(13)
ရုန်ရုန်
ကားအတွင်းက မွန်းကြပ်တယ်လို့ ခံစားရတာကြောင့် ကားပေါ်မတက်ချင်သေးတဲ့အတွက်
ကားပါကင်ဘေးနားမှာရှိတဲ့ ရေပန်းရဲ့အဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။
ရုန်ကျန်းက
တုံ့ဆိုင်းသွားခဲ့ပေမဲ့ အဆုံးမှာတော့ ရုန်ရုန်ရဲ့ဘေးနားမှာပဲ ဝင်ထိုင်လိုက်တယ်။
ရုန်ရုန်က
သူ့ရဲ့လက်တွေကို ရေပန်းအစွန်းမှာ တင်ထားပြီး ခြေထောက်တွေကိုတော့
တွဲလောင်းချထားခဲ့တယ်။
“ကောကော ကျွန်တော်က
အရမ်းတုံးလား”
သူ့ရဲ့နှလုံးသားထဲမှာ
သူငယ်ချင်းလို့မှတ်ယူထားတဲ့သူက သူ့ကိုတော့ ဘယ်တုန်းကမှ သူငယ်ချင်းတစ်ယောက်လို့
မတွေးတောခဲ့ဘူး။
ဆန့်ကျင်ဘက်မှာတော့
ကျိုးယွီအတွက်ကြောင့် သူက သူ့ရဲ့မိဘတွေနဲ့ စကားများခဲ့တယ်။ သူ့ရဲ့ အစ်ကိုနဲ့
ရန်ဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ကတ်ကို သူ့လက်နဲ့ ချိုးပစ်ခဲ့တယ်။
သူ
ဟဲယွီကိုယုံကြည်ခဲ့တယ်။ မျက်လုံးဖြူဝံပုလွေကို ညီအစ်ကိုအဖြစ်မှတ်ယူပြီး
သူ့ကိုကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ရုန်ကျန်းနဲ့တော့ ကင်းကွာသွားခဲ့တယ်။
သူ့ရဲ့အတိတ်ဘဝမှာ
သူတကယ်ကို တုံး,အခဲ့တဲ့ပုံပဲ။ ဒါကြောင့်ပဲ ပညာရှိအိုကြီးက ဆက်မကြည့်နေနိုင်တော့ပဲ
သူ့ရဲ့ကတ်တွေအားလုံးကို ပြန်ယူသွားခဲ့တာဖြစ်ရမယ်။
“မတုံးပါဘူး”
ရုန်ကျန်း
သူ့ရဲ့လက်ကို တုံ့ဆိုင်းစွာမြှောက်ကာ ရုန်ရုန်ရဲ့ခေါင်းကိုပွတ်သပ်ပေးလိုက်တယ်။
ရုန်ရုန်က သူ့ကို
မော့ကြည့်လာခဲ့တယ်။
သူ့ရဲ့ညီငယ်လေးက
သူ့ရဲ့အပြုအမူကို သိပ်ပြီးသဘောမကျလောက်ဘူးလို့ ထင်လိုက်တာကြောင့် ရုန်ကျန်း
သူ့ရဲ့လက်ဖဝါးကို ဖယ်ရှားပေးလိုက်ချိန်မှာပဲ ရုန်ရုန်ရဲ့အမေးစကားကိုကြားလိုက်ရတယ်။
“ကောကော
ကျွန်တော့်ကို နှစ်သိမ့်ပေးနေတာလား”
“ကျွန်တော့်ကို
နှစ်သိမ့်ပေးလို့ရပါတယ်”
ရုန်ရုန်
ပြုံးလိုက်ပြီး သူ့ရဲ့ခေါင်းကို ရုန်ကျန်းရဲ့လက်ဖဝါးဆီမှာ ပြန်လည်ပွတ်သပ်လိုက်တယ်။
သူ့အနေနဲ့
အနာဂတ်မှာ ဒီလိုကြင်နာမှုမျိုးကို ဘယ်တော့မှာ ရရှိနိုင်တော့မှာမဟုတ်ဘူးလေ။
ဒီတော့ မင်းအနေနဲ့
မင်းရဲ့အစ်ကိုဆီမှာ ကလေးတစ်ယောက်လို ဆိုးသွမ်းခွင့်ရှိနေတုန်းမှာ ရရှိနိုင်သလောက်
