အပိုင်း ၅၀
Viewers 16k

Chapter 50
ဝက်သား ဆေးဘဲဥဆန်ပြုတ်



ရှဲ့ရွှင်း အလုပ်မှပြန်လာသောအခါ သူဝင်လိုက်သည်နှင့် ခြံဝင်းထဲတွင် ကျန်းရှူယောင်ရံဖန်ရံခါလေးညှင်းခံလေ့ရှိသောနေရာ၌ စားပွဲတစ်လုံးကိုတွေ့လိုက်ရသည်။


သူ လျှောက်သွားသောအခါ စားပွဲပေါ်မှာ ကျန်းရှုယောင် ရေးထားသည့် ဟင်းချက်နည်းများနှင့် ပြည့်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏ လက်ရေးက ရှုပ်ပွနေပြီး လက်နှင့် ခြေထောက်များ ကင်းမဲ့နေပုံရသည်။

သူမက စာမတတ်ကြောင်း ကောလာဟလများ က မှန်ကန်ပုံရသည်။ ချဲ့ကားမှုလုံးဝမရှိခဲ့ပါချေ။ ရှဲ့ရွှင်း ခေါင်းကို အသာအယာယမ်းကာ သူမ၏စကားလုံးများကို ဖြည်းဖြည်းချင်းမှတ်ရန် စာရွက်တစ်ရွက်ကို ကောက်ယူလိုက်သည်။

ထိုအချိန်တွင် ကျန်းရှုယောင်က သူမလက်ထဲတွင် ပန်းကန်နှစ်လုံးနှင့် မီးဖိုချောင်ငယ်လေးမှ ထွက်လာသည်။ သူမနောက်တွင် အမြီးလေးများကဲ့သို့ အစက်လေးနှစ်စက်က သူမနောက်ကို လိုက်နေသည်။

"တတိယဦးလေး "
ရှဲ့ကျောက်က ကျယ်လောင်စွာအော်လိုက်သည်။

ရှဲ့ရွှင်းက စာရွက်ကိုချလိုက်ပြီး ခေါင်းညိတ်ပြကာ သူ့ဆံပင်တွေကို ပွတ်သပ်ပေးရင်းဆိုလိုက်၏။
"မင်းဘာလို့ဒီကိုရောက်နေတာလဲ"


'ဒါက အဓိပ္ပာယ်မရှိဘူးမလား...တတိယအဒေါ်အတွက်ရောက်နေတာပေါ့'
ရှဲ့ကျောက်က တုံ့ဆိုင်းသွားသော်လည်း ပြန်မဖြေ။
'တောင်းပန်ပါတယ် တတိယဦးလေး...တတိယအဒေါ်က သားနှလုံးသားထဲက ဦးလေး ရဲ့ရာထူးကို သိမ်းပိုက်လိုက်ပြီ'ဟု သူ့စိတ်ထဲမှာ တိုးတိုးလေးပြောလိုက်သည်။

ကျန်းရှုယောင်က သူမလက်ထဲက ပန်းကန်လုံးကို ချလိုက်ပြီး သက်ပြင်းချရင်းဆို၏။

"ဒီနေ့ အိမ်စာတွေ ပြီးပြီမို့ ရှားရှားပါးပါး အားလပ်ချိန်ရလို့ ဒီကို လာတာတဲ့လေ "

'မြို့စားရှဲ့အိမ်တော်မှာ နေရာတိုင်းမှာ စာပေအငွေ့အသက်တွေ ရှိနေသည်မှာ အံ့သြစရာမရှိတော့ပေ။ လူတိုင်းက ငယ်စဉ်ကတည်းက တင်းကြပ်စွာ ပညာသင်ကြားခဲ့ကြသည်ကို တွေ့ရသည်။'

အခုလေးတင် ရှဲ့ကျောက်က သူ့အကြောင်းပြောပြခဲ့ပြီး သူမမှာ သူမမြေးငယ်လေး စာသင်နေသည်ကို မြင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရသည့် အဘွားအိုတစ်ယောက်လိုပါပင်။ သူမ ချက်ချင်းပဲ အရသာရှိသည့်အစားအသောက်အမယ် တစ်ပွဲချက်ရန် မီးဖိုချောင်ထဲကို အပြေးသွားခဲ့၏။

