အခန်း ၁၀ လူနှစ်ယောက်အဝတ်တစ်ထည်
Viewers 2k

အခန်း ၁၀။ လူနှစ်ယောက်အ၀တ်တစ်ထည်

သူရိန်စိုးသည် အခန်းပြန်ရောက်ပြီးနောက် အစာစားထားသည်မို့ ရေမချိုးပါနှင့်ဟု တားနေသည့်ကြားက ညကြီးမိုးချုပ် ရေချိုးခန်း၀င်သွားသည်မို့ ထက်အာကာတစ်ယောက် စိတ်ပူနေမိသည်။ သူရိန်စိုးအနေနှင့်တော့ ရာသီဥတုက အေးနေသော်လည်း ခေါင်းထဲမှာ ညီးစီစီကြီး ဖြစ်နေတာမို့ လန်းသွားအောင် ရေချိုးလိုက်ချင်တာဖြစ်သည်။

နေမကောင်းဖြစ်မှာစိုးသည်မို့ တားသည့်ကြားက ချိုးမှာပဲဆိုကာ တဘတ်ယူပြီး ရေချိုးခန်းထဲ၀င်သွားခဲ့ကြောင့် ထက်အာကာတစ်ယောက် မျက်နှာကိုအလိုမကျစွာ စူပုတ်လျှက်။ တစ်ဖက်သို့လှည့်ထားတော့သည်။

ကိုရေ… အဲဒီလိုအချိန်ဆို ခင်ဗျားကလေးလေးနဲ့ တူတယ်သိလား။ အရမ်းချစ်စရာကောင်းတယ်။

သူရိန်စိုးသည် ပြန်တွေးကာပြုံးမိရင်း ခပ်မြန်မြန်ချိုးလိုက်သည်။ ထို့နောက်ခါးမှာ တဘတ်ပတ်ကာ ပြန်ထွက်လာတော့ သူ့ချစ်သူသည်ကုတင်ပေါ်တွင် စူပုတ်နေဆဲမျက်နှာနှင့် အိပ်မောကျနေလျှက်။

သူရိန်စိုးသည် ရေစိုနေသည့်ခန္ဓာကိုယ်ကို ခြောက်သွေ့အောင်ပင် မသုတ်ဖြစ်သေးဘဲ ကုတင်ကိုလက်ထောက်ကာ ချစ်ရသူကြီးရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိသည်။ ပြုံးမိပြန်ပါပြီ။ ကိုယ်က စိတ်မကောက်ရဘဲ သူကပြန်ကောက်နေသည်မို့။

အိပ်နေတာတောင် နှုတ်ခမ်းကြီးစူလို့ ခင်ဗျားကြီးနော် ကျွန်တော့်ကိုပြုစားနေတယ်။

သူရိန်စိုးသည် စိုက်ကြည့်နေရင်းမှ ကိုယ်ကိုရှေ့တိုးကာ ချစ်ရသူ၏နှုတ်ခမ်းထက်သို့ အနမ်းလေးတစ်ပွင့်ခြွေလိုက်သည်။ တစ်ကယ်ကိုထိတယ်ဆိုရုံလေးသာ ဆိုသော်လည်း တစ်ခုခုမှားနေပြီဆိုတာ သူသိလိုက်ရချိန်မှာ တစ်ကယ်ကိုပဲ အရာရာဟာ နောက်ကျသွားခဲ့ပြီ။ သူအညာမိသွားခဲ့လေပြီ။

ပိတ်နေသော မျက်၀န်းတစ်စုံ ဖျတ်ခနဲပွင့်လာပြီးနောက် နွေးထွေးကာချိုမြလှသော နှုတ်ခမ်းတစ်စုံသည် သူ့ကိုစိတ်ရှိတိုင်း ပြုစားလေတော့သည်။ သူရုန်းလိုက်ချင်ပါသော်လည်း အနမ်းတွေကချိုမြလွန်းသည်။ တဖြည်းဖြည်း အနမ်းတွေက ကြာရှည်စွာမွတ်သိပ်လာတော့ အသက်ရှူပင် ကျပ်လာလေသည်။

အတင်းပဲရုန်းလိုက်မိပြီး ထိုရင်ခွင်နဲ့ လွတ်သွားတော့မှ အသက်၀၀ရှူရသလို ရင်ခုန်သံတွေကတော့ တဒုန်းဒုန်းနှင့် ထိန်းချုပ်မရနိုင်ပေ။ ရုန်းနိုင်စွမ်းမဲ့နေသည့် ကိုယ့်ကိုယ်ကိုရှက်လွန်းလို့ မျက်နှာကတော့နီနေမှာ အသေအချာ။ အိပ်ပျော်ဟန်ဆောင်နေခဲ့သူကတော့ ရယ်ကာမောကာဖြင့် ကုတင်ထောင့်စွန်းမှာ ခြေချကာထိုင်လိုက်လေသည်။