ကလေးတစ်ယောက်လို ပြုမူနေသင့်တယ်။
ရုန်ကျန်းရဲ့ခန္ဓာကိုယ်က
ရုန်ရုန်ရဲ့နီးကပ်လာမှုကြောင့် အနည်းငယ်လောက် တောင့်ခဲသွားရတယ်။
သူ့ရဲ့နောက်က
ရေပန်းဆီမှ ရေတွေမြင့်တက်လာပြီး ပြန်လည်ကျဆင်းတဲ့အသံတွေ ထွက်ပေါ်လာတယ်။
ရုန်ရုန်က သူရဲ့
ခြေထောက်တွေကို လေထဲတွင် တွဲလောင်းချထားပြီး လေကို အလှည့်ကျကန်ကျောက်နေရင်း
ကောင်းကင်မှာရှိနေတဲ့ကြယ်တွေကို မော့ကြည့်လိုက်တယ်။
“ကျွန်တော်နဲ့
ဟဲယွီက အလယ်တန်းကတည်းက သိခဲ့ကြတာ”
ရုန်ရုန်
အလယ်တန်းကျောင်းတက်နေစဥ်တုန်းက ကျောင်းမှာအနိုင်ကျင့်ခံခဲ့ရတယ်။
တခြားအချိန်တွေကတော့
သိပ်ပြီးမလေးနက်ခဲ့ပါဘူး။ သူတို့တွေက အတူတကွစုပေါင်းပြီး သူ့ကို
တစ်ယောက်တည်းခွဲထားခဲ့ကြတယ်။ သူ့ရဲ့
စာမေးပွဲစာရွက်တွေကို ဝှက်ထားခဲ့ကြတယ်။ သူသတိမထားမိတဲ့အချိန်တွေမှာ
သူ့ရဲ့ကျောင်းလွယ်အိတ်ထဲကို ပိုးဟပ်တွေ ထည့်ထားခဲ့ကြတယ်။ ဒီလောက်လေးပဲ။
သူက
ကျောင်းရဲ့လုံခြုံရေးအခန်းဆီကို တိုက်ရိုက်သွားခဲ့ပြီး
ဒီလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို စောင့်ကြည့်ပေးဖို့
တောင်းဆိုခဲ့တယ်။
အဆိုးဆုံးကိစ္စဖြစ်လာချိန်မှာတော့
ထိုသူတွေက သူ့ကို သန့်စင်ခန်းထဲမှာပိတ်ဆို့ထားခဲ့ကြပြီး သူ့ရဲ့အဝတ်တွေအားလုံးကို
ချွတ်ခိုင်းကာ သူတို့ယူလာခဲ့တဲ့ မိန်းကလေးအဝတ်အစားကို အတင်းအဓ္ဓမ
ဝတ်ဆင်ပေးခဲ့ကြပြီး ရယ်မောရင်း ဓာတ်ပုံတွေရိုက်ယူခဲ့ကြတယ်။
ရုန်ရုန်
တိုက်ကွမ်ဒိုလေ့ကျင့်ခဲ့ပြီးနောက် ထိုလူတွေကိုတိုက်ခိုက်ခဲ့တယ်။
သည်။
ပထမတုန်းကတော့
ရုန်ရုန်အသာစီးရခဲ့ပေမဲ့ နောက်တော့ တစ်ဖက်မှလူတွေက တခြားလူတွေကိုပါလာခဲ့ဖို့
ဖုန်းဆက်ခေါ်ခဲ့တာကြောင့် ရုန်ရုန်ရဲ့ခွန်အားတွေက လျင်မြန်စွာ ကုန်ဆုံးလာခဲ့တယ်။
သန့်စင်ခန်းထဲကို
လူတွေအများကြီး ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့ပြီး လူတိုင်းက
သူတို့ပါဒုက္ခရောက်မှာကို ကြောက်တဲ့အတွက် အလျင်စလို အဝေးကိုထွက်ပြေးသွားကြတယ်။
ထိုအထဲမှာ
ဟဲယွီကတော့ ဆရာလာနေပြီလို့ အော်ဟစ်ခဲ့ပြီး အဖွဲ့ကို ထိတ်လန့်သွားအောင်လုပ်ခဲ့တယ်။
