အပိုင်း ၆၀
Viewers 18k

Chapter 60
ဝက်သားခြောက်



လေးနက်တည်ကြည်ပြီး ခေတ်မမီသော အစ်ကိုကြီးနှင့် နှိုင်းယှဉ်ပါက ကျန်းရှုယောင်သည် နူးညံ့သိမ်မွေ့ပြီး ရည်မွန်သော ဒုတိယအစ်ကိုကို အမြဲတမ်း နှစ်သက်သည်။ ထိုညတွင် ရှဲ့လီ​က သူမကို သတိပေးပြီး သူမနှင့် ထိပ်တိုက်တွေ့စဥ်က ရှဲ့လန်က အလွန်နူးညံ့သိမ်မွေ့သော အကိုကြီးတစ်ယောက်လို ပြုမူခဲ့သည်။ သူမအတွက် မြို့စားရှဲ့အိမ်တော်ကြီးမှာ သူစိမ်းတစ်ယောက်ဆီက ကြင်နာမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းဖြစ်၏။

ယခုမူ ရှဲ့လန်၏ ချောမောပြီး ရည်မွန်သော မျက်နှာကို ကြည့်ပြီး သူမ ယင်ကောင်ကို စားရသကဲ့သို့ ရွံရှာသွားမိသည်။ ကျိုးရှီကို သူမ မကြိုက်လျှင်ပင် သူမအနေဖြင့် စာနာမှု အနည်းငယ် ခံစားနိုင်သည်။

ရှုရှီက  သက်ပြင်းချကာ ကျန်းရှုယောင်ကို ထွက်သွားရန် ရှေ့သို့ အမြန်ဆွဲခေါ်လိုက်သည်။

ကျန်းရှုယောင်နှင့်ရှုရှီ  အခန်းထဲမှ ထွက်လာခဲ့သည်။ အစေခံက ကန့်လန့်ကာချနေစဥ်တွင် သူမ နောက်ကို လှည့်ကြည့်လိုက်၏။ ရှဲ့လန် ၏ခန္ဓာကိုယ်က ဝါးပင်ကဲ့သို့ အရပ်ရှည်ပြီး ဖြောင့်ကာ သူ၏ စိတ်နေသဘောထားက ရည်မွန်ပြီး ရှဲ့ရွှင်းနှင့် ဆင်တူသည်။

သူမရုတ်တရက် လေးအနက်တည်ကြည်သွားသည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖယ်လိုက်ပြီး ခန်းမထဲမှ အမြန်ထွက်လာခဲ့သည်။

ထိုသို့သော အကျည်းတန်သည့်ဖြစ်ရပ်မျိုးကို တွေ့ကြုံပြီးနောက် ရှုရှီကဲ့သို့သော ဂုဏ်သိက္ခာရှိပြီး ကြော့ရှင်းသော အမျိုးသမီးတစ်ဦးပင်  သက်ပြင်းချခဲ့ရ၏။

"တကယ်ပါပဲ..."

ကျန်းရှုယောင် ကျိုးရှီ၏  မတော်တဆမှုနှင့်ပတ်သက်၍ သက်ပြင်းချမိသည်ဟု ထင်ကာ ဘာမှမပြောလိုက်ပေ။

ရှုရှီက ကျန်းရှုယောင် ၏မျက်နှာကို အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် ရုတ်တရက်ဆို၏။

"ဒီကိစ္စက အဆုံးမရှိဖြစ်နေမှာ... နောက်နှစ်ရက်လောက်အတွင်း ရှို့နင်ခန်းမဆောင်ကို လျှော့သွားသင့်တယ်...သခင်မကြီးကို ဒေါသဖြစ်ရင် မကောင်းဘူး"

ကျန်းရှုယောင် အံ့ဩသွားပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးဟာ ပိုတောက်ပပြီး ဆွဲဆောင်မှုရှိလာခဲ့၏။ ရှုရှီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

"မင်းမှာ နှလုံးသား ကြီးကြီး ရှိတယ်... သူ(မ)က အဲဒီတုန်းက မင်းလိုဆိုရင်...ဟင်းး ကိစ္စမရှိပါဘူးလေ"

