အပိုင်း ၅၄
Viewers 16k

Chapter 54
နှမ်းအနှစ်နှင့် ပူစပ်ခေါက်ဆွဲ



အရှေ့နန်းဆောင်မှ လုပ်ဖော်ကိုင်ဖက်အနည်းငယ်အပြင် မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် တမင်တကာ ၀တ်ဆင်ခဲ့ကြသော ရှဲ့ရွှင်း နှင့် ကျန်းရှုယောင် လည်း ၀တ်ဆင်ထားသည်။ မည်သို့ပင်ဖြစ်စေ ဆိပ်ကမ်းတွင် ပိုးဖဲဝတ်ရန် မသင့်တော်ပါချေ။

ကျန်းရှုယောင် ပိုင်ကျီကို ပိတ်ချောရှာရန် အထူးတလည်ပြောခဲ့ပြီး အရောင်ဖျော့သော ၀တ်စုံကို ပြုလုပ်ခဲ့သည်။ သူမ၏ဆံပင်ကို အဝတ်ဖြင့်ပတ်ထားပြီး၊ သူမ၏မျက်နှာက မည်သည့်မိတ်ကပ်မှမပါဘဲ ရိုးရိုးရှင်းရှင်းဖြစ်နေသည်။ သူမက လယ်သူမသတို့သမီးကဲ့သို့ဖြစ်နေသည်။

ရှဲ့ရွှင်း၏အဝတ်အစားများမှာ ရိုးရှင်းသည်။ နှစ်ယောက်သား ဘေးချင်းကပ် လျှောက်လာနေကြပြီး တစ်ချက်ကြည့်လိုက်လျှင် ရွာမှာ အချောဆုံးစာပေပညာရှင်က ရွာသူကြီး၏အလိုလိုခံရသော သမီးနှင့်လက်ထပ်ထားသလိုပါပင်။

ရာသီဥတုက အလွန်ပူပြီး နေရောင်ခြည်က ခန္ဓာကိုယ်ကို ပူလောင်စေသည်။ ဆိပ်ကမ်းရှိ လူကြမ်းများသည် သိက္ခာကို ဂရုမစိုက်ပေ။ အင်္ကျီတွေ ချွတ်ပြီး ကိုယ်တစ်ပိုင်းဗလာဖြင့် လမ်းမပေါ် လျှောက်သွားကြ၏။

သူတို့ဤသို့မရောက်ခင် ရှဲ့ရွှင်း ၎င်းကိုမမျှော်လင့်ထားခဲ့ပေ။ ချွေးများစိုရွှဲနေသည့် အင်္ကျီချွတ်အမျိုးသားတစ်စု သူ့ရှေ့မှာ ဖြတ်သွားနေသည်ကို တွေ့လိုက်ရသည့်အခါ ရုတ်တရက် သတိများနိုးကြားလာသည်။

သူ့ဇနီးကို မယုံခြင်းမဟုတ်ပေမဲ့ ကျန်းရှုယောင်၏ အရင်ကောလဟာလတွေက အတုအယောင်တွေ မဟုတ်ပါချေ။သူမက ယောက်ျားတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးမထိန်းချုပ်နိုင်ပေ။

သံသယဖြစ်ပုံမပေါ်စေရန်အတွက် ရှဲ့ရွှင်း တိတ်တဆိတ် မျက်လုံးစောင်းပြီး ကျန်းရှုယောင် ကို မျက်လုံးထောင့်မှ ခိုးကြည့်ခဲ့သည်။

သူမ ယောက်ျားတွေကို မကြည့်လျှင် အဆင်ပြေပါသည်။သို့ရာတွင် သူ မြင်မြင်ချင်း မကျေမနပ်ဖြစ်သွားရ၏။ ကျန်းရှုယောင်၏ မျက်လုံးတွေက ထိုလူတွေအပေါ်ပဲ ကျရောက်နေသည်။

ယင်းက ကျန်းရှုယောင်၏ အပြစ်မဟုတ်ပေ။
ဗလာကျင်းနေသော ကျောပြင်များဖြင့် အားကောင်းမောင်းသန် အမျိုးသားအဖွဲ့က သူမရှေ့သို့ လျှောက်လာခဲ့သည်။ ကြေးနီရောင်အသားအရည်များစွာရှိပြီး သူမ ၎င်းကို မသိစိတ်မှ လှမ်းကြည့်မိခဲ့သည်။ တကယ်က တဏှာနှင့် ဘာမှမဆိုင်ပေ။

