Ch 12
Viewers 24k

(12) ကောကော.. ကောကောက ကျွန်တော့်ရဲ့ ဂုဏ်ကျက်သရေပါပဲ

 

ဟဲယွီ လွှတ်ခနဲ ပြောထွက်သလားတယ်:

 

နှစ်မီလီယံကျော်ပဲ မဟုတ်ဘူးလား?!!

 

ရုန်ရုန်ရဲ့နှုတ်ခမ်းပေါ်မှ အပြုံးက ပိုပြီးကျယ်ပြန့်လာတယ်။

 

ဟဲယွီက ဒီနှစ်တွေမှာ သူဆီက ပိုက်ဆံတွေအများကြီးချေးယူသုံးစွဲခဲ့တယ်။ ဒါပေမဲ့ ချေးထားသလောက်တော့ ဘယ်တော့မှ ပြန်မပေးခဲ့ဘူး။

 

ဥပမာအားဖြင့် သူက ယွမ်ရှစ်သောင်းချေးခဲ့မယ်ဆိုရင် ယွမ်ငါးသောင်းကိုပဲပြန်ဆပ်လိမ့်မယ်။ နောက်တစ်ကြိမ်မှာ သူက ယွမ်တစ်သိန်းခွဲချေးခဲ့ပြီး ငါးသောင်း ဒါမှမဟုတ် သုံးသောင်းပဲပြန်ဆပ်လာလိမ့်မယ်။

 

သူအပြည့်အဝပြန်ဆပ်လာတဲ့အချိန်ကရှားပါးပြီး အများစုက လျော့နည်းပြီးပြန်လာလိမ့်မယ်။

 

သူက ဒါကို ဟဲယွီ သတိမထားမတာ၊ ဂရုမစိုက်မိတာကြောင့် မှားပြီးမှတ်မိနေတာပဲလို့တွေးခဲ့ကာ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။

 

အခုတော့ သူက အရမ်းကိုတုံးအလွန်းခဲ့တဲ့ပုံပဲ။

 

လူတွေက တုံးအနိုင်ပေမဲ့ သူတို့တွေ ဥာဏ်ကောင်းလွန်းတာလည်းဖြစ်နေနိုင်တယ်။ သူတို့က သေသေချာချာမမှတ်မိခဲ့တာလား? ရည်ရွယ်ချက်ရှိရှိမမှတ်မိချင်ယောင်ဆောင်တာလဲ ဖြစ်နေနိုင်တာပဲ။

 

ဟဲယွီက သူ့ရဲ့နှာခေါင်းကိုကုတ်ပြီး ပိုက်ဆံတွေ သူမှတ်မိသလောက်ပြန်ပေးလာချိန်မှာ သူကတော့ ကြင်နာမှုကိုပြသပြီး ထိုအနည်းငယ်ကိုပဲ လက်ခံခဲ့တယ်။

 

ဒါကပဲ အဓိပ္ပါယ်အရှိတဲ့အတင်းအဖျင်းတွေဆီကို ဦးတည်ခဲ့တယ်။

 

ရုန်ရုန်က ခေါင်းညိတ်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်က အပြုံးက ဆက်လက်တည်ရှိနေတုန်းပဲ။

 

ဟုတ်တယ်.. ပထမတုန်းကတော့ မင်း ချေးထားတဲ့ ပိုက်ဆံက သိပ်မများဘူးလေ.. ဒါပေမယ့် တခြားသူတွေဆီက ပိုက်ဆံချေးမယ်ဆိုရင် အတိုးမရှိဘူးလို့ ဘာလို့တွေးနေရတာလဲ

 

အခုတော့ ဟဲယွီတစ်ယောက် ဝိုင်မူးနေရာမှ လုံးဝနိုးထသွားရပြီ။

 

သူ့ရဲ့မျက်နှာက ပြောင်းလဲသွားရတယ်။

 

အတိုးနှုန်းကို မပြောနဲ့ ။ အရင်းပြန်ဆပ်ဖို့တောင်မှ သူမစဉ်းစားထားခဲ့ဘူး။

 

၃,၈၈၅,၈၇၉ က ဒီနှစ်တွေမှာ ငါတို့ရဲ့ရုန်လုပ်ငန်းစု ဘဏ္ဍာရေးအစီအစဉ်ရေးဆွဲသူဆီကို ငါ screenshot မှတ်တမ်းတွေကို ပို့ပေးထားတာကနေ သူတွက်ချက်ပေးထားတဲ့ နံပါတ်ပဲ.. တကယ်လို့ ဟဲရှောက်ဆီမှာ ငြင်းဆိုစရာတစ်ခုခုရှိခဲ့ရင် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်တယ်နော်..

