Chapter 61
သခင်မကြီးအတူတူနေပြီး ရှုရှီနှင့် အတူ သူမကိုလုပ်ကျွေးပြုစုမည့်အစား ကျန်းရှုယောင် ရထားပေါ်ရှိ လူနှစ်ယောက်ကို တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ကာ သည်းမခံနိုင်တော့သလို ခံစားလိုက်ရသည်။
ရထားလုံးသည် ဖြည်းဖြည်းမှန်မှန် မောင်းနှင်သော်လည်း ကျန်းရှုယောင် ခဏအကြာတွင် မထိုင်နိုင်တော့ပေ။
သူမ အပြင်သို့ကြည့်ရန် ကန့်လန့်ကာကို မလိုက်သည်။ မြင်ကွင်းက သာယာသော်လည်း အချိန်အတော်ကြာပြီးနောက် မှုန်မှိုင်းပြီး ငြီးငွေ့နေဆဲဖြစ်သည်။
သူမ ကန့်လန့်ကာကို ချလိုက်ပြီး သူမယူလာသော အစားအသောက်ပုံးကို မလိုက်သည်။
ပျင်းတဲ့အခါ ဘာလုပ်မလဲ...စားရတာပေါ့...
ကျန်းရှုယောင်က ရေအိတ်ကို ထုတ်ယူလိုက်ပြီး သင်းကြိုင်ကြာရှည်မွှေးပျံ့သော ရနံ့သည် ရထားလုံးတလျှောက်လုံး ချက်ချင်း ပျံ့နှံ့သွားသည်။
ခရီးတစ်ခုအကြောင်းပြောရင် နို့လက်ဖက်ရည်ကို ဘယ်မေ့လို့ဖြစ်မလဲ...
ရထားလုံးပေါ်တွင် နာရီအနည်းငယ်ကြာထိုင်ရမည်ကို စဉ်းစားရင်း နောက်ထပ် ခွက်အနည်းငယ်ကို သူမ တမင်တကာ လုပ်ခဲ့သည်။မည်သို့ပင်ဖြစ်စေ လောလောဆယ် ပူနေလေရာ နို့လက်ဖက်ရည်အေး သောက်သာ်က မှန်ပေသည်။
ချိုမြိန်မှုကို အနံ့ခံလိုက်ရင်း ကျိုးရှီနှင့် ရှဲ့ဖေးတို့က တညီတညွတ်တည်း မျက်မှောင်ကြုတ်ကာ သူမကို ကြည့်နေကြသည်။
ကျန်းရှုယောင်က အစာစားသည့်အခါ အမြဲပျော်တတ်၏။ သူတို့ နှစ်ယောက်၏မျက်လုံးတွေကို စိတ်မ၀င်စားဘဲ ခေါင်းမော့ပြီး နို့လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။
ချိုသော်လည်း မအီသော နို့ရနံ့သည် လက်ဖက်ခြောက်၏ လန်းဆန်းသောရနံ့ဖြင့် ပါးစပ်အတွင်းသို့ ပျံ့နှံ့သွားပြီး အေးမြမှုသည် ဗိုက်ထဲသို့ တလမ်းလုံး စိမ့်ဝင်သွားကာ သူမ၏ ကသိကအောက်ဖြစ်နေခြင်းကို ချက်ချင်း သက်သာစေသည်။
နို့လက်ဖက်ရည်သောက်သည်က အနည်းငယ် ပျင်းစရာကောင်းသဖြင့် သူမဝက်သားခြောက် တချို့ကို ကြိုပြီး ကင်ထားလိုက်၏။
