Ch 11
Viewers 24k

(11) မင်းရဲ့အဖိုးကို ဘာလို့ လှမ်းခေါ်နေရတာလဲ?

 

ခုန်းယန် မင်းစကားမပြောရင် ဘယ်သူကမှ မင်းကို အ,နေတယ်လို့မထင်ဘူး

 

ကျိုးယွီရဲ့မျက်လုံးတွေက သတိပေးခြင်းတွေပါဝင်နေတယ်။

 

ခုန်းယန်က ထူးမခြားနားစွာပဲ ပြုံးလိုက်တယ်။

 

သူကလက်ထဲမှ ကော့တေးကို တစ်ငုံစုပ်သောက်လိုက်ပြီး ချောမောတဲ့ bartender နဲ့ အလောင်းအစားလုပ်လိုက်ပြန်တယ်။

 

ဟေး အယ်လန် ကိုယ်တို့တွေ လောင်းကြရအောင်.. တာ့ရုန်မိသားစုရဲ့သခင်လေးက ကိုယ်တို့ဘက်ကို မိနစ်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်

 

ကိုယ် သုံးမိနစ်အတွင်းလို့ လောင်းမယ်ကွာ

 

သုံးမိနစ်အတွင်းမှာ အဲဒီသခင်လေးက ကိုယ်တို့ဘက်ကို လျှောက်ကိုလျှောက်လာလိမ့်မယ်.. အဲဒီအချိန်ကျရင် ကိုယ်တို့တွေ ပိုးပန်းပြီး ငြင်းဆန်တဲ့ ဒရမ်မာကို အခမဲ့ထပ်ကြည့်ရတော့မှာပဲ

 

ရုပ်ရည်ချောမောတဲ့ bartenderက ယဥ်ကျေးစွာပြုံးလိုက်တယ်။ နောက်ပြီး သူက ဧည့်သည်တွေနဲ့ ဒီလိုမျိုးအလောင်းအစားထဲမှာ သေချာပေါက်ဝင်ပါမှာမဟုတ်ဘူး။

 

သွေးပူတတ်တဲ့သခင်လေးသာ သိသွားရင် ဒါက ဟာသတစ်ခုပဲဖြစ်လာမှာမဟုတ်ဘူးလေ။

 

မင်း ဆက်နေခဲ့တော့ ငါအရင်ပြန်တော့မယ်

 

ကျိုးယွီ ဘားမှာ ဘောက်ဆူးချပေးလိုက်ပြီး ထွက်သွားတယ်။

 

ဟေး မသွားနဲ့ဦးလေ

 

ခုန်းယန် သူ့နောက်ကနေ လိုက်ဖမ်းတယ်။

 

ကျိုးယွီက ရုပ်တရက်ခြေလှမ်းကို ရပ်တန့်လိုက်တာကြောင့် အနောက်ကလိုက်နေတဲ့ ခုန်းယန်တစ်ယောက် တိုက်မိလုနီးပါးဖြစ်သွားရတယ်။

 

 

ဟေး မင်းဘာလုပ်တာ....

 

ခုန်းယောင် ကျိုးယွီရဲ့နောက်ကနေ အရှေ့ဘက်ကိုလှမ်းကြည့်လိုက်တော့ သူတို့နှစ်ယောက်ရှေ့မှာ ရပ်နေတဲ့ ရုန်ရုန်ကို တွေ့လိုက်ရတယ်။

 

ခုန်းယန်ရဲ့မျက်ခုံးတစ်ဖက်က အပေါ်ကိုပင့်,မသွားလေတယ်။

 

ယို့..

 

တကယ်ကြီးတွေ့သွားတာပဲ။

 

အရမ်းလည်းမြန်လွန်းတယ်။

 

တစ်မိနစ်တောင်မရှိသေးဘူးမလား?

 

ဒီသခင်လေးက ဘားထဲမှာ မျက်လုံးဘယ်နှစ်စုံလောက်တောင် ငှားရမ်းထားတာလဲ?

 

ခုန်းယန် လက်ပိုက်လိုက်ပြီး ကျိုးယွီရဲ့ဘေးမှာ ရပ်လိုက်ကာ သူ့ရဲ့ပုံစံက ပွဲကောင်းကောင်းတစ်ခုကို ကြည့်တော့မလိုပဲ။

 

ယဲ့ဖန်ခန်းမရဲ့ ဒီဇိုင်းက အထူးစပါယ်လ်ရှယ်ပြင်ဆင်ထားတာ။ ခန်းမရဲ့အလည်ဘက် အတွင်းပိုင်းဘားကောင်တာနဲ့ အပြင်ဘက်စားပွဲတွေကို ဝင်္ကပါလိုမျိုး သေသေချာချာပြင်ဆင်ထားတယ်။

