အပိုင်း (၁၄၀)
Viewers 31k

Part 140


သူ့အဒေါ်သည် ပီတိအပြုံးဖြင့် ပြုံး၍ ယွမ် ၃၀၀ကိုလက်ခံလိုက်ပြီး ပြောလိုက်သည်။


 “ဒါဆ်ို အဒေါ်က မင်းအပေါ်မှာ မယဉ်ကျေးတော့ပါဘူး..မင်းက မြို့ပြမှာ အောင်မြင်နေတော့ ပြန်မလာတော့ဘူးထင်နေတာ”


ယွမ်ရှသည် အံ့ဩနေရာမှ ပြန်လည်သတိရလာသည်။ သူမသည် ထိုလူအုပ်စုနှင့် မရင်းနှီးပေမယ့် စုန့်ထင်ရှန်း ဘယ်လိုလူမျိုးဆိုတာကို သိသည်။ သူခုလိုလုပ်တာက သူ့အမျိုးတွေကို သိပ်မကြိုက်သောကြောင့် ဖြစ်သည်။ သူက သူ့အမျိုးတွေကို ဘာကြောင့် မကြိုက်ရတာလဲ။ စုန့်ထင်ရှန်း မအောင်မြင်ခင်က သတို့က ဒေါသထွက်စရာ တစ်ခုခု လုပ်ခဲ့တာ ဖြစ်နိုင်သည်။ အနည်းဆုံး သူတို့က စုန့်ထင်ရှန်း၏ အောက်ခြေဘဝကို ထိခိုက်ခဲ့လိမ့်မည်။


စုန့်ထင်ရှန်း သူမအတွက် ဘာကြောင့် ပထမဆုံး တွေ့ဆုံသော လက်ဆောင်အဖြစ် ဘာမှ မဝယ်သလဲဆိုတာ ယွမ်ရှ နားလည်သွားသည်။ 


သစ်သီးများနှင့် အာဟာရဖြည့်စွက်စာများ ဝယ်လျှင် ယွမ်၅၀၀လောက် ကုန်ကျမည်။ ယခု သူက ယွမ်၃၀၀ ပေးလိုက်တော့ ယွမ် ၂၀၀သက်သာသွားသည်။ ထိုပေါ့တန်သော အပြုအမူက သူ့အဒေါ်နှင့် မိသားစုကို မျက်နှာသာ မပေးခြင်းပင်။


ယွမ်ရှ စိတ်လှုပ်ရှားနေမိသည်။ သူမ ဝတ္ထုများဖတ်ဖူးပြီး စိတ်တိုစရာကောင်းသော အမျိုးများအကြောင်းပါသော ဇာတ်လမ်းများက ခေါင်းဆောင် မင်းသမီးအတွက် အဓိကဖြစ်သည်။ သို့သော် အလွန်သည်းခံတတ်သော CEOက သူ၏ စိတ်တိုစရာကောင်းသော အမျိုးများနှင့် ဆက်ဆံရေးကို ကိုယ်တိုင် ဖျက်ဆီးပစ်သည်ကို မြင်ရသည်မှာ အလွန်ရှာပါးသည်။


စုန့်ထင်ရှန်းက ယွမ်ရှဘေးတွင် ထိုင်လိုက်ပြီး ပြုံးလိုက်သည်။ “ကျွန်တော်က အဲ့လောက်မတော်ပါဘူး…မြို့ပြမှာ နေရာစရာ ရဖို့ နေရာရှာနေတယ်..မြို့ပြက ကျွန်တော့အိမ်က အရမ်းမကျဉ်းရင် အိမ်မှာ ခနလာနေဖို့ အဒေါ်ကို ခေါ်လို့ရပါတယ်”


“ဒီလို ကံကောင်းမှုမျိုး မရဖူးပါဘူး”


သူ့အဒေါ်က စကားပြောတာရပ်လိုက်ပြီး ဘေးတွင်ရပ်နေသည့် ငယ်ရွယ်သော မိန်းမတစ်ယောက်ကို လက်ညိုးထိုးပြလိုက်သည်။ 


“ထင်ရှန်း..သူမကို မှတ်မိသေးလား…သူမက မင်းရဲ့ တစ်ဝမ်းကွဲ ညီမ ချောင်းချောင်းလေ..သူမက ဒီနှစ်မှ ကောလိပ်က ဘွဲ့ရတာ..ငါတို့က သူ့ကို ဒီမြို့ရဲ့ရုံးမှာ အစိုးရ ဝန်ထမ်းဖြစ်ဖို့ စာမေးပွဲဖြေစေချင်တာ..အဲ့ဒါက လုံခြုံတဲ့ အလုပ်တစ်ခုဖြစ်တယ်..ဒါမယ့် သူမက မြို့ပြဘဲ သွားဖို့ အတင်းပြောနေတယ်..မင်းမှာ ကုမ္ပဏီရှိတယ်လို့ ကြားတယ်..သူမကို အဲ့ဒီမှာ အလုပ်ပေးပါလား..မင်း မိသားစုထဲက သူဆိုတော့ စိတ်ပူစရာ မလိုတော့ဘူးပေါ့..”


ယွမ်ရှသည် ချောင်းချောင်းလို့ခေါ်တဲ့ ကောင်မလေးကို ကြည့်လိုက်သည်။ သူမ နောက်တစ်ကြိမ် မအံ့ဩမိအောင် နေလိုက်သည်။


သူမသည် ချောင်းချောင်းကို ဝမ်းကွဲညီမ ဖြစ်မှန်းမသိခဲ့ပေ။ ချောင်းချောင်းက စုန့်ထင်ရှန်းကို ရှက်တတ်သော ပုံဖြင့် ကြည့်နေပုံအရ သူမ စုန့်ထင်ရှန်းအပေါ် စိတ်ဝင်စားနေသည်ကို လူတိုင်းသိနိုင်သည်။


ယွမ်ရှသည် အကြည့်လွှဲလိုက်၍ လက်ဖက်ရည်သောက်လိုက်ပြီး သူတို့နှစ်ယောက် ဘယ်လောက်ထိ အမျိုးတော်လောက်လဲဆိုသည်ကို သူမ စစဉ်းစားသည်။ 


ချောင်းချောင်း က စုန့်ထင်ရှန်း အဒေါ်၏ မြေးဖြစ်ပြီး စူန့်ထင်ရှန်း အဖေဝမ်းကွဲမောင်နှမ၏ သမီးဖြစ်သည်။ ထို့ကြောင့် ချောင်းချောင်းနှင့် စုန့်ထင်ရှန်းကို ဘယ်လိုပြောရမလဲ…


သူမသည် ထိုအတွေးများနှင့် ခေါင်းရှုပ်နေသည်။


ချောင်းချောင်း က စုန့်ထင်ရှန်း၏ ဝမ်းကွဲမောင်နှမ တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ သူ၏ တရားဝင် ဇနီးသည်က သူ့ဘေးတွင် ထိုင်နေလေသည်။ စုန့်ထင်ရှန်း၏ အချစ်ဆုံး တစ်ဦးတည်းသောသားကလည်း သူမပေါင်ပေါ်တွင်ထိုင်နေသည်။ 


သူတို့အားလုံးက ဘာလို့ သူမ မရှိသလိုပုံနဲ့ နေနေကြတာလဲ။


ယွမ်ရှ ခေါင်းငုံ့၍ လက်ဖက်ရည်သောက်နေသော်လည်း  စုန့်ထင်ရှန်း ဘယ်လိုငြင်းမလဲဆိုတာကို သိချင်မိသောကြောင့် နားစွင့်ထားမိသည်။


သူငြင်းမည်ဆိုတာ သူမ သေချာသိပေသည်။ သူ၏ အစောပိုင်းက အပြုအမူက ဒီအမျိုးများကို မနှစ်သက်သည်ကို လုံလုံလောက်လောက် ဖော်ပြပြီးဖြစ်သည်။ သူ ချောင်းချောင်း ကို သူ့ကုမ္ပဏီတွင် အလုပ်ပေးရန် မဖြစ်နိုင်ပေ။


စုန့်ထင်ရှန်းက ချောင်းချောင်း ကိုကြည့်၍ မေးလိုက်သည်။ “ဘယ်ကောလိပ်ကနေ ဘွဲ့ရတာလဲ”


ချောင်းချောင်း က ကောလိပ်နာမည်ပြောလိုက်ပြီး အဲ့ဒါက ဒီမြို့တွင်ရှိသည့် ကောလိပ်တစ်ခုဖြစ်သည်။


“Third-tier ကောလိပ်လား” 


စုန့်ထင်ရှန်း၏ အသံက အနည်းငယ် နောင်တရပုံပေါက်သည်။


 “အဒေါ်  ကျွန်တော် စိတ်မကောင်းပါဘူး ..ကုမ္ပဏီမှာ ကျွန်တော်က ပြောပေးလို့ မရပါဘူး…ကျွန်တော့် အထက်မှာ သူဌေးတစ်ယောက်ရှိပါသေးတယ်…ကျွန်တော်တို့ ကုမ္ပဏီက အလုပ်ခန့်တာနဲ့ ပက်သတ်ပြီး စည်းမျဉ်းတွေရှိပါတယ်…third-tier ကောလိပ်ကနေ ရတဲ့ဘွဲ့က လိုအပ်ချက် အနည်းငယ်ဘဲရှိပါတယ်..ကျွန်တော့်သူဌေးကို အကူအညီ တောင်းပေးနိုင်ပါတယ် ဒါပေမယ့် ချောင်းချောင်း က နဲနဲ ပျော့ညံ့တယ်..ကုမ္ပဏီကြီးတွေမှာလုပ်တဲ့ လူတွေက အတင်းအဖျင်း ပြောတတ်ကြတယ်…ကျွန်တော်က သူမကို အလုပ်ပေးပြီး တစ်ခြားသူတွေက ကိုယ်ပိုင် အရည်အချင်းနဲ့ လျှောက်ကြရမယ်ဆိုရင် သူတို့က သူမအပေါ် ဝေဖန်မှုတွေ ရှိနိုင်တယ်...”