ဝက်သားခြောက်များကို လေးထောင့်အချပ်များဖြစ်အောင် လှီးထားသည်။ အရောင်က နီညိုရောင်ဖြစ်၏။ ပျားရည်အလွှာဖြင့် သုတ်လိမ်းထားသောကြောင့် မျက်နှာပြင်သည် တောက်ပြောင်ဝင်းလက်ပြီး အပေါ်မှာနှမ်းတို့ဖြင့် အရသာရှိလှသည်။
ကျန်းရှုယောင် အနံ့အရသာများစွာကို ပြုလုပ်ခဲ့သည်။ မူရင်းအရသာမှာ ချိုပြီးငန်သည်၊ အမဲရောင်မှာ အစပ်အရသာဖြစ်ပြီး အညိုရောင် ဇီရာအရသာလည်းရှိသည်။ အသားခြောက်တစ်ခုစီကို အစားအသောက်ပုံးထဲတွင် သပ်သပ်ရပ်ရပ်ထည့်ထားသည်။
သူမလက်ကိုသုတ်လိုက်ပြီး ဝက်သားခြောက်တစ်ပိုင်းကို ကောက်ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ဝက်သား၏အထူသည် အလယ်အလတ်ဖြစ်ပြီး ဝက်သား၏အစိုဓာတ်ကို ကင်ထုတ်ရန်လုံလောက်သည်။ အရသာကခြောက်သွေ့သော်လည်း သစ်သားကဲ့သို့မဟုတ်ပေ။ ဖြည်းညင်းစွာ ဝါးစားထိုက်သည်။ငန်ပြီးချိုကာ အညှီဓာတ်မရှိသည့်အပြင် အသားနိုင်းချင်းနှင့် အရသာရှိသောကြာရှည်စွဲကျန်မှုရှိ၏။
ဝက်သားခြောက်အချပ်အနည်းငယ်ကို စားပြီး နို့လက်ဖက်ရည်ကို သောက်ပြီးနောက် ခရီးက ဘယ်လောက်ပင် ပျင်းစရာကောင်းနေပါစေ သူမသည်းခံနိုင်သည်။
ရှဲ့ဖေးက အစားကြူးသော အရွယ်ဖြစ်၏။ ကျန်းရှုယောင် ပျော်ရွှင်စွာစားနေသည်ကိုမြင်သောအခါ သူမ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ ရထားလုံးပေါ်မှာ မုန့်တွေရှိသည်၊ သို့ပေမဲ့ သူမ ယူမစားနိုင်ပေ။ ယင်းက သူမစားချင်နေသည်ကို ပြရာကျမှာမဟုတ်ပေဘူးလော။
ကျန်းရှုယောင်က ပျော်ရွှင်စွာ တစ်ခုပြီး တစ်ခုစားသည်။ ရံဖန်ရံခါ သူမက ဆတ်ဆတ်ထိမခံသော အဆုံးတစ်ဖက်ကို ကိုက်ကာ သေးငယ်သော အမြှောင်းကို သွားဖြင့် ဖြည်းညှင်းစွာ ဆုတ်ဖြဲ၍ပါးစပ်ထဲသို့ ထည့်ပြီး သေသေချာချာ ဝါးသည်။ ရှဲ့ဖေး၏နှလုံးသား ယားယံလာသည်။ ဝက်သားခြောက်က ဘယ်လိုအရသာရှိလဲ သူမသိချင်၏။
အစားအသောက်ပုံးအဖုံးကို ဖွင့်လိုက်ပြီးနောက် အရသာရှိသော ဝက်သားခြောက်၏ ရနံ့သည် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။ ရှဲ့ဖေး၏ အကြည့်သည် သပ်ရပ်ပြီး ကြည်လင်သော ဝက်သားခြောက်များပေါ်တွင် ကျဆင်းသွားပြီး သူမ တိတ်တဆိတ် တံတွေး မျိုချလိုက်သည်။
