အပိုင်း ၅၅
Viewers 18k

Chapter 55
ဇုံဇီ


ကျန်းရှုယောင် လုံးလုံးသူစိမ်းတစ်ယောက်လိုဖြစ်နေသည့် လင်းရှီကြောင့်မှင်သက်သွားသည်။ သို့သော် လင်းရှီ  ပို၍နီးကပ်လာသောအခါ သူမ ရုတ်တရက်အသိဝင်လာသည်။ သူမက စားပွဲပေါ်ငွေအနည်းငယ်ကို အမြန်တင်လိုက်ပြီး ရှဲ့ရွှင်းကို အမြန်ဆွဲခေါ်သွားခဲ့၏။

ဆိုင်ဖွင့်ရန် စိတ်ကူးထားသည့် အကြောင်း သူမ လင်းရှီကိုပြောပြလိုက်စဥ်က  ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ခဲ့ရသည်။ သူမသမီးက နံစော်နေသော ယောက်ျားအစုအဝေးနှင့် ရောနှောစားသောက်နေပြီး ရှဲ့ရွှင်းကို သူမနှင့်အတူခေါ်လာသည်ကို မြင်သွားလျှင် လင်းရှီက သူမကို  ဓားဆွဲပြီး လိုက်လိမ့်မည်မဟုတ်ပါလော။

ရှဲ့ရွှင်းလည်း ဤအချက်ကို တွေးနေခဲ့သည်။ ယောက္ခမ၏ဒေါသကို ကြောက်ရွံ့သဖြင့် နှစ်ယောက်သား တိတ်တဆိတ် ထွက်ခွာသွားကြသည်။ လင်းရှီ၏မြင်ကွင်းထဲမှ လွတ်ကာရှိသေး တစ်ပုံတည်းခိုးကြောင်ခိုးဝှက်လုပ်နေသည့်လူတစ်စုနှင့် တိုးမိသွား၏။


စုရုံးကာ ရှဲ့ရွှင်းကို သတိထားပြီး ရှောင်ရှားခဲ့ကြသည့် လင်းချန်အပါအဝင် လုပ်ဖော်ကိုင်ဖက် ခုနစ်ဦးတို့: ...

ရှဲ့ရွှင်း သူတို့ကို ဤနေရာမှာတွေ့ရန်မမျှော်လင့်ထားခဲ့ပေ။

"မင်းတို့ မြင်းစီးဖို့ မြို့ပြင်ကို မသွားဘူးလား... ဘာလို့ ဆိပ်ကမ်းကို လာတာလဲ"

“အိုး…”
အားလုံးက ကြက်သေသေနေကြသည်။

"ပြီးတော့... အဝတ်အစားက ဘာဖြစ်နေတာလဲ " လူခုနစ်ဦးသည် ချည်သားပုံစံတူ ၀တ်စုံကို အမှန်တကယ် ၀တ်ဆင်ထားပြီး အရောင်လည်းတူသည်။ အရောင်တွေက သူတို့ကိုယ်သူတို့ချည်းဆို ထူးထူးခြားခြားမဟုတ်ပေမဲ လမ်းပေါ်မှာ အမွှာခုနစ်ယောက်လို ရှည်လျားသည့် မျဉ်းတစ်ကြောင်းဖွဲ့လိုက်သည့်အခါ မထင်မရှားဖြစ်ရမည့်အရာဖြစ်သော်ငြား ပေါ်လွင်ထင်ရှားလာခဲ့၏။

လင်းချန် သူ့လည်ချောင်းထဲမှာ သွေးဟောင်းတွေကို မျိုချလိုက်သလို ခံစားရသည်။

"ဟီးဟီး...ဒါက မြင်းပြိုင်ပွဲအတွက် ငါတို့လုပ်ထားတဲ့ အဝတ်အစားပဲ...စုချီကစားဖို့ အရောင်တူဝတ်သလိုမျိုးလေ... အသင်းဝတ်စုံတွေ...အသင်းဝတ်စုံတွေ"

[ET/N: စုချီသည် အစောဆုံး ဘောလုံးပုံစံဟု ယူဆရသည့် တရုတ်ရှေးဟောင်းဂိမ်းတစ်ခုဖြစ်သည်။ ၎င်းသည် ပိုက်ထဲသို့ အပေါက်မှတစ်ဆင့် ဘောလုံးကန်ခြင်းပါ၀င်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။]

