Ch 8
Viewers 24k

(8)ငါ မင်းနဲ့အတူသွားမယ်

 

အိပ်ခန်းထဲမှာ အိမ်မွေးတိရိစ္ဆာန်မွေးထားတာလား

 

အဓိကတရားခံဖြစ်တဲ့ ရုန်ရုန်ရဲ့ ရှက်လွန်းလို့ ဝိဥာဥ်မိုးပေါ်အထိလွင့်သွားတော့မလိုဖြစ်နေတာနဲ့ယှဥ်ရင် သားကောင်ဖြစ်တဲ့ရုန်ကျန်းက ပိုပြီးတည်ငြိမ်နေခဲ့တယ်။

 

ပင်စိမ်းလေးဆိုတဲ့နာမည်က လူသားနာမည်နဲ့တော့မတူဘူး။

 

ပင်စိမ်းရဲ့အကြောင်းကိုတွေးမိတော့ ရုန်ရုန် ခဏလောက် စိတ်ဓာတ်ကျနေမိတယ်။ သူ ထွက်လာပြီးတဲ့နောက်မှာ ပင်စိမ်းလေးအဆင်ပြေပါ့မလားဆိုတာ သူမသိဘူး။

 

သူက အချိန်တိုင်းအပြင်ကိုထွက်သွားနေရပြီး အိမ်ကိုလည်းနောက်ကျမှပြန်ရောက်လာတတ်တာကြောင့် ပင်စိမ်းအတွက် ကြောင်စာတွေ၊ အဟာရတောင့်တွေနဲ့ ရေတွေကို အမြဲအပြည့်ဖြည့်ထားပေးတတ်တယ်။

 

ဒါပေမဲ့ ထိုဝတုတ်လေးက စားနိုင်လွန်းတယ်။ ကြောင်စာနဲ့ရေတွေက ထိုသားပေါက်လေးအတွက် နှစ်ရက်ထက်ပိုပြီးမခံလောက်ဘူး။

 

သားပေါက်လေးက ဥာဏ်ကောင်းတာကြောင့် စားသောက်ဖို့လိုက်ရှာနိုင်ပြီး ကြောင်စာအိတ်တွေကို ကိုက်ဖွင့်လိမ့်မယ်။

 

သူငှားထားတဲ့အိမ်ထဲမှာ ကြောင်စာနှစ်ထုပ်ရှိပြီး အိမ်ငှားခကတော့ လကုန်အထိပဲ ပေးရသေးတယ်။

 

အနည်းဆုံးဘယ်လောက်ကြာနေလောက်မလဲ...

 

အမွှေးလုံးလေး?

 

ရုန်ရုန်ရဲ့အဖြေကိုမကြားရတာကြောင့် ရုန်ကျန်း သံသယဝင်လာတယ်။

 

ရုန်ရုန်က မငြငးဆန်ပဲ ပြုံးလိုက်တယ်။

 

အင်း ကြောင်ဝတုတ်လေးတစ်ကောင်ပါ

 

သူ့ရဲ့အခန်းထဲမှာ ကြောင်ရှိလားမရှိဘူးလားဆိုတာကို သူ့အစ်ကို အနည်းငယ်လောက်စုံစမ်းကြည့်ရင်သိနိုင်တာကြောင့် ရုန်ရုန် မယုတ်မလွန်ဖြေလိုက်တယ်။

 

ရုန်ရုန်အနေနဲ့ လိမ်ပြောလို့ရတယ်။ ပင်စိမ်းလေးဆိုတာ သူ ကျောင်းတက်တုန်းက အစာကျွေးနေကျဖြစ်တဲ့ လေလွင့်ကြောင်လေးဖြစ်တဲ့အကြောင်း ၊ ဒါမှမဟုတ် သူ့သူငယ်ချင်းမွေးထားတဲ့ကြောင်ဖြစ်ကြောင်း စတာတွေနဲ့ပေါ့။

 

ဒါပေမဲ့ သူမလုပ်ချင်ဘူး။

 

သူ ပင်စိမ်းလေးကို လေလွင့်ကြောင်လို့မခေါ်ချင်သလို ၊ တစ်စုံတစ်ယောက်ရဲ့ကြောင်လို့လည်းမပြောချင်ဘူး။ ဒါက ပင်စိမ်းလေးရဲ့တည်ရှိမှုကို ဖျောက်ဖျက်ပစ်သလိုဖြစ်သွားလိမ့်မယ်