 

မင်းလည်းသိတဲ့အတိုင်း ငါက လွန်ခဲ့တဲ့တစ်ပတ်လောက်က ငါ့အစ်ကိုအတွက်မွေးနေ့လက်ဆောင်ပေးဖို့ ငွေကြေးတွေအများကြီး အကုန်အကျခံထားခဲ့ရတာလေ.. ဒီတော့ လက်တလောမှာ ငါ့အတွက် ကြပ်တည်းနေရတယ်.. ဟဲရှောက်က ငါ့ရဲ့ပိုက်ဆံတွေကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ပေးဖို့ မျှော်လင့်ပါတယ်.. မဟုတ်ရင်လည်း ဟဲရှောက်အနေနဲ့ အချိန်ကျလာမှ တရားရုံးက စာခေါ်လာမှာကို စောင့်နေရလို့ရတယ်

 

ဆိုလိုတာကတော့ ဟဲယွီသာ ပိုက်ဆံကိုအမြန်ဆုံးပြန်မပေးရင် ပိုက်ဆံပြန်ရဖို့အတွက် တရားစွဲပြီး ဖိအားပေးလိမ့်မယ်။

 

ဟဲယွီက ရုန်ရုန်ကို နီရဲနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လာခဲ့တယ်။

 

ငါတို့က သူငယ်ချင်းတွေလို့ထင်ခဲ့တာ

 

အဆုံးမှာ သူက အတိုးနှုန်းတွေနဲ့တောင် သူ့ကို ဖော်ထုတ်လာခဲ့တယ်!

 

ရုန်ရုန်က ခွက်ထဲမှာရှိနေတဲ့ ALEXANDER ကို မော့သောက်လိုက်တယ်။

 

ပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး သူ့လက်ထဲမှ ဝိုင်ဖန်ခွက်ကို ဘားပေါ်မှာချလိုက်တာကြောင့် ခရက်ခနဲ အသံထွက်ပေါ်လာတယ်။

 

ရုန်ရုန်ရဲ့ ရှင်းလင်းပီသတဲ့ အသံကလည်း တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာခဲ့တယ်။

 

ဒီနေ့ကစပြီး မဟုတ်တော့ဘူး

 

ဟဲယွီ ထိတ်လန့်ကာ ကြောင်အမ်းသွားတယ်။

 

ရုန်ရုန်က ပိုက်ဆံကိုထုတ်ပြီး အခကြေးငွေရှင်းပေးဖို့ လုပ်လိုက်တယ်။

 

သိုပေမဲ့ သူ့ရဲ့အိတ်ကပ်ထဲကိုလက်ထိုးလိုက်ပြီးမှ သတိရသွားတယ်။

 

အမ်...

 

သူ ကျိုးယွီကို ဆုချဖို့အတွက် ပိုက်ဆံတွေအားလုံးကိုအသုံးပြုခဲ့တာကို မေ့သွားတယ်။

 

ငွေရှင်းဖို့အတွက် ဘားကောင်တာမှာ QRကို စကင်ဖတ်နိုင်တယ်ဆိုပေမဲ့ ဘောက်ဆူးကတော့ ပေးလို့မရဘူး။ ကုဒ်ကို စကင်န်ဖတ်တာက နိုက်ကလပ်ဆီကိုပဲ တိုက်ရိုက်ပေးချေပြီးသားဖြစ်သွားမှာဖြစ်ပြီး bartender တွေကတော့ ထိုငွေကို ရရှိမှာမဟုတ်ဘူး။

 

ရုန်ရုန် ဒီ bartender အယ်လန်ကိုမှတ်မိတယ်။

 

သူ့ရဲ့အတိတ်ဘဝတုန်းက ဟဲယွီရဲ့သူငယ်ချင်းတွေက သူ့ကိုမူးယစ်ဆေးတွေ ထည့်ဖို့ကြိုးစားခဲ့ပေမယ့် အယ်လန်က သူ့ဆီကို ဝိုင်ချပေးတဲ့အချိန်မှာ တိတ်တဆိတ်အချက်ပေးခဲ့တာကြောင့် သူ လွတ်မြောက်နိုင်ခဲ့တယ်။

 