လင်းချန်၏ ရုပ်ဆိုးဆိုး ခပ်မှိန်မှိန် အဝတ်အစားများကို ကြည့်ပြီး ရှဲ့ရွှင်း ခဏမျှ နှုတ်ဆိတ်သွားပြီး အလွန်လေးနက်စွာ ဆိုလိုက်လေသည်။
"အရင်ကငါ မင်းနဲ့အသင်းဖွဲ့မယ်လို့ ကတိပေးထားရင် အဲဒါကို မေ့လိုက်တော့"
(😂)

.......

ကျန်းရှုယောင် ဤတစ်ကြိမ် သူမ လမ်းလျှောက်ထွက်ပြီးနောက် မြို့စားရှဲ့အိမ်တော်မှာ အချိန်အကြာကြီး နေရမည်ဟု ထင်ခဲ့သည်။ မနက်ခင်း ဂါရဝပြုချိန်အတွက် ရှို့နင်ခန်းမဆောင်သို့သွားသောအခါ သခင်မကြီးက လာမည့်ရက်အနည်းငယ်က နဂါးလှေတော်ပွဲတော်ကို အမှတ်တမဲ့ထည့်ပြောလာလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။

နဂါးလှေတော်ပွဲတော်သည် ရှေးယခင်က နဂါးအား ပူဇော်သည့်နေ့ဖြစ်ပြီး မြို့တော်တွင် နဂါးလှေပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။ထိုနေ့မှာ လူတွေက မြစ်ထဲကို ပွဲလာကြည့်ကြပေလိမ့်မည်။ ဧကရာဇ်မင်းသည်ပင် ပွဲကြည့်ရန် အပြင်ထွက်ပြီး အနိုင်ရသူကို ဆုချီးမြှင့်မည်ဖြစ်သည်။



ကျန်းရှုယောင်၏ မျက်လုံးများ တောက်ပသွားသည်။ အလွန်ကိုမှစည်ကားဟန်ရှိပြီး နားထောင်ရသည်မှာ စိတ်ဝင်စားရန်အင်မတန်ကောင်း၏။

အများအားဖြင့် အလွန်ထေ့ငေါ့တတ်သည့် ကျိုးရှီပင်လျှင် သူမ၏ နှလုံးသားထဲမှ ပြုံးနေခဲ့သည်။ နှစ်တွေကုန်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နှစ် ကုန်သွားလေပြီဟု သူမသက်ပြင်းချလိုက်၏။

ထုံးစံအတိုင်း မြို့စားရှဲ့အိမ်တော်က ပွဲတော်ကိုကြည့်ရှုရန် ကမ်းစပ်ရှိ သာမန်လူများနှင့်အတူ စုပြုံနေမည်မဟုတ်ဘဲ အခမ်းအနားကြည့်ရှုရန် အတွက် အကောင်းဆုံးစားသောက်ဆိုင်ကို ကြိုတင်မှာယူထားကြသည်။ သခင်မကြီးက ရှုရှီနှင့် ဆွေးနွေးခဲ့ပြီး ရှုရှီက တစ်ခုပြီးတစ်ခုပြန်ဖြေနေခဲ့သည်။

ကျိုးရှီက ဘေးနားမှ ဂရုတစိုက် နားထောင်နေသော်လည်း ကျန်းရှုယောင်ကမူ ငြိမ်ငြိမ် ထိုင်ပြီး ငြီးငွေ့ဖွယ် အစီအစဉ်များကို နားမထောင်နိုင်ပါချေ။ သူမ တိတ်တဆိတ် လှုပ်ရှားခဲ့သော်လည်း သူမ၏ လှုပ်ရှားမှုမှာ သိသာထင်ရှားနေပြီး သခင်မကြီးက သူမကို ချက်ချင်း စိုက်ကြည့်နေသည်။

ကျန်းရှုယောင် ကျိုးနွံဟန်ဆောင်ရန် ချက်ချင်းပင် ခေါင်းငုံ့လိုက်သည်။

သခင်မကြီးက အမြဲတမ်း စည်းကမ်းတင်းကြပ်၏။ သူမကို ထပ်ပြီး အပြစ်တင်တော့မည်ဟု ကျန်းရှုယောင် တွေးထားပေမဲ့ မမျှော်လင့်စွာဖြင့် ယခုလိုပြောလာခဲ့သည်။

