အပိုင်း ၅၃
Viewers 18k

Chapter 53
အညိုရောင်သကြားအအေးကိတ်နှင့် အနှစ်ခေါက်ဆွဲ



ကျန်းရှုယောင်က စာကို ပြီးအောင်ဖတ်သည်။ သူမက စာကိုခေါက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရှဲ့ရွှင်းကိုကြည့်၍ဆို၏။

"ရှင်ဘာလို့ ထူးဆန်းနေတာလဲ"
သူက အတင်းအဖျင်းပြောလေ့ရှိသူနှင့်မတူပေ။

ရှဲ့ရွှင်း မသက်မသာ ချောင်းဟန့်လိုက်သည်။

"ဘာမှ ကြီးကြီးကျယ်ကျယ် မရှိပါဘူး... စားသောက်ဆိုင် ဘယ်တော့ဖွင့်မလဲ မေးတာ"

ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး "ဒီစားသောက်ဆိုင်ကို ဆိပ်ကမ်းမှာဖွင့်မှာဆိုတော့ မျိုးရိုးမြင့်တွေကို မရောင်းဘူး...သူပါဝင်ချင်တယ်ဆိုရင်တော့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး"

"ဟုတ်တယ်...ဒါပေမဲ့ သူ့မှာ နှလုံးသားရှိတယ်"

ကျန်းရှုယောင်က ဘေးကလူတစ်ယောက်ကို စုတ့တံ၊ မှင်၊ စက္ကူနှင့် မှင်သွေးကျောက်တို့ကို ယူရန် ခိုင်းလိုက်သည်။

ရှဲ့ရွှင်း ကောချင်ရှုကို နားမလည်သလို ကျန်းရှုယောင် ထံသို့ ချဉ်းကပ်လာသည့် သူမ၏ ရည်ရွယ်ချက်ကိုလည်း နားမလည်ပေ။ စင်စစ်အားဖြင့် သူတို့နှစ်ယောက်လုံးက မတူညီသည့် စိတ်ထားတွေရှိကြပြီး သူငယ်ချင်းဖြစ်လာရန်က မဖြစ်နိုင်ပါချေ။

သူ သွေးရူးသွေးတန်း တွေးတောနေစဥ်မှာ ကျန်းရှုယောင်က ပြန်စာရေးပြီးနေပြီဖြစ်ကာ ရုတ်တရက် သက်ပြင်းချလိုက်သည်။

"ဘာဖြစ်တာလဲ"

ကျန်းရှုယောင်က မေးစေ့ကို ပွတ်ပြီး ညည်းညူလေသည်။

"ဘာမှမဟုတ်ပါဘူး...ကောသခင်မလေး မပါဝင်နိုင်တာကိုတွေးနေတာ...ကျွန်မအတွက်လည်း အတူတူပဲ မဟုတ်ဘူးလား...ဘဝမှာ ပထမဆုံးဆိုင်ဖွင့်ခဲ့ပေမဲ့ မတတ်နိုင်ခဲ့ဘူး"

ရှဲ့ရွှင်း သိချင်သွား၏။
"ဘာလို့မတတ်နိုင်တာလဲ"

ကျန်းရှုယောင်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးဆိုလေသည်။

"အယ်... သွားလို့ရတာလား"

"ရတယ်လေ... မင်းသွားချင်ရင် သွားလို့ရတယ်" ရှဲ့ရွှင်း နေ့ကို တွက်ကြည့်လိုက်သည်။

"ဆိုင်ဖွင့်တဲ့နေကျ ခဏနားပြီး မင်းနဲ့လိုက်ခဲ့မလားလို့"

"တကယ်လား"

ကျန်းရှုယောင် သူမ၏ မျက်လုံးများကို ပြူးကျယ်ကာ စိတ်လှုပ်ရှားစွာ ရှေ့သို့ တိုးလိုက်သည်။

"တကယ်ပေါ့... မင်းဘာမဆိုလုပ်လို့ရတယ်"

