(7) ကျွန်တော်သာ ကောကောရဲ့ညီ မဟုတ်ခဲ့ရင်...
ရုန်ကျန်း ရုန်ရုန်ကို ခပ်ဖျော့ဖျော့စိုက်ကြည့်လာတယ်။
“မင်းငယ်ငယ်တုန်းက ငါ
အများကြီးစောင့်ကြည့်ခဲ့ဖူးတယ် မဟုတ်ဘူးလား”
အဝတ်အစားဝတ်ထားတဲ့ပုံစံ၊ အဝတ်ဗလာနဲ့ ခန္ဓာကိုယ်၊
ဗိုက်သားကိုရော၊ နောက်ကျောဘက်ကိုရော၊ ဘေးတိုက်လှဲနေတာကိုရော၊သွားရည်ကျနေတာကိုရော၊
လက်ချောင်းတွေစုပ်တယ်၊ ခြေချောင်းတွေကို ကိုက်တယ်...
အချိန်တွေဖြတ်သန်းတာမြန်ဆန်လွန်းတယ်။ နူးညံ့မွှေးကြိုင်တဲ့
နှင်းပေါက်ဆီလုံးလေးက မျက်တောင်တဖြတ်အတွင်း အရွယ်ရောက်လာခဲ့ပြီ။
“မတူဘူးလေ ! ကောကောလည်း အဲဒါက
ကလေးဘဝတုန်းကဆိုတာ ပြောခဲ့တာပဲမလား!!”
ရုန်ကျန်းက ရုန်ရုန်ကို ထူးမခြားနားတဲ့ အကြည့်နဲ့
စောင်ခြုံပေးလိုက်တယ်။
“အတူတူပဲ.. အရင်တုန်းကပဲဖြစ်ဖြစ်
အခုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ညီလေးဖြစ်နေတုန်းပဲ”
ရုန်ရုန်ရဲ့နှလုံးသားက ရုပ်ချည်းပြုတ်ကျသွားခဲ့ရတယ်။
သူ့ရဲ့ လက်ချောင်းထိပ်တွေက
စောင်ကိုတင်းကြပ်စွာဆုတ်ကိုင်ထားမှုကြောင့် ဖြူလျော်နေခဲ့ပေမဲ့
သူ့ရဲ့နှုတ်ခမ်းတွေကို ပြုံးနေစေဖို့ ဖိအားပေးထားတုန်းပဲ။
“ဒါဆို ကျွန်တော်က
ကောကောရဲ့ညီလေးမဟုတ်ဘူးဆိုရင်ရော ကောကောအခုလိုမျိုး
ကောင်းကောင်းဆက်ဆံပေးနေဦးမှာလား”
တကယ်တမ်းမှာတော့ ရုန်ရုန်အနေနဲ့ ဒီအဖြေကို
သူ့ရဲ့အရင်ဘဝမှာကတည်းက သိနေခဲ့ပြီးသားပါပဲ။
ဒါပေမဲ့ ဒီဘဝမှာတော့ ခြားနားသွားပြီလေ ။ ဟုတ်တယ်မလား?
သူက ဒီဘဝမှာ သူ့အစ်ကိုရဲ့မွေးနေ့ကို မနှောင့်ယှက်ခဲ့သလို
ကျိုးယွီကြောင့်လည်း သူ့အစ်ကိုနဲ့ ရန်မဖြစ်ခဲ့ဘူး။ ဒါကြောင့် သူတို့ရဲ့ကြားထဲက
ဆက်ဆံရေးကလည်း မယိုယွင်းခဲ့ဘူးလေ။
အဖြေက ဒီတစ်ကြိမ်မှာတော့ ခြားနားနေမှာလား?
