(9)
ရုန်မိသားစု။
ရုန်ရုန်က
သူ့ရဲ့ကိုယ်ပိုင် ဓာတ်ခွဲခန်းထဲမှာရှိနေခဲ့တယ်။
နွေရာသီပိတ်ရက်မှာ
ကျောင်းမသွားရတာကိုအခွင့်ကောင်းယူပြီး သူ့မွေးစားမိဘတွေနဲ့ အစ်ကိုဖြစ်သူ
အပြင်ကိုထွက်သွားတိုင်းမှာ ရုန်ရုန်က သူ့ရဲ့ ကိုယ်ပိုင်ဓာတ်ခွဲခန်းထဲကိုဝင်ကာ
သူ့ရဲ့မတူညီနဲ့ ဘေဘီလေးတွေနဲ့ ကစားနေလေ့ရှိတယ်။
သူ့ရဲ့အတိတ်ဘဝတုန်းက
မှတ်ဥာဏ်ကိုအခြေခံပြီး သူ့ရဲ့ရေမွှေး” အိပ်ပျော်နေတဲ့အလှလေး”ကိုဖော်စပ်ဖို့ ကြိုးစားနေခဲ့တာ။ စျေးကွက်ထဲကိုရောက်တာနဲ့
သူ့ရဲ့ရေမွှေးက အောင်မြင်မှုတွေအများကြီး ရရှိလာနိုင်အောင်ကြိုးစားရမယ်။
ဒါကသာ
ရုန်ရုန်တွေးတောနိုင်တဲ့ အချိန်တိုအတွင် ငွေအများကြီးရရှိတဲ့တဲ့နည်းလမ်းပဲ။
သူ့ရဲ့မှတ်ဥာဏ်ထဲကအတိုင်းဆိုရင်
လအနည်းငယ်အတွင်း ကျိုးယွီဒဏ်ရာရတာကို သူကယ်ဆယ်ပေးရလိမ့်မယ်။
အရာအားလုံးက
ခွေးသွေးနိုဗယ်ထဲကလိုမျိုးပဲ။
ထိုအတွက်ကြောင့်ပဲ
သူ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ရလိမ့်မယ်။
သူသွေးတွေအများကြီးထွက်ခဲ့တာကြောင့်
သွေးသွင်းဖို့လိုအပ်လာခဲ့တယ်။ ဆေးရုံမှာ သူ့ရဲ့သွေးအမျိုးအစား Oသွေးမရှိခဲ့တာကြောင့် ဆေးရုံက
သူ့မိသားစုတွေကိုဆက်သွယ်ဖို့ အကြံပေးခဲ့တယ်။
ထိုအချိန်မှာ
သူ့ရဲ့မိဘတွေက သူကျိုးယွီနဲ့ပတ်သက်ပြီး သူ့အစ်ကိုနဲ့ဆက်ဆံရေးဆိုးရွားနေခဲ့တာကို
အလွန်မနှစ်မြို့နိုင်ဖြစ်နေကြပြီ။
ဒါပေမဲ့
သူဆေးရုံတက်နေရာတာကိုသိတော့ သူ့မိဘတွေနဲ့ သူ့အစ်ကိုက သူ့ဆီကိုရောက်လာပြီး
မျက်နှာလာပြကြတုန်းပဲ။
နောက်တော့
နိုဗယ်ထဲမှ ခွေးသွေးဖြန်းပက်တဲ့ဇာတ်ဝင်ခန်းတွေက တရားဝင်ဖွင့်လှစ်လာခဲ့တယ်။
သူ့အဖေရဲ့သွေးအမျိုးအစားက
Aဖြစ်ပြီး သူ့အမေနဲ့
အစ်ကိုရဲ့သွေးအမျိုးအစားက ABပဲ။