"အခုတလော တတိယချွေးမ ဘာလုပ်နေလဲ"

ကျန်းရှုယောင်က များသောအားဖြင့် သူမခြံဝင်းထဲတွင်ပဲ ခြံတွင်းအောင်းစားသောက်နေလေ့ရှိပြီး သခင်မကြီးက သိပ်ပြီး ဂရုမစိုက်ပေ။ ရှုရှီက   သူမနှင့်ရှဲ့ရွှင်းအပြင်ထွက်သည်ကို ဖုံးကွယ်ရန် ကူညီခဲ့ပြီး ကောလဟာလ တစ်စုံတစ်ရာ မကြားခဲ့ရပေ။

ထို့ကြောင့် သခင်မကြီး၏အမြင်တွင် ကျန်းရှုယောင်က သူမလက်ထပ်ပြီးနောက် အလွန်နာခံခဲ့သည်။ အရင်ကလို အပြင်ထွက်ပြီး နောက်ပြောင်ဆော့ကစားခြင်းမျိုးကိုမကြိုက်တော့ပေ။ မျှော်မှန်းဇနီးသည်တစ်ယောက်အတိုင်း ရိုးသားစွာ ခြံထဲတွင် နေခဲ့သည်။

ကျန်းရှုယောင်က သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီးပြန်ဖြေ၏။

"ကျွန်မ အိမ်မှာ စာအုပ်တွေ ဖတ်တယ် ...ပန်းထိုးတယ်...ရံဖန်ရံခါ စားစရာတွေအကြောင်း တွေးတယ်"

သခင်မကြီးက ကျေနပ်စွာ ခေါင်းညိတ်ပြီးဆိုသည်။

"ဟုတ်တယ်...စာအုပ်များများဖတ်ပြီး စိတ်ကို မွေးမြူတာ ကောင်းတယ်"

သခင်မကြီးက နှုတ်ဖြင့် ချီးကျူးစကားဆိုခြင်းသည် အထူးအဆန်းပင်။ ကျန်းရှုယောင်တစ်ယောက် မှုန်ကုပ်ကုပ်နှင့် စိတ်ရှုပ်ထွေးသွား၏။ ရှို့နင်ခန်းမဆောင်မှ ထွက်သည်နှင့် ကျိုးရှီက သူမနောက်သို့ လိုက်သွားခဲ့သည်။

သူမက ပြုံးပြီး ထူးထူးဆန်းဆန်း ဆို၏။
"ယောက်မ...လွန်ခဲ့တဲ့ ရက်အနည်းငယ်က တတိယမောင်ငယ်နဲ့ အပြင်မထွက်ခဲ့ဘူးလား"

"ဟင်..."
ကျန်းရှုယောင် အံ့အားသင့်သွားပြီး ကျိုးရှီကို ကြည့်လိုက်သည် ။

ကျိုးရှီက ရှုရှီနှင့် အာဏာကို အပြည့်အဝရယူလိုသော ကြောင့် မြို့စားရှဲ့အိမ်တော်ကြီးအတွင်းတွင် သူမကိုယ်ပိုင်သူလျှိုများကို ထည့်ထားရပြီး ကျန်းရှုယောင်အတွက် ရှုရှီ ဖုံးကွယ်ထားသည်ကို သူမသိသည် ။

ကျိုးရှီကို  မြင်ဖူးသူတိုင်းက သူမကို စိတ်တိုလွယ်သည်ဟု ပြောကြလိမ့်မည်ဖြစ်ပြီး သူမနှင့်ရှုရှီနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည် လက္ခဏာတွေကို ပြောနိုင်လေသည်။

ကျန်းရှုယောင် သူမ၏ယင်နှင့်ယန်လို ထူးဆန်းသည့်လေသံကို နားထောင်ပြီး စိတ်အနှောက်အယှက်ပေးမည် သို့မဟုတ် ခြိမ်းခြောက်မည်ဟု ထင်ခဲ့ပေမဲ့ သူမက ဤသို့သာမေးလာ၏။