 

အမြင့်ကလည်း ရှုတ်ထွေးပြီး မင်းအနေနဲ့ စားပွဲတွေရဲ့အောက်ဘက်ကနေ ဖြတ်မလာဘူးချင်ဆိုရင်တော့  ဖြတ်သန်းသွားလာရမဲ့နေရာက သိပ်ပြီးမကျယ်ပြောလှပဲ အများဆုံးလူနှစ်ယောက်လောက်သာ ဖြတ်သန်းလာလို့ရလိမ့်မယ်။

 

ခုန်းယန်နဲ့ ကျိုးယွီက လမ်းကိုယူထားပြီဖြစ်လို့ ရုန်ရုန်ခဏလောက်စောင့်နေလိုက်ပေမဲ့ သူတို့က ဖြတ်သန်းသွားဖို့ အစီအစဉ်မရှိသေးတာကို တွေ့လိုက်ရတယ်။

 

ရုန်ရုန် ခပ်ရိုင်းရိုင်းပဲပြောလိုက်တယ်။

 

ခွေးကောင်းတွေက လမ်းကိုပိတ်မရပ်တတ်ဘူး.. မင်းတို့တွေ ဖြတ်သွားမယ်ဆို မြန်မြန်ဖြတ်သွားလိုက်

 

ခုန်းယန်:???!!!

 

တောင်းပန်ပါတယ် ခဏလောက်ပါ

 

Bartender တစ်ယောက်က သူတို့နောက်ကနေ ဗန်းကိုကိုင်ပြီးလျှောက်လာတာကြောင့် ခုန်းယန် ဘေးကိုဖယ်ပေးလိုက်တယ်။

 

လမ်း လွတ်သွားပြီဖြစ်တာကြောင့် ရုန်ရုန် ကျိုးယွီကိုဖြတ်ကျော်သွားဖို့ ခြေလှမ်းလိုက်ပေမဲ့ သူ့ရဲ့လက်မောင်းကို လှမ်းဆွဲခံလိုက်ရပြန်တယ်။

 

ကျိုးယွီရဲ့မျက်လုံးတွေက အေးစက်နေခဲ့တယ်။

 

မင်း ဘယ်သူ့ကို ခွေးလို့ခေါ်နေတာလဲ

 

ရုန်ရုန် ခပ်ဖျော့ဖျော့ပြုံးတယ်။

 

လမ်းကိုပိတ်ထားတဲ့ ဘယ်သူမဆို ခွေးပဲလေ

 

ကျိုးယွီ အံကြိတ်လိုက်တယ်။

 

ရုန်ရုန်!

 

ရုန်ရုန် သူ့ရဲ့နှုတ်ခမ်းတွေကို ပျင်းရိစွာကွေးညွတ်လိုက်တယ်။

 

မင်းရဲ့အဖိုးကို ဘာလို့ခေါ်နေရတာလဲ?

 

ကျိုးယွီရဲ့အမူအယာက နစ်မြှပ်သွားရပြီး ရုန်ရုန်ရဲ့လက်မောင်းကိုဆုတ်ကိုင်ထားတဲ့လက်ရဲ့အားကလည်း ပိုတိုးလာတယ်။

 

မင်းက ဒီလိုနည်းလမ်းမျိုးနဲ့ ငါ့ဆီက အာရုံစိုက်မှုကိုလိုချင်နေတာဆိုရင် .. ဟမ့်.. ဒါဆို ငါပြောပါရစေ.. မင်းက အဓိပ္ပါယ်မရှိတာတွေ လုပ်နေတာပဲ.. ဘာလို့လဲဆိုတော့ မင်း ဒီလိုမျိုးလုပ်တာက ငါ မင်းကိုပိုပြီးရွံရှာလာစေတယ်!

 

ရုန်ရုန် ကျိုးယွီကိုသံသယဖြစ်စွာကြည့်လိုက်တယ်

 

နိုဗယ်ထဲက အဓိကဇာတ်လိုက်ဖြစ်ဖို့ထိုက်တန်တာပဲ။

 

ဒီစကားတွေက ရှက်စရာကောင်းလွန်းလို့ သူ ရှေးခေတ်ဗာဗုလုန်မိုးပျံဥယျဥ်ကိုတောင် ခေါ်ထုတ်လာနိုင်တယ်ဆိုပြီး ဆက်ပြောလာနိုင်တယ်လို့တောင်ထင်နေပြီ!