သူတစ်ယောက်တည်းကသာ Oဖြစ်နေခဲ့တာ။
မိဘတွေက Aနဲ့ ABဖြစ်ရင် ကလေးက Oဖြစ်စရာအကြောင်းမရှိဘူး။
သူ့အစ်ကိုက
သူ့ရဲ့ဆံပင်မွှေးကိုနှုတ်ယူပြီး သူ့မိဘတွေနဲ့ နှိုင်းယှဉ်စစ်ဆေးခဲ့တယ်။
ပြီးနောက်မှာတော့
သူ့ရဲ့ဘဝတစ်လျှောက်လုံးကို စုံစမ်းစစ်ဆေးခဲ့ကြပြီး ရုန်မိသားစုရဲ့ သခင်လေးအစစ်ကို
စတင်ရှာဖွေခဲ့ကြတယ်။
သူထိုအကြောင်းကို
ဘာတစ်ခုမှမသိခဲ့ရသလို ၊ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ နည်းနည်းလောက်တောင်
မလုပ်ရသေးခင်မှာပဲ သူ့ရဲ့မိဘအရင်းလို့ ကိုယ့်ကိုယ်ကိုယ်ပြောလာတဲ့
သက်လတ်ပိုင်းအရွယ်စုံတွဲနဲ့ တွေ့ဆုံခဲ့ရတယ်။
ရုန်မိသားစုက
သူ့ရဲ့ဆေးရုံစရိတ်ကျသင့်ငွေတွေကို ရှင်းပေးခဲ့ပြီးပြီတဲ့။
ရုန်ကျန်းရဲ့လက်ထောက်ဖြစ်တဲ့
လျို့ရှင်းက သူ့ဆီကိုလာပြီး သူဆေးရုံတက်နေစဥ်အတွင်း ဖြစ်ပျက်ခဲ့တာကိုရှင်းပြခဲ့ကာ
သူ့အတွက် ဘဏ်ကတ်တစ်ခုပေးလာခဲ့တယ်။
အထဲမှာရှိနေတဲ့
ငွေကြေးတွေက သူ့ရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို သက်သောင့်သက်သာ
ဖြတ်သန်းနိုင်မှာပါတဲ့လေ။
ထိုအခိုက်မှာ သူ
ဘဏ်ကတ်ကို လျို့ရှင်းဆီကို ပြန်ပစ်ပေးခဲ့ပြီး သူ့မိဘတွေနဲ့တွေ့ချင်တဲ့အကြောင်း
ကယောင်ချောက်ချားနဲ့ အော်ဟစ်ခဲ့မိတယ်။
ရင်းနီးကျွမ်းဝင်မှုမရှိတဲ့
သက်လက်ပိုင်းစုံတွဲက ကြောင်အမ်းပြီး ကြောက်လန့်နေကာ တစ်ချိန်ထဲမှာပဲ သူ့ကို
မနှစ်မြို့မှုတွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
သူတို့တွေ
တွေးနေခဲ့ကြမှာပဲ။ ဘာလို့ သူတို့ရဲ့သားအရင်းက ကြောက်စရာ၊
စိတ်ပျက်စရာစရိုက်မျိုးရှိနေရတာလဲ။ သူတို့ ခက်ခက်ခဲခဲပျိုးထောင်ခဲ့တဲ့
ရုန်မိသားစုရဲ့သားအစစ်လိုမျိုး ကြင်နာနူးညံ့ပြီး စဥ်းစားတွေးခေါ်ပေးတတ်တဲ့သူ
မဟုတ်ခဲ့ရတာလဲ?