 

သူ အဲလိုမျိုးမလုပ်နိုင်ဘူး။

 

ရုန်ကျန်း အနည်းငယ် ရှုပ်ထွေးသွားတယ်။

 

ငါမှတ်မိတာမှန်ရင် မင်းအရင်တုန်းက ကြောင်တွေကို သဘောမကျဘူးလားလို့

 

ရုန်ရုန် စိတ်လှုပ်ရှားစွာပြောတယ်။

 

ပင်စိမ်းက မတူဘူး!

 

ရုန်ကျန်းရဲ့မျက်လုံးထဲက အနည်းငယ်ကြောင်အမ်းသွားသလို အကြည့်မျိုးကိုမြင်တော့ ရုန်ရုန် လေသံလျော့ကျသွားတယ်။ သူက သူ့ရဲ့ခေါင်းကိုအသာငုံ့ကာ ခပ်တိုးတိုးထပ်ပြောလိုက်တယ်။

 

ဘာပဲ​ဖြစ်ဖြစ် ပင်စိမ်းက တခြားကြောင်တွေနဲ့ ခြားနားတယ်

 

သူ့ရဲ့အတိတ်ဘဝတုန်းက ပင်စိမ်းကသာ သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ပဲ။

 

တကယ်လို့မတော်တဆမှုသာ မဖြစ်ခဲ့ရင် သူ့အနေနဲ့ ပင်စိမ်းလေးကိုပြုစုကျွေးမွေးနဲ့ရင်းပဲ သေဆုံးသွားခဲ့လိမ့်မယ်

 

အိမ်မွေးတိရိစ္ဆာတွေရဲ့ပိုင်ရှင်အားလုံးက သူတို့ရဲ့အကောင်လေးတွေကသာ အထူးတလည်အဖြစ်ဆုံးလို့ ခံစားရတတ်တာပဲလေ။ ဟုတ်တယ်မလား?

 

ရုန်ကျန်းက ဘယ်တုန်းကမှ မမွေးခဲ့ဖူးပေမဲ့ သူ့အလုပ်ထဲမှာ ၊ သူနဲ့ပူးပေါင်းဆောင်ရွက်တဲ့သူတွေထဲမှာ ခွေးချစ်သူ ကြောင်ချစ်သူတွေအများကြီးနဲ့ တွေ့ဆုံခဲ့ဖူးတယ်။ ဒါကြောင့် ရုန်ရုန်ရဲ့အတွေးကို သူနားလည်နိုင်တယ်။

 

ရုန်ကျန်း ရုန်ရုန်နဲ့ ထိုအကြောင်းကိုမဆွေးနွေးတော့ဘူး။

 

မင်း တစ်ညနေလုံးအိပ်နေတာလေ.. အောက်ကိုအရင်ဆင်းပြီး ညစာမစားဘူးလား

 

ရုန်ရုန်က သူအကြာကြီးအိပ်ခဲ့မိတယ်ဆိုတာကိုသိပေမဲ့ ရုန်ကျန်းထံမှ သူတစ်နေကုန်အိပ်နေခဲ့ကြောင်းသိလိုက်ရချိန်မှာ အံ့သြတကြီးဖြစ်သွားရတယ်။

 

ကျွန်တော် အဲလောက်တောင်အိပ်ပျော်သွားတာလား

 

ရုန်ကျန်းလည်း စိတ်ထဲကနေ တစ်ဖက်လူက အတော်လေးအိပ်နိုင်ကြောင်းကို ထောက်ခံသဘောတူလိုက်တယ်။

 

ဗိုက်အောင့်နေတုန်းပဲလား

 

ရုန်ရုန် အသာထိကြည့်လိုက်တယ်။

 

ကြည့်ရတာ.. ထပ်မအောင့်တော့ဘူးထင်တယ်

 

ရုန်ကျန်း ခေါင်းညိတ်လိုက်တယ်။

 

ဆေးက အစွမ်းထက်ပုံပဲ

 

ဟုတ်မယ်

 

ရုန်ကျန်း ထရပ်လိုက်တယ်။

 