သူတို့နှစ်ယောက် လမ်းခွဲပြီးနောက် ကျန်းရှုယောင်က အရှေ့တောင်ပံသို့ ပြန်သွားပြီး သေတ္တာ ထဲကရွှေဆံထိုးကို ထုတ်ယူလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူမ စိတ်ပျက်သွားသည်။

ကျောက်စိမ်းလို အေးဆေးတည်ငြိမ်သော ရုပ်ရည်ရှိသည့် လူကြီးလူကောင်း ရှဲ့လန်က ​​သူမအမုန်းဆုံး စိတ်အားထက်သန်သူတစ်ယောက် ဖြစ်လာခဲ့၏။ ဟေး၊ အဲဒါက တကယ်ကို တွေ့ရခဲတယ်...

သူမ ဝမ်းနည်းမှုကို ရပ်တန့်လိုက်သည်။ အကယ်၍သာ သူမ အိမ်ထောင်ကျချိန်၌ ရှဲ့လန် နှင့် ခပ်ဆင်ဆင်တူသော ရှဲ့ရွှင်းက အိမ်ထောင်ရေးဖောက်ပြန်သည်ကို မြင်နေရသည်ကို မဆိုထားနှင့်။ ကိုယ်တိုင်ကမောင်းမဆောင်ကိုဖွင့်ထားလျှင်ပင် ပြဿနာမရှာဘဲ သူမဘေးနားကနေ ပြဇာတ်ကို ကြည့်နေဦးမည်ဖြစ်သည်။

ဒီရွှေဆံထိုးကို ကိုယ်လုပ်တော်လင်းက သူမကို ဆုချခဲ့တာ ထင်ရှားပေမဲ့ သူမ ဘာကြောင့် ဒီလောက် စိတ်ရှုပ်နေရတာလဲ...

ကျန်းရှုယောင် ဒေါသတကြီးဖြင့် ရွှေဆံထိုးကို ထုတ်လိုက်ပြီး သူမဆံထုံးထဲ ထိုးလိုက်သည်။ကျက်သရေရှိသော ရွှေရောင်ဆံထိုးသည် သူမ၏ သွက်လက်ချက်ချာသော မျက်ခုံးများကို အားမာန်ပြည့်ဝစေကာ ပြိုးပြိုးပြက်ပြက်အလှကို ပေါ်လွင်စေသည်။

ဟုတ်တယ်... ဒါက သူမ... သူမဘာတွေတွေးနေတာလဲ...ချက်ပြုတ်ရတာ ငြီးငွေ့နေသလား ဒါမှမဟုတ် အစားအသောက်က အရသာမရှိဘူးလား...

သူမ လင်းရှီ ထံမှ စာကိုယူ၍  ဖတ်လိုက်သည်။ ဤစာတိုလေးဖြင့် သူမ လင်းရှီ ၏ တက်ကြွပြီး စွမ်းဆောင်နိုင်သော အသွင်အပြင်ကို မြင်နေရသလိုပင်။

လင်းရှီက  စားသောက်ဆိုင်တွင် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံပြီး ဆောင်းပါးကြီးတစ်ခုကို ပါးနပ်စွာ ရေးခဲ့သည်။ သူမ စိတ်လှုပ်ရှားနေချိန်တွင် သူမ၏ လက်ရေးသည် ယခင်က ငြီးငွေ့စရာကောင်းသော စည်းမျဉ်းများ လိုက်နာသော လက်ရေးတို့နှင့် မတူဘဲ သူမ၏ လက်ရေးကို ရေးခြစ်ထားသည်။

"မေမေ တစ်ချိန်လုံး ပျော်ရွှင်နေရမယ်နော်"

ကျန်းရှုယောင် စာအဆုံးတွင် လင်းရှီ၏ သူမကလေးမလေးကို ချီးမွမ်း ပုံကို မြင်လိုက်ရသဖြင့် မရယ်မောဘဲ မနေနိုင်တော့ပေ ။

အမျိုးသမီးများသည် အချစ်ကြောင့် ပိတ်မိမနေသင့်ပါလေ။

သူမ သူမ၏ တက်ကြွမှုကို ပြန်လည်ရရှိခဲ့သည်။ ကိုယ်လက်သန့်စင်ပြီး နေ့သစ်အတွက် ချက်ပြုတ်နည်းအသစ်များကို တွေးတောနေခဲ့သည်။



