(10) ကောကောက
ချောမောလွန်းတာပဲ
“ဘာလဲ”
ရုန်ရုန်
အနည်းငယ်ရှုပ်ထွေးသွားတယ်။
ရုန်ကျန်းက
အသံခပ်နက်နက်နဲ့ပြန်မေးလာတယ်။
“အဆင်မပြေလို့လား”
ရုန်ရုန်
ခေါင်းခါလိုက်တယ်။
“ဟင့်အင်း”
အဆင်မပြေစရာ
ဘာတွေများရှိလို့လဲ။
ရုန်ကျန်း
မကြာခင်ကမှ သူဖြည်လိုက်တဲ့ နက်ခ်တိုင်ကိုပြန်စည်းလိုက်တယ်။
“ဒါဆိုသွားရအောင်..
ငါ ဒီညနည်းနည်းမူးနေလို့ ကားမောင်းဖို့အဆင်မပြေလောက်ဘူး .. မင်းရဲ့ကားကိုယူခဲ့”
ရုန်ရုန်
သူ့အစ်ကိုကို မူးနေရင် အိမ်မှာမနားဘဲ ဘာလို့ လိုက်နေမှာလဲလို့ မေးချင်ခဲ့ပေမဲ့
ရုန်ကျန်းက ကျောခိိုင်းပြီးလှည့်ထွက်သွားခဲ့ပြီ။
ရုန်ရုန်
နောက်ကနေပဲ လိုက်သွားရတော့တယ်။
ကားဂိုထောင်အတွင်း။
ရုန်ကျန်း
ရုန်ရုန်ရဲ့ Bugatti Veyron အနားမှာ အချိန်ခဏလောက်ရပ်နေခဲ့ပေမဲ့ ရုန်ရုန်က ကားဖွင့်မဲ့
အရိပ်အယောင်မရှိလာသေးဘူး။
သူ့ရဲ့ မျက်ဝန်းက
မေးလာသယောင်ပဲ။
“ဘာလို့
မဖွင့်သေးတာလဲ”
ရုန်ရုန်
သူ့အိတ်ကပ်တွေကို လိုက်စမ်းပြီးနောက် နှုတ်ခမ်းကိုအသာဖိကိုက်မိကာ
ပြန်ပြောလိုက်တယ်။
“ကျွန်တော်
ကားသော့ယူလာဖို့ မေ့သွားတယ်”
တကယ်တမ်းမှာ
သူမေ့လာတာမဟုတ်ဘဲ လုံးဝသတိိရတော့တာ။
သူ
ကားမမောင်းခဲ့တာအချိန်အရမ်းကိုကြာမြင့်ခဲ့ပြီလေ။
ခြေထောက်နှစ်ချောင်းနဲ့
သွားရင်သွား။ မဟုတ်ရင်ဘတ်စ်ကားနဲ့သွားခဲ့တယ်။
ရုန်ကျန်းက
သူ့ရဲ့ကားသော့ကို ပစ်ပေးလာတာကြောင့် ရုန်ရုန် လှမ်းဖမ်းလိုက်တယ်။
ရုန်ကျန်းက
စကားများများမပြောခဲ့ဘူး။ သူ့အနေနဲ့ အရက်သောက်ထားတာကြောင့်
ကားထဲကိုဝင်ပြီးတာနဲ့ဘေးခုံရဲ့နောက်မှီမှာ မှီကာ မျက်လုံးတွေကိုပိတ်ထားခဲ့တယ်။
သူက
အိပ်ပျော်နေပြီလားဆိုတာတောင် ရုန်ရုန် မသိဘူး။
သူအခု
အရမ်းအလုပ်များနေတယ်။
သူ
လမ်းမတစ်လျှောက်အာရုံစိုက်နေခဲ့ပြီး သတိလေးတစ်ချက်တောင်မလစ်ဟင်းရဲဘူး။
သူအခု Bugatti
Veyronကိုမောင်းနေတာလေ။
မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် မိနစ်အနည်းငယ်အတွင်း
ဂဏန်းခြောက်လုံးလောက်ထွက်သွားလိမ့်မယ်။
စျေးကြီးလွန်းတယ်!