အောက်ကိုဆင်းပြီး စားဖို့လုပ်ရအောင်.. ငါတို့မိဘတွေ စောင့်နေပြီ

 

ကောင်းပါပြီ

 

ရုန်ရုန် စောင်ကိုလှစ်ပြီး အိပ်ယာထဲမှထွက်လိုက်တယ် ။ ပြီးနောက် တစ်ဝက်လောက်မှာပဲ တုံ့ဆိုင်းစွာနဲ့ ခေါင်းကိုမော့ကြည့်လိုက်တယ်

 

ကောကော ဒီညက .. မားမားလား အန်တီဝူလား

 

ရုန်ကျန်း သူ့ကိုစိုက်ကြည့်လိုက်တယ်။

 

နေ့လည်တုန်းကတော့ မားရဲ့လက်ရာကို တက်တက်ကြွကြွနဲ့စားနေတာမလား.. ငါက မင်း မားရဲ့လက်ရာကိုကြိုက်တယ်လို့ထင်နေတာ

 

ကျွန်တော် ကြိုက်ပါတယ်!

 

သူ့အနေနဲ့ ထိုဟင်းက အဆင်ပြေပြီးသိပ်မဆိုးဘူးလို့ထင်တယ်။

 

သူ့အစာအိမ်က သိပ်မကောင်းသေးတဲ့အတွက် ဖိအားမပေးချင်သေးရုံပါပဲ။

 

ရုန်ကျန်းကတော့ သူ့ညီလေးက ခေါင်းမာလွန်းတယ်လို့ တွေးနေတယ်။

 

ဒီည အန်တီဝူတစ်ယောက်တည်းပဲချက်တာ

 

ရုန်ရုန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။

 

သူအခုလေးတင်မှ ပြန်ရလာတဲ့အသက်လေးကို ယာယီကယ်ဆယ်လိုက်နိုင်ပြီ။

 

 

ယဲ့ဖန်ဘား။

 

ဟဲယွီက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ အခန်းတစ်ခန်းဖွင့်ကာ အလှလေးတွေကိုပါ ခေါ်ယူထားခဲ့တယ်။

 

ဒီလူချမ်းသာသခင်လေးတွေ စကားပြောတဲ့အချိန်မှာ ဘယ်သူကတော့ အကန့်အသတ်ထုတ်ပြိုင်ကားအသစ်ဝယ်လိုက်ကြောင်း၊ ဘယ်သူက ကြည်ပွင့်လေးကို မွေးစားဂရုစိုက်ပေးနေကြောင်း၊ ဘယ်သူက ဘယ်ကျွန်းစွယ်ကိုရရှိသွားကြောင်းနဲ့ ဘယ်သူက ကယ်ဆယ်ရေးလေလံပွဲတွေမှ ပစ္စည်းတချို့ဝယ်ခဲ့ကြောင်း စတဲ့စကားမျိုးတွေသာဖြစ်နေတယ်။

 

လေလံပွဲအကြောင်းရောက်သွားတော့ လူတိုင်းက ရုန်မိသားစုရဲ့အကြီးဆုံးသခင်လေးရုန်ကျန်းရဲ့မွေးနေ့ပွဲမှာ သူထိုးထားခဲ့တဲ့ ဂဏန်းခုနှစ်လုံးစာ ရင်ထိုးအကြောင်းကို ထည့်ပြောလာကြတယ်။

 

ထို ဂဏန်းခုနှစ်လုံးတန်ကြေးရှိတဲ့ရင်ထိုးကိုပေးခဲ့တဲ့ ရုန်ရုန်ရဲ့အကြောင်းကိုရောပဲ။

 

သူတို့က ညီအစ်ကိုနှစ်ယောက်ကို သဟဇာတမဖြစ်ကြောင်း ပြောခဲ့ကြတယ်။ ညီတစ်ယောက်က သူ့အစ်ကိုရဲ့မွေးနေ့လက်ဆောင်ကို ဂဏန်းခုနှစ်လုံးတန်တဲ့ ရင်ထိုးပေးတာက မသင့်တော်ဘူးလေ။ တကယ်လို့ သူတို့သာ နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ရင် ဟယ်လီကော်ပတာ ဖြစ်ဖြစ် အပျော်စီးရွက်လှေဖြစ်ဖြစ်ပေးသင့်တာမလား?