ရှဲ့ရွှင်း သူ့လက်ထဲတွင် ပုံစံမကျသော သစ်သားဆံထိုးကို ထုတ်ယူလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူ ကျန်းရှုယောင်ကို ရွှေဆံထိုးကို ပေးပြီးနောက်တွင် ကိုယ်လုပ်တော်လင်းထံမှ လက်ဆောင်ကို သူ့ထံမှ လက်ဆောင်အဖြစ် ထည့်မတွက်နိုင်မှန်း သိလိုက်ရသည်။ သူသည် အချစ်ဝတ္ထုများကို အရည်ကျိုသောက်ကာ အကျဥ်းချုပ်ခဲ့သည်။ လူများချစ်မိကြသောအခါတွင် ပါရမီရှင်စာပေပညာရှင်များသည် များသောအားဖြင့် ကျောက်စိမ်းဆွဲသီးများကို ပေးလေ့ရှိကြပြီး လှပသော အမျိုးသမီးများသည် ၎င်းတို့ကိုယ်တိုင် ချည်ထိုးထားသော လက်ကိုင်ပုဝါများကို ပေးလေ့ရှိကြသည်။

ကျန်းရှုယောင်က သူမကိုယ်သူမ ကျောက်စိမ်းဆွဲသီးကဲ့သို့ တစ်ခုခုကို ဝယ်နိုင်သည်။

ထို့ကြောင့် ရှဲ့ရွှင်း သစ်သားဆံထိုးတစ်ခုကို ထွင်းပြီး သူမအား ပေးရန် စီစဉ်ခဲ့သည်။

သို့သော် သစ်သားနှင့်ပတ်သက်သည့်အရာများအတွက် ရှဲ့ရွှင်း အခြေခံလက်သမားပညာကိုသာသိပြီး သစ်သားထွင်းခြင်းမှာ သူ့အတွက် အလွန်လွန်ကဲသည်။

လူငယ်၏ ပူပန်သောကရောက်နေသော အသွင်အပြင်သည် လင်းချန်ကို စိတ်မသက်မသာဖြစ်စေကာပြောလိုက်၏။

"မကိုင်နဲ့... ကြည့်ရတာ အဆင်ပြေတယ်...မထိနဲ့တော့...ငါတော့ ဝယ်ရင် ပိုကောင်းမယ်ထင်တယ်"

"ဟမ့်"
ရှဲ့ရွှင်းက သစ်သားဆံထိုးကို ပြန်ယူကာ လင်းချန်ကို ကြည့်လိုက်သည်။
"မင်း နားမလည်ပါဘူး"

ကျန်းရှုယောင်နှင့် အရင်တစ်ခေါက် ပြန်လည်အဆင်​ပြေပြီးနောက် ရှဲ့ရွှင်းတစ်ယောက် သူ၏ပုံမှန်အလေ့အထကို ပြန်လည်ရရှိပြီး နေ့တိုင်းထမင်းစားချိန်ကို မီနိုင်ရန် အိမ်သို့ အမြန်ပြန်လာခဲ့သည်။

ယနေ့ ခြံဝင်းထဲကို ပြန်ရောက်သောအခါ ညစာ မစားသေးသည်ကို သူမြင်သဖြင့် မီးဖိုချောင်ထဲကို စိတ်အားထက်သန်စွာ ဝင်သွားခဲ့၏။

သူဝင်လာသည်ကိုမြင်သောအခါ ကျန်းရှုယောင်က စကားမပြောဘဲ ကြက်ဥကြော်ကို တိတ်တဆိတ် လှီးဖြတ်လိုက်သည်။

ရှဲ့ရွှင်းက သူမ၏ မူမမှန်မှုကို သတိမထားမိဘဲ နေ့တိုင်းလိုမျိုး "ငါတို့ ဒီနေ့ ဘာစားကြလဲ" ဟု မေးတော့မည်ပြုလိုက်၏။ သို့ပေမဲ့ သူမဆံထုံးပေါ်က ပေါ်က ရွှေဆံထိုးကို သူမြင်လိုက်ရပြီး ရုတ်တရက် သူ့စကားတွေက သူ့လည်ချောင်းထဲမှာ နစ်မြုပ်သွားခဲ့သည်။