“တတိယမောင်ငယ်က မင်းကို ခေါ်ထုတ်သွားတာလား"

ကျန်းရှုယောင် သူမဘာဖြစ်ချင်သည်ကို နားမလည်နိုင်ဘဲ အဖြေမပေးခဲ့ပေ။

ကျိုးရှီက သူမကို နှစ်ခါလောက်ကြည့်ရင်း မျက်မှောင်ကြုတ်ပြီး သူမကိုယ်မသူဆိုလိုက်ကာ လေသံက ခါတိုင်းလို စူးရှမနေချေ။

"ဒါဆို တကယ်အဟုတ်ပေါ့"

ထိုစကားကိုပြောပြီးသည်နှင့် သူမက နှာခေါင်းရှုံ့ကာ အလျင်စလို ထွက်သွားသည်။

ကျန်းရှုယောင် စိတ်ရှုပ်သွားပြီး ရှုရှီထွက်လာချိန်မှာ အခုဖြစ်ပျက်ခဲ့သည်ကို  ပြောပြလိုက်၏

ရှုရှီ အနည်းငယ် အံ့သြသွားပြီး
"သခင်မကြီးကို ပြောမယ်လို့ မပြောဘူးလား"

"မပြောဘူး"

ရှုရှီက ခဏလောက် စဉ်းစားပြီး ဆိုသည်။

"ဒါဆို အဆင်ပြေပါတယ်... သူက ဒေါသကြီးပေမဲ့ မကောင်းတဲ့ စိတ်ထားရှိတဲ့သူတစ်ယောက်မဟုတ်ပါဘူး"

ကျန်းရှုယောင် စိတ်သက်သာရာရပြီး ရှုရှီနှင့် အတူတူလမ်းလျှောက်ခဲ့သည်။ နဂါးလှေပွဲတော်အကြောင်း မေးပြီးနောက် သူမ ဝါးစိမ်းခြံဝင်းသို့ ပြန်သွားခဲ့သည်။

ရှေးခေတ်က ပြက္ခဒိန်မရှိသဖြင့် သူမ၏နေ့ရက်များသည် ပေါ့ပေါ့ပါးပါးဖြစ်နေခဲ့သည်။ လာမဘ့် နဂါးလှေတော်ပွဲတော်ကို သူမ မေ့နေခဲ့၏။

သူမ ခဏတာ တွေးပြီး ရှုပ်ယှက်ခတ်နေသော အတွေးများကို ဖယ်ထားကာ သူမ၏ ဝမ်းနည်းမှုကို ရှင်းထုတ်ကာ အလုပ်စရန် အင်္ကျီလက်ကို လိပ်တင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ  ဇုံဇီက နဂါးလှေပွဲတော်အတွက် မရှိမဖြစ်လိုအပ်သည်။

တို့ဟူးပူတင်းက ၎င်း၏ပရိသတ်များကို အချိုကြိုက်သူများနှင့် အငန်ကြိုက်သူများအဖြစ် ပိုင်းခြားပေးသည့် တစ်ခုတည်းသောအစားအစာမဟုတ်ပါချေ။ ဇုံဇီဟုခေါ်သည့် ဝါးရွက်နှင့်ထုပ်ထားသည့်​ကောက်ညှင်းဖက်ထုပ် တွေလည်းပါဝင်၏။ ဌာပနာအချိုများတွင် ပဲအနှစ်ကောက်ညှင်းဖက်ထုပ်များ၊ တရုတ်ဇီးသီးသကြားလုံးကောက်ညှင်းဖက်ထုပ်များ၊ နှင်းဆီကောက်ညှင်း ဖက်ထုပ်များ၊ ဖရဲစေ့ကောက်ညှင်း ဖက်ထုပ်များ စသည်တို့ ပါဝင်သည်။ အငန်များတွင်မူ ဝက်သားကောက်ညှင်း ဖက်ထုပ်၊ ဝက်ပေါင်ခြောက်ကောက်ညှင်း ဖက်ထုပ်၊ ဥအနှစ်အသားကောက်ညှင်း ဖက်ထုပ် စသည်ဖြင့် ဒေသအသီးသီးမှ အရသာမျိုးစုံတို့ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ ထုတ်လုပ်မှုနည်းလမ်းများသည် အလွန်အရေးကြီးသည်။ ကောက်ညှင်းစိမ်ခြင်း၊ အရွက်များကိုဆေးကြောခြင်းနှင့်  ဇုံဇီပြုလုပ်ခြင်းလုပ်ငန်းစဉ်များသည် မရှိမဖြစ်လိုအပ်သည်။ လုပ်ငန်းစဉ်က ခက်ခဲသည်မဟုတ်သော်လည်း အချိန်များစွာယူရသည်။