ရုန်ကျန်း
မျက်လုံးကိုအသာဖွင့်ကြည့်လာတယ်။
“မင်း ဒီနေ့
ကားကိုအရှိန်နှေးပြီးမောင်းနေပါလား”
သူ
အရှိန်ပြတဲ့နေရာကိုအသာလှမ်းကြည့်လိုက်တယ်။
တစ်နာရီမိုင်ငါးဆယ်ထက်တောင်
နှေးသေးတယ်။
သေချာတာပဲ။ ဒါ
သူ့ရဲ့ပုံစံမဟုတ်ဘူး။
ရုန်ကျန်း
သူ့နောက်ကနေ တစ်ခါမှ လိုက်မစီးဖူးခဲ့ပေမဲ့ သူမောင်းနှင်နေတာကိုတော့ တွေ့ဖူးတယ်။
အနည်းဆုံးတစ်နာရီကို
မိုင်၉၀လောက်တော့ရှိလိမ့်မယ်။
ဖူချန်လမ်းမပေါ်မှာ
အမြန်နှုန်းကန့်သတ်ထားတာတွေ မဟုတ်ခဲ့ရင် သူက သေချာပေါက် ၁၂၀နှုန်းလောက်တောင်
မောင်းနေလိမ့်မယ်။
ရုန်ရုန်
သူ့နှုတ်ခမ်းကို အသာကွေးလိုက်တယ်။
“ယာဥ်စည်းကမ်းဆောင်ပုဒ်တွေမှာရေးထားတယ်လေ..
လမ်းပေါင်းထောင်နဲ့ချီပြီးရှိတာကြောင့် လုံခြုံရေးကိုဦးစားပေးသင့်တယ်တဲ့”
ရုန်ကျန်း
စိတ်သက်သာရာရသွားတယ်။
“စဥ်းစားတတ်သားပဲ”
သူအရင်တုန်းက
တစ်ခါလှန်လှောကြည့်ခဲ့ဖူးတဲ့စာအုပ်ထဲမှာရေးသားထားတယ်။ ကောင်လေးတွေက
တစ်ခဏလေးအတွင်းမှာပဲ အရွယ်ရောက်လာတတ်တယ်တဲ့။
ရုန်ကျန်း တကယ်ကို
ယုံကြည်ချင်မိတယ်။ သူ့ရဲ့ညီငယ်လေးက သူ့ရဲ့မွေးနေ့ညအပြီး ဆေးရုံပေါ်မှာ
ရက်အနည်းငယ်နေခဲ့ရပြီးနောက်မှာ အမှန်တကယ် ကြီးပြင်းလာခဲ့ပြီး
စဥ်းစားပေးတတ်လာပြီဆိုတာကိုပေါ့။
ထိုစဥ်းစားပေးတတ်တဲ့
သခင်ငယ်လေးရုန်ကတော့ တစ်နာရီ မိုင်၆၀နှုန်းထားကို ထိန်းသိမ်းပြီး ယဲ့ဖန်ဘားဆီကို
မောင်းနှင်နေခဲ့လေရဲ့။
ရုန်ရုန်က
ယဲ့ဖန်ဘားမှာ နာမည်ကြီးတယ်။
ထိုနာမည်ကြီးမှုက
သူ မကြာခဏလာတတ်လို့မဟုတ်ပါဘဲ.... လာတဲ့အချိန်တိုင်း သဘောကောင်းလွန်းလို့ပဲ!
ဘယ်သူက
ငွေသုံးမြင့်တဲ့ VIPဧည့်သည်ကို
မကြိုက်ပဲနေမှာလဲ?
ဒီလိုသာမဟုတ်ရင်
ဟိုအရင်တုန်းက ကျိုးယွီ ဒီမှာရှိနေတဲ့အချိန်တိုင်း ရုန်ရုန်က
ပိတ်ဆို့ထားတာတွေကိုကျော်ဖြတ်ပြီး တိုက်တိုက်ဆိုင်ဆိုင်လာတွေ့တာမျိုးတွေ
အကြိမ်တိုင်းဖြစ်နေနိုင်ပါ့မလား?