ရုန်ကျန်း ခပ်တိုးတိုးပြောလာတယ်။
“တကယ်လို့ဆိုတာမရှိဘူး”
“ဒါက
ဒီအတိုင်းဖြစ်နိုင်ခြေနဲ့မေးတဲ့မေးခွန်းမျိုးပဲလေ.. တကယ်လို့ ကျွန်တော်သာ
ကျွန်တော့်မိဘတွေရဲ့ ကလေးမဟုတ်ခဲ့ရင်.. ကောနဲ့ ကျွန်တော်က သွေးသား မတော်စပ်ခဲ့ရင်
.. ကော....”
ရုန်ကျန်း နားထောင်ကြည့်လေလေ သူ့မျက်ဝန်းတွေက
ပိုပြီးနက်မှောင်လာလေလေပဲ။
သူ့ညီလေးက အကာအကွယ်ကင်းမဲ့နေသလို ခံစားနေရတာကို သူဘာလို့
သတိမပြုမိခဲ့တာလဲ?
သူနဲ့ မိဘတွေ ကိုယ်ပိုင်အရေးကိစ္စတွေနဲ့
အလုပ်ရှုပ်နေချိန်မှာ သူ့ညီလေးက ဘာတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလဲ?
ရုန်ကျန်း လက်ကိုမြှောက်ကာ
ရုန်ရုန်ရဲ့ခေါင်းကိုပွတ်ပေးလိုက်တယ်။ သူ့ရဲ့လှုပ်ရှားမှုတွေကတော့
သဘာဝမကျသလိုဖြစ်နေဆဲ။
သူက ခိုင်ခံ့တည်မြဲတဲ့အသံနဲ့ ပြောလိုက်တယ်။
“ဘာတွေပဲဖြစ်လာပါစေ မင်းက ငါ့ရဲ့ညီလေးပဲ”
“ကောကော ဒီနေ့ပြောခဲ့တဲ့ စကားတွေကို
မှတ်ထားရမယ်နော် ! အမ်..”
ရုန်ရုန်အနေနဲ့ ရုန်မိသားစုရဲ့ သခင်ငယ်လေးအစစ်
ထွက်ပေါ်လာချိန်မှာ သူ့အစ်ကိုက သူ့ကိုညီအရင်းတစ်ယောက်လို ဆက်ပြီး
ဆက်ဆံပေးနေဖို့ကို မမျှော်လင့်ထားပါဘူး။ သူ့ရဲ့အစ်ကိုနဲ့ သူ့မိဘတွေက သူ့ကို
သဘောမကျမဖြစ်ပဲ အနာဂတ်မှာ သူတို့ဆီကို အလည်လာခွင့်လေးပေးမယ်ဆိုရင်.. ဒါက သူ့အတွက်
တော်တော်ကြီး လုံလောက်နေပါပြီ!
ရုန်ရုန် သူ့ရဲ့အစာအိမ်က နာကျင်နေဆဲဆိုတာကိုမေ့သွားပြီး
စိတ်လှုပ်ရှားစွာနဲ့ ထထိုင်လိုက်မိတာကြောင့် အစာအိမ်က ပြင်းပြင်းထန်ထန်
လှုပ်ရှားလိုက်ရပြီး နာကျင်မှုကြောင့် သတိလက်လွတ်ညည်းလိုက်မိတယ်။
ရုန်ကျန်း မျက်မှောင်ကြုတ်မိသွားတယ်။
“နာနေတုန်းပဲလား”
“မဟုတ်ဘူး မဟုတ်ဘူး မနာတော့ပါဘူး
လုံးဝမနာတော့ဘူး!”
