Ch 25
Viewers 24k

(25)အားလုံး ပေးမှာလား?

 

ရုန်ရုန်နဲ့ ရုန်ကျန်းတို့ ကန်တင်းမှ ပြန်ထွက်လာချိန်မှာ ရုန်မိသားစုရဲ့ တတိယဦးလေးနဲ့တည့်တည့်တိုးလေတယ်။

 

ရုန်ဝေ့ဖင်းက သူ့ရဲ့ဒုတိယအစ်ကိုထံမှ ဖုန်းဆက်ပြီးအဆူခံထားရတာကြောင့် ရုန်ကျန်းနဲ့ ရုန်ရုန်တို့ကို တွေ့တဲ့အချိန်မှာ သဘာဝကျစွာနဲ့ပဲ မျက်နှာကောင်းမွန်နေခြင်းမရှိဘူး။

 

အိုခေ .. မင်းကတော့ ငါ့ရဲ့ဒုတိယအစ်ကိုရှေ့မှာ မျက်ရည်ကျပြဖို့ သင်ယူထားတာပဲ .. အတိတ်တုန်းက ငါမင်းကိုအထင်သေးခဲ့မိတယ်

 

ရုန်ဝေ့ဖင်းက သူ့ကိုမကောင်းပြောတဲ့သူက ရုန်ရုန်ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။

 

ဒီတော့ ဒီလိုမျိုး ယင်နဲ့ယန်တိုက်ခိုက်နေတဲ့စကားတွေကလည်း ရုန်ရုန်ဆီကိုပဲ ဦးတည်နေခဲ့လေတယ်။

 

ရုန်ရုန်ရဲ့မျက်လုံးက အံ့ဩမှုအရိပ်အယောင်တွေဖြတ်ပြေးသွားရတယ်။

 

သူ့အဖေက တတိယဦးလေးဆီဖုန်းခေါ်ခဲ့တာလား?

 

ဒီဦးလေးရဲ့လေသံကိုနားထောင်ကြည့်ရသလောက်ကတော့ သူ့ရဲ့အဖေက သူ့ကိုဖုန်းနဲ့လှမ်းဆူထားတဲ့ပုံပဲ။

 

ရုန်ရုန် ခံစားချက်ကောင်းသွားရတယ်။ ဒီတော့ ရုန်ကျန်း စကားမပြောနိုင်ခင်မှာပဲ သူက ပြန်လည်ပြုံးပြလိုက်ပြီး :

 

ဒါက တတိယဦးလေးရဲ့ အသင်အပြကောင်းလို့ပဲမဟုတ်ဘူးလား

 

ရုန်ဝေ့ဖင်း ဒေါသထွက်လွန်းတာကြောင့် စိတ်လိုက်မာန်ပါအမူအယာနဲ့ ခြေလှမ်ကျဲကျဲဖြင့်ရှေ့ကိုတိုးလာခဲ့တယ်။

 

သို့ပေမဲ့ ရုန်ကျန်းက ရုန်ရုန်ရဲ့မျက်နှာရှေ့မှာ အချိန်ကိုက် ဝင်ရောက်ပိတ်ဆို့လိုက်တယ်။

 

ပါးကိုပြောပြလိုက်တာ ကျွန်တော်ပဲ...

 

ရုန်ဝေ့ဖင်းရဲ့ကြောင်အ,နေတဲ့ အကြည့်အောက်မှာ ရုန်ကျန်း လေသံကိုလျှော့ချပြီး ဆက်ပြောလိုက်တယ်။

 

တကယ်လို့ တတိယဦးလေးက မျက်ရည်ကျပြတယ်ဆိုပြီးတွေးနေရင် အဲဒီမျက်ရည်ကျပြလိုက်တဲ့လူက ကျွန်တော်ပဲ.. ဒီကိစ္စက ရုန်ရုန်နဲ့ မဆိုင်ဘူး

 

 

ရုန်ရုန်ရုန်ကျန်းရဲ့ရုံးခန်းထဲကိုပြန်လိုက်လာခဲ့ပြီး သူ့နှုတ်ခမ်းထက်မှ အပြုံးကတော့ ဘယ်တော့မှ ပြန်မကျတော့သယောင် မြင့်တက်နေခဲ့တယ်။

 

တတိယဦးလေးကတော့ နေ့လည်စာကို နင်နေတော့မယ်လို့ထင်တယ်

 