နဂါးလှေပွဲတော်မတိုင်မီ ရက်အနည်းငယ်အလိုတွင် ကျန်းရှုယောင် ကောက်ညှင်းဖက်ထုပ်ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းအနည်းငယ်ကို ဖြည်းဖြည်းချင်း ပြင်ဆင်ခဲ့သည်။ အရွက်များ ချက်ပြုတ်ရန် နဂါးလှေပွဲတော် မတိုင်မီတစ်ရက်အထိ စောင့်ဆိုင်းခဲ့ပြီး အရွက်များ အရောင်မှိန်သွားသည်အထိ စောင့်ဆိုင်းကာ ရေအေးဖြင့် ဆေးကြောခဲ့သည်။ နောက်ဆုံးတွင် သူမကောက်ညှင်းဖက်ထုပ်များကို အဆာများပေါ်တွင် ထုပ်လိုက်သည်။ ဤအဆင့်များက စိတ်ဝင်စားစရာကောင်းသဖြင့် သူမခြံဝင်းထဲက အစေခံလေးများဆိုလျှင် ၎င်းကိုလုပ်ရန် ရန်ဖြစ်နေကြ၏။

ဇုံဇီထုပ်ရန်က မခက်ပါချေ။ လက်ဖဝါးပေါ်တွင် ခပ်ပြန့်ပြန့် အရွက်သုံးလေးခုကိုတင်ပြီး စိမ်ထားသော ကောက်ညှင်းထည့်ကာ တရုတ်ဇီးသီး နှစ်ခု သို့မဟုတ် သုံးခုကို ထည့်ရသည်။၎င်းနောက် အရွက်ရှည်ရှည်များကို ဖြည်းညှင်းစွာထုပ်ကာ မြင်းကြာမြက်ဖြင့် မြဲမြံစွာ ချည်နှောင်ရ၏။ ရိုးရိုးဇုံဇီ  ပြီးပါပြီ။

ကျန်းရှုယောင် အတွေ့ရအများဆုံး အရသာများဖြစ်သည့် ပဲနီလေးအနှစ်ဇုံဇီ ၊ ကြက်ဥအနှစ်ဇုံဇီ ၊ ဝက်သားဇုံဇီနှင့်တရုတ်ဇီးသီးသကြားလုံးဇုံဇီတို့ကိုပြုလုပ်ခဲ့သည်။

တြိဂံပုံနှင့် ထောင့်ချွန်းပုံဇုံဇီအများအပြားကို ထုပ်ပြီးနောက်  အိုးတစ်လုံးထဲတွင် ထည့်ကာ ဖြည်းဖြည်းချင်းပြုတ်လိုက်၏။ ခဏအကြာတွင် ဝါးရွက်၏ရနံ့သည် ခြံတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

နဂါးလှေပွဲတော်ကြောင့် ဖြစ်နိုင်၏။ ရှုရှီက အနည်းငယ် အလုပ်ရှုပ်နေပြီး ကောင်လေးနှစ်ယောက်ကို ဂရုစိုက်ရန် အချိန်မရခဲ့ပေ။ မနေ့က ကျန်းရှုယောင်ဆီပြေးလာသည့်အခါ သူမတို့ ကောက်ညှင်း ဖက်ထုပ်လုပ်နေသည်ကိုတွေ့သွားပြီး ယနေ့ကောက်ညှင်းဖက်ထုပ်စား၍ရပြီးဖြစ်သဖြင့် ပျော်ပျော်ကြီး ပြေးလာပြန်၏။

သူတို့က အချိန်မီရောက်လာကြသည်။ ကျန်းရှုယောင် စမ်းလုပ်ခဲ့သောကောက်ညှင်းဖက်ထုပ်အချိုများက အခုမှ အိုးထဲမှ ထွက်လာခြင်းဖြစ်၏။

