Chapter 59
ဆန်ခေါက်ဆွဲမွှေကြော်
ကျန်းရှုယောင် အချိန်ကျလျှင် ခရမ်းသီးအချပ်တစ်ချပ်ကို ဘာဘီကျူးတွင် ထည့်လိုက်သည်။ ခရမ်းသီးအချပ်တွေက ဆီတွေကို စုပ်ယူပြီး သုံးစက္ကန့်ကနေ ငါးစက္ကန့်ကြာသည့်အခါ ဆီတွေက ခရမ်းသီးကို ပျော့ပြောင်းပြီး ဖယောင်းကဲ့သို့ဖြစ်စေကာ အတွင်းပိုင်းကမူ ရေလိုပါပင်။ ကိုက်လိုက်သောအခါ အရည်ပျော်သွားသည်။သူ့မှာ ခရမ်းသီးနှင့် ဝက်သား၏ရနံ့ရှိသည်။
ဘာဘီကျူး အနည်းငယ်စားပြီးသောအခါ ချိုပြီး အနည်းငယ်ချဉ်သော အအေးနှင့် ချဉ်သော ဇီးသီးဟင်းချိုကို သောက်ပြီး အီစိမ့်မှုနှင့် အပူကို သက်သာစေသည်။
ရှဲ့ရွှင်းတစ်ယောက် ပျော်ရွှင်စွာ စားသောက်ခဲ့သည်။ ကျန်းရှုယောင် နှင့်လက်ထပ်ပြီးကတည်းက ဝက်သား၏ဂုဏ်ကျက်သရေကို သူအပြည့်အဝနားလည်လာခဲ့သည်။
ကျန်းရှုယောင် ဝက်ဗိုက်သားကို အများကြီး မပြင်ဆင်နိုင်ခဲ့သည့်အတွက် စိတ်မကောင်းစရာပါပင်။ ရှဲ့ရွှင်း၏ ပါးစပ်က စွဲလန်းနေသော်လည်း ဗိုက်မပြည့်မီတွင် သူ့ပန်းကန်ပြားမှာ ဗလာဖြစ်နေသည်။
ကျန်းရှုယောင်ကရှင်းပြလိုက်၏။
"အဆီများတဲ့ အစားအစာတွေ အများကြီးစားတာ မကောင်းဘူး"
ရှဲ့ရွှင်း ပြန်လည်ချေပချင်သော်လည်း အဆုံးတွင် နာခံမှုရှိရှိဖြင့် "အွမ်း" ဟုသာအသံပြုနိုင်ခဲ့သည်။
ကျန်းရှုယောင် သူမအစေခံများကိုခေါ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းကာ ဇီးသီးဟင်းရည်ပါသည့် လက်ဖက်ရည်ခွက်ကို ကိုင်၍ ထွက်ခွာသွားခဲ့သည်။ အဆီများသည့်အနံ့တွေနှင့် ပြည့်နေသည့်အတွက် သူမ အဝတ်လဲပြီး အိမ်ပြန် ရေချိူးရန် အဆင်သင့်ဖြစ်နေသည်။
ရှဲ့ရွှင်း သူမနောက်ကျောကို ကြည့်ပြီး ရှုပ်ပွနေတဲ့ ထမင်းစား စားပွဲကို ကြည့်ကာ နောင်တအပြည့်နှင့် မျက်မှောင်ကြုတ်လိုက်၏။
စားပြီးသည်နှင့် သူ့သတ္တိလည်း ပေါ်လာသည်။
ရှဲ့ရွှင်း စာကြည့်ခန်းသို့ အမြန်ပြန်ကာ ဆံထိုးကိုယူ၍အရှေ့တောင်ပံသို့ အမြန်ပြေးသွားခဲ့သည်။
သူ အရှေ့တောင်ပံတံခါးနားရောက်လုနီးပါးတွင် ရပ်သွားပြန်သည်။
ဖွင့်ထားသည့် ပန်းပုထွင်းပြတင်းပေါက်မှာ ရပ်နေရင်း ကျန်းရှုယောင်က အိမ်ထဲမှာ တစ်ခုခုပတ်ရှာနေသည်ကို တွေ့လိုက်ရ၏။