 

သို့သော်လည်း ရုန်ဝေ့ရှန်က ရုန်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌကြီးဖြစ်နေဆဲဆိုပေမဲ့  တကယ်တမ်းမှာ ကုမ္ပဏီကို ရုန်မိသားစုရဲ့အကြီးဆုံးသခင်လေး ရုန်ကျန်းဆီကို လက်လွှဲထားပြီးပြီဆိုတာကို လူတိုင်းကသိနေကြတယ်။ ရုန်ကျန်းကသာ ရုန်လုပ်ငန်းစုရဲ့ တကယ့်ခေါင်းဆောင်ပဲ။

 

ရုန်ရုန် သူ့အစ်ကိုကို တန်ဖိုးကြီးမားတဲ့ ရင်ထိုးတစ်ခုပေးခဲ့တဲ့အပြုအမူက သူ့အနေနဲ့ သိပ်မတုံးအ,သေးဘဲ သူ့အစ်ကိုကို ကျေနပ်အောင်လုပ်ပေးသင့်ကြောင်းသိသေးတယ်ဆိုတာကို ပြရုံသက်သက်ပဲ။

 

ရုန်ရုန်ရဲ့စရိုက်က ဆိုးရွားလွန်းပေမဲ့  သူ့အပေါ်နာခံတဲ့လူတွေကိုတော့ သူက သဘောထားကြီးကြောင်းပြသပေးသေးတယ်လေ။

 

သူတို့အပြင်ကိုထွက်တဲ့အချိန်တိုင်း ရုန်သခင်လေးက ဘယ်တုန်းက ပိုက်ဆံမရှင်းပေးတတ်လို့လဲ?

 

ဒီတော့ တစ်ယောက်က အကြံပြုလာတယ်

 

ဟေး .. ရုန်ရုန် ဆေးရုံကဆင်းလာပြီလို့ ငါကြားထားတယ်.. အားယွီ.. မင်း ရုန်ရုန်ကို လှမ်းခေါ်ပြီး နည်းနည်းလောက်သောက်ဖို့ မဖိတ်ခေါ်ချင်ဘူးလား

 

မင်းက ရုန်သခင်လေးကိုဖိတ်ခေါ်မလို့လား? သူ့ကိုဖိတ်ခေါ်ပြီးရင် ငါတို့တွေ ဘာလို့ ပါတီပွဲတိုက်ရိုက် မကျင်းပလိုက်ရမှာလဲ?

 

မင်းမြင်နိုင်တယ်လို့ မပြောနဲ့နော်..ဟား ဟားဟား ..ဟဲယွီသာ ဒီမှာရှိနေရင် ငါတို့ညီအစ်ကိုက ဘယ်တုန်းကများ ပိုက်ဆံပေးချေရတဲ့အလှည့်ကို ရောက်လို့လဲ!

 

တစ်စုံတစ်ယောက်က ချက်ချင်း လောဆော်လာတယ်:

 

အားယွီ .. မင်း ရုန်သခင်လေးကို လှမ်းခေါ်ပေးနိုင်မလား?

 

အားယွီ လုပ်လိုက်တော့.. မင်းခေါ်လိုက်တာနဲ့ ငါတို့ ပိုက်ဆံပေးချေရဖို့သက်သာသွားတော့မှာနော်

 

တကယ်တမ်းမှာ ဒီအခန်းဖွင့်ထားတဲ့လူတွေက ပိုက်ဆံချို့တဲ့နေတဲ့သူတွေမဟုတ်ဘူး။ ဒီမှာရှိနေတဲ့ဘယ်သူမဆို အလွယ်တကူ ရှင်းပေးလိုက်နိုင်တယ်။ တကယ်လို့သူတို့သာ တခြားလူဆီကအလွယ်တကူဖြုန်းတီးလို့ရနေတာကိုမဖြုန်းတီးဘူးဆိုရင်တော့ သူတို့ကိုယ်သူတို့ အားနာနေရလိမ့်မယ်လေ။ ဟုတ်တယ်မလား?