ကလေးလေးတွေက အချိုပွဲတွေကို လိုချင်ကြမှာ သေချာပေသည်။

ကျန်းရှုယောင် မူလက နို့ပူတင်းတစ်ခု ပြုလုပ်လိုသော်လည်း သူမတွင် မုန့်ဖုတ်ဆိုဒါမရှိသောကြောင့် ပေါင်မုန့်အစအနများပါသော နို့ပူတင်းမှာ စိတ်ဝိညာဉ်မရှိသဖြင့် သူမစိတ်ကူးကို ပြောင်းခဲ့သည်။

သူမ ယခင်ခြေလှမ်းများအတိုင်းလိုက်နေဆဲဖြစ်သည်။ နွားနို့ကို အိုးတစ်လုံးထဲသို့ လောင်းထည့်ကာ သကြားနှင့်ကော်ရည်များထည့်ကာ နို့များ ပျစ်လာသည်အထိ ဖြည်းဖြည်းချင်း မွှေပေးခဲ့သည်။ ထို့နောက် နွားနို့အနှစ်ကို ဇလုံတစ်ခုထဲသို့ ခြစ်ထုတ်ပြီး အအေးခံထားလိုက်၏။

ထို့နောက် ပဲပိစပ်အချို့ကို ကြော်ပြီး သကြားထည့်ကာ အမှုန့်ဖြစ်အောင် ထောင်းခဲ့သည်။ ပဲပိစပ်မှုန့်သည် နူးညံ့ပြီး ချိုသည်။ သကြားညို ကောက်ညှင်း ကိတ်(သို့) ကော်ပြန့်လုပ်သည့်အခါ အရသာရှိမှာဖြစ်သည်။

ကျန်းရှုယောင်က စေးကပ်နေသောနို့ပေါင်း တစ်ဇွန်းကို ယူပြီး ပဲပိစပ်မှုန့် ထဲထည့်ပြီး လှိမ့်လိုက်၏။ နို့ပေါင်း၏ ထူထဲသောမျက်နှာပြင်ကို အဝါနုရောင်ရှိသော ပဲပိစပ်မှုန့်ဖြင့် ဖုံးအုပ်ထားပြီး စားသုံးရန် အဆင်သင့်ဖြစ်နေလေပြီ။ လုပ်ရသည်မှာ ရိုးရှင်းပေမဲ့ အရသာကတော့ လုံးဝ မဆိုးပါချေ။

ရှဲ့ကျောက်က စိတ်အားထက်သန်စွာ ကြည့်နေခဲ့ပြီး ၎င်း ကိူသူမြင်သောအခါ အမြန်လက်လှမ်းလိုက်သည်။ ကျန်းရှုယောင်က သူ့ကို ဇွန်းတစ်ချောင်း ပေးလိုက်ပြီးနောက် သူက ချက်ခြင်းပဲ သူ့ပါးစပ်ထဲကို နို့ပေါင်းကို ဝမ်းသာအားရ ထည့်လိုက်၏။

ပဲပိစပ်မှုန့်က လန်းဆန်းစေပြီး ချိုသည်။ ရှဲ့ကျောက် ကိုက်လိုက်ပြီးနောက် အတွင်းပိုင်းက နူးညံ့ စေးကပ်ကာ ဖယောင်းကဲ့သို့ဖြစ်နေပြီး နို့အရသာနှင့် ပြည့်နေသည်။

"အင်း~"
ရှဲ့ကျောင်က ခေါင်းညိတ်လိုက်ပြီး
"တတိယအဒေါ်က တကယ်ကို အံ့ဩဖို့ကောင်းတယ်...နောက်တစ်ခါ သားတို့အတွက် ဒါကို စားဖိုမှူးကို လုပ်ခိုင်းရမယ်"
သူက ထိုသို့ပြောရင်း ဇွန်းကို ဆန့်ထုတ်ကာ နို့ပူတင်းကို ဆက်တူးသည်။

ရှဲ့ယောင်က ဘေးမှကြည့်နေသည်။ သူ့ခန္ဓာကိုယ်က အားနည်းပြီး သူကအလွန်ရှက်တတ်ကာ စကားနည်း၏။ ကျန်းရှုယောင်ဘက်က သူ့ကိုအစပြုမမေးလျှင် သူကလာပြီး အစာတောင်းမှာမဟုတ်ပေ။

