အပိုင်း ၅၁
Viewers 18k

Chapter 51
ဖက်ထုပ်ကြီး



နောက်တစ်နေ့တွင် ကျန်းရှုယောင် သခင်မကြီးအား ဂါရဝပြုပြီးနောက်  ရှို့နင်ခန်းမဆောင်မှ ထွက်ခွာသောအခါတွင် ရှုရှီက သူမကို တားလိုက်သည်။

"တတိယယောက်မ "

ရှုရှီက ယခုနှစ်တွင် 32 နှစ်ရှိပြီဖြစ်သော်လည်း နှစ်များက သူမမျက်နှာပေါ်တွင် အမှတ်အသားများ မကျန်ခဲ့ပေ။

ရှုရှီဘက်ကနေ ကျန်းရှုယောင် နှင့် စကားပြောရန် အစပျိုးသည်က ရှားပါးသည်။ ကျန်းရှုယောင် အနည်းငယ် အံ့သြသွားပြီး လမ်းလျှောက်ရပ်ကာ သူမကိုကြည့်လိုက်သည်။

ရှုရှီက  အမြဲတမ်းကဲ့သို့ပင် နူးညံ့စွာပြုံးပြီးဆို၏။ "တတိယယောက်မကို ငါတို့အိမ်ဝင်းကို စကားစမြည်ပြောဖို့ လာခိုင်းလို့ရမလား"

ကျန်းရှုယောင် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။

အစေခံတစ်ယောက်က ကန့်လန်ကာကိုအပေါ်ဆွဲတင်ရင်း ကျိုးရှီ  ခန်းမထဲက ထွက်လာ၏။ နှစ်ယောက်ကြား စကားဝိုင်းကို နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကျိုးရှီ၏ စိတ်နေစိတ်ထားသည် ရဲရင့်သော မျက်ခုံးမွှေး၊ ကြမ်းတမ်းပြီး ရိုးရှင်းသော သူမ၏အသွင်အပြင်နှင့် အလွန်လိုက်ဖက်သည်။ သို့သော် သူမအနေဖြင့် အကျင့်သီလနှင့်ပြည့်စုံပြီးသိက္ခာရှိသောခြုံထည်ကို ဆင်မြန်းကာ ရှုရှီနှင့်တူအောင် ကြိုးစားရမည်ဖြစ်သည်။ ၎င်းကို ဖော်ပြသည့် စကားလုံးတစ်လုံးမှာ "ပြောပလောက်စရာမရှိသော"ဟူ၍ဖြစ်သည်။

"ပထမယောက်မ... တတိယယောက်မ"
သူမက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
"နင်တို့နှစ်ယောက်က ဘယ်အချိန်ကတည်းက ရင်းနှီးသွားတာလဲ"

ရှုရှီ၏အမူအရာက မပြောင်းလဲဘဲ နူးညံ့သိမ်မွေ့စွာနှင့်ပြန်ဖြေသည်။

"တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးဖို့ ကြိုးစားရမှာပေါ့"

ကျိုးရှီက မထီမဲ့မြင်ပြုကာ"ဟမ့်"ခနဲအသံပြု၍ ရယ်မောကာ ကျန်းရှုယောင်၏တည်ရှိမှူကို လျစ်လျူရှုပြီး တည့်တိုးဆို၏။

"ဆက်ဟန်ဆောင်နေလိုက်...နင်နဲ့ငါ ဘယ်တုန်းကမှ မရင်းနီးခဲ့ဘူး"

ရှုရှီကပြောလိုက်သည်။
"မင်းဒီလိုမဖြစ်ရဘူးလေ ဒုတိယောက်မ"
ကျိုးရှီကို သူမ ဂရုမစိုက်ချင်ပေ။

ကျိုးရှီ သူမ၏လက်သီးက ဂွမ်းနှင့်ထိသွားသလိုခံစားရပြီး သူမက ငြီးငွေ့လာကာ နာကျင်ခံစားရသော်လည်း နှစ်များစွာကြာပြီးနောက်တွင် သူမ ထိုခံစားချက်ကို ကျင့်သားရလာခဲ့သည်။ သူမက ရှုရှီကို စိုက်ကြည့် ပြီးနောက် ကျန်းရှု​ယောင်ကို အကြိမ်အနည်းငယ် စိုက်ကြည့်သည်။ သူမ နှုတ်ခမ်းကို ထူးဆန်းစွာ ကော့ကာ အလျင်အမြန် ထွက်သွားသည်။