 

သူတို့တွေထဲမှာ ဟဲယွီက ရုန်ရုန်နဲ့ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ထားတဲ့သူပဲ။

 

သူတို့တွေ ရုန်ရုန်ကိုလှန်းခေါ်တဲ့အချိန်တိုင်းမှာ ရုန်ရုန်က သူတို့ကိုမျက်နှာသာမပေးတတ်ပေမဲ့ ဟဲယွီကတော့ ခြားနားတယ်။

 

ဒီတော့ သူတို့တွေအပြင်ကိုထွက်တဲ့ ဆယ်ကြိမ်မှာ ငါးကြိမ်လောက်က ဟဲယွီကို ရုန်ရုန်ထံသို့လှမ်းခေါ်ဖို့ တိုက်တွန်းကြလေ့ရှိတယ်။

 

ဟဲယွီကိုယ်တိုင်လည်း ထိုသို့တွေးတောလေ့ရှိတယ်။

 

သူ့အနေနဲ့ သူ့အတွက် ပိုက်ဆံဖြုန်းတီးပေးတတ်သူတစ်ယောက်ကို တွယ်ချိတ်ထားနိုင်မှတော့ သူကလည်း ပိုက်ဆံတွေအများကြီးဖြုန်းတီးပေးရမှာပေါ့။

 

သူ့အဖေက သူ့ကိုပိုက်ဆံပေးဖို့အတွက်ရပ်ထားတာကြာပြီဖြစ်ကာ သူ့ရဲ့ကတ်တွေအားလုံးကိုလည်း ပိတ်ထားလေတယ်။ ဒီရက်တွေမှာ သူ့အမေဆီက မသိအောင်ခိုးပေးနေတဲ့မုန့်ဖိုးတွေသာ သူ့ဆီမှာရှိတယ်။

 

သူ့အနေနဲ့ ပိုက်ဆံကို ပေါပေါသီသီသုံးဖြုန်းနေရတာကို နေသားကျနေပြီဖြစ်တာကြောင့် ဒီမုန့်ဖိုးပမာဏလေးက မလုံလောက်တော့ဘူး။

 

တခြားအရာတွေမပါသေးဘဲ သူလက်ရှိသောက်နေတဲ့ဝိုင်ပုလင်းတစ်ခုတည်းကတောင် သူ့အမေပေးထားတဲ့မုန့်ဖိုးနဲ့ မလုံလောက်ဘူး။

 

အရင်တစ်ခေါက်တုန်းက သူရုန်ရုန်ဆီကချေးထားတဲ့ မီလီယံနဲ့ချီတဲ့ပိုက်ဆံတွေကို ပြန်မဆပ်ရသေးတာမဟုတ်ရင် သူ့အနေနဲ့ ရုန်ရုန်ဆီမှ ပိုက်ဆံချေးပြီးသွားပြီ။

 

ဟဲယွီလည်း ရုန်ရုန် ဆေးရုံမှဆင်းလာတဲ့အကြောင်းကို ကြားထားပြီးပြီ။ သူကလည်း ရုန်ရုန် သူ့ကို ဆက်သွယ်လာမဲ့အချိန်ကို စောင့်နေတာပဲမလား?

 

ရုန်ရုန်ဆီမှာ ဝါသနာတွေအများကြီးရှိတယ်။ သူက ဝိုင်နဲ့ရှန်ပိန်တွေ စုရတာကို သဘောကျပြီး သောက်ရတာကိုလည်း ကြိုက်တယ်။

 

ရုန်ရုန်က နာမည်ကြီးတဲ့ ရေမွှေးတွေစုရတာကိုလည်းသဘောကျပြီး စျေးကြီးကြီး  အဖိုးတန်အမျိုးအစားတွေအားလုံးကိုစုလေ့ရှိတယ်။ ဟဲမိသားစုက အမွှေးနံ့သာနဲ့ပတ်သက်တဲ့ ကုန်ကြမ်းအမျိုးအစားတွေကို တင်ပို့ရောင်းချတဲ့စီးပွားရေးကိုလုပ်ကိုင်တာကြောင့် ဟဲယွီက ရုန်ရုန်ကို  အဖိုးတန်အမွေးနံ့သာကုန်ကြမ်းအမျိုးအစားတွေကိုစုဆောင်းဖို့အတွက် ကူညီပေးလေ့ရှိတယ်။ ဒီလိုကိစ္စတွေမှာ သူက ရုန်ရုန်ကို ရေမွှေးနဲ့ပတ်သက်တဲ့ ပရိုဖက်ရှင်နယ်စိတ်ကူးတွေကို ပေးလေ့ရှိတယ်။