ထို့နောက် ထက်အာကာသည် သူရိန်စိုး၏လက်ကိုကိုင်ကာ ဆွဲလိုက်တာကြောင့် အရှိန်နှင့်အတူ ရင်ခွင်ထဲပစ်ကျလာသူကာ ဆီးကာဖမ်းထားလိုက်ပြီး ပေါင်ပေါ်ထိုင်စေသည်။ ကိုယ်ပေါ်မှာရှိနေသည့် တစ်ထည်တည်းသော တဘတ်ဟာလဲ ဆွဲလိုက်သည့် အရှိန်ကြောင့်ပြေကျလုလု။

သူရိန်စိုးတစ်ယောက် ရှက်ရွံ့စွာနှင့် ပြန်ရုန်းလိုက်ချိန်။ ထက်အာကာက နောက်တစ်ကြိမ်နမ်းဖို့ကြိုးစားချိန်နှင့် တစ်ချိန်ထဲမှာပင် အခန်းတံခါးခေါက်သံသည်လည်း ထွက်ပေါ်လာလေတော့သည်။

"ကောင်းခန်းရောက်ပြီဆို အနှောင့်အယှက်က ပေါ်လာပြီ"

"ကိုနော်... ဘာကောင်းခန်းလဲ... သွားဖွင့်ပေးလိုက်လေ ဘယ်သူလဲမသိ"

ထက်အာကာသည် သူ့ပေါင်ပေါ်မှဆင်းကာ ကုတင်ပေါ်ထိုင်လိုက်သူကို စောင်တစ်ထည်ခြုံပေးခဲ့ပြီးမှ တံခါးကိုသွားဖွင့်ပေးလိုက်သည်။ တံခါး၀တွင် ရပ်နေသူက အခြားမဟုတ်။ နေအရောင်ပင်ဖြစ်လေတော့သည်။

"နေအရောင် အနှောင့်အယှက်ကောင် ဘာလဲပြော"

နေအရောင်သည် ထက်အာကာထံမှ မကျေမနပ်လေသံကြောင့် သွားအဖြီးသားနှင့် မျက်နှာချိုသွေးမိတော့သည်။ မဟုတ်လျှင် သူဒီညအခန်းအပြင်မှာ ငုတ်တုပ်အိပ်ရချေတော့မည်။

"ငါ... ငါ ဒီည မင်းတို့အခန်းမှာအိပ်မလို့"

"သွား... သွား... မရဘူး ဟေ့ကောင်။ ကိုယ့်ချစ်သူနဲ့ကိုယ် လွတ်လွတ်လပ်လပ်နေချင်လို့ နှစ်ယောက်ခန်းငှားနေတာ လာမရှုပ်နဲ့"

ထက်အာကာသည် နေအရောင်၏တောင်းဆိုမှုကို ခါးခါးသီးသီးပင် ငြင်းဆန်ပါ၏။ နေအရောင်ကလည်း လက်မလျှော့ပေ။

"ဒီတစ်ညထဲပါကွာ မင်းကလည်း။ ငါတို့အခန်းမှာက ကိုနေနဲ့ ငပိုင်အိပ်နေလို့"

"မရဘူးဆို မရဘူးကွာ"

"ကိုကလည်း အိပ်ခိုင်းလိုက်ပါ"

"ညီ…"

သူအတင်းငြင်းနေသည့်တိုင် လက်ခံခိုင်းနေသည်မို့ မကျေနပ်သံပြုလိုက်တော့ သူရိန်စိုးက မကြားသယောင်ပင်။ ကုတင်ပေါ်မှာထိုင်နေရင်းမှ နေအရောင့်ကို လက်ယပ်ကာခေါ်နေလေသည်။

"လာလာ နေရောင် ၀င်ခဲ့"

"မ၀င်နဲ့ဆို‌နေ"

အခန်းတံခါးကို အတင်းပိတ်ရန်ကြိုးစားသော်လည်း သူမပိတ်ခင်ကတည်းက နေအရောင်၏ ကိုယ်တစ်ပိုင်းက အထဲရောက်နေပြီမို့ ပိတ်ဖို့မမှီတော့ပါလေ။

နေအရောင်သည် ထက်အာကာ၏ မကျေမနပ်စူပုတ်ပုတ်မျက်နှာကြောင့် ပြန်ထွက်ဖို့ဝေးစွ။ အခန်းထဲ၀င်ရင်း လျှာပင်ထုတ်ကာပင် ပြောင်ပြသွားသေးသည်။

ထို့နောက် ကုတင်အနားကပ်လာတာမို့ သူရိန်စိုးတစ်‌ယောက် လန့်သွားကာ ခြုံထားသည့်စောင်လေးကို သူ့ကိုယ်၌ တင်းတင်းပတ်ထားလေတော့သည်။

"ဟေ့ကောင် သွားသွား ငါ့ကလေးနားမကပ်နဲ့"