ရှဲ့ရွှင်း ချောင်းဟန့်လိုက်သည်။

ကျန်းရှုယောင်က သူ့ကို လှည့်ကြည့်လာသည်။

ရှဲ့ရွှင်းခံစားရ ပိုကောင်းလာသည်။သူက မွေးကတည်းက ချောမောမှန်း သူ၏။ သူ့အသွင်အပြင်ကို အရင်က ဂရုမစိုက်ဖူးပေမဲ့ အခုအချိန်မှာ ယင်းက သူ့ကို ယုံကြည်မှုတွေ ရှိလာစေခဲ့သည်။

သူတို့ကိုမကြည့်နဲ့...ငါ့ကိုပဲကြည့်...

သူထိုသို့တွေးနေပေမဲ့လည်း သူ့မျက်နှာက စားသောက်ဆိုင်ဖွင့်သည်ကို လာကြည့်ခြင်းမဟုတ်ဘဲ အကြွေးလာတောင်းသလိုမျိုး တင်းမာနေ၏။

သူ့ကို ထိုသို့မြင်လိုက်ရသောအခါ ကျန်းရှုယောင်က ဘာဖြစ်နေတာလဲဟု မေးတော့မလိုပြုပေမဲ့ အင်္ကျီဗလာဖြင့် ယောက်ျားများက သူမမျက်လုံးရှေ့မှာ ဖြတ်သွားသောအခါ သူမ၏ မျက်လုံးတွေက မသိစိတ်ကနေ လွင့်ပျံပြေးသွားပြန်သည်.....

ရှဲ့ရွှင်း: ! ! !

"အဟွတ်... အဟွတ် "

သူလက်သီးကို တင်းတင်းဆုပ်ပြီး ကျယ်လောင်စွာ ချောင်းဆိုးခဲ့သည်။

ကျန်းရှုယောင် လန့်သွားပြီးမေးလိုက်၏။
"အဆင်ပြေရဲ့လား...ဘယ်လိုဖြစ်တာလဲ ...ချောင်းတွေတအားဆိုးနေတယ်"

ရှဲ့ရွှင်း သူ့လက်တွေကို ချလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် တွန်းအားပေးလိုက်သည်။

“ဘာမှ မဖြစ်ဘူး”

သူပြောပြီးသည်နှင့် အင်္ကျီမပါသော အခြားယောကျာ်းတစ်အုပ်က ဖြတ်သွားကြသည်။

ဒေါသများက သူ့နှလုံးသားကို ဆောင့်တိုးနေ၏။  ဒီလူအုပ်က ဘာဖြစ်နေတာလဲ... တကယ်ကြီး တအား ပူနေတာလား...နွေရာသီတောင်မရောက်သေးဘူး...

သူက လမ်းလျှောက်နေသော လေအေးပေးစက်ကဲ့သို့ အေးစက်သောလေကို တပြင်လုံးကို ဖြန့်ထုတ်နေသည်။ ကျန်းရှုယောင်က သတိမထားမိပေမဲ့ ကိတ်မုန့်ရောင်းသည့်အစ်မကြီးက ရယ်မောလိုက်၏။

ရယ်မောသံကိုကြား​ပြီး ကျန်းရှုယောင် ကိတ်မုန့်ဆိုင်ရှိ အမျိုးသမီးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

အမျိုးသမီးက သူမကို မျက်ရိပ်ပြပြီး ရှဲ့ရွှင်းကိုကြည့်ကာ ၎င်းနောက် အင်္ကျီမပါသော အမျိုးသားတစ်အုပ်ကို ကြည့်လိုက်သည်။ ကျန်းရှုယောင် ခဏလောက် အံ့အားသင့်သွားပြီး နောက်မှ တုံ့ပြန်လိုက်သည်။ ရှဲ့ရွှင်းစိတ်တိုနေတာ ဖြစ်နိုင်လား...

သူက ဒီလူတွေကို စက်ဆုပ်စရာလို့ ထင်နေတာလား... ဒါမှမဟုတ် သာမန်လူတွေရဲ့ ဂရုမစိုက်မှုကိူ ရွံရှာစရာပုံပေါက်နေလို့လား...

