(14) ရုန်သခင်လေး..
မင်းနာမည်ကြီးနေပြီ
အချိန်
ငါးနာရီလောက်ရှိနေပြီ။
ရုန်ရုန်
မျက်လုံးကိုဖွင့်လိုက်ပြီး အိပ်ယာထဲမှ ဆတ်ခနဲထလိုက်ကာ စောင်ကိုဆွဲလှစ်ပြီး
ခုတင်ပေါ်မှဆင်းဖို့လုပ်လိုက်တယ်။
ဘယ်လောက်ပဲနောက်ကျနေပါစေ
နေတစ်ခါထွက်လာတာနဲ့ ပူလောင်လာလိမ့်မယ်။
သူ့ရဲ့လက်နဲ့
ထိတွေ့လိုက်မိတဲ့ နူးညံ့တဲ့ပိုးဖဲသားက သူ့ကိုခဏတာလောက် ရပ်တန့်သွားစေတယ်။
ရုန်ရုန်
အမှောင်ထုကို ခံစားရပြီး အိပ်ယာဘေးမှ မီးအိမ်ကိုဖွင့်လိုက်တယ်။
ဒါက
သူငှားရမ်းထားတဲ့ အခန်းထဲမှ အဝါရောင်ခပ်မှိန်မှိန်မီးအိမ်လေးမဟုတ်တော့ဘူး။
ရုန်ရုန်
ခေါင်းငုံ့လိုက်တော့ ပင်လယ်ပြာရောင် ပိုးသားစောင်က နံရံပေါ်မှာရှိနေတဲ့
နွေးထွေးလှတဲ့အလင်းရောင်အောက်မှာ ပိုပြီး နူးညံ့ချောမွတ်နေတာကို
တွေ့မြင်လိုက်ရတယ်။
ဟုတ်သားပဲ။ သူ
ပြန်ပြီး မွေးဖွားလာခဲ့တာ။
အခု မနက်ခင်း
ရောင်နီမလာခင်ကနေ ညနေဘက် နေစုန်းစုန်းမြုပ်သွားတဲ့အချိန်ထိ
အလုပ်လုပ်စရာမလိုအပ်တော့ဘူး။
သူ ရုန်မိသားစုရဲ့
အိမ်ကိုပြန်ရောက်လာခဲ့ပြီ။
အတိတ်ဘဝတုန်းက
အိပ်မက်တွေထဲမှာပဲ ပြန်သွားနိုင်ခဲ့တဲ့ နေရာကို ပြန်ရောက်လာခဲ့ပြီ။
သတိလက်လွတ်တွေးတောမိနေရာမှ
ရုန်ရုန် သတိဝင်လာတယ်။
သူ မနေ့ညတုန်းက
ကားပေါ်မှာပဲ အိပ်ပျော်သွားခဲ့ပုံပဲ။ ရုန်ရုန် နောက်ထပ်ဘာဖြစ်သွားတာလဲဆိုတာကို
မေ့သွားခဲ့ပြီ။ သူ အိမ်ကို ဘယ်လိုပြန်ရောက်လာခဲ့တာလဲ။
**”
သူ့ရဲ့လည်ပင်းက
ခြောက်ကပ်ပြီးနာကျင်နေတယ်။ ရုန်ရုန်ကတော့ သူ့ရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ ပတ်သက်ပြီး
ပြောစရာမဲ့နေပြီ။သူ့ရဲ့အစာအိမ်ကလည်း သူနေသားကျနေတာထက် အများကြီး ပိုပြီး
နုနယ်နေတယ်။ နောက်ပြီး သူ နေသားကျနေသလိုမျိုးလည်း မသောက်နိုင်ဘူး။
Alexander လေးတစ်ခွက်သောက်ပြီး
မှောက်သွားရတယ်လို့။
ညတုန်းက
ကားပေါ်မှာအိပ်ပျော်သွားပြီး မနက်ကျတော့ လည်ပင်းတွေနာကျင်ပြီး နိုးလာရတယ်!
ဘယ်လိုတောင်
ကျိုးကြောင်းညီညွတ်လိုက်သလဲ!
ဓာတ်ဘူးထဲမှာရေက
အနည်းငယ်လောက်သာ ကျန်တော့တယ်။ ရုန်ရုန် ထိုရေကိုသောက်ပြီးတာတောင်
လည်ပင်းတွေခြောက်ကပ်နေတုန်းပဲ။
ဒါကြောင့်
အောက်ထပ်ကိုဆင်းပြီး မီးဖိုထဲမှ ရေသွားယူဖို့ လုပ်လိုက်တယ်။
“တီ..”