မဖြစ်နိုင်ဘူး။
ရုန်ရုန်
ကားကိုရပ်ပြီး ကားပါကင်ထိုးပေးဖို့အတွက် တံခါးစောင့်ဆီကို
ကားသော့လှမ်းပေးချိန်မှာပဲ ထိုတံခါးစောင့်က သူ့အနားကိုတိုးလာကာ
စိတ်လှုပ်ရှားနေတဲ့အသံနိမ့်နိမ့်နဲ့ပြောလာတယ်။
“ရုန်ဒုတိယသခင်လေး
ကျိုးသခင်လေး ဒီနေ့ ဘားကိုရောက်နေပါတယ်”
ရုန်ကျန်း
ကားထဲမှထွက်လာချိန်မှာပဲ ထိုတံခါးစောင့်ရဲ့စကားကိုကြားလိုက်ရတယ်။
ရုန်ကျန်းရဲ့မျက်နှာက
ချက်ချင်း နက်မှောင်သွားရလေရဲ့။
သူ့ရဲ့ညီငယ်လေးက
ကျိုးယွီကို တကယ်လက်မလျှော့သေးဘူးလား။
ရုန်ရုန်
အတိတ်ဘဝတုန်းက သူ ကျိုးယွီနဲ့တွေ့ရဖို့ “မတော်တဆတွေ့ဆုံမှု”ပုံစံအမျိုးမျိုးလုပ်ခဲ့တာကိုသတိရသွားတယ်။ သူ
တုံးအတဲ့ကိစ္စတွေအများကြီးလုပ်ခဲ့တာပဲ။
ဥပမာအားဖြင့်
တစ်စုံတစ်ယောက်ကသာ ကျိုးယွီရဲ့သတင်းတွေပြောပြလာတဲ့လူတိုင်းကို
သဘောထားကြီးစွာဖြင့်် မုန့်ဖိုးတွေအများကြီးပေးလေ့ရှိတယ်။
ထိုလူတွေက
သူ့ရှေ့မှာတော့ လေးစားမှုရှိလှတဲ့မျက်နှာဖြင့်မုန့်ဖိုးတွေကို လက်ခံကြပြီး
ကျောခိုင်းသွားချိန်မှာတော့ လှောင်ပြောင်ဟာသလုပ်ကာ တခြားလူတွေကို
ပြန်ပြောပြလေ့ရှိတယ်။
ထိုတံခါးစောင့်ရဲ့နာမည်က
မတ်ထ်ဖြစ်ပြီး သူ ရုန်မိသားစုထံမှ ကန်ထုတ်ခံလိုက်ရချိန်မှာ သူက
အင်တာဗျူးတွေကိုတောင်လက်ခံခဲ့ပြီး သူက ကျိုးယွီကို ရရှိဖို့အတွက်
ကျိုးယွီရဲ့နောက်မှ တရွတ်တိုက်လိုက်ခဲ့ကြောင်း၊ ကျိုးယွီကို လိုက်ဖမ်းဖို့အဆွက်
အရှက်မရှိတာတွေလုပ်ခဲ့တဲ့အကြောင်း လုပ်ကြံအရှက်ခွဲဇာတ်လမ်းတွေပြောခဲ့တယ်။
သူ့ရဲ့စကားတွေထဲမှာ
ရုန်ရုန်က ဟာသမြောက်လွန်းတဲ့ လူရွှင်တော်တစ်ယောက်ပဲ။
သူက
ဖူချန်တစ်မြို့လုံးရဲ့ဟာသတစ်ခုဖြစ်လာခဲ့တယ်။
သူ့ရဲ့အမေရင်းက
သူနေတဲ့အခန်းနဲ့ နံရံတစ်ချပ်သာခြားတဲ့ ဧည့်ခန်းထဲမှာ သူ့အဖေရင်းကို
ငိုယိုပြီးပြောနေခဲ့တယ်။ သူမက သူမရဲ့ခင်ပွန်းသည်ကိုဝမ်းနည်းစွာနဲ့
သူတို့ရဲ့သားအရင်းက မွေးသားသားလိုမျိုး ဘာလို့ ဂုဏ်ယူစရာမကောင်းရတာလဲ၊ ဘာလို့