"ရား… ငထက်စုတ်။ ငါခေါင်းအုံးယူမလို့ပါဟ။ ငါ့ဘာသာ ဆိုဖာပေါ်အိပ်မှာပါ။ ဘယ်လိုဖြစ်နေမှန်းကိုမသိဘူး။ အူတိုနေလိုက်တာ"

နေအရောင်သည် အတင်းတွန်းထုတ်နေသည့် ထက်အာကာကို မကျေမနပ်ပြန်ပြောပြီးနောက် ခေါင်းအုံးနှင့်စောင်ကိုယူကာ ကုတင်အနီးရှိ ဆိုဖာပေါ်တွင် သွားအိပ်လေတော့သည်။

ထိုအခါမှ ထက်အာကာသည်လည်း ညအိပ်၀တ်စုံတစ်စုံကိုယူကာ သူရိန်စိုးကို ဝတ်ခိုင်းလိုက်ရတော့သည်။

********

"ကိုနော် ဘယ်လိုဖြစ်နေတာလဲ"သူရိန်စိုးသည် အနောက်မှသိုင်းဖက်ရင်း အငြိမ်မနေဘဲ နောက်ပြောင်နေသည့် လက်တွေကြောင့် ခပ်တိုးတိုးကြိတ်ကာ မာန်မဲလိုက်သည်။ ဆိုဖာပေါ်တွင် နေအရောင် ရှိနေသည်မဟုတ်ပါလား။

"သိချင်လား"

"မသိချင်ဘူး။ အိပ်ချင်နေပြီ"

သူရိန်စိုးတစ်ယောက် ထက်အာကာ၏ လက်တွေကိုဖယ်ပစ်ရင်း အတင်းအိပ်ပျော််ဖို့ရာ ကြိုးစားမိသည်။ သို့သော်လည်း မရပါချေ။

"ကို... ငြိမ်ငြိမ်နေဗျာ"

"ဘာလုပ်နေလို့လဲ"

"ခင်ဗျားကြီးနော်။ အိပ်ချင်နေပါပြီဆို"

"အိပ်ချင်ရင် အိပ်ပါလား"

"အိပ်မလို့ပဲကို"

သူရိန်စိုးတစ်ယောက် မကျေမနပ်ပြောရင်း တဒိတ်ဒိတ်ခုန်နေသည့် ရင်ခုန်သံတွေကို လျစ်လျူရှုကာအတင်းပင် အိပ်ပျော်ဖို့ကြိုးစား မိတော့သည်။ သူလုပ်သမျှဂရုမစိုက်ဘဲ အိပ်ဖို့သာကြိုးစားနေသည့် ချစ်သူကို ထက်အာကာက‌တော့ မကျေနပ်ပါ။

အတင်းနှိုးပြီး ဆွဲမွှေ့ပစ်လိုက်ရ။ ဟင်းငါနော်... တွေ့မယ် ကောင်စုတ်လေး... မင်္ဂလာဦးညကျမှ နာဖို့ပြင်... အတိုးရောအရင်းပါပေါင်းပြီးမွှေ့ပစ်မယ်... ဟင်းဟင်း...။

ထက်အာကာတစ်ယောက် စိတ်ထဲမှကြုံးဝါးရင်း သူဘယ်လောက်စစ မရအရအိပ်နေသည့် ချစ်သူလေးကို သိုင်းဖက်ထားကာ တစ်ညတာကို ကုန်ဆုံးလိုက်စေတော့သည်။

*******

နေရောင်ဖြည်နုနု ဖြာကျနေသည့်နံနက်ခင်း၀ယ် အေးမြသော လေပြည်လေညှင်းသည် ပင်လယ်ရနံ့တို့ကို ကမ်းခြေဆီသယ်ဆောင်လာလေသည်။ ရောင်နီလင်းလာသည်နှင့်အတူ တစ်နေ့တာကို အလင်းပေးမည့် နေမင်းကြီးလည်း အရှေ့ဘက်မိုးကုပ်စက်၀ိုင်းဆီမှ တဖြည်းဖြည်းထွက်လာခဲ့ပြီ။

နံနက်‌နေထွက်ချိန်မို့ ငှက်ကလေးများသည် ကျီကျီကျာကျာအော်မြည်နေကြပြီး အိပ်တန်းတက်ရာ သစ်ပင်ဆီမှထွက်ကာ အစာရှာရန်အတွက် ကောင်းကင်ပြင်၀ယ် ပျံသန်းနေကြလေသည်။

ပြတင်းပေါက်ဘောင်ကို လက်ကလေးထောက်ရင်း နံနက်ခင်း၏ သဘာ၀အလှတရားကို အပြည့်အ၀ခံစားနေသူက သူရိန်စိုးဖြစိသည်။ မျက်လုံးလေးများကိုမှိတ်ကာ ပင်လယ်လေတို့ကို တ၀ကြီးရှူပစ်လိုက်ချိန်မှာပင် အနောက်မှ တစ်စုံတစ်ယောက်က သူ့ခါးကိုဖက်လာသည်။