ရှဲ့ရွှင်း ရုတ်တရက် စိတ်တွေ ပူလောင်လာသည်။ သူ ပန်းပုထွင်းပြတင်းပေါက်အပြင်ဘက်မှာ ရပ်ပြီး ကျန်းရှုယောင်ကို လှမ်းအော်လိုက်၏။
ကျန်းရှုယောင် ခေါင်းငုံ့ပြီး တံခါးဆီကို ကြည့်လိုက်သောအခါ ဘယ်သူ့ကိုမှ မတွေ့ပေ။ သူမ အံ့သြသွားသော်လည်း ရှဲ့ရွှင်းက "ဒီမှာ" ဟု ထပ်ပြောသည်။
သူမ အသံထွက်သည့်နေရာကို လှမ်းကြည့်လိုက်ရာ ပန်းပုထွင်းပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသော ရှဲ့ရွှင်းက သူဘာတွေတွေးနေမှန်းမသိရဘဲ မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"တစ်ခုခုရှိလို့လား"
ကျန်းရှုယောင် စိတ်ရှုပ်ထွေးသွားပြီးလမ်းလျှောက်သွားလိုက်၏။
"ပြောစရာရှိရင် လာခဲ့လေ"
"မလိုဘူး"
ရှဲ့ရွှင်း၏ အသံကတောင့်တင်းနေသည်။
သူက ကျန်းရှုယောင်ကို မကြည့်ဝံ့ပေမဲ့ သူ့မျက်လုံးတွေက သူမခေါင်းပေါ် ကျရောက်သွား၏။
"နဂါးလှေတော်ပွဲတော်ကို ငါတို့အနိုင်ရပြီးတဲ့နောက် ဧကရာဇ်မင်းကဆုချတာကို မှတ်မိသေးလား"
ကျန်းရှုယောင်က ခေါင်းညိတ်လိုက်သည်။
"ကိုယ်လုပ်တော်လင်းကလည်း တစ်ခုခု ဆုချတယ်"
ကျန်းရှုယောင် ဤအကြောင်းကို မသိပေမဲ့မေးလိုက်၏။
"အဲတော့ ဘာဖြစ်လို့လဲ"
"အင်း"
ရှဲ့ရွှင်း သူ့နှုတ်ခမ်းကို တင်းတင်းစေ့ရင်းဆိုလိုက်သည်။
"ကောင်းပြီ... ဧကရာဇ်မင်းမြတ်က ငါတို့ကို ဆုချတယ်... ဒါကြောင့် သူ(မ)ကငါတို့ မိသားစုဝင်တွေကို ဆုချမယ်လို့ပြောတယ် "
ရှဲ့ရွှင်း အသေးစိတ်ကို လက်လွှတ်မခံဘဲအမှန်အတိုင်းပြောရန် ကြိုးစားခဲ့၏။
ကျန်းရှုယောင် အချိန်အတော်ကြာ နားထောင်ခဲ့ပြီး အဓိကအချက်ကို နားမလည်နိုင်ခဲ့ပေ။သူမ၏ မိုးမခကိုင်းလို မျက်ခုံးမွှေးများ ပင့်သွား၏။
"အဲတော့..."
"ပြီးတော့ သူက ငါ့ကို ရွှေဆံထိုးနဲ့ ဆုချတယ်... မဟုတ်ဘူး ရွှေဆံထိုးနဲ့ မင်းကို ဆုချတယ်...ငါ့ဇနီးအနေနဲ့ သူကမင်းကိုဆုချတယ်... သူက မင်းအဒေါ်မို့လို့ ငါ့ကို မျက်နှာပေးဖို့အတွက် မင်းကိုလက်ဝတ်ရတနာတွေ ပေးနေတာ...အတိအကျဆိုရရင်အဲဒါကငါနဲ့ဘာမှမဆိုင်ဘူး... ဒါပေမဲ့ ငါက အနိုင်ရသူမလို့—"
"လို ရင်း ကို ပြော"
ကျန်းရှုယောင် သူမ၏ သွားများကို အံကြိတ်ကာ မနေနိုင်ဘဲ ဖြတ်ပြောလိုက်၏။
ဒီ အတွန့်အတက်တွေကဘာလဲ... အဓိကအချက်မရှိရင် မိန့်ခွန်းကို ဘယ်သူက ဂရုစိုက်မှာလဲ...