"ရှဲ့ပေါယွမ်"
ရှဲ့ရွှင်းကို စိတ်ကျေနပ်အောင်လုပ်ရန် ဆုံးဖြတ်ပြီးကတည်းက သူ့နာမည်ပြောင်ကိုခေါ်ခဲ့ပေမဲ့ ဤနာမည်က ရှဲ့ရွှင်း၏နားထဲမှာ ရင်းနှီးပုံပေါက်နေမှန်း သူမမသိခဲ့ပါချေ။

ရင်းနှီးသော သူငယ်ချင်းများနှင့် လူကြီးများကသာ သူ့ကို နာမည်ပြောင်ဖြင့် ခေါ်လေ့ရှိသောကြောင့် သူမ သူ့ကို ခေါ်တိုင်း ရှဲ့ရွှင်း သူတို့နှစ်ဦးကြားတွင် ယောင်ဝါးဝါး သိမ်မွေ့ညံ့သက်သော ရင်းနှီးမှုကို ခံစားခဲ့ရသည်။

"ဟင်"

သူ့အမူအရာ ငြိမ်သက်သွားပြီး သူမကို လှည့်ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်နော် "
ကျန်းရှုယောင်က စိတ်ရင်းဖြင့် ဆိုလိုက်၏။

"သာမန်မျိုးရိုးမြင့်ယောက်ျားက သူ့ရဲ့ တရားဝင်လက်ထပ်ပြီးသားဇနီးသည်ကို ဒီနေရာတွေကို လာခွင့်ပေးချင်မှာမဟုတ်ပေမဲ့ ရှင်က ကျွန်မကို ဒီကို ကိုယ်တိုင်လာခေါ်ခဲ့တယ်"

သူမက အလွန်ရိုးရှင်းပြီး ကျေးလက်ဆန်စွာ ၀တ်စားဆင်ယင်ထားသည်မှာ သိသာထင်ရှားသော်လည်း သူမ၏မျက်လုံးများသည် ပို၍ပို၍လှပလာသည်။ ရှဲ့ရွှင်း ခုနကယောကျာ်းအုပ်စုကို ယခုမှပင် နားလည်သွားသည်။ ယနေ့ က အလွန်ပူ၏။ ပူလွန်း၍ သူ့ တကိုယ်လုံး ချွေးတွေထွက်ပြီး မျက်နှာများနီရဲသွားရသည်။

ထိုအချိန်တွင် ကလေးတစ်စု လက်ထဲတွင် ငါးတောင်းများကိုင်ကာ လမ်းအဆုံးမှ ပြေးလာကြသည်။ သူတို့သည် အချင်းချင်း လိုက်ဖမ်း၍ လေပြင်းမုန်တိုင်းကဲ့သို့ အော်ဟစ်ကြသည်။

လမ်းပေါ်ရှိ လမ်းသွာလမ်းလာတစ်ယောက်မှာ မရှောင်လိုက်နိုင်ပေ။ သူက အတိုးခံလိုက်ရပေမဲ့ ပြုံးပြုံးရွှင်ရွှင်ဆိုလေ၏။

"ဟေးယု... မင်း တရှန်းရဲ့ခြင်းတောင်းကို ထပ်ပြီး လုပြန်ပြီလား... မင်းအဖေက မင်းကို ဘယ်လို သန့်စင်ပေးမလဲဆိုတာ ကြည့်ရအောင်"

သူတို့က ဆောင့်နေ ခုန်နေကျဖြစ်ပေမဲ့ ကျန်းရှုယောင်က မတူပါချေ။

ထိုအကြောင်းကို တွေးတောင်မတွေးဘဲ ရှဲ့ရွှင်း ချက်ချင်းလက်ဆန့်ကာ ကျန်းရှုယောင်၏ ၏လက်ကောက်ဝတ်ကိုဆွဲ၍ သူ့ဘေးသို့ဆွဲခေါ် လိုက်သည်။

ကျန်းရှုယောင် အငိုက်မိသွားခဲ့သည်။သူမ မြဲမြဲမရပ်နိုင်ဘဲ သူမနဖူးက သူ့ပခုံးကို တိုက်မိသွားပြီး တရှူးရှူးတရှဲရှဲဖြင့် နာကျင်နေသည်။

