Ch 15
Viewers 24k

15

ဒီလူငယ်လေးက အတိတ်တုန်းက သူ့ရဲ့ညီငယ်လေးနဲ့ ဘာကြောင့်အလွန်အမင်းခြားနားနေကြောင်းကို ရုန်ကျန်း စူးစမ်းစစ်ဆေးချင်ခဲ့တယ်။

 

သူက သူ့ရဲ့ညီငယ်လေး ကျောင်းမှာအနိုင်ကျင့်ခံရတဲ့အကြောင်းကိုမသိခဲ့ဘူး။ ရုန်ရုန်က ရေမွှေးတွေကို သဘောကျတတ်တာ၊ တစ်ခါတစ်ခါမှာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ ကားပြိုင်မောင်းတာ၊ ရွက်လှေမောင်းတာတွေနဲ့ တခြားသောအားကစားတွေကို လုပ်တတ်တာကလွဲရင် တခြားဝါသနာတွေအကြောင်းကို သူဘာမှမသိခဲ့ဘူး။

 

ရုန်ရုန်က ပါစတာကို အေးသွားအောင် လေနဲ့မှုတ်ပြီးပါးစပ်ထဲကိုထည့်ကာ ပါးလေးဖောင်းကားနေအောင်စားနေရာမှ ပြန်ဖြေတယ်။

 

အဆင်ပြေပါတယ်.. တခါတစ်လေကျရင်တော့ နည်းနည်းစိတ်ဝင်စားတယ်

 

အရင်တုန်းကတော့ သူလုံးဝမကြိုက်ခဲ့ဘူး။

 

ထိုအချိန်တုန်းက သူ့အနေနဲ့ အသီးအရွက်တွေကို ဘယ်လိုဆေးရမလဲ? ဘယ်လိုလှီးဖြတ်ရမလဲဆိုတာကိုတောင် မသိခဲ့တာကြောင့် အချိန်တိုင်း ဆူပူကြိန်းမောင်းခံခဲ့ရတယ်။

 

ဘော့စ်က သူ့ကိုအလုပ်ခန့်ခဲ့ရတဲ့အကြောင်းပြချက်က သူ့ကိုပေးရတဲ့ လစာက နည်းပါးလွန်းလို့ပဲ။ နောက်ပြီး သူကတော့ ဘော့စ် သူ့ကိုပေးခဲ့တဲ့ အစားအစာထုတ်တွေအပေါ်မှာ စိတ်ဝင်စားခဲ့တယ်။

 

ပထမဆုံးသော အလုပ်ချိန်ကာလတွေအတွင်းမှာတော့ လက်မှာ ဒဏ်ရာမရဘဲပြန်ခဲ့ရတဲ့နေ့ မရှိခဲ့ဘူး။

 

မနေ့တုန်းက လက်ကို ဓားနဲ့ဖြတ်မိမယ်ဆိုရင် ဒီနေ့ လက်ဖျံကို ဆီပူစင်ခဲ့လိမ့်မယ်။

 

နေသားကျလာချိန်မှာတော့ ဒဏ်ရာရတဲ့အကြိမ်အရေအတွက်က နည်းပါးလာခဲ့တယ်။

 

အခက်ခဲဆုံးသော အချိန်တွေအတွင်းမှာတော့ သူတကယ်ကိုစိတ်ဓာတ်ကျခဲ့တယ်။

 

အသက်ရှင်သန်ရတာက ဘာတွေများအဓိပ္ပာယ်ရှိနေလို့လဲ? တကယ်ကို ပင်ပန်းလွန်းတယ်။

 

တကယ်လို့ သူသာ ထိုအရာကိုလုပ်ခဲ့မယ်ဆိုရင် သတင်းတွေထဲမှာပါလာမှာကိုလည်းတွေးမိပြန်တယ်။

 

သူသေဆုံးသွားချိန်မှာ လူတွေ သူ့ကိုလက်ညိုးထိုးလာမှာကို မလိုချင်ခဲ့ဘူး။ အရေးကြီးဆုံးက သူ့မိဘတွေနဲ့ သူ့ရဲ့အစ်ကိုက သတင်းထဲမှတစ်ဆင့် သူ့အကြောင်းကို သိမသွားစေချင်ခဲ့ဘူး။

 