ရှဲဲ့ရွှင်း သူမဆီကဖြတ်ပြောခံလိုက်ရပြီးနောက် သူ့မျက်နှာက ပိုတောင့်တင်းလာကာ သွက်ချာပါဒလိုက်နေသည့် အေးစက်စက် မျက်နှာက ဒေါသထွက်နေသကဲ့သို့ ပိုပိုစိမ်းကားလာခဲ့သည်။
သိမ်မွေ့ပြီး လှပသော ပန်းအိုးတစ်လုံးနှင့်အတူပြတင်းပေါက်ရှေ့တွင် ရှည်လျားသော ပန်းတင်ခုံတစ်ခုရှိသည်။ ရှဲ့ရွှင်းက ရုတ်တရက်တိုးလာပြီး ပန်းတင်ခုံပေါ်မှာ တခုခုကို အမြန်တင်လိုက်သည်။
ကျန်းရှုယောင် ပို၍ပင် စိတ်ရှုပ်ထွေးသွား ပန်းတင်ခုံကို ကြည့်လိုက်သောအခါ အနုစိတ်လှသော ဆံထိုးသေတ္တာကို တွေ့လိုက်ရ၏။
ရှဲ့ရွှင်း ပြောသည်ကို သူမ နားမလည်ပေမဲ့ ကိုယ်လုပ်တော်လင်းက ချီးမြင့်သည့် ရွှေဆံထိုးဆိုသည်ကို သူမသိသေးပါသည်။
သူမ ၎င်းကို ဖြည်းညှင်းစွာကောက်ယူပြီး ဆံထိုးသေတ္တာကိုဖွင့်လိုက်ရာ အတွင်းတွင် လှပပြီး ရှုပ်ထွေးလှသော ကြာပန်းနှစ်ထပ်ဆံထိုးတစ်ခုရှိနေပြီး သေသပ်စွာပြုလုပ်ထားကာ တောက်ပဝင်းလက်နေ၏။
သူမ ရှဲ့ရွှင်းကိုကြည့်ရန် ခေါင်းငုံ့လိုက်သော်လည်း သူ့မျက်နှာကို သူမမြင်မီတွင် ရှဲ့ရွှင်းက ပြတင်းပေါက်ကို ရုတ်တရက် ဘန်းခနဲအသံဖြင့် ပိတ်လိုက်သည်။
ကျန်းရှုယောင် စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။
နေဝင်ချိန် ရောင်ခြည်များသည် ပျော့ပျောင်းနေပြီး ရှဲ့ရွှင်း၏ ရုပ်ပုံလွှာက ပြတင်းပေါက်စက္ကူပေါ်တွင် တောက်ပပြီး နွေးထွေးသော အရိပ်တစ်ခု ဖန်တီးနေသည်။
"ဒါပဲ"
ပြတင်းပေါက်ကတစ်ဆင့် သူ့အသံက အရင်ကလို ကြည်လင်မနေပါချေ။
ကျန်းရှုယောင် ရွှေဆံထိုးကို ကောက်ကိုင်လိုက်ပြီး ဆံထိုးထိပ်ပေါ်ရှိ ကြာပန်းကို နှစ်စက္ကန့်ကြာ စိုက်ကြည့်ခဲ့သည်။ ၎င်းနောက် ကြာပန်း၏ အဓိပ္ပါယ်ကို သူမနားလည်သွား၏။
ခဏလေး ... ဒါဆိုရှဲ့ရွှင်းက ရှက်နေတာလား...
သူမ ပန်းပုထွင်း ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပြတင်းပေါက်ကို ဖွင့်ရန် ကြိုးစားသော်လည်း ရှဲ့ရွှင်းက ပြတင်းပေါက်ကို ဖွင့်မရအောင် အသဲအသန် ဖိနှိပ်နေသည်ကို တွေ့လိုက်ရသည်။
(ဟယ်)
"ရှင်း--"
ကျန်းရှုယောင် ပြင်းပြင်းထန်ထန် တွန်းလိုက်သော်လည်း ရှဲ့ရွှင်း၏ ခွန်အားကို မယှဉ်နိုင်။
တကယ်ကို ဦးနှောက်ခြောက်ရတယ်...