ရှဲ့ရွှင်း သူမကိုယခုလိုတွေ့လိုက်ရသည့်အခါ သူ့စိတ်တို့ အလွန်ကိုမှရွှင်ပြသွားရသည်။ သခင်မရှန်းယန်က အဘယ်ကြောင့် သူမသမီးကိုအလိုလိုက်ရသည်အား ကြိုက်လဲကို သူနားလည်သွား၏။ သူမ ပျော်ရွှင်စွာ ခုန်ပေါက်နေသည်ကို မြင်လိုက်ရသည့်အခါ သူလည်း ပျော်ရွှင်သလို သူမကို ပျော်ရွှင်အောင် ဆက်ထားနိုင်ချင်မိသည်။

"ဒါပေမဲ့..."

ကျန်းရှုယောင်က တွန့်ဆုတ်နေကာဆို၏။

"သိပ်မကောင်းမှာကို ကြောက်တယ်...ကျွန်မက မြို့စားရှဲ့အိမ်တော်ရဲ့ တတိယသခင်မလေ...ကျွန်မ ကောင်းကောင်းပြုမူရမယ်"

သူမသည် ရှေးလူကြီးများ၏ တွေးခေါ်ပုံနှင့် လိုက်လျောညီထွေဖြစ်အောင် စတင်ခဲ့ပြီး သူမ၏ကိုယ်ပိုင်အပြုအမူကို ဆန်းစစ်ခဲ့သည်။

ဤလက္ခဏာပေါ်လာသည်နှင့်တပြိုင်နက် ရှဲ့ရွှင်း တန်း နိုးကြားသွားရ၏။

"ဘာဖြစ်လဲ...မင်းက ငါ့မိန်းမ... ငါစိတ်ဆိုးဘူးလေ... ဒါကြောင့် တခြားသူတွေရဲ့ ပါးစပ်တွေကို ဂရုမစိုက်နဲ့"

ရှဲ့ရွှင်း သူ့လက်ကို ဆန့်ပြီး အစေခံကို သူ့အတွက် အအေးကိတ် နောက်တခွက် ယူလာခိုင်းလိုက်သည်။

ကျန်းရှုယောင်၏ စိတ်ဓာတ်ကျမှုက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမ သက်ပြင်းချရင်း ဆိုလိုက်၏။

"ရှဲ့ပေါယွမ်... ရှင်က အရမ်းကောင်းတာပဲ"

ဤချီးကျူးစကားက ကြားရသည်မှာ ထူးဆန်းသလို ခံစားရသဖြင့် ရှဲ့ရွှင်း "ဟမ်..." ဆိုပြီးနှုတ်ကထွက်လိုက်မိသည်။ ဤချီးကျူးမှုကို သူမျှော်လင့်မထားပေမဲ့ သူ့နှုတ်ခမ်းတွေက အပြုံးတစ်ဝက်နှင့် တင်းတင်းစေ့နေဆဲဖြစ်သည်။



နောက်တစ်နေ့တွင် လင်းချန် သူ့သူငယ်ချင်းများနှင့် အနားယူရန် စီစဉ်နေပြီး ရှဲ့ရွှင်း ကို မေးမြန်းသောအခါ ရှဲ့ရွှင်းက ခေါင်းယမ်းကာ ငြင်းဆိုခဲ့သည်။

"ပေါယွမ်... မင်း ပြောင်းလဲသွားပြီ"

လင်းချန် အသည်းကွဲနေကာဆို၏။
"မင်းလက်ထပ်ပြီးတာနဲ့ တခြားလူတစ်ယောက်လိုဖြစ်သွားတယ်... အလုပ်ပြီးရင် အမြန်ဆုံးထွက်ပြေးပြီး အပြင်ထွက်မပျော်ချင်တော့ဘူး... ငါတို့က သူငယ်ချင်းမဟုတ်တော့ဘူးကွာ"