ရှဲ့ရွှင်း လန့်သွားသည်။ သူမဒေါသထွက်မှာကြောက်ပြီး “နာလား” ဟု မေးလိုက်၏။

ကျန်းရှုယောင်၏နဖူးက သူ့ပခုံးနှင့် ဖိထားဆဲဖြစ်ပြီး ချက်ချင်းပြန်မဖြေသောအခါ ရှဲ့ရွီင်းထိတ်လန့်သွားသည်။ တောင်းပန်ခါနီးတွင် သူ့ပခုံးမှ ရုတ်တရတ် တုန်သွားသည်ကို ခံစားရသည်။

ကျန်းရှုယောင်၏ ရယ်သံများမှာ တဖြည်းဖြည်း ကျယ်လာကာ သူမက တသိမ့်သိမ့်တုန်ရင်း ပြုံး၍ဆိုသည်။

"ဘာကို ဒီလောက် ကြောက်နေတာလဲ...ကျွန်မက ကြွေနဲ့ လုပ်ထားမဟုတ်ပါဘူးနော်...ကဲကဲပိုနေတာကို"
သူမက မော့ကြည့်ပြီး သူ့ကို ပြုံးပြလိုက်သည်။

ရှဲ့ရွှင်း တစ်ခုခုမှားနေပြီဆိုသည်ကို သဘောပေါက်သွား၏။ သူ မော့ကြည့်လိုက်သောအခါ အားလုံးက သူတို့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရတသည်။ခုနက ခုန်ပေါက်နေသည့် ကလေးလေးတောင် ရပ်ပြီး သူတို့ကို စိုက်ကြည့်နေ၏။

သူ့မျက်နှာက ပူလာသည်။ သူ ကျန်းရှုယောင်ကို ဆွဲခေါ်ပြီး အမြန်ထွက်လာခဲ့၏။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူက ကျောက်စိမ်းကဲ့သို့ သွယ်လျ ပျော့ပျောင်းပြီး နွေးထွေးသော အရာတစ်ခုကို ဆွဲနေပုံရသည်ကို သူသတိထားမိလိုက်သည်...

ကျန်းရှုယောင်ရဲ့ လက်ကောက်ဝတ်...

ရှဲ့ရွှင်း၏ လက်ဖဝါးသည် ရုတ်တရက် ပူလာပြီး နာကျင်လာသည်။ သူ့ညာလက်က အေးခဲသွားသလို ခံစားလိုက်ရပြီး လွှတ်မချနိုင်တော့ပေ။ သူ၏ဆုပ်ထားသောလက်ချောင်းများက ပွင့်မလာခဲ့။

ကျန်းရှုယောင်လည်း ရှဲ့ရွှင်းသူမ၏ လက်ကောက်ဝတ်ကို ကိုင်ကာ တစ်လမ်းလုံးလျှောက်လာခဲ့သည်ကို အံ့သြသွားခဲ့သည်။ သူ့ကိုသတိပေးချင်သော်လည်း စကားကပြောမထွက်နိုင်။ သူမ၏သတိပေးချက်က တမင်တကာဖြစ်လွန်းနေပုံရမည်ကို သူမစိုးရိမ်သည်။

သူမ ခေါင်းကို မော့ပြီး ရှဲ့ရွှင်း၏ နောက်ကျောကို တိတ်တဆိတ် ကြည့်လိုက်၏။အရပ်နည်းနည်းပိုမြင့်လာဟန်ရှိကာ ဆယ်ကျော်သက်အရွယ်ကောင်လေးကနေ ယောက်ျားတစ်ယောက်ဖြစ်လာသလို သူမ ခံစားရသည်။

သူမလက်ကောက်ဝတ်ကို ကိုင်ထားသည့် သူ့ညာလက်က နွေးထွေးပြီး သန်မာနေသလို ခံစားရ၏။ သူဆီကနေ ယခုလို ချုပ်နှောင်ခံထားရသည်က ခံစား၍ကောင်းလေသည်။