ရုန်ကျန်း သူ့ကို ဆေးရုံသို့ပို့မှာကြောက်တာကြောင့်
အလျှင်အမြန်ငြင်းလိုက်တယ်။
ရုန်ကျန်း အလေးအနက်ပြန်လိုက်တယ်။
“ရုန်ရုန် အစာအိမ်ဆေးသောက်ထားတာတောင်
မသက်သာသေးရင် ငါ့ကိုသေချာပေါက်ပြောရမယ်.. မင်းရဲ့ခန္ဓာကိုယ်က ဟာသလုပ်စရာမဟုတ်ဘူး”
ရုန်ရုန် ဟန်ဆောင်ပြီး သန်းပြလိုက်တယ်။
“ကျွန်တော်သိပါတယ်.. အာ.. အိပ်ချင်နေပြီ
..ကော ကျွန်တော်အိပ်တော့မယ်”
“အိပ်တော့”
ရုန်ကျန်းကတော့ ထွက်ခွာသွားဖို့ အစီအစဥ်မရှိသေးဘူး။
ရုန်ရုန် လက်လျှော့လိုက်ပြီ။
ကြည့်ရတာ သူ့အစ်ကိုက တကယ်ကြီးသူအိပ်ပျော်သွားပြီးမှ
ထွက်သွားဖို့ စီစဥ်ထားတဲ့ပုံပဲ။
ပထမတုန်းကတော့ ရုန်ရုန်အနေနဲ့
သူ့ကိုတစ်စုံတစ်ယောက်မှစိုက်ကြည့်နေရင် အိပ်ပျော်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။
ဒါကြောင့် မူလတုန်းက အိပ်ချင်ယောင်ဆောင်နေဖို့ပဲ တွေးထားခဲ့တာ။
ဆေးရုံက အခုလေးတင်ကမှ ဆင်းလာခဲ့ရပြီး ခန္ဓာကိုယ်ကလည်း
အပြည့်အဝမကုစားပေးနိုင်သေးလို့ဖြစ်နိုင်တယ်။ ဒါမှမဟုတ်
အစာအိမ်အပြင်းအထန်နာကျင်မှုကိုဖြတ်ကျော်သွားပြီးချိန်မှာ ခန္ဓာကိုယ်က
ပင်ပန်းနွမ်းနယ်သွားခဲ့တာကြောင့်လည်းဖြစ်နိုင်တယ်။ ခဏလောက်အကြာမှာတော့ ရုန်ရုန်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီ။
အသက်ရှူသံမှန်မှန် ထွက်ပေါ်လာတယ်။
သူ အိပ်ပျော်သွားတဲ့ အချိန်မှာတောင် ရုန်ရုန်က
မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး သက်သာသွားတဲ့လက္ခဏာမျိုးမပြသခဲ့ဘူး။
ဒီဖရဲသီးခေါင်းလေးက တစ်နေကုန် ဘာတွေများစဥ်းစားနေရတာလဲ။
ရုန်ကျန်း စိတ်အနှောင့်အယှက်ဖြစ်စွာ
နှုတ်ခမ်းကိုဖိလိုက်မိပြီး လက်ချောင်းတွေကိုဆန့်ထုတ်ကာ
ရုန်ရုန်ရဲ့မျက်ခုံးကြားနေရာလွတ်လေးကို ပြေလျော့သွားအောင်
ဖိပွတ်ပေးလိုက်တယ်။ရုန်ကျန်း ခုတင်ဘေးမှာပဲ ခဏလောက်ဆက်ထိုင်နေခဲ့ပြီး
သူ့ရဲ့လက်ထောက်လျို့ရှင်းဆီကို စာပို့လိုက်တယ်။
“ငါ ညနေပိုင်းမှာ လုပ်စရာရှိနေလို့
ကုမ္ပဏီကိုမလာဘူး.. မနက်ဖန်အစည်းအဝေးအတွက်
ဋ္ဌာနတစ်ခုချင်းစီကသုံးမဲ့အချက်အလက်တွေကို ငါ့ mailဆီကို
ကော်ပီတစ်စုံစီပို့ပေးလိုက်.. လက်မှတ်ထိုးစရာရှိရင် အလုပ်ပြီးတဲ့အချိန်
ငါ့အိမ်ကိုလာပို့ပေး”
ဖုန်းတစ်ဖက်မှာတော့ လျို့ရှင်းတစ်ယောက်
သူ့ရဲ့ဖုန်းကိုစိုက်ကြည့်ကာ အချိန်အကြာကြီးအတွေးနက်နေခဲ့တယ်
ဒီရက်ပိုင်း ဥက္ကဋ္ဌရဲ့ပျက်ကွက်ရက်တွေက တိုးလာသလားလို့?