ရှဲ့ရွှင်းက မထူးမခြားပုံစံဖြင့်ပင်ပြောလိုက်သည်။
"တစ်ယောက်တည်းဇာတ်ကမနေစမ်းနဲ့"

လင်းချန်က ညည်းညူညူဆိုလေ၏။
"ငါတို့ အခုတလော ပိုပိုပြီး ဝေးကွာလာတယ်လို့ ငါခံစားရတယ်ကွာ...အားလပ်ရက်မှာ မင်းအိမ်သွားရင် ပိုကောင်းမယ် မထင်ဘူးလား"

သူငယ်ချင်းတွေက တိတ်တိတ်လေးကြည့်နေသည်။ သူ့ကိုကိုယ်ကြည့် ကိုယ့်ကိုသူကြည့်ဖြင့် ချက်ချင်းပဲ "အစားအသောက်ဂုန်းဆင်းခြင်း" ဟူခေါ်သည့် ဘုံအတွေးတစ်ခု ပေါ်လာကြပြီး အားလုံးက "ဟုတ်တယ်...ဟုတ်တယ်"ဟုသံယောင်လိုက်ကြ၏။


"လင်းချန် ရဲ့ အဆိုပြုချက်က အရမ်းကောင်းတယ်လို့ ငါထင်တယ်"

"ဟုတ်တယ်...ဟုတ်တယ်"

ရှဲ့ရွှင်း ၏ မျက်လုံးများက ဤလူများအားပတ်စိုက်ကြည့်ကာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။သူတို့က သူ၏ကြီးကျယ်မြင်မြတ်သောအစ်ကိုကို ကြောက်ရွံ့ပြီး ယခင်က ဧည့်သည်အဖြစ် သူ့အိမ်ကို တစ်ခါမှ မလိုက်ဖူးကြပေ။

သူက ပြောလိုက်သည်။

"နောက်တစ်ခေါက်မှပေါ့... အားလပ်ရက်မှာ လုပ်စရာရှိသေးတယ်”

လူအုပ်ကြီးက သက်ပြင်းအနည်းငယ်ချပြီး စိတ်မကောင်းစွာ လူစုခွဲလိုက်ကြသည်။

ယင်းကို မြင်လိုက်ရသောအခါ ရှဲ့ရွှင်း၏ နှလုံးသား အနည်းငယ် တုန်လှုပ်သွားသည်။

လင်းချန်၏စကားများသည် မှန်နေပုံရသည်။ သူသည် သူ့သူငယ်ချင်းများနှင့် ဝေးကွာနေခဲ့သည်မှာ အမှန်ပင်။
(😂)

သူတို့က သူနှင့်ပိုအဆက်အဆံလုပ်ချင်ပေမဲ့ သူက ငြင်းခဲ့သည်။ သူတို့အတွက် ဤမျှ စိတ်ပျက်သွားရန်က သင့်လျော်၏။ သူ့အနေဖြင့် အနာဂတ်မှာ ပိုအာရုံစိုက်ရမည်။

လင်းချန်က ရှဲ့ရွှင်းဆီကို လျှောက်သွားပြီး တိုးတိုးတိတ်တိတ်မေးလိုက်သည်။
"ဘာလုပ်မှာလဲ"

ရှဲ့ရွှင်းကဆို၏။
"ငါ စားသောက်ဆိုင်ဖွင့်တာကို ကြည့်ဖို့ ငါမိန်းမနဲ့ အတူတူလိုက်ချင်လို့"

လင်းချန် အသက်ပြင်းပြင်းရှူပြီးမှ ပေါ့ပေါ့ပါးပါး မေးနေသလိုမျိုး သူကမေးလိုက်သည်။
"ဘယ်မှာလဲ"

"လင်းမိသားစု ဆိပ်ကမ်းမှာ"

လင်းချန်က ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ပြီးထွက်သွားခဲ့ကာ သူ့အမူအရာက အတန်ငယ် အောင်ပွဲခံနေသကဲ့သို့ပင်။