သူ ဆေးရုံမှာ
တစ်ရက်လုံးစောင့်နေခဲ့တယ်။
နောက်ဆုံးမှာတော့
သူ့ရဲ့မိဘတွေ ထပ်ပြီ့ပေါ်လာတော့မှာမဟုတ်တဲ့အကြောင်း နားလည်ခဲ့ရကာ
သက်လတ်ပိုင်းစုံတွဲ ခေါ်ဆောင်သွားတာကို လက်ခံခဲ့ရတယ်။
သူ့ရဲ့အတိတ်ဘဝမှာတုန်းက
ရုန်ရုန် သေဆုံးသွားတဲ့အချိန်ထိ မသိခဲ့ဘူး။ ထိုသက်လတ်ပိုင်းစုံတွဲက
သူသတိမထားမိခင်အချိန်မှာ မြေပြင်ပေါ်မှာကျနေတဲ့ ဘဏ်ကတ်ကို
အလျှင်အမြန်ကောင်ယူသွားခဲ့မယ်ဆိုတာကိုပေါ့။
ဒါတွေအကုန်လုံးကို
သူပြန်လည်မွေးဖွားပြီးနောက် ရရှိလာတဲ့မှတ်ဥာဏ်တွေထဲမှာ တွေ့ရှိခဲ့ရတာ။ နောက်ပြီး
သူတို့တွေက ရုန်ရုန်ကို နိုဗယ်ပလော့ထဲမှာ
အမြှောက်စာခံဇာတ်ကောင်အဖြစ် သတ်မှတ်ထားခဲ့တာကိုလည်း သူမသိခဲ့ဘူး။
သူ့ရဲ့အတိတ်ဘဝမှာတုန်းက
ရုန်ရုန် ရုန်မိသားစုဆီမှ ပိုက်ဆံလက်ခံဖို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။
သေချာတာပေါ့။
အခုဘဝမှာလည်း သူလက်ခံသွားမှာမဟုတ်ဘူး။
ရုန်မိသားစုက
သူ့ကို အကြင်နာတရားကြီးမားစွာ ၊ ကောင်းမြတ်စွာပျိုးထောင်ပေးခဲ့ကြတယ်။
သူ့ရဲ့ဘဝသစ်မှာတော့
ရုန်ရုန် ကိုယ့်ကိုယ်ကိုယ်ကျိန်တွယ်ထားခဲ့တယ်။ သူ ကျိုးယွီအတွက် ကိုယ့်ကိုယ်ကိုယ်
ဒဏ်ရာရအောင်မလုပ်တော့ဘူး။ ဒါပေမဲ့ သူက
ရုန်မိသားစုရဲ့ ဒုတိယသခင်လေးအစစ်အကြောင်းကို ပြောင်းလဲပစ်မှာမဟုတ်ဘူး။ တကယ်တမ်းမှာ
သူကသာ တပါးသူရဲ့အသိုက်ကို လုယက်ထားခဲ့တဲ့သူလေ။
သူ့ရဲ့ကတ်ထဲမှာရှိနေတဲ့ပိုက်ဆံတွေက
သူ့မိဘတွေ သူ့ကိုပေးခဲ့တဲ့မုန့်ဖိုးတွေသာဖြစ်ပြီး သူနဲ့ တစ်ပဲနိလေးတောင်
သက်ဆိုင်နေခြင်းမရှိဘူး။
သူ
အချိန်တိုအတွင်းမှာ လုံခြုံစိတ်ချရတဲ့နည်းလမ်းနဲ့
တတ်နိုင်သလောက်ပိုက်ဆံများများရှာပြီးစုထားရမယ်။
အနည်းဆုံး သူ
ရုန်မိသားစုထဲမှ ထွက်ခွာသွားရတဲ့အချိန်မှာ အရင်ဘဝတုန်းကလောက်
အရှက်ရစရာမကောင်းတော့ဘူးပေါ့။ ဒါမှမဟုတ် ဝင်ငွေအနည်းငယ်လောက်ရရှိနိုင်ဖို့
စွန့်စားပြီးအလုပ်လုပ်စရာ မလိုအပ်တော့ဘူးလေ။
သူ့ရဲ့အတိတ်တုန်းကမှတ်ဥာဏ်ကိုအသုံးပြုပြီး
သူ့ကိုပင်စိမ်းလေးပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကိုရှာရမယ်။ ပြီးရင် ပင်စိမ်းလေးအတွက်
