(26) သူ
မသေခင်အချိန်ထိ တစ်ယောက်တည်းပဲ
မြို့ဟောင်း ၊
လင်းဖန်လမ်းသွယ်..
လမ်းရဲ့ဘေးနှစ်ဖက်ဆီမှာ
ပရုတ်ပင်တွေက စီတန်းလျှက်ရှိနေကာ အပင်ရဲ့ထိပ်ဖျားကိုမမြင်ရလောက်တဲ့အထိ
သန်မာစွာပေါက်ရောက်နေခဲ့ကြတယ်။
တက္ကစီက
လမ်းကြားရဲ့ဝင်ပေါက်မှာ ရပ်ထားခဲ့ပြီ။
တက္ကစီ ဒရိုက်ဘာက
နောက်ကြည့်မှန်ထဲမှတဆင့် ကားနောက်ခန်းခဲမှ လူငယ်လေးကို တစ်ကြိမ်ပြီးတစ်ကြိမ်
လှမ်းကြည့်နေခဲ့တယ်။
ဒီကောင်လေးက
ထူးဆန်းလွန်းတယ်။
သူ့ကို
လင်းဖန်လမ်းဆီကို မောင်းခိုင်းခဲ့ပြီး ရောက်လာတော့လည်း ကားထဲကထွက်မသွားခဲ့ဘူး။ သူက
ကားထဲမှာထိုင်ရင်း ပြတင်းပေါက်ကနေတဆင့်ပဲ ခေါင်းလှည့်ကြည့်နေခဲ့တယ်။
ဒရိုက်ဘာလည်း
သူကြည့်နေတဲ့နေရာဆီကို မကြာခဏ ကြည့်လိုက်မိတယ်။
ထိုလမ်းကြားထဲမှာ သာမန်ပန်းဆိုင်အနည်းငယ်သာရှိပြီး ထိုပန်းဆိုင်တွေကလည်း
သာမန်ဆန်လွန်းတယ်။
ကားက
ပါကင်ထိုးထားခဲ့တာ တစ်နာရီနီးပါးလောက်ရှိနေပြီလေ။
ထိုလူငယ်လေးဝတ်ဆင်ထားတာက
တန်ဖိုးကြီးဘရန်းတွေမှန်းသိသာလွန်းနေတာကြောင့် သူ့အနေနဲ့ တစ်ဖက်လူကို အမိန့်သွား
မပေးသင့်ဘူး။ ဒါပေမဲ့ လေအေးပေးစက်အမြဲတမ်းဖွင့်ထားရတာကြောင့်
တက္ကစီဒရိုက်ဘာရဲ့စရိတ်တွေကို ထိုးတက်လွန်းနေပြီ။
တက္ကစီဒရိုက်ဘာက
နောက်ခုံမှာထိုင်နေတဲ့လူငယ်လေးကို သတိပေးသင့်လားဆိုတာ ချီတုံ့ချတုံ့ဖြစ်နေခဲ့တယ်။
မကြာခင်မှာပဲ
ကောင်းကင်ကြီးက ရုတ်တရက်မည်းမှောင်လာခဲ့တယ်။ ချက်ချင်းဆိုသလို
လျှပ်စီးတွေပါလက်ပြီး မိုးကြိုးတွေပစ်လာတာကြောင့် တက္ကစီဒရိုက်ဘာ ထိတ်လန့်လာတယ်။
သူ နောက်ခုံက
လူငယ်လေးကို တချက်ထပ်မံချောင်းကြည့်လိုက်တော့ ထိုလူငယ်လေးက
လုံးဝတုံ့ပြန်မှုမရှိတာကိုတွေ့လိုက်ရတယ်။
ဒရိုက်ဘာ
မတတ်နိုင်ဘဲဝန်ခံလိုက်ရတယ်။
ဒီကလေးက
သတ္တိကောင်းလွန်းတာပဲ။
ကောင်းကင်ကြီးမည်းမှောင်လာတာကိုကြည့်ရတာ
မကြာခင် မိုးသည်းထန်စွာရွာသွန်းတော့မဲ့ပုံရတယ်။
ရုန်ရုန်
လမ်းဘက်ကိုစိုက်ကြည့်နေရာမှ ထူးမခြားနားစွာ ပြန်လှည့်လာခဲ့တယ်။
ပြီးနောက်
ကားထဲကိုရောက်ရှိကတည်းက ဒုတိယမြောက် စကားကို ပြောလာခဲ့တယ်။
“သွားရအောင်”
“ကောင်းပြီ”
ဒရိုက်ဘာက
ကားကိုစမောင်းကာ လမ်းသွယ်ထဲမှ ပြန်ထွက်လာခဲ့တယ်။
ပန်းဆိုင်ထဲမှာတော့
ရွမ်ယွီမန်က ပန်းစည်းတွေကြားထဲမှာထိုင်နေပြီး သပ်ရပ်စွာပြင်ဆင်နေခဲ့တယ်။
ထိုမိုးကြိုးပစ်သံကိုကြားတော့
သူမထိတ်လန့်သွားခဲ့တယ်။
“အာ့”
သူမရဲ့လက်ချောင်းထိပ်က
နှင်းဆီနဲ့အဆူးနဲ့ ထိုးဖောက်မိသွားပြီး လက်ထိပ်မှ သွေးတစ်စက်စီးကျလာခဲ့တယ်။