သူ့နှလုံးသားက ဒရမ်လို ခုန်နေသည်၊ ​​သူ့စိတ်တွေ ရှုပ်ထွေးနေပြီး သူ့ကိုယ်သူ ဘယ်လောက်တောင့်တင်းနေမှန်းပင် မသိလိုက်ပေ။

"ဟမ့်"

ကျန်းရှုယောင်က ဒယ်အိုးထဲသို့ ဂျင်းနှင့် ကြက်သွန်ဖြူကို ပစ်ထည့်လိုက်ပြီး ရနံ့က ရှဲ့ရွှင်း ၏ အာရုံကို ပြန်လည်ရရှိစေသည်။

မုန်ညှင်းဖြူထည့်ကာ အရောင်ပြောင်းသည်အထိ မွှေကြော်ပြီးနောက် ပဲပင်ပေါက်နှင့် ဆန်ခေါက်ဆွဲတို့ကို ထည့်ကာ အထက်အောင် လှန်ပေးသည်။

ဆန်ခေါက်ဆွဲကြော်က စိတ်ဓာတ်ကျနေချိန်မှာ စားရန် အလွန်သင့်တော်၏။ နွေရာသီညတွင် အစားအသောက်ဆိုင်ရှေ့မှာ ထိုင်ပြီး အအေးလေးသောက်ရင်းစားပါက အကောင်းဆုံးပါပင်။ ညဘက် ချောမွေ့ မွှေးကြိုင်သော ဆန်ခေါက်ဆွဲကြော်ထဲတွင် စိတ်ပူစရာ မှန်သမျှ ပျောက်ကွယ်သွားပါလိမ့်မည်။

ဆန်ခေါက်ဆွဲကို ဆန်နှင့်လုပ်ထား၏။ ဆန်မှုန့်ကို ရေနှင့်ရောပြီး အနှစ်လုပ်ကာ ခြင်းတောင်းတစ်ခုထဲတွင် ပေါင်း၍ အအေးခံပြီးနောက် အချောင်းများဖြစ်အောင် လှီးဖြတ်ရသည်။

ခဏလောက်မွှေပြီးလျှင် အရသာအတွက် လှီးထားသောကြက်ဥကြော်၊ ဆား၊ ပဲငံပြာရည်တို့ကို ထည့်ပြီး နောက်ဆုံးမှာတော့ နွေကြက်သွန် ထည့်လိုက်၏။ ရိုးရှင်းသော်လည်း အရသာရှိသော ဆန်ခေါက်ဆွဲကြော် ပြီးပါပြီ။

ဆန်ခေါက်ဆွဲများသည် အဖြူရောင် ကြည်တောက်နေသည်။ ကြော်ပြီးပါက အညိုဖျော့ရောင်ဆော့စ်ဖြင့် ဆေးဆိုးထားသည်။ ပဲပင်ပေါက်၊နွေကြက်သွန်၊ ပန်းဂေါ်ဖီနှင့် အဝါရောင် ကြက်ဥကြော်တို့ဖြင့် အလှဆင်ထားသည်။ ၎င်းကိုကြည့်သောအခါ တစ်စုံတစ်ဦး၏လက်ညိုးကို လှုပ်ရှားစေသည်။

ရှဲ့ရွှင်း ကျန်းရှုယောင်၏နောက်သို့ လိုက်ကာ ထွက်လာခဲ့သည်။ သူ ဆန်ခေါက်ဆွဲကြော်ပန်းကန်လုံးကြီးတစ်လုံးကို ကြည့်ရင်း တံတွေးမျိုချမိ၏။

ထမင်းစားပွဲဆီသို့ လှမ်းကြည့်လိုက်သောအခါ တစ်ခုခုမှားနေသည်ကို သတိပြုမိသည်။ သူ့ပန်းကန်နဲ့ တူကို ဘာလို့ မမြင်ရတာလဲ...