"ကိုအိပ်ပုတ်... နိုးပြီလား"

ထက်အာကာသည် လှည့်မကြည့်ဘဲမေးလာသူကို သူ့ဘက်ဆွဲလှည့်ကာ မျက်နှာလေးကို မော့ယူလိုက်သည်။ သူရိန်စိုးလည်း မျက်လုံးအစုံကိုမှိတ်ကာ ချစ်ရသူ၏အနမ်းကို ခံယူဖို့ပြင်ထားလိုက်သည်။

အနမ်းတို့ကျရောက်လာသည်က နဖူးလေး‌ပေါ်သို့။ သူ့ရင်ထဲကြည်နူးမိသော်လည်း ပါးစပ်မှထွက်သွားသည်က ဆန့်ကျင်ဘက်ပင်။

"ညစ်ပတ်ကြီး မျက်နှာလည်းမသစ်ရသေးဘဲ သူများကို လာနမ်းနေတယ်"

ထက်အာကာတစ်‌ယောက် မျက်နှာကိုမဲ့ပြရင်း နှုတ်ခမ်းတွေကို ထပ်နမ်းဖို့ကြိုးစားချိန်မှာ‌တော့ သူရုန်းလိုက်သည်။ သို့သော်အားမမျှသည်မို့ ဘယ်လိုမှရုန်းမရသည့်နောက် သူ့ရင်ခွင်ထဲ၌သာခေါင်းနှစ်ပြီး မျက်နှာကိုဖွက်ထားလိုက်တော့သည်။

ထက်အာကာသည် အရှက်သည်းကာ ရင်ခွင်ထဲ၀င်လာသူကို ပြုံးပြုံးကြီးဖက်ထားရင်း ဆံနွယ်တို့ကိုမွှေးကြူလိုက်သည်။

ထိုအချိန်မှာပင် အိပ်ရာနိုးလာသည့် နေအရောင်တစ်ယောက် သူတို့ကိုမြင်သွားပြီးနောက် မနှောင့်ယှက်ချင်သည်မို့ ပြန်အိပ်နေဟန်ဆောင်လိုက်သည်ကိုတော့ မသိလိုက်ကြပါချေ။

အခြားအခန်းတစ်ခုရှိ လူနှစ်ဦးမှာတော့ နံနက်ခင်း၏ အလှအပများကို မခံစားတတ်သည့်အလား နှစ်ခြိုက်စွာအိပ်နေကြ၏။ သူတို့ကား နေမဟော်နှင့် ဘုန်းမြတ်ပိုင်ပင်။

အရှေ့ဘက်အရပ်မှ ထွက်ပြူလာသော နေမင်း၏အလင်းရောင်သည် ကြည်လင်နေသော ပြတင်းပေါက်မှန်ကိုဖြတ်ကာ ဘုန်းမြတ်ပိုင်၏ မျက်နှာနုနုပေါ် ဖြာကျလာတော့မှ အိပ်ရာမှနိုးလာခဲ့သည်။

ဘုန်းမြတ်ပိုင်သည် သူ့ဘေးမှလူက နေမဟော်ဆိုသည်ကိုမေ့လျော့ပြီးနောက် ညီမဖြစ်သူက သူ့ကိုဖက်လုံးလိိုခွကာ အိပ်နေသည်ဟုတွေးကာ ပြုံးလိုက်မိသည့်အပြင် 'လူကြည့်တော့ အပျိုကြီးဖြစ်နေပြီ ငယ်ငယ်ကအကျင့်တွေ မပျောက်သေးဘူး'ဟုပင် တွေးလိုက်မိသေးသည်။

ထို့နောက်မှာတော့ သူ့ကိုခွထားသည့် ခြေထောက်ကိုဖယ်ရန် လက်နှင့်ကိုင်လိုက်မိသည့် တစ်ခဏမှာပဲ ညီမဖြစ်သူမဟုတ်မှန်းသိလိုက်ရသည်။ သည်တော့မှ မဖွင့်ချင်ဖွင့်ချင်ဖြစ်နေသည့် မျက်လုံးတွေကို အတင်းအားယူကာ ဖွင့်လိုက်တော့ ခန့်ငြားလှသည့် မျက်နှာတစ်ခုကို နီးကပ်စွာမြင်လိုက်ရလေတော့သည်။

"ဟင်... ငါ့သူ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ"