ရွမ်ယွီမန်
သူမရဲ့လက်ထဲမှ ကပ်ကြေးကိုချလိုက်ပြီးထရပ်ကာ တစ်သျူးတစ်ရွက်ထုတ်ယူပြီး
သွေးတိတ်အောင်ဖိထားလိုက်တယ်။
သူမက ထရပ်ရင်း
အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။
အပြင်မှာ
တိမ်တွေမည်းမှောင်နေပြီး မိုးသည်းသည်းမည်းမည်းရွာချမဲ့ဟန်ရှိတယ်။
ရွမ်ယွီမန်
ဖုန်းကို ကပြာကယာကောက်ယူပြီး ပန်းသွားပို့နေတဲ့ သူမရဲ့သား ကျင်းရီဆီကို
လှမ်းခေါ်လိုက်တယ်။
ဘယ်သူကမှ
ဖုန်းပြန်မဖြခဲ့ဘူး။
ရွမ်ယွီမန်
နှလုံးသားထဲကနေ စိုးရိမ်ပူပန်လာခဲ့တယ်။
နှင်းပန်းအိုးတွေ၊
လီလီပန်းအိုးတွေနဲ့ နှင်းဆီပန်းအိုးတွေက အပြင်ဘက်မှာရှိနေတုန်းပဲ။
နည်းလမ်းမရှိတော့တာကြောင့်
ရွမ်ယွီမန် ဖုန်းကို ကောင်တာပေါ်ကိုပြန်ချကာ ပန်းအိုးတွေကို
အိမ်ထဲသို့အရင်သွင်းဖို့လုပ်လိုက်တယ်။
သူမရဲ့လက်ထိပ်မှ
ဒဏ်ရာဆီကို ဆေးပလာစတာတစ်ခုကပ်လိုက်ပြီး ရွမ်ယွီမန် တံခါးဆီကိုပြေးသွားကာ
အပြင်ဘက်မှ ပန်းအိုးတွေကို တစ်အိုးပြီးတစ်အိုးသွင်းနေခဲ့တယ်။
အထဲကိုသွင်းဖို့
တစ်ဝက်ကျော်လောက်ကျန်နေသေးတယ်။
ပဲကြီးစေ့အရွယ်လောက်ရှိတဲ့
မိုးရေစက်တွေက မှန်ပြတင်းပေါက်တွေကိုလာမှန်ပြီး ကျယ်လောင်တဲ့အသံတွေထွက်လာခဲ့ပြီ။
ရွမ်ယွီမန်ရဲ့ခန္ဓာကိုယ်ကလည်း
မိုးရေတွေကြောင့် စိုစွတ်သွားခဲ့ရတယ်။
သူမက
လေတွေမိုးတွေကြားမှာ ပန်းအိုးတွေပြောင်းတဲ့အရှိန်ကို ပိုပြီးမြှင့်လိုက်တယ်။
သူမရဲ့ခါးက
နဂိုကတည်းက သွပ်မကောင်းတာကြောင့်
ပန်းအိုးတော်တော်များများကိုပြောင်းရွှေ့ပြီးချိန်မှာ ထပ်မံပြီး
တောင့်မခံနိုင်တော့ဘူး။
သူမ ပန်းအိုးတွေကို
အိမ်ထဲသို့ရွှေ့ပြောင်းရင်း ထရပ်ကာ ခါးကိုပွတ်သပ်လိုက်မိတယ်။
ပြီးနောက်မှာတော့
မိုးရေတွေက အရှိန်ပြင်းထန်လွန်းတာကြောင့် ပန်းပွင့်တွေထိခိုက်ပျက်စီးသွားမှာကို
စိုးရိမ်တဲ့အတွက် အချိန်ထပ်မဖြုန်းရဲပဲ ခါးအနည်းငယ်သက်သာလာတာနဲ့
မိုးရေတွေကြားထဲမှာ အိမ်ပြင်ဘက်ကို ထပ်မံပြေးလွှားသွားခဲ့ပြန်တယ်။
ဘက်ထရီကားလေးက
ဆိုင်ရှေ့မှာရပ်သွားခဲ့တယ်။ ရုပ်ရည်ချောမောတဲ့လူငယ်လေးတစ်ယောက်က
ကားထဲကအမြန်ထွက်လာပြီးနောက် ပန်းဆိုင်ဘက်ကိုလျှောက်လာပြီး လီလီပန်းအိုးကို
အိမ်ထဲသို့ ရွှေ့ပြောင်းပေးလာတယ်။
“မိုးတွေပြင်းပြင်းထန်ထန်ရွာချလာလို့
မား မင်းအတွက်စိတ်ပူနေတာ.. မင်းက မိုးကာအင်္ကျီလည်း ပါမသွားဘူးလေ.. ကံကောင်းလို့
ပြန်ရောက်လာပြီပဲ.. မလှုပ်နဲ့ မြန်မြန်လေး ပန်းအိုးကိုချထားလိုက်..