သူ အံကိုတင်းတင်းကြိတ်ပြီး တောင့်ခံခဲ့တယ်။

 

နောက်ဆုံး သူ့မှာနေစရာနေရာတစ်ခုရလာပြီး ဘဝကအနည်းငယ်တည်ငြိမ်လာချိန်မှာတော့ ချက်ပြုတ်ရတာကို အနည်းငယ်သဘောကျလာခဲ့တယ်။

 

အလုပ်လုပ်ကိုင်ရာမှ ထွက်ပေါ်လာတဲ့အသံတွေနဲ့ အခန်းတွင်းမှ လွင့်ပျံနေတဲ့ အစားအစာတွေရဲ့ရနံ့တွေက ဒီလိုလောင်ကျွမ်းနေတဲ့ကမ္ဘာပေါ်မှာ သူ အသက်ရှင်သန်နေသေးကြောင်းကို ခံစားရစေတယ်။

 

နောက်တစ်ချက်က ကိုယ်တိုင်ချက်ပြုတ်တာ အပြင်ကနေဝယ်စားတာထက် ပိုက်ဆံအများကြီး အကုန်သက်သာတယ်လေ။

 

မနက်ပိုင်းခုနစ်နာရီလောက်မှာတော့ ရုန်မိဘတွေက အောက်ထပ်သို့ ဆင်းလာခဲ့ကြတယ်။

 

ပါး မား မင်္ဂလာမနက်ခင်းပါ

 

မင်္ဂလာမနက်ခင်း

 

မင်္ဂလာမနက်ခင်း

 

ရုန်မိဘတွေကတော့ သူတို့ရဲ့ သားငယ်အစောကြီးထတာကို ပထမဆုံးမြင်တွေ့ရတာမဟုတ်တဲ့အတွက် မအံ့သြကြတော့ဘူး။ဒါပေမဲ့ သူတို့ရဲ့သားကြီးက ခုချိန်ထိ မနက်စာစားပွဲမှာ ထိုင်နေဆဲဆိုတာကို တွေ့လိုက်ရတာကိုတော့ အတော်လေးအံ့သြသွားကြတယ်။

 

သူတို့ရဲ့သားကြီးက တွက်ချက်လုပ်ကိုင်တဲ့နေရာမှာ ထက်မြတ်လွန်းတယ်။ ကုမ္ပဏီကိုသွားဖို့အတွက် အချိန်ခုနှစ်နာရီလောက်ကတည်းက အိမ်ကနေစထွက်မှသာ ယဥ်ကြောအခြေအနေက ကောင်းမွန်ချောမွေ့နေလိမ့်မယ်။

 

ဒီထက်နောက်ကျမှသွားမယ်ဆိုရင်တော့ ဖူချန်ရဲ့ ယာဥ်ကြောပိတ်ဆို့မှုအခြေအနေကြောင့် လမ်းမှာပဲ ပိတ်မိသွားလိမ့်မယ်။

 

ဒီတော့ ရုန်ကျန်းက အမြဲတမ်း ခုနှစ်နာရီမထိုးခင်ကတည်းက အိမ်ကနေထွက်သွားလေ့ရှိတယ်။

 

သူဋ္ဌေး သူဋ္ဌေးကတော်.. မနက်စာစားကြတော့မှာလား

 

အန်တီဝူက အထုတ်အပိုးတွေနဲ့ ပြန်လာပြီး အိမ်အလုပ်တွေကို စလုပ်နေခဲ့ပြီ။

 

သူမက ရုန်ဇနီးမောင်နှံအောက်ကိုဆင်းလာတာကိုမြင်တော့ သူမရဲ့လက်ထဲမှ အလုပ်တွေကို ချကာ လေးစားမှုအပြည့်နဲ့ပြောလာတယ်။

 

မစ်ရုန်က ခေါင်းညိတ်လိုက်တယ်။

 

အင်း.. အန်တီဝူ အလုပ်ရှုပ်ပေးလိုကျေးဇူးတင်ပါတယ်

 

အန်တီဝူ: သူဋ္ဌးကတော် ယဥ်ကျေးလွန်းနေပါပြီ

 

သူမက ပြောပြီးနောက် မီးဖိုထဲကိုဝင်သွားလိုက်တယ်။

 