ဒီလိုကျေးဇူးကို သူပြန်မဆပ်ဘဲ မနေနိုင်ဘူး။

 

ရုန်ရုန်တစ်ယောက် အခုလေးတင် ဟဲယွီနဲ့ စာရင်းရှင်းချိန်မှာ ခပ်မိုက်မိုက်အနေအထားနဲ့ ဖြစ်နေခဲ့တယ်ဆိုပေမဲ့ ရုန်ကျန်းနဲ့ မျက်နှာချင်းဆိုင်လိုက်ချိန်မှာတော့ ချစ်စရာကောင်းတဲ့ နို့ခွေးလေးပုံစံချက်ချင်းဖြစ်သွားရကာ ရုန်ကျန်းကို မျက်နှာချိုသွေးစွာကြည့်လာခဲ့တယ်။

 

ကောကော ကျွန်တော့်ကို ဘောက်စူးအတွက် နည်းနည်းလောက် ပေးနိုင်မလား.. ကျွန်တော် နောက်ကျရင် ပြန်ဆပ်ပါ့မယ်

 

ရုန်ကျန်းက သူ့ရဲ့ပိုက်ဆံအိတ်ကိုထုတ်ယူကာ ရုန်ရုန်ကိုစိုက်ကြည့်လာတယ်

 

ပြန်ပေးစရာမလိုဘူး

 

မလောက်သေးဘူး ထပ်ပေးပါဦး

 

ရုန်ရုန်က လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ရုန်ကျန်းရဲ့အိတ်ထဲမှ နောက်ထပ် ပိုက်ဆံအနည်းငယ်ကို ထုတ်ယူလိုက်တယ်။

 

ရုန်ကျန်းကတော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိတယ်။ဒီဘောက်စူးက ပုံမှန်ထက် နည်းနည်းပိုများလွန်းနေတယ်။

 

ဒါပေါ့။ ရုန်ကျန်းက ရုန်ရုန်ထုတ်လိုက်တဲ့ ပိုက်ဆံကို ပြန်ယူမှာမဟုတ်ဘူး။ အရာအားလုံးကို သူသဘောကျသလိုလုပ်လို့ရတယ်။

 

သူက ရုန်ရုန် ဘောက်ဆူးပေးတာကို သဘောမတူရင်တောင် ဘာတစ်ခုမှ ဝင်ပြောမှာမဟုတ်ဘူး။

 

အယ်လန်က စိတ်ကြီးဝင်လွန်းတဲ့သူမဟုတ်ဘူး။ သူက ပိုက်ဆံတစ်ရွက်ကိုသာယူလိုက်ပြီး ကျန်တာတွေကို ပြန်တွန်းပို့ပေးလိုက်တယ်

 

ရုန်သခင်လေး.. ဒါက အရမ်းများလွန်းတယ်.. ကျွန်တော် လက်မခံနိုင်ဘူး

 

ရုန်ရုန်က သူ့ရဲ့နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးပြလိုက်ပြီး ပိုက်ဆံတွေကို ပြန်ပေးမလာစေဖို့အတွက် သူ့ရဲ့လက်ထဲကို ထိုးထည့်ပေးလိုက်တယ်။

 

ပြီးနောက် နောက်ကိုလှည့်ကာ ရုန်ကျန်းကိုပြောလိုက်တယ်။

 

ကောကော ပြန်ရအောင်

 

အယ်လန်က သူ့လက်ထဲမှ ပိုက်ဆံတစ်ထပ်ကိုကိုင်ထားရင်းနဲ့ ရုန်ရုန်နဲ့ ရုန်ကျန်းတို့ ထွက်သွားတဲ့ဘက်ကို စိုက်ကြည့်နေမိတယ်။

 

ဒီရုန်သခင်ငယ်လေးက အရင်တုန်းကနဲ့မတူတော့ဘူးလို့ သူခံစားနေရတယ်....