မင်းရဲ့ခြေထောက်က ကောင်းသေးတာမဟုတ်ဘူး.. မင်းကို မလှုပ်ရှားခိုင်းထားဘူးလေ”
ရွမ်ယွီမန်က
သူ့နောက်ကနေ အိမ်ထဲကိုလိုက်ဝင်လာပြီး ဆယ်ကျော်သက်ကောင်လေးကို
ထပာပြီးမလုပ်ခိုင်းတော့ဘူး။
ကျင်းရီကတော့
သူ့ရဲ့အမေကို ဖြောင်းဖြလိုက်တယ်။
“မား
ကျွန်တော့်ရဲ့ခြေထောက်တွေကကောင်းပါပြီ.. မားတို့နှစ်ယောက်ထက်တောင်
မြန်မြန်လှုပ်ရှားနိုင်နေပြီ.. မိုးတွေ ပိုပြီးရွာလာရင်
ပန်းတွေအားလုံးပျက်စီးသွားလိမ့်မယ်”
သူ နောက်ကိုလှည့်ကာ
ထပ်ပြီးပြေးထွက်သွားဖို့လုပ်ပေမဲ့ ရွမ်ယွီမန်ဆီမှာ အဆွဲခံလိုက်ရတယ်။
“မင်းရဲ့ခြေထောက်က
အရင်ရက်တွေကမှ ပန်းအိုးကြောင့် ထိခိုက်ထားတာလေ.. မင်းရဲ့ခြေထောက်က
စိန်လိုမျိုးမာနေလို့လား? ဒီလောက်မြန်ရအောင်? မင်းကိုကြည့်လိုက်ဦး
အဝတ်အစားတွေကလည်း စိုချွဲနေပြီ.. မြန်မြန်လေးအပေါ်ကိုတက်ပြီး ရေသွားချိုးလိုက် ..
မားတစ်ယောက်တည်း လုပ်လို့ရတယ်”
ရွမ်ယွီမန်က
ကျင်းရီကို အပေါ်သို့တွန်းပို့လိုက်ပေမဲ့ ကျင်းရီကတော့ ရှောင်ပြေးသွားခဲ့တယ်။
ကျင်းရီ
တံခါးဆီကိုပြေးသွားရင်းနဲ့:
“မား
ကျွန်တော့်ခြေထောက်တွေက တကယ်ကောင်းနေပြီ!”
သူမရဲ့သားဖြစ်သူကို
မတားနိုင်တာကိုမြင်တော့ ရွမ်ယွီမန်က ပန်းအိုးတွေကို အထဲသို့သယ်ဖို့အတွက်
အရှိန်ကိုမြှင့်လိုက်ပြန်တယ်။
သူမသာ
ပိုပြီးရွှေ့ပြောင်းနိုင်ရင် ကျင်းရီပြောင်းရတာ ပိုနည်းသွားလိမ့်မယ်။
ကျင်းရီ
ပန်းအိုးတွေကို ရွှေ့ပြောင်းရင်း ရုတ်တရက်ထမေးလာတယ်။
“မား အပေါ်ထပ်က
ပြတင်းပေါက်တွေ ပိတ်ပြီးသွားပြီလား”
ရွမ်ယွီမန်
အာမေဋိတ်သံပြုမိသွားတယ်။
“အိုး!”