ပြန်တွေးလိုက်တော့ လွန်ခဲ့သည့်ညက မူးပြီးမှောက်သွားတာပဲ မှတ်မိပြီး ကျန်တာမသိတော့။ ထို့နောက် သူ့ကိုယ်ပေါ်က ခြေထောက်ကိုဖယ်လိုက်ကာ မျက်နှာသစ်ဖို့ရာ ကုန်းအထမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားရသည်။ တစ်ဆက်တည်း ညကသူတို့ ဘာဖြစ်ခဲ့ကြတာလဲဟု တွေးမိလိုက်သည်။ ငုံ့ကြည့်မိတော့ ကိုယ်ပေါ်မှာ စောင်ပါးလေးတစ်ထည်က လွဲလို့ဘာမျှမရှိတော့။

ထို့နောက်မှာတော့ အိပ်မက်လိုလိုထင်လိုက်မိသည့်အရာတွေက တစ်ကယ်ဖြစ်ကြောင်း ပြန်လည်မှတ်မိလိုက်သည့်နောက်မှာ ရှက်စိတ်က ဟုန်းခနဲထလာတော့သည်။

"ထစမ်း... ထ... ခင်ဗျားကြီး အခုထလို့ပြောနေတယ်နော်"

ဘုန်းမြတ်ပိုင်သည် ရှက်လည်းရှက်၊ စိတ်လည်းတိုကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသူကို ထုကာထောင်းကာနှိုးလိုက်တော့ နေမဟော်တစ်ယောက် မျက်လုံးတွေကိုပွတ်သပ်ရင်း ငုတ်တုတ်ထထိုင်ရလေတော့သည်။

"ကလေး ဘာဖြစ်လို့လဲ"

"ကျွန်တော်တို့ညက ဘာဖြစ်ခဲ့ကြသေးလဲ"

ဘုန်းမြတ်ပိုင်၏ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး မျက်စောင်းချီကြည့်နေပုံက အိပ်မှုန်စုံမွှားနှင့်နေမဟော့်ကို အူကြောင်ကြောင်ဖြစ်သွားစေသည်။

"အမ်... ဘာဖြစ်လို့လဲကလေးရ""အာ... ခင်ဗျားကြီး"

နေမဟော်သည် ဘုန်းမြတ်ပိုင် အော်ဟစ်ကာ ခေါင်းဦးနှင့်လှမ်းထုရာ ထိုခေါင်းဦးကိုဖမ်းထားလိုက်ရသည်။ ထို့နောက် သူ့ကိုယ်လေးကို ဆွဲလိုက်ပြီး အိပ်ရာထက်လှဲချရင်း ရင်ခွင်ထဲတွင်ဖက်ထားလိုက်သည်။

"ကိုယ်အိပ်လို့မ၀သေးဘူး"

ကောင်းလိုက်သည့် အကြောင်းပြချက်။ ပြောပြီးသည့်နောက် ပြန်အိပ်နေတာမို့ ဘုန်းမြတ်ပိုင်တစ်ယောက် မကျေမနပ်ဖြစ်သွားရကာ တစ်ဖက်လူ၏ရင်ဘတ်ကိုသာ ကိုက်ထည့်လိုက်တော့သည်။

"ကိုယ်အိပ်ချင်သေးလို့ပါဆို ခွေးစုတ်လေး အငြိမ်မနေဘူးကြည့်"

နေမဟော်သည် သူ့ကိုပြန်လည်အိပ်ခွင့်မပေးသော ချစ်သူလေး၏ ဆံနွယ်များကြားလက်ချောင်းတွေနှင့် ထိုးဖွနေပြီးနောက် ရုတ်တရက်ထထိုင်ကာ စောင်နှင့်ပတ်ပြီးပွေ့ချီလိုက်တော့ ဘုန်းမြတ်ပိုင်တစ်ယောက် လန့်ပြီးအော်လေတော့သည်။

"အာ... ခင်ဗျား... ဘာလုပ်မလို့လဲ"

"ခင်ဗျားလေးက အငြိမ်မှမနေတာ ဘယ်လိုလုပ် ဆက်အိပ်လို့ရတော့မှာလဲ။ အဲဒီ့တော့ ရေချိုးကြတာပေါ့"

"ဟင့်အင်းမချိုးဘူး။ အေးတယ်"

"ကလေးရာ ကိုယ်ဗိုက်ဆာနေပြီနော်။ ရေမြန်မြန်ချိုးပြီးရင် breakfastသွားစားမယ်"

"ပြီးရော အောက်ချပေး။ ကျွန်တော့်ဘာသာ လျှောက်မယ်"

ဘုန်းမြတ်ပိုင်သည် နေမဟော်တစ်ယောက် သူပြောနေသည်ကို ဂရုမစိုက်ဘဲ ရေချိုးခန်းဆီ ပွေ့ချီသွားတာကြောင့် မကျေမနပ်ဖြစ်သွားရသည်။

ရေချိုးခန်းရောက်တော့ ပွေ့ချီလာရာမှချပေးလိုက်ကာ bath-tubထဲ ဝင်စေတော့ ကိုယ်ပေါ်ကမဆင်းဘဲ ခေါင်းတခါခါဖြင့် အတင်းငြင်းနေမိသည်။