"သူ့ရဲ့ စိတ်နေစိတ်ထားက ဒီလိုပါပဲ... ဆူးတွေနဲ့ ကာထားတယ်...အဲဒါကို ကျင့်သားရအောင်ပဲနေလိုက်ပါ"

ကျန်းရှုယောင်ကို သူမ၏ ခြံဝင်းသို့ ပို့ဆောင်စဉ် ရှုရှီက ပြောသည်။

ကျန်းရှုယောင်က ရှုရှီသည် သူများ မကောင်းကြောင်းပြောကာ သူမကို ထူးထူးခြားခြားမြင်တတ်သူမျိုးဟု တစ်ခါမှ မထင်ခဲ့ပေ။

ရှုရှီ သူမတွေးနေသည်များကို သိသော်လည်း မရှင်းပြချင်ပေ။ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်နှင့် ပထမအိမ်တော်ခွဲဝင်းကို ရောက်သွားသည်။

ကျန်းရှုယောင်က ထိုင်ပြီး ရှုရှီက သူမအတွက် လက်ဖက်ရည်တစ်ခွက် အေးအေးဆေးဆေး လောင်းငှဲ့နေသည်ကို ကြည့်နေသည်။ နောက်ဆုံးတွင် သူမကိုယ်သူမ မထိန်းနိုင်ဘဲမေးလိုက်၏။

“ယောက်မကို ခေါ်နေတာ တစ်ခုခုဖြစ်နေလို့လား"

ရှုရှီ၏ နူးညံ့သိမ်မွေ့သော အပြုံးက အနည်းငယ် သဘာဝမကျသလို ဖြစ်သွားသည်။ သူမက သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ဆို၏။

"ငါရဲ့တတိယယောက်မက အရမ်းရိုးစင်းလွန်းတဲ့အတွက် လှည့်ပတ်မနေတော့ပါဘူး... ငါ ဖုံးကွယ်မထားချင်ဘူး... တတိယယောက်မကို တစ်ခုခုကို ရှင်းလင်းဖို့ မေးချင်လို့ပါ...ဒါပေမဲ့ မတိုင်ခင် ငါ မင်းကို တောင်းပန်ရမယ်"

"ဟင်"

ကျန်းရှုယောင်က စားပွဲပေါ်ရှိ မုန့်မျိုးစုံကို စိုက်ကြည့်နေသည်။ ထိုစကားကိုကြားသောအခါ သူမ အံ့အားသင့်သွားပြီး မုန့်များဆီက အကြည့်လွှဲမိသည်။

"ယောက်မ... ဒါက ဘာကိုဆိုလိုတာလဲ"

သူမကို အကြောင်းပြချက်မရှိဘဲ တောင်းပန်ခဲ့ပြီး ရှုရှီက  သူမကို ကြီးကြီးမားမား တစ်ခုခုလုပ်စေချင်သည်ဟု ခံစားလာရ၏။

ရှုရှီ၏အမူအရာမှာ အနည်းငယ်ရှက်ရွံ့သွားပြီး "တတိယယောက်မ... မင်းကို မလိုမုန်းထားဖြစ်ပြီး တမင်တကာ ရှောင်ခဲ့ဖူးတယ်... ငါ့ကလေးနှစ်ယောက်ကို မင်းရဲ့အိမ်ဝင်းနဲ့ ဝေးဝေးမှာထားဖို့တောင် ကြိုးစားခဲ့တယ်... နောက်ပိုင်းမှာ ငါ တဖြည်းဖြည်းသိလာတယ်...ငါကတစ်ကိုယ်ကောင်းဆန်ပြီး အမြင်ကျဉ်းတယ်ဆိုတာ"