သူမ မေ့နေခဲ့တယ်။
ကျင်းရီက
ပန်းအိုးကို ကြမ်းပြင်ပေါ်သို့ချရင်း သူ့အမေဆီကို လှမ်းပြောလိုက်တယ်
“မား
အပေါ်ကိုသွားပြီး ပြတင်းပေါက်သွားပိတ်လိုက်လေ”
ရွမ်ယွီမန်
မျက်မှောင်ကြုတ်လိုက်တယ်။
“မင်းတစ်ယောက်တည်းလုပ်နိုင်လို့လား”
ကျင်းရီက
လိမ္မာရေးခြားရှိစွာ ပြုံးပြလာတယ်။
“ရတာပေါ့”
ရွမ်ယွီမန်
စိတ်မချစွာနဲ့မှာနေတုန်းပဲ။
“ဒါဆို ဖြည်းဖြည်းပဲ
ပြောင်းထားလိုက်.. ပန်းတွေထိခိုက်သွားရင်လည်း ထိခိုက်သွားပါစေ.. ပန်းတွေက
မင်းလောက် အရေးမကြီးတာကိုမှတ်ထားရမယ်.. သိပြီလား”
ကျင်းရီ နာခံစွာ
ခေါင်းညိတ်လိုက်တယ်။
“ကောင်းပါပြီ”
ရွမ်ယွီမန်
အနောက်ဘက်မှ တံခါးကိုဖွင့်ရင်း ခေါင်းကိုလှည့်ကာ မှာနေတုန်းပဲ။
“မား
ပြန်ဆင်းလာခဲ့မယ် ဖြည်းဖြည်းပဲလုပ်နော် ဟမ်”
ကျင်းရီပြုံးလိုက်တယ်။
“အိုခေ”
ရွမ်ယွီမန်ထွက်သွားချိန်မှာပဲ
ကျင်းရီ နာကျင်မှုကြောင့် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိတယ်။
သူ့ရဲ့ခြေထောက်တွေက
သိပ်ပြီးမကောင်းသေးဘူး။
အခုချိန်
ပန်းအိုးအနည်းငယ်ရွေ့ပြောင်းလိုက်တာက ဝန်ပိုလုပ်မိသလိုဖြစ်ပြီး
ပြန်ပြီးနာကျင်လာခဲ့တယ်။
ကျင်းရီ
နာကျင်မှုကို တောင့်ခံပြီး တံခါးအပြင်ကိုထွက်လာခဲ့တယ်။
အပြင်ဘက်မှာ
မရွှေ့ပြောင်းရသေးတဲ့ ကာနေးရှင်းပန်းအိုးတွေ ရှိနေတုန်းပဲ။
ထိုကာနေးရှင်းအန်းအိုးတွေက
အနည်းငယ်ကြီးမားပြီး ကျင်းရီပထမဆုံးအကြိမ် မရွှေ့ပြောင်းနိုင်ခဲ့ဘူး။
သူ
အသက်ကိုပြင်းပြင်းရှူကာ လက်မောင်းအားကို ပိုထည့်လိုက်တယ်။
ရုတ်တရက်ဆိုသလို
သူ့ရဲ့လက်မောင်းထဲမှ ပန်းအိုးက အလေးချိန်ပေါ့ပါးသွားတာကြောင့် ကျင်းရီ
ခေါင်းကိုမော့ကြည့်လိုက်မိတယ်။
ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်က
သူ့ကိုကူညီပြီး ပန်းအိုးကို အတူသယ်မပေးနေတာပဲ။
တစ်ဖက်လူရဲ့အရှေ့ဆံမြိတ်က
အတော်လေးရှည်နေပြီး မိုးရေတွေစိုစွတ်နေတာကြောင့် သူ့ရဲ့မျက်လုံးတွေကို
ဖုံးကွယ်လုနီးပါးဖြစ်နေပေမဲ့ သူ့ရဲ့ရုပ်ရည်က ထူးထူးကဲကဲလှပလိမ့်မယ်ဆိုတာ သေချာတယ်။
ကျင်းရီ
ကြောင်အမ်းသွားရတယ်။
သူ
တုံ့ပြန်လာချိန်မှာ တစ်ဖက်လူက သူ့ရဲ့လက်ထဲမှ ပန်းအိုးကို သူ့ဆီမှ ယူသွားပြီး
သူ့ကိုယ်စား အိမ်ထဲကို ရွှေ့ပြောင်းပြီးသွားခဲ့ပြီ။
“ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်!”