ကျန်းရှုယောင် ထုံးစံအတိုင်း သူမနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ထမင်းစားရန် စောင့်နေသော ရှဲ့ရွှင်းကို ကြည့်လိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမတူတွေကို ကောက်ကိုင်ပြီး စားပါတော့၏။

ဆန်ခေါက်ဆွဲက အိုးထဲက ထွက်လာခါစဖြစ်၍ အငွေ့တထောင်းထောင်ထနေတုန်းပါပင်။ အရသာက ကြမ်းပေမဲ့ ချောမွေ့ပြီး ဝါးရနည်းကာ သာမန်ခေါက်ဆွဲတွေထက် ပိုနူးညံ့သည်။ သူမ ခေါက်ဆွဲအလုတ်ကြီးကြီးညှပ်ယူလိုက်ပြီး ဖြည်းညှင်းစွာဝါးလိုက်သည်။ ဆန်နံ့မွှေးမွှေးလေးနှင့် နူးညံ့ချောမွေ့နေသည်။

ပဲပင်ပေါက်က ကြွပ်ပြီး လန်းဆန်းစေ၏။ ကြက်ဥကြော်က လတ်ဆတ်ပြီး လေးလေးမွှေးမွှေးလေးဖြစ်သည်။ ပန်းဂေါ်ဖီက နည်းနည်းသက်သည်။ ဆော့စ်က လတ်ဆတ်ပြီး ဆန်ခေါက်ဆွဲနှင့် ကောင်းကောင်းသမနေ၏။

သူမ ပါးစပ်ထဲ အကိုက်ကြီး တစ်ကိုက်ထိုးလိုက်သည်။ ဝါးရသည်မှာနည်းနည်းခက်ပေမဲ့ ဆန်ခေါက်ဆွဲ၏ချောမွေ့မှုနှင့် ပဲပင်ပေါက်၏ ကြွပ်ဆတ်မှုကို ခံစားရနိုင်၏။

ရှဲ့ရွှင်း ကျန်းရှုယောင်၏ဆံထိုးပေါ်ရှိ ရွှေဆံထိူးကို ခဏလောက် စိတ်အားထက်သန်စွာ ကြည့်နေပြီးနောက် မွှေးကြိုင်သော ဆန်ခေါက်ဆွဲပန်းကန်ကို လှမ်းကြည့်လိုက်သည်။ကျန်းရှုယောင် ဘာကိုဆိုလိုသည်ကို သူ မသိနိုင်ပေ။

သူမ ဒေါသထွက်နေသလား...

ရှဲ့ရွှင်း သူမ၏အမူအရာကို ဂရုတစိုက် အကဲခတ်ကြည့်သောအခါ အမှန်ဖြစ်ပုံရသည်။

သူလုပ်ခဲ့သည့် အမှားများစွာကို ချက်ခြင်းပြန်သတိရမိ၏။ သူပထမဆုံးလက်ထပ်တုန်းက သူမကို အေးစက်စွာ ဆက်ဆံခဲ့သည်။ မီးဖိုချောင်ထဲကို ဝင်လိုက်သည်နှင့် သူမကို စနှုတ်ဆက်ခြင်းမပြုခဲ့ပေ။ ဆင်ခြေပေးစရာ နေရာမရှိတော့။

သူ ဘယ်ကနေစ တောင်းပန်ရမည်ကို အမြန်စဉ်းစားလိုက်သည်။

ကျန်းရှုယောင် အကိုက်ရေ အနည်းငယ်ကိုက်ပြီးနောက် သက်သာလာခဲ့သည်။ သူမ စိတ်​​အခြေအနေ ကောင်းသွားသည်​နှင့်​ ရှဲ့ရွှင်းနှင့်​ရင်​ဆိုင်​ရချိန်​တွင်​ သူမစိတ်​မသက်​မသာဖြစ်​သွားသည်​။

ဘာ​တွေလုပ်​​နေတာလဲ... အကြောင်းပြချက်မရှိဘဲ အသက်ရှုကြပ်နေတယ်...