အရင်ဘဝတုန်းကထက်ပိုပြီးသက်သောင့်သက်သာရှိစေမဲ့ အိမ်လေးတစ်လုံးပေးရမယ်။
သူ့အနေနဲ့ “အိပ်ပျော်နေတဲ့အလှလေး”အတွက် ဖော်စပ်နည်းအများစုကို
မှတ်မိနေဆဲဖြစ်ပေမဲ့ သူ့ရဲ့လက်ထဲမှာ
ကုန်ကြမ်းတွေအများကြီးရှိမနေခဲ့ဘူး။ နောက်ပြီး အမျိုးမျိုးသောအမွှေးအကြိုင်တွေကို
ရောစပ်ဖို့အတွက်အချိုးအစားတွေကိုလည်း ထပ်ခါတလဲလဲ ပြန်လည်လိုက်ရှာနေဖို့လိုအပ်တယ်။
ထိုအချိန်မှာပဲ
ဖုန်းထမြည်လာပြီး ရုန်ရုန်ရဲ့ရေမွှေးဖော်မြူလာအကြောင်း မှတ်ဥာဏ်တွေကို
ဝင်ရောက်နှောက်ယှက်လာခဲ့တယ်။
သူ လက်ထဲမှ
ဘီကာခွက်ကိုချလိုက်ပြီး စမ်းသပ်ခမ်းသုံးလက်အိတ်ကို ချွတ်လိုက်တယ်။
ဖုန်းမျက်နှာပြင်ပေါ်မှ
ဟဲယွီဆိုတဲ့စာလုံးကိုစိုက်ကြည့်ရင်း ရုန်ရုန်ရဲ့မျက်လုံးတွေက အေးစက်သွားကာ
သူ့ရဲ့နှုတ်ခမ်းတွေကတော့ ဆွဲမက်ဖွယ်ကောင်းတဲ့အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားတယ်။
ပြန်လည်မွေးဖွားလာချိန်မှာ
သူ့အနေနဲ့ အတတ်နိုင်ဆုံးမြန်မြန် “အိပ်ပျော်နေတဲ့အလှလေး”ကိုဖော်စပ်ချင်စိတ်တွေ ကြီးစိုးနေတာကြောင့်
ဟဲယွီအကြောင်းကိုမေ့နေခဲ့တာ။
သူ့ရဲ့အတိတ်ဘဝတုန်းက
ရုန်မိသားစုမှ ကန်ထုတ်ခံလိုက်ရချိန်မှာ အရမ်းကိုဆင်းရဲချို့တဲ့စွာနေခဲ့ရတယ်။
ဒါပေမဲ့ ဒီအတွက် ဟဲယွီနဲ့ သူ့ရဲ့သူငယ်ချင်းဆိုသူတွေကို ကျေးဇူးတင်ရမှာပဲ။
သူ ထိုလူစုကို
စာရင်းရှင်းဖို့ လိုက်မရှာရသေးပေမဲ့ ထိုလူစုကတော့ ကိုယ့်ခြေထောက်နဲ့ကိုယ်
သူ့အိမ်ရှေ့ကိုယ်ရောက်လာခဲ့ပြီ...
“ဘယ်လိုလဲ..
ရုန်သခင်လေးက သဘောတူလား.. လာမှာတဲ့လား”
ဟဲယွီ ကော်ရစ်တာမှာ
ဖုန်းခေါ်ပြီးနောက် သူ့ရဲ့ဆီးအိမ်က အနည်းငယ်တင်းနေတာကြောင့်
ထောင့်စွန်းမှာရှိနေတဲ့ သန့်စင်ခန်းဆီကိုသွားလိုက်တယ်။
မူးနေပြီဖြစ်တဲ့
သူငယ်ချင်းတစ်ယောက်ကလည်း ဖုန်းပြောဖို့အတွက်ထွက်လာခဲ့တယ်။ သူက ဟဲယွီကိုမြင်တော့
လက်ထဲမှဖုန်းကိုချပြီးမေးလာခဲ့တယ်။
“လာမှာ”
သူ့ရဲ့လေသံက
နှိမ့်ချလိုဟန်ရှိနေသေးပေမဲ့ သူ့မျက်ဝန်းထဲမှ ဝံ့ကြွားမှုကိုတော့
ဖုံးကွယ်မထားခဲ့ဘူး။
ထိုသူငယ်ချင်းက
ဟဲယွီရဲ့ပုခုံးကိုပုတ်ပြီး ပျော်ရွှင်စွာပြောလာတယ်။
“ကောင်းတယ်..