အစပိုင်းတွင် သခင်ရှန်းယန်က မိဖုရားခေါင်ကြီးကို ကျန်းရှုယောင် နှင့်ရှဲ့ရွှင်းကို လက်ထပ်ခိုင်းရန်တမင်တကာ အဆိုပြု ခဲ့သည်။ မိဖုရားခေါင်ကြီးက လက်ထပ်ထိမ်းမြားခြင်းအမိန့်ကို ပေးမည်ဆိုလျှင် ကွာရှင်းရန် လွယ်ကူမည်မဟုတ်ပေ။ ထို့ကြောင့် ရှဲ့ရွှင်း ကျည်ဆန်ကို ကိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသဖြင့် အမိန့်မထုတ်ပြန်မီ ကျန်းရှုယောင်ထံ အပြေးအလွှား တောင်းရမ်းယူခဲ့ရသည်။ အကြီးဆုံး​ယောက်မဖြစ်သောကြောင့် ရှုရှီ သည် နာမည်ဆိုးဖြင့် နာမည်ဆိုးရှိသော ယောက်မငယ်လေးကျန်းရှုယောင် နှင့် ပတ်သက်၍ အလွန်ဇီဇာကြောင်သူဖြစ်သည်။

သို့ရာတွင် အိမ်တော်ထဲကို လက်ထပ်ဝင်လာပြီးနောက် ကျန်းရှုယောင်က ကောလဟာလတွေလောက် ရယ်ဖွယ်မရှိခဲ့သလို ရှဲ့ရွှင်း နှင့်လည်း ဆက်ဆံရေးကောင်းမွန်ခဲ့၏။ သူမ၏ ခပ်တန်းတန်းနေခြင်း နှင့် ဇီဇာကြောင်သော အမူအရာများက သူမကိုခက်ထန်ပုံပေါ် စေခဲ့သည်။ ထို့အပြင် ကျန်းရှုယောင်က ကလေးနှစ်ယောက်ကို အလွန်ချစ်မြတ်နိုးပြီး ရှဲ့ကျောက် နှင့် ရှဲ့ယောင်တို့ကို မည်သို့မျှ ဆိုးရွားစွာ မဆက်ဆံခဲ့ပေ။ သူတို့နှစ်ယောက်ကို နှိုင်းယှဥ်ကြည့်လျှင် သူမက စိတ်သဘောထားဆိုးသူဖြစ်သည်။

"ယောက်မ ဘာလို့ ဒီလိုပြောတာလဲ"

ကျန်းရှုယောင်က လူအချင်းချင်း ဆက်သွယ်မှုတွင် အနည်းငယ်နှေးကွေးနေပြီး ရှုရှီ ၏ ခပ်တန်းတန်းနေမှုကို သတိမထားမိပေ။

ရှုရှီ သူမစကားကြားသောအခါ ပို၍ပင် ရှက်သွားပြီး သူမစိတ်ကို တစ်ဖန် ရိုးရိုးသားသား ရှင်းပြကာ ကျန်းရှုယောင်ကို တောင်းပန်လိုက်သည်။

ကျန်းရှုယောင် အနည်းငယ်ကြောင်အ သွားသည်။ သူမ ပိုင်ကျီကိုကြည့်ရန် ခေါင်းကို တိတ်တဆိတ်လှည့်ကြည့်သော်လည်း ပိုင်ကျီ ၏မျက်နှာပေါ်တွင် မျက်ခုံးပင့်နေသည်ကို သူမတွေ့လိုက်ရသည်။

ရှုရှီ ပြောခဲ့သည်များက အမှန်တွေ ဖြစ်နေပုံရပြီး သူမက သတိမထားမိတဲ့ တစ်ဦးတည်းသောသူပဲလား။

ရှုရှီ၏ ပို၍နောင်တရပြီး နူးညံ့သိမ်မွေ့သောအသွင်အပြင်ကိုမြင်ရခြင်းက ကျန်းရှုယောင်ကို အလွန်စိတ်မသက်မသာဖြစ်စေသောကြောင့် သူမအားဖြတ်ပြောလိုက်ရ၏။

"ယောက်မ...ကျွန်မကို တည့်တိုးသာပြောပါ"

ရှုရှီုက လက်ကိုင်ပုဝါကို ပိုတင်းကျပ်စွာဆုပ်ကိုင်ပြီး အနည်းငယ် စိတ်အားထက်သန်စွာ ရှင်းပြသည်။

"ငါ့ရဲ့တတိယယောက်မ နားလည်မှုလွဲနေပြီ...ငါမင်းကို မေးစရာမရှိရင်တောင် ငါမင်းကို တောင်းပန်နေတုန်းပါပဲ "

"အင်း ကျွန်မအဲ့လိုပြောတာမဟုတ်....."