အရှက်ရစရာကိစ္စတွေကိုပဲ လုပ်နေရတာလဲ စသည်ဖြင့်ပေါ့။
သူတို့တွေက သူတကယ်
ထိုလုပ်ရပ်တွေကို လုပ်ခဲ့တာလားဆိုတာကိုတောင် မမေးခဲ့ကြဘူး။
ပါးလွှာတဲ့နှုတ်ခမ်းလေးက
လှပစွာကွေးညွှတ်သွားပြီးနောက် ရုန်ရုန် ထူးမခြားနားစွာ ပြန်ပြောလိုက်တယ်။
“အိုး ဟုတ်လား”
မတ်ထ်က
လေးစားစွာပြန်ပြောလာတယ်။
“ဟုတ်ပါတယ်
ရုန်ဒုတိယသခင်လေး.. ကျိုးသခင်လေးက အခုထိအထဲမှာရှိနေပါသေးတယ်”
သူက
မကြာခင်ရလာတော့မဲ့ မုန့်ဖိုးတွေအကြောင်းကိုတွေးတောရင်း မျက်လုံးထဲမှ
လောဘတရားတွေကို ခက်ခဲစွာဖုံးကွယ်နေခဲ့တယ်။
မတ်ထ်ရဲ့လက်က
ရုန်ရုန်ပေးလာမဲ့မုန့်ဖိုးအတွက် လှမ်းယူနိုင်ရန် ဆန့်တန်းဖို့အသင့်ဖြစ်နေစဥ်မှာပဲ
ရုန်ရုန်ရဲ့နှုတ်ခမ်းတွေက အေးစက်တဲ့အပြုံးတစ်ခုကိုဖော်ပြလာတယ်။
“အဲဒါ
ငါ့ကိစ္စမဟုတ်ဘူးလေ”
မတ်ထ်ကြောင်အမ်းသွားတယ်။
ရုန်ရုန်
သူ့လက်ထဲမှ ကားသော့ကို အပြုံးတစ်ခုနဲ့ ပြန်ယူလိုက်တယ်။
“ငါ
မင်းကိုမပြောခဲ့ဘူးလား.. ငါက ပါးစပ်ဖွာတတ်တဲ့လူတွေကို မုန်းတယ်လို့”
မတ်ထ်ရဲ့ပါးစပ်ပေါ်မှအပြုံးက
ချက်ချင်းပဲအောက်ကိုကွေးကျသွားတယ်။
ရုန်ရုန်က
လက်ဟန်နဲ့ နောက်ထပ်တံခါးစောင့်တစ်ယောက်ကိုလှမ်းခေါ်လိုက်တယ်။
ပြီးနောက်
မတ်ထ်ရဲ့ရှေ့မှာပဲ ထိုတံခါးစောင့်ကို မုန့်ဖိုးတွေပေးခဲ့တယ်။
မတ်ထ်ရဲ့မျက်နှာက
တစ်စုံတစ်ယောက်ထံမှ အရိုက်ခံလိုက်ရသလို ပူလောင်လာခဲ့တယ်။
ယွီကွမ်းက အဲဒါကို
မတ်ထ်ဆီဘယ်တော့မှ ပြန်ပေးမှာမဟုတ်ဘူး။ ရုန်ရုန် ခေါင်းကိုပြန်လှည့်ကာ
သူ့ကိုစောင့်ဆိုင်းနေတဲ့ ရုန်ကျန်းဆီကို ပြုံးပြလိုက်တယ်။
“ကောကော ဝင်ရအောင်”
ရုန်ကျန်းကတော့
ထိုတံခါးစောင့်ရဲ့အသွင်အပြင့်ကိုစိုက်ကြည့်ကာ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။
“အမ်”
ယဲ့ဖန်ဘားက
ဖူချန်ရဲ့အသက်ဝင်ဆုံးဖြစ်တဲ့ ကျင်းဟယ်လမ်းပေါ်မှာဖွင့်ထားတာဖြစ်ပေမဲ့
တည်နေရာကတော့အနည်းငယ်ချောင်ကျတယ်။