ဖျားနာပြီး ချူချာသောကလေးများကို ပို၍မျက်နှာသာပေးသင့်သည်မှာ ကျိုးကြောင်းဆီလျော်ပေလိမ့်မည်၊ သို့သော် အမှန်တကယ်တွင် လူများသည် သွက်လက်ပြီး ချိုမြိန်သော ရှဲ့ကျောက်ကို ပို၍ အာရုံစိုက်လာကြသည်။ ရှုရှီက ရှဲ့ယောင်ကို သနားသော်လည်း ရှဲ့ကျောက်ကို ပို၍ အာရုံစိုက်ခဲ့သည်။

ကျန်းရှုယောင် ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေသော ရှဲ့ယောင်ကိုကြည့်လိုက်သည်။သူ့ကို သူမအနားသို့ဆွဲကာ "စားချင်လား" ဟုမေးခဲ့သည်။

ရှဲ့ယောင် မျက်တောင်ခတ်လိုက်သည်။ သူ့အစ်ကိုနှင့် နို့နှင့်လုပ်ထားသော အချိုပွဲကို ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်၏။

"ဒါဆို မင်းဘာလို့ စကားမပြောတာလဲ"

ရှဲ့ယောင်၏သေးငယ်သော မျက်နှာလေးက ပါးလွှာပြီး သူ၏အနက်ရောင်စပျစ်သီးနှင့်တူသော ကြည်လင်သောမျက်လုံးတစ်စုံကို အနည်းငယ်ပိုဝိုင်းပြီး ပိုကြီးလာစေ သည်။ သူက ကျန်းရှုယောင်ကို သံသယဖြင့် ကြည့်ကာ သူမ ဘာကိုဆိုလိုသည်ကို နားမလည်ပေ။

ကျန်းရှုယောင်က သူ့ခေါင်းကို ပွတ်လိုက်ပြီး ဇွန်းတစ်ချောင်း ပေးလိုက်သည်။ သူက သူမကို တိတ်တိတ်လေး ကျေးဇူးတင်ပြီး နို့ပေါင်းကို ညင်သာစွာ ကော်လိုက်၏။

"နောက်တစ်ခါ ပြောဖို့ သင်ယူပါ နားလည်လား" သူမ သူ့ကို ညင်သာစွာဖြောင့်ဖြခဲ့သည်။


ရှဲ့ယောင် ခေါင်းမညိတ်ခင် ရှဲ့ရွှင်းက ရုတ်တရက်စကားဆိုလာ၏။
"အားယောင်က ရှက်တတ်တယ်...အားကျောက် လောက် တက်ကြွရွှင်လန်းနေဖို့ မင်း အတင်းအကျပ် ခိုင်းနေစရာ မလိုဘူး"

ကျန်းရှုယောင်က ထိုစကားကြားသောအခါ ပြန်ချေပလိုက်သည်။
"ကျွန်မ သူ့ကို တက်ကြွနေဖို့ အတင်းအကြပ် မလုပ်ခဲ့ပါဘူး... တခြားသူတွေက သူ့ကို လွယ်လွယ်နဲ့ လျစ်လျူရှုမှာစိုးလို့ပါ"

ရှဲ့ရွှင်းက မျက်မှောင်ကြုတ်ကာ
"သူက မိသားစုကြီးကသားပါ... ဘယ်သူက သူ့ကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ...မင်း စိတ်ပူလွန်းနေပြီ"

"ကျွန်မ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မရည်ရွယ်ပါဘူး...တိတ်ဆိတ်လွန်းနေတာက မကောင်းဘူးလို့ထင်ရုံပါ"
'အထူးသဖြင့် သူ့အစ်ကိုက ချိုမြိန်တဲ့ နေရောင်လေးဖြစ်နေချိန်မှာပေါ့'

