခဏ လျစ်လျူရှုကာ စကားတစ်ခွန်းမှမပြောဘဲ သူမ၏ တူများကို ရွှေ့လိုက်သည်။ရှဲ့ရွှင်းလည်း ကျင့်သားရနေပြီဖြစ်ကာ လျင်မြန်စွာ နောက်က လိုက်ခဲ့သည်။
ပထမဆုံး ကြက်သားတစ်တုံးကို ယူလိုက်၏။ ကြက်သားက အလွန်နူးညံ့ပြီး အရိုးနှင့်အသားကို အလွယ်တကူ ခွဲထုတ်နိုင်သည်။ ပထမဆုံးအကိုက်မှာ လတ်ဆတ်ပြီး ချောမွေ့နေပေမဲ့ ပျော့စိသွားသည်အထိ နှပ်ထားခြင်းမဟုတ်ဘဲ ကြက်သား၏မူလအရသာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်၏။
ရှီတာကီမှို၏ရနံ့က ကြက်သားတုံးများထဲကို စိမ့်ဝင်ပြီး အညှီအနံ့ကို ဖယ်ရှားကာ လတ်ဆတ်မှုကို ပိုမိုကောင်းမွန်စေသည်။ ပဲပိစပ်အခြေခံ ဟင်းရည်က တစိမ့်စိမ့်အရသာရှိပြီး လတ်ဆတ်ကာ အလွန်မြိန်သလို အငန်လည်းအနေတော်ဖြစ်သည်။ယင်းက ကြက်သား၏ အမွှေးရနံ့ကိုလည်း မပျောက်စေပါချေ။
ဆီရွှဲခြင်း နှင့် ချိုသောအရသာကို ပိုအာရုံစိုက်သည့် ဝက်သားနှပ်များနှင့် မတူဘဲ အဝါရောင် ကြက်သားနှပ်သည် အငန်အရသာကို ပိုအာရုံစိုက်သည်။
ဟင်းရည် ကြက်သားထဲသို့ စိမ့်ဝင်သွားသည်မှာ ထင်ရှားသော်လည်း စေးကပ်ခြင်းမရှိပေ။ ကြက်သားတုံးများကို ဟင်းရည်ပျစ်ပျစ်တို့ ရစ်ပတ်ထားခြင်းမရှိပါဘဲ အရသာက နူးညံ့ပြီး လတ်ဆတ်နေဆဲဖြစ်၏။
ရှဲဲ့ရွှင်း ကြက်သားအတုံးအနည်းငယ်ကို ကိုက်လိုက်ပြီး ရှီတာကီမှိုကို ယူလိုက်သည်။
ရှီတာကီမှိုများသည် ထူထဲသော်လည်း နူးညံ့ပြီး ထူးခြားသောအနံ့ရှိသည်။ ငံပြာရည်မှရနံ့နှင့် ကြက်သားအရသာတို့ ရောစပ်ထားသည်။ မှို၏ရနံ့သည် သိသိသာသာ ပျောက်ကွယ်သွားပြီး စားရအလွန်လွယ်ကူလာသည်။
အဝါရောင် ကြက်သားနှပ်တစ်ကိုက်၊ ထမင်းတစ်ကိုက် စားလိုက်ဖြင့် ထမင်းတစ်ဝက်ခန့် မြန်မြန်ကုန်သွားသည်။
ရှဲ့ရွှင်းသည် ကျောင်းတက်စဉ်က နှိုင်းစာဗေဒကိုကောင်းကောင်း သင်ယူတတ်မြောက်ခဲ့ပြီး အစားအသောက်မှာလည်း သိပ်မဆိုးလှပေ။ ငံပြာရည်နှင့်ရောထားသည့် ထမင်းအရသာကို သိပြီးနောက် ကြက်သားဟင်းရည်ကို သူ မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
ဇွန်းကို ကောက်ယူပြီး ဟင်းရည်တစ်ဇွန်းကို လှမ်းယူလိုက်သည်။ ပါးစပ်နားတေ့ကာ အပူ ပြေပျောက်စေရန် ညင်သာစွာမှုတ်ပေးသည်။ သူ့ပါးစပ်ထဲဝင်သွားပြီးနောက် ပူနွေးသောအပူရှိန်သည် လည်ချောင်းမှ ဗိုက်ထဲသို့ စိမ့်ဝင်သွားပြီး မွှေးရနံ့က သူ့နှုတ်ခမ်းနှင့် ပါးတို့ကို လွှမ်းသွားသည်။
ဟင်းရည်က အနည်းငယ် ငန်ပေမဲ့ ထမင်းနှင့်စားလျှင် တကယ်ကောင်းလေသည်။
ဟင်းရည်က ကြည်လင်ပြီး ငန်ကာအနံ့အရသာနှင့် ပြည့်စုံ၏။ ထမင်းကို ဟင်းရည်တွင်စိမ်ပြီး ပျော့သွားစေသောကြောင့် အသားနှင့် မှိုအရသာများကို အပြည့်အဝစုပ်ယူနိုင်သည်။ ယင်းက အသားအရသာရော လန်းဆန်းစေမှုပါရှိ၏။