ကျိုးရှီက လှည့်ပတ်ကြည့်နေသော်လည်း ရှဲ့ဖေးက အဆင်မပြေဖြစ်ပြီး ခေါင်းမာသည်။ သူမ ကျန်းရှုယောင်ကိုကြည့်ပြီး ပြဿနာရှာချင်သည်။
"စားလို့ပြီးပြီလား...ရထားပေါ်မှာလည်း အနံ့တွေ ပြည့်နေပြီ"
ကျန်းရှုယောင်က သူမ၏ ပုတ်ခတ်ပြောဆိုမှုကို လုံးဝဂရုမစိုက်ဘဲ ကန့်လန့်ကာကိုဖွင့်ကာဆို၏။
"ဒါဆို ပိုကောင်းသွားပြီလား"
ရှဲ့ဖေး ကြက်သေသေသွားသည်။ဂွမ်းပေါ်မှာလက်သီးထိုးနေရသလိုပါပင်။
ကျန်းရှုယောင်မှာ နို့လက်ဖက်ရည်သောက်ခြင်း၏ ဓလေ့ထုံးတမ်းကောင်းတစ်ခုရှိပြီး သူမက ကျူပြွန်တစ်ခုယူလာသောကြောင့် ရထားလုံးသည် သူမ၏နို့လက်ဖက်ရည်သောက်သံနှင့် ပြည့်နေသည်။
"ဂလု-ဂလု-ဂလု-"
ရှဲ့ဖေး ရုတ်တရက် ရေငတ်လာ၏။
"ဂလု-ဂလု-ဂလု-"
ရှဲ့ဖေး သူမ၏ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ သူမ၏ နှာသီးဖျားက ချိုမြိန်သော မွှေးရနံ့ကို အနံ့ခံနေကာ ဆန့်ကျင်ဘက်အားဖြင့် သူမ၏ ခံတွင်းရှိ လက်ဖက်ရည်သည် မွဲခြောက်ပြီး ခါးသည်။
ကျန်းရှုယောင် ထပ်သောက်တော့မှာကို မြင်သောအခါ ရှဲ့ဖေး မနေနိုင်ဘဲပြောလိုက်
"အများကြီးသောက်နေ... နောက်မှ အိမ်သာသွားစရာနေရာ ရှာမတွေ့မှာကို မကြောက်ဘူးလား"
ကျန်းရှုာင် သတိရသွားသည်။ ရှေးခေတ်က အများသုံးအိမ်သာ မရှိပေ။ အရည်အလွန်အကျွံသောက်ပြီးနောက် အိမ်သာသွားစရာလိုလျှင် ပြဿနာရှိနိုင်သည်။
သူမပြင်ဆင်ထားသည့် ရေအိတ်ပေါင်းများစွာကို ငုံ့ကြည့်ရင်း စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်နေပေမဲ့ ရုတ်တရက် သူမကပြောလိုက်၏။
“သောက်ချင်လား”
သူမတစ်ယောက်တည်း ထိန်းထားနိုင်မှာ မဟုတ်သော်လည်း သူတို့ထဲက တစ်ယောက်ကို ရေထဲဆွဲချနိုင်ပေသည်။
ရှဲ့ဖေး ကျန်းရှုယောင်က သူမကိုစပြီး သောက်မလားမေးလာမည်ဟု မမျှော်လင့်ထားခဲ့ပါချေ။ ထိုစကားကိုကြားသောအခါ သူမ အံ့အားသင့်သွားပြီး သူမ၏အမူအရာမှာ ပို၍ပင် အဆင်မပြေဖြစ်လာသည်။
“မသောက်ဘူး”
သူမ တိုးတိုးလေးပြောလိုက်သည်။
သို့ပေမဲ့ ခဏအကြာတွင် ...