ကျန်းရှုယောင် တိတ်တိတ်လေး သက်ပြင်းချရင်းပြောလိုက်၏။

"မေ့လိုက်ပါ...ကျွန်မက ဒီအတိုင်း ပြောလိုက်တာ... မိဘအုပ်ထိန်းမှုအကြောင်း ဘာမှမသိဘူး... သူက စကားများများစားစား မပြောတတ်လို့ တခြားသူတွေက သူ့ကို လျစ်လျူရှုသွားမှာကို ကြောက်ရုံပါ...တကယ်တမ်းကျ ကလေးတစ်ယောက်ရဲ့အတွေးကို ဘယ်သူမှမခန့်မှန်းနိုင်ဘူးလေ"

ရှဲ့ရွှင်းက သူမဘေးတွင်ထိုင်ပြီး "မဖြစ်လောက်ပါဘူး" ဟု ထပ်မံပြောသည်။ ရှဲ့ယောင်က ရှဲ့မိသားစုရှိ လူတိုင်း၏ လက်ဖဝါးတွင် ဆုပ်ကိုင်ထားသော ကလေးဖြစ်သည်။

ကျန်းရှုယောင် ညီအစ်ကိုနှစ်ယောက်ကို လေ့လာနေခဲ့သည်။ ရှဲ့ယောင်က အချိုပွဲ ကော်စားနေရင်း သူတို့၏ စကားဝိုင်းကို အာရုံစိုက်ခဲ့ပေမဲ့ ရှဲ့ကျောက်က သတိလက်လွတ်ဖြစ်ပြီး သူတို့ပြောသည်ကို ဂရုမစိုက်ပါချေ။ သူဘာသူ ပျော်ပျော်ကြီးစားပြီး သူ့ပါးပြင်တွေက ဟမ်းစတားလို ဖောင်းကားနေသည်။

ညီအစ်ကိုနှစ်ယောက်၏စရိုက်များသည် အစွန်းနှစ်ဘက်သို့ လုံးလုံးလျားလျားရောက်နေခဲ့သည်။

ကျန်းရှုယောင် ရုတ်တရက် အနည်းငယ် ပဟေဠိဖြစ်သွား၏။

" အများကြီးမစားဘဲ ဖြည်းဖြည်းချင်းစားပေမဲ့ ကောင်းကောင်းစားနေတုန်းပဲ...ဒီလောက် ပိန်မနေသင့်ဘူး"

ရှဲ့ရွှင်းက ကျန်းရှုယောင် ပေါ့ပေါ့ပါးပါးပြောခဲ့သည့် စကားအကြောင်း တွေးနေတုန်းဖြစ်ပြီး ပြန်ဖြေလိုက်သည်။

"သူ ငယ်ငယ်လေးကတည်းက ဆေးသောက်ပြီး ကြီးပြင်းလာခဲ့တာ... ဆေးက အမှတ်အသားသုံးခခုပါ အဆိပ်ဖြစ်လို့ အများကြီး သောက်ပြီးရင် ဗိုက်နာတယ် ...သူက ဘာကိုမှ မကြိုက်ဘူး...သူက မင်းရဲ့ရှေ့မှာပဲ စားချင်စိတ်တချို့ ရှိတယ်"

"ဟင်"

ကျန်းရှုယောင် မျက်လုံးများမှေးလိုက်ပြီး ရှဲ့ယောင်ကို သူမဘက်သို့ လှမ်းဆွဲလိုက်သည်။

"တတိယအဒေါ်ကို မျက်နှာသာတချို့ပေးပါ့လား"

သူမ သူမ၏အစာကျွေးသည့်အလေ့အထကြောင့် အခိုင်အမာရပ်တည်နိုင်သလိုခံစားရပြီး သဘာဝအတိုင်း အလွန်ပျော်ရွှင်နေခဲ့၏။

ရှဲ့ယောင်က အလွန်ရင်းနှီးစွာ ပွေ့ဖက်ခံရ,ခဲ,သည်။ ရှဲ့ကျောက်က အကြိမ်တိုင်းလူတွေ မြှောက်ပေးမည့် တစ်ဦးတည်းသော သူဖြစ်၏။ ရှဲ့ကျောက်က သခင်မကြီးက ပွေ့ချီပြီး 'မြေးကောင်း' ဟုခေါ်သော တစ်ဦးတည်းသော သူဖြစ်သည်။ ရှုရှီက သူ့ကိူ အားနည်းပြီး ချူချာသည်ဟု ထင်ပြီး သူ့ကို အမြဲတမ်း ဂရုစိုက်နေပေမဲ့ သူမက သူ့ကို ပွေ့ဖက်ခဲ၏။