နောက်ဆုံးတွင် သူတို့နှစ်ဦးသည် လင်းမိသားစု၏ စားသောက်ဆိုင်ကို တွေ့ရှိခဲ့ကြသည်။ လမ်းမှာ လူတွေနှင့်စည်ကားနေ၏။ တချို့ ယောက်ျားလေးတွေက ထိုင်စားရတာ မကြိုက်ပေ။ ခေါက်ဆွဲတစ်ပန်းကန်ကို ရိုးရိုးရှင်းရှင်းပဲ မှာပြီး လမ်းဘေးမှာ ငုတ်တုတ်ထိုင်စားနေကြသဖြင့် ပို၍ပင် စည်ကားလာစေသည်။

မိန်းမပျိုလေးတစ်ယောက် ဤနေရာမှာ ပေါ်လာသည်က ထူးဆန်းလေသည်။

တစ်စုံတစ်ယောက်၏ မျက်လုံးများသည် ကျန်းရှုယောင်ကို စိုက်ကြည့်လာသည်။ ရှဲ့ရွှင်းက သူ့လက်ကို တင်းကျပ်လိုက်ပြီး ကျန်းရှုယောင်ကို မြဲမြဲ ဆွဲခေါ်လိုက်သည်။ သူဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး တခြားသူတွေ၏အမြင်ကနေ သူမကို ဖုံးကွယ်ရန် ခေါင်းစည်းပဝါကို ရှေ့သို့ဆွဲထုတ်လိုက်၏။

သူ၏ လှုပ်ရှားမှုများသည် သဘာဝကျကျနှင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်။

"စီးပွားရေးကောင်းနေတာမလို စိတ်မပူပါနဲ့"
ရှဲ့ရွှင်းက ပြောသည်။

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး
"သူတို့တွေ ပျော်ပျော်ပါးပါး စားသောက်နေတာကို တွေ့ရတော့ ပျော်တယ်"

ရှဲ့ရွှင်း ပေါ့ပေါ့ပါးပါး ခပ်ဖွဖွရယ်ပြီး သူမကို အရိပ်တစ်ခုဆီ ခေါ်သွားကာဆို၏။
"အရသာမြည်းချင်လား"

"အွန်းပေါ့.. သူတို့ဘယ်လိုလုပ်နေတယ်၊ ​​ကျွန်မရဲ့အလွန်အမင်း စေ့စပ်သေချာတဲ့ ချက်ပြုတ်နည်းတွေကို ဖြုန်းတီးနေသလားဆိုတာ ကြည့်ရမယ်"

နှစ်ယောက်သား ခေါက်ဆွဲဆိုင်သို့ ရောက်သောအခါ ကျန်းရှုယောင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လင်းရှီက  စာထဲတွင် ဖော်ပြထားသော အစီအစဉ်များအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ထိုမျှတင်မကဘဲ သူမက ပိုကောင်းမွန်အောင်လည်းလုပ်ခဲ့၏။အဆင့်မြင်ထားသောနည်းလမ်းက ဤရှေးခေတ်စားသောက်ဆိုင်များအတွက် ပိုမိုသင့်လျော်သည်။

ရှဲ့ရွှင်းအတွက်ပါအပါအဝင် "ရယ်ကန်းမြန့် " သို့မဟုတ် ပူစပ်ခေါက်ဆွဲ နှစ်ပန်းကန်ကို သူမမှာကြားခဲ့သည်။

ခေါက်ဆွဲခြောက်က အယ်လ်ကာလိုင်းခေါက်ဆွဲဖြစ်သောကြောင့် သာမာန်ခေါက်ဆွဲကြော်များနှင့် မတူပါချေ။ သစ်ကြံပိုးခေါက် ပြာမှုန့်ကို ထင်းရှူးသစ်သားပေါ်တွင် တင်ထားပြီး ဆူပွက်နေသောရေဖြင့် အကြိမ်များစွာ စစ်ထုတ်ခြင်းဖြင့် သဘာဝ အယ်ကာလိုင်းရေကို ရရှိသည်။ ဤကဲ့သို့ပြုလုပ်ထားသည့် အယ်ကာလိုင်းခေါက်ဆွဲများသည် သိမ်းဆည်းရလွယ်ကူသည့်အပြင် စားသည့်အခါတွင်လည်း ပေါ့ပါးပြီး အယ်ကာလိုင်းရနံ့ရှိသည်။

