အပိုင်း ၂၁
Viewers 15k

Chapter 21


ရိုစီနာ သည် မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကြည့်ပြီး အိမ်မက်လားဟု တွေးကာ ပါးကိုလည်း ဆွဲလိမ်ကြည့်နေမိသည်။ပါးပြင်က နာလာမှ သူမလည်းလက်တွေ့မှန်း ယုံနိုင်သွားတော့သည်။


ထို့နောက် သူမသည် နန်းတော်ထဲကို ဝင်လာခဲ့သည်။ အမဲစက်များ စွန်းထင်နေသည့် အမိုးကို ဆေးအသစ်သုတ်ထားပြီး အက်ကြောင်းများကိုလည်း ကောင်းစွာ ဖုံးအုပ်ထားသည်။ထိုမျှမကသေး၊ အဆောက်အဦး ပတ်ပတ်လည်တွင်ပေါက်နေသော ပေါင်းပင်များ လည်း ရှင်းလင်းထားကာ နန်းတော်ဝင်ပေါက်ကိုလည်း စနစ်တကျခင်းထားသည်။ အိမ်နောက်ဖေးတွင် သူမ တစ်နေကုန်အောင် လုပ်ရသော အလုပ်သည် နန်းတော်၏ ကြီးမားသော ပြောင်းလဲမှုနှင့် နှိုင်းယှဉ်လျှင် ကလေးကစားစရာတစ်ခုလိုပင် ထင်ရသည်။ 


ရိုစီနာ သည် ဥယျာဉ်ထဲကို လျှောက်ကြည့်လိုက်သေးသည်။ ပေါင်းပင်များ မရှိတော့သောကြောင့် အရွယ်အစား  ကြီးမားလှသော သစ်ပင်များသည် အဝတ်အစားများ လဲလိုက်သလို ထင်ပေါ်လာကြသည်။ ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် လုပ်ထားသလိုပင်။လမ်းလျှောက်၍ ပတ်ကြည့်ပြီးနောက် သူမသည် နန်းတော်အဝင်ပေါက်အား ပိတ်ထားသည်ကို တွေ့သွားရသည်။ထို့ကြောင့် သူမလည်း တံခါးနား သွားကြည့်လိုက်လေ၏။


 “အာ” 


ရိုစီနာ သည် ထိတ်လန့်တကြားဖြစ်သွားကာ ခြေလှမ်း ရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် ရပ်နေသော အမျိုးသားများနှင့် သူမ မျက်လုံးချင်းဆုံမိသောကြောင့် ဖြစ်သည်။ မျက်လုံးချင်းဆုံမိသည့်  အမျိုးသားများမှာ သူမထက်ပင် ပိုကြောက်နေပုံရလေသည်။


 သူတို့တွေက ဘယ်သူတွေလဲ…


သူမ သူတို့နှစ်ယောက်ကို သတိထားကြည့်လိုက်သည်။ သူတို့ထဲက တစ်ယောက်မှာ လူကောင်အလွန်ကြီးမားပြီး နောက်တစ်ယောက်မှာ ဆံပင်ရှည်ရှည်ကို ခပ်မြင့်မြင့်စည်းနှောငထားသည်။ သူတို့နှစ်ဦးမှာ အနက်ရောင်တူညီဝတ်စုံကို ၀တ်ဆင်ထားသော်လည်း အစေခံများလို မဟုတ်ပေ။သူမ ကိုယ်ကလေးပါ တောင့်တင်းလာရပြီး သူမ လက်ကို ကိုင်ထားသည့် အီလီယန် ကလည်း ထိုလူများကို စိုက်ကြည့်နေသည်။ တစ်ဖက်တွင် ထိုလူများကလည်း စူးစူးဝါးဝါး ပြန်ကြည့်နေကြသည်။


 "ရိုစီနာ" 


ထိုစဉ် ရင်းနှီးသော အသံတစ်ခုကြောင့် သူမတို့ကို သတိပြန်ဝင်လာရ၏။သူမလည်း  အသံကြားရာဘက်ကို လှမ်းကြည့်လိုက်ရာ ရာဟန် ဖြစ်နေသည်။ ထိုလူလေးယောက်သည် ရာဟန် ကို စိုက်ကြည့်နေကြသော်လည်း ရာဟန် သည် တစ်ကမ္ဘာလုံးတွင် သူမ သာရှိနေသလိုဖြင့် သူမကို ကြည့်နေသည်။


 “ခေါင်း…” 


အမျိုးသား တစ်ယောက်မှာ စကားစ,မည်ပြုလိုက်သဖြင့် ရာဟန်က အေးစက်စက် တစ်ချက်ကြည့်လိုက်ရာ ထိုလူမှာ ဘာမှမပြောရဲတော့ပေ။