ဂိတ်တံခါးကိုဖြတ်ဝင်လိုက်တယ်ဆိုရင်ပဲ
တိတ်ဆိတ်တဲ့ကော်ရစ်တာကိုတွေ့လိုက်ရပြီး ကော်ရစ်တာတလျှောက်မှာ အနောက်တိုင်းစတိုင်
ဆီဆေးပန်းချီတွေကို ချိတ်ဆွဲထားတယ်။
ရုန်ကျန်း
ရုန်ရုန်ရဲ့နောက်မှလိုက်ပြီး ကော်ရစ်တာအဆုံးထိ လျှောက်လာခဲ့တယ်။
နောက်ဆုံးမှာ
လမ်းဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ နောက်ထပ်တံခါးကိုတော့ မတွေ့ရလေဘူး။
ရုန်ကျန်း
လမ်းအဆုံးမှာ ရပ်တန့်လိုက်ပြီး ရုန်ရုန်ကိုပြန်မေးလိုက်တယ်။
“တံခါးမရှိဘူးလား..
မင်း နေရာမှားဝင်လာတာများလား”
“ဒါက လမ်းမှန်ပဲ”
ရုန်ရုန်ပြုံးလိုက်ပြီး
လူတစ်ဝက်လောက်မြင့်ပြီး ဓားကိုင်ထားတဲ့ ရဲမက်ရုပ်ထုဆီကိုသွားလိုက်တယ်။
ရုန်ကျန်းက
အနည့်ငယ်ရှုပ်ထွေးသွားရတယ်။
ရုန်ရုန်ကတော့
ကျွမ်းကျင်စွာနဲ့ ရုပ်ထုရဲ့ဓားကိုဆွဲလိုက်တယ်။ ထိုအချိန်မှာပဲ ရုပ်ထုက
ပါးစပ်ကိုဖွင့်ဟပြီး ထိုအထဲမှ သော့ကိုထုတ်ပေးလာတယ်။
ထို့နောက်
ရုပ်ထုရဲ့နောက်ကျောဘက်နံရံက နှစ်ဖက်ခွဲထွက်သွားပြီး အနက်ရောင်ရှိပြီး
သိပ္ပံနည်းလမ်းနဲ့ပြုလုပ်ထားပုံရတဲ့ ခပ်မိုက်မိုက်တံခါးက ထွက်ပေါ်လာတယ်။
ရုန်ရုန်
သူ့လက်ထဲမှသော့ကို တံခါးဆီမှာထိုးသွင်းလိုက်တော့ ရုပ်ထုကနောက်ကိုဆုတ်သွားပြီး
သူ့ရဲ့ပါးစပ်ကိုအပိတ်အဖွင့်လုပ်ကာ ချစ်စရာကောင်းတဲ့ စက်သံထွက်ပေါ်လာတယ်။
“ကြိုဆိုပါတယ်..
ကျွန်တော့်ရဲ့သခင်”
ရုပ်ထုရပ်နေတဲ့နေရာက
ဘားရဲ့တကယ့်တံခါးအစစ်ပဲ။
ရုန်ရုန် သော့ကို
ရုပ်ထုရဲ့လည်ပင်းနားမှာ ပြန်ထားပေးလိုက်တော့ တံခါးကဖြည်းညင်းစွာပြန်ပိတ်လာတယ်။
လူတွေအများကြီးက သူ
ယဲ့ဖန်ကိုလာတာက ကျိုးယွီကြောင့်လို့ ထင်ကြတယ်။
တကယ်တော့
အဲလိုမဟုတ်ခဲ့ဘူး။
သူက
ယဲ့ဖန်ရဲ့အပြင်အဆင်ဒီဇိုင်းကို တကယ်ကြိုက်ခဲ့လို့ပဲ။
ရုန်ရုန်
အပြုံးလေးနဲ့မေးလိုက်တယ်။
“စိတ်ဝင်စားစရာကောင်းလား”
ရုန်ကျန်း
မှတ်ချက်ချတယ်။
“ရယ်ရသားပဲ”
ရုန်ရုန်:”....”