ကျင်းရီ
နောက်ဆုံးတော့ တုံ့ပြန်နိုင်ခဲ့ပြီ။
ထိုကောင်လေးက
စိတ်အားထက်သန်စွာနဲ့ အပြင်ဘက်မှာကျန်ရှိနေသေးတဲ့ ခြောက်လပန်းပင်တွေကို
သူ့ကိုယ်စားအိမ်ထဲသို့ ထပ်မံရွှေ့ပြောင်းပေးနေတာကိုမြင်တော့ ကျင်းရီ အလျှင်အမြန်
နောက်ကလိုက်ပြီး ပြောလိုက်တယ်။
“ကျေးဇူးအများကြီးတင်ပါတယ်!
ကျန်တာကို ငါ့ဘာသာငါ ဆက်သယ်နိုင်ပြီ!”
တစ်ဖက်လူက
သူပြောတာကို ကြားပုံမရဘူး။ သူက ကုန်းလိုက်ထလိုက်နဲ့ အပြင်ဘက်မှပန်းအိုးတွေကို
အိမ်ထဲသို့ ဖြတ်လတ်သွက်လက်စွာ ရွှေ့ပြောင်းနေခဲ့တယ်။
ပန်းအိုးတွေကို
သယ်မတဲ့နေရာမှာလည်း အရည်အချင်းလိုအပ်တယ်။ တကယ်လို့ အားပြုတဲ့နေရာသာ
မမှန်ကန်ဘူးဆိုရင် အကျိုးသက်ရောက်မှုမရှိပဲ အချိန်ကုန်လူပန်းဖြစ်စေလိမ့်မယ်။
သူ့ရဲ့ရှေ့မှ
လူငယ်လေးက သူနဲ့ရွယ်တူခန့်သာရှိနေသေးပေမဲ့ ပန်းအိုးတွေကို
ရွှေ့ပြောင်းနေတဲ့နေရာမှာ ဒီလိုမျိုးပန်းဆိုင်တွေမှာ ကြီးပြင်းလာသလို
ကျွမ်းကျင်နေခဲ့တာကြောင့် ကျင်းရီ အံ့သြနေခဲ့တယ်။
“ဒီက.. အတန်းဖော်..
ကျေးဇူးအများကြီးတင်ပါတယ်.. ကျန်တာကို ငါ့ဘာသာငါသယ်လိုက်...”
ကျင်းရီက
တစ်ဖက်လူဆီမှ ခြောက်လပန်းအိုးကို လှမ်းယူချင်ခဲ့ပေမဲ့ ထိုလူငယ်လေးက
သူ့ကိုရှောင်ရှားကာ အိမ်ထဲကိုပဲ သယ်သွားပေးခဲ့တယ်။
မိုးက ပိုပြီး
ပြင်းထန်စွာရွာလာခဲ့ပြီ။
ပါးစပ်ကိုဖွင့်ပြီး
စကားပြောမယ်ဆိုရင် တိုက်ခတ်နေတဲ့လေကြောင့် မိုးရေတွေက ပါးစပ်ထဲအထိ
စီးဝင်လာလိမ့်မယ်။
ကျင်းရီ
တစ်ဖက်လူရဲ့ကြင်နာမှုကို ယာယီလက်ခံလိုက်ပြီး သူနဲ့အတူ ပန်းအိုးတွေကို
အတူတကွရွှေ့ပြောင်းလိုက်တယ်။
ပန်းခြင်းတချို့သာ
ကျန်ရှိနေတော့တယ်။
ပန်းခြင်းတွေကတော့
ပေါ့ပါးတယ်လေ။
လူစိမ်းတစ်ယောက်ရဲ့
အကူအညီကြောင့် နောက်ဆုံးတော့ ကျင်းရီ
ပန်းအိုးတွေအားလုံးကို ရွှေ့ပြောင်းနိုင်သွားခဲ့ပြီ။
“နောက်ဆုံးတော့ပြီးသွားပြီပဲ..
ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
ကျင်းရီ လက်တွေကို
သူ့ရဲ့ဒူးမှာတင်ရင်း အသာပွတ်သက်လိုက်တယ်။
တစ်ဖက်လူက
မတုံ့ပြန်လာသေးဘူး။
ကျင်းရီ ရုတ်တရက်
စိတ်ထဲကနေ ခန့်မှန်းချက်တစ်ခုထွက်လာတယ်။
“မင်း
နားမကြားရဘူးလား”
ဟုတ်တယ်။
နားမကြားရတဲ့လူတွေက
နားမကြားရသလို စကားလည်းမပြောနိုင်ဘူးလို့ သူကြားဖူးတယ်။
ကျင်းရီ
တစ်ဖက်လူကို အဆုံးမရှိတဲ့ ကရုဏာတွေနဲ့ ကြည့်လိုက်မိတယ်။
သူက
ထပ်သလဲလဲလုပ်ပြလိုက်တယ်။ သူ့ရှေ့မှ ကောင်လေးရဲ့နားရွက်ကိုညွှန်ပြမယ်။ ပြီးတော့
သူကိုယ်တိုင်ရဲ့ ပါးစပ်ကိုညွှန်ပြကာ ခေါင်းကို ခါယမ်းပြပြန်တယ်။ မေးချင်တာက
သူမကြားရဘူးလား ဒါမှမဟုတ် စကားမပြောနိုင်ဘူးလား။
ဘဝနှစ်ခုစာမှာ
ပထမဆုံးအကြိမ်ဆွံ့အနားမကြားသူတစ်ယောက်အဖြစ် အဆက်ဆံခံလိုက်ရတဲ့ ရုန်ရုန်:
“……”
ရွမ်ယွီမန်ရဲ့အသံက
တံခါးနောက်ကနေထွက်လာတယ်။
“ရှောင်ရီ___”
“မား”
ရွမ်ယွီမန်
ဆိုင်ထဲကိုပြန်ဝင်လာပြီး အိမ်ထဲမှာ ပန်းအိုးတွေအားလုံးရောက်နေတာကိုမြင်တော့
အံ့ဩသွားရတယ်။
“ပန်းအိုးတွေအကုန်လုံးကို
တစ်ယောက်တည်း ပြောင်းလိုက်တာလား”
“တစ်ယောက်တည့်ပြောင်းတာမဟုတ်ဘူး
ကျေးဇူးတင်ရ....”
ကျင်းရီ
ခေါင်းကိပြန်လှည့်လိုက်တော့ အခန်းထဲမှာရှိနေခဲ့တဲ့ လူငယ်လေးကို မတွေ့ရတော့ဘူး။
ရွမ်ယွီမန်ကတော့
ပျော်ရွှင်စွာပြောလာတယ်။
“မင်းရဲ့အဖေပြန်ရောက်လာပြီလား..
ဘယ်ရောက်သွားလဲ”
“ပါးမဟုတ်ဘူး....”
ရွမ်ယွီမန်က
ပြန်ကြည့်လာတယ်
“မင်းရဲ့ပါးမဟုတ်ဘူးလား..
ဘယ်သူလဲ? ကြင်နာတတ်လွန်းတယ်?”
“ကျွန်တော်
နောက်မှပြောမယ်!”
ကျင်းရီပြောလိုက်ပြီး
ပန်းဆိုင်ရဲ့အပြင်ဘက်ကို ပြေးထွက်သွားခဲ့တယ်
သူ
တံခါးကိုတွန်းဖွင့်လိုက်တယ်။ သို့ပေမဲ့ မိုးက ပြင်းထန်စွာရွာသွန်းနေပြီး
ကောင်းမွန်ရှင်းလင်းစွာမမြင်နိုင်ဘူး။
ကျင်းရီ
တံခါးပေါက်မှာရပ်ပြီး နေရာတိုင်းကို ကြည့်လိုက်ပေမဲ့
လူငယ်လေးရဲ့အရိပ်အယောင်ကိုတောင် မတွေ့ရတော့ဘူး။
ရွမ်ယွီမန်က
အပြင်ကိုပြေးထွက်လာကာ ကျင်းရီကိုအထဲသို့ ဆွဲသွင်းလိုက်တယ်။
“ဒီကလေးကတော့ !