ရုန်ရုန် ဘူးထဲက ဆိုဒါကို စုပ်သောက်ရင်း ရုန်ဝေ့ဖင်းတစ်ယောက် ဒေါသကြီးနေပေမဲ့ သူ့အစ်ကိုကို မထိရဲတာကြောင့် ရုပ်ဆိုးတဲ့မျက်နှာနဲ့ ရန်လိုသွာထွက်ခွာသွားရတာကို ပြန်တွေးမိကာ ပိုပြီးပျော်ရွှင်လာခဲ့တယ်။

 

ဒီကောင်ငယ်လေးက ပိုက်ကိုသွားနဲ့ကိုက်ထားပြီး မျက်ဝန်းတွေက စဥ်းလဲစွာကွေးတက်နေခဲ့တယ်။

 

ရုန်ကျန်းကတော့ သူ့ကိုကြည့်ရင်း လိုက်ပါ မရယ်မောနိုင်ခဲ့ဘူး။

 

သူ့ရဲ့ပထမဦးလေးနဲ့ တတိယဦးလေးတို့တွေ သူနဲ့ မိဘတွေမသိတဲ့အချိန်မှာ ရုန်ရုန်အပေါ် ဒီလိုမျိုး တရားလွန်တဲ့အရာတွေပြောခဲ့တာကို တွေးမိရင် သူ တကယ်ကိုစိတ်ဆင်းရဲရတယ်။

 

မင်း နေ့လည်ဘက်မှာပဲ အိမ်ပြန်မှာလား.. ငါ့ရဲ့နားနေခန်းမှာပဲဆက်နေပြီး ငါအလုပ်သိမ်းမှ အတူပြန်လိုက်မလား

 

ရုန်ရုန် ခွက်ထဲက ဆိုဒါကိုကုန်အောင်သောက်လိုက်တယ်။

 

အရင်ပြန်နှင့်လိုက်မယ်.. တစ်မနက်လုံးရနံ့တွေကို အနံ့ခံပြီးပြီဆိုတော့နှာခေါင်းကို အနားပေးရမဲ့အချိန်ကိုရောက်ပြီ

 

တစ်နေ့တည်းမှာ ရနံ့မျိုးစိတ်တွေအများကြီး အာရုံခံရှူရှိုက်တာက နှာခေါင်းကို ဝန်ပိစေရုံသာမက ရနံ့တွေရဲ့မူလအနံ့တွေကိုပါ လျော့ကျသလိုခံစားရစေလိမ့်မယ်။

 

ရုန်ကျန်း ခေါင်းညိတ်လိုက်တယ်။ သူလည်း ရုန်ရုန်ကို အခန်းထဲမှာ တစ်နေကုန် ကိုယ့်ကိုယ်ကိုယ်လှောင်ပိတ်ပြီး မွှေးရနံ့တွေနဲ့ကစားနေတာကို သဘောမတူဘူး။

 

ရုန်ရုန် အခန်းထဲမှာရှိတဲ့ ဘီဒိုထဲမှ အမွှေးနံ့သာမျိုးစိတ်တွေအားလုံးနဲ့ အဖိုးတန်ရေမွှေးတွေအကြောင်းကိုတွေးမိတော့ မျက်လုံးက အတွေးတွေပြည့်လာရတယ်။

 

သူက သွားစွယ်လေးနှစ်ခုပေါ်အောင် ပြုံးလိုက်ပြီး :

 

ကောကော ကျွန်တော် သဘောကျတာမှန်သမျှ အကုန်ပေးမှာလား

 

ရုန်ကျန်း သူ့ကိုစိုက်ကြည့်လာတယ်။

 

ငါ မင်းကို လိမ်ဖူးလို့လား

 

ရုန်ရုန် အနားယူခန်းဆီကိုသွားကာ တံခါးကိုတွန်းဖွင့်ပြီးဝင်သွားလိုက်တယ်။ ပြီးနောက် ခေါင်းကိုပြန်လှည့်ပြီး ရုန်ကျန်းကိုလှမ်းကြည့်လာတယ်။

 

ဒါဆို ကျွန်တော် မယဥ်ကျေးနေတော့ဘူးနော်

 

ရုန်ကျန်း တည်ငြိမ်စွာပြောလာတယ်။

 

ယဥ်ကျေးနေစရာမလိုပါဘူး

 

ရုန်ရုန်က သောက်ပြီးသားဆိုဒါဘူးကို အမှိုက်ပုံးဆီ ထည့်လိုက်ပြီး ပျော်ရွှင်စွာသီချင်းသံစဥ်တစ်ခုကိုညည်းလိုက်တယ်။

 

ရုန်ကျန်းရဲ့ မျက်ဝန်းတွေက သံသယတစ်ချို့ဖြတ်ပြေးသွားခဲ့တယ်။

 

ငါက မိတ္တူကူးစက်* လား?