"အေးတယ်။ မဆင်းချင်ဘူး"

"ကလေးကလည်း မအေးပါဘူး"

"ရေတွေကအေးတယ်။ မချိုးပါဘူးဆို"

"ရေချိုးရမယ်လို့ပြောနေတယ်လေ"

နေမဟော်သည် ရေချိုးရမည်ကိုကြောက်ကာ သူ့လည်ပင်းကို အတင်းခိုဆွဲထားသည့်ချစ်သူအ‌ပေါ် စေတနာဒေါသဖြစ်ကာ လေသံအနည်းငယ်မာသွား‌လေသည်။

သည်တော့ ဘုန်းမြတ်ပိုင်မျက်နှာငယ်သွားပြီး မျက်၀န်း၌ မျက်ရည်တို့စိုလက်လာလေတော့သည်။ ထို့နောက်မှာတော့ အတင်းခိုချိတ်ထားသည့် လက်တို့ကို့လွှတ်ကာ ကြမ်းပြင်ပေါ်ထိုင်ချပြီး ငိုပါလေတော့သည်။

"အဟင့်ဟင့်... ခင်ဗျားကြီးမကောင်းဘူး ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဟင့်..."

ရေချိုးခန်းကြမ်းပြင်ပေါ် ထိုင်ချကာ ကလေးတစ်ယောက်သဖွယ် တရှုံ့ရှုံ့ငိုနေသည့် ချစ်သူလေးကြောင့် နေမဟော်တစ်ယောက် ပြုံးမိပြန်သည်။ တစ်ကယ်တော့သူလေးမနိုးခင်ကတည်းက bath-tubထဲ ရေနွေးဖြည့်ထားပြီးလေပြီ။ ထို့နောက်တွင်မှ ပြန်ပြီးအိပ်ဟန်ဆောင်ခဲ့တာ ဖြစ်သည်။

ဘုန်းမြတ်ပိုင်ကတော့ ရေအေးတွေထင်ကာ မချိုးဘူးသာ တွင်တွင်ငြင်းနေလေတော့သည်။ သည်တော့လည်း နေမဟော့သည် 'ဘယ်လိုနေနေချစ်ဖို့ ကောင်းလွန်းသူလေး၊ နည်းနည်းလေးဆူလိုက်တာနဲ့ ငိုတတ်သူလေးကို ချစ်လွန်းတော့လဲ ဟူး… ပြန်ချော့ပေတော့ နေမဟော်ရေ ပြန်ချော့ပေတော့'ဟု ရင်မှာပိုက်ရင်း ချော့မော့ရတော့သည်။

"မငိုနဲ့လေ ကိုယ့်ကလေးလေးက လိမ္မာတယ်"

"ဟင့်ဟင့်…"

"လိမ္မာတယ်နော် တိတ်တော့ ရာသီဥတုအေးပေမယ့် ကိုယ်ရေနွေးစပ်...."

"မသိဘူး... မချိုးဘူး... အဟင့်…"

"ကလေးကလည်း ရေတော့မချိုးလို့ မရဘူးလေ။ ညစ်ပတ်နေမှာပေါ့။ မဟုတ်ရင်..."

"တော်တော့ ခင်ဗျားကြီးဆက်မပြောနဲ့... ဟင့်ချိုးမယ်။ နားပူတော့မခံနိုင်ဘူး"

"ဒီလိုမှပေါ့ ကိုယ့်ကလေးလေးက လိမ္မာတယ်"

နေမဟော်သည် ကိုယ်ပေါ်တွင်ခြုံထားဆဲဖြစ်သည့် စောင်ကိုယူသော်လည်း ဘုန်းမြတ်ပိုင်က လွှတ်ပေးဘဲ အတင်းပြန်ဆွဲထားလေသည်။ ထို့နောက် ဒီတိုင်းချိုးမယ်ဆိုကာ bath-tubထဲဝင်သွားသည်။

"အစကတည်း ရေနွေးစပ်ထားတယ်ဆိုလည်း ပြောခဲ့ပါလား ဟွန့်"

အထဲရောက်ကာမှ ရေနွေးမှန်းသိသွားသော်လည်း မကျေမနပ်ဟန်လေးက မပျောက်သေး။ နေမဟော်လည်း ခပ်ပြုံးပြုံးသာနေလိုက်ပြီး အတူရေချိုးဖို့ရာ အ၀တ်တွေကို ချွတ်လိုက်တော့ ဘုန်းမြတ်ပိုင်တစ်ယောက် အရှက်သည်းစွာ တစ်ဖက်သို့ လှည့်သွားလေတော့သည်။