သူက ၎င်းကိုကြားသည့် တစ်ဦးတည်းသောသူ ဖြစ်သည်ဟု သူထင်ခဲ့သော်လည်း အလုပ်ထဲတွင် နှစ်မြှုပ်နေသော လုပ်ဖော်ကိုင်ဖက်များက နားရွက်ပြန်ချကာ တီးတိုးသဖန်းပိုးထိုးနေကြသည်။

“လင်းမိသားစုရဲ့ဆိပ်ကမ်းက ပေကျင်း အစွန်အဖျားရဲ့ အနောက်ဘက်ခြမ်းမှာမလား"

"မဖြစ်နိုင်ဘူး...အစားအသောက်ဝယ်ဖို့အတွက် ဆိပ်ကမ်းကိုသွားရမှာလား"

"ဟဲဟဲ ငါက ပိတ်ရက်ရှည်ကြီးမှာ မြို့ပြင်ကို သွားမှာ... ဖြတ်သွားလို့မရဘူးလား"

" လိုအပ်တယ်လို့ ငါမထင်ဘူး...ပေါယွမ်ရဲ့ အစားအစာတွေကို သူ့မိန်းမက ပြင်ပေးတာ... ဆိပ်ကမ်းမှာ ရောင်းတဲ့ လူကြမ်းတွေနဲ့ အရသာ အတူတူပဲလား"

"ဟုတ်တယ်"

စားဖို့ရာ ဆိပ်ကမ်းကို သွားရသည်က စျေးပေါလွန်း၍ ဘယ်တော့မှ မသွားဘူးဆိုပြီး လူတိုင်းက ဆွေးနွေးကြသည်။

ခဏအကြာတွင် လင်းချန် လုပ်ဖော်ကိုင်ဖက်များနှင့် တစ်ယောက်ပြီးတစ်ယောက် စကားပြောသောအခါတွင် သူတို့အားလုံးက ရုတ်တရက် တစ်စုံတစ်ခု ဖြစ်ခဲ့သဖြင့် အားလပ်ရက်များတွင် အတူတူ မဆုံနိုင်တော့ကြောင်း ပြောကြသည်။

ယင်းက လင်းချန် လိုချင်သလို အတိအကျပါပင်။ သူ့မျက်နှာမှာ ဝမ်းနည်းဟန်ဆောင်ပြီး နှလုံးသားထဲမှာ နှစ်ထောင်းအားရဖြစ်နေမိသည်။ သူ့စိတ်ထဲတွင် အရင်တစ်ခေါက် စားခဲ့သော ရှဲ့ရွှင်း၏ ဘဲသွေးကြာဇံဟင်းရည်နှင့် ပြည့်နေသည်။ စားသောက်ဆိုင်မှာ ရောင်းမလား မသေချာပေမယ့် စောင့်ဆိုင်းနေခဲ့၏။

အားလပ်ရက်မှာ ရာသီဥတုကသာယာသည်၊ နေရောင်က တောက်ပနေပြီး အပြာရောင်ကောင်းကင်ကြီးက အဝတ်လျှော်ရန် သင့်လျော်လေသည်။

မြို့ပြင်ကို တစ်ယောက်တည်းသွားမည်ဟု ပြောခဲ့သည့် လင်းချန်တစ်ယောက် ချည်ထည်အဝတ်အစားတွေဝတ်ပြီး မြစ်ဆိပ်မှာ ပေါ်လာ၏။

ရှဲ့ရွှင်းနှင့်တွေ့မှာကို ကြောက်သည့်အတွက် တမင်ဝတ်ထားခြင်းဖြစ်လေသည်။ လက်ရှိမှာ သူသည် ရုပ်ရည်သန့်ပြန့်သော စာပေ ပညာရှင်တစ်ယောက်ကဲ့သို့ လူအုပ်ကြီးထဲတွင် ရောထွေးနေသည်။