ဘာတွေလုပ်နေတာလဲ? မိုးတွေ ဒီလောက်ရွာနေတာကို အပြင်ကို ပြေးထွက်ချင်နေသေးတယ်”
ကျင်းရီက
ရွမ်ယွီမန်နဲ့အတူ ဆိုင်ထဲကိုပြန်ဝင်လာပြီး ဖြစ်ခဲ့တာတွေကိုပြောပြကာ
စိတ်ပျက်လက်ပျက်နဲ့ပြောလာတယ်။
“ကျွန်တော် သူ့ကို
ကျေးဇူးတင်စကားတောင် ကောင်းကောင်းမပြောလိုက်ရဘူး”
ရွမ်ယွီမန်က
အခန်းထဲသို့ဝင်သွားကာ သန့်စင်တဲ့ တဘက်တစ်ထည်ယူလာခဲ့ပြီး ကျင်းရီရဲ့ ဆံပင်တွေကို
သုတ်ပေးလာတယ်။
“တစ်ဖက်လူက
မင်းပြောသလိုဆွံ့အနားမကြားဖြစ်ပြီး ပစ္စည်းတွေကို အရည်အချင်းရှိရှိ
ရွှေ့ပြောင်းနိုင်တယ်ဆိုရင် သူ့ရဲ့အခြေအနေက သိပ်မကောင်းလို့ပဲဖြစ်လိမ့်မယ်.. မင်း
သူ့ကို ထပ်ပြီးတွေ့လို့ မှတ်မိနေတယ်ဆိုရင် ပိုက်ဆံနည်းနည်းပေးပြီး
ကျေးဇူးတင်လိုက်လေ”
“မား ကျွန်တော်
ကိုယ့်ဘာသာကိုယ် သုတ်ပါ့မယ်”
ကျင်းရီ
ရွမ်ယွီမန်ထံမှ တဘက်ကိုလှမ်းယူလိုက်တယ်၊
“ကျွန်တော်
သူ့ကိုနောက်တစ်ခါထပ်တွေ့ရင် သေချာပေါက်မှတ်မိမှာပဲ! မား ..
မားမမြင်လိုက်လို့နော်.. အဲဒီအတန်းဖော်က တော်တော်လေးလှတာ! အဖွား
ငယ်ငယ်တုန်းကလိုပဲ!”
ရွမ်ယွီမန်
သူ့စကားတွေကိုနားထောင်ရင်းပြန်ပြောလိုက်တယ်။
“ဟေး သူက
မင်းရဲ့အဖွားငယ်ငယ်တုန်းကလိုမျိုး လှတယ်ပေါ့?
အဲဒီကောင်လေးက ဘယ်လောက်တောင်ချောလိုက်သလဲ!!”
ကျင်းရီ သူ
ဓာတ်ပုံအယ်ဘမ်ထဲမှာ တွေ့ခဲ့ဖူးတဲ့ သူ့အဖွားငယ်စဥ်ကပုံကိုပြန်တွေးကာ
ယုံကြည်မှုရှိရှိ ပြန်ပြောလာတယ်။
“တကယ်ပါဆို .. သူက
အဖွားငယ်ငယ်တုန်းကလိုမျိုး လှတာ!!”
“ဘယ်သူက
မင်းအဖွားငယ်ငယ်တုန်းကလိုမျိုးလှတာလဲ”
ကျင်းကျိုကျိုးက
ဆိုင်ထဲကိုလှမ်းဝင်လာရင်း တံခါးကိုပြန်ပိတ်နေချိန်မှာ
သားအမိနှစ်ယောက်ရဲ့စကားဝိုင်းကို ကြားသွားတာကြောင့် သိချင်စွာနဲ့မေးလာတယ်။
“ကျိုကျိုး? ရှင်
ဒီနေ့ညနေစောစောပြန်မလာဘူးလို့မပြောခဲ့ဘူးလား? ဘာလို့ အစောကြီးပြန်ရောက်လာတာလဲ”
ရွမ်ယွီမန်က
သူမရဲ့ခင်ပွန်းသည်ကိုမြင်တော့ အံ့ဩပျော်ရွှင်စွာမေးလာတယ်
ကျင်းကျိုကျိုးက
ဒီနေ့မှာ ပန်းပင်တွေဝယ်ယူဖို့ထွက်သွားခဲ့တာ။
မနက်တုန်းက
ရွမ်ယွီမန်နဲ့ သူမရဲ့ခင်ပွန်းသည်တို့ ဖုန်းပြောတော့ ကျင်းကျိုကျိုးက
ဒီနေ့ညနေပိုင်းအစောကြီးပြန်မလာနိုင်ဘူးလို့ပြောခဲ့တယ်။
သူ့အဖေ
စောစောပြန်ရောက်လာတာကိုမြင်တော့ ကျင်းရီကလည်းဆံပင်ကိုသုတ်နေရာမှ
ပျော်ရွှင်စွာလှမ်းခေါ်လာတယ်။
“ပါး!”