ထို့နောက်နေမဟော်သည် ဘုန်းမြတ်ပိုင်၏ အနောက်တွင်ဝင်ထိုင်ကာ ကိုယ်လေးကိုသိုင်းဖက်လိုက်တော့ လက်ကိုပုတ်ချခံလိုက်ရသည်။ တော်တော်ကို စိတ်ကောက်နိုင်သည့်ကလေး။ ပြီးလျှင်လည်း ခဏလေးချော့လိုက်တာနှင့် စိတ်ကောက်ပြေတတ်သူ။ သူကလည်း သည်လိုကောက်တေးလေးကိုမှ ချစ်မိနေပြန်သည်။

ဘုန်းမြတ်ပိုင်သည် သူ့အနောက်ကနေ ပုခုံးပေါ်မေးတင်ပြီး ခါးကိုပါသိုင်းဖက်ထားသူကြောင့် ရုန်းကန်နေသည့်တိုင် နေမဟော်က မလွှတ်ပေး။

"ကလေး စိတ်ကောက်နေတာလား"

"ကိုယ်ဘာအမှားလုပ်မိလို့လဲဟင်... ဟင်လို့ ကိုယ့်ကလေးလေး။ ကိုယ့်ဘေဘီ‌လေးရဲ့"

"ကိုယ်က ကလေးကိုမနက်စောစော ရေချိုးစေချင်လို့လေ"

နေမဟော်ကသာ တစ်ခွန်းပြီးတစ်ခွန်း ပြောနေသော်လည်း ဘုန်းမြတ်ပိုင်ကတော့ တစ်ခွန်းမျှပြန်မပြောဘဲ ကျောခိုင်းလျက်ပင်။ ထို့ကြောင့် နေမဟော်က သူ့ဘက်သို့ဆွဲလှည့်ကာ မျက်နှာမူစေလိုက်သည်။

"ကလေး မကျေနပ်တာရှိရင် ကိုယ့်ကိုထိုးလိုက်ပါ။ ထိုးလိုက်စမ်းပါ။ ဒီအတိုင်း ဘာမှမပြောဘဲမနေပါန့ဲ ကိုယ်မခံစားနိုင်ဘူး"

ဘုန်းမြတ်ပိုင်တစ်ယောက် ဘာမျှပြန်မပြောဘဲ ခေါင်းကိုသာငုံ့ထားတာမို့ ဘယ်လိုမျှ ကြံရာမရသည့် အဆုံး နေမဟော်သည် လက်ဝါးကိုသူ့ပါးထက်ဆီ ချိန်ရွယ်ကာဖြန်းခနဲရိုက်ချလိုက်သည်။ မရပ်မနား တစ်ချက်ပြီးတစ်ချက် ရိုက်နေတော့မှ ဘုန်းမြတ်ပိုင်၏ မျက်နှာလေးမော့လာပြီး လက်ကိုလှမ်းဆွဲထားလိုက်လေသည်။

"ခင်ဗျားရူးနေလား ဘာလို့ကိုယ့်ကိုကိုယ် နာအောင်လုပ်နေရတာလဲ""ကိုယ်ကလေးကို စိတ်ဆိုးအောင်လုပ်မိလို့ အပြစ်ပေးတာ"

ဘုန်းမြတ်ပိုင်သည် အနည်းငယ်ရဲသွားသည့် နေမဟော်၏ပါးပြင်ကို သူ့လက်နှစ်ဖက်နဲ့ ခပ်ဖွဖွပွတ်ရင်း မျက်ရည်တို့ဝဲတက်လာလေသည်။

"ဘယ်သူက... ဘယ်သူက... စိတ်ဆိုးတယ်ပြောလို့လဲ။ ကျွန်တော်က ဒီအတိုင်း... ဒီအတိုင်း ရှက်နေလို့"

ဘုန်းမြတ်ပိုင်သည် ခပ်တိုးတိုးရေရွတ်ရင်း ခေါင်းငုံ့လိုက်ပြီးနောက် တစ်ဖက်လူ၏ရင်ခွင်ဆီသို့ ခပ်လျောလျောလေး မှီလိုက်တော့ နေမဟော်လည်း အလိုက်သင့် ထွေးပွေ့ထားပေးမိသည်။

"အရမ်းချစ်တယ် ကလေးလေး"

"အင်း... ကျွန်တော်ရောပဲ"

နှစ်ဦးသားရေချိုးပြီးနောက် အ၀တ်လဲမည်ဆိုကာမှ အခက်ကြုံရတော့သည်။ ပထမနေ့က ၀တ်ထားသည့် ဘုန်းမြတ်ပိုင်၏ အ၀တ်တစ်စုံကို အ၀တ်လျှော်စက်ထဲ ထည့်လိုက်မိပြီမို့ ၀တ်စရာမရှိတော့။ ရေချိုးခန်းထဲမှာကလည်း ခါးမှာဝတ်ရန် တဘတ်တစ်ထည်သာရှိလေသည်။