 

ကျိုးယွီရဲ့ အံ့သြနေတဲ့အကြည့်အောက်မှာပဲ ရုန်ရုန် သူ့ရဲ့လက်ကို ရုန်းထွက်လိုက်တယ်။

 

မင်းသိရဲ့လား..ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတာကလည်း ရောဂါတစ်မျိုးပဲ

 

သူ သူ့ရဲ့အိတ်ကတ်ထဲမှာ ပိုက်ဆံအိတ်ကိုထုတ်ယူလိုက်ပြီး ပိုက်ဆံတစ်ထပ်ကိုထုတ်ယူလိုက်ကာ ကျိုးယွီရဲ့အင်္ကျီအိတ်ကတ်ထဲကို ထည့်ပေးလိုက်တယ်။

 

ထိုခဏအတွင်းမှာပဲ ဟောခန်းတစ်လျှောက်မှာ လေချွန်သံတွေ အားပေးအော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့လေတယ်။

 

အထူးသဖြင့် ကျိုးယွီနဲ့ ရုန်ရုန်တို့ရဲ့အနီးတစ်ဝိုက်မှာ အသံတွေက ပိုပြီးကျယ်လောင်နေခဲ့တယ်။

 

ဖြတ်!

 

အတိတ်တုန်းက လူတိုင်းက ကျိုးယွီရဲ့အကြောင်းကို နောက်ကွယ်မှာပဲ ပြောရဲခဲ့ကြတယ်။ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကမှ ကျိုးယွီနဲ့အတူ မရှိခဲ့ကြဖူးရင်တောင် ရုန်သခင်လေးကသာ ပထမဆုံး နှုတ်ထွက်ခဲ့တဲ့သူပဲ။

 

ဒီနေ့ ဘာကိစ္စတွေဖြစ်သွားတာလဲ?

 

ပင်ပန်းသွားလို့လား?

 

သူထပ်ပြီး လျှာနဲ့လျက်တတ်တဲ့ခွေးတစ်ကောင် မလုပ်ချင်တော့လို့လား? ဒါမှမဟုတ် နှစ်ယောက်သား ပြတ်ဆဲလိုက်ကြတာလား?

 

ဘယ်တုန်းက ကျိုးယွီ ဒီလိုအရှက်ခွဲတာကို ခံခဲ့ရတာလဲ?

 

သူ ရုန်ရုန်ရဲ့ အင်္ကျီကော်လံကို ကြမ်းတမ်းစွာ ဆွဲကိုင်လိုက်ပြီး မျက်လုံးတွေက မီးတောက်တော့မလိုဖြစ်နေခဲ့တယ်။

 

ရုန်ရုန် မင်းက ငါမင်းကို ဘာမှမလုပ်ရဲဘူးလို့ထင်နေတာလား?

 

 

လွှတ်စမ်း

 

အေးစက်တဲ့အသံတစ်ခုက သူတို့နှစ်ယောက်အနားမှ ထွက်ပေါ်လာတယ်။

 

ရုန်ကျန်းရောက်လာခဲ့ပြီ။

 

ကျိုးယွီက ရုန်ရုန်ကို ဆောင့်တွန်းလွှတ်လိုက်တယ်။

 

အနာဂတ်မှာ ငါ့ရှေ့ကို ထပ်မပေါ်လာစေနဲ့!

 

ရုန်ရုန်က ကျိုးယွီကြောင့်တွန့်ကြေသွားတဲ့ သူ့ရဲ့ကော်လံကို အရင် ပုတ်လိုက်ပြီး သူ့ရဲ့လက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ကာ လှပတဲ့နှုတ်ခမ်းတွေက ကွေးညွတ်လာတယ်။

 

ကျိုးရှောက်.. မင်းက ငါဘာလုပ်ရမလဲဆိုတဲ့အကြောင်းကို လာသင်ပြပေးနေတာလား?

 

ဒီကျိုးရှောက်ဆိုတဲ့ အသံက ရွဲ့စောင်းနေပြီး ကျိုးယွီရဲ့မမှန်ကန်တဲ့မူလဇာတ်မြစ်ကို သရော်နေပာန်ရတယ်။

 

ဒါက ကျိုးယွီရဲ့အထိအခိုက်မခံနိုင်တဲ့ အာရုံကြောကို အပြည့်အဝပေါက်ကွဲသွားစေတယ်။ သူ့ရဲ့မေးရိုးတွေက တင်းမာလာခဲ့ပြီး လက်သီးတစ်ချက်က ရုန်ရုန် ထံသို့ တိုးဝင်သွားခဲ့တယ်။

 

ခုန်းယန် လေအေးတစ်ချက်ကိုသာရှူရှိုက်လိုက်မိကာ ဒီအခိုက်အတန့်မှ မတုံ့ပြန်နိုင်ခဲ့ဘူး။

 

ရုန်ကျန်းက လက်ကိုဆန့်ထုတ်လာပြီး ကျိုးယွီရဲ့ လက်သီးကို ဖမ်းဆုတ်လိုက်လေတယ်။

 