ကောင်းပြီ။ သူ
သူ့အစ်ကိုက အိုဟောင်းနေတဲ့ဖက်ရှင်အမြင်ရှိပြီး
ပျင်းရိစရာကောင်းတဲ့လူတစ်ယောက်ပဲဆိုတာကို မေ့လုနီးပါးဖြစ်သွားတယ်။
ဂရုတစိုက်တွေးကြည့်မယ်ဆိုရင်
သူကလေးဘဝကတည်းက သူ့အစ်ကိုမှာ ချစ်သူကောင်မလေးဆိုတာမရှိခဲ့သလို
ချစ်သူကောင်လေးဆိုတာလည်း တကယ်မမြင်တွေ့ခဲ့ရဘူး။
သူ့ရဲ့အစ်ကိုကြီးက
တကယ့်ရှေးရိုးဆန်ပြီး ချစ်သူလေးတွေရှာဖို့တောင် စိတ်မဝင်စားဘဲ ရှေးခတ်က
စာသင်သားတွေလိုပဲ။
နိုဗယ်ထဲမှာလည်း
သူ့အစ်ကိုရဲ့တွဲဖက်ကိုထည့်မရေးထားဘူး။ ရုန်ကျန်းရဲ့ကာရိုက်တာပေါ်လာတဲ့
အချိန်တိုင်းမှာ ဇာတ်လိုက်ကျိုးယွီနဲ့အတူ နေရာမြေတွေကို လုယူဖို့ယှဥ်ပြိုင်မယ်။
ဒါမှမဟုတ် တန်ဖိုးကြီးကုမ္ပဏီတွေကိုထပ်မံယှဥ်ပြိုင်လုမယ်။
အေးစက်လွန်းတဲ့အာဏာရှင်ကြီးမှာ ခံစားချက်မရှိဘူးဆိုတဲ့ ဆက်တင်မျိုးပဲ။
ရှေးရိုးဆန်တယ်...
ရုန်ရုန်
ရုတ်တရက်သိချင်သွားတယ်။
သူ့ရဲ့အစ်ကိုကြီးက
အခုထိ လူပျိုစစ်စစ်ဖြစ်နေတုန်းပဲလား....
ဒါကိုတွေးမိတော့
ရုန်ရုန် မနေနိုင်တော့ဘဲ အသံထွက်အောင်ရယ်လိုက်မိတယ်။
“တစ်ယောက်တည်း
ဘာတွေပျော်နေရတာလဲ”
“ဘာမှမဟုတ်ပါဘူး”
ရုန်ရုန်
လက်ဝှေ့ရမ်းပြလိုက်ပြီး အပြုံးလေးနဲ့ဝင်သွားလိုက်တယ်။
တကယ်လို့
ရုန်ကျန်းသာ သူတွေးနေတာကိုသိသွားရင် ရှက်လွန်းလို့ သခင်ငယ်လေးအစစ်ကို
ချက်ချင်းရှာပြီး သူ့ကိုအိမ်ကနေကန်ထုတ်လိုက်မှာကို ကြောက်မိပါတယ်နော်။
“ဟုတ်သားပဲ
ကျွန်တော်မေ့တော့မလို့”
ရုန်ရုန် အရှေ့မှ
လျှောက်နေရင်း ရုတ်တရက်ရပ်တန့်လိုက်တယ်။
ရုန်ကျန်း:”ဘာလဲ”
ရုန်ရုန်
ရုန်ကျန်းရဲ့ရှေ့မှာ ရပ်လိုက်ပြီး:
“ဒါလေ”
သူ