ကျန်းရှုယောင်စကားမဆုံးခင်မှာ အသားလုံးသေးသေးလေးက အဝေးကနေ လွင့်ပျံလာပြီး သူမကို ထိသွား၏။

"တတိယအဒေါ်..."

ရှဲ့ကျောက်က သူမလက်ကို ပွေ့ဖက်လိုက်ပြီး "ဘာလို့ဒီကိုရောက်နေတာလဲ"

"အားကျောက်"
ရှုရှီက  သူ့ကို ဆူသည်။

ရှုရှီ ရှေ့တွင် အားကျောက် သိပ်ပြီး သွက်လက်စွာ မနေဝံ့ပေ။ သူက ကျန်းရှုယောင်၏လက်ကို ဝမ်းနည်းသည့်ပုံစံနှင့်လွှတ်လိုက်ပြီး တလေးတစားအရိုအသေပေး လေသည်။

"အမေ...တတိယအဒေါ်"

သူအရိုအသေပေးပြီးသောအခါ ရှဲ့ယောင်က ပြေးလာသည်။ သူ လမ်းလျှောက်သည်က မြန်လွန်း၍ အသက်ရှူမဝဖြစ်သွား၏။

သူကလည်း လိုက်၍အရိုအသေပြုလေသည်။ရှုရှီက ခေါင်းညိတ်လိုက်ပြီး သူ့ဘေးနားက နို့ထိန်းကိုမေးလိုက်သည်။

"ဘာလို့ ဒီကို ရောက်နေတာလဲ"

"သခင်မကို ပြန်ကြားပါတယ်... ဆရာ့အိမ်မှာ အရေးတကြီးကိစ္စရှိလို့ ခွင့်တောင်းဖို့ စာတစ်စောင် ပေးလိုက်လို့ပါ"

ရှုရှီက ဆိုလိုက်၏။

"ဆရာက မင်းတို့နဲ့အတူမရှိရင် စာအုပ်ကို ကိုယ့်ဘာသာပြန်သုံးသပ်ပါ... မပျင်းပါနဲ့"

"တတိယအဒေါ် လာတယ်လို့ အစေခံက ပြောတာကို ကြားတော့ စတုတ္ထညီလေးကို ဒီကို ခေါ်လာခဲ့တာ"

ရှဲ့ကျောက်က ကျန်းရှုယောင်၏ ဝတ်ရုံလက်ကို ဆွဲလိုက်သည်။

ကျန်းရှုယောင်က အနည်းငယ် ရှက်ရွံ့သော အမူအရာဖြင့်ဆို၏။

"အဲဒါ... ယောက်မ ဘာပြောချင်တာလဲ မသိဘူး"

ထိုမှသာ ရှုရှီ  ကိစ္စကို စဉ်းစားမိသည်။ သား​များကို ဆုံးမ​ခြင်း​အ​ကြောင်း​ကို ဘေးဖယ်​ထား​ပြီး​ နို့ထိန်းကိုပြောလိုက်၏။

" မျက်​နှာ​ကို​သုတ်​ရအောင် ခေါ်သွားလိုက်.

ကောင်လေးနှစ်ယောက်ကို အဝေးပို့လိုက်ပြီးနောက် ရှုရှီကဆိုသည်။

"မေးချင်တာက အားယောင် နဲ့ ပတ်သက်တာပါ...သူ့အကြောင်းကိုမင်း ကြားဖူးမှာပါ...အား​ယောင်က ငယ်ငယ်လေးကတည်းက ချူချာပြီး ကျန်းမာရေးမကောင်းတဲ့အတွက် စားချင်စိတ်က အရမ်းဆိုးတယ်...ငါ့ယောက်မချက်တဲ့ ဟင်းတွေကို ကြိုက်တယ်လို့ တစ်ယောက်ယောက်က ပြောတာကို ကြားလို့ ဟင်းချက်နည်းတချို့အတွက် ငါ့ယောက်မကို ရှက်ရှက်နဲ့ လာတောင်းတာပါ"