မျက်လုံးနှစ်စုံက ဆုံဆည်းသွားခဲ့ကာ နှစ်ယောက်သားရဲ့မျက်လုံးထဲမှာ ဖုံးကွယ်ထားတဲ့ တိုက်ခိုက်မှုတွေရှိနေခဲ့တယ်။

 

ခုန်းယန်တစ်ယောက် နောက်ဆုံးတော့ တုံ့ပြန်နိုင်သွားပြီ။

 

သူက အလျှင်အမြန် အနားကိုတိုးကပ်လိုက်ပြီး အသံနိမ့်နိမ့်နဲ့ ဖြောင်းဖြလိုက်တယ်။

 

အားယွီ.. စိတ်လက်မာန်ပါမလုပ်နဲ့

 

ရုန်မိသားစုက ကျိုးမိသားစုလောက် အမြစ်တွေမနက်ရှိုင်းနေပေမဲ့ သူက မြင့်တက်နေဆဲ လုပ်ငန်းစုတစ်ခုဖြစ်ကာ အထင်သေးလို့ရမဲ့ အနေအထားမျိုးမဟုတ်ဘူး။

 

လူအိုကြီးက ကျန်းမာရေးအကျပ်အတည်းဖြစ်နေတာဖြစ်ပြီးအချိန်မရွေးရာထူးမှ နှုတ်ထွက်သွားရနိုင်ချေရှိနေတယ်။

 

ဒီအချိန်က အာဏာယှဥ်ပြိုင်သင့်တဲ့အခါကာလမဟုတ်သေးဘူး။

 

သူတို့သာ ဒီအချိန်မှာ ရုန်မိသားစုကို အပြစ်လုပ်မိခဲ့ရင် ကျိုးမိသားစုဘက်မှလူတွေက အသာစီးရသွားလိမ့်မယ်။

 

ဆုံးရှုံးဖို့အတွက်  မထိုက်တန်ဘူး။

 

ကျိုးယွီက တန်ပြန်တိုက်စစ်ဆင်တဲ့ ဝတ္ထုဇာတ်ညွှန်းထဲမှ အဓိကဇာတ်လိုက်ဖြစ်ဖို့ ထိုက်တန်တယ်။ သူက သာမန်လူတွေမလုပ်နိုင်တဲ့ သည်းခံမှုတွေကို လုပ်နိုင်ခဲ့တယ်။

 

သူက ရုန်ရုန်ထံသို့ မီးတောက်နေတဲ့အကြည့်တစ်ချက်သာပေးပြီး လှည့်ထွက်သွားခဲ့တယ်။

 

 

“ Hot Toddy တစ်ခွက်

 

ရုန်ရုန် ဘားကောင်တာကိုသွားပြီး လက်ကိုမြှောက်ကာ  bartenderကိုလှမ်းခေါ်လိုက်တယ်။

 

ရုန်ကျန်း: Hot Toddy မလုပ်နဲ့ Alexander တစ်ခွက်ပဲ.. ကျေးဇူး

 

Hot Toddy က Alexanderထက် အရက်ပါဝင်မှုပမာဏ မြင့်မားတယ်။

 

ရုန်ရုန်နဲ့အတူပါလာတဲ့ ချောမောခန့်ညားတဲ့အမျိုးသားရဲ့ နောက်ခံကိုမသေချာတာကြောင့် ဘယ်သူ့ရဲ့စကားကိုနားထောင်ရမလဲမသိတော့တဲ့အတွက် bartender က ရှက်ရွံ့သွားပုံရတယ်။

 

ရုန်ရုန်ကတော့ ခေါင်းကိုငုံ့ပြီး ဟဲယွီဆီကို စာပို့နေခဲ့တာ။

 

ရုန်ရုန်ဆီမှာ သူငယ်ချင်းများများစားစားမရှိခဲ့ဘူး။ ဟဲယွီက သူ့ရဲ့နှလုံးသားထဲက သတ်မှတ်ထားတဲ့ သူငယ်ချင်းပဲ။

 

ဟဲယွီက သူနဲ့ချိန်းဆိုမှုလုပ်ခဲ့တဲ့အချိန်တိုင်းမှာ သူက ဟဲယွီရဲ့သူငယ်ချင်းတွေကို သဘောမကျခဲ့တာတောင် အထူးတလည်ကိစ္စတွေမရှိနေသရွေ့ထိုချိန်းဆိုမှုတိုင်းကို သူ သွားခဲ့တယ်။

 