"ဂလု-ဂလု-ဂလု-"
ကျိုးရှီ ရထားလုံးထဲတွင် နို့လက်ဖက်ရည်အရူးအမူးသောက်နေသော လူနှစ်ယောက်ကို ကြည့်ကာ သူမ၏ဗိမာန်လေး အကြိမ်အနည်းငယ် ခုန်သွားသည်။
သူမက ဂုဏ်သိက္ခာမရှိသော အမျိုးသမီးတစ်ဦးအဖြစ် ဝေဖန်ခံခဲ့ရသော်လည်း ရထားလုံးပေါ်တွင် သူတို့နှစ်ဦးက ဘာဖြစ်သွားသနည်း။ သူမဆိုလျှင်ပင် ရေသောက်တုန်းက ထိုမျှလောက်အသံမထွက်ပေ။သို့ပေမဲ့ ဤလူတွေက မြို့တော်က ချောမောလှပပြီး မြင့်မြတ်သည့်အမျိုးသမီးတွေဖြစ်သည်။
"နင်တို့--"
သူမက နဂိုတည်းက စိတ်တိုနေပြီးသားဖြစ်သော်လည်း ယခု သူမ ပို၍ပင်ဆတ်ဆတ်ထိမခံနေသည်။ သူမ ဆူပူကြိမ်းမောင်းတော့မည်ပြုချိန်တွင် ကျန်းရှုယောင်က သူမအား ရုတ်တရက် အနှောင့်အယှက်ပေးလာခဲ့သည်။
"ဒုတိယယောက်မ စမ်းကြည့်ချင်လား"
သူမရှေ့မှာ ထိုးပေးထားသော အစားအသောက်ပုံးကို ကြည့်ပြီး ကျိုးရှီကြောင်အမ်းသွားသည်။
သူမသည် အမှန်တကယ်ပင် ဒေါသကြီးသော်လည်း မြို့တော်သို့ လက်ထပ်ဝင်လာပြီးနောက် အခြားသူများထံမှ ကြင်နာမှုတစ်စုံတစ်ရာ မခံစားရကြောင်းကလည်း မှန်ပါသည်။ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမက အလွန်အကဲဆတ်လွန်းပြီး လက်ရှိသူမဖြစ်လာသည်။
ကျန်းရှုယောင် အတွက်မူသာမန်မေးခွန်းတစ်ခုပါပင်။ သူမအရင်ဘဝတုန်းက လူတိုင်းက တစ်ခုခုမစားခင် သူတို့ပတ်ဝန်းကျင်ကလူတွေကို ပေါ့ပေါ့ပါးပါး မေးတတ်ကြသည်။ သို့ရာတွင် ကျိုးရှီ အတွက်က မတူပေ။ကျန်းရှုယောင်လက်ထပ်ဝင်လာပြီးနောက် သူမ သူမကို ကောင်းကောင်းမဆက်ဆံခဲ့ပေ။ သူမ သူမ၏ နာမည်ဂုဏ်သတင်းကိုပင် မကြိုက်သလို သူမနှင့် အဆက်အဆံလည်းမလုပ်ချင်ခဲ့ပါချေ။
သူမ လက်သီးတွေကို တင်းတင်းဆုပ်ရင်း ရှက်ရွံ့စွာ ကြည့်နေမိသည်။
သူမပေကျင်းကို ပထမဆုံးရောက်တုန်းက လူတိုင်းက သူမကို ရိုင်းစိုင်းပြီး ရမ်းကားသည်ဟု ထင်ကြပြီး ပွဲတွေမှာ မကြာခဏ ဟာသလုပ်တတ်ကြသည်။ အကြိမ်များစွာ ငိုကြွေးပြီး ခက်ခက်ခဲခဲကြိုးစားကာ နောက်ဆုံးတွင် ပေကျင်းရှိ အမျိုးသမီးတစ်ဦး၏ အသွင်အပြင်ကိုသင်ယူခဲ့သည်။ သို့သော် သူမသည် သူမမုန်းခဲ့ဖူးသော အဆိုးရွားဆုံးနှင့် ဇီဇာအကြောင်ဆုံးသူ ဖြစ်လာခဲ့သည်။ ကျန်းရှုယောင်၏ နာမည်ဆိုးတစ်ခုကြောင့် ကျိုးရှီ ဘယ်တုန်းကမှ မနှစ်သက်ခဲ့သလို မိမိ၏ရက်စက်ကြမ်းတမ်းသည့်အတိတ်ကို လုံးဝစွန့်ပစ်နိုင်သလိုမျိုး သူမနှင့်တမင်တကာ စည်းမျဥ်းဆွဲခဲ့သည်။