အဲဒီနောက်မှာတော့
သူက ပိုက်ဆံတချို့သုံးပြီး လူအနည်းငယ်လောက် ငှားရမ်းခဲ့တယ်။ သူ့ကို
အနိုင်ကျင့်ခဲ့တဲ့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် အဝတ်တွေချွတ်ကာအမျိုးသမီး
အဝတ်အစားတွေကို ဝတ်ဆင်ခိုင်းပြီး ဗီဒီယို ရိုက်ခိုင်းခဲ့တယ်။
မျက်လုံးကန်းနေပြီး
သူ့ကိုထပ်ပြီး နှိုးဆွရဲတဲ့သူတွေရှိခဲ့ရင်တော့ သူက သူတို့ရဲ့ videoကို အွန်လိုင်းပေါ်မှာ တင်ခဲ့လိမ့်မယ်။
ထို့နောက်မှာတော့
အလယ်တန်းကျောင်း သုံးနှစ်အတွင်း အရာအားလုံးက အဆင်ပြေသွားခဲ့တယ်။
တစ်ခါတစ်ရံမှာ
နတ်ဆိုးတွေကို နတ်ဆိုးနဲ့တိုက်ခိုက်တာက အကျိုးသက်ရောက်မှု အရှိဆုံးပဲ။
ဟဲယွီက သူ့ကို
မေ့နေခဲ့တာကြာလောက်ပြီ။ ဒါကြောင့်လည်း တက္ကသိုလ်စဖွင့်တဲ့အချိန် အတန်းထဲမှာ သူနဲ့
ရင်းနှီးဖို့အတွက် အရူးတစ်ယောက်လိုချည်းကပ်လာခဲ့တာ။
သူက မျက်နှာတွေကို
မမှတ်မိတတ်တာကြောင့် ဟဲယွီကို ပထမတုန်းက မမှတ်မိခဲ့ဘူး။ သူ့ရဲ့အတန်းဖော်တွေ
ဟဲယွီရဲ့နာမည်ကိုခေါ်တာကိုကြားခဲ့ပြီး သူနဲ့အတူ
တစ်ကျောင်းတည်းတက်ခဲ့ကြားခဲ့ရချိန်ကျမှသာ ထိုလူနဲ့ နာမည်ကို
ယှဥ်တွဲမှတ်မိသွားခဲ့တယ်။
ဟဲယွီက သူ့ကို
ကူညီပေးခဲ့တဲ့အတွက်ကြောင့် သူ ဟဲယွီကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့တာ။
ဒါပေမဲ့
နောက်ဆုံးမှာတော့ လူတွေက ပြောင်းလဲသွားတတ်ကြောင်း သိရှိခဲ့ရတယ်။
အတိတ်တုန်းက
တရားမျှတမှုနှင့် ရဲရင့်တဲ့စိတ်ထားရှိခဲ့တဲ့ စိတ်အားထက်သန်တဲ့လူငယ်လေးက
အချိန်တွေရဲ့ တိုက်စားမှုကိုခံလိုက်ရပြီ။
ဒါက
ရုန်ကျန်းအနေနဲ့ ရုန်ရုန်ဆီမှ သူ့ရဲ့ အလယ်တန်းကျောင်းတုန်းကအကြောင်းကို
ပထမဆုံးပြောပြလာတာကို ကြားခဲ့ရတာဖြစ်ပြီး ရုန်ရုန် အလယ်တန်းကျောင်းတုန်းက
အနိုင်ကျင့်ခံခဲ့ရတာကိုလည်း ပထမဆုံးကြားခဲ့ဖူးတာပဲ။
သူ့ရဲ့နှလုံးသားအောက်ခြေမှ
ထိတ်လန့်မှုတွေနဲ့ အလွန်အကြူးအံ့သြမှုတွေကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။
အချိန်အတော်ကြာပြီးမှ
ရုန်ကျန်း ခပ်တိုးတိုးပြန်မေးလိုက်တယ်။
“မင်းဘာလို့ ငါ့ကို
ဒါမှမဟုတ် မိဘတွေဆီကို မပြောခဲ့ရတာလဲ”
ဟုတ်တယ်..