အိမ်ရှေ့တံခါးဖွင့်သံထွက်ပေါ်လာပြီး
အားကစားဝတ်စုံဝတ်ဆင်ထားတဲ့ ရုန်ကျန်းက တံခါးကိုတွန်းဖွင့်ဝင်လာကာ မီးဖိုထဲမှ
ပြန်ထွက်လာတဲ့ ရုန်ရုန်နဲ့ လမ်းမှာ ဆုံတွေ့သွားတယ်။
ရုန်ရုန်
အိမ်မှာနေတဲ့အချိန်တိုင်း အများစုက နေ့လည်လောက်ရောက်မှသာ အိပ်ယာမှထလာတတ်တယ်။
ရုန်ကျန်းအနေနဲ့
ရုန်ရုန် ဆေးရုံမှဆင်းလာချိန်ကတည်းက သူ့ရဲ့နေထိုင်မှုပာံစံက အရင်တုန်းကထက်
အများကြီးပိုပြီး ကောင်းမွန်လာကြောင်းကို သူ့မိဘတွေဆီက ကြားခဲ့ရပေမဲ့
ညီအစ်ကိုနှစ်ယောက်ဒီလိုအချိန်မျိုးမှာ ဆုံတွေ့တာက ဒါပထမဆုံးအကြိမ်ပဲ။
အတိတ်တုန်းက သူ
ရုန်ရုန်ကို အိမ်မှာမြင်တွေ့ရတဲ့အချိန်အများစုက သူလုံးပေါက်အထိ အလုပ်လုပ်ခဲ့ရပြီး
ပြန်လာခဲ့တဲ့အချိန်တွေပဲ။
ဒီလိုဆိုရင်တောင်
ညီအစ်ကိုနှစ်ယောက်တွေ့ခဲ့ရတဲ့အချိန်တွေမှာ နှုတ်ဆက်စကားတွေမပြာခဲ့ကြဘူး။
သူက
အပေါ်ကိုတက်ပြီး ရေချိုးကာ ရုန်ရုန်ကတော့ သူ့အခန်းကိုပြန်ပြီး
အိပ်ဖို့လုပ်လိမ့်မယ်
“ကောကော
မင်္ဂလာမနက်ခင်းပါ”
ရေသောက်ပြီးနောက်
ရုန်ရုန်က သူ့ကိုအပြုံးလေးနဲ့ နှုတ်ဆက်လာတယ်။
ရုန်ကျန်းက
သူ့ရဲ့လည်ပင်းမှာတင်ထားတဲ့ တဘက်နဲ့ နဖူးမှ ချွေးတွေကို သုတ်နေရင်း
ပြန်ပြောလိုက်တယ်။
“မင်္ဂလာမနက်ခင်း”
ရုန်ကျန်း
အပေါ်ထပ်ကိုရေချိုးဖို့အတွက် တက်သွားခဲ့တယ်။
ရုန်ရုန်ကတော့
နောက်ကနေ လှေကားလက်ရမ်းကို လက်တစ်ဖက်က ကိုင်ကာ ခေါင်းကိုမော့လိုက်တယ်။
“စကားမစပ် ကောကော..”
ရုန်ကျန်းက
ရပ်တန့်လိုက်ပြီး သူ့ကိုလှည့်ကြည့်တယ်။
ရုန်ရုန်
သူ့ရဲ့နှာခေါင်းထိပ်ဖျာ့လေးကို အသာထိရင်း:
“ကောကော
မနေ့ညတုန်းက.. ကျွန်တော့််ကို အခန်းထဲထိရောက်အောင် ကောကောသယ်သွားပေးတာလား”
ရုန်ရုန်
တွေးကြည့်ပြီးသွားပြီ။ သူ ကားပေါ်မှာ အိပ်ပျော်နေပြီး အိပ်နေရင်း
လမ်းလျှောက်တတ်တဲ့ ပြသနာလည်းမရှိဘူး။ ဒီတော့ တစ်ယောက်ယောက်က
သူ့ကိုချီပြီးခေါ်သွားတာဖြစ်လိမ့်မယ်။
သူ့အဖေကတော့
သူ့ကိုသေချာပေါက်မသယ်နိုင်လောက်ဘူး။ ဒီတော့ သူ့အစ်ကိုပဲကျန်တော့တယ်။
“အမ်”
သေချာတာပဲ။
သူ့အစ်ကိုက မနေ့တုန်းက နောက်ကျမှ အိမ်ကိုပြန်လာခဲ့ရပြီး သူနဲ့အတူ ဘားကိုလည်း
လိုက်ခဲ့ပေးရတယ်။ လမ်းတစ်ဝက်မှာ အိပ်ပျော်သွားတော့လည်း သူ့အစ်ကိုကပဲ ဒုက္ခခံပြီး
သူ့အခန်းဆီသယ်သွားပေးခဲ့ရတယ်!