ကျန်းရှုယောင်က နှုတ်ဆိတ်နေသည်။

ရှူရှီ သူမ၏စကားများက အနည်းငယ်အရှက်မဲ့သည့်ပုံပေါက်သည်ကိုသိသဖြင့် သူမ၏လေသံမှာ ပို၍ရှက်ရွံ့လာကာ ဆို၏။

"ငါ့ယောက်မ သဘောမတူရင်လည်း နားလည်ပါတယ်...ကလေးတွေးက တောင်းဆိုတာတွေ ရှိရင် ခွင့်လွတ်ပေးပါ...ငါ သူတို့ကို ကျေနပ်ဖို့ အကောင်းဆုံးလုပ်ပေးမှာပါ"

ကျန်းရှုယောင် အကူအညီမဲ့သလိုခံစားရသည်။ "မဟုတ်ဘူး...ကျွန်မဟင်းချက်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဘာမှမရှိဘူးလို့ ထင်မိရုံပါ"

သူမ ရှဲဲ့ယောင်၏အကြိုက်ဆုံးအစားအစာများကို ဂရုတစိုက်ပြန်တွေးကြည့်ပြီး သူက ဇီဇာကြောင်သူမဟုတ်ကြောင်း သတိရမိသည်။

"ယောက်မက အားယောင်ရဲ့ အစားအသောက်တွေကို နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား လုပ်ခဲ့တာ... ထမင်းချက် ကောင်းကောင်းနဲ့သမားတော် သေချာပေါက် ရှိမှာပါ.. ယောက်မ စိတ်ကျေနပ်စေမဲ့ ဟင်းချက်နည်းတွေ ပေးနိုင်မယ် မထင်ဘူးး"

သူမ၏ လေးနက်သော လေသံကိုတွေ့လိုက်ရသောအခါ ရှုရှီမှင်သက်သွားရသည်။ အချိန်အတော်ကြာပြီးနောက် သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာဆို၏။

"အဲဒါက ငါသေချာမစဉ်းစားမိခဲ့လို့ပဲ...တတိယယောက်မ စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်"

"ဒါပေမဲ့ ကျွန်မမှာ စဉ်းထားတာတချို့ရှိတယ်... နေ့လည်က စောနေသေးတယ်...ယောက်မရဲ့မီးဖိုချောင်ကို ဘာလို့ ငှားခွင့်မပေးတာလဲ"
ကျန်းရှုယောင်က ပြောလိုက်သည်။

ရှုရှီ ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ဖုံးကွယ်၍မရသော အံ့သြမှုများဖြင့်ဆို၏။

"ကောင်းပြီ...ကျေးဇူးတင်ပါတယ်ကွယ်"

သူမက မီးဖိုချောင်ထဲသို့ကျန်းရှုယောင်နှင့် လိုက်သွားခဲ့သည်။

ကျန်းရှုယောင် မီးဖိုချောင်ထဲတွင် လှည့်ပတ်ကြည့်ရင်း နောက်ခြေထောက်အသားတစ်ပိုင်းကို ကောက်ယူလိုက်ပြီးပြောလိုက်၏။

"ဒီနေ့ နေ့လည် ဖက်ထုပ်စားရအောင်"

"ဖက်ထုပ်..."

မြို့စရှဲ့အိမ်တော်သည် နှစ်သစ်ကူး အစားအစာများထဲမှ တစ်ခုအဖြစ်သာ အသုံးပြုလေ့ရှိသော ဖက်ထုပ်များကို မကြာခဏ စားလေ့မရှိပေ။

"အင်း... ရာသီမမှန်ပေမဲ့ အရသာရှိတဲ့ အစားအစာတွေကို အချိန်မရွေး စားလို့ရပါတယ်"

ကျန်းရှုယောင်က သူမ၏ဝတ်ရုံလက်များကို လိပ်တင်လိုက်ပြီးပြောလေသည်။

"အရေးကြီးဆုံးက ဖက်ထုပ်လုပ်ရတာ ပျော်စရာပါပဲ"

ဖက်ထုပ်များသည် ရှေးခေတ်ကတည်းက ရှိခဲ့သည်။ ဒဏ္ဍာရီအရ ၎င်းတို့ကို မူလက 'ကျောင်းအာ ' ဟုခေါ်သည်။