သူ့ဆီမှာ ပိုက်ဆံပြတ်လတ်မနေခဲ့တာကြောင့် ဟဲယွီက သူ့ဆီမှ ပိုက်ဆံချေးခဲ့တိုင်းမှာလည်း ဘယ်တော့မှ မငြင်းခဲ့သလို တဖက်လူက ပြန်မဆပ်လာခဲ့ရင်လည်း စိတ်ထဲကိုမထားခဲ့ဘူး။

 

သူတို့က သူငယ်ချင်းတွေဖြစ်တဲ့အတွက် အကုန်လုံးကိုလိုက်တွက်ကပ်နေမယ်ဆိုရင် ပျင်းစရာကောင်းလိမ့်မယ်။

 

အိုး။ အဆုံးမှာတော့ လူတွေက သူ့ကို အရူးတစ်ယောက်လို့သာ သတ်မှတ်ခဲ့ကြတယ်လေ။

 

အတိတ်တုန်းက ရုန်ရုန် ဟဲယွီနဲ့အတူရှိနေတဲ့အချိန်တွေမှာ သူ့ရဲ့သခင်ငယ်လေးတစ်ယောက်ရဲ့အရှိန်အဝါတွေကို ထိန်းသိမ်းထားခဲ့တယ်။

 

သူငယ်ချင်းတွေအတွက် အရေးအကြီးဆုံးအရာက တစ်ယောက်ကိုတစ်ယောက် တူညီစွာဆက်ဆံပေးသင့်တယ်။ သူက ထိုစကားအတိုင်း နားလည်ပေးခဲ့တာ။

 

အခုချိန်မှာတော့ သူ့အနေနဲ့ စိတ်ပူပန်နေစရာမကျန်ရှိတော့ဘူး။ ဒီတော့ သူ မတွေ့ချင်တဲ့ ဟဲယွီရဲ့သူငယ်ချင်းတွေနဲ့တွေ့ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်အနှောင့်အယှက်အဖြစ်မခံတော့ဘူး။ ဒါကြောင့် ဟဲယွီဆီကို သူ ဘားမှာရောက်နေကြောင်းပြောကာ အောက်ကိုဆင်းလာခိုင်းလိုက်တယ်။

 

သူက ရုန်ကျန်းမှ bartenderဆီကိုလှမ်းပြောလိုက်တဲ့စကားကို ကြားတော့ ခေါင်းကိုပြန်မော့ပြီးပြုံးလိုက်တယ်။

 

ငါ့ကောကောပြောတဲ့အတိုင်း  လုပ်လိုက်.. Alexander တစ်ခွက်

 

ရုန်ကျန်းက ဒီနေ့ အပြင်မှာ သောက်လာခဲ့ပြီးပြီဖြစ်ကာ ယဲ့ဖန်ကိုလာတဲ့လမ်းတစ်လျှောက်မှာလည်း မျက်လုံးကိုမှေးစက်ပြီး လာခဲ့တာလေ။  ဒီညအတော်လေးသောက်လာခဲ့ပုံရနေတာကြောင့် ရုန်ရုန် သူ့အတွက် ထပ်ပြီးမမှာပေးတော့ဘူး။

 

ထိုအချိန်မှာပဲ ဘားရဲ့ နောက်ခံတေးသီချင်းက ရပ်တန့်ပြီး အသစ်တစ်ပုဒ်ကိုပြောင်းလဲသွားတယ်။

 

ရုန်ရုန်ရဲ့ လေသံကသိပ်မကျယ်ပေမဲ့ အနားမှာရှိနေတဲ့ ဧည့်သည်ဟောင်းတွေကတော့ ကြားနိုင်သေးတယ်။

 

အနားမှာရှိနေတဲ့ လူရဲ့မျက်လုံးက နားလည်ပုံရတဲ့အလင်းတစ်ချက်ဖြတ်ပြေးသွားတယ်။

 

ဒီနေ့ ရုန်ရှောက်ရဲ့ ကျိုးယွီအပေါ်သဘောထားက ၁၈၀°လောက်  ပြောင်းလဲသွားတာ အံ့သြစရာမရှိတော့ဘူး။ သူက အချစ်သစ်ကိုရှာတွေ့သွားတာကိုး။

 

ထည့်ပြောနေစရာတောင်မလိုဘူး။ ကျိုးယွီက လူတွေကြားထဲမှာ နဂါးနဲ့ ဇာမဏီလိုဖြစ်နေတဲ့သူပဲ။ ဒါပေမဲ့ ဒီအမျိုးသားကလည်း ရုပ်ရည်သွင်ပြင်မှာရော ကိုယ်နှုတ်အမူအယာမှာပါ ကျိုးယွီထက် နိမ့်ကျနေခြင်းမရှိဘူး။ သူက ကျိုးယွီဆီမှာမရှိတဲ့ ကျော့ရှင်းတဲ့ တော်ဝင်အရှိန်အဝါတောင် ရှိနေသေးတယ်။