ရုန်ပါးပါး: မင်းတို့ စားပြီးပြီလား

 

ခင်ပွန်းသည်ရဲ့စကားကိုကြားတော့ မစ်ရုန်ကလည်း သိချင်စွာပြန်လှည့်ကြည့်လာတယ်။

 

သူ့ရဲ့မျက်ဝန်းထောင့်မှ ရုန်မိဘတွေအနားကိုလျှောက်လာကြတာကိုမြင်တော့ ရုန်ကျန်းက ယွီကွမ်းနဲ့ စကားပြောနေတဲ့ ဝီချက်ထဲမှ ချက်ချင်းထွက်လိုက်တယ်။

 

အမ်

 

ရုန်ကျန်း ဒီမနက်မှာ ဒေါက်တာကွမ်းနဲ့ ချိန်းဆိုမှုလုပ်နေခဲ့တာ။ 

 

ရုန်ရုန်ရဲ့ဖုန်းက မနေ့ညတုန်းက အသုံးပြုခဲ့ပြီး ဘယ်အချိန်အားကုန်သွားလဲဆိုတာကို မသိလိုက်ဘူး။ သူက အခုမှ ဖုန်းအားသွင်းလာခဲ့တာ။

 

သူပြန်လာတဲ့အချိန်မှာ ရုန်ပါးပါးရဲ့စကားကိုကြားလိုက်ရပြီး ပြန်ဖြေခါနီးမှာပဲ ဖုန်းထဲကို စာဝင်လာတဲ့အသံတွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာတယ်။

 

ရုန်ပါးပါးကတော့ သူကိုစနောက်လာခဲ့တယ်။

 

ဒီလောက်အစောကြီးကို အလုပ်ရှုပ်နေပြီလား

 

ရုန်ရုန်ကတော့ အနည်းငယ် မသက်မသာဖြစ်နေခဲ့တယ်။

 

သူ့ရဲ့အတိတ်ဘဝတုန်းက အကြွေးဝယ်ကတ်နဲ့ တရားဝင်အကောင့်တွေဆီမှထွက်လာတဲ့ အသိပေးချက်တွေနဲ့ သူပေါင်းထည့်ထားတဲ့ အလုပ်အကိုင်ရှာဖွေရေးဂရုတွေကလွဲရင် သူ့ရဲ့ဖုန်းက တစ်နေကုန်နီးပါး တိတ်ဆိတ်နေလေ့ရှိတယ်။

 

ဘယ်သူကမှလည်း သူ့ကို ရှာဖွေနေမှာမဟုတ်ဘူးလေ။

 

သူပြန်လည်မွေးဖွားလာပြီးနောက် ဆေးရုံတက်နေတဲ့အချိန်မှာလည်း ဖုန်းက အတော်လေး သန့်ရှင်းနေသေးတယ်။

 

သူဆေးရုံက ဆင်းလာပြီးတဲ့နောက်မှာပဲ သူ့ရဲ့ဖုန်းက ငြိမ်သက်နေရာမှာ အသက်ပြန်ဝင်လာခဲ့တယ်။ သူသိတဲ့လူတွေရော သူမသိတဲလူတွေကပါ သူ့ဆီကို စာတွေပေးပို့ပြီး ဖုန်းတွေခေါ်ခဲ့ကြတယ်။

 

ဒါကြောင့် ဒီရက်ပိုင်းမှာ ရုန်ရုန်တစ်ယောက် စိတ်ရှုပ်ထွေးစွာနဲ့ သူနဲ့မရင်းနီးတဲ့လူတွေကို ဘလော့ရင်း အလုပ်ရှုပ်နေခဲ့တယ်။

 

ဘာလို့ ဒီလူတွေက မျှစ်စို့ပေါက်တွေလိုမျိုး တစ်သုတ်ပြီးတစ်သုတ်ထွက်လာနေရတာလဲ?