"သူတို့ကို သိလား"


ရာဟန် သည် အီလီယန် ပခုံးများကို ကိုင်ထားသည့် သူမအား ကြည့်နေပြီး စိတ်ထဲရှုပ်သွားတော့သည်။


"သူတို့က ကိုယ် ငှားထားတဲ့ အလုပ်သမားတွေပါ"


ရာဟန်၏ အဖြေကြောင့် သူတို့မှာ စိတ်ဆိုးနေပုံလည်း ရပြီး ဘဲများလို နှုတ်ခမ်းကို ထော်ထားတော့သည်။ 


 “အဲ့ဒါကြောင့် နန်းတော်က……”


ရိုစီနာ သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ ရာဟန် က အလုပ်သမားများကို ငှားရမ်းထားတာကြောင့် သူမ အိမ်နောက်ဖေးတွင်ရှိနေစဉ် နန်းတော်သည် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ရမည်။ 


"လောလောဆယ်တော့ ပြင်ဖို့ အမြန်လိုနေပြီ" 


ထို့ကြောင့်၊ အဆောက်အအုံမှာ အစားထိုးလိုက်သလိုမျိုး အရမ်းပြောင်းလဲသွားခြင်းပင်။သူမ ဘာမှပြန်မပြောသည့်အခါ ရာဟန် က သတိထားပြီး မေးလိုက်ပြန်သည်။ 


"အသစ်ဆောက်တာကို ပိုကြိုက်လား…ငါတို့ ယာယီနေဖို့ရာ နေရာတစ်ခု လုပ်ပြီး နန်းတော်ပြန်ဆောက်ရင်...." 


"မဟုတ်ဘူး… အခုလည်း အဆင်ပြေပါတယ်"


 ရိုစီနာ လန့်သွားပြီး စကားကို ဖြတ်ပြောလိုက်သည်။ နန်းတော်အသစ် ဆောက်ဖို့ ပိုက်ဆံ တစ်ပြားနှစ်ပြားသာ  ကုန်ကျမည်မဟုတ်ပေ။ ငွေအမြောက်အမြား သုံးစွဲရမည်ဆိုတာ ရှင်းပေသည်။


ရှင့်ရဲ့ အရေးပေါ်ငွေတွေ အကုန်ကုန်သွားပြီလို့ နောက်မှ လာမပြောပါနဲ့လား…


သူမသည် ရာဟန် ကိုသနားတောင် သနားမိသွားသည်။ ဘယ်လိုပင်ဖြစ်ဖြစ်၊ နှစ်တွေအကြာကြီး သူမတို့ အတူနေရမှာဖြစ်တာကြောင့် အတတ်နိုင်ဆုံး သူ့ကိုချည်း အားမကိုးချင်ပေ။


 "ဟို… အများကြီးမဟုတ်ပါဘူး… ကျွန်မ ရှင့်ကိုကူညီနိုင်တယ်… ကျွန်မမှာ ရွှေနည်းနည်း ရှိသေးတယ်"


ရာဟန် နှင့် အမျိုးသားများသည် သူမ စကားကြောင့် အလွန်ထူးခြားစွာ တောက်ပလာသည်‌။


နည်းနည်းပဲ ရှိလို့များလား…


သူမလည်း ရှက်သွားရကာ သူမတွင် ရွှေမည်မျှကျန်သည်ကို အတိုချုံးတွက်ချက်ကြည့်လိုက်သည်။ရွှေကျွန်း ဟုခေါ်သော အာစတေးနီးယား တိုင်းပြည်တွင် ရွှေသည် အလွန်များပြားပြီး သိပ်အဖိုးမတန်လှသော်လည်း အင်ပါယာတွင် အတော်လေး တန်ဖိုးရှိသောကြောင့် သူမလည်း ရွှေတွေယူလာခဲ့၏။ ထို့နောက် အီလီယန် နှင့် အတူလာရာလမ်းတွင် အင်ပါယာတစ်ဝိုက်တွင် ရွှေအမြောက်အမြား သုံးစွဲခဲ့သော်လည်း အနည်းငယ် ကျန်နေသေးသည်။


 "မင်း သိမ်းထားတာ ပိုကောင်းမယ်ထင်တယ်"


ရာဟန် က အနည်းငယ် မကျေနပ်သည့် အကြည့်ဖြင့် ဆက်ပြောလိုက်သည်။


"နန်းတော်အသစ် မဆောက်ချင်ရင် ကျန်တာကို ပြုပြင်မွမ်းမံလိုက်မယ်” 