 

Bartender တောင်မှ ရုန်ရုန်က ရုန်ကျန်းကိုခေါ်ဆိုတဲ့ နာမည်ကို ကြားလိုက်ရချိန်မှာ မနေနိုင်ဘဲ ရုန်ကျန်းဆီကို တစ်ချက်လိုက် စိုက်ကြည့်လိုက်မိတယ်။

 

မင်းတို့သိသင့်တာက ဟိုးအရင်တုန်းက ရုန်ရှောက် ကျိုးရှောက်နောက်ကနေ လိုက်နေတဲ့အချိန်မှာတောင် သူက ဘယ်သောအခါမှ ကောကောလို့ မခေါ်ခဲ့ဘူး။

 

ကောကော.. ခုနတုန်းက ဘယ်ကိုသွားနေတာလဲ.. ကျွန်တော် ကောကောကို အကြာကြီးလိုက်ရှာနေတာ.. ကောကောက ကျွန်တော့်ရဲ့ဖုန်းကိုတောင် ပြန်မဖြေဘူး

 

ခုနတုန်းက ရုန်ကျန်းနဲ့ ရုန်ရုန်တို့ ဘားထ်ကိုဝင်လာချိန်မှာ လူအုပ်ကြီးကြောင့် လူစုကွဲသွားခဲ့တာ။

 

ရုန်ရုန် ရုန်ကျန်းဆီကို ဖုန်းခေါ်ခဲ့ပေမဲ့ ပြန်မဖြေခဲ့ဘူး။ ဒါကြောင့် သူ ဟောခန်းထဲမှာ ပတ်ရှာနေခဲ့တာ။ ဒါပေမဲ့မမျှော်လင့်ပဲ ကျိုးယွီနဲ့ ခုန်းယန်ကိုသာ တွေ့လိုက်ရတယ်လေ။

 

ရုန်ကျန်းက အခုလေးတင် သူ့နောက်ကို မလုံတလုံဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက်က လာရောက်ချည်းကပ်နေတဲ့အကြောင်းကို မပြောချင်ခဲ့ဘူး။ သူက ထိုခေါင်းစဥ်ကိုရှောင်ရှားလိုက်ပြီး သူ့ဖုန်းက ကားပေါ်မှာပြုတ်ကျကျန်ခဲ့ကြောင်းကိုသာ ရှင်းပြလိုက်တယ်။

 

ရုန်ကျန်းက သူ့ရဲ့စကားလုံးတွေကို အကြိမ်ကြိမ်တွေးတောပြီးမှ မေးလာတယ်။

 

မင်းနဲ့ ကျိုးယွီ ဘာဖြစ်တာလဲ? မင်း...

 

ရုန်ရုန်က သူ့ရဲ့အစ်ကိုမေးချင်တာကို ချက်ချင်းပဲ ခန့်မှန်းလိုက်မိတယ်။

 

ရုန်ရုန်ရဲ့မျက်နှာအမူအယာက အလွန်အမင်းလေးနက်လာတယ်။

 

ကောကော .. ကျွန်တော်သာ ကျိုးယွီကိုထပ်မကြိုက်တော့ဘူးလို့ပြောရင် .. သူနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်မှမကျန်တော့ဘူးလို့ ပြောရင် .. ကောကော ယုံမှာလား

 

တကယ်လို့ ရုန်ရုန်သာ ဒီမေးခွန်းကို ဒီညမတိုင်ခင်က မေးခဲ့မယ်ဆိုရင် ရုန်ကျန်း  ယုံကြည်မှာမဟုတ်ဘူး။

 

ဒါပေမဲ့ ဒီနေ့ ရုန်ရုန်ရဲ့ ကျိုးယွီအပေါ်သဘောထားက အတိတ်တုန်းကနဲ့ယှဥ်ရင် လုံးဝခြားနားနေကြောင်းကို သူမြင်တွေ့နိုင်တယ်။

 

သူ့ရဲ့မွေးနေ့တုန်းကရောပဲ။

 

ရုန်ကျန်း လိမ်မာပါးနပ်စွာမေးလိုက်တယ်။

 

မင်းဒီနေ့ ကျိုးယွီကိုတွေ့ဖို့လာခဲ့တာလား?

 

သူ့ကိုတွေ့ရမယ်? မဟုတ်တာ.. ကျွန်တော်က...