ဇုံဇီများ အနည်းငယ်အေးသွားသောအခါ ကျန်းရှုယောင် ၎င်းတို့အား တစ်ခုစီပေးကာ နားချလိုက်သည်။

"ကောက်ညှင်းက အစာကြေဖို့ ခက်တယ်... ဒါကြောင့် အများကြီး မစားရဘူး"

ရှဲ့ကျောက် အတော်လေး ဝမ်းပမ်းတနည်းဖြစ်သွားသော်လည်း  ဇုံဇီက သူ့အတွက် အလုံအလောက်ကြီးသည်ကို မြင်သောအခါ ပြုံးမိပြန်သည်။

ဇုံဇီ၏ အပြင်ဘက်အလွှာက  အနည်းငယ် အေးသွားသော်လည်း အတွင်းပိုင်းတွင် ပူနေသေးသည်။ အရွက်တွေကို အလွှာလိုက် အခွံခွာပြီးသည့်အခါ အတွင်းပိုင်းမှာ အနည်းငယ် စေးကပ်လာ၏။ ကောက်ညှင်းစေ့နှင့်ကပ်ထားသော အရွက်၏ နောက်ဆုံးအလွှာ စုတ်ပြဲသွားသည့်​အခါ မွှေးရနံ့နှင့်ရောစပ်ထားသည့် အပူတွေ ထွက်လာသည်။

ကောက်ညှင်းဖက်ထုပ်သည် ကြည်လင်ပြတ်သားပြီး ဖြူဖွေးသော ဦးချိုပုံသဏ္ဍာန်ရှိကာ ရနံ့သင်းသင်းလေး ရှိသည်။

ရှဲ့ကျောက် အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်သည်။ ကောက်ညှင်းက စေးကပ်နေပြီး သူ့သွားများတွင်ကပ်သွား၏။ထို့အပြင် အတွင်းမှ အပူချိန်မှာ အနည်းငယ် ပူသည်။

ဖက်ထုပ်တွင် ကောက်ညှင်းဆန်၏ မွှေးရနံ့နှင့် ဝါးရနံ့ နှစ်မျိုးလုံးရှိသည်။ အတွင်းမှ ပဲအနှစ် အလွန်ချိုမြိန်ပြီး နူးညံ့သည်၊သို့ရာတွင် နူးညံ့သော်လည်း သိပ်သည်းသည်။ ခံတွင်းထဲမှာ အရည်ပျော်ပြီး ပြင်းထန်သည့် အချိုဓာတ်က ကောက်ညှင်းဆန်ထဲကို ရောစပ်ပြီး လန်းဆန်းချိုမြိန်စေ၏။

အိုးထဲကထွက်လာခါစ ကောက်ညှင်းဖက်ထုပ်က အရသာအရှိဆုံးဖြစ်သည်။ ရှဲ့ကျောက် အလွန်စိတ်လှုပ်ရှားနေသဖြင့် တစ်ခါတည်း နှစ်ကြိမ်သုံးကြိမ် ဆက်တိုက်ကိုက်လိုက်သည်။

ကျန်းရှုယောင်က သူ့ကို သဘာဝအတိုင်း မျိုမချမီ ဂရုတစိုက် ဝါးခိုင်းခဲ့သည်။

ရှဲ့ကျောက်က သူ့မျက်နှာပေါ်တွင် ကောက်ညှင်းများပေလျက် မရပ်မနားဘဲ တုံ့ပြန်လာခဲ့ကာ ယင်းကအလွန်ရယ်စရာကောင်းပြီး ချစ်စရာကောင်းလေသည်။

ရှဲ့ယောင်က သူ့ထက် ပို၍ တည်ငြိမ်ပြီးတင့်တယ်သည်။ ဘယ်မှာရှာလာမှန်းမသိသည့် ထိုင်ခုံမြင့်ပေါ်မှာထိုင်ပြီး ဖက်ထုပ်ကို ဝါးနေ၏။