သို့ရာတွင် ဇာတ်မြစ်က အရေးမကြီးပေ၊ အရသာရှိခြင်းက အဓိကဖြစ်၏။

ရှုရှီက  တစ်ခါမှ မချက်ပြုတ်ဖူးပေ။ အများဆုံးမှာ စွတ်ပြုတ်လုပ်ခြင်းဖြစ်သော်လည်း မီးဖိုချောင်သို့ ရောက်လာကာ သူကိုယ်တိုင် ချက်နေသကဲ့သို့ မွှေရုံသာရှိသည်။ ကျန်းရှုယောင် ၏ ကြီးမားသော တိုက်ပွဲကို မြင်လိုက်ရသောအခါ သူမ မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

သူမဘာတွေတွေးနေပါစေ ၊ကျန်းရှုယောင်က မီးဖိုချောင်ထဲရောက်သည့်အခါ သူမ၏အိမ်ကွင်းမှာ ရှိနေခြင်းပင်။

သူမလက်ဆေးပြီး မုန့်စိမ်းလုပ်သည်။ သူမက ကျွမ်းကျင်ပြီး လက်တွေကလည်း မြန်၏။ ခဏအကြာတွင် သူမသည် မုန့်သားကို ထိန်း၍နယ်ပြီး စိုစွတ်သော ပိတ်စများဖြင့် ဖုံးအုပ်ထားလိုက်သည်။

ရှုရှီ သူမကို ကြည့်နေပြီး ကျန်းရှုယောင်က မီးဖိုချောင်သုံး ဓားနှစ်ချောင်းကို ကောက်ကိုင်လိုက်ကာ ဓားကို စတင်ခုတ်လိုက်သည့်အခါ နောက်ဆုံးမှာ စကားပြောရန် အခွင့်အရေးတွေ့သွား၏။

“ယောက်မ... ဒီလိုဟာမျိုးကို အစေခံကိုလုပ်ခိုင်း
လိုက်တာ ပိုကောင်းတာပေါ့”

ကျန်းရှုယောင်က မီးဖိုချောင်သုံးဓားကို စဥ်းနှီပြားပေါ် ဘန်းခနဲရိုက်ပြီးမေးလိုက်သည်။

“ဘာလို့ ချက်ပြုတ်ရတာကြိုက်တယ်လို့ ထင်လဲ”

"အိုး..."
ရှုရှီ သူမ၏ ဦးနှောက်များကိုဆွဲဆန့်ပြီး အဖြေရှာနေရင်း ချွန်ထက်သော မီးဖိုချောင် ဓားနှစ်ချောင်းကို ကြည့်လိုက်သည်။

ကျန်းရှုယောင်က သူမကို စမ်းသပ်ရန်ဤသို့မေးလိုက်ခြင်းဖြစ်၏။ရှုရှီ၏အမူအရာက ရန်သူနှင့် ရင်ဆိုင်နေရသလိုမျိုးဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ အလွန်အားကိုးရာမဲ့ ခံစားခဲ့ရသည်။

"ဘာလို့လဲဆို​တော့ ကိုယ့်ဘာကိုယ် ချက်​ပြုတ်​ရတာ​ပျော်​တယ်​လို့ထင်​လို့"

“ဒီကိစ္စက အရမ်းဆန်းကြယ်တယ်လို့ ထင်ရပေမဲ့ ပါဝင်ပစ္စည်းတွေကို ပြုပြင်ခြင်းကနေ ဟင်းခတ်အမွှေးအကြိုင်တွေ အချိုးချတဲ့အထိပဲ ...ခြေလှမ်းတိုင်းကို ကိုယ်တိုင်ကိုင်တွယ်ပြီး လုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကလည်း နှလုံးသားထဲမှာ ရှိနေလိမ့်မယ်...'ကိုယ်တိုင်ချက်ပြုတ်တဲ့ အစားအစာက အမွှေးအကြိုင်ဆုံးဖြစ်တယ်' လို့လူတိုင်းပြောကြတယ်မလား“

ငယ်ငယ်ကတည်းက ရှုရှီတို့မိသားစုက သဘောထားကြီးပြီး သိက္ခာရှိစွာ ကြီးပြင်းလာခဲ့သာ်။ သူမမျက်နှာမှာ အတွေးတွေကို ထုတ်ဖော်မပြတတ်ပေမဲ့ ယခုအချိန်မှာ သူမ၏မျက်နှာက ငေးကြောင်နေသည့်ပုံစံ ပေါ်လာ၏။