ခေါက်ဆွဲတွေကို ရေဆေးပြီး ဆီလူးပြီးနောက် ဘေးဖယ်ထားလိုက်၏။ ဧည့်သည်များ ရောက်ရှိလာသောအခါ ထမင်းချက်မှ ခေါက်ဆွဲခြောက်များကို ရေနွေးပူပူတွင် အမြန်ပြုတ်ပြီး လက်ကောက်ဝတ်ကို လှုပ်ခါကာ ရေဆေး၊ ဇလုံတစ်လုံးထဲတွင် ထည့်၍ အစပ်ဆီ၊ အုန်းဆီ၊ ရှာလကာရည်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူရည် စသည်ဖြင့် ရောနယ်ပေးသည်။ အကောင်းဆုံး နှမ်းဆော့စ်၊အခွံခွာထားသော မုန်လာဥနီ၊ ပါးပါးလှီးထားသော နွေကြက်သွန် စသည့် အမျိုးမျိုးဖြင့်ဟင်းခတ်ပါဝင်ပစ္စည်းများထည့်လိုက်လျှင် ရိုးရှင်းသော်လည်း ရှုပ်ထွေးသည့် ပူစပ်ခေါက်ဆွဲ အဆင်သင့်ဖြစ်ပါပြီ။

ဟင်းခတ်စရိတ်အနည်းငယ်မြင့်သောကြောင့် ပူစပ်ခေါက်ဆွဲကို အသားခေါက်ဆွဲ ဈေးဖြင့်ရောင်းချသည်။ သို့သော်လည်း ဆိပ်ကမ်းလုပ်သားများက ငွေကြေးပြတ်လတ်မနေကြလေရာ နေ့လယ်စာအတွက် ပေးဆောင်ရန် မတွန့်တိုကြပေ။ တစ်ပန်းကန်လောက်လာစားကြည့်သူက မနည်းလှချေ။

ရှဲ့ရွှင်း သူတို့၏ပန်းကန်များကိုယူကာ သူတို့ထိုင်ရန် လုံလောက်သည့် ကြီးမားသည့်ထောင့်ရှိ စားပွဲငယ်လေးကို ရွေးလိုက်သည်။

ခေါက်ဆွဲက သွယ်လျပြီး အဝါရောင်ရှိသည်။ နှမ်းဆော့စ်က ဆီကဲ့သို့တောက်ပြောင်နေ၏။ လှီးထားသောမုန်လာဥက လိမ္မော်ရောင်တောက်တောက်ဖြစ်ပြီး နွေကြက်သွန်က အစိမ်းရောင်ဖြစ်လေသည်။ အနည်းငယ်မွှေပေးခြင်းဖြင့် ခေါက်ဆွဲထဲသို့ နှမ်းဆော့စ်များ ရောနှောသွားပြီး ပူစပ်စပ်နှမ်းဆော့စ်၏ မွှေးရနံ့က တဖြည်းဖြည်း လျှံတက်လာခဲ့သည်။

ခေါက်ဆွဲများက ချောမွေ့နေပြီး ရေအေးဖြင့် ဆေးကြောပြီးနောက် ဆီလူးထားသောကြောင့် အလွန်ဝါးရစေသည်။ ခေါက်ဆွဲကို နှမ်းဆော့စ်များဖြင့်ထုပ်ပိုးထား၏။ ခေါက်ဆွဲတစ်လုတ်သည် နှမ်းအရသာ အပြည့်ရှိပြီး နူးညံ့ပျစ်နှစ်ကာ ကြာရှည်စွာ အရသာစွဲကျန်သည်။ ပူစပ်ခေါက်ဆွဲပေါ်ရှိအနည်းငယ်သက်သော နှမ်းဆော့စ်က ယင်းကိုအရသာရှိစေပြီး အတော်လေးစပ်သော်လည်း ချိုပြီး မွှေးသည်။

ကိုက်လိုက်တိုင်း နှမ်းရနံ့ ထွက်လာ၏။ဆော့စ်ကပျစ်ပြီး အနည်းငယ် စေးကပ်ပေမဲ့ ခေါက်ဆွဲက ချောမွေ့ပြီး လန်းဆန်းစေသည်။ မုန်လာဥတုံးလေးများက ချိုသည်၊ ပဲစေ့များက အနည်းငယ်ချဉ်သည်။ အရံဟင်းခတ်များက ကြွပ်ဆတ်ကာလတ်ဆတ်ပြီး အီစိမ့်ခြင်းလုံးဝမရှိပေ။