ကျန်းရှုယောင် သူ့ဖက်ထုပ်ကို အလောတကြီး ကိုက်စားနေသော ရှဲ့ကျောက်ကိုကြည့်ပြီး ကြော့ရှင်းသော ရှဲ့ယောင်ကို ကြည့်လိုက်သည်။ သူမ သူတို့ကို ပေါင်းစည်းလိုက်လျှင် သူတို့သည် သူတို့၏ တတိယဦးလေးရှဲ့ရွှင်း ဖြစ်လာလိမ့်မည်ဟု သူမ ခံစားမိသည်။

"ချောင်ချောင်" အကြောင်းပြောသောအခါ "ချောင်ချောင်" ရောက်လာသည်။ [ET/N- "နတ်ဆိုးအကြောင်းပြော" နှင့် တူညီသော အဓိပ္ပါယ်တူသော တရုတ်စကားစုတစ်ခုဖြစ်သည်။]

သူမစဉ်းစားမိပြီးပြီးချင်းတွင် မီးဖိုချောင်တံခါး၌ ရှဲ့ရွှင်း ပေါ်လာသည်။

"ဒီနေ့ဘာလို့အစောကြီးလဲ"

ရှဲ့ရွှင်းက လှမ်းဝင်လာပြီး
"မနက်ဖြန် နဂါးလှေပွဲတော် မဟုတ်ဘူးလား...ဘာအလုပ်မှ မရှိဘူး...ဒါကြောင့် အားလုံးက စောစောပြန်ကြတာ"

ထို့နောက် "မင်းဘာလုပ်ထားတာလဲ" ဟုမေးရန် သူမစောင့်နိုင်တော့ပေ။ ပန်းကန်ပြားပေါ်က ကောက်ညှင်းဖက်ထုပ်တွေကို တစ်ချက်ကြည့်လိုက်ကာ သူကပြောလိုက်၏။

"ကောက်ညှင်းဖက်ထုပ်သေးသေးလေးတွေလား"

ကျန်းရှုယောင်က ရှဲ့ကျောက်မျက်နှာပေါ်ရှိ ကောက်ညှင်းတွေကို သုတ်ပေးရင်းဆိုသည်။
" ဇုံဇီ "

"ဪ "

ရှဲ့ရွင်းက ခေါင်းညိတ်ပြလိုက်ပေမဲ့ သူ့တူနှစ်ယောက်ရှိနေသောကြောင့် ကျွေးခိုင်းရန် ရှက်လွန်းနေမိ၏။

သူက ကျန်းရှုယောင် ဖက်ထုပ်စားရန်ဖိတ်ခေါ်လာမည်ကို လက်နှစ်ဖက် နောက်ပစ်ကာ မတ်တပ်ရပ်ရင်းစောင့်နေပေမဲ့ သူမက ရှဲ့ကျောက် မျက်နှာကိုပဲ သုတ်ပေးနေပြီး သူ့ကို လုံးဝ လျစ်လျူရှုခဲ့သည်။

ရှဲ့ရွှင်း ငြိမ်သက်စွာ ရပ်ကာ စောင့်နေသည်။ ကျန်းရှုယောင် ရှဲ့ကျောက်၏မျက်နှာကို သုတ်ပြီးသောအခါတွင် သူမ သူ့ကိုတွေးမိလိမ့်မည်ဟု သူထင်ခဲ့သည်။ မမျှော်ထားသည်က သူမက ရှဲ့ကျောက်ကို လှည့်ကြည့်ပြီးဂရုစိုက်ပေးလေ၏။

"အရသာရှိလား ... စိတ်မလှုပ်ရှားနဲ့ လျှော့စား ... ပဲနီလေးအနှစ်တွေရော တရုတ်ဇီးသီးသကြားလုံးတွေရော ထပ်စားလို့ရတယ် ...မြည်းကြည့်ရုံပေါ့ "

သူမက လှည့်လိုက်ပြီး ရှဲ့ယောင်အတွက် တရုတ်ဇီးသီးသကြားလုံးဖက်ထုပ်ကို ယူကာ ဖွင့်ပေးပြီး ဖက်ထုပ်ထဲမှ တရုတ်ဇီးသီးသကြားလုံးများကို ယူကျွေးသည်။ ရှဲ့ယောင်က သူမကို ချိုချိုသာသာ ကျေးဇူးတင်စကားဆို၏။

ရှဲ့ရွှင်း လျစ်လျူရှုခံခဲ့ရသည်။ သို့ပေမဲ့ ဤနွေးထွေးသည့် ပုံရိပ်ကို ကြည့်ပြီး အနှောင့်အယှက် မပေးနိုင်ပေ။

ကျန်းရှုယောင် ရှဲ့ယောင်ကို ကျွေးပြီးနောက် သူမ လှည့်ကြည့်လိုက်သောအခါ ရှဲ့ရွှင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဘာလို့ဒီမှာရပ်နေတာလဲ... တစ်ခုခုဖြစ်လို့လား"

ရှဲ့ရွှင်း:...

ဒီလို နှလုံးသားထဲမှာ မြှားတွေရှိနေတဲ့ ခံစားချက်က ဘာလဲ...

သူသည် အတိတ်က သူအချစ်ဆုံးတူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကလေးစောစောယူ၍မဖြစ်ဟု တိတ်တဆိတ် တွေးလိုက်မိသည်...
(ဟမ်)

မဟုတ်ဘူး... ကလေးယူမယ်... ဘယ်လိုကလေးမျိုးလိုချင်နေတာလဲ...ခဏလေးးး ကျန်းရှုယောင် နဲ့ ကလေးယူမယ်...  ဒီအရာတွေကို ငါဘယ်လိုတွေးနိုင်တာလဲ... ဘာတွေဖြစ်နေတာလဲ...

သူ့မျက်နှာသည် လျင်မြန်စွာ နီမြန်းလာပြီး အပူသည် သူ့ခေါင်းထိပ်သို့ တိုးလာသည်။ ဤအကြောင်းကို မတွေးချင်ဘဲ ပြေးရန် ခြေလှမ်းတွေ ရွှေ့လိုက်သည် ။

ကျန်းရှုယောင် ဤအချိန်တွင် သူ့အကြောင်းကို မထင်မှတ်ဘဲ တွေးမိပြီး သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

"ကောက်ညှင်း ဖက်ထုပ် စားကြည့်ပါလား"

ရှဲ့ရွှင်း ခေတ္တရပ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာအောင် ရုန်းကန်ပြီးနောက် ပြန်လှည့်လာသည်။ သူက တည်ငြိမ်ဟန်ဆောင်ပြီး "အင်း..
စားကြည့်ရအောင်" ဟုပြောလိုက်၏။မသိလျှင် လုံးဝ စားချင်မနေသကဲ့သို့ပင်။

ကျန်းရှုယောင်ကမေးသည်။
"အချိုလား အငန်လား..."

ရှဲ့ရွှင် "အကုန်လုံး " ဟု ပြောချင်သော်လည်း မီးသီးကြီးနှစ်လုံးက ရှိနေသည်။ ရှဲ့ရွှင်း သူတို့ရှေ့တွင် မျက်နှာမပျက်ချင်သောကြောင့် "ဘာပဲဖြစ်ဖြစ်" ဟု ယောင်ဝါးဝါးသာပြောနိုင်ခဲ့သည်။

အလိုလေး ...အဲဒါက တကယ်ကို အဆင်ပြေမနေဘူး... ကျန်းရှုယောင် နဲ့ နှစ်ယောက်တည်းနေရတာ အကောင်းဆုံးပဲ...

ကျန်းရှုယောင်က သူ့အတွက် အရသာတစ်ခုကို ရွေးပေးပြီးပြောလိုက်၏။
"ရှင် ဒီအရသာကို ကြိုက်မလားစားကြည့်"

ရှဲ့ရွှင်း ပန်းကန်ပြားကိုယူ၍ အစက်သေးသေးလေး နှစ်စက်ရှိနေသော သစ်သားစားပွဲရှည်ကြီးရှေ့တွင် တန်းစီရပ်နေ၏။

အရွက်တွေကို သပ်သပ်ရပ်ရပ် ဖယ်ထုတ်ပြီးနောက် အနံ့က သင်းပျံ့နေသည်။ ရှဲ့ရွှင်း သူ့တူလေးနှစ်ယောက် စားသောက်နေသည်ကိုကြည့်ပြီး ဖက်ထုပ်ကို လက်နှင့်ကိုင်ရသည်က ကလေးဆန်သည်ဟု ခံစားရသောကြောင့် တူနှင့် ဖက်ထုပ်စားရန် ရွေးချယ်ခဲ့သည်။


Xxx