"ဒီလိုလုပ်ရအောင်...ယောက်မကိုယ်တိုင် ချက်စားဖူးလား"

ရှုရှီက  ခေါင်းခါလိုက်သည်။

"ဒါဆိုယောက်မအမေက ယောက်မအတွက် ချက်ပေးဖူးလား"

ရှုရှီက  ခေါင်းခါပြန်သည်။

ကျန်းရှုယောင် ဆွံ့အသွားရပြီးမေးလိုက်
"ယောက်မရဲ့နို့ထိန်းကရော"

ရှုရှီက သေသေချာချာပြန်တွေးပြီး​ဖြေလိုက်၏။ "အင်း...ငယ်ငယ်က နေမကောင်းဖြစ်တုန်းက ငါ့နို့ထိန်းက ငါ့အတွက်ဆန်ပြုတ်လုပ်ခဲ့တယ်"

ယင်းကအချိန်တော်တော်ကြာနေပြီဖြစ်သဖြင့် ကျန်းရှုယောင် ဘာမှကိုမမေးနိုင်တော့လေရာ လက်လျှော့လိုက်ရသည်။သူမ တိုက်ရိုက်သာပြောလိုက်တော့၏။

"ငယ်ငယ်တုန်းက နေမကောင်းတုန်းက အမေက ကျွန်မအတွက် ချက်ပေးတယ်...ဒါပေမဲ့ စားကောင်းသောက်ဖွယ်လုပ်နည်းကို သူ မသိဘူ... အများဆုံး ရိုးရိုးဆန်ပြုလောက်ပဲ ...ဒါမှမဟုတ် ကြက်ဥပေါင်း...ကြက်ဥပေါင်းက အိုးထဲမှာ မွှေပြီး ဆားထည့် ပေါင်းစရာပဲလိုတယ်လေ... ဆန်ပြုတ်က ပိုရိုးရှင်းတယ်... ပါးပါးလှီးထားတဲ့ ဟင်းရွက်အရွက် နည်းနည်း ထည့်ပြီး ဆားနည်းနည်းထည့်ရုံပဲ...ပြီးရင် နှမ်းဆီနည်းနည်း စမ်းလိုက်တာ...ဒါပေမဲ့ ကျွန်မ အတွက်ကတော့ ဒီအစားအစာတွေက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲ"

“ကျွန်မ ကြီးပြင်းလာတော့ ဖျားတဲ့အခါ စားတဲ့ အစားအစာတွေအကြောင်း အမြဲတွေးခဲ့ပေမဲ့ အဲဒီတုန်းက စားခဲ့တဲ့ အရသာလိုမျိုး မရခဲ့ဘူး... အကောင်းဆုံယာဂုဆိုင်ကို သွားတုန်းကတောင် လိုချင်တာကို မရခဲ့ဘူး...အိမ်ပြန်ရောက်ပြီး အမေကိုယ်တိုင်လုပ်ထားတဲ့ဆန်ပြုတ် စားမှပဲ စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်မှာလေ"

ရှုရှီက  ငြိမ်သက်စွာ နားထောင်နေပြီး နားလည်ပုံရသည်။

"အဲဒါကြောင့် ကျွန်လုပ်ထားတဲ့ယာဂုက ကမ္ဘာမှာ အရသာအရှိဆုံးမဟုတ်ဘူး...အားယောင်က ကျွန်မဟင်းချက်နေတာကိုကြည့်ပြီး သူလိုချင်တာကို မြင်တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်...သူစိတ်အေးချမ်းသွားလို့ပေါ့ "

ထိုသို့ပြောပြီးနောက် ကျန်းရှုယောင်က ဓားကိုရုတ်တရက်ကောက်ယူလိုက်ပြီး ရှုရှီကို တုံ့ပြန်ချိန်မပေးဘဲ အသားကိုခုတ်ထစ်ပါတော့သည်။