"ကိတ်မုန့်ရောင်းတဲ့ အမျိုးသမီးက ဒီနေ့ စားသောက်ဆိုင်ဖွင့်မယ်လို့ ပြောတာ မဟုတ်လား"

"ဟုတ်တယ်... အဖွားရဲ့ဆိုင်ပိတ်ပြီးကတည်းက အသားနှပ် မစားရတာ ရက်အတော်ကြာပြီ... ဘယ်လိုအရသာရှိလဲ သိချင်နေပြီ... စားသောက်ဆိုင်အသစ်က ဘယ်လိုအရသာရှိလဲတော့ မသိဘူး"

"သူတို့အားလုံး စားသောက်ဆိုင်ကို အလုပ်သွားလုပ်ကြတဲ့အတွက် အရသာက အရင်ကထက်တော့ ပိုဆိုးမှာမဟုတ်ဘူး"

လင်းချန် အလုပ်လုပ်နေသော လူနှစ်ယောက်နောက်သို့ လိုက်ကာ လူတန်းကြီးနှင့်ဘေးချင်ယှဥ်လျက် ဆိပ်ကမ်းနှင့် မဝေးသော လမ်းဘေးတစ်ဖက်ဆီသို့ လျှောက်သွားခဲ့သည်။

သခင်မရှန်းယန်က သေနတ်ပစ်ဖောက်(ကြေညာ)ထား၏။ ဖွင့်ပွဲပထမနေ့ပဲရှိသေးသည်ဆိုပေမဲ့ လူအုပ်ကမသေးလှပေ။

စားသောက်ဆိုင်သည် ဆိုင်မျက်နှာစာ လေးခုဖြင့် လမ်းမပေါ်တွင် နေရာအပြည့်ယူပြီး ချက်ချင်း ဖွင့်လှစ်ခဲ့သည်။ ဆိုင်ရှေ့တွင် စားပွဲများ၊ ကုလားထိုင်များပြည့်နေပြ "လင်း" ဆိုင်းဘုတ်က လေထဲမှာ လွင့်နေ၏။

လင်းချန် အနားကပ်သွားခဲ့ပြီး မွှေးရနံ့တစ်ခု သူ့နှာခေါင်းထဲသို့ စိမ့်ဝင်လာသည်။

လင်းမိသားစု၏ စားသောက်ဆိုင်သည် ပုံမှန်*စားသောက်ဆိုင်များနှင့် ကွဲပြားသည်။ ဟင်းလျာများ ကျွေးသည့်အခါ "အမြန်" ဟူသော စကားလုံးကို အာရုံစိုက်သည်။ *အစားအသောက်ဆိုင်တစ်ခုကဲ့သို့ပင် ဟင်းချက်နေစဉ်မှာ ရောင်းချရန် ဆိုင်ရှေ့ စားပွဲပေါ်မှာ အိုးများစွာ တင်ထားလေသည်။

တံခါးဝတွင် ကျယ်လောင်သော အသံတစ်သံက စျေးနှုန်းကိုအော်၊ ဟင်းအမည်ကို အလျင်အမြန် သတင်းပို့ကာ ထိုင်ခုံနေရာယူ၍ စားရန် အော်နေ သည်။

လင်းမိသားစုထဲက ယောက်ျားလေးတွေက ဘာလုပ်လုပ် အင်မတန် စည်းလုံးကြ၏။ ခဏအကြာတွင် ဆူညံနေသော လူအားလုံးကို ထိုင်ခုံနေရာယူရန် အမိန့်ပေးလိုက်သည်။ လင်းချန် ဝင်သွားပြီး စားပွဲထိုးလေးတစ်ယောက်က မီနူးကို မိတ်ဆက်ပေး၏။ သူ ဘာစားရမှန်း မသိပေ။

စားပွဲထိုးကလေးက လက်ကိုမြှောက်ပြီးလက်ညိုးထိုးပြသည်။

"ခေါက်ဆွဲတစ်ပွဲဆိုရင်ရော"