သူမ မျက်လွှာချပြီး ဝက်သားခြောက်တစ်ပိုင်းကို ကောက်ယူရန် လက်ကို မဝံ့မရဲ မြှောက်လိုက်သည်။ သူမ၏ အသံက ခြောက်ကပ်သွားသည်။
"ကျေးဇူးတင်ပါတယ် "
သူမ၏ အသံက သေးငယ်လွန်း၍ ရထားဘီးများ၏အသံကြောင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။
ကျန်းရှုယောင်က မကြားလိုက်ဘဲ နို့လက်ဖက်ရည်ကို ဆက်သောက်ပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။
ကျိုးရှီ ရှက်ရွံ့သော်လည်း ဖုံးကွယ်စရာနေရာမရှိပေ။ သူမ ရှက်လွန်း၍ လက်ထဲကလက်ကိုင်ပုဝါကို ဖျစ်ညစ်တော့လုမတတ်။ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါလုပ်ပြီးနောက် နောက်ဆုံးမှာ ဝက်သားခြောက် ပါးစပ်ထဲထည့်လိုက်၏။
ချိုချဉ်ငန်အရသာသည် သူမ၏ခံတွင်းရှိ ခါးသီးမှုကို အစားထိုးလိုက်၏။ ဝက်သားမျက်နှာပြင်ပေါ်တွင် ပျားရည်အလွှာပါးလေးရှိပြီး ဝက်သား၏ အူမားမီအရသာကို အပြည့်အဝပြသနိုင်စေသည်။ အသားကို ခြောက်သွေ့ပြီး မာသည်အထိ ကင်ထားသည်။ စပ်ပြီး အရသာကြွယ်ဝကာ အဆုံးမရှိသော အရသာရှိသည်။
အလွန်အရသာရှိပေမဲ့ ဒုတိယအချပ်ကို သူမမစားချင်ပေ။ သူမ ရထားနံရံကို မျက်နှာမူကာ သူမ၏နှလုံးသား ခါးသီးသွားသည်။
နို့လက်ဖက်ရည်အပေါ် ရှဲ့ဖေး၏ နှစ်သက်မှုသည် ကျန်းရှုယောင်၏ စိတ်ကူးထက် ကျော်လွန်သွားခဲ့ပြီး ခဏအတွင်း ရေအိတ်တစ်အိတ်ကို သူမ သောက်ခဲ့သည်။
သူမသောက်သည်က အလွန်မြန်ပြီး သိပ်မကြာခင်မှာပဲ ဆီးသွားချင်စိတ် ပြင်းပြလာ၏။
ခဏလောက် ထိန်းထားပြီးနောက် သူမမနေနိုင်တော့ပေ။ နီမြန်းသောမျက်နှာဖြင့် အိမ်သာသွားချင်သလားဟု ကျန်းရှုယောင်ကိုမေးလိုက်သည်။
ကျန်းရှုယောင် ၎င်းကို တွေးပြီး နှစ်ယောက်သား ရှက်ရွံ့စွာဖြင့် ရထားလုံးကို တားလိုက်သည်။
ရှဲ့ဖေးတစ်ယောက် ပထမဆုံးအကြိမ်ချုံတိုးခြင်းပင်။ ကြွက်တွင်းထဲသို့ ဝင်ရန် သူမ မစောင့်နိုင်တော့။ သူမ ကျန်းရှုယောင်ကို တောအုပ်ထဲသို့ အမြန်ခေါ်သွားလိုက်သည်။
အစေခံများက ခပ်ဝေးဝေးက လိုက်လာပေမဲ့ အနှီရှက်နေသောသခင်မကို သွားမစဝံ့ပေ။
"ကောင်းပြီ... ဒါဆိုရပြီ "
ကျန်းရှုယောင် ဆက်မသွားချင်တော့ပေ။
ရှဲ့ဖေး သူမတို့အား အစေခံတစ်ယောက်မှမတွေ့ကြောင်း သေချာပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
နှစ်ယောက်သား စိတ်အားထက်သန်မှုကို ပြေလျော့ကာ ပြန်ကြပြီးနောက် အဝေးမှ စောင့်နေသော အစေခံများ ပျောက်ကွယ်သွားသည်ကိုသာတွေ့လိုက်ရ၏။