ဘာလို့ပါလိမ့်?
ရုန်ရုန်
ခဏလောက်တွေးလိုက်ပြီး ပြန်ဖြေမိတယ်။
“ဖြစ်နိုင်တာက ..
ကောကော .. ကောကောက အရမ်းတော်လွန်းတယ်လေ.. ကျွန်တော်က ကောကောရဲ့ ညီတစ်ယောက်ဖြစ်ပြီး
ဒီလိုအသေးအဖွဲကိစ္စလေးလောက်ကိုတောင် ကိုယ်တိုင်မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင်
အရမ်းရှက်စရာကောင်းလိမ့်မယ်လို့ တွေးခဲ့မိတာဖြစ်လိမ့်မယ်.. နောက်ပြီး..
မြီးကောင်ပေါက်အရွယ်တွေက ပုန်ကန်တတ်ကြတာပဲမလား.. ဒီလိုမျိုးလေ.. ငါ
ဒါတွေအားလုံးကို ငါ့မိသားစုဆီကနေ ဖုံးကွယ်ထားမယ် ပြီးတော့ ငါက
အရမ်းမိုက်တဲ့လူဖြစ်လို့ စကြာဝဠာတစ်ခုလုံးကိုတောင် သယ်ဆောင်သွားနိုင်လောက်တယ်”
ရုန်ရုန်က
သူ့ရဲ့ခေါင်းကိုလှည့်လာပြီး နှုတ်ခမ်းထောင့်ကလည်း မရိုးမဖြောင့်စွာကွေးညွတ်နေတယ်။
“
ရယ်စရာမကောင်းဘူးလား?”
ရုန်ကျန်းရဲ့မျက်နှာက
မည်းမှောင်နေခဲ့တယ်။
သူကတော့
ရယ်စရာကောင်းတယ်လို့ နည်းနည်းလောက်တောင် မခံစားမိဘူး။
ရုန်ကျန်း
အသံနက်နက်နဲ့မေးလာတယ်။
“ငါ မင်းကို
ဖိအားတွေအများကြီးပေးခဲ့တာလား?”
ရုန်ရုန်အနေနဲ့
သူ့ထက် အဆပေါင်းများစွာပိုမိုသာလွန်တဲ့အစ်ကိုတစ်ယောက်ရှိနေတာက
ဘာနဲ့ဆင်တူလဲဆိုတာကို တကယ်ပုံဖော်ပြီးမပြနိုင်လေဘူး။
ရုန်ရုန်ရဲ့အတိတ်ဘဝတုန်းက
အတွေ့အကြုံတွေကတော့ သိပ်ပြီးကောင်းမွန်ခြင်းမရှိခဲ့ဘူး။
ဆွေမျိုးတွေ
စုဝေးတဲ့အချိန်တိုင်းမှာ လူတိုင်းရဲ့အာရုံက ရုန်ကျန်းဆီမှာပဲရှိခဲ့တယ်။
ကျောင်းတတ်ခဲ့တဲ့အချိန်မှာလည်း ဆရာတွေက ကျောင်းမှ ဘွဲ့ရသွားတာကြာလှပြီဖြစ်တဲ့
ရုန်ကျန်းကိုသာ အစဥ်အမြဲဂုဏ်ယူမှုအပြည့်နဲ့ချီးကျူးခဲ့ကြတယ်။
လူတိုင်းက
သူ့ကိုရုန်ကျန်းဆီသင်ယူစေချင်ခဲ့ကြတယ်။
ဒီလိုနဲ့
သူပိုပြီးပုန်ကန်ချင်လာခဲ့တယ်။
သူတို့တွေက
ရုန်ကျန်းဆီမှ သင်ယူဖို့ ပြောလာကြလေလေ သူက ငြင်းဆန်မိလာလေလေပဲ။
ရုန်ကျန်းက
အရက်နှင့် ဆေးလိပ်တွေမသောက်တတ်တာကြောင့် သူ နိုက်ကလပ်တွေကိုသွားပြီး
ဆေးလိပ်သောက်တတ်ဖို့ ကြိုးစားခဲ့တယ်။
ရုန်ကျန်းက