ရုန်ရုန် စိတ်ထဲကနေ
အတော်လေးဆိုးရွားသလိုခံစားရတယ်။
“ကောကော
ကျွန်တော့်ကို ဘာလို့မနှိုးလိုက်ရတာလဲ”
ရုန်ကျန်း
တည့်တိုးပြောလာတယ်။
“မင်းက
နှိုးမရလောက်အောင် အိပ်ပျော်နေတာလေ”
ရုန်ရုန်:....
သူ
ထပ်မသောက်သင့်တော့ဘူး။
ရုန်ရုန်
သူ့ရဲ့ခြောက်ကပ်နေတဲ့နှုတ်ခမ်းတွေကို လျှာနဲ့အသာလျက်လိုက်တယ်။
“တောင်းပန်ပါတယ်
ကောကော .. ကျွန်တော် မနေ့တုန်းက ကောကောကိုဒုက္ခပေးမိတယ်”
ရုန်ကျန်း
ခြေလှမ်းအနည်းငယ်ပြန်ဆင်းလာတယ်။
“ရုန်ရုန်”
ရုန်ရုန်
အသာမော့ကြည့်လိုက်တယ်။
“ဟမ်?”
ရုန်ကျန်း
အလေးအနက်ပြောလိုက်တယ်။
“ရုန်ရုန် ငါတို့က
ညီအစ်ကိုတွေလေ”
သူပြောတဲ့စကားကို
အဓိပ္ပါယ်မပေါက်မှာစိတ်ပူတဲ့အတွက် ရုန်ကျန်း ထပ်ပေါင်းပြောလိုက်တယ်။
“ ငါတို့က
ညီအစ်ကိုတွေပဲ.. အနာဂတ်မှာ ငါ့ကို အဲလောက်ထိ စိမ်းနေစရာမလိုဘူး”
ရုန်ရုန် စိတ်ထဲမှာ
ခါးသီးစွာပြုံးလိုက်မိတယ်။
ပြသနာက သူတို့တွေက
ညီအစ်ကိုတွေ ဟုတ်မနေခဲ့ဘူး။
သူက တစ်ဖက်လူရဲ့
ညီအရင်းမဟုတ်ခဲ့ရုံတင်မကဘဲ ရုန်မိသားစုရဲ့ ဒုတိယသခင်ငယ်လေးအစစ်ရဲ့ နေရာကိုပါ
ခိုးယူထားတဲ့ “သူခိုး”တစ်ယောက်ဖြစ်နေသေးတယ်။
ရုန်ရုန်
မျက်ခုံးနဲ့ မျက်လုံးတွေပါ တွန့်ကွေးသွားအောင်ပြုံးလိုက်ပြီး:
“ အမ်း..