သူမ ဒေါသထွက်မိသလို နားမလည်နိုင်လည်းဖြစ်ကာ ရယ်စရာကောင်းသည်ဟုလည်းခံစားရသည်။
"ရှဲ့ပေါယွမ် ဘာလုပ်နေတာလဲ"
"ဘာမှမဟုတ်ဘူး"
ရှဲ့ရွှင်း၏ အသံက စိတ်တိုနေဟန်ဖြင့်
"မင်းကို ဆံထိုးပေးတာ"
နောက်ဆုံးတွင် သူက “ကိုယ်လုပ်တော်လင်းက မင်းကို ပေးလိုက်တာ” ဟုတောင့်တောင်ကြီး ထပ်ပြောသည်။
သူ့အသံက တိတ်ဆိတ်သွားပြီး ပန်းပုထွင်း ပြတင်းပေါက်ကို ဖိထားသည့်အင်အား ပျောက်ကွယ်သွား၏။
ကျန်းရှုယောင် ပြတင်းပေါက်ကို ရုတ်တရက်တွန်းဖွင့်လိုက်ရာ ပြတင်းပေါက်အပြင်ဘက်ရှိလူက အစောကြီး ပျောက်ကွယ်သွားခဲ့သည်။
ပြတင်းပေါက်ရှေ့မှာ တိတ်တဆိတ် ရပ်နေရင်း လက်ထဲမှာ ဆံထိုးသေတ္တာကို ကိုင်ထားပြီး အံကြိတ်ထားသည့်စကားတစ်ခွန်းကို သူမပြောလိုက်၏။
"ဘာလဲဟာ"
ရွှေဆံထိုးကို ငုံ့ကြည့်မိသည်။ ကြာနှစ်ထပ်ဆိုသည်မှာ အကြင်လင်မယား ချစ်ခင်စုံမက်ပြီး အနှစ်တစ်ရာ ပေါင်းသင်းနေထိုင်ခြင်းကို ဆိုလိုသည်။ သူတို့သည် အစဉ်အမြဲ အတူရှိကြလိမ့်မည်။
သူမ၏ နှလုံးသားသည် သိသိသာသာ ယားယံလာသည်။ သူမ ရုတ်တရက် သတိပြန်ဝင်လာကာ သူမ၏ပါးပြင်များ ပူလာပြီး ပြတင်းပေါက်ကို "ဘန်း"ခနဲ ပိတ်လိုက်သည်။
.......
ကျန်းရှုယောင် သူမလက်ထဲက ရွှေဆံထိုးကို အမူအယာမဲ့စွာ ကြည့်လိုက်ပြီးနောက် နံနက်ခင်းကောင်းကင်ယံသို့စိတ်တို့ပျံ့လွှင့်သွားသည်။
ပိုင်ကျီက သူမနောက်ကနေ ထွက်လာ၏။ သူမ ချက်ချင်း သတိပြန်ဝင်လာကာ ရွှေဆံထိုးကို ရတနာသေတ္တာထဲသို့ ထည့်ကာ ပိတ်လိုက်သည်။
မနက်ခင်း ဂါရဝပြုချိန်နီးနေလေပြီ။ ကျန်းရှုယောင် သူမ၏စိတ်ကိုစုစည်းကာ ထလိုက်ပြီး ရှို့နင်ခန်းမဆောင် သို့သွားခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် ရှဲ့ရွှင်းပေးသည့် ရွှေဆံထိုးက သူမကို စိတ်မသက်မသာဖြစ်စေခဲ့သည်။ ရှင်းရှင်းပြောလျှင် ဤသည်က ကိုယ်လုပ်တော်လင်းဆီကဆုလာဘ်သက်သက်ဆိုသည်ကို သူမ သိပါ၏။သို့ရာတွင် ရှဲ့ရွှင်းက သူမကို ပေးသည်ဟုတွေးသည့်အခါ သူမ၏စိတ် ရှုပ်ထွေးသွားခဲ့သည်။
ရှို့နင်ခန်းမဆောင်၏ တံခါးဝသို့ လျှောက်လာသောအခါတွင် ရုတ်တရက် အသံတစ်ခုထွက်လာသည်။
သခင်မကြီးက တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်သောကြောင့် ရှိ့နင်ခန်းမဆောင်က အမြဲတမ်း တိတ်ဆိတ်နေသော်လည်း ယနေ့တွင် ထူးထူးခြားခြား ဆူညံနေသည်။