ရှဲ့ယောင်၏ မျက်တောင်များ အနည်းငယ်တုန်ယင်လာသည်။ သူက ခေါင်းညိတ်ပြီး တိုးတိုးလေးပြော၏။

"တတိယအဒေါ်က အရသာရှိတဲ့အစားအသောက်ချက်တယ်"

ကျန်းရှုယောင်၏ နှလုံးသားသည် ချက်ချင်း အရည်ပျော်သွားကာ သူ၏ပါးလွှာသော ပါးပြင်များကို မထိဘဲမနေနိုင်တော့ပေ။

တစ်ဖက်မှာ ရှဲ့ကျောက်က သူ့ပန်းကန်အောက်ခြေထိ ပြောင်စင်နေအောင်ခြစ်ခဲ့ပြီး ဇွန်းကိုချလိုက်ကာပြောသည်။

"တတိယအဒေါ်...သားကတော့ ပိုစားလေ ပိုဆာလာလေပဲ"

ကျန်းရှုယောင်က ရယ်နေပြီး ပိုင်ကျီကို "သွားပြီးတော့ မီးဖိုချောင်ထဲမှာ ပြုတ်ထားတဲ့ ယာဂုကို ယူခဲ့" ဆိုပြီး ပြောလိုက်၏။

ပိုင်ကျီက တုံ့ပြန်ပြီး အစေခံများကို ယာဂုသယ်ရန် မီးဖိုချောင်ကို ခေါ်သွားခဲ့သည်။

ကျန်းရှုယောင် ညစာစားရန် ပင်မအိမ်သို့ မပြန်ချင်ပေ။ နွေရာသီအစောပိုင်းတွင် ခြံဝင်းထဲ၌ စားသောက်ခြင်းသည် ပင်မအိမ်တွင်ထက် ပို၍ သာယာသည်။

အစေခံများက ယာဂုအိုးတစ်အိုး၊ ပန်းကန်လေးလုံး ထုတ်လာပြီး ညစာက ရိုးရှင်းလေသည်။

တစ်ရက် အစာ မစားရလျှင်စိတ်မသက်မသာ ခံစားရသည့်​လူတစ်ယောက်အနေဖြင့် ကျန်းရှုယောင် မီးဖိုချောင်ငယ်လေးဘေးမှာ အိမ်လုပ်ချဉ်ဖတ်နှင့် ငံပြာရည်အိုးတွေကို အစီအရီလုပ်ထားပြီးသားဖြစ်သည်။ သဘာဝအတိုင်း ဆေးဘဲဥနှင့်ဘဲဥဆားစိမ်လုပ်ခြင်းကို မေ့ထားမည်မဟုတ်ပေ။

ဒေသန္တရနည်းလမ်းများဖြင့် ပြုလုပ်ထားသော ဆေးဘဲဥများသည် သာမန်နည်းလမ်းများထက် ပိုမိုလွယ်ကူပြီး ၎င်းတို့သည် အနည်းငယ်ပါးလွှာသော်လည်း အားသာချက်များမှာ ရိုးရှင်းသောပစ္စည်းများဖြစ်ပြီး ခဲဓာတ်-ကင်းစင်သည်။

ယနေ့တွင် ဆေးဘဲဥတစ်လုံးကို ထုတ်ယူပြီး အခွံကိုခွဲလိုက်၏။ ဘဲဥတွေ မာကျောလာသည်ကို မြင်သောအခါ သူမ စိတ်ကူးပေါက်ပြီး ဤဆေးဘဲဥအသားဆန်ပြုတ်ကို အရသာရှိရှိ ချက်ပြုတ်လိုက်သည်။

ရှဲ့ရွှင်း စားပွဲပေါ် ယာဂုအိုးကို တိုက်ရိုက်တင်သည့်လူကို တစ်ခါမှ မတွေ့ဖူးပေ။သူ့လက်ထဲက ပန်းကန်လုံးအလွတ်နှင့် ဆူနေသောအိုးကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ကျန်းရှုယောင် အငယ်နှစ်ကောင်ကို ဂျုံယာဂုထည့်ပေးပြီး သူမကိုယ်သူမအတွက် နောက်ထပ်တစ်ပန်းကန် ထပ်ဖြည့်ပြီးတော့မှ စစားခဲ့သည်။