ရုန်ရုန် အိပ်ပျော်သွားတာသေချာပြီး ခဏလေးအတွင်း
ပြန်မနိုးလာနိုင်လောက်ဘူးဆိုတာကိုအတည်ပြုပြီးနောက် ရုန်ကျန်းခန်းဆီးစကို
အရင်ချလိုက်ပြီး တံခါးကို ငြင်သာစွာပိတ်ကာ အပြင်ကိုထွက်လာခဲ့တယ်။
“အမွှေးလုံးလေး အဆင်ပြေလား”
ရုန်ကျန်း ရုန်ရုန်ရဲ့အခန်းထဲကထွက်လာတာနဲ့ ရုန်ဝေ့ရှန်က
တိတ်တဆိတ်ချည်းကပ်လာကာ အသံတိုးတိုးနဲ့မေးလာတယ်။
ရုန်ကျန်းရဲ့စိတ်ပိုင်းဆိုင်ရာသန်မာမှုကိုကျေးဇူးတင်ရမယ်။
သူ လန့်ဖြန့်မသွားခဲ့ဘူး။
ရုန်ကျန်း ရုန်ရုန်ရဲ့အခန်းကိုစိုက်ကြည့်ကာ ပြန်ဖြေတယ်။
“အစာအိမ်နာနေတာ.. အစာအိမ်ဆေးနဲ့
အကိုက်အခဲပျောက်ဆေးတော့သောက်ထားတယ်”
“ပြင်းထန်လား? ကြည့်ရတာ
မင်းအမေရဲ့မှော်နက်အတတ်က တိုးတက်လာပြန်ပြီထင်တယ်.. ကံကောင်းလို့
အခြေအနေမမှန်တာကိုသတိထားမိလိုက်လို့ပေါ့.. ငါ မကြိုးစားခဲ့တာ”
ရုန်ဝေ့ရှန်ကတော့ သူ ကပ်ဘေးကိုရှောင်ရှားနိုင်ခဲ့တဲ့အပေါ်
ဝမ်းမြောက်နေဟန်ရှိတယ်။
ရုန်ကျန်း:.....
ဒီနည်းလမ်းနဲ့ စမ်းသပ်လိုက်တာလား?
ထိုအချိန်ကျမှ ရုန်ပါးပါးက သူ့ရဲ့သားငယ်လေးအကြောင်းကိုလည်း
ဂရုစိုက်သင့်ကြောင့် တွေးတောမိသွားဟန်ရတယ်။
“ရုန်ရုန် နာနေတုန်းပဲလား..
ဆေးရုံကိုခေါ်သွားဖို့မလိုဘူးလား”
ရုန်ကျန်းတည်ငြိမ်စွာပြောလာတယ်။
“ အရင်စောင့်ကြည့်ကြတာပေါ့.. အခု
ကျွန်တော့်ရဲ့တိတိက အိပ်ပျော်နေပြီ.. သူနိုးလာတဲ့အချိန်မှကြည့်ရမယ်..