ကျန်းရှုယောင် ပြေးလာပြီး ကန့်လန့်ကာတွေကို ကမန်းကတန်း မလိုက်သည်ကိုတွေ့သောအခါ အစေခံက ထူးဆန်းနေပုံရ၏။ ကျန်းရှုယောင် ပဟေဠိဖြစ်ပြီး ဝင်သွားသောအခါ ပရမ်းပတာတွေကို တွေ့လိုက်ရသည်။
ဒုတိယသခင်မကျိုးရှီက သခင်မကြီး၏ရှေ့တွင် ရပ်ကာ အော်ဟစ်ငိုယိုနေ၏။ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးက သူ့ဘေးတွင် ဒူးထောက်လျက် ရှိနေသည်။ သူတို့နောက်မှာ တုန်လှုပ်ချောက်ချားနေသည့်အစေခံများက တန်းစီနေ၏။ သခင်မကြီးကလည်း ဒေါသအပြည့်နှင့်။ သိမ်မွေ့ပြီး သဘောကောင်းသည့်အပြုံးကို အမြဲ ထိန်းသိမ်းလေ့ရှိသည့်ရှုရှီက တင်းမာသော အမူအရာနှင့် ခပ်ဝေးဝေးမှာ မတ်တပ်ရပ်နေသည်။
မြင်ကွင်းက ရှုပ်ထွေးလွန်းပြီး ကျန်းရှုယောင် ဝင်လာသည်ကို ဘယ်သူကမှ ဂရုမစိုက်ပါချေ။သခင်မကြီးက သူမ၏ရင်ဘတ်ကို တင်းတင်းဖိပြီး ကျိုးရှီကိုအပြစ်တင်၏။
"ရိုင်းစိုင်းလိုက်တာ...ရိုင်းစိုင်းလိုက်တာ"
ကျိုးရှီက မျက်ရည်တွေကို သုတ်ရင်းမြည်းတမ်းလေသည်။
"အမေက အပြင်လူကို မျက်နှာသာပေးနေတာလား"
"အပြင်လူလား"
သခင်မကြီးက အားနည်းနုနယ်ဟန်အမျိုးသမီးကို လက်ညှိုးထိုးပြပြီးဆို၏။
"သူ့မှာ ငါ့ဒုတိယသားရဲ့ကလေး ရှိတယ်"
ကျန်းရှုယောင် ရုတ်တရက်အလေးအနက်ဖြစ်သွားသည်။ သူမ ရှုရှီဘက်သို့ ခိုးကြောင်ခိုးဝှက် လျှောက်သွားပြီး အသံနှိမ့်ကာမေးလိုက်၏။
"ယောက်မ ဘာဖြစ်တာလဲ"
နံနက်ခင်းဂါရဝပြုချိန်တွင် ကျိုးရှီက သခင်မကြီးကို တရားမျှတမှုပေးဖို့ တောင်းဆိုရန် လူတစ်စုနှင့် ရုတ်တရက် ပြေးဝင်လာခဲ့သည်။ ရှုရှီအနေဖြင့် ထွက်မသွားနိုင်သလို ဒုတိယအိမ်တော်ခွဲ၏ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း မဝေဖန်နိုင်ပါချေ။
"ခန်းမအပြင်မှာ ဘာသံမှ မကြားဘူးလား...ဘာလို့ ဝင်လာတာလဲ"
"အဲတော့ ဘာဖြစ်လဲ... သူက ဘယ်သူမှ မဟုတ်ဘူးလို့ မဟုတ်ဘူး...ဒီကလေးက ရှိမနေသင့်ဘူး... ကျွန်မဆီကနေ ဝှက်ထားဖို့ အစေခံတွေကို လာဘ်ထိုးချင်သေးတယ်လား...ကျွန်မကငတုံးလား"