"ဟုတ်ပါပြီ" 


"စားပြီးပြီလား" 


"ဟင့်အင်း မစားရသေးဘူး…"


 "ဒါဆို ညစာ စားလိုက်ရအောင်လေ"


ညင်သာသိမ်မွေ့သော စကားပြောကြောင့်  ရိုစီနာ ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားရသည်။ သူမတို့ နန်းတော်မှာ နေနေစဉ်တစ်လျှောက်လုံး အခုထိ သူနှင့် ထမင်းမစားဖူးသေးပေ။သူမလည်း ပြန်မဖြေသေးဘဲ အီလီယန် ကို ငုံ့ကြည့်လိုက်သည်။ အီလီယန် က သူမ စကတ်ကို ဆွဲပြီး သူ့မျက်လုံးကို အုပ်ထားလိုက်တာကြောင့် သူမလည်း ဗိုက်ဆာနေသည်ဟု မှတ်ယူလိုက်သည်။


“အင်း…စားမယ်” 


သူမ အဖြေက သားအဖနှစ်ယောက်၏ မျက်နှာအမူအရာကို သိသိသာသာ ပိုင်းခြားလိုက်သည်။ရာဟန် က အနည်းငယ် ပြုံးလိုက်ပြီး၊ အီလီယန် ကမူ ရာဟန် ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေတော့သည်။


ခဏကြာမှ ရိုစီနာ သည် ရာဟန် နောက်တွင် အခြားလူများ ရပ်နေသည်ကို တွေ့သွားသည်။ အလုပ်သမားတွေခမျာမှာလည်း နန်းတော်ကို ပြင်ဖို့ တစ်နေကုန် လုပ်ထားတာမို့ သူတို့လည်း ဗိုက်လာနေပေရော့မည်။


 "အလုပ်မဆင်းခင် ညစာစားသွားပါဦးလား" 


ရိုစီနာ နှင့် အီလီယန် တို့သည် မျက်လုံးချင်းဆိုင်နေရာမှ ရိုစီနာ စကားကို ကြာသည်နှင့် တစ်ပြိုင်နက်တည်း သူမကို ကြည့်လိုက်ကြသည်။ ဤတစ်ကြိမ်တွင်၊ သားအဖနှစ်ယောက်စလုံး စိတ်တိုသွားသလိုပင်။သူစိမ်းများက သူတို့ ထမင်းစားဝိုင်းကို လာပြီးနှောင့်ယှက်မှာ ကြောက်နေသလိုပင်။


“ဟုတ်ကဲ့…ကျွန်တော်တို့က…..” 


လူတစ်ယောက်က မရဲတရဲဖြင့် ပြောလာတာကြောင့် သူမတို့နှင့် အတူစားရမှာများ ကြောက်နေသလားဟု တွေးတောကာ ရိုစီနာ စိတ်မကောင်းဖြစ်သွားရ၏။


“မစားချင်ရင်လည်း…..” 


"မဟုတ်ဘူး… မဟုတ်ပါဘူး"


အမျိုးသားများသည် ရိုစီနာ ၏ စိတ်ပျက်သွားသော မျက်နှာ‌ထားကြောင့် အားနာကာ အမြန်ပြောလိုက်ကြသည်။သူတို့ ခေါင်းဆောင်ဖြစ်သူနှင့် သခင်လေး၏ စိတ်တိုနေသော မျက်နှာထားကို အတိုင်းသား မြင်နေရသော်လည်း မတတ်နိုင်တော့။ 


ဤသို့ဖြင့် ငါးယောက်စလုံး နန်းတော်ထဲကို ဝင်လိုက်သည်။ ရိုစီနာ သည် အလယ်မှာ လိုက်လာပြီး၊ အီလီယန် နှင့် ရာဟန် တို့က သူမဘေးတစ်ဖက် တစ်ချက်စီတွင် ရှိသည်။  ထရိအက် သူရဲကောင်းမျာား၏ အဖွဲ့ဝင်များဖြစ်သည့် ခရေယယ် နှင့် အိုင်းဆက် တို့သည် မင်းသားနှင့် ဇနီးဖြစ်သူနောက်ကို ရိုကျိုးစွာ လိုက်လာကြသည်။ 


“အိုး…ပြင်ထားတာတွေ အများကြီးပဲ”