အလုတ်အနည်းငယ်စားပြီးနောက် အဝါရောင်ကြက်သားနှပ်သည် အနည်းငယ်စပ်သောအရသာရှိသော်လည်း ခပ်ပါးပါးသာရှိကြောင်း သိလိုက်ရသည်။ သူ့နှုတ်ခမ်းနှင့် သွားကြားတွင် အစပ်အရသာအနည်းငယ်ရှိ၍ အရသာနှင့်ပြည့်စုံကာ ၎င်းကို မကြိုက်မဖြစ်စေပါချေ။
ရှဲ့ရွှင်း သူ့ရှေ့က အစားအစာအားလုံးကို တစ်ခါတည်းအကုန် စားလိုက်ပြီး သူ့နဖူးပေါ်မှ ချွေးအလွှာပါးလေး ထွက်လာသည်။ သူအင်မတန် သက်တောင့်သက်သာခံစားရ၏။
ကျန်းရှုယောင်က သူမ၏တူများကို ရပ်လိုက်ပြီး "ဘယ်လိုလဲ" ဟု မေးသည်။
"ဟင်းကငန်ပြီး မွှေးတယ်...ကြက်သားက အရသာရှိပြီး နူးညံ့တယ်...အရမ်းစားကောင်းတယ်"
ကျန်းရှုယောင်က ခေါင်းညိတ်၍ သူမအစီအစဥ်ကို ပြောပြ၏။
"ဒီဟင်းအပြင် အသားဟင်းပေါင်းများစွာကို ပြင်ဆင်ဖို့အတွက် ငါးနဲ့ ဝက်သားကိုလည်း သုံးမယ်... ကျန်တာတွေကတော့ အသီးအရွက်ဟင်းလျာတွေနဲ့ စွပ်ပြုတ်တွေဖြစ်ပြီး အားလုံးကို ဟင်းလျာအိုးကြီးတစ်လုံးနဲ့ အစားအသောက်ဗန်းထဲမှာ ထည့်ထားပေးမယ်... ဆန်ကိတ်နဲ့ ဘန်းမုန့်ကို အဓိက အစားအစာအဖြစ် အသုံးပြုပြီး ဟင်းအမယ် အနည်းငယ်ကို စိတ်တိုင်းကျ ရွေးချယ်နိုင်မယ်...စောင့်ဆိုင်းရန် မလိုအပ်ဘူး... အစားအသောက်ရောင်းချသူတွေက သူတို့ကို ခပ်ပြီး ထမင်းပန်းကန်ပေါ်မှာ ဒါမှမဟုတ် ပန်းကန်ပြားပေါ်မှာ လောင်းထည့်ပေးနိုင်တယ်... အသားနဲ့ အသီးအရွက်တွေက သင့်လျော်ပြီး အရသာလည်း ကောင်းတယ်"
ရှဲ့ရွှင်းက ဂရုတစိုက်နားထောင်ပြီး ခေါင်းညိတ်ကာ သဘောကျစွာပြောသည်။
"ဒီနည်းလမ်းက အသစ်အဆန်းပဲ...ဒါပေမဲ့ ဟင်းအိုးအကြီးကြီးတစ်လုံးကို အကြိမ်တိုင်းလုပ်ရင် အရသာမပျက်ဘူးလား"
"ဘယ်ပျက်မလဲ... ကျွန်မဒီနေ့ အိုးကြီးတစ်လုံးလုပ်ထားတာ"
ကျန်းရှုယောင်က အဝါရောင်ကြက်သားနှပ် တစ်ဝက်ကျန်နေသည့် မြေအိုးကို ညွှန်ပြ၏။
"ဒါကို ရှင်မနက်ဖြန်နေ့လည်စာစားရမှာ"
ရှဲ့ရွှင်း မြေအိုးကို ကြည့်လိုက်သည်။ အိုးကြီးတစ်အိုးဖြစ်ပေမဲ့ အရသာမပျက်ခဲ့ပေ။
"ကောင်းပြီ... မနက်ဖြန် ထပ်မြည်းစမ်းကြည့်မယ်...လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေနဲ့ နွှေးထားတဲ့ဟာနဲ့ ကွာဟချက် ရှိမရှိ ကြည့်ရအောင်"
ရှဲ့ရွှင်းက ကျန်းရှုယောင်၏ အတွေးများကို လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ကျန်းရှုယောင်က ပမာဏကို ထိန်းချုပ်ရန် အလွန်စိတ်လှုပ်ရှားနေပြီး အိုးကြီးတစ်လုံးကို မတော်တဆ ချက်မိခဲ့သည်ကို ရှဲ့ရွှင်းကဲ့သို့တွေးနေယောင်ဆောင်ကာ လေးနက်စွာ ခေါင်းညိတ်ပြခဲ့သည်။
'အကျန်တွေကို ရှဲ့ရွှင်း ရှင်းပါစေ...သူ့ကို မရှင်းပြတာ ပိုကောင်းပါတယ်'
Xxxxxx