ဤဖောက်သည်သည် များများစားမည့်ပုံမပေါ်သည်ကို မြင်သောကြောင့် ထမင်းတစ်ပွဲသို့မဟုတ် မုန့်ပေါင်းနှင့် စွပ်ပြုတ်တို့ဖြင့် မိတ်ဆက်ပေးမည်မဟုတ်ပေ။

လင်းချန်က ခေါင်းညိတ်ပြပြီး ခေါက်ဆွဲကောင်တာရှေ့သို့ စားပွဲထိုးနောက်ကနေ လိုက်သွားခဲ့သည်။

ခေါက်ဆွဲလုပ်သူမှာ အနီးနားရှိ ဆိုင်တစ်ဆိုင်တွင် ခေါက်ဆွဲရောင်းသည့် အမျိုးသမီးဟောင်းဖြစ်သည်။ လင်းချန်၏မျက်နှာကို သူမမြင်လိုက်ရသောအခါတွင် သူမ၏လေသံက များစွာတိုးတက်လာခဲ့သည်။ သူမက ပြုံးပြီးမေး၏။

"ဘယ်လိုဆော့စ်မျိုးလိုချင်လဲ"

လင်းချန်က ကျပန်း ရွေးလိုက်ပြီး သူဌေးက ပြန်ဖြေသည်။ သူမ အနောက်ဘက်မှ ခေါက်ဆွဲပန်းကန်ကိုယူကာ ပြောင်လက်တောက်ပနေသော အဖြူရောင် ခေါက်ဆွဲပေါ်တွင် ဆူနေသောဟင်းရည်ယောက်ချိုဇွန်းတစ်ဇွန်း လောင်းထည့်ကာ လင်းချန် အား ပေးလိုက်သည်။

ခေါက်ဆွဲပန်းကန်က ပူနေတုန်းပင်၊လင်းချန် သေသေချာချာ ယူလိုက်၏။

ဤအချိန်မှာ လူသိပ်မရှိသေးပေ။လင်းချန် စားပွဲအလွတ်တစ်လုံးကို ရှာကာ ခေါက်ဆွဲ၏မွှေးရနံ့ကို ရှူရှိုက်ရင်း သူ့တူများကို ရွှေ့ရန် မစောင့်နိုင်တော့ပေ။

ဟင်းရည်သည် နီညိုရောင်၊ တောက်ပပြီး လျှံပယ်သည်။ ခေါက်ဆွဲက ဖြူတုတ်တုတ်ဖြစ်၏။ အဝါရောင်ဥများ၊ မှိုအမည်းရောင်နှင့် မှိုများ၊ မုန်လာဥနီ နှင့် နူးညံ့သော အဖြူရောင်တို့ဟူးတို့ကို ရောစပ်ထားပြီး ပန်းကန်လုံး၏ အရောင်အသွေး ကြွယ်ဝစေသည်။

တးများဖြင့် အညီအမျှမွှေပြီးနောက် ခေါက်ဆွဲပြုတ်က ပျစ်နေဆဲဖြစ်ပြီး မကျဲသွားသေးပါချေ။ ခေါက်ဆွဲများက အထူညီပြီး စွပ်ပြုတ်ဖြင့် တင်းကျပ်စွာထုပ်ထားသည်။

ပထမအကိုက်ပြီးနောက် ဟင်းရည်ပျစ်ပျစ်၏ အရေးပါမှုကို သူနားလည်လာသည်။ ဟင်းရည်က အရသာရှိပြီး အငန်က ခေါက်ဆွဲအတွက် သင့်တော်လေသည်။ အရသာက ပျစ်နှစ်ပြီး ချိုကာဆီမများပေ။


မီးအေးအေးဖြင့်တည်ထားသော မှိုများနှင့် ကြက်စွပ်ပြုတ်က အလွန်လတ်ဆတ်သောကြောင့် လူများ ၎င်းတို့၏လျှာကို မျိုချရန် မစောင့်နိုင်တော့ပေ။