ကျိူးရှီက သူမ၏ လက်ကိုင်ပုဝါကို ချလိုက်ပြီး ကျန်းရှုယောင် သူမက အော်ဟစ်နေသော်လည်း သူမ၏ မျက်လုံးများတွင် မျက်ရည်တစ်စက်မျှရှိမနေကြာင်းသတိထားမိလိုက်သည်။ သူမသည် အမှန်တကယ် ဒေါသထွက်နေပြီး သူမ၏ မျက်နှာမှာ ဒေါသနှင့် ပြည့်နေသည်။
"ကလေးမွေးသင့်၊ မမွေးသင့် ဆုံးဖြတ်ရမှာ နင့်အလှည့်မဟုတ်ဘူး"
သခင်မကြီးသည် ဤမျှကျယ်လောင်သော အသံဖြင့် စကားမပြောသည်မှာ ကြာပြီဖြစ်၍ မောဟိုက်နေသည်။
"သူ့မှာ အဆင့်အတန်းမရှိရင် သူ့ကို အဆင့်အတန်းတစ်ခုပေးလိုက်...ကျိုးရှီ ငါ့ဒုတိယသားက မင်းကို အင်မတန်ကောင်းကောင်း ဆက်ဆံတယ်...မင်းကို ဒီလောက်မနာလိုဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး"
ကျိူးရှီ၏ မျက်နှာကငြိမ်သက်နေပြီး နှုတ်ဆိတ်နေသည်။ သခင်မကြီးက သူမမှာ ပြောစရာစကားမရှိတော့ဟု ထင်သည့်အချိန်မှာရုတ်တရက် စကားပြန်ပြောလိုက်၏။ သူမ၏လေသံက အရင်က ဟန်ဆောင်ထားသလို ပျော့ညံ့ပြီး ဝမ်းနည်းပူဆွေးမှုတွေလည်း မရှိတော့ပေ။သို့ပေမဲ့ သူမမျက်နှာက ပျက်ရယ်ပြုနေ၏။
"မနာလိုတယ်တဲ့လား...မြို့စားရှဲ့အိမ်တော်မှာ
ဒုတိယအိမ်တော်ခွဲကလွဲလို့ တခြားဘယ်အိမ်တော်ခွဲမှာ ကိုယ်လုပ်တော်တွေရှိလို့လဲ"
သခင်မကြီး ဤကဲ့သိုသော ကျိုးရှီကို မတွေ့သည်မှာ ကြာပြီဖြစ်သည်။ သူမသည် မြို့စားရှဲ့အိမ်တော်တွင်သူမလက်ထပ်ဝင်လာခါစအချိန်သို့ပြန်ရောက်သွားပုံရသည်။ သူမက အလွန် မျက်နှာပြောင်တိုက်တတ်ပြီး သခင်မကြီး အကြိုက်နှင့်ကိုက်ညီသောအရာ သူမခန္ဓာကိုယ်ထဲတွင် မည်သည့်အရာမှ မရှိပါချေ။
"မင်းက မနာလိုမဖြစ်ဘူးလို့ ပြောသေးတယ်လား... ခင်ပွန်းအတွက် အကိုင်းအခက် အရွက်တွေ ဖြန့်ခင်းဖို့က ဇနီးသည်ရဲ့ တာဝန်ပဲ...ယွင်နျန်း ကိုယ်ဝန်ရှိတာ ကောင်းတဲ့ကိစ္စပဲလေ... မင်းလည်း မငယ်တော့ပါဘူး...ဒါတောင် မင်း မနာလိုဖြစ်ပြီး ပြဿနာရှာနေတုန်းပဲ"
ကျိုးရှီ၏ အကြည့်များသည် ယွင်နျန်းပေါ်သို့ ကျဆင်းသွားပြီး စူးရှသော မျက်လုံးများက ယွင်နျန်း၏တစ်ကိုယ်လုံးကို တုန်ရီစေကာ သူမကို ပို၍ပင် သနားစရာ ဖြစ်စေသည်။
ကျန်းရှုယောင် ရှက်သွားပြီး ရှုရှီ၏ဝတ်ရုံ လက်ကိုဆွဲပြီး သူမနှင့်ခိုးထွက်ရန် ကြိုးစားလိုက်သည်။
ဤအချိန်တွင် နှောက်ယှက်ခြင်းနှင့်ထွက်ခွာရန်ခွင့်ပန်ခြင်း မှာ မသင့်လျော်ပါချေ။ရှုရှီ ရုန်းကန်နေစဥ်တွင် အပြင်ဘက်မှ အစေခံမလေး၏အရိုအသေပေးသံကြားလိုက်ရသည်။ ရှဲ့လန်ရောက်လာလေပြီ။