ဒီညတော့ ငါတို့တွေ ပိုက်ဆံချွေတာနိုင်ပြီး အဝသောက်လို့ရပြီ”
နှစ်ယောက်သား
ပျော်ရွှင်စွာနဲ့ပြန်လာခဲ့ကြတယ်။
သူတို့နှစ်ယောက်
ထွက်သွားပြီးနောက်မှာတော့ သန့်စင်ခန်းထဲမှ လူနှစ်ယောက်က
ရှေ့ဆင့်နောက်ဆင့်ထွက်လာခဲ့ကြတယ်။
“ကျစ်
ရုန်မိသားစုရဲ့ဒုတိယသခင်လေးသာ မင်းဒီမှာ ရှိနေတာကိုသိသွားရင်
ပါစတာလိုမျိုးကပ်တွယ်နေဦးမှာပဲ.. မင်းအရင်ထွက်သွားချင်လား?”
“မလိုဘူး”
သူပြောပြီးနောက်
အခန်းဘက်ကိုပြန်သွားခဲ့တယ်။
ခုန်းယန်
မျက်ခုံးတစ်ဖက်ကိုမြှင့်လိုက်မိတယ်။
တစ်ခုခုတော့ဖြစ်နေသလိုပဲ။
အတိတ်တုန်းကဆို
ဒီတစ်ယောက်က ရုန်ရုန်ဆိုတဲ့နာမည်ကိုကြားတာနဲ့ ရှောင်ရှားသွားလေ့ရှိတာကို..
ဒီနေ့တော့
မလိုအပ်ဘူးလို့ ပြောနေပါလား။
ရုန်ရုန်
ဓာတ်ခွဲခန်းထဲမှပြန်ထွက်ကာ ဓာတ်လှေကားစီးပြီး အပေါ်ထပ်ကိုတက်သွားလိုက်တယ်။
ပြီးနောက်
အခန်းဆီကိုပြန်ကာ အဝတ်အစားတွေလဲလိုက်တယ်။
သူအပြင်ကိုထွက်လာချိန်မှာတော့
အခုလေးတင် ပါတီတစ်ခုမှပြန်ရောက်လာဟန်ရှိတဲ့ရုန်ကျန်းကို ဝင်တိုက်တော့တယ်။
ရုန်ရုန်
ရုန်ကျန်းကိုနှုတ်ဆက်လိုက်တယ်။
ရုန်ကျန်း
သူ့ရဲ့နက်ခ်တိုင်ကိုဖြလျှော့နေရာမှ ရပ်တန့်လိုက်ကာ လက်ကောက်ဝတ်မှ
နာရီကိုကြည့်လိုက်တယ်။
ဆယ့်တစ်နာရီတောင်ထိုးခါနီးနေပြီ။
ရုန်ကျန်းရဲ့မျက်လုံးက
အနည်းငယ်နက်မှောင်သွားတယ်။
“ဒီလောက်
နောက်ကျနေမှ အပြင်ကိုထွက်မလို့လား”
ရုန်ရုန်
သူ့ရဲ့ဖိနပ်ကို လဲလှယ်ပြီး ထွက်သွားဖို့လုပ်တယ်။
“ကျွန်တော်
အပြင်ကိုခဏလောက်သွားဦးမယ်..မကြာခင် ပြန်လာခဲ့မယ်”
ရုန်ကျန်း:” ငါမင်းနဲ့လိုက်ခဲ့မယ်”