 

အမွှေးလုံးလေး_

 

 

ဟဲယွီက ရုန်ရုန်ရဲ့စာကို လက်ခံရရှိတာကြောင့် ဒုတိယထပ်မှာရှိနေတဲ့ သီးသန့်အခန်းမှ အကခန်းမပေါ်မှ အမျိုးသား အမျိုးသမီးတွေကိုဖြတ်ကျော်ပြီး လျှောက်လာခဲ့တယ်။

 

ရုန်ရုန် မင်း ဘာလို့ အပေါ်ထပ်ကို တိုက်ရိုက်တက်မလာတာ...

 

သူက မကျေမနပ်ပြောကာ လျှောက်လာရင်းနဲ့ ရုန်ကျန်းကိုတွေ့လိုက်ရတာကြောင့် ရပ်တန့်သွားတယ်။

 

ဟဲယွီက ပြုံးဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ဖိအားပေးလိုက်ရပြီး ရုန်ကျန်းကို နှုတ်ဆက်လိုက်တယ်။

 

ရုန်.. ရုန်ကော .. မင်္ဂလာညနေခင်းပါ

 

ဟဲယွီက ရုန်ကျန်းကို အမြဲတမ်းကြောက်လန့်ခဲ့တာကြောင့် သူ့ရဲ့လျှာကို မထိန်းနိုင်လုနီးပါးပဲ။

 

သူ ပိုပြီးရှုတ်ထွေးသွားရတယ်။

 

ရုန်ရုန်နဲ့ သူ့အစ်ကိုက သိပ်ပြီးနီးစပ်ကြတာမဟုတ်ဘူးလေ။ ဘာလို့ ဒီနေ့ကျတော့ နှစ်ယောက်လုံးအတူရောက်လာရတာလဲ?

 

ရုန်ကျန်းက အေးစက်စက်နဲ့ ခေါင်းညိတ်ပြတယ်။

 

ကိစ္စတွေအများကြီးမှာ ရုန်ရုန်က ဘာမှမပြောခဲ့ဘူးဆိုတိုင်း ရုန်ကျန်းက ဘာတစ်ခုမှ မသိခဲ့တာမဟုတ်ဘူး။ သူ့ညီငယ်လေးရဲ့ သူငယ်ချင်း ဆက်ဆံရေးမှာရောပေါ့။

 

ရုန်ကျန်းက ဟဲယွီအနားကို ကိုယ်တိုင်ချည်းကပ်စုံစမ်းခဲ့ပြီး သူ့ကို အဝေးသို့ထွက်သွားစေချင်ခဲ့တယ်။  ဟဲယွီက မျက်နှာပေါ်မှာ လေးစားမှုအပြည့်အမူအယာတွေကို တပ်ဆင်ထားပေမဲ့ သူ့ရဲ့အပြုအမူတွေကတော့ ထိုသို့ လုံးဝမဟုတ်ခဲ့ဘူး။

 

ဒါတင်မကပဲ သူက ရုန်ရုန်ဆီမှာပါ သူ့အကြောင်းကို မကျေမနပ်တိုင်တန်းခဲ့သေးတယ်။

 

ဒါကြောင့်ပဲ ရုန်ရုန်က သူ့ကိုလာရှာပြီး ရန်ပွဲကြီးတစ်ခုဖြစ်ခဲ့ရတယ်။ ထို့အတွက်ကြောင့်ပဲ ညီအစ်ကိုနှစ်ယောက်က မပျော်မရွှင်နဲ့ ဝေးကွာလာခဲ့တယ်။

 

ဒီတော့ ရုန်ကျန်းရဲ့ ဟဲယွီအပေါ်သဘောထားက သဘောဝကျစွာနဲ့ ကောင်းမွန်မနေခဲ့ဘူး။

 

ဟဲယွီရဲ့အတွေးကတော့ ရိုးရှင်းပါတယ်။ ရုန်ကျန်းသာရှိနေရင် ပိုက်ဆံချေးတာက အလကားနီးပါးရနေနိုင်ပါဦးမလား?

 

ရုန်ရုန်.. ကျင်းဟိုက်နဲ့ ချင်ရွေ့က အပေါ်ထပ်က သီးသန့်အခန်းမှာစောင့်နေကြတယ်.. မင်းအပေါ်ကိုတက်ပြီး လူတိုင်းနဲ့အတူကစားဦးမလား

 

ဟဲယွီက ရုန်ရုန် အပေါ်ထပ်ကိုလိုက်လာစေဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကိုသုံးပြီး ရုန်ရုန်ကိုချော့မော့လာတယ်။ သူက ပြောနေရင်းနဲ့ ရုန်ရုန်ဆီကို မျက်လုံးမှိတ်ပြလိုက်သေးတယ်။

 

ဒါပေမဲ့ ဒီအချိန်မှာပဲ  bartender က သူပြင်ဆင်နေတဲ့ Alexander ကို ယူလာပေးနေတဲ့အတွက် ဟဲယွီက ထို bartender ဆီကို အကြည့်ပြင်းပြင်းတစ်ချက်ပေးလိုက်တယ်။ ဒီတစ်ယောက်က အရိပ်အကဲနားမလည်ဘူးလား?