ကျိုးရှီ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ရှဲ့လန်ကို လှည့်ကြည့်လိုက်သည်။
ရှဲ့လန်က ယခင်အတိုင်းပင်ကျော့ရှင်းရည်မွန်နေဆဲဖြစ်သည်။ ရုပ်ရည်ချောပြီး အချုပ်အတည်းမရှိ၊ သူ့ရှေမှာ ရုပ်ပျက်ဆင်းပျက်အဖြစ်နှင့် ရင်ဆိုင်ရသည့်အခါ၌ပင်လျှင် သူ့အမူအရာက နူးညံ့သိမ်မွေ့ပြီး တည်တည်ငြိမ်ငြိမ်ဖြစ်၏။
သူက ပထမဆုံး လျှောက်လာပြီး ယွင်နျန်းကိုထရန်ကူညီပေးလေသည်။
"ကြမ်းပြင်က အေးနေတယ်...မင်းက ကိုယ်ဝန်ရှိနေတာ...မြန်မြန်ထပါ"
ထို့နောက် သူက ကျိုးရှီကိုပြော၏။
"မင်း ငါ့အမေဆီ ဘယ်လိုရောက်လာတာလဲ"
ကျိုးရှီသည် ရှဲ့လန်ရှေ့မှာ ဘယ်တုန်းကမှ မဆင်မခြင်လုပ်လေ့မရှိပေ။ သို့သော် ယနေ့ သူမ ထူးထူးခြားခြား အေးစက်နေခဲ့သည်။
"ရှင်နဲ့ ကျွန်မအကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးပြီ... ဒါပေမဲ့ ရှင်က သူ့ကို ကိုယ်လုပ်တော်အဖြစ် လက်ခံဖို့ တွန်းအားပေးနေတော့ တရားမျှတမှုကို ရှာဖို့ အမေ့ဆီ လာခဲ့တာ"
ရှဲ့လန်၏ မျက်နှာမှာ အကူအညီမဲ့သော အကြည့်တို့ဖြင့် သက်ပြင်းချကာဆို၏။
"သူ ကိုယ်ဝန်ရှိနေပြီ"
ကျိုးရှီ သူ့ကို အလွန်အမင်း စိတ်ပျက်နေသကဲ့သို့ သူ့ကို မတွေ့ချင်ဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် သူစိတ်ဆိုးနေလျှင် သူမက ချက်ချင်းပင် ငြိမ်သက်သွားတတ်သည်။သို့ပေမဲ့ ယနေ့ နှစ်ပေါင်းများစွာက မကျေနပ်မှုများနှင့် ဒေါသများ ပေါက်ကွဲထွက်ကုန်လေပြီ။
"ဒါဆို ဒုတိယအိမ်တော်ခွဲမှာ အမွေဆက်ခံသူ လုံလုံလောက်လောက် မရှိဘူး...ရှင် ဒီမိန်းမကို ဘယ်ကရလာတယ်ဆိုတာ ဘယ်သူသိမှာလဲ... ချင်နဲ့ သီချင်းတွေ တနေကုန် တီးခတ်၊သူနဲ့ ကဗျာတွေ ရွတ်ဆို ၊ ဝါသနာစရိုက်ချင်းတူတဲ့ပုံစံနဲ့...ကျွန်မက ကျွန်မရဲ့ပုံစံအတိုင်းပဲ ကိုယ်ကျင့်သီလရှိတဲ့ဇနီးဖြစ်အောင် ကိုယ့်ကိုယ်သေချာပေါက်ပြုမူပြီး ဝမ်းနည်းမှုကိုသည်းခံနေမှာပါ...ကျွန်မ သူ့ကိုသဘောမကျဘူး ဒါပေမဲ့...အနောက်ခြံဝင်းကဘယ်ကိုယ်လုပ်တော်ကိုများ ကျွန်မကလက်မခံပေးတာရှိခဲ့ဖူးလို့လဲ... တစ်ယောက်ပြီး တစ်ယောက် ဒီလိုနေ့မျိုးက ဘယ်တော့မှအဆုံးသတ်မှာလဲ..."