ပူစပ်ခေါက်ဆွဲကို မြန်မြန်စား၍မရပါဘဲ ခံတွင်းထဲမှာ မွှေးပျံ့သည့်ရနံ့တည်ရှိစေရန် အချိန်အတော်ကြာအောင် စောင့်ရသည်။ ပါးစပ်ထဲမှာ ဖြည်းဖြည်းချင်းဝါးပြီး သေချာ အရသာခံရန် မစောင့်နိုင်တော့ပေ။

သို့ရာတွင် ဤခေါက်ဆွဲတစ်ပွဲက အလွန်အရသာရှိပြီး ငန်ငန်စပ်စပ်နှင့် လန်းဆန်းသွားစေ၏။ ကိုက်လိုက်တိုင်း နှမ်းဆော့စ်အစစ်အမှန်ကို မြည်းစမ်းနိုင်သည်။ သင်းပျံ့သောရနံ့က လူတို့ကို ရိုးရှင်းပြီး လက်တွေ့ကျကျ ခံစားရစေသည်။ အလွန်ကျေနပ်စရာကောင်းပြီး အလောတကြီး မျိုချချင်မိစရာကောင်း၏။

ရှဲ့ရွှင်း သူ့ပူစပ်ခေါက်ဆွဲပန်းကန်ကို မြန်မြန်စားခဲ့ပြီး ကျန်းရှုယောင်က သူနှင့်ပမာဏ တူညီသော်လည်း သူမဟာကို မကုန်ခဲ့ပေ။ ၎င်းကို မြင်သောအခါ သူမကမေးလိုက်၏။

"တစ်ဝက်လောက် ယူပေးလို့ရမလား"

၎င်းနောက်မှာ ရှဲ့ရွှင်းက သူမ၏ အကျန်တွေကို မကြိုက်မှာကို စိုးရိမ်မိလာသည်။အမှန်တွင် ဤခေတ်မှာ အများသုံးတူများကို ဟင်းနှိုက်ရန် အသုံးပြုကြပြီး ရှဲ့ရွှင်းက သိမ်မွေ့ပြီး လှပသည့် ရုပ်ရည်နှင့် မျိုးရိုးမြင့်သခင်လေးတစ်ယောက်ဖြစ်၏။

မျိုးရိုးမြင့်သခင်လေးရှဲ့ရွှင်းတစ်ယောက် ဆိပ်ကမ်းတွင် မုန်တိုင်းကို ရှူရှိုက်လိုက်ပုံရသည်။ သူမစကားကြားသောအခါ သူက အလွန့်အလွန်ကိုလျှင်မြန်စွာတုံ့ပြန်ခဲ့ပြီး သူ့ပန်းကန်ကို သူမရှေ့တွန်းပို့လိုက်သည်။

ကျန်းရှုယောင် :...

သူမ ပန်းကန်လုံးတစ်ဝက်ကို ရှဲ့ရွှင်းထဲသို့ အပေါ်ယံသဲ့ ခွဲပေး လိုက်ပြီး ရှဲ့ရွှင်းက ခေါင်း ဆက်ငုံ့ကာ နောက်ကလူလိုက်သလို စားပါတော့၏။

ဘေးမှာ အနားယူနေသည့် ထမင်းချက်က လှောင်ပြောင်လေသည်။

"ဒီစာပေပညာရှင်က အရမ်းစားတာပဲ"

အစားအသောက် ပမာဏကို ကြည့်လျှင် မိန်းမပျိုလေး၏မိသားစုက မြို့ထဲမှာ ချမ်းသာသည့် မိသားစု ဖြစ်ရမည်။ သို့သော် ဤပညာရှင်က အလွန်လှပသည်။ သူ့ကို ထောက်ပံ့ရန် ငွေပိုသုံးရသည်ကလည်း ထိုက်တန်ပါ၏။

ကမ္ဘာပေါ်တွင် အချမ်းသာဆုံးမိသားစုဖြစ်သည့် လင်းမျိုးနွယ်၏သမီး ကျန်းရှုယောင်ကမူ မေးစေ့ထောက်ကာ ရှဲ့ရွှင်း ခေါက်ဆွဲကို သန့်ရှင်းသပ်ရပ်စွာစားနေသည်ကို ကြည့်ကာ ကျေနပ်နေခဲ့သည်။