 

မရှုပ်ပါဘူး.. ပျင်းစရာကောင်းတဲ့ဂရုတွေဆီက စာဝင်နေတာ

 

ရုန်ရုန်ရဲ့နှုတ်ခမ်းထောင့်တွေက အနည်းငယ်မြင့်တက်နေပြီး ဖုန်းကို လက်နဲ့လှုပ်ပြကာ ပြန်ဖြေလာတယ်။

 

ရုန်မားမားကတော့ အဖေနဲ့သားကြားထဲက စကားတွေကိုနားထောင်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ ရုန်ရုန်က ဆေးရုံကဆင်းလာပြီးကတည်းက တကယ်ကို တော်တော်ကြီးပြောင်းလဲသွားခဲ့တာ။

 

အတိတ်တုန်းကဆိုရင် ရုန်ဝေ့ရှန်က ရုန်ရုန်နဲ့ ခုလိုမျိုးဟာသလုပ်လေတိုင်း ရုန်ရုန်က သူ့ရဲ့အဖေဖြစ်သူ သူ့ကိုလှောင်ပြောင်နေတယ်လို့ တွေးကာ ဆူပုတ်နေတဲ့မျက်နှာနဲ့ ထွက်သွားလိမ့်မယ်။

 

အခုတော့ စကားကောင်းကောင်းပြန်ပြောပြီး ရယ်မောနေခဲ့တယ်။

 

ထိုအချိန်မှာပဲ အန်တီဝူရောက်လာခဲ့တယ်။

 

သူဋ္ဌေး သူဋ္ဌေးကတော် မနက်စာအသင့်ဖြစ်ပါပြီ

 

ရုန်ပါးပါးနဲ့ ရုန်မားမားက မနက်စာစားဖို့ စားသောက်ခန်းထဲကို ထွက်သွားခဲ့ကြတယ်။

 

ရုန်ရုန် သူ့ရဲ့ခေါင်းကိုနှိမ့်ပြီး ဝီချက်မှရောက်လာတဲ့စာကိုဖွင့်ကြည့်လိုက်တယ်

 

ဒီလူတွေကို ဘယ်အချိန်တုန်းက သူလက်ခံခဲ့တာလဲဆိုတာကို မမှတ်မိတော့ဘူး။

 

အများစုက နိုက်ကလပ်ထဲမှာ သိခဲ့တဲ့လူတွေပဲဖြစ်လိမ့်မယ်။

 

နောက်ထပ်ဖြစ်နိုင်ချေကတော့....

 

ဒါက ထိုလူတွေဆီကို သူ့ရဲ့ဝီချက်အကောင့်ပေးခဲ့ပြီး သူချမ်းသာဒုတိယမျိုးဆက်တွေရဲ့အသိုင်းအဝိုင်းထဲကို ပိုပြီးဝင်နိုင်စေဖို့ သူ့ကိုလှေကားတစ်ခုလိုအသုံးချခဲ့တဲ့ ဟဲယွီပဲဖြစ်လိမ့်မယ်။

 

သူက ဟဲယွီနဲ့ခင်မင်ခဲ့တဲ့အတွက် ထိုအကြောင်းတွေကို လုံးဝမတွေးမိခဲ့ဘူး။

 

အခုဟဲယွီနဲ့ ဖြတ်တောက်လိုက်ချိန်မှာတော့ သိုဝှက်ဖုံးကွယ်ထားတဲ့ အလွှာတွေက တစ်လွှာပြီးတစ်လွှာထွက်ပေါ်လာပြီး အရာအားလုံးက ကြည်လင်ရှင်းလင်းလာတယ်။

 

ရုန်သခင်လေး.. မင်းကတော့နာမည်ကြီးနေပြီ! မင်းက ယဲ့ဖန်ကို မင်းရဲ့ပွဲဦးထွက်နေရာအဖြစ်သုံးခဲ့တာပဲ!

 

နိုက်ကလပ်မှာပွဲဦးထွက်တာက ဘယ်လုံလောက်မလဲ? ငါတို့ရုန်ရှောက်က နိုင်ငံအဆင်ပွဲဦးထွက်မှာ!

 

လှချက်ပဲ! ဒီရှုန်းတိက အဲဒီဟန်များလွန်းတဲ့ ကျိုးယွီကို ကြည့်မရတာကြာပြီ! သူက တရားမဝင်ကလေးတစ်ယောက်သာသာပဲကို !