 

ရုန်ရုန်က ဟဲယွီမှ bartender ဆီကိုပို့လိုက်တဲ့အကြည့်ကို မမြင်ချင်ယောင်ဆောင်လိုက်တယ်။

 

သူက ကော့တေးကို အလျင်မလိုစွာသောက်ရင်း အပြုံးနည်းနည်းလောက်တောင်မရှိပါပဲ မေးမြန်းလိုက်တယ်။

 

သူတို့က မင်းရဲ့သူငယ်ချင်းတွေလေ.. ငါက ဘာလုပ်ရမှာလဲ

 

ဟဲယွီက တစ်ညလုံးအရက်သောက်ထားတာကြောင့် မူးရစ်မှုတွေက သူ့ရဲ့ဦးနှောက်ကို ထုံထိုင်းနေခဲ့ပြီ။

 

တကယ်လို့ ပုံမှန်အခြေအနေမှာသာဆိုရင် သူက ရုန်ရုန်နဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်းကို သတိထားမိလိမ့်မယ်။ နောက်ပြီး ရုန်ရုန်ရဲ့ ပြောင်းပြန်အကြေးခွံကို သွားထိရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သူက ရုန်ရုန် သူ့ကိုစနောက်နေတယ်လို့သာ တွေးခဲ့တယ်။

 

သူက ရုန်ရုန်ရဲ့ပုခုံးကို လက်တစ်ဖက်တင်ကာ ပြုံးလိုက်တယ်။

 

ဖာ့ခ်! ငါ့သူငယ်ချင်းတွေက မင်းရဲ့သူငယ်ချင်းပဲမဟုတ်ဘူးလား

 

ရုန်ရုန်က သူ့ပုခုံးပေါ်မှ ဟဲယွီရဲ့လက်ကို ဖယ်လိုက်ပြီး တစ်ဖက်လူကို အဝေးသို့ တွန်းထုတ်လိုက်တယ်။

 

ဟဲယွီတစ်ယောက် ဟန်ချက်ပျက်သွားကာ မြဲမြဲမရပ်လိုက်နိုင်ပဲ သူ့ရဲ့နောက်ကျောဘက်က ဘားကောင်တာနဲ့  တိုက်မိသွားရပြီး ဟဲယွီရဲ့မျက်နှာက နာကျင်မှုကြောင့် ပြာနှမ်းသွားရတယ်။

 

ဟဲယွီက အများကြီးသောက်ထားရင်တောင် အသိစိတ်လွတ်လောက်အောင်တော့ မဟုတ်သေးဘူး။

 

အခု ရုန်ရုန် သူ့ကိုတွန်းထုတ်လိုက်တာက တမင်ရည်ရွယ်တာဆိုတာကိုတော့ သေချာပေါက် နားလည်နိုင်သေးတယ်။

 

သူက ဒေါသထွက်လွန်းလို့ အနားမှာ ရုန်ကျန်းရှိနေသေးတယ်ဆိုတာကိုတောင် မေ့သွားခဲ့ပြီး ရုန်ရုန်ကို အော်ဟစ်လိုက်တယ်။

 

ရုန်ရုန် မင်းဘာလုပ်တာလဲ! မင်း ဒီနေ့ ဆေးမှားသောက်လာတာလား? ငါ့ကိုဘာလို့လာတွန်းရတာလဲ!

 

ရုန်ရုန်က ကော့တေးဖန်ခွက်ရဲ့အစွန်းကို သူ့ရဲ့လက်ချောင်းတွေနဲ့ ထိနေရင်း သူ့ရဲ့မျက်ခုံးကို ပင့်,မပြီး ပြုံးလိုက်တယ်။

 

မင်း လွန်ခဲ့တဲ့တစ်လက ငါ့ဆီကနေ တစ်သိန်းယူထားတယ်.. လွန်ခဲ့တဲ့နှစ်လတုန်းက နှစ်သောင်းယူထားတယ်.. . နောက်ပြီး အရင်တစ်နှစ်တုန်းက.... ဟိုလွန်ခဲ့တဲ့တစ်နှစ်တုန်းက.... နောက်ပြီး နှစ်သစ်ကူးတုန်းက.... မတိုင်ခင်က.... ဒီတော့ အခုချိန်ထိ တွက်လိုက်မယ်ဆိုရင် အားလုံးစုစုပေါင်း 3,775,875 တိတိရှိတယ်.. မင်း ငါ့ကို ဘယ်အချိန် ပြန်ပေးမှာလဲ?