တိတ်ဆိတ်ငြိမ်သက်တဲ့ ကသားနည်းတွေဖြစ်တဲ့ ငါးဖမ်းခြင်းနှင့် ဂေါက်ဖ်ရိုက်ခြင်းကို
နှစ်သက်ခဲ့တယ်။ ဒါပေမဲ့ သူ ဂေါက်ဖ်ရိုက်ခြင်းကို ကောင်းစွာ မကစားခဲ့ဘူး။
ကားမောင်းပြိုင်ခြင်း၊ လှိုင်းစီးခြင်းနှင့် လေထီးခုန်ခြင်းလိုမျိုး
သူစိတ်ဝင်စားခဲ့တဲ့ ပြင်းထန်တဲ့အားကစားတွေအားလုံးကို ကြိုးစားခဲ့တယ်။
ရုန်ရုန်ရဲ့သွယ်လျတဲ့လက်ညိုးလေးက
သူ့ရဲ့မေးစေ့ကို ကုတ်ခြစ်နေခဲ့တယ်။
“ကျွန်တော်
နည်းနည်းလောက် ကျင့်သားရနေပါပြီ.. အခု....”
ရုန်ရုန်
တစ်ခါတုန်းက သူ့ရဲ့အလုပ်သိမ်းချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးရှိ
စတိုးဆိုင်ငယ်လေးတစ်ခုဆီသို့ ရေဝယ်ဖို့သွားခဲ့တဲ့ အချိန်ကိုသည်ကို သတိရနေတုန်းပဲ။
ထို
စတိုးဆိုင်ငယ်လေးထဲမှာ သူ ရုန်ကျန်းနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို တွေ့ခဲ့ရတယ်။
အဆင့်မြင့်အိမ်ရာတစ်ခုမှာ
မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုက မြန်ဆန်ခဲ့ပေမဲ့ ထိုမီးဘေးအတွင်းမှာ
ထိခိုက်ဒဏ်ရာရသူတစ်ယောက်မှ မရှိခဲ့ကြောင်း သိရှိခဲ့ရတယ်။
သတင်းထောက်ရဲ့
မေးမြန်းမှုအပြီးမှာ ထိုအဆင့်မြင့် အိမ်ရာကို တာဝန်ယူဆောက်လုပ်ခဲ့သူက
ရုန်လုပ်ငန်းစုမှ ဖြစ်ကြောင်း သိရှိခဲ့ရတယ်။
ထိုအဆင့်မြင့်အိမ်ရာကို
တည်ဆောက်ခဲ့စဥ်တုန်းက အရည်အသွေးမြင့်မားတဲ့ မီးလောင်မှုကိုခုခံနိုင်တဲ့
ပစ္စည်းတွေကို အသုံးပြုထားရုံသာမကဘဲ မီးသတ်ဆေးဘူးတွေကိုလည်း အချိန်နဲ့တပြေးညီ
ပုံမှန်လဲလှယ်ပေးတတ်တဲ့အပြင် ထိုအထပ်မြင့်အဆောက်အအုံတွေမှာ
အရေးပေါ်လှေကားတွေကိုလည်း ဆောက်လုပ်ပေးထားခဲ့တယ်။
မီးလောင်နေမယ်ဆိုရင်တောင်
အထပ်မြင့်မှာနေထိုင်တဲ့သူတွေက အရေးပေါ်လှေကားကိုဖွင့်ပြီး ထွက်ပြေးနိုင်တယ်။
ရုန်ရှီရဲ့
အိမ်ခြံမြေလုပ်ငန်းကလည်း စတင်နာမည်ကြီးလာခဲ့တယ်။
ရုန်လုပ်ငန်းစုရဲ့
အိမ်ရာတွေက နေထိုင်သူတွေကို အမှန်တကယ်ဦးစားပေးပြီး အရည်အသွေးမြင့်
မီးဘေးကာကွယ်နိုင်တဲ့အိမ်ဆောက်ပစ္စည်းတွေကို အကုန်ကျခံ ဝယ်ယူခဲ့ပြီး