ရှဲ့ရွှင်း လျစ်လျူရှုခံရခဲ့သည်။ ယာဂုထည့်ပေးတော့မည် အစေခံကို လက်ယမ်းပြပြီး ပန်းကန်လုံးကိုဖြည့်ရန် သူ့ဝတ်ရုံလက်တွေကို တိတ်တိတ်လေး ဆွဲယူလိုက်သည်။

ယာဂုက သာမန်ယာဂုထက် ပိုမွှေးပြီး နူးညံ့၏။ ဆန်လုံးက ကြည်လင်ပြီး နူးညံ့သည်။ ယာဂု၏ မျက်နှာပြင်ကို နွေကြက်သွန်တို့ ဖြူးထား၏၊ အဆီနည်းအသားကို ဆန်လုံးများထဲမှာ ရောထည့်ထားပေမဲ့ စိမ်ညိုရောင်(အစိမ်းပုတ်ရောင်) ဆေးဘဲဥက အထူးထင်ရှားနေလေသည်။

ရှဲ့ရွှင်းက ဆေးဘဲဥများကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပြီး "ဒါကဘာလဲ"ဟုမေးလိုက်၏။

ကျန်းရှုယောင်က သူ့ကို ဆေးဘဲဥလုပ်နည်းကို ရှင်းပြခဲ့သည်။ရှဲ့ရွှင်း သူမစကားကိုကြားပြီးနောက် အနည်းငယ်အံ့သြသွားကာ အရသာကို အလွန်သိချင်နေခဲ့သည်။

သူက ဆေးဘဲဥနှင့် အသား ယာဂုတစ်ဇွန်းကို ကိုက်လိုက်၏။ ဆန်လုံးက အလွန်နူးညံ့ပြီး ဖယောင်းဆန်သည်။ အိုးထဲမှာ အရည်ပျော်သွားပုံရ၏။ အသားက အရသာရှိပြီး အနည်းငယ် ဝါးနေရကာ ဂျင်းနှင့် ကြက်သွန်နံ့တို့ မရှိပါချေ။

ဆေးဘဲဥ၏ တစ်နည်းတစ်ဖုံ မွှေးပျံ့သောရနံ့သည် ယာဂုကို ပေါ့ပါးပြီး လေးပင်သော အရသာကို ပေးစွမ်းသည့်အပြင် ဆန်ကလည်း သာမန်အသားဂးယာဂုထက် အနည်းငယ်ပို၍ နူးညံ့ပြီး ကြာရှည်စွဲကျန်သော အရသာရှိသည်။

ဆေးဘဲဥ၏အရသာကို လူတိုင်းလက်မခံနိုင်ပေမဲ့ အဆီနည်းအသားနှင့် ချက်ပြုတ်ထားသည့် ဆေးဘဲဥများက မတူပါချေ။ ယာဂုက ဆေးဘဲဥများ၏ လျှာပေါ်တွင် တရွရွဖြစ်ခြင်း အဖန်အရသာကို အားပျော့စေကာ ဘဲဥ၏ ဥအရသာကိုပဲ ချန်ထားခဲ့သည်။

ဥ၏ အဖြူရောင် အစိတ်အပိုင်းက ပျော့အိကာမွှေးပြီး အလယ်ဗဟိုက နူးညံ့ပြီးပျော့ပျောင်းသည်။ ပေါ့ပေါ့ပါးပါးနှင့်ချိုမြိန်သည့် ထမင်းဖြူနှင့် အလွန် သင့်တော်၏။

"ဒီလို ယာဂုကို မြည်းစမ်းဖူးတာ ဒါပထမဆုံးပဲ... အရသာက ပြောဖို့ခက်တယ်...ဆေးဘဲဥက ကျန်ခဲ့တဲ့ မွှေးပျံ့တဲ့ဥရနံ့က တကယ်ကို အရသာရှိတာပဲ" ဟု သူကချီးကျူးခဲ့သည်။