ဟင်းရည်ထဲတွင် ပြန့်ကျဲနေသော ဥများက ပါးလွှာပြီး ပျော့ပြောင်းသည်။ အရသာက နူးညံ့၏။ အရသာက ပေါ့ပါးသောကြောင့် နီညိုရောင်ဟင်းရည်မှာ အထူးထင်ရှား၏။ ဝါးပြီးနောက် ဟင်းရည်ငန်ငန်တို့က ဥအတွင်းမှ လျှံထွက်လာသည်။ လတ်ဆတ်သော ခေါက်ဆွဲက ဝါးလိုက်သည်နှင့် အရသာပိုပိုရှိလာ၏။

ခေါက်ဆွဲကို ဘယ်လိုမုန့်သားနှယ်ထားလဲမသိပေ။ စေးကပ်ခြင်းမရှိဘဲ နူးညံ့ချောမွေ့ပြီး အရသာက ထူးခြားလေသည်။

ယခုလိုခေါက်ဆွဲမျိုးစားသည့်အခါ ကျက်သရေရှိရှိစားဖို့ရာ ခက်ပါ၏။ လင်းချန် သူ့ကိုယ်သူ ချုပ်တည်းထားဆဲဖြစ်သော်လည်း သူ့နောက်ကျောဘက်မှလူများသည် ခေါက်ဆွဲအလုတ်ကြီးများကို တူဖြင့် ပါးစပ်ထဲသို့ တိုက်ရိုက်သွတ်ကြသည်။

ဟင်းရည်ကျကျ ခပ်ပျစ်ပျစ်နှင့် ခေါက်ဆွဲကို ပါးစပ်ထဲတွင် ထည့်လိုက်သည်။ ယင်းက ပူပြီး လန်းဆန်းသွားစေ၏။ ဟင်းရည်ကျကျကို ငရုတ်ကောင်းဖြူဖြူတို့ ဖြူးထားသောကြောင့် အနည်းငယ်ထုံသည်။ ရှာလကာရည် အနည်းငယ် ရောပြီးနောက် တစ်ကိုက်ပြီးတစ်ကိုက်ဖြင့် ပါးစပ်ထောင့်များအထိ အရသာ စိမ့်ဝင်နေသဖြင့် လူများ လုံးဝမရပ်နိုင်ပါချေ။

လင်းချန် သူနှင့် မျက်နှာချင်းဆိုင်က လူတစ်ဦးကို သတိမထားမိဘဲ ပျော်ရွှင်စွာ စားသောက်နေ ခဲ့သည်။

မျက်နှာချင်းဆိုင်ကလူက စားနေရင်းနှင့်သူ့ကိုယ်သူပြောလေ၏။
"ဒီခေါက်ဆွဲထဲက ဟင်းရည်က အရမ်းအံဩစရာကောင်းတယ်... ရှီတာ့မှိုနဲ့ မှိုတွေက အရသာရှိတယ်... ကြက်ဥက ချိုတယ်... မျှစ်က လတ်ဆတ်တယ်... မှိုကလည်း လတ်ဆတ်တယ်... ဟင်းရည်ထဲက အသားနံ့က သိသိသာသာ ပုံမှန်ပါပဲ... ဒါပေမဲ့ ပါဝင်ပစ္စည်းတွေက ပုံမှန်မဟုတ်တဲ့ အရသာရှိတယ်...ဒီလူတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းက အဆုံးမရှိတဲ့ပုံပဲ"

ဒီအသံ၊ ဒီလေသံ၊ ဒီရင်းနှီးနေတဲ့ပေါက်ပေါက်ဖောက်သံ...