 

ဒီအချိန်မှာတော့ ဟဲယွီတစ်ယောက် ပြန်လည်တုံ့ပြန်လာနိုင်ခဲ့ပြီ။

 

သူက ရုန်ရုန်ရဲ့နောက်ကို လိုက်သွားခဲ့တယ်။

 

ဒီအချိန်မှာ သူ လူဘယ်နှစ်ယောက်လောက်ကို တိုက်မိခဲ့လဲဆိုတာ ၊ ဆဲဆိုကျိန်ဆဲခံလိုက်ရလည်းဆိုတာကို မသိခဲ့ဘဲ နောက်ဆုံးမှာတော့ ရုန်ရုန်နဲ့ ရုန်ကျန်းတို့ကို တံခါးဝနားမှာ အမှီလိုက်နိုင်ခဲ့တယ်။

 

သူက ရုန်ရုန်ရဲ့လမ်းကို ပိတ်ဆို့ထားပြီး သူ့ရဲ့မျက်လုံးတွေကလည်း နီရဲနေခဲ့တယ်။

 

ဘာလို့လဲ?! ငါ, ဟဲယွီက မင်းကို တစ်ခုခုထိခိုက်မိအောင် လုပ်မိခဲ့လို့လား? မင်း ငါ့အပေါ် ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ?!

 

ရုန်ရုန် ရယ်စရာကောင်းတယ်လို့ တွေးမိတယ်။

 

ငါ မင်းကို ဘာလိုမျိုး ဆက်ဆံခဲ့လို့လဲ? အကြွေးရှိရင် ပြန်ဆပ်ရမှာပဲ မဟုတ်ဘူးလား.. ဘာကိစ္စများ ရှိနေသေးလို့လဲ.. ဟိုအရင်တုန်းကတော့ ငါ့ဘက်ကအရင် မင်းဆီကပိုက်ဆံတွေကို ပြန်တောင်းဖို့ မစဉ်းစားခဲ့ဘူး.. ဒါပေမဲ့ အခုတော့ ငါ့ရဲ့ပိုက်ဆံတွေကို ပြန်လိုချင်လို့တောင်းခဲ့တယ်လေ.. ဒါက ဘာပြသနာများရှိနေလို့လဲ.. ငါမှားနေလို့လား?

 

ဟဲယွီက ချက်ချင်းပဲ ရှက်ရွံ့စွာနဲ့ပြောလာတယ်။

 

ငါ .. ငါ အဲလိုဆိုလိုတာ မဟုတ်ပါဘူး

 

ရုန်ရုန်က ဟဲယွီကိုစိုက်ကြည့်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက စူးရဲနေခဲ့တယ်။

 

ဟဲယွီ.. လူတွေကို အရူးလို့မှတ်ယူမနေနဲ့

 

 

ကောင်းကင်ပေါ်မှာ လရဲ့အလင်းရောင်က သိပ်ပြီး မတောက်ပသလို ကြယ်တွေကလည်း ကျိုးတိုးကျဲတဲသာ မြင်နေရတယ်။

 

ညရဲ့လေပြေညှင်းက တိုက်ခတ်နေပြီး လေထုထဲမှာ ဥယျာဉ်ခြံရဲ့ရနံ့က သင်းပျံ့နေခဲ့တယ်။

 

ရုန်ရုန် ရုန်ကျန်းရဲ့ကားရှေ့မှာ ရပ်နေခဲ့ပြီး သူ့ရဲ့မျက်နှာပေါ်မှာ ရှားပါးတဲ့ ရှက်ရွံ့မှုတွေရှိနေခဲ့တယ်။

 

ဟမ်.. ကောကော အငှားယာဥ်မောင်းခေါ်ကြမလား

 

သူနဲ့ ရုန်ကျန်းက ဒီညမှာ သောက်ထားခဲ့တဲ့အတွက် ယာဥ်မောင်းဖို့ မသင့်တော်ဘူး။

 

ရုန်ကျန်းရဲ့မျက်လုံးက အံ့ဩမှုအရိပ်အယောင်တွေကိုဖော်ပြလာတယ်။

 

သူ့ရဲ့ထင်မြင်ချက်အရ သူ့ညီလေးရဲ့စရိုက်အတိုင်းဆိုရင် ဝိုင်လေးတစ်ခွက်လောက်ပဲသောက်ထားပြီးချိန်မှာ ကိုယ်တိုင်ပဲ မောင်းနှင်လိမ့်မယ်လို့ တွေးထားတာလေ။

 

လုံခြုံရေးအသိစိတ်ရှိနေတာက ကောင်းတဲ့အချက်ပဲ။

 

ရုန်ကျန်း: အငှားယာဥ်မောင်းကိုပဲခေါ်လိုက်ရအောင်

 

ရုန်ရုန် ဖုန်းဆော့ဝဲထဲကိုဝင်ပြီး အငှားယာဥ်မောင်းလှမ်းခေါ်လိုက်တယ်။

 

ယာဥ်မောင်းရောက်လာဖို့အတွက် အချိန်ယူရဦးမှာပဲ။