ဦးလေးနှင့်တူလေးနှစ်ယောက်တို့သည် အကြိုက် ချင်းတူကြပြီး ရှဲ့ရွှင်း ၎င်းကို နှစ်သက်သလို ကောင်လေးနှစ်ယောက်ကလည်း ၎င်းကို မမုန်းခဲ့ပေ။

ရှဲ့ယောင်က ဘေးနားမှ ယာဂုကို ငြိမ်သက်စွာ သောက်နေသည်။ ယာဂုကို ပါးစပ်ထဲမှာ အရည်ပျော်သွားသည်အထိ ပြုတ်ထား၏။ ဝါးစရာမလိုဘဲ မွှေးကြိုင်သော အသားနှင့်ဆေးဘဲဥအရသာတို့သာ ကျန်တော့သည်။ တစ်ချက်ကိုက်လိုက်သည်နှင့် မွှေးကြိုင်သောရနံ့က သင့်ပါးစပ်တစ်ခုလုံးကို ပျံ့နှံ့သွားစေသည်။ 

သူ့မျက်နှာမှာ သက်တောင့်သက်သာ အပြုံးတစ်ခုနှင့် ဖြည်းညင်းစွာ စားနေခဲ့၏။

ရှဲ့ကျောက်က မတူဘူးပေ။ သူ့စိတ်ထဲမှာ ဘာတစ်ခုမှ မကောင်းသည့်ပုံမပေါ်ပေ။ သူက ယာဂုပူနေသည်ကို သောက်ခဲ့ပြီး ကြက်သွန်စိမ်းတွေကပင် ချိုမြိန်သည်ဟု ခံစားရသည်။

၎င်းကိုမြင်သောအခါ ကျန်းရှုယောင် သူ့ကို အမြန်တားလိုက်ရ၏။

"စိတ်မရှည်မဖြစ်ပါနဲ့...အရမ်းပူလွန်းတဲ့ အစာစားတာက မင်းခန္ဓာကိုယ်အတွက် မကောင်းဘူး"

ရှဲ့ကျောက်က ကျန်းရှုယောင်ကို ဝမ်းနည်းကြေကွဲစွာ ကြည့်ပြီး လိမ်လိမ်မာမာဖြင့် နှေးကွေးသွားသည်။

ရှဲ့ကျောက် ပန်းကန်နှစ်လုံးစားပြီးသည့်အခါ ရှဲ့ယောင်က ပန်းကန်တစ်ဝက်ပဲစားပြီးသေး၏။

အိုးထဲမှာ ယာဂုအများကြီးရှိပြီး လူလေးယောက်အတွက် လုံလောက်လေသည်။ အားလုံးအတွက် ထည့်ပြီးနောက်ကိူ အိုးတစ်ဝက်ပဲ ကျသေး၏။

ဆေးဘဲဥနှင့်အဆီနည်းအသားဂယာဂုက နှလုံးနှင့် အစာအိမ်တို့ကို အာဟာရဖြစ်စေသည်။ ပန်းကန်လုံးတစ်လုံးသောက်ပြီးလျှင် အစာအိမ်နွေးပြီး သက်တောင့်သက်သာဖြစ်သွား၏။ ခြံဝင်းထဲမှာ လေကောင်းလေသန့်ရပြီး နေဝင်သည်ကို ကြည့်နေရသည်က တကယ့်ကို ကြည်နူးစရာပါပင်။

ရှဲ့ကျောက်က ခြေဖျားထောက်ပြီး အိုးကိုကြည့်ပြီးနောက် ကျန်းရှုယောင်ကို ချွဲလေတော့သည်။

"တတိယအဒေါ်... ဒီယာဂုအိုးတစ်ဝက်ကို ပြန်ယူသွားလို့ရမလား"

ကျန်းရှုယောင်က မမျှော်လင့်ဘဲ “ကလေးတွေ ဆေးဘဲဥ လျှော့စားသင့်တယ်”ဟုငြင်းဆိုခဲ့သည်။

ရှဲ့ကျောက် နှုတ်ခမ်းစူလိုက်သည်။

ကျန်းရှုယောင်ကဆက်ပြော၏။
"နောက်တစ်ခါ မင်းအတွက် ပုဇွန်ယာဂုလုပ်ပေးမယ်...သောက်ရတာ ပိုလွယ်တယ်"