ရှဲ့လန်က ပြန်ပြောတော့မည်ဖြစ်သော်လည်း သခင်မကြီးက ဒေါသဖြစ်ကာ စားပွဲကို ဆောင့်ရိုက်လိုက်သည်။သူမက တင်းမာစွာအပြစ်တင်ပြောဆိုလေသည်။
"ဒါက မြို့တော်ပဲ...ဒါက မြို့စားရှဲ့အိမ်တော် မော့ပေမဟုတ်ဘူး... မင်းရဲ့ ရောင့်တက်မှုကို ငါတို့ သည်းမခံနိုင်ဘူး"
ကျိုးရှီ သူမ၏ အော်သံကြောင့်ကြောင်အသွားသည်။ အချိန်အတော်ကြာပြီးနောက် သူမကဆိုလိုက်၏။
"နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒါက မော့ပေ မဟုတ်ဘူးဆိုတာကို ကျွန်မထက်ဘယ်သူပိုသိမှာလဲ"
သူမစိတ်ထဲရှိသောအရာကိုပြောပြီးနောက် ငြိမ်သက်သွားသည်။ သူမက ရှဲ့လန်ကို နောက်တစ်ကြိမ် မကြည့်ဘဲ သခင်မကြီး၏ ဒေါသကို လျစ်လျူရှုခဲ့သည်။ သူမ၏ဆံထုံးမှဆံပင်အချို့ကို ဖြတ်ကာ လှည့်ထွက်သွားသည်။
[ET/N- အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးသည် ၎င်း၏ "အိမ်ထောင်သည်အမျိုသမီး" ဆံထုံးမှ ဆံပင်ကိုညှပ်ခြင်းသည် ခင်ပွန်းနှင့် ကွာရှင်းပြတ်စဲရန် မလိုအပ်သော်လည်း ခင်ပွန်းနှင့် အဆက်အသွယ်ဖြတ်ခြင်းကို ဆိုလိုသည်ဟု ယုံကြည်ပါသည်။]
သခင်မကြီးက သူမနောက်ကျောကို မယုံနိုင်စွာ ကြည့်သည်။ ရင်ဘတ်ကို ပုတ်ပြီးဆိုလေ၏။
"သူ့ကိုကြည့် ကြည့်စမ်း...မင်းသူ့ကို လက်ထပ်လို့မရဘူးလို့ အစကတည်းက ငါပြောခဲ့တယ်...နှစ်တွေကြာလာတာတောင် သူ့ရဲ့ စိတ်နေစိတ်ထားက လုံးဝပြောင်းလဲမသွားဘူး...သူက မော့ပေက ရိုင်းစိုင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ...သူ့အဖေက ဗိုလ်ချုပ်ဖြစ်ရင်ရော ဘာလုပ်ရမှာလဲ...သိုင်းပညာရှင်ရဲ့သမီးက အကျင့်စာရိတ္တမရှိဘူး"
ရှဲ့လန်က ခေါင်းငုံ့နေကာ ဘာမှမပြော။
ယွင်နျန်း ဟုခေါ်သော အမျိုးသမီးက ရှဲ့လန်ကို သနားကြင်နာစွာဖြင့် ကြည့်နေသည်။ သူမအကြည့်ကို ခံစားလိုက်ရသောအခါတွင် သူက လှည့်၍ နှစ်သိမ့်ပြုံးပြသည်။
ဤအပြုံးက ခါတိုင်းလို နူးညံ့ပေမဲ့ ကျန်းရှုယောင်ကို စိတ်မသက်မသာဖြစ်စေ၏။
Xxxxx