 

(T/n_ ကလေးသီချင်းရဲ့နာမည်ပါ

 

အမွှေးလုံးလေးက ကလေးတေးသီချင်းတွေကို ကြိုက်တတ်တာလား?

 

ရုန်ကျန်း သူ့ရဲ့နှလုံးသားထဲမှာ တိတ်တဆိတ် ရေးမှတ်လိုက်တယ်။

 

အမွှေးနံ့သာမျိုးစိတ် ပုလင်းပေါင်းများစွာကို ရုန်ရုန်ရဲ့လက်နှစ်ဖက်နဲ့ သယ်သွားဖို့မဖြစ်နိုင်ဘူး ။ ဒီတော့ ရုန်ကျန်း ဘီဒိုထဲမှ ကျောပိုးအိတ်တစ်လုံး ထုတ်ပေးလိုက်တယ်။

 

ဒီအိတ်ကိုသုံးလေ

 

ကျေးဇူးတင်ပါတယ် ကောကော! ကျွန်တော်ပြန်ရောက်ရင် ကောကောကိုပြန်ပေးမယ်နော်

 

ရုန်ကျန်း မျက်မှောင်ကြုတ်လိုက်မိတယ်။

 

ဒါက အိတ်လေးတစ်လုံးပါပဲ

 

ပြန်ပေးစရာ လိုလို့လား?

 

အမ်

 

ရုန်ရုန် ပြုံးလိုက်ပြီး သူ့အစ်ကိုရဲ့ ကြင်နာမှုကို မငြင်းဆန်နေတော့ဘူး။

 

ဘယ်လိုပဲဖြစ်ဖြစ်လေ။ အခု သူ့အစ်ကို သူ့ကိုပေးလာတဲ့ အိတ်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီဇိုင်းနာအိတ်တွေပဲဖြစ်ဖြစ်၊ သူ့ရဲ့ဘီဒိုထဲမှ ကိုယ်တိုင်းအတိချုပ်ထားတဲ့ဝတ်စုံတွေပဲဖြစ်ဖြစ် သူထွက်သွားတဲ့အချိန်မှာ ယူသွားလို့ ရမှာမှမဟုတ်ဘဲ။

 

ဒါတွေက ရုန်မိသားစုရဲ့ သခင်ငယ်လေးအစစ်နဲ့သာ သက်ဆိုင်တဲ့အရာတွေဖြစ်ပြီး သူပိုင်ဆိုင်ထားတဲ့အရာတွေမဟုတ်ဘူး။

 

ရုန်ရုန် သူကြိုက်တဲ့ ရေမွှေးတွေနဲ့ အမွှေးနံ့သာမျိုးစိတ်တွေကို ဂရုတစိုက်ထုတ်ပိုးလိုက်ပြီး ရုန်ကျန်းကလည်း ဘေးကနေ ကူညီပြီး ထုပ်ပိုးပေးလာခဲ့တယ်။

 

ရုန်ရုန် အိတ်ကို ဇစ်ပိတ်လိုက်ကာ :

 

စကားမစပ်.. ကောကောရဲ့ သူငယ်ချင်းနာမည်က ဘာများလဲ? ကျွန်တော့်ကို မိတ်ဆက်ပေးလို့ရမလား? ကောကောရဲ့ သူငယ်ချင်းက ကျွမ်းကျင်သူနဲ့တူတယ်.. ကျွန်တော်လိုချင်တဲ့ မျိုးစိတ်တွေကို သူ့ကိုရှာခိုင်းချင်လို့

 

ရုန်ကျန်း တိတ်ဆိတ်သွားခဲ့တယ်။

 

ရုန်ရုန် သူ့အစ်ကိုရဲ့အသံကို မကြားရတာကြောင့် ခေါင်းကိုပြန်မော့ကြည့်လာတယ်။

 

ဘာလို့လဲ.. အဲဒီတစ်ယောက်ရဲ့ အချက်အလက်တွေက လျို့ဝှက်ထားတာမျိုးဖြစ်နေလို့လား

 

ဒါကြောင့် သူ့ကိုပြောပြဖို့ မသင့်တော်တာများလား?