နာနေသေးရင်တော့ ဆေးရုံကိုခေါ်သွားရအောင်”
ရုန်ဝေ့ရှန် သဘောတူစွာခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ”
“ကျန်းအာ? ဒီမှာရှိနေသေးတာပဲ မင်းဒီနေ့
ကုမ္ပဏီကိုသွားဖို့မလိုဘူးလား”
မစ်ရုန်က လှေကားပေါ်မှ သံပရာရည်ဖန်ခွက်ကို
ကိုင်ရင်းတက်လာခဲ့တယ်။ သူမရဲ့သားကြီး အိမ်မှာရှိနေတုန်းပဲဆိုတာကိုမြင်တော့
သိချင်စိတ်နဲ့ မေးလိုက်တယ်။
ရုန်ကျန်းခေါင်းလှည့်ကြည့်လိုက်ပြီး ပြန်ဖြေတယ်။
“အမ်.. ဒီနေ့ ကုမ္ပဏီမှာ
အရေးကြီးကိစ္စမရှိဘူးလေ.. ဒါကြောင့်မသွားတာ”
“အမှန်ပဲ.. လူငယ်တွေက အလုပ်လုပ်မဲ့အချိန်နဲ့
အနားယူဖို့အချိန်ကို ခွဲခြမ်းဖို့သိသင့်တယ်.. မားက မင်းကို
နေ့တစ်ဝက်လောက်အနားယူခိုင်းတာတောင် မင်းကအသတ်ခံရတော့မလိုဖြစ်နေတတ်တာလေ.. အခုတော့
မင်းကိုယ်တိုင် အနားယူဖို့ကိုသိလာပြီပေါ့.. ကောင်းတာပဲ”
ရုန်ဝေ့ရှန်က သူ့သားပြီးရဲ့ပုခုံးကို စိတ်သက်သာရာရစွာ
အသာပုတ်လိုက်တယ်။
အတိတ်မှာတုန်းက သူသည်လည်း အချိန်တွေမလောက်ဘူးလို့
အမြဲတမ်းခံစားခဲ့ရတယ်။ သူက သူ့ရဲ့အချိန်တွေ စွမ်းအင်တွေကို အလုပ်မှာပဲ
မြှပ်နှံထားခဲ့တာ။
ရုန်ဝေ့ရှန် ဒီနှစ်မှာငရဲပြည်ရဲ့ဂိတ်တံခါးဝဆီကို
လျှောက်လမ်းမိတော့မလို မကြာခဏဖြစ်နေခဲ့တာ။
ပိုက်ဆံရှာတာက အဆုံးမရှိဘူး။ ဒီကမ္ဘာပေါ်မှာ ကျန်းမာရေးထက်
အရေးကြီးတာ ဘာများရှိနေလို့လဲ?
ရုန်ကျန်း သူ့အမေလက်ထဲမှ သံသရာရည်ဖန်ခွက်ကို
အာရုံစိုက်နေမိတယ်။
“မား.. မင်းလက်ထဲကဟာက....”
“ ရုန်ရုန်က ညသာစားတုန်းက
နည်းနည်းလောက်အလွန်အကျွံစားမိသွားတယ်မလား? မား အန်တီဝူကို အစာကြေဖို့အတွက်
ဘာလုပ်ရမလဲဆိုတာမေးခဲ့တာလေ.. အန်တီဝူက မားကို သံပရာရည်ဖျော်နည်းသင်ပေးလို့
မားလုပ်လာခဲ့တယ်”
ရုန်ဝေ့ရှန် ဇနီးသည်ရဲ့စကားကိုကြားကြားချင်းပဲ
သူ့ရဲ့သားငယ်လေးအတွက် ချွေးတွေစိုနစ်လာရတယ်။
ရုန်ကျန်း ထိုဖန်ခွက်ဆီကိုလက်လှမ်းလိုက်တယ်။
“မား ရုန်ရုန်က အိပ်ပျော်နေပြီ..
ကျွန်တော့်ကိုပေးလိုက်လေ.. ကျွန်တော် အောက်ထပ်ကိုယူသွားပေးမယ်..