ရှဲ့ရွှင်းက ရှဲ့ကျောက်ကို စနောက်ရန် ကြံရွယ်လိုက်သော်လည်း ရှဲ့ယောင်ကို အမြန် တစ်ချက်ကြည့်မိလိုက်သည်။ ကျန်းရှုယောင် ခုနကပြောခဲ့သည့်စကားကို သတိရပြီး သူ့ကို အာရုံစိုက်လိုက်၏။

ယနေ့ ရှဲ့ယောင်က ယာဂု ပန်းကန်လုံးသေးသေးလေးတစ်လုံး စားခဲ့သည်။ ပုံမှန်ဆိုလျှင် သူ့ကို ပန်းကန်သေးသေးတစ်လုံးလောက် စားရန်အရေး စည်းရုံးရသေး၏။

ရှဲ့ရွှင်းက စိုးရိမ်ပြီးမေးလိုက်သည်။
"အားယောင်... မင်း ထပ်စားနိုင်သေးလား"

ရှဲ့ယောင်က သူ့အစ်ကိုဖြစ်သူ ကျန်းရှုယောင်ကို နောက်တစ်ကြိမ် ဟင်းချက်ရန် တောင်းဆိုသည်ကို နားထောင်နေသော်လည်း မမျှော်လင့်ဘဲ ရှဲ့ရွှင်းကစကားပြောလာခဲ့၏။ သူက ခေါင်းကိုသာ ခါယမ်းလိုက်သည်။

သို့ရာတွင် ကျန်းရှုယောင်က သူ့ကို စကားပိုပြောရန် ဖြောင့်ဖြသည်ကိုသတိရပြီးပြောလိုက်၏။

"တော်ပြီ...သားဗိုက်ပြည့်ပြီ"

ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး အံ့သြသွားသည်။ အားယောင်က အစာစားချင်စိတ်အလွန်သေးငယ်ခြင်းမရှိသည်ကို သူသိလိုက်ရသည်။ အများစုက သူကြိုက်သည့် ဟင်းကို မစားရ၍ဖြစ်မည်။

ကျန်းရှုယောင် နှင့် ရှဲ့ကျောက်က နောက်တစ်ကြိမ် ယာဂုစားရန် ချိန်းထားသည်။ရှဲ့ယောင်၏ အဖြေကိုကြားသောအခါ သူမက ပြုံးပြီးပြော
"မဆိုးပါဘူး...မင်းကတကယ် ပန်းကန်သေးသေးလေးတစ်လုံးစာစားခဲ့တာပဲ... ဒီပမာဏကို ဆက်ထိန်းထားသရွေ့ အသားတွေကြီးထွားလာလိမ့်မယ်"

ကျန်းရှုယောင်က သူ့ပါးစပ်ထောင့်ကို သုတ်ပေးလိုက်ပြီးဆို၏။

"ကလေးတွေက အသားနည်းနည်းရှိသင့်တယ်"

ရှဲ့ကျောက်က ချိုသာစွာ မေးသည်။
"တတိယအဒေါ်က သားကို ချီးကျူးနေသလား"

ကျန်းရှုယောင်က ရယ်မောပြီး သူ့နဖူးကို ပုတ်ကာဆိုလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်"

ရှဲ့ယောင် ဤမြင်ကွင်းကို ကြည့်ပြီး သူတို့၏ပျော်ရွှင်မှုက တစ်နည်းနည်းဖြင့် ကူးစက်သွားသည်။ သူ ရှက်ပြုံးလေး ပြုံးလိုက်ရင်း နှုတ်ခမ်းထောင့်များကွေးတက်လာပြီး သူ့မျက်လုံးတွေက တလက်လက် တောက်ပနေခဲ့သည်။

ရှဲ့ရွှင်း သူ့အကြည့်ကို ရှဲ့ယောင်ဆီမှ ကျန်းရှုယောင်၏ မျက်နှာသို့ ပြောင်းလိုက်သည်။

'အားယောင်အတွက် အစားအသောက်ကောင်းလို့ ချည်းပဲမဟုတ်ဘဲ ထမင်းချက်က နှစ်သက်စရာကောင်းတာက ပိုများနေတာများလား'



Xxxxx