ဆင်ခြင်တုံတရားမဲ့စွာ ပြုမူခြင်းသည် ခံစားချက်၏အစဟု လူအများက ဆိုကြသည်။ ကျန်းရှုယောင် တောင့်တင်းသွားပြီး သူမ၏တူများကို ဆောင့်ချ လိုက်သည်။

ရှဲ့ရွှင်း အံ့အားသင့်သွားသည်။ ရွှေဆံထိုးပေးစဥ်က ပြတင်းပေါက်ကို ကိုင်ထားမိသည့်အတွက် တောင်းပန်တော့မည်ပြုလိုက်၏။
ကျန်းရှုယောင်က ရုတ်တရက် "တစ်ယောက်ယောက် လာပြီး တူတစ်စုံချလှဲ့"

ရှဲ့ရွှင်း ရုတ်တရက် သက်သာရာရသွားသည်။ သူမက သူ့ပန်းကန်များနှင့်တူများကို မေ့သွားသည်။ ကျန်းရှီ  မပျော်ဘူး ထင်၏။

ကျန်းရှုယောင် သူ့ရှေ့တွင် သူမစားခဲ့သော ဆန်ခေါက်ဆွဲကြော်ပန်းကန်လုံးကြီးကို ကြည့်ပြီး ရှဲ့ရွှင်း ကဲ့သို့ ထက်မြက်သော တစ်စုံတစ်ယောက်သည် ယခု သူမ ပြဿနာရှာနေသည်ကို သေချာပေါက် မှန်းဆနိုင်လိမ့်မည် ထင်ပါသည်။

သူမက စိတ်မပါလက်မပါဆိုလိုက်၏။
"တောင်းပန်ပါတယ်... ကျွန်မ အများကြီးစားပစ်လိုက်ပြီ..."

ရှဲ့ရွှင်းက ဂရုမစိုက်ဘဲ သူ့ပန်းကန်ကို သူမရှေ့ တွန်းလိုက်ပြီးပြောသည်။

"ရပါတယ်...ရပါတယ်"
အစားအသောက်နည်းနည်းပဲစားသည်က ကောင်း၏။ ထို့အပြင် သူက အကျန်များကိုရှင်းနေကျဖြစ်သည်။

တစ်စုံတစ်ယောက်က သူ့ကိုကြည့်လျှင် ရှဲ့ရွှင်းက အေးစက်နေပြီး ဒေါသထွက်နေသည်ဟု ခံစားရမည်ဖြစ်သော်လည်း ကျန်းရှုယောင်ကမူ သွက်ချာပါဒဖြစ်နေသော သူ၏မျက်နှာတွင်ပျော်ရွှင်မှုအနည်းငယ်ကို မြင်တွေ့နိုင်သည်။

ချက်ချင်းပင် သူမ ဒေါသပြေသွားကာ လက်မြှောက်ပြီး ရှဲ့ရွှင်းကို ဆန်ခေါက်ဆွဲကြော်ပန်းကန်တစ်ဝက်စာ ပေးခိုင်းလိုက်၏။

ယခုအချိန်တွင် ရှဲ့ရွှင်းတစ်ယောက် သူ၏ဒုတိယအစ်ကိုဖြစ်သူ၏ လမ်းဟောင်းကို လျှောက်လှမ်းနေမည်ကို စိုးရိမ်နေမည့်အစား ဆယ်ကျော်သက်အရွယ်ကို ကျော်ဖြတ်ပြီးနောက် ရုတ်တရက် ကိုယ်အလေးချိန်တက်လာမည်ကို စိုးရိမ်ရမလို သူမခံစားလိုက်ရသည်။


............

ကျန်းရှုယောင် ကျိုးရှီကို မတွေ့ရသည်မှာ ရက်အတော်ကြာလေပြီ။ ယခင်က သူမက မနက်ခင်းဂါရဝပြုချိန်အတွက် နေ့တိုင်း ရှို့နင်ခန်းမဆောင်ကို လာလေ့ရှိသည်။

ကျိုးရှီထံ၌ ရှုရှီကဲ့သို့ အရိုးများထဲတွင် ထွင်းထုထားသည့် ကောင်းမြတ်သောရိုသေကိုင်းရှိုင်းမှုတို့မရှိပါချေ။ရှုရှီ၏ နူးညံ့သိမ်မွေ့မှုနှင့် ဂုဏ်သိက္ခာကို သူမသင်ယူခြင်းသည် ယုတ္တိမရှိသည်မဟုတ်သော်လည်း စေတနာနှင့် ဂုဏ်သိက္ခာရှိအောင် သင်ယူရန် ခက်ခဲလေသည်။