ရုန်ရုန်နိုးလာတဲ့အချိန်သောက်လို့ရတာပေါ့”
ရုန်ကျန်းရဲ့စကားတွေက ပြည့်စုံလွန်းတာကြောင့်
မစ်ရုန်သံသယအဝင်ခဲ့ဘူး။ သူမက သူ့ဆီကို သံပရာရည်ဖန်ခွက်ပေးလိုက်ပြီး:
“ဒါဆို
ရေခဲသေတ္တာထဲကိုထည့်ထားဖို့မမေ့နဲ့နော်.. ရုန်ရုန် နိုးလာရင်ပေးလိုက်ဦး”
ရုန်ကျန်း:”....အိုခေ”
သူ ထွက်မသွားခင်မှာ သူ့အဖေဆီကို တစ်ချက်လှမ်းကြည့်လိုက်တယ်။
ရုန်ဝေ့ရှန်ကလည်း ချက်ချင်းပဲ သူ့ဇနီးသည်ရဲ့ပုခုံးကို
လှမ်းဖက်လိုက်တယ်။
“လောင်ဖော မင်း တစ်နေ့လုံးအလုပ်ရှုပ်နေတာ
ပင်ပန်းနေမှာပေါ့.. လာ.. ကိုယ်မင်းကို အနားယူဖို့ခေါ်သွားပေးမယ်”
ထိုစုံတွဲထောင့်စွန်းမှ ကွယ်ပျောက်သွားတာနဲ့ ရုန်ကျန်း
သံပရာရည်ကို ကော်ရစ်တာမှာရှိနေတဲ့ အစိမ်းရောင်အပင်ရဲ့အိုးဆီကို
လောင်းထည့်လိုက်တယ်။
သူ့အမေကို နှလုံးသားထဲကနေတောင်းပန်ပါတယ်။
ဒါပေမဲ့ သူ သူ့ညီငယ်လေးရဲ့ ခန္ဓာကိုယ်ကို ပိုပြီး
ဂရုစိုက်နေတုန်းပဲ။
“ရုန်ရုန် ထတော့”
“အမွှေးလုံးလေး....”
သူ့ရဲ့ပါးက ယားယံလာတာကြောင့် ပင်စိမ်းလေးက
သူ့ပါးကိုပွတ်သပ်လာပြန်ပြီလို့တွေးမိကာ ဝေဝေဝါးဝါးနဲ့ ပြောလာတယ်။”ပင်စိမ်းလေး.. ပြသနာမရှာနဲ့.. ပါးပါးပိုပြီးအိပ်ပါရစေဦး.. ပြီးရင်
မင်းအတွက် အစာဝယ်ဖို့အတွက် အလုပ်သွားရဦးမယ်လေ”
သူ့လက်က သတိလက်လွတ်နဲ့ အကောင်လေးရဲ့ခေါင်းလေးဆီ
လှမ်းပွတ်ပေးလိုက်တယ်။
လက်ဖဝါးဆီမှအထိအတွေ့က အနည်းငယ်ကြမ်းကာ
ကြောင်ပြာလေးရဲ့အမွှေးတွေလို နူးညံ့မနေခဲ့ဘူး။
သူ့သားပေါက်လေးက သန္ဓေပြောင်းသွားတာလား!
ရုန်ရုန် ချက်ချင်းပဲ မျက်လုံးဖွင့်လိုက်တယ်။
သူ့ရဲ့မျက်လုံးကိုဖွင့်လိုက်ချိန်မှာပဲ ရုန်ကျန်းရဲ့
ထောင့်ချိုးညီတဲ့ မျက်နှာနဲ့ သူ့ရဲ့ သေသပ်စွာဖြီးသင်ထားတဲ့ဆံပင်ကိုတွေ့လိုက်ရကာ
ထိုခပ်ကွေးကွေးဆံပင်တွေက မျက်လုံးဖမ်းစားနိုင်လွန်းတယ်။
ရုန်ရုန် တံတွေးမြိုချလိုက်မိတယ်။
သူ သူ့အစ်ကိုကို ကြောင်တစ်ကောင်လို ဆက်ဆံလိုက်မိတာလား?