နန်းတော်ထဲကို ဝင်လိုက်သည်နှင့် သပ်သပ်ရပ်ရပ် သန့်စင်ရှင်းလင်းထားသည့် စင်္ကြံကို တွေ့လိုက်ရသည်။မျက်နှာကျက်ကိုလည်း ရှင်းထားပြီး အပြင်ပိုင်းနှင့် အတွင်းပိုင်းကိုလည်း ပြုပြင်ထားသည်။ တစ်နေ့တာလုံး ဖြစ်ပျက်ခဲ့တာကို ရိုစီနာ မယုံနိုင်ဖြစ်မိသည်။ ထို့ကြောင့် သူမသည် ခရေယယ် နှင့် အိုင်းဆက် အား လေးစားသွားကာ ကြည့်လိုက်မိသည်။သို့ရာတွင် ခရေယယ်နှင့် အိုင်းဆက်တို့မှာ သူမ အကြည့်ကို မခံယူဝံ့ကြဘဲ ခေါင်းကိုသာငုံ့ထားကြတော့သည်။


အထဲကို ဝင်သွားရာ ထမင်းစားခန်းတစ်ခု တွေ့ရသည်။ ထမင်းစားခန်း အလယ်ရှိ စားပွဲသည် လူခြောက်ဦးအထိ ထိုင်နိုင်လောက်အောင်ပင် ကျယ်ဝန်းပြီး ရိုးရိုးရှင်းရှင်း အလှဆင်ထားသေးသည်။ ရိုစီနာ သည် မှိန်ဖျော့ဖျော့ မီးဆိုင်းပန်းကြီးကို မော့ကြည့်လိုက်သည်။ထမင်းစားခန်း၏ အတွင်းပိုင်းသည် သေးငယ်သော်လည်း သပ်ရပ်သန့်ရှင်းသည်။ 


စကားမစပ်၊ သူ့မှာ အစေခံတောင်မရှိဘူးလို့ထင်ထားတာ…ဟင်းချက်တာက ဘယ်သူချက်တာလဲ…


'ငါ အခု ဟင်းချက်ရမှာလား' 


ရိုစီနာ တွေးနေချိန်မှာပင် ရာဟန် က ကုလားထိုင်ကို ဆွဲထုတ်လိုက်သည်။


" ထိုင်ပါ"


သူမ လည်း ကြောင်တက်တက်ဖြင့် ထိုင်ခုံပေါ် ထိုင်လိုက်သည်။ထို့နောက် ရာဟန် သည် သူမနှင့် အဝေးဆုံးရှိ ထိုင်ခုံကို ဆွဲထုတ်ကာ အီလီယန် အား ပြောလိုက်သည်။ 


"အီလီယန်…သား ဒီမှာထိုင်" 


အီလီယန် ဆတ်ကနဲ တုန်လှုပ်သွားသည်။သို့သော်လည်း အမေဖြစ်သူရှိနေသဖြင့် သူ ဘာမှ ပြန်မပြောနိုင်ရှာ။ ကုလားထိုင်မှာ နောက်သုံးလုံးသာ ကျန်တော့သဖြင့်   ခရေယယ် နှင့် အိုင်းဆက် တို့သည် သခင်မ စိတ်ဆိုးသွားမှာစိုး၍ ဘယ်နားထိုင်ရမှန်းမသိဖြစ်နေသည်။ထို့နောက် နှစ်ယောက်သား သူမ နှင့် တတ်နိုင်သမျှ ဝေးဝေးမှာ ထိုင်လိုက်ကြသည်။ဤသို့ဖြင့် လူတိုင်း ထိုင်နေကြသော်လည်း ရာဟန် ကမူ မထိုင်သေး။ 


ရိုစီနာ က လည်း သူ့ကို မေးခွန်းထုတ်ချင်နေသည့် မျက်နှာဖြင့် ကြည့်လိုက်ရာ ရာဟန်က ခပ်တိုးတိုး ပြန်ဖြေလေသည်။ 


"ကိုယ်က အစေခံတွေကို ငှားထားပေမယ့် ထမင်းချက်တော့ ရှာမတွေ့သေးဘူး..." 


သူ့စကားသည် အစားအသောက်များကို သူကိုယ်တိုင် သယ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ရိုစီနာ ကလည်း သူ့ကို ကူညီဖို့ရာ ထလိုက်လျှင် သူက အတင်းငြင်းတော့သည်။ 


"နေပါ…ထိုင်စောင့်နေ"


 "ကျွန်တော်တို့…ကျွန်တော်တို့ကူမယ်...."