 

မဟုတ်ဘူး သူကလည်း ငါတို့လိုမျိုး သာမန်လူတွေပါပဲ

 

ရုန်ရုန် ရယ်မိသွားတယ်။

 

သူ့အစ်ကိုက သာမန်လူဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို နားလည်မှုလွဲနေမှာကို ကြောက်မိတယ်နော်။

 

သူ့အစ်ကိုရဲ့သူငယ်ချင်းက ဘယ်လိုမှ သာမန်လူတစ်ယောက်မဖြစ်နိုင်ဘူး၊ သာမန်လူတွေက ဒီလိုမျိုး သဘောထားကြီးစွာနဲ့ အဖိုးထိုက်တန်တဲ့ရေမွှေးတွေ၊ အမွှေးနံ့သာမျိုးစိတ်တွေကို ပိုက်ဆံလက်ခံခြင်းမရှိဘဲ ဘယ်လိုမှ မပေးနိုင်ဘူးလေ။

 

သူ(ရုန်ရုန်)ကသာ ဒီနေရာမှာ တကယ့်စစ်မှန်တဲ့ သာမန်လူတစ်ယောက်ပဲ။

 

မင်းမြင်ဖူးတယ်

 

သူတွေ့ဖူးတာလား?

 

ရုန်ကျန်းရဲ့သူငယ်ချင်းအများစုကို ရုန်ရုန်မသိသလို တွေ့ဖူးတဲ့လူတွေကလည်း သိပ်မများဘူး။ ဒီတော့ တစ်ဖက်လူကို သူ မှတ်မိသင့်တယ်။

 

ပြသနာကတော့ ရုန်ရုန်က မျက်နှာတွေကို အနည်းငယ်ဝေဝါးလေ့ရှိကာ မှတ်မိနိုင်စွမ်းသိပ်မကောင်းဘူး။

 

ပုံမှန်အားဖြင့် အကြိမ်ရေအနည်းငယ်သာတွေ့ဖူးတဲ့လူတစ်ယောက်ကို သူမေ့သွားတတ်လေ့ရှိတယ်။

 

သူ ဦးနှောက်ကို ပြင်းပြင်းထန်ထန် အလုပ်ပေးကာ ရှာဖွေလိုက်တယ်။

 

ဦးနှောက်က အလိုအလျှောက်ရှာဖွေမှုမှာ ကျရှုံးသွားခဲ့ပြီ။

 

ဘယ်သူလဲ

 

စွမ်းချီ

 

စွမ်းချီ?

 

ဒီနာမည်က နည်းနည်းတော့ ရင်းနီးနေသလိုပဲ....

 

ရုန်ကျန်း သူ့ကို သတိပေးလိုက်တယ်။

 

ငါ့ရဲ့မွေးနေ့တုန်းက ကျိုးယွီအတွက် မင်း တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်ချင်ခဲ့တယ်လေ.. ငါမင်းကို အဝေးကိုဆွဲခေါ်လိုက်တော့ မင်းက ငါ့ကိုပါ တိုက်ခိုက်လုနီးပါးပဲ.. ဘာလို့လဲ? ဒီလောက်တောင် မြန်မြန်မေ့သွားတာလား?

 

ရုန်ရုန်က လူနဲ့ နာမည်ကို မတွဲမိရုံပါပဲ။

 

သို့ပေမဲ့ သူ့အစ်ကိုရဲ့မွေးနေ့မှာတုန်းက ကျိုးယွီအတွက် သူ့အစ်ကိုရဲ့သူငယ်ချင်းတစ်ယောက်နဲ့ တိုက်ခိုက်လုနီးပါးဖြစ်ခဲ့တာကို သူမှတ်မိနေရင်တောင် စွမ်းချီရဲ့ရုပ်ရည်ကိုတော့ သူ တကယ်မေ့သွားခဲ့ပြီ။

 

အချိန်အတော်ကြာမှ ရုန်ရုန် အလေးအနက်မေးလိုက်တယ်:

 

ကောကော ကျွန်တော်သာ အခု ချီကောရဲ့အိမ်တံခါးဝအထိ ကိုယ်တိုင်သွားပြီး တောင်းပန်မယ်ဆိုရင် ချီကော ကျွန်တော့်ရဲ့တောင်းပန်မှုကို လက်ခံလောက်မယ်လို့ ထင်လားဟင်? သူ ကျွန်တော့်ကို တိုက်ရိုက် ကန်ထုတ်လိုက်မှာလား?

 

ရုန်ကျန်း ဒေါသတကြီးပြောလာတယ်။

 

မင်း သူ့တံခါးဆီကို လူကိုယ်တိုင်သွားနေစရာမလိုပါဘူး.. မင်းသာ အားချီနဲ့တကယ်တွေ့ချင်ရင် ငါ မင်းတို့တွေ့နိုင်ဖို့ ဂိမ်းတစ်ခုပြင်ဆင်ပေးမယ်.. မင်းတို့တွေ နားလည်မှုလွဲတာကို ရှင်းလင်းနိုင်တာပေါ့

 

ကျေးဇူးတင်ပါတယ် ကောကော!