 

မဟုတ်ဘဲ ရုန်ရုန်ရဲ့ စရိုက်နဲ့ဆို သူက ဟဲယွီလိုလူနဲ့နီးကပ်လာနိုင်မှာတဲ့လား။

 

မူလတုန်းကတော့ ဟဲယွီရဲ့အတွေးအတိုင်းဆို ရုန်ရုန်ရဲ့ရေမွှေးတွေအပေါ်စွဲလမ်းတတ်မှုကြောင့် ရက်အနည်းငယ်အတွင်း သူ့ကိုရှာပြီး ရေမွှေးရှာခိုင်းလိမ့်မယ်လို့ထင်ခဲ့တာ။

 

ရလဒ်ကတော့ ခုနှစ်ရက်ကျော်သွားတာတောင် သခင်ငယ်လေးက သူ့ကို ဆက်သွယ်မလာဘူး။

 

ဟဲယွီအနေနဲ့ မူလတုန်းက ရုန်ရုန်ကိုလှမ်းခေါ်ဖို့အတွက် သင့်တော်တဲ့အကြောင်းပြချက်မရှာနိုင်ဘူးဖြစ်နေခဲ့တာ။ အခုချိန်မှာ တစ်အုပာစုလုံးက ဝိုင်းဝန်းတိုက်တွန်းလာမှတော့ ပိုပြီးသင့်တော်လာခဲ့ပြီ။

 

ရုန်ရုန်က ကြည့်ရတာ ပေါင်းသင်းဆက်ဆံဖို့ခက်တယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာ သူ့ရဲ့နားရွက်ဆွေက အရမ်းကိုပါးလွှာတယ်*။

 

(T/n_ ပြောရဆိုရလွယ်တယ်)

 

ဟဲယွီက စိတ်ထဲမှာကြိုတွေးထားပြီးပြီ။  ရုန်ရုန်သာ သူ့အတွက် ရှင်းပေးမယ်ဆိုရင် သူ့အနေနဲ့ ပျော်ရွှင်နေမှာဖြစ်ပေမဲ့ လက်ရှိမှာတော့ သူ့ရဲ့အမူအယာကို တုံ့ဆိုင်းနေသလို ဟန်ဆောင်နေတုန်းပဲ။

 

ခေါ်ကြည့်လိုက်ရမလား.. ဒါပေမဲ့ မင်းတို့ သိတဲ့အတိုင်း ရုန်ရုန်က  အရမ်းကိုမောက်မာလွန်းတယ်.. ငါလှမ်းခေါ်ရင်တောင် သူက လာချင်မှလာမှာ

 

လှေကားပေါ်မှာ ရပ်နေမယ်ဆိုရင် မင်းကိုယ်မင်း ကြိုတင်ပြင်ဆင်ထားရမယ်လေ*။

 

(T/n _ အောက်ကနေမမြင်ရအောင် (ass) ကိုကာထားသင့်တယ်)

 

ဒီနည်းအတိုင်းဆို သူ ရုန်ရုန်ကိုမခေါ်နိုင်ခဲ့ရင်တောင် မျက်နှာပျက်ရမှာမဟုတ်ဘူး။

 

ဒီလိုပြောထားပေမဲ့ ဟဲယွီက ရုန်ရုန်ရောက်လာမယ်ဆိုတာကို ၇၀%လောက်ယုံကြည်တယ်။

 

ရုန်ကျန်းရဲ့မွေးနေ့တုန်းက ရုန်ရုန်မှ သူ့ကို အေးစက်စွာစိုက်ကြည့်ခဲ့တာကိုတော့ ဟဲယွီမေ့နေခဲ့တာကြာပြီ။

 

ဟဲယွီရဲ့အတွေးထဲမှာတော့ ရုန်ရုန်က သူ့ရဲ့ကိုယ်ပိုင် ATMကြီးပဲ။

 

အခန်းထဲမှာက ဆူညံနေခဲ့တာကြောင့် သူ အခန်းပြင််ကိုထွက်ပြီး ဖုန်းခဆါ်လိုက်တယ်။

 

***