လင်းချန် မော့ကြည့်လိုက်သောအခါ စာအုပ်၏မူရင်းကော်ပီယူရန် စာအုပ်ဆိုင်သို့သွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောထားသည့် သူ့လုပ်ဖော်ကိုင်ဖက် လီဖူက သူ့ဘေးတွင်ထိုင်ကာ အရသာရှိသော ခေါက်ဆွဲထဲတွင် နှစ်မြှုပ်နေသည်ကို တွေ့လိုက်ရသည်။

သူ့မျက်လုံးများက အနောက်ချည်သားအင်္ကျီဝတ်ထားသည့် လီဖူကို စိုက်ကြည့်ပြီးနောက် သူဝတ်ထားသည်ကို ကြည့်လိုက်သည်။ အလွန်ကို တူပုံရသည်။

တစ်ဖက်ကလူက သူ့ကိုသတိမထားမိဘဲ ခေါက်ဆွဲစားနေဆဲဖြစ်၏။လင်းချန် သည်းမခံနိုင်တော့ဘဲ စားပွဲကို ခေါက်လိုက်သည်။

လီဖူတစ်ယောက် နားမလည်နိုင်စွာ မော့ကြည့်ပြီးနောက် အေးခဲသွားသည်။

သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မျက်လုံးပြူး ကြည့်ပြီးနောက် စကားလုံးသုံးလုံးကို ခြောက်ကပ်ကပ် ပြောလိုက်ကြသည်။
"တိုက်ဆိုင်လိုက်တာ"

အချင်းချင်း အကြိမ်အနည်းငယ် ပြုံးပြပြီး ခေါက်ဆွဲစားရန် ခေါင်းငုံ့ထားကြသည်။ ဤတစ်ကြိမ်တွင် လီဖူက သူ့အသံကို မျိုသိပ်ထားသည်။

အလုတ်အနည်းငယ်ပြီးနောက် လူတစ်ဦးက နံဘေးမှရောက်လာကာ အခြားသူများကို ဂရုမစိုက်ဘဲ ခေါက်ဆွဲကို တရှူးရှူးစားသည်။ သို့သော်လည်း လင်းချန်ရင်းနှီးပြီးသား အနက်ရောင် ဝတ်ရုံကို စိုက်ကြည့်ကာ နားမလည်နိုင်လောက်အောင် ထူးဆန်းသည့် အရာတစ်ခုကို ခံစားလိုက်ရသည်။

ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ထိုလူက သူ့ဝတ်ရုံနှင့် မခြားမနား ဝတ်ထားသည်ကို တွေ့လိုက်ရ၏။

အဝတ်အစားတွေကနေ ကြည့်လိုက်ပြီးနောက်...
သူ့အတန်းဖော်တွေနဲ့ အတူတူစုပြီး ကဗျာရေးချင်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မြင်းစီးမလိုက်ချင်တဲ့ သူ့လုပ်ဖော်ကိုင်ဖက် ကွမ်ယင်းမဟုတ်ဘူးလား...

လင်းချန် တန့်သွားသည်။ မျက်နှာချင်းဆိုင်က လီဖူသည် ထူးဆန်းစွာခံစားရပြီး သူ့ဘေးနားရှိလူကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

စားပွဲသည် ခဏမျှ တိတ်ဆိတ်သွားပြီး ကွမ်ယင်း ရပ်တန့်သွားသည်။ မော့ကြည့်လိုက်သည်နှင့် သူတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြ၏။

"..."

တိတ်ဆိတ်နေရင်း သူတို့သုံးယောက် တပြိုင်နက်တည်းစဥ်းစားကြသည်။ သူတို့သည် "သာမန်လူများ ဝတ်ဆင်သော မထင်မရှား ၀တ်စုံကို ရှာ"ဟူ၍ သူတို့၏ လက်အောက်ငယ်သားများအား ရှင်းရှင်းလင်းလင်း အမိန့်ပေးခဲ့သည်။ သူတို့သုံးယောက်ရဲ့အဝတ်အစားတွေက ဘာလို့တူနေတာလဲ...ဒီလို မထင်မရှားပုံစံက အိမ်တိုင်းမှာရှိတဲ့ လူတွေရဲ့အကြိုက်လား...


Xxxx