“ငါလည်း မင်းတို့ကို
မအံ့သြစေချင်ပါဘူး.. မင်း ဒီမနက်ဖုန်းခေါ်တော့ ငါ
အဝေးပြေးလမ်းမှာပဲရှိသေးတယ်လေ..ဒါပေမဲ့ ပန်းတွေအများကြီး ရထားပြီးပြီဆိုတော့
ပြန်လာခဲ့တာ.. မင်းတို့နှစ်ယောက် ပင်ပန်းသွားခဲ့ပြီပဲ”
ကျင်းကျိုကျိုးက
တောင်းပန်လာတယ်။
“ကျွန်မက
ရှောင်ရီနဲ့အတူ ပန်းအိုးတွေအများကြီးမပြောင်းခဲ့ပါဘူး”
ကျင်းကျိုကျိုးက
အပြင်မှပြန်လာတာကြောင့် သူ့ရဲ့တစ်ကိုယ်လုံးက စိုရွှဲလာခဲ့တယ်။ ဒါကြောင့်
ရွမ်ယွီမန် နောက်ထပ်တဘက်တစ်ထည်ယူကာ သုတ်ခိုင်းလိုက်ပြီး သူမ
အပေါ်ထပ်မှာပြတင်းပေါက်ပိတ်နေချိန်မှာ တစ်စုံတစ်ယောက်က ကျင်းရီကိုကူညီပြီး
ပန်းအိုးတွေကို ရွှေ့ပြောင်းပေးခဲ့ကြောင့် ပြန်ပြောပြလိုက်တယ်။
ရွမ်ယွီမန်
သက်ပြင်းချတယ်။
“ရှောင်ရီဆီက
အဲဒီကလေးက တော်တော်လေးချောတယ်လို့ ကြားလိုက်ရတယ် ဆွံ့အနားမကြားဖြစ်နေတာ သနားစရာပဲ”
ကျင်းကျိုကျိုး
သူ့ကိုယ်ပေါ်က မိုးရေတွေကိုသုတ်နေရင်းနဲ့ :
“မင်းတို့တွေ ခုနက
ဘာတွေဆွေးနွေးနေကြတာလဲ? သူက မင်းအဖွားငယ်ငယ်တုန်းကလိုလှတယ်ဆိုတာက
အဲဒီကလေးကိုပြောတာလား”
ကျင်းရီ
လေးနက်တဲ့အမူအယာနဲ့ပြောလာတယ်။
“တကယ်ပြောတာ ပါး
မား.. ပါးတို့သာ သူ့ကိုတွေ့ရင် အဲဒီအတန်းဖော်က အဖွားနဲ့တူတယ်လို့
သေချာပေါက်တွေးမိလိမ့်မယ်”
ကျင်းကျိုကျိုး
ပြုံးလိုက်တယ်။
“တကယ်လား..
အခွင်းအရေးရှိရင် တွေ့ချင်ပါတယ်ကွာ”
ကြမ်းပြင်မှ
မျက်နှာကြက်ပြတင်းပေါက်ကို မိုးကန့်လန့်ကာကတားဆီးထားပေမဲ့
ပန်းဆိုင်အတွင်းပိုင်းမှာ နွေးထွေးပုံရတဲ့ အဝါရောင် မီးကို ဖွင့်ထားခဲ့တာကြောင့်
မိသားစုသုံးယောက်ရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို ဖြတ်သန်းမြင်နေရသေးတယ်။
တက္ကစီထဲမှာတော့
ရုန်ရုန် သူ့ရဲ့ကျောပိုးအိတ်ကို လက်မောင်းတွေထဲမှာ တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့တယ်။
သူ့ရဲ့
မျက်တောင်တွေဆီမှ မိုးရေစက်က ပါးပြင်တစ်လျှောက်ကို စီးဆင်းသွားခဲ့တယ်။
သူတို့တွေက
သူကျင်းရီရဲ့ဘဝကို ခိုးယူထားတယ်လို့ပြောခဲ့ကြတယ်။
ဒါပေမဲ့ သူ
ကျင်းရီဆီကနေ ဘယ်အရာကိုများ ခိုးယူမိခဲ့လို့လဲ?
သူ့ရဲ့မိဘတွေ။
နောက်ပြီး
ကျင်းကျိုကျိုး နဲ့ ရွမ်ယွီမန်။
အဆုံးသတ်မှာ
သူတို့တွေအားလုံးက ကျင်းရီရဲ့မိဘတွေသာ ဖြစ်ခဲ့တယ်။
ရုန်ကျန်းသည်လည်းပဲ..
ကျင်းရီရဲ့အစ်ကိုသာဖြစ်သွားခဲ့တယ်လေ။
သူကတော့
ပင်စိမ်းလေးကလွဲရင် မသေခင်အချိန်ထိ တစ်ယောက်တည်းသာ အသက်ရှင်သန်ခဲ့ရတာပါ။