ရုန်ကျန်းရဲ့နက်ခ်တိုင်ကို လက်ချောင်းတွေနဲ့ ကိုင်ရင်း ပြောလိုက်တယ်။
“နိုက်ကလပ်ကိုလာတဲ့အချိန်
ဘယ်သူမှ နက်ခ်တိုင်မတပ်ဘူးလေ”
သူ
ရုန်ကျန်းအနီးကို တိုးကပ်သွားလိုက်တယ်။
“ဘာလို့လဲဆိုတော့
ဒါက လူတွေကို ကောကောရဲ့နက်ခ်တိုင်ကို ချွတ်ပေးချင်စိတ်တွေ ဖြစ်လာစေလိမ့်မယ်”
သူက ပြောနေရင်းနဲ့
သူ့ရဲ့လက်ချောင်းတွေနဲ့ ရုန်ကျန်းရဲ့ နက်ခ်တိုင်ကိုကျွမ်းကျင်စွာဖြည်နေခဲ့တယ်။
ရုန်ကျန်းက
ထူးမခြားနားဟန်ရှိနေတုန်းပဲ။
“အရည်အချင်းရှိရင်
လာကြည့်လိုက်လေ”
သူ့ရဲ့နက်ခ်တိုင်ကို
လာထိရဲဖို့အတွက် အဲဒီလူက အရည်အချင်းရှိဖို့လိုအပ်တယ်။
ရုန်ရုန်
မျက်တောင်ခတ်မိတယ်။
“ ကောကော .. ကောကောက
အရမ်းချောလွန်းတယ်!”
ရုန်ကျန်း
သူ့ကိုစိုက်ကြည့်လာတယ်။
“မင်းအခုမှသိတာလား”
ရုန်ရုန်
ကြောင်အမ်းသွားတယ်။
အခုလေးတင်
သူ့အစ်ကိုက စနေလိုက်တ်လား?
သူ့အစ်ကိုကလေ?
စနောက်လိုက်တယ်ပေါ့?
ရုန်ကျန်း
အေးဆေးတည်ငြိမ်စွာပြောလာတယ်။
“ငါကို
နက်ခ်တိုင်ပြန်ပေးလေ”
ရုန်ရုန်
အတွေးထဲကရုန်းထွက်လာတယ်။
သူ့အစ်ကိုက
နက်ခ်တိုင်ပြန်တောင်းနေတာလား။ ဒီမှာ ထားစရာနေရာမရှိဘူးလေ ဟုတ်တယ်မလား?
“မလိုပါဘူး”
သူ
သူ့ရဲ့လက်ကောက်ဝတ်တစ်ဖက်မှာ အကြိမ်ရေအနည်းငယ်ပတ်လိုက်ပြီး လက်ကောက်ဝတ်ကိုမြှောက်ကာ
ချည်နှောင်လိုက်တယ်။ ပြီးနောက် သူ့ရဲ့နှုတ်ခမ်းတွေက အနည်းငယ်မြင့်တက်နေခဲ့ပြီး:
“ရပြီ!”
ရုန်ကျန်းရော
ရုန်ရုန်ပါ ထင်ထင်ရှားရှား ချောမောတဲ့ရည်ရည်ကို ပိုင်ဆိုင်ထားကြတယ်။
ရုန်ကျန်းရဲ့မျက်နှာက
သုံးဘက်မြင်ကြည့်ကောင်းလွန်းကာ သူ့ရဲ့အသွင်အပြင်က တင်းမာထက်မြတ်နေပြီး
သာမန်မဟုတ်တဲ့လေထုက သူ့ရဲ့အနီးမှာ ဝန်းရံနေတယ်...