ရှဲ့ရွှင်း သူ့တူနှင့် ပန်းကန်ဘေးတွင်ကပ်နေသော နှမ်းဆော့စ်ကို ခြစ်ချင်သော်လည်း ကျန်းရှုယောင် ထိုနေရာတွင် ရှိနေသောကြောင့် သူ့ဗီဇကို ချက်ခြင်း ငြင်းဆန်လိုက်သည်။

စားပြီးသည်နှင့် သူက ရှင်းမပြနိုင်လောက်အောင် မကျေမနပ်ဖြစ်ပြီးပြောလိုက်၏။

"မင်းအိမ်တော်မှာ ဒီလိုခေါက်ဆွဲမျိုး တစ်ခါမှ မလုပ်ဖူးဘူး"

သူ၏မှိုင်းတိုင်းတိုင်းလေသံက သူ့ကို ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေပုံရစေသည်။

"မလုပ်ဖူးတာတွေ အများကြီးရှိတယ်...နောက်မှ ဖြည်းဖြည်းချင်းလုပ်မယ်"

ကျန်းရှုယောင်က ပြန်ဖြေသည်။

ကောင်းပြီ _ ရှဲ့ရွှင်း ကျေနပ်သွား၏။ သူက ကျန်းရှုယောင်နှင့်အတူ တစ်သက်လုံးနေချင်သည့်အတွက် ဤအရာများကို အဘယ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမည်နည်း။

ကျန်းရှုယောင် ထရန်စောင့်နေသော်လည်း ရုတ်တရက် လူအုပ်ထံမှ အသံတစ်ခုကိုကြားလိုက်ရသည်။

အနီးကပ်ကြည့်လိုက်သောအခါ ထက်မြက်ပြီး ရက်ရောသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ လင်းရှီကလွဲ၍ မည်သူဖြစ်မည်နည်။

သူမ ဤလောကကို ရောက်လာကတည်းက ကျန်းရှုယောင် လင်းရှီကို အပေါ်ယံမှာ ကူကယ်ရာမဲ့နေသော မိန်းမတစ်ယောက်ဟုထင်ရပေမဲ့ ဒေါသနှင့်မကျေနပ်မှုတွေ ပြည့်နှက်နေသည့်ပုံစံပဲမြင်ခဲ့ရသည်။ ယခုလို တစ်ညလုံး ပွင့်နေသောပျိုးနီပန်းများ ကဲ့သို့ ရွှင်လန်းတက်ကြွမှုအပြည့်နှင့် တစ်ခါမှမမြင်ခဲ့ဖူးပေ။

သူမက စားသောက်ဆိုင်ထဲသို့ ကြမ်းတမ်းစွာ ဝင်သွားကာ ကိုယ်ဝန်ဆောင်ဗိုက်ကို ကိုင်၍ ကျယ်လောင်စွာ ရယ်မောရင်း ဘဏ္ဍာစိုးအားဆို၏။ "ဟုတ်တယ်...ဟုတ်တယ်... ငါ့သမီးက အရည်အချင်းရှိတယ်... ငါ့ရဲ့လင်းမိသားစုကပဲ ဒီလို စားသောက်ဆိုင်မျိုး ဖွင့်နိုင်တယ်"

သူမက သူမကိုယ်သူမ ဂရုစိုက်နေပြီး သူမသမီးလေးကို မြှောက်ပင့်ပေးရန်လည်း မမေ့ခဲ့ပေ။

"ကောင်းပြီ... ငါက တစ်ချက်လောက်လာကြည့်ရုံ... ဒီနေ့က ပထမဆုံးစဖွင့်တဲ့နေ့ပဲ... လူတိုင်းက ကောင်းကောင်းလုပ်ခဲ့ကြတယ်... ဒါပေမဲ့ မင်းလွှတ်ထားလို့မရဘူး"

လင်းရှီက  ရယ်ရယ်မောမောနှင့်စည်းကမ်းတွေ အများကြီးပြောနေ၏။ သူမသည် အစားအသောက်ဆိုင်များကို တစ်ခုပြီးတစ်ခု စစ်ဆေးကာ မေးခွန်းများမေးကာ အကြံဥာဏ်တစ်ခု နှစ်ခုပေးခဲ့သည်။


Xxxx