 

သူ့ရဲ့ အိုင်းရစ်မြစ်အဆီက အခုဆို ရရှိနိုင်တော့မယ်!

 

ရုန်ကျန်း ရုန်ရုန်ကို ရုံးတံခါးဝနားအထိ လိုက်ပို့ပေးခဲ့တယ်။

 

လျို့ရှင်းကို မင်းကိုလိုက်ပို့ခိုင်းဖို့တကယ်မလိုဘူးလား

 

ရုန်ရုန် သူ့လက်ထဲမှအိတ်ကို ကျောမှာပိုးလိုက်ပြီး ရုန်ကျန်းကို လက်ရှေ့ယမ်းကာ နှုတ်ဆက်လိုက်တယ်။

 

ကောကော ကျွန်တော်အရင်ပြန်နှင့်တော့မယ်

 

အမ်

 

ရုန်ကျန်း ရုံးခန်းထဲကိုပြန်လာခဲ့တယ်။

 

သူ ရုံးခန်းထဲမှ သူ့ရဲ့ထိုင်ခုံမှာထိုင်ရင်း ပုံမှန်အတိုင်း အလုပ်ကို မြန်မြန်လုပ်နေခဲ့တယ်။

 

 သို့ပေမဲ့ ဖိုင်တွဲတွေကို စစ်ဆေးရင်းနဲ့ မကြာခဏ အာရုံလွင့်ပျံ့နေလေတယ်။ သူ လက်တစ်ဖက်ကို ဖုန်းလိုင်းဆီမှာတင်ပြီး အတွင်းရေးမှူးဆီသို့ ကော်ဖီတစ်ခွက်ယူလာခိုင်းဖို့ တွေးလိုက်တယ်။

 

ထိုအခိုက်မှာ သူ့ရဲ့အကြည့်တွေက ကော်ဖီစားပွဲပေါ်မှာရှိနေဆဲဖြစ်တဲ့ ရုန်ရုန် တစ်ဝက်တစ်ပျက်သောက်ခဲ့တဲ့ နို့လက်ဖက်ရည်ခွက်နဲ့ တစ်ကိုက်ကိုက်ထားတဲ့ ဘီစကွက်တို့ဆီကို ရောက်ရှိသွားပြီး စိတ်ပြောင်းသွားခဲ့ရတယ်။

 

သူ့ရဲ့အတွင်းရေးမှူးကို ဘာလီလက်ဖက်ရည်တစ်ခွက် ပို့ပေးဖို့ လှမ်းမှာလိုက်တယ်။

 

ဘာလီလက်ဖက်ရည်က အစာအိမ်ကိုအားဖြည့်ပေးလိမ့်မယ်။

 

 

ရုန်ရုန် ရုန်ရှီလုပ်ငန်းစုရဲ့ဝင်ပေါက်မှာရှိတဲ့ တက္ကစီကို လှမ်းတားလိုက်တယ်။

 

ဖူချန်ရဲ့ဒေသသံဝဲနေတဲ့ တက္ကစီဒရိုက်ဘာအစ်ကိုကြီးက ခေါင်းလှည့်ကြည့်လာပြီး စိတ်အားထက်သန်စွ်မေးလာတယ်။

 

လူငယ်လေး မင်း ဘယ်ကိုသွားမှာလဲ

 

ရုန်ကျန်းရဲ့ရုံးခန်းမှာတုန်းက ရုန်ရုန်ရဲ့မျက်နှာပေါ်မှာရှိနေခဲ့တဲ့ တောက်ပတဲ့အပြုံးတွေက ကွယ်ပျောက်သွားခဲ့ပြီ။

 

သူက နောက်ကျောဘက်မှာရှိတဲ့ အိတ်ကို ဒူးပေါ်သို့တင်လိုက်တယ်။ နောက်ပြီးရုန်ကျန်း သူ့ကိုပေးထားခဲ့တဲ့ အိတ်ကို ကာကွယ်မှုအပြည့်ရှိနေတဲ့ဟန်ပန်ဖြင့် လက်တွေနဲ့ရစ်ပိုက်ထားခဲ့ကာ ခေါင်းကိုငုံ့ထားပြီး သူ့ရဲ့မျက်ဝန်းတွေကတော့ ညှို့မှိုင်းနေခဲ့တယ်။

 

လင်းဖန်လမ်း