ခရေယယ် နှင့် အိုင်းဆက် တို့သည်လည်း ထိုင်ခုံပေါ်မှထကာ ပြောလိုက်ကြသည်။ သို့သော် ရာဟန် ကည် ဘက်မလိုက်သော အမူအရာဖြင့် ပြောလိုက်သည်။ 


"ရပါတယ်…ထိုင်သာနေပါ" 


ထို့နောက် ခရေယယ် နှင့် အိုင်းဆက် တို့လည်း ပြန်ထိုင်လိုက်ကြရ၏။ သူတို့ ခေါင်းဆောင်ကို ဘယ်လောက်တောင် ကြောက်မိနေမှန်းမသိ၊လက်ဖဝါးတွင် ချွေးစေးများစိုစွတ်နေတော့သည်။သူတို့သိထားသည့် ရာဟန်မှာ ယခုလိုမဟုတ်ပေ။


'ခေါင်းဆောင်ရဲ့ ဒီနေ့သဘောထားကို မင်း အံဩမနေနဲ့ကွ'


'ဟုတ်တယ်…ငါတို့ ခေါင်းဆောင်ကလည်း တစ်ခါတစ်လေ ဒီလိုသဘောထားရှိတယ်ဆိုတာ မှတ်လိုက်ကြစို့"


ခရေယယ် နှင့် အိုင်းဆက် တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်လုံးချင်း စကားပြောလိုက်ပြီး စိတ်ပိုင်းဖြတ်ထားကာ အသာစောင့်နေလိုက်တော့သည်။သူတို့ အချင်းချင်း ခေါင်းငြိမ့်လိုက်သည့်ပုံစံက တစ်ယောက်ကို တစ်ယောက် ကံကောင်းပါစေဟု ဆုတောင်းပေးလိုက်သလိုပင်။ကံကြမ္မာဆိုးကို လက်ချင်း အတူတွဲပြီး ရင်ဆိုင်တော့မလိုရှိသည်။ သိပ်မကြာခင်မှာပင်၊ စားချင်စရာ ကောင်းသည့် ဟင်းပွဲများကို ရာဟန်က စားပွဲပေါ် လာချပေးလေသည်။သို့ရာတွင် ဘယ်သူမှ ပန်းကန်ပြားကိုတောင် မထိကြဘဲ သူ့ကိုသာ စောင့်နေကြသည်။


ထို့နောက် ရာဟန်သည် စားစရာတွေ အကုန်ယူလာပြီးနောက် ရိုစီနာ နှင့်အတူ တစ်ဖက်တည်းမှာ ထိုင်လိုက်သည်။ 


“ထမင်းစားပေးလို့ ကျေးဇူးတင်ပါတယ်”


ရိုစီနာ ၏ အသံသည် အခန်းထဲတွင် ပဲ့တင်ထပ်စွာ‌ထွက်ပေါ်လာသည်။ထို့နောက် သူမသည် ဓားကို ကောက်ကိုင်ပြီး သူမရှေ့က သိုးသားတစ်ခြမ်းကို စားရန်ပြင်လိုက်သည်။


"ကိုယ် လှီးပေးမယ်"


 “အဲ…” 


သူမ မငြင်းဆန်မီ သူက ပန်းကန်ပြားကို လှမ်းယူလိုက်သည်။ အားလုံးက သူတို့ကို ကြည့်နေတာကြောင့် သူမ ပြန်ယူဖို့ကြိုးစားသေးသည်။သို့သော်လည်း ရာဟန်က ချက်ချင်းပင် အသားများကို လှီးဖြတ်လိုက်သည်။ ပေတံဖြင့် သေချာတိုင်းပြီး လျီးဖြတ်လိုက်သလိုပင် အသားများမှာ တိတိပပ ပြတ်သွားသည်။ ရာဟန် ဓားကိုင်သည့်အမူအရာကလေးမှာလည်း ကြည့်လို့လှသည်။ သူ့ပုံစံကိုကြည့်ရင်း အံ့ဩသွားရသည့် ရိုစီနာ ကို ရိပ်မိသော ရာဟန်က အီလီယန်အား မချိုမချဉ်ပြုံးပြလိုက်၏။ထိုအခါ ခက်ရင်းကိုင်ထားသည့် အီလီယန် လက်ကလေးများမှာ တဆတ်ဆတ် တုန်ယင်နေကြလေသည်။


ရာဟန် သည် နှုတ်ခမ်းတစ်ဖက်တည်းကိုသာ ညွတ်၍ ပြုံးလိုက်ပြီး အီလီယန်ကို ကြည့်နေတော့သည်။ သူ့ကို စိုက်ကြည့်နေသော အီလီယန် ကလည်း ရုတ်တရက် ပြုံးလိုက်ပြီး သူ့ပန်းကန်ပြားကို ရာဟန် ဆီ တွန်းပေးလိုက်သည်။ 


"သားဟာရော…သားအတွက်ရော လှီးပေး"


ရာဟန် မျက်ခုံးပင့်လိုက်