ရုန်ရုန်ကတော့
ဆန့်ကျင်ဘက်ပဲ။
သူ့ရဲ့မျက်နှာလေးက
တောက်ပပြီး သူ့ရဲ့နှုတ်ခမ်းတွေက ပြုံးသယောင် မပြုံးသယောင်လေးအဖြစ်တည်ရှိတယ်။ သူက
ရင်းနီးရလွယ်ကူတယ်လို့ထင်ရပေမဲ့ တချိန်တည်းမှာ တစ်စုံတစ်ယောက်ကသာ
သူ့ကိုချည်းကပ်ပြီးစကားပြောဖို့ကြိုးစားခဲ့မယ်ဆိုရင်တော့
ထိုရပ်နေတဲ့နှစ်ယောက်လုံးကက ရင်းနီးဖို့အတွက်အလွန်အမင်း ခက်ခဲမယ်ဆိုတာကို
သိသွားရလိမ့်မယ်။
ထိုနှစ်ယောက်က
အရှေ့တိုင်းဒေသဘက်မှ အလေးအနက်ရေးဆွဲထား စုတ်ချက်ပန်းချီကားနဲ့ အနောက်တိုင်းဘက်မှ
ကျော်ကြားတဲ့ ဆီဆေးပန်းချီကားတို့ကို ယှဥ်တွဲထားသလိုမျိုး အပြည့်အဝကို
ခြားနားနေခဲ့တယ်။
တူညီတဲ့အရာကတော့
သူတို့ရဲ့တောက်ပမှုကြောင့် လူတိုင်းကို မျက်လုံးမလွှဲနိုင်ဖြစ်သွားစေတာပဲ။
ကျိုးယွီက
သူ့အနားကိုချည်းကပ်လာတဲ့လူချောလေးတစ်ယောက်ကို မယဥ်ကျေးစွာပြောနေခဲ့ပြီး
မနီးမဝေးမှာ bartender နဲ့စကားလက်ဆုံကျကာ
စနောက်ကျီဆယ်နေဆဲဖြစ်တဲ့ ခုန်းယန်ကို သူ့အနားသို့လာဖို့ လက်ဟန်ပြလိုက်တယ်။
ကျိုးယွီချောမောတဲ့
bartenderကိုစကားအနည်းငယ်ပြောပြီးနောက်
ဝိုင်ခလက်ကိုကိုင်ကာ သူ့ဆီကိုသွားလိုက်တယ်။
“အစောကြီးပြန်တော့မလို့လား?
တစ်ယောက်ယောက်ဆီကနေ ပုန်းစရာမလိုဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား”
ကျိုးယွီမှ
ပြန်တော့မှာဖြစ်ကြောင်းပြောလာတာကိုကြားတော့ ခုန်းယန် ယဥ်ကျေးမှုမရှိစွာ
စနောက်လာတယ်။
ကျိုးယွီ
လေသံနက်နက်နဲ့ပြန်ပြောလိုက်တယ်။
“ငါ ဘယ်သူ့ကိုမှ
ပုန်းမနေဘူး”
ခုန်းယန်က
စနောက်ချင်ရုံသာဖြစ်ပြီး တံခါးဝဆီမှ ဆူညံသံတွေထွက်ပေါ်လာတာကြောင့်
လှည့်ကြည့်လိုက်မိတယ်။
အကြည့်တစ်ချက်နဲ့တင်
ရုန်ရုန်ကိုမြင်တွေ့လိုက်ရပြီး ထိုသူကဘေးပတ်ဝန်းကျင်မှ
အော်သံတွေကိုဖြစ်စေခဲ့တဲ့သူပဲ။
သူက
လှည့်ပတ်ကာကြည့်နေခဲ့ပြီး တစ်စုံတစ်ယောက်ကိုရှာဖွေနေဟန်ရတယ်။
သူဘယ်သူ့ကိုရှာနေတာလဲဆိုတာကိုတော့
ဘားအတွင်းမှ လူတစ်ဝက်လောက်က ကောင်းစွာသိနေခဲ့ကြတယ်။
ယဲ့ဖန်းထဲမှာ
ရုန်မိသားစုရဲ့ဒုတိယသခင်လေးက ကျိုးယွီကို တစ်ဖက်သတ် အသည်းအသန်ပိုးနေတဲ့အကြောင်း
ဘယ်သူကမသိလို့လဲ?
ခုန်းယန်
ကျိုးယွီကို တံတောင်ဆစ်နဲ့အသာထိုးလိုက်တယ်။
“ဟေး ယွီ..
သူရောက်လာပြီနော်”