အရေးပိုလှေကားအတွက်လည်း ရန်ပုံငွေတွေကို အမြောက်အမြားသုံးစွဲထားကြောင်း ကို
လူတိုင်းသိသွားခဲ့တယ်။
ရုန်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့
အကျိုးကျေးဇူးတွေက တခြား ဆောက်လုပ်ရေးအဖွဲ့တွေထက် ပိုကောင်းလာရတဲ့
အကြောင်းရင်းကတော့ ရုန်ကျန်းက ဆောက်လုပ်ရေးလုပ်သားတွေရဲ့အကျိုးကျေးဇူးတွေကို
မြှင့်တင်စေနိုင်မဲ့ အစီအမံတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကြောင့်ပဲ။
ရုန်လုပ်ငန်းစုရဲ့နာမည်အောက်မှ
ဆောက်လုပ်ရေးဆိုဒ်တွေက ဆောက်လုပ်ရေးဆိုဒ်အသိုင်းအဝိုင်းထဲမှာ အလုပ်သမားတွေအတွက်
အကျိုးခံစားခွင့်အကောင်းဆုံးလည်း ဖြစ်လာခဲ့တယ်။
လူတွေက
လူချမ်းသာတွေမှာ အကြင်နာတရားမရှိဘူးလို့ပြောခဲ့ကြတယ်။
ဒါပေမယ့်
ဒီကမ္ဘာကြီးပေါ်မှာ လောကကြီးက ဘယ်လောက်ပဲ ညစ်ပတ်နေပါစေ
သူတို့ရဲ့ယုံကြည်ချက်တွေကိုမလွတ်တမ်း ဆုတ်ကိုင်ထားတတ်ပြီး အေးမြတဲ့လေပြေညှင်းလို ၊
တောက်ပနေတဲ့လမင်းလို လူမျိုးတွေလည်း ရှိနေတတ်တယ်။
ဝတ္ထုထဲမှာ
ရုန်ကျန်းရဲ့အဆုံးသတ်ကို ဖော်ပြထားခြင်းမရှိဘူး။
ဒါပေမယ့်
ရုန်ရုန်ကတော့ သူ့ရဲ့အစ်ကိုလိုမျိုး လူကောင်းတစ်ယောက်က သားသမီးတွေ၊ မြေးမြစ်တွေ
အများကြီးနဲ့ ဘဝကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းသွားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ရုန်ရုန်
ရုန်ကျန်းကို ပြုံးပြီးကြည့်လိုက်တယ်။
“ကောကော.. ကောကောရဲ့
ညီဖြစ်ခဲ့ပြီး.. ကျွန်တော်ရဲ့မိဘတွေနဲ့ မိသားစုဖြစ်လာရတာက
ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးအတွက် ကံအကောင်းဆုံးအရာပါပဲ”
ရုန်ရုန်ရဲ့
မျက်လုံးတွေက လေးနက်နေခဲ့တယ်။
“ကောကော .. ကောကောက
ကျွန်တော့်ရဲ့ ဂုဏ်ကျက်သရေပါပဲ”
တစ်နေ့နေ့မှာ
ရုန်ကျန်းက သူ့ကို ညီတစ်ယောက်အဖြစ် အသိအမှတ်မပြုတော့ရင်တောင်..
သူကတော့
ရုန်ကျန်းလိုအစ်ကိုတစ်ယောက်ရှိခဲ့တဲ့အတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါ။