အပိုင်း ၅၈
Viewers 18k

Chapter 58
ဘာဘီကျူး



ယင်းမှာထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းခံဖြစ်သည်။ ကျန်းရှုယောင် သူ့အပေါ် ခံစားချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူမသည် သူတခမ်းတနားလက်ထပ်ယူခဲ့သော သူ၏တရားဝင်ဇနီးဖြစ်သည်။

ရှဲ့ရွှင်း အစားအစာ၏ ရနံ့ကို ရှူရှိုက်လိုက်သည်။ အာ အဲဒါကို အရင်ဆုံးဘေးဖယ်ထားလိုက်... ဒေါသထွက်တာထက် စားဖို့က ပိုအရေးကြီးတယ် မဟုတ်လား...

သူ့ကိုတွေ့ပြီး အစေခံက အစားအသောက် စီစဉ်ပေး၏။

ကျန်းရှုယောင်က ညစာအတွက် မသင့်တော်သော မွှေကြော်အချို့ကို ချက်ပြုတ်ထားသော်လည်း ရှဲ့ရွှင်းက သူမ၏ ချက်ပြုတ်နည်းကို ကျင့်သားရလာခဲ့သူဖြစ်သည်။ ဝတ်လုံကိုပြင်၍ မတ်မတ်ထိုင်ကာ စတင်ရန် အသင့်ပြင်ထားသည်။

"ဒါဘာလဲ"
ပန်းကန်ပြားပေါ်က ပါဝင်ပစ္စည်းတွေကို ကြည့်ပြီး သံသယစိတ်နဲ့ မေးလိုက်၏။

ကျန်းရှုယောင်က "ဝက်ကျောက်ကပ်မွှေကြော်" နှင့် မိတ်ဆက်ပေးသည်။

ဝက်ကျောက်ကပ်ကို ပန်းပွင့်ကဲ့သို့ လှီးဖြတ်ထားသည်။၎င်းကို မှိုမည်း၊နွေကြက်သွန် မျှစ်တို့နှင့် ရောမွှေပြီး အစပ်ဆီအလွှာဖြင့် မွှေကြော်လိုက်သည်။ အရောင်က အနီတောက်တောက်ဖြစ်၏။

"မြည်းကြည့် ... အသားကို မွှေကြော်ရုံနဲ့ မရဘူးလို့ကျွန်မထင်တယ်...ဝက်ရဲ့ တခြားအစိတ်အပိုင်းတွေကို အလဟဿမဖြစ်အောင် သုံးရမယ်"

ရှဲ့ရွှင်း ကျောက်ကပ်တစ်တုံးကို ယူလိုက်သည်။ မျက်နှာပြင်သည် နူးညံ့ချောမွေ့သော်လည်း အလွန်ကြီးမနူးညံ့ပေ။ ထိုအစား အတော်လေးရွတ်သည်။

အိုးထဲက ကျောက်ကပ်က အနည်းငယ် ပူနေသေး၏။ ပထမအကိုက်တွင် မျက်နှာပြင်ပေါ်၌အရသာရှိပြီးအနည်းငယ်စပ်သော ကော်နယ်ဆီဆော့စ်ရှိသည်။ ကျောက်ကပ်များသည် လတ်ဆတ်ပြီး နူးညံ့ကာ အနည်းငယ်ကြွပ်ကာ ဝါးရသည်။ ချိုမြသောအရသာရှိပြီး ချောမွတ်ပြီး အဆီမများပေ။

သူမက ပါဝင်ပစ္စည်းများကို ကောင်းစွာကိုင်တွယ်ထားသည်။ ဝက်ကျောက်ကပ်သည် အနံ့မရှိ၊ ရနံ့သင်းသင်းသာရှိပြီး ယင်းကဝက်ကျောက်ကပ်၏ထူးခြားသောအရသာဖြစ်သည်။ အသားဟင်းတွေ၏ မွှေးပျံ့သည့်ရနံ့က မျိုချလိုက်ပြီးနောက်စွဲကျန်ဆဲဖြစ်ပြီး အလွန်အရသာရှိ၏။

ရှဲ့ရွှင်း ထမင်းဖြူအနည်းငယ်ကို စားပြီး အရံဟင်းအချို့ကို ယူကာ စားလိုက်သည်။ အနက်ရောင်မှိုနှင့် မျှစ်များကိုပင် ကော်နယ်ဆီပါးပါးဖြင့် ထုပ်ထားသော ကျောက်ကပ်၏ ထူးခြားသောအနံ့ဖြင့် စွန်းထင်းနေခဲ့သည်။ ထမင်းဖြူတောင်မှ အနံ့အရသာပြည့်ဝသည်ဟုထင်ရပြီး အရသာရှိ၏။

"အရသာရှိတယ်"

ရှဲ့ရွှင်း ၏မှတ်ချက်သည် ပိုမိုရိုးရှင်းလာပြီး ပို၍ရိုင်းစိုင်းလာသည်။ အရင်က အရသာကို သေသေချာချာ မြည်းစမ်းကြည့်သေး၏။ စားသောက်ဆိုင်သို့သွား၍ စားသောက်နေစဉ် ွားပါးတရများကိုစားနေသည့်သူများကို မြင်သောကြောင့် အရသာရှိသည့်အရာကို အရသာရှိသည်ဟု သူနားလည်ခဲ့သည်။ ဤသည်က ရိုးရှင်းပြီး တည့်တိုးဆန်၏။

ထိုသို့ပြောပြီးနောက် ပိုင်ကျီက နောက်ထပ်ဟင်းတစ်ခွက် ယူလာပေးသည်။ ရှဲ့ရွှင်း ကျန်းရှုယောင်က ဝက်သားကျောက်ကပ်ကနေ အခြားဟင်းတစ်မျိုးကို ကြော်ထားသည်ဟု ထင်ကာ ထမင်းဖြူတစ်ပန်းကန် ထပ်ထည့်ခါနီးတွင် ပန်းကန်ကို ကြည့်လိုက်ရာ ပန်းကန်ပြားပေါ်တွင် ဝါးချောင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ရှေးခေတ်က ထင်းမီးများကို ချက်ပြုတ်ရာတွင် အသုံးပြုခဲ့ကြသောကြောင့် တုတ်ထိုးများလုပ်ရာတွင် အလွန်အဆင်ပြေသည်။

ကျန်းရှုယောင် ကြက်ကလီစာများကို အပိုင်းပိုင်းလှီးဖြတ်ကာ အရသာစိမ်ပြီး ဝါးတံဖြင့် ထိုးကာ ထင်းမီးပေါ်တွင် ကင်လိုက်သည်။ ကင်နေစဉ်တွင် ၎င်းတို့ကို ဆီဖြင့် သုတ်ပေးသည်။ ကြက်ကလီစာများဆီကိုစုပ်ယူသွားသောအခါ ဇီယာ၊ ငရုတ်ကောင်း၊ ငရုတ်သီးမှုန့်များ စသည်တို့ဖြူကာ မီးအေးအေးဖြင့် ကင်ပြီး ကျက်ပြီးနောက် ဖယ်ထုတ်လိုက်သည်။


တုတ်ထိုးများသည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းသည်၊ အနံ့က မွန်ထူနေအောင်ပြင်းပြီး ကျန်အရာအားလုံးသည် ချက်ချင်းပင် သတ္တုပြားဖြစ်သွားသည်။

ကြက်ကလီစာများ၏ မျက်နှာပြင်ကို ဇီယာနှင့် ငရုတ်သီးများဖြင့် ဖုံးအုပ်ထားသောကြောင့် နီညိုရောင်ရှိသည်။ အပေါ်ယံမှာ နှမ်းစေ့နှင့် ကြက်သွန်မြိတ်တို့ဖြူထား၏။ အပူက မပျောက်သေးဘဲ မျက်နှာပြင်ပေါ်ရှိ အဆီများသည် ညင်သာစွာ ဆူညံနေသေးသဖြင့် မွှေးရနံ့ကို ပို၍ပြင်းစေသည်။

မှန်ပေသည်၊တုတ်ထိုးများက ပူလိမ့်ပေမည်။ကျန်းရှုယောင် ဝါးချောင်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ရှေ့သို့ရွှေ့ကာ ကြက်ကလီစာများကို သွားနှင့်ကိုက်၍ ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး ပါးစပ်ထဲတွင် ငန်စပ်စပ်ကြက်ကလီစာများထည့်လိုကိ၏။

ရှန့် နှင့်ကျိုးမင်းဆက်များ အစောပိုင်းတွင် ဤချက်ပြုတ်နည်းကို အလွန်အသုံးများသော်လည်း ဝက်သားကင်၊ ဝက်ကင်သို့မဟုတ် ငန်းနှင့် ဘဲကင်ဖြစ်စေ ပါဝင်ပစ္စည်းများ၏ လတ်ဆတ်မှုကို မီးမောင်းထိုးပြရန် အာရုံစိုက်ကာ တိရစ္ဆာန်တစ်ကောင်လုံးကင်ကြသည်။

ဘာဘီကျူးက ကွဲပြားပြီး ပိုမိုလန်းဆန်းစေသည်။ ပါဝင်ပစ္စည်းများကို သီးခြားစီကင်ရပါမည်။ အဆီများသောအသားများကို ဆီဖြင့်ကင်ပြီး အဆီနည်းအသားများကို သေချာစွာကင်ပြီးအပြင်ပိုင်းတူးသည် ကင်သင့်သည်။ ဟင်းခတ်အမွှေးအကြိုင်များကို အလွှာများအလိုက် တံကျင်များပေါ်တွင် အပြည့်ဖြန်းပေးသင့်သည်။ မြောက်ပိုင်းအသားကင်ဖြစ်လျှင် ဆော့စ်ထူထူ သုတ်လိမ်းပြီး ဆော့စ်အရသာအားလုံး အသားထဲသို့ ပေါင်းသွားသည်အထိ ကင်ပေးရပါမည်။

ဥပမာအားဖြင့် ဤကြက်ကလီစာကင်တွင် ကြက်ကလီစာများ အကြားရှိကွက်လပ်များကိုပင်ဟင်းခတ်အလွှာများနှင့်ဖုံးလွှမ်းထားသည်။

ရှဲ့ရွှင်း ကျန်းရှုယောင်၏ ကိုယ်ဟန်အနေအထားကို သင်ယူပြီး ဝါးချောင်းကို ပါးစပ်ရှေ့ထားကာ ကြက်ကလီစာကိုကိုက်ကာ ဆွဲလိုက်သည်။ ကြက်ကလီစာ၏မျက်နှာပြင်ပေါ်ရှိ ငရုတ်သီးမှုန့်များသည် အရသာခံဖုများကို ချက်ချင်းနိုးထစေပြီး အစပ်အရသာသည် သူ့လျှာဖျားမှ ပျံ့နှံ့သွားပြီး ပါးစပ်ထဲသို့ ချက်ခြင်း ပြည့်လျှံသွားလေသည်။

ကျောက်ကပ်များသည် လတ်ဆတ်ပြီး ချောမွေ့သော်လည်း ကြက်ကလီစာသည် ပို၍ ဝါးရသည်။

ဤကြက်သားတုံးသေးသေးလေးများသည် အလွန်ဝါးရပြီး လေးပင်သောအရသာရှိသည်။ ဟင်းခတ်အမွှေးအကြိုင်ပြင်းပြင်းတို့နှငိ့အတူ ကြက်ကလီစာများ၏အသားရနံ့များပါဝင်နေ၏။ အစွန်းများသည် အနည်းငယ်ကြွတ်သော်လည်း လုံးဝကြီးမမာဘဲ ကြွပ်ရွပြီး ဝါးရသည်ကို စွဲလမ်းစေသည်။

ရှဲ့ရွှင်း ၎င်းတို့ထဲမှ အနည်းငယ်ကို တစ်ချက်တည်းသိပ်လိုက်သော်လည်း မသက်မသာခံစားရဆဲဖြစ်သည်။ သူ နောက်ဆုံးကြက်ကလီစာကိုကိုက်ပြီး သီတံခြေမှ သီတံထိပ်အထိ ဆွဲယူကာ ဝါးချောင်းပေါ်ရှိ ဟင်းခတ်အမွှေးအကြိုင်အားလုံးကို ကြက်ကလီစာများနှင့်အတူ ဆွဲယူလိုက်သည်။ နောက်ဆုံး ကြက်ကလီစာက ဝါးချောင်း၏ အနံ့ပြင်းပြင်းဖြင့် ပါလာသည်။ ဟင်းခတ်အမွှေးအကြိုင်အရသာကအနည်းငယ်ပြင်းပေမဲ့ ဝါးသီတံ၏အရသာရှိသော ရနံ့ကိုလည်း မဖြုန်းတီးပစ်ပါချေ။

ရှဲ့ရွှင်းလက်က တုတ်ထိုးနောက်ထပ်တစ်ခုကို စောင့်နေတုန်း ကျန်းရှုယောင်က ရုတ်တရက်ဆို၏။

"တခြားသူတွေ လက်ခံနိုင်ပါ့မလားမသိဘူး"

ရှဲ့ရွှင်း၏ အစားကြူးမှုသည် အလွန်ကောင်းသည်၊ သို့သော် ဟင်းလျာများကို စမ်းသပ်သောအခါတွင် အားနည်းချက်တစ်ခုဖြစ်သည်။

သူမက ပိုင်ကျီကိုလက်ယက်ခေါ်ပြီးပြောလိုက်၏။
"ကျောက်ကပ်ကြော် တစ်ဝက်ကို ပထမအိမ်တော်ဝင်းထဲ ယူသွားလိုက်...သခင်မကိုတုတ်ထိုးတွေလည်းမြည်းခိုင်းလိုက်... နည်းနည်းစပ်တယ်...သူ ​​လက်မခံနိုင်ရင် အတင်းမလုပ်နဲ့"

ပြောပြီးသည့် နောက်မှာ သူမကိုယ်သူမ စိတ်ညစ်စွာ ရေရွတ်ရင်းလိုက်သည်။

"ငါ့မှာ အသိအကျွမ်းတွေ လုံလုံလောက်လောက် မရှိဘူး...ဟင်းမြည်းခိုင်းဖို့ လူမလောက်ဘူး"

ရှဲ့ရွှင်းက သူမနှင့် တစ်ဖက်တွင် ထိုင်နေကာ သူ့တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားသည်။ မျိုသိပ်ထားခဲ့ရသည့်ဝမ်းနည်းပူဆွေးမှုတွေက ယခု တဖန်ပြန်ပေါ်လာ၏။ သူ အလူးအလဲ ချဉ်စူးသွားသလို ခံစားလိုက်ရသည်။

သူအထီးကျန်စွာ ခေါင်းငိုက်စိုက်ကျသွား မိသည်။ သူက ဒီအဆင့်အထိ ကျသွားပြီလား...

သူမကို မဆွဲဆောင်ရုံသာမက သူမအတွက် ဟင်းပွဲအသစ်တွေကိုမြည်းစမ်းပေးနေသာ တစ်ဦးတည်းသော သူပင် မဟုတ်ပါချေ။

.......

ရှဲ့ရွှင်း ဒေါသထွက်နေ သည်။

အတိအကျပြောရလျှင် ကျန်းရှုယောင်က ရှဲ့ရွှင်း ဒေါသထွက်နေသည်ဟု ထင်မိသည်။

ရှဲ့ရွှင်းက များသောအားဖြင့် အေးစက်သောမျက်နှာရှိသော်လည်း ကျန်းရှုယောင် သူနှင့် အချိန်အတော်ကြာ ပေါင်းသင်းပြီးနောက် သူ၏သွပ်ချာပါဒလိုက်နေသောမျက်နှာအောက်တွင် ဖုံးကွယ်ထားသော သူ၏ခံစားချက်များကို မြင်တွေ့နေရဆဲဖြစ်သည်။

စားခြင်းသောက်ခြင်းအတွက် သူမအပေါ်တွင်သာ မှီခိုလေ့ရှိသူ ရှဲ့ရွှင်းသည် သူမအား တမင်ရှောင်ခဲ့သည်။ကျန်းရှုယောင် သူမ၏ နှလုံးသားက မည်မျှပင် မသိနားမလည်ဘဲရှိစေကာမှု ခံစားမိနေသည်။

သံဇွန်းကို သံဒယ်အိုးထဲသို့ ပစ်ချလိုက်ပြီး ဗလာကျင်းနေသော သူမနံဘေးသို့ လှည့်ကြည့်လိုက်သည်။

အရင်တုန်းက ရှဲ့ရွှင်းက အမြဲတမ်း တိတ်တိတ်လေး မတ်တပ်ရပ်ပြီး သူမဟင်းချက်သည်ကို ကြည့်နေတတ်သည်။ ဤအလေ့အထသည် သူမအတွက် သဘာဝကျလာသည်။ အခု သူ ကြည့်မနေသောအခါ သူမ ကောင်းကောင်းမချက်ပြုတ်နိုင်တော့ပေ။

"မြောင်~"
လိမ္မော်ရောင်ကြောင်လေးတစ်ကောင်က မီးဖိုချောင်တံခါးခုံမှာ လှည့်ပတ်ပွတ်သပ်နေပြီး အစာအတွက် ကျန်းရှုယောင်ကို စိတ်အားထက်သန်စွာ ကြည့်နေ၏။

ကျန်းရှုယောင် ရှော့ရသွားသည်။ ကြောက်စရာကောင်းလိုက်တာ... ဒီလိုချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကြောင်မျက်နှာပေါ်မှာ ရှဲ့ရွှင်း ရဲ့အရိပ်ကို သူမ ဘယ်လိုလုပ်မြင်ရတာလဲ...

ရှဲ့ရွှင်းက သူမကို ရှောင်နေသည်ကို တွေးရင်း ကျန်းရှုယောင် အတော်လေး စိတ်မကောင်းဖြစ်သွားသည်။ သူဘာကြောင့် စိတ်ဆိုးနေလဲ ဆိုသည်ကို သေချာမသိပါလေ။

အစေခံများကို ခေါ်ပြီး သူတို့ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းတွေအားလုံးကို ယူပြီး ခြံထဲကစားပွဲပေါ်တင်ခိုင်းလိုက်သည်။

စားပွဲကို ထူထဲသော သစ်သားပျဉ်များဖြင့် ဖုံးအုပ်ထားသည်။ ကင်ရန်အတွက် မီးသွေးမီးဖိုကို စားပွဲပေါ်တွင် ချထားလိုက်ပြီး တိမ်သော ဒယ်အိုးတစ်လုံးကို ချထားလိုက်သည်။ ဘာဘီကျူးပြင်ဆင်မှု အဆင်သင့်ဖြစ်ပြီ​ဖြစ်၏။

ကျန်းရှုယောင် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရှဲ့ရွှင်း မကြာခင် ပြန်လာလောက်သည်ဟု ထင်မိသည်။

တစ်ချိန်က ရှဲ့ရွှင်းသည် နေ့တိုင်း စောစောပြန်လာနိုင်ပြီး ညစာကို ဘယ်တော့မှ လွတ်မည်မဟုတ်ပေ။ တခါတစ်ရံတွင် သူသည် ကျန်းရှုယောင် ချက်ပြုတ်ခြင်းအား ကြည့်ရှုပြီး ရိုးရှင်းသော ပျော်ရွှင်မှုကို ရိတ်သိမ်းရန် မီးဖိုချောင်ငယ်ထဲသို့ ၀င်ခဲ့သည်။ သို့ပေမဲ့ ဤရက်အနည်းငယ်မှာ နောက်ကျမှ သူပြန်လာပြီး ညစာစားရန်ပင် မလာတော့ပေ။

ကျန်းရှုယောင် အစားအသောက် ရှင်းလင်းရေး လုပ်ဖော်ကိုင်ဖက် မရှိ၍ မဟုတ်ဘဲ တစ်ခုခု လွဲချော်နေသလို ခံစားရ၏။

နေဝင်ချိန် တဖြည်းဖြည်းကျလာသည်နှင့်အမျှ ကျန်းရှုယောင် အစေခံတစ်ယောက်ကို ဘာဘီကျူးမီးဖိုတွင် မီးသွေးထည့်ရန် အမိန့်ပေးခဲ့သည်။

သံဒယ်ပြားက တဖြည်းဖြည်း ပူလာသည်။ သူမ အရသာနှပ်ထားသော ဝက်ဗိုက်သားအချပ်ကို ကောက်ယူပြီး သံဒယ်ပြားပေါ်တွင် တင်လိုက်သည်။

"ရှဲ-"

ဝက်သားဆော့စ်က သံဒယ်​ပြားကို ထိတွေ့ပြီး အခိုးအငွေ့တွေ ထွက်လာ၏။ စက္ကန့်အနည်းငယ်ကြာသောအခါ အသားရနံ့က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ဘာဘီကျူးကင်သည့်အဆင့်က အလွန်အရေးကြီး၏။ ငရုတ်ဆီ၊ ပဲပိစပ်၊ ချိုချဉ်ဝိုင် စသည်တို့သည် မရှိမဖြစ်လိုအပ်သည်။ ကြက်သွန်ဖြူနံ့ ကြိုက်လျှင် ထောင်းထားသည့် ကြက်သွန်ဖြူ များများထည့်ရသည်။ ချိုစပ်အရသာ ကြိုက်လျှင် သကြား နှင့် ပဲငံပြာရည် ပိုထည့်၍ရ၏။ ငံပြာရည်ကြိုက်လျှငိ ပဲငံပြာရည် ဇွန်းအနည်းငယ်ထည့်ပါလေ။

အဖြူရောင်ကြွေပန်းကန်ပြားများကို စားပွဲပေါ်တွင် ကြက်သွေးရောင်၊ နီညိုရောင်၊ဆော့စ် နှင့် အခြားဝက်သားအရောင်များဖြင့် သပ်သပ်ရပ်ရပ် ခင်းထားသည်။ ၎င်းဘေးတွင် လှီးထားသော ခရမ်းသီး ပန်းကန်လုံးကြီးတစ်လုံးနှင့် တွဲထားသည်။ အသားနှင့် ခရမ်းသီးတွင် ပါဝင်ပစ္စည်းများ နှစ်မျိုးသာရှိသော်လည်း အလျှံအပယ်ရှိသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေသည်။

ဘာဘီကျူးအချဥ်ရည် ပါဝင်ပစ္စည်းများကို ဆော့စ်နှင့် အမှုန့်များဟူ၍ ခွဲခြားထားသည်။ ဆော့စ်က လတ်ဆတ်သည်၊ ငန်ပြီး အနည်းငယ်ချိုသည်၊ အမှုန့်က "မွှေး" ဟူသော စကားလုံးကို ပိုအာရုံစိုက်ပြီး အဓိကအားဖြင့် နှမ်းမှုန့်နှင့် မြေပဲစေ့တို့ဖြစ်သည်။ ဝက်ဗိုက်သားကို ထိုထဲမှာနှစ်လိုက်သည့်အခါ အဆီနှင့်ဆီတွေ ဖြည့်တင်းပေး၏။ ဝက်ဗိုက်သားကို အမှုန့်ဖြင့် အုပ်ထားသဖြင့် အလွန်ကျေနပ်စရာကောင်းသည်။

ကျန်းရှုယောင် တူဖြင့် သံဒယ်ပြားထဲကို ဝက်ဗိုက်သာအချပ်များဖြင့်လျင်မြန်စွာဖြည့် ခဲ့သည်။

အပူချိန်မြင့် ကင်ခြင်းအောက်မှာ ဝက်သားက တဆတ်ဆတ်တုန်နေပြီး အဆီတွေက ဆီအဖြစ်ပြောင်းသွားကာ အသားနံ့တွေက ခြံဝင်းတစ်ခုလုံး မွှေးပျံ့နေ၏။

"မြောင် ~"
လိမ္မော်ရောင်ကြောင်လေးက မည်သည့်နေရာကမှန်းမသိ ပေါ်လာပြီး အစာတောင်းနေလေးသည်။

ကျန်းရှုယောင်၏ အကြည့်က ၎င်းအပေါ်ကို ရောက်သွားခဲ့၏။ ခဏရပ်ပြီးနောက် သူမ လတံခါးကို မသိစိတ်မှ လှမ်းကြည့်မိလိုက်သည်။



မွှေးတယ်... မွှေးတယ်...

ရှဲ့ရွှင်း အနံ့ခံလိုက်သည်။ သူ စာကြည့်ခန်းသို့ တန်းဝင်ရောက်တော့မည်ဖြစ်သော်လည်း သူ့လမ်းကြောင်းကို ပြောင်းကာ ထောင့်ချိုးကွေ့လိုက်။ သူသည် ထိန်းမနိုင်သိမ်းမရဖြင့် လဂိတ်တံခါးဆီသို့ လျှောက်သွားခဲ့သည်။

အနံ့က ဘာလို့ ဒီလောက်ကောင်းရတာလဲ...
ကျန်းရှီ အရင်တစ်ခေါက် လို့မေ ချက်ပြုတ်သည့်  အနံ့က မီးဖိုခန်းငယ်၏ အပြင်ဘက်တွင်သာရှိပြီး ယခုတစ်ကြိမ်တွင် မွှေးကြိုင်သော မွှေးရနံ့သည် ခြံဝင်း၏ ထက်ဝက်ကျော်ကို လွှမ်းသွားသည်။

ရှဲ့ရွှင်း ရုတ်တရက် ဗိုက်ဆာလာပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ မတတ်နိုင်ဘဲ လှည့်ပတ်နေတော့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် သူသည် သူ့အတွေးများကို ရှင်းလင်းစွာ မပြောနိုင်ဘဲ ကျန်းရှုယောင်ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိသောကြောင့် သူမကို တမင်ရှောင်တိမ်းခဲ့သည်။

အရင်က သူမကို ကြင်စဦးတွင် ပေါ့ပေါ့တန်တန် ဆက်ဆံခဲ့မိသဖြင့် ဒေါသဖြစ်မိပြီး ပြင်ရန်နည်းလမ်းပင် မစဉ်းစားနိုင်သည့်အတွက်လည်း ဒေါသထွက်ခဲ့ရသည်။ ယခင်တုန်းက မည်သို့ပင်ဖြစ်စေ သူက အမြဲတမ်း တည်ငြိမ်ပြီး ဉာဏ်ကောင်းခဲ့သည်။ ယခုမူကား ချစ်ခြင်းမေတ္တာကို မျက်ကွယ်ပြုထားသောကြောင့် နာကျင်နေရပေပြီ။

ရှဲ့ရွှင်း မြို့တော်ရှိ အချစ်ရေးစာအုပ်များအားလုံးကို ဖြတ်ကျော်လိုပြီး အားလပ်ချိန်များတွင် နေ့တိုင်း စာအုပ်ဆိုင်သို့ သွားခဲ့သည်။ လင်းချန် အလွန်ကြောက်လန့်သွားပြီး သူ့အား သရဲတစ္ဆေပြုစားသွားသည်ဟု ထင်ကာ မသေမျိုးလမ်းစဥ်လျှောက်သူ အဘိုးဖြစ်သူထံမှ ပြာအနည်းငယ်ကို လက်ဖက်ရည်ခွက်ထဲ ထည့်လိုက်သည်။ရှဲ့ရွှင်းက သူ့ကို နှင်ထုတ်ပြီး အရှေ့နန်းဆောင်ကို သုံးကြိမ်လောက် ပတ်ပြေးခိုင်းခဲ့၏။

ရှဲ့ရွှင်း သူ့ကိုယ်သူ သတိပေးရန် နှလုံးသားထဲတွင် ခိုင်မာသော အတွေးတစ်ခု ရှိခဲ့သည်–  မင်းသူမကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိသေးရင် ပြဿနာရှာဖို့ သူမဆီ မသွားနဲ့...

အနှီခိုင်မာသည့် အတွေးက သူ့အစာစားချင်စိတ်ကို မလွှမ်းမိုးနိုင်သည်က သနားစရာပါပင်။ ရှဲ့ရွှင်း လတံခါးတွင်ခေါင်းပြူကာ တိတ်တဆိတ် စစ်ဆေးခဲ့သည်။

ကျန်းရှုယောင် လတံခါးကို စိုက်ကြည့်နေသည်မှာ ကြာပြီဖြစ်ပြီး တစ်ချက်ကြည့်လိုက်သည်နှင့်သူ့ကိုမိသွား၏။

တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ကာ လေထုက တိတ်ဆိတ်ငြိမ်သက်သွားပြီး ရှဲ့ရွှင်းတစ်ယောက် တောင့်တင်း သွားသည်။

"မြောင်"

အစာစားပြီးနောက် လိမ္မော်ရောင်ကြောင်လေးသည် လဂူတံခါးနားသို့ ဖြတ်သွားခဲ့သည်။ သူ့နားရွက်လေးများကို အထင်အမြင်သေးစွာလှုပ်ခတ်လိုက်၏။ ဟီးဟီး...ဒီခြေနှစ်ချောင်းနဲ့ ထူးဆန်းတဲ့ အကောင်ကြီး လာပြန်ပြီ...

ကျန်းရှုယောင်က ရှဲ့ရွှင်းကို ပြုံးပြုံးလေး ကြည့်နေသည်။ရှဲ့ရွှင်း သူ့နောက်ကျောရှိ သူ့လက်များကို ဆုပ်ထားပြီး ငြိမ်သက်ဟန်ဆောင်ကာ သူမဆီသို့ လျှောက်သွားလိုက်သည်။

"ရှင်ရောက်လာပြီလား"
ကျန်းရှုယောင်က မေးသည်။

"အင်း"
ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်ပြီး ဘာဘီကျူးကို မကြည့်မိအောငိ သူ့မျက်လုံးတွေကို ထိန်းထားလိုက်၏။

"ညစာစားပြီးပြီလား"
ကျန်းရှုယောင်ကဆိုသည်။

"အလုပ်များနေတာ... အခုတလော ညစာမမီဘူး"

သူက ညစာမမီတာလား...
ရှဲ့ရွှင်း သူမကို တမင်ရှောင်ပြီး လာမစားမှန်း ထင်ရှားလေသည်။

"မစားရသေးဘူး"

"ဒါဆို လက်ဆေးပြီး စားလေ"

ရှဲ့ရွှင်း ရုန်းကန်နေခြင်းကို စွန့်လွှတ်လိုက်သည်။ လက်ဆေးပြီးသည်နှင့် သူမနှင့်မျက်နှာချင်းဆိုမှာဝင်ထိုင်ပြီးပြောလိုက်၏။

"နောင်မှာ ဒီလောက်အလုပ်ရှုပ်မှာမဟုတ်ပါဘူး"

"ညစာ တစ်ယောက်တည်း စားရတာ နည်းနည်းပျင်းစရာကောင်းတာနဲ့အတော်ပဲပေါ့"
သူမက ဘာဘီကျူးကို လှန်လိုက်သည်။

သူမ ခုနက တင်ထားသည့် ဘာဘီကျူးက ရသွားပြီဖြစ်သည်။ ပါးပါးလှီးထားသော အစွန်းများသည် အနည်းငယ် မီးကျွမ်းပြီး ထူထူလှီးထားသော အစွန်းများက ဆီများရွှဲ နေသည်။

ကျန်းရှုယောင်က အသားကို ရှဲ့ရွှင်းဆီ တွန်းလိုက်ပြီးဆို၏။

"ဒီအရသာတွေကို ကြိုက်လား"

ရှဲ့ရွှင်း၏လည်ဇလုတ်လှုပ်ခတ်သွားသည်။ သူက ဘာဘီကျူးတစ်ပိုင်းကို ကောက်ယူကာ အမှုန့်ထဲတွင် နှစ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ကင်ထားသော အသားများကို အနည်းငယ် နှပ်ထားပြီး အဓိကအားဖြင့် ညှီခြင်းကို ဖယ်ရှားရန်နှင့် လတ်ဆတ်မှုတိုးစေရန်ဖြစ်၏။ အဆီရည်များက အသားချပ်များမှ စိမ့်ထွက်ကာ မွှေးကြိုင်သော မွှေးရနံ့များ လွှမ်းနေသည်။

အဆီများသော အသားအပိုင်းသည် မျက်နှာပြင်ပေါ်တွင် ကြွပ်ဆတ်ပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ အဆီနည်းအသားက အပြင်ဘက်မှာ အဆီပြန်ပြီး အတွင်းပိုင်းမှာ နူးညံ့၏။ နှမ်းမှုန့်ကို အသားကင်ပေါ်မှာ လူးထားသဖြင့် အရသာအပြည့်ရှိသည်။

သူ နောက်ထပ်အချဥ်ရည်နှငွလိုထပ်တို့လိုက်၏။ အချဥ်ရည်က အနည်းငယ်ငန်သောကြောင့် ဝက်သား၏အနံ့နှင့် အီစိမ့်ခြင်းကို ဖုံးကွယ်ပေးသည်။ယင်းက ချိုငန်စပ်အရသာဖြစ်၏။ ဝက်သားကို ဝါးလိုက်သည့်အခါ အဆီအနှစ်နှင့်ဆီများကလည်း အချဥ်ရည်များ စွန်းထင်းနေပြီး အရသာကို ချက်ခြင်းနိုးထစေမည်ပင်။

အချဥ်ရည်မပါဘဲပင် အလွန်အရသာရှိသည်။ မူရင်းအသားအရသာက အစွန်းမှာ အနည်းငယ်ကျွမ်းနေပြီး ဝါးလိုက်သည့်အခါ ပါးစပ်ထဲကို ဆီတွေ စီးကျလာ၏။ အဆီနည်းအသား၏ လတ်ဆတ်မှုနှင့် အဆီများသောအသား၏ မွှေးရနံ့သည် ကြာရှည်ခံနိုင်မည်ဖြစ်သည်။


Xxx