ကိုယ်ပေါ်မှာကလည်း စောင်ပါးလေးတစ်ထည်သာ ပါလာတာမို့ ဘုန်းမြတ်ပိုင်တစ်ယောက် bath-tubထဲကထဖို့ စိတ်ထဲမှာမဝံ့ရဲ။ ထို့ကြောင့် နေမဟော့်ကိုသာ ၀တ်ခိုင်းလိုက်ပြီး သူကတော့အထဲမှာသာ ဆက်ထိုင်နေခဲ့သည်။ နေမဟော်လည်း တဘတ်ပတ်ကာ ထွက်ခဲ့ပြီးနောက် ဘီရိုထဲမှ တီရှပ်တစ်ထည်ထုတ်ပေးလိုက်ကာ ၀တ်စေသည်။

သို့သော်လည်း သူ့ရှေ့မှာ အ၀တ်လဲရမှာ ရှက်သည်ဟု ဆိုလာသည်မို့ ပေးပြီးပြီးချင်းမှာ ရေချိုးခန်းထဲမှ ပြန်ထွက်ခဲ့ရပြန်သည်။ အဝတ်လဲပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည့် ဘုန်းမြတ်ပိုင်၏ပုံစံလေးသည် နေမဟော့်မျက်လုံးထဲမှာတော့ ကလေးငယ်သဖွယ် ချစ်စရာကောင်း နေပြန်သည်။

နေမဟော်နှင့်ယှဉ်လျှင် လူကောင်သေးသည်မို့ ဝတ်ထားသည့်တီရှပ်က ကိုယ်ပေါ်၌ပွနေကာ ပေါင်လယ်ခန့်ထိဖုံးအုပ်နေကာ ဖြူဖွေးလှသော ခြေထောက်လေးများကို အတိုင်းသားမြင်နေရသည်။ သူကိုယ်တိုင်လည်း ပွယောင်းယောင်း ဖြစ်နေသည့် သူ့ကိုယ်ပေါ်ကတီရှပ်ကို ငုံ့ကြည့်ရင်း ရယ်လိုက်မိတော့ သွားတန်းညီညီလေးတွေပင် ပေါ်လာသည်။

နေမဟော်ကတော့ ခါးတွင်တဘတ်ပတ်ထားသော အခြေအနေအတိုင်းသာရှိဆဲ။ အ၀တ်မလဲရသေးတယာကြောင့် ကျစ်လျစ်သော ရင်ဘတ်ကြွက်သားများကိုမြင်နေရပြီး အားကစားလိုက်စားသူမှန်း သိသာစေသည်။ ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော့်ကိုငေးကြည့်နေရင်း ရုတ်တရက်ဘယ်ဘက်ရင်အုံမှ ဒုတ်ခနဲအသံကြားလိုက်ရသည်။

အာ... ဘုန်းမြတ်ပိုင် မင်းဘာဖြစ်နေတာလဲ။

ကိုယ့်က်ိုယ်ကို ပြန်မေးမိသည်။ ထွက်လာသည့် အဖြေကရင်ခုန်နေခြင်းတဲ့။ သို့စော် တဒုတ်ဒုတ်ခုန်နေသည့် နှလုံးခုန်သံကို မသိကျိုးကျွံပြုရင်း ရေစိုနေသည့် နေမဟော့်ခေါင်းကို သုတ်ပေးရန် တဘတ်တစ်ထည်သာ ယူလိုက်လေသည်။

"ကိုကိုလည်း အ၀တ်လဲတော့လေ ရေစိုနဲ့အကြာကြီးမနေနဲ့"

နေမဟော်က ခေါင်းကိုအနည်းငယ် နှိမ့်ချပေးပြီးနောက် ရေသုတ်ပေးနေသည်ကို ငြိမ်သက်စွာခံယူရင်း ကျေနပ်နေလေသည်။

"ကလေး"

"ဗျာ…"

"morning kiss"

နေမဟော်သည် အနီးကပ်မြင်နေရသည့် ချစ်ရသူ၏နှုတ်ခမ်းလေးပေါ် သို့ အနမ်းတစ်ပွင့်ခြွေချရင်း ပြုံးလိုက်သည်။

"ဒီနေ့လိုပဲမနက်တိုင်း ကလေးနဲ့အတူတူ နိုးထချင်လိုက်တာ"

"ကျွန်တော်ရောပဲ"

နေမဟော်သည် ကျေနပ်ပျော်ရွှင်မှုများနှင့်အတူ ချစ်ရသူကို သူ့ရင်ခွင်ထဲ၌ ခိုလှုံစေလိုက်သည်။ ဘုန်းမြတ်ပိုင်သည်လည်း နေမဟော့်ခါးကိုတင်းကျပ်စွာ ပြန်လည်ဖက်ထားမိတော့သည်။

*******

"ကိုယ်ကလေးကို စိတ်ဆိုးအောင်လုပ်မိလို့ အပြစ်ပေးတာ"

****"ကိုယ်ကလေးကို စိတ်ဆိုးအောင်လုပ်မိလို့ အပြစ်ပေးတာ"