ရှုရှီ လန့်သွားပြီး တိတ်တဆိတ် နောက်ပြန်ဆုတ်သွားသည် ။

ခုတ်ထစ်သည့် လုပ်ငန်းစဉ်သည် ဝက်သားကို အနည်းငယ် လေသလပ်နိုင်ပြီး အူမားမီအရသာကို ပိုမိုကောင်းမွန်စေကာ ဝက်သား၏ အသွင်အပြင်ကို ထိန်းသိမ်းထားသည်။ စက်နှင့်ကြိတ်ထားသည့် ဝက်သားလောက် မနူးညံပါချေ။

အသားအတွက် အဆီနှင့်အသာမျှတသည့် ဝက်ဗိုက်သားကို ရွေးချယ်ရသည်။ နူးညံ့သော အဖြူရောင်အဆီနှင့် အနီရောင်တောက်တောက် အသားများကို ဖြည်းညှင်းစွာ လှီးဖြတ်သည်။ အသားအဆာက ထူမည်၊ နူးညံ့မည်၊ ပျဥ်းတွဲတွဲမဖြစ်ပါချေ။

ကျန်းရှု​ယောင် မီးဖိုချောင်ထောင့်ရှိ အစိုဓာတ်ဆုံးရှုံးသွားသော ဂေါ်ဖီထုပ်ကို ခုတ်ထစ်ကာ အသားများ ရေအလွန်အကျွံထွက်ကာ အရသာကို ထိခိုက်ခြင်းမှ ကာကွယ်ရန် အစိုဓာတ်ကို ညှစ်ထုတ်လိုက်သည်။

အသားကို ခုတ်ထစ်ခြင်းသည် ကျွမ်းကျင်ပါက သင့်အား နာစေမည်မဟုတ်ပါချေ။ ခုတ်ထစ်ခြင်းလုပ်ငန်းစဉ်သည် စိတ်ပိုင်းဆိုင်ရာကို ဖိအားအလွန်လျော့စေသည်။အနည်း ဆူညံခြင်းတစ်ခုသာဖြစ်၏။

ဆူညံသံက စာကြည့်ခန်းထဲမှာရှိနေသည့် ရှဲ့ကျောက်နှင့်ရှဲ့ယောင်ကို စွဲဆောင်သွားသည်။ မီးဖိုချောင်တံခါးကနေ ခိုးကြည့်လိုက်သောအခါ ရှုရှီ အထဲမှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူတို့သည် အလွန်စိတ်ပျက်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်ရိပ်ပြကာ ပြန်ဆုတ်ရန် ကြံစည်ကြသည်။


ကျန်းရှုယောင် အဆာများကို ခုတ်ထစ်ပြီး ဟင်းခတ်အမွှေးအကြိုင်ထည့်နေသည်။ နှမ်းဆီအိုးကို ယူလိုက်သောအခါ မျက်လုံးထောင့်တွင် ပုံရိပ်သေးသေးလေးနှစ်ကောင် လွင့်ပျံပြေးသွားသည်ကိုမြင်လိုက်ရပြီး သူမသူတို့ကို ချက်ခြင်းတားလိုက်သည်။

ရှဲ့ကျောက် ကျန်းရှုယောင်ဆီက သူ့နာမည်ကိုခေါ်သံ ကြားသောအခါ ရပ်တန့်ကာ ရှုရှီကို ဂရုတစိုက် ကြည့်လိုက်သည်။

မမျှော်လင့်ဘဲ ရှုရှီက  သူတို့ကို ပျော်ပါးနေသည့်အတွက် အပြစ်မတင်ဘဲ သူတို့ကိုသာ ပြုံးပြလာ၏။

ရှဲ့ကျောက် သတ္တိရှိသွားသည်။ယင်းကိုမြင်သောအခါ မီးဖိုချောင်ထဲကို ပြေးဝင်သွားလိုက်၏။ ရှဲ့ယောင်ခမျာ သူ့ကို မထိန်းနိုင်ဘဲ သူ့နှုတ်ခမ်းများကိုသာ အကူအညီမဲ့စွာစုဝိုင်းလိုက်မိသည်။

"တတိယအဒေါ် ...ဘာလုပ်နေတာလဲ... အရသာရှိလား"

"ဖက်ထုပ်"

ကျန်းရှုယောင်ကဆိုလိုက်၏။

"မြန်မြန် လက်ဆေး... ဖက်ထုပ် အတူတူလုပ်ရအောင်"


Xxxxx