 

အဲဒီမြေးလေးကို ထည့်မပြောစမ်းနဲ့! ရုန်သခင်လေး မင်းဘယ်အချိန်အားမလဲ? အတူထွက်သောက်ကြရအောင်လေ

 

ရုန်ရုန် ထိုစာတွေကိုလိုက်ကြည့်လိုက်တယ်။ အကုန်လုံးက သူနဲ့ ကျိုးယွီတို့ မနေ့ညတုန်းက စကားများခဲ့တဲ့အကြောင်းပဲ။ နောက်ပြီး သူ ကျိုးယွီရဲ့ အိတ်ကပ်ထဲကို ပိုက်ဆံထည့်ပေးလိုက်တဲ့ video clipလေးပါသေးတယ်။

 

မနေ့ညတုန်းက အလင်းရောင်က သိပ်အများတာကြောင့် သူ ကျိုးယွီရဲ့အမူအယာကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ခဲ့ရဘူး။ သူ ကြည့်ချင်စိတ်လည်းမရှိခဲ့ဘူးလေ။ သူက ထိုလူတွေကိုဖြတ်ကျော်သွားပြီး သူ့အစ်ကို ကိုပဲလိုက်ရှာချင်နေခဲ့တာ။

 

ဒီ videoကို ဘယ်သူရိုက်ကူးခဲ့လဲဆိုတာမသိပေမဲ့ ကျိုးယွီရဲ့မှုန်မှိုင်းနေတဲ့ မျက်နှာကို သေသေချာချာရိုက်ကူးထားနိုင်ခဲ့တယ်။

 

တကယ်ကို စိတ်ကျေနပ်စရာပဲ။

 

ရုန်ရုန် ထိုလူတွေရဲ့ရည်ရွယ်ချက်ကို သဘောပေါက်တယ်။ သူတို့က သူ့ကို ထောက်ပံ့ပေးပြီး ပျော်ရွှင်အောင်လုပ်ပြနေတာပဲ။

 

ထိုအထဲမှ လူအများစုက ဟဲယွီ သူ့ကိုကစားဖို့ခေါ်ခဲ့တဲ့အကြိမ်ရေအနည်းငယ်လောက်မှာ တွေ့ခဲ့ဖူးတာဖြစ်ပြီး တချို့က တစ်ကြိမ်သာတွေ့ခဲ့ဖူးတယ်။

 

ထိုလူတွေက သူ့ကို အခုချိန်မှာ ညီအစ်ကိုလို့ ခေါ်နေကြတယ်။ အတိတ်ဘဝမှာတုန်းက သူ ရုန်မိသားစုထံမှ ကန်ထုန်ခံခဲ့ရချိန်မှာ ထိုလူတွေကလည်း ဟဲယွီလိုမျိုး သူ့ကိုတစ်ကြိမ်ပြီးတစ်ကြိမ် ဒုက္ခပေးခဲ့ကြတယ်။

 

သူတို့က ခင်မင်ရင်းနီးဖို့ မဖြစ်နိုင်တဲ့လူယုတ်မာတွေပဲ။ ကြည့်ရတာ ဟဲယွီက သူတို့ လမ်းခွဲလိုက်ကြောင်းကို မပြောရသေးတဲ့ပုံရတယ်။ ဟဲယွီကြောင့်သာမဟုတ်ရင် သူ ထိုလူတွေနဲ့ အကြိမ်ရေအနည်းငယ်မပြောနဲ့ တစ်ကြိမ်လောက်တောင် အတူတွေ့ဆုံခဲ့ဖူးမှာမဟုတ်လောက်ဘူး။ သူတို့ရဲ့မိသားစုတွေက ကြီးမားခြင်းမရှိတဲ့အတွက် သူ့ရဲ့ရှေ့ကိုတောင် ရောက်လာကြမှာမဟုတ်ဘူး။

 

ရုန်ရုန် သူတို့ကို တစ်ယောက်ပြီးတစ်ယောက်ဖျက်လိုက်တယ်။

 

ထိုလူတွေသာ သူ့ဆီက ဘလော့ခံလိုက်ရရင် သူနဲ့ ဟဲယွီတို့ အဆင်မပြေတော့တဲ့အကြောင်းကိုလည်း ခန့်မှန်းနိုင်လိမ့်မယ်လို့ သူယုံတယ်။

 

သူတို့တွေမှာ ဦးနှောက်ပါသရွေ့ အနာဂတ်မှာ သူ့ကိုလာခေါ်ရဲကြတော့မှာမဟုတ်ဘူး။