ကျန်းရှုယောင် ကျိုးရှီကို မကြိုက်ပေ။ ကျိုးရှီက သူမကို သူမလက်ထပ်ဝင်လာပြီးကတည်းက ကောင်းမွန်သောအမူအရာဖြင့် မကြည့်ခဲ့ပေ။ သေချာသည်ပင်၊ သူမက အမြဲတမ်း အာဃာတကို ဆုပ်ကိုင်ထားသလိုမျိုး ဘယ်သူ့ကိုမှ မျက်နှာကောင်းမပေးခဲ့ပါချေ။

ကျိုးရှီ အကြောင်း များများစားစား မသိသော်လည်းစကားလုံး အနည်းငယ်မျှဖြင့် သူမကို အကြမ်းဖျင်း ပေါင်းစပ်နိုင်သည်။ သူမအတွက် စိတ်မကောင်းဖြစ်မိသည်ဟု ပြောရသည်မှာ အနည်းငယ်ချဲ့ကားနေပုံရသော်လည်း လင်းရှီ၏ အတွေ့အကြုံကို စဉ်းစားရင်း ကျန်းရှုယောင် ကျိုးရှီကို မလွှဲမရှောင်သာ စာနာမိပေလိမ့်မည်။

သူမ၏အမူအရာက မကောင်းသည်ကိုမြင်သောအခါ ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ဂရုစိုက်နေတုန်းပဲဟု မှန်းဆပြီး ရှုရှီကအကြံပေးလိုက်၏။

"သိပ်မတွေးပါနဲ့...တတိယမောင်ငယ်က ဒုတိယမောင်ငယ်နဲ့ မတူပါဘူး"

အမြဲတမ်း တသီးတသန့်နေတတ်သည့်ရှုရှီ ယခုလိုအရာမျိုးကို ပြောလာသည်။ ကျန်းရှုယောင် အနည်းငယ် အံ့အားသင့်သွားပြီးပြောလိုက်၏။

"မဟုတ်ဘူး...ကျွန်မစိတ်မပူပါဘူး... ကျေးဇူးတင်ပါတယ်... ကျွန်မခင်ပွန်းက တစ်နေ့မှာ ကိုယ်လုပ်တော်ယူကောင်းယူနိုင်ပေမဲ့ ကျွန်မကဒုတိယယောက်မအတွက် အဆင်မပြေဖြစ်တာပါ"

၎င်းကိုကြားပြီးနောက် ရှုရှီ၏မျက်ခုံးများ ချက်ချင်းပျော့ပြောင်းသွားသည်။

ကျန်းရှုယောင်၏လက်ကို ကိုင်ကာ နှစ်သိမ့်လိုက်ပြီး သူမအားဖြောင့်ဖြမှုမပြုတော့ပေ။

သူတို့နှစ်ယောက် လမ်းခွဲပြီးနောက် ကျန်းရှုယောင် ဝါးစိမ်ခြံဝင်းဆီသို့ လျှောက်လာသည်။ ဒုတိယအိမ်တော်ခွဲဝင်း ဖြတ်သွားသောအခါ အဝေးကို လှမ်းကြည့်ကာ သက်ပြင်းချမိသည်။

"ဘာကြည့်နေတာလဲ"

သူမနောက်မှာ ရုတ်တရက် အသံတစ်ခုထွက်လာ၏။

ကျန်းရှုယောင် အံ့သြသွားကာ လှည့်ကြည့်လိုက်သည်။ ကျိုးရှီက သူမနောက်မှာ ဘယ်အချိန်ကတည်းက ရပ်နေမှန်း မသိ။ သူမ၏ မျက်ခုံးမွှေးများက စူးရှသောအမူအရာတစ်ခု ပြုလုပ်နေသည်။

သူမသည် သူမ၏သူရဲကောင်းစိတ်ဓာတ်ကို ဖိနှိမ့်၍ နှိမ့်ချပြီးဂုဏ်သိက္ခာရှိဟန်ဆောင်ကာ ရှုရှီ၏ဝတ်စားဆင်ယင်ပုံကိုသင်ယူခဲ့ဖူးပြီး ယင်းက ရယ်စရာကောင်းမည်မှာ မလွဲမသွေပင်။ယနေ့တွင် သူမ ရှုရှီကဲ့သို့ တမင်တကာ မ၀တ်ဆင်ခဲ့ပေ။ ကျန်းရှုယောင် ကျိုးရှီ၏ အသွင်အပြင်က သူမနှင့် အနည်းငယ် ဆင်တူကြောင်းကို သတိထားမိခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးသည် တောက်ပပြီး လှပကြသည်။