ကျွန်တော်နားလည်ပါပြီ ကောကော”
ရုန်ကျန်း
လက်ကိုမြှောက်ပြီး သူ့ရဲ့ခေါင်းကိုပွတ်သပ်လိုက်တယ်။
“ငါ
အခန်းကိုပြန်ပြီး ရေအရင်ချိုးလိုက်ဦးမယ်”
ပထမအကြိမ်မှာ
စိမ်းသက်နေပြီး ဒုတိယအကြိမ်မှာ ရင်းနီးလာမယ်။
အခုချိန်မှာတော့
ရုန်ကျန်းရဲ့ ညီငယ်လေးအပေါ်ချော့မြူတဲ့ အရည်အချင်းက ပိုပိုပြီး ကျွမ်းကျင်လာပြီ။
“အိုး ကောင်းပါပြီ”
**
ရုန်ကျန်း
ရေချိုးပြီးနောက် အဝတ်အစားလဲကာ အောက်ကိုပြန်ဆင်းလာခဲ့တယ်
မီးဖိုထဲမှ
အစားအသောက်အနံ့တွေ မွှေးကြိုင်နေခဲ့ပြီ။
ရုန်ကျန်း
မီးဖိုဘက်ကိုလှည့်ပြီးပြောလိုက်တယ်
“အန်တီဝူ
ကျွန်တော့်အတွက် ကော်ဖီတစ်ခွက်လောက်”
ခဏလောက်ကြာတော့
မီးဖိုခန်းထဲမှ ကော်ဖီစေ့ကြိတ်တဲ့အသံ ထွက်လာခဲ့တယ်။
အချိန်သိပ်မကြာခင်မှာပဲ
ရွှေရောင်သန်းပြီး နူးညံ့ကာအရသာရှိပုံရတဲ့ ဆန်းဒွတ်ချ်နဲ့ မွှေးပျံ့တဲ့
ကော်ဖီတစ်ခွက်က စားပွဲပေါ်ကိုရောက်လာခဲ့တယ်။
ရုန်ကျန်း
သူ့လက်ထဲမှ သတင်းအချက်အလက်တွေကြည့်နေတဲ့ ipadကိုချလိုက်တယ်။
“ကျေးဇူးပဲ အန်တီဝူ”
တစ်ဖက်မှ
စကားပြောမလာခဲ့ဘူး။
မူလတုန်းက
အန်တီဝူချက်ချင်းပြန်မဖြေတာက ပြန်သွားခဲ့တာကြောင့်ဖြစ်လိမ့်မယ်လို့
ရုန်ကျန်းထင်ခဲ့ပေမဲ့ အတော်ကြာတာတောင် ပြန်ဖြေမလာတာကြောင့်
တစ်စုံတစ်ခုမှားယွင်းနေကြောင်း သဘောပေါက်သွားတယ်။
သူ
ခေါင်းကိုမော့ကြည့်လိုက်တော့ ပြုံးနေတဲ့ မျက်ဝန်းလေးနဲ့ ဆုံတွေ့သွားတယ်။
အမွှေးလုံးလေးလား?
ရုန်ကျန်း
အနည်းငယ်လောက် ကြောင်အမ်းသွားပြီး မေးလိုက်မိတယ်။
“အန်တီဝူရော”
“အန်တီဝူ
စျေးဝယ်ဖို့ အပြင်ကိုထွက်သွားတယ်”
ရုန်ရုန်
ပြုံးလိုက်ပြီး ရုန်ကျန်းရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။ သူက
သူကိုယ်တိုင်အတွက်ကိုတော့ အနောက်တိုင်းစတိုင် ပါစတာပေါ်မှာ
အခွံမပါပဲပြုတ်ထားတဲ့ကြက်ဥမကျက်တကျက်ကို တင်ထားပြီး အပေါ်ကနေ
အနီရောင်တောက်တောက်ခရမ်းချဥ်သီးနှစ် ဆမ်းထားတယ်။
သူက လက်မှာ
ဓားနဲ့ခရင်းကိုကိုင်ထားပြီး ရုန်ကျန်းကိုပြောလိုက်တယ်။
“ကောကော
ခံတွင်းတွေ့မလား စားကြည့်လေ”
အတိတ်ဘဝတုန်းက
ရုန်ရုန် အမျိုးမျိုးသောစားသောက်ဆိုင်တွေမှာ အလုပ်ဝင်လုပ်ဖူးတယ်။ ဒါကြောင့်
သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်အပြည့်ရှိနေတယ်။
ရုန်ကျန်းက
ရုန်ရုန်ရဲ့ပန်းကန်ပေါ်မှ အရသာရှိပုံပေါ်တဲ့ပါစတာကို ကြည့်နေရာမှ
အကြည့်လွှဲလိုက်တယ်။
ရုန်ရုန်ကတော့
သူ့ဘာသာသူတစ်ဇွန်းစားရင်း မှတ်ချက်ချလာလေရဲ့။
“အရသာရှိတယ်”
ရုန်ရုန်
ပြုံးလိုက်ပြီး:
“ကောကော ..
မနက်စာကို ဘာစားရတာကြိုက်လဲ.. ကျွန်တော့်ကိုပြောလေ.. တရုတ်စာပဲဖြစ်ဖြစ်
အနောက်တိုင်းစာပဲဖြစ်ဖြစ် ကျွန်တော် ကောအတွက်ပြင်ပေးမယ်”
ရုန်ကျန်းက
ရုန်ရုန်ပိုသံသယမျက်ဝန်းတွေနဲ့စိုက်ကြည့်လာတယ်။
“မင်း ဘယ်တုန်းက
သင်လိုက်တာလဲ”
သူ့မိဘတွေဆီကနေ
ရုန်ရုန်ချက်ပြုတ်တတ်ကြောင်း မကြားခဲ့ရဘူး။
ရုန်ရုန်
အမှန်အတိုင်းမပြောနိုင်တော့ဘူး။ သူက အခုလေးတင် ဂုဏ်ယူနေခဲ့ပြီး မေ့သွားခဲ့တယ်။
အရင်တုန်းက ရုန်မိသားစုရဲ့ သခင်ငယ်လေးက မီးဖိုခန်းထဲကိုတောင် ဝင်ခဲ့တဲ့သူမဟုတ်ဘူး။
သူက သူ့အတွက်သူတောင် ကြက်ဥတစ်လုံးလောက် ကြော်ခဲ့ဖူးတာမဟုတ်ဘူးလေ။ တရုတ်စာနဲ့
အနောက်တိုင်းစာတွေကိုတော့ ထားလိုက်တော့။
ရုန်ရုန်
အဓိပ္ပါယ်မရှိတဲ့စကားကိုပြောလိုက်တယ်။
“ကျွန်တော်
ကျွန်တော်တို့ကျောင်းရဲ့ အချက်အပြုတ်ကလပ်ထဲကို ဝင်ထားတယ်လေ.. ကျွန်တော်တို့ကလပ်ရဲ့
အသင်းဝင်တွေဆီကနေ သင်ထားတာ”
ပြောရရင်
သူတို့ရဲ့ကျောင်းမှာ တကယ်လည်း အချက်အပြုတ်ကလပ်ရှိတယ်လေ။
ဟဲယွီက
ထိုအချက်အပြုတ်ကလပ်မှာ အဖွဲ့ဝင်ထားတာ။ သူက ထိုနေရာကို မိန်းကလေးတွေရှိနေလို့
သွားချင်ခဲ့တာပဲ။
ထိုအချက်အပြုတ်ကလပ်မှာ
မိန်းမလှလေးတွေ အများကြီးရှိနေတာကိုး။
ပထမတုန်းကတော့
ဟဲယွီက ရုန်ရုန်ကိုပါ ထိုကလပ်ထဲသို့ ဆွဲခေါ်ချင်ခဲ့သေးတယ်။ ရုန်ရုန်က ဒီကျောင်းမှာ
နာမည်ကြီးတယ်လေ။ သို့ပေမဲ့ ရုန်ရုန်က စဥ်းတောင်မစဥ်းစားပဲ ငြင်းဆန်ခဲ့တယ်။
သူသာ
အစားအသောက်တွေကို စိတ်ဝင်စားရင် တိုက်ရိုက်ဝယ်စားပြီးအရသာခံလိုက်တာ
ပိုမကောင်းဘူးလား?
ဘာလို့
ကိုယ်တိုင်အပင်ပန်းခံပြီးလုပ်နေရဦးမှာလဲ?
ဒါပေါ့။
ထိုအချိန်တုန်းကတော့ သူက အဆင့်အတန်းမြင့်စားသောက်ဆိုင်တွေဆီကို
မျက်တောင်တစ်ချက်မခတ်ပဲ ဝင်ထွက်သွားလာနိုင်တယ်လေ။ တစ်နေ့နေ့မှာ ပိန္နဲသီးလေး
တစ်ဘူးလောက်ဝယ်စားနိုင်ဖို့ကိုတောင်အလွန်အမင်းတုံ့ဆိုင်းနေရလောက်တဲ့အထိ
ရှက်ရွံ့စရာကောင်းလာမဲ့ ရက်မျိုးရောက်လာလိမ့်မယ်လို့ သူ တွေးထားနိုင်ခဲ့ပါ့မလား။
*
ရုန်ကျန်း
ကော်ဖီတစ်ငုံသောက်ပြီး လိမ္မာပါးနပ်စွာမေးလိုက်တယ်။
“မင်း
ချက်ပြုတ်ရတာကိုစိတ်ဝင်စားလို့လား