"ကျွန်မ...ဖြတ်သွားတာ"

သူမမြင်လိုက်ရသမျှက ဒုတိယအိမ်တော်ခွဲသာဖြစ်၏။

ကျိုးရှီ ထိုအကြောင်းကို သိသည်ပင်။ ထိုနေ့တုန်းက သူမ အကြီးအကျယ် ပြဿနာရှာခဲ့ကာ အိမ်တော်တစ်ခုလုံးက ဟာသအဖြစ် မြင်ခြင်းခံခဲ့ရသည်။ယခု သူမ ထိုအချိန်တုန်းက ရှိနေသော ကျန်းရှုယောင် နှင့်တွေ့ပြီး အနည်းငယ်ရှက်သွားသည်။

သို့သော် သူမက သူမ၏ရန်လိုသည့်စိတ်ထားကို နှစ်ပေါင်းများစွာ ထိန်းထားခဲ့သည်။ ထုံးစံအတိုင်း သူမသည် ရှက်ရွံ့မှုကြောင့် ပျော့ညံ့မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမက ပိုမိုပြတ်သားလာမည်ဖြစ်ပြီး သူမ၏လေသံမှာ စိတ်ဆိုးမာန်ဆိုးဖြစ်နေပေလိမ့်မည်။

"ဒါဆို မြန်မြန်သွား... ဒီမှာရပ်မနေနဲ့"

ကျန်းရှုယောင်က မဖြေဘဲ လှည့်ထွက်သွားသည်။

ကျိုးရှီ  သူမနောက်ကျောကို ကြည့်ပြီး ခံစားချက်တို့ ရောထွေးနေခဲ့၏။



ကျိုးရှီ၏ ခန္ဓာကိုယ်က ဆူးများပြည့်နေပြီး လူတိုင်း ကြောက်လန့်သွားကြသည်။ ဘယ်သူမှ သူမပုံစံခွက်ကို မထိချင်ကြပေမဲ့ တချို့အရာတွေကို ဖုံးကွယ်ရန် မကြိုးစားဘဲ ရှောင်လွှဲ၍မရပါချေ။

သခင်မကြီးက ဗုဒ္ဓကို ယုံကြည်ပြီး နှစ်စဉ် ရက်အနည်းငယ်ကြာ ဘုရားကျောင်းသို့ သွားလေ့ရှိသည်။ မြို့စားရှဲ့အိမ်တော်ကြီး၏အမျိုးသမီးမိသားစုဝင်များသည် သူမနှင့် သဘာဝအတိုင်းလိုက်ပါလာလိမ့်မည်။

ကျန်းရှုယောင် ရထားလုံးပေါ်သို့တက်သွားသည်။ ကြည့်လျှင်ကြည့်ချင်း ရန်လိုသောကျိုးရှီက  ထောင့်တွင်ထိုင်နေသည်ကို သူမတွေ့လိုက်ရသည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူမကို အမြဲမသဘောမကျသည့်ရှဲ့ဖေးက သူမဘေးမှာ ဝင်ထိုင်လိုက်၏။

မူလက ရှဲ့ဖေးက သခင်မကြီးနှင့်ရထားလုံးတစ်ခုတည်းစီးရမည်ဖြစ်သော်လည်း သခင်မကြီး၏ ရထားလုံးက အလွန်ငြီးငွေ့ဖွယ်ကောင်းသည်ဟု သူမ ခံစားခဲ့ရသည်။ သူမ ကလေးများနှင့် မစီးချင်သောကြောင့် နောက်ဆုံးတွင် ကျန်းရှုယောင်နှင့် ရထားလုံးတစ်ခုတည်းသာ စီးနိုင်ခဲ့သည်။

ဟေ့...ကျန်းရှုယောင် တိတ်တိတ်လေး သက်ပြင်းချလိုက်၏။



Xxxxx