"ငါတို့လမ်းကြောင်းမှားသွားတာလား"
ကျန်းရှုယောင် စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
ရှဲ့ဖေးလည်း ဦးတည်ရာကို မသိသဖြင့် “ဖြစ်နိုင်တယ်” ဟုသာ ပြောလိုက်သည်။
ထို့ကြောင့် နှစ်ယောက်သား လမ်းပြောင်းပြန်ကြ သော်လည်း အစေခံများကို မတွေ့ကြသေးပေ။
ကျန်းရှုယောင် စကားပြောစရာစကားမဲ့သွားရ၏။
"မဖြစ်နိုင်ပါဘူး... ငါတို့ အိမ်သာသွားရင်း လမ်းပျောက်နိုင်ပါ့မလား"
ရှဲ့ဖေး ပို၍ပင် ရှက်သွားပြီး ပါးစပ်ပိတ်သွားသည်။
နှစ်ယောက်သား လှည့်ကြည့်လိုက်ကြပြီး လှည့်လိုက်သည်နှင့် ကြက်သေသေသွားကြသည်။
သူတို့ရှေ့မှာ မှောင်နေ၏။
တောင်နှင့်တူသော ကိုယ်ခန္ဓာနှင့် မျက်နှာပေါ်တွင် အမာရွတ်များရှိသော လူထွားကြီးတစ်ဖွဲ့သည် လမ်းကိုပိတ်ဆို့ထားသည်။
ခေါင်းဆောင်က သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိနေသေး၏။ ကျန်းရှုယောင် မတုံ့ပြန်ခင်မှာ သူက သူ့လူတွေကိုအမိန့်ပေးသည်။
"သတိလစ်အောင်လုပ်ပြီး ခေါ်သွား"
ရှဲ့ဖေးတစ်ယောက် မအော်နိုင်ခင်မှာ ရုတ်တရက် သတိလစ်သွားသည်။ ကျန်းရှုယောင်၏ ခန္ဓာကိုယ်က သူမ၏ ဦးနှောက်ထက် ပိုမိုမြန်ဆန်စွာ တုံ့ပြန်ခဲ့ပြီး သူမ လှည့်ထွက်ပြေးသွားခဲ့သည်။
ယောက်ျားတွေက အံကြိတ်ပြီး သူမနောက်ကနေ ချက်ချင်း လိုက်သွားကြ၏။
နောက်ဆုံးမှာ ကျန်းရှုယောင်က မိန်းမတစ်ယောက်ဖြစ်သည်။ အရပ်ရှည်ပြီး သန်မာသည့် လူဆိုးကောင်ထက် ပိုမြန်အောင် မပြေးနိုင်ဘဲ ခြေလှမ်းအနည်းငယ်အတွင်း ဆံပင်ကိုအဆွဲခံလိုက်ရ၏။
ထိုအခိုက်အတန့်မှာ မနီးမဝေးက အော်သံတစ်ခုထွက်လာသည်။
"ကြာနေပြီ...နင်တို့ဘာလို့ မပြီးသေးတာလဲ"
ကျိုးရှီပင်။
ကျန်းရှုယောင်၏ နှလုံးသား သိသိသာသာ ကျုံ့သွားသည်။ အထူးအခြေနေတစ်ခုဖြစ်သော ကြောင့် ကျိုးရှီက သူမရောက်လာသောအခါ မည်သည့် အစောင့်အကြပ်မှ ယူဆောင်လာမည်မဟုတ်ပေ။ သူ ဒီကိုလာရင် သေနတ်ပြောင်းဝကိုလာတေ့တာပဲ မဟုတ်ဘူးလား...
သူမ၏အကူအညီတောင်းမည်ကြံမှုက ချက်ချင်း "ပြေး"ဟုပြောင်းလဲသွားသည်။
ထိုလူက သူမ၏ဆံပင်ကို ပြင်းပြင်းထန်ထန် ဆွဲလိုက်ပြီး ခပ်တိုးတိုးဆိုလေ၏။
"သူ့နောက်ကိုလိုက်"
ကျန်းရှုယောင် စိုးရွံ့နေပြီး ကျိုးရှီ အမြန်ပြေးနိုင်ပါစေဟု ဆုတောင်းနေမိသည်။
သို့သော်လည်း လူဆိုးများက လိုက်မမီမီတွင် သူမတို့ရှေ့တွင် တောအုပ်ထဲမှ အကျွမ်းတဝင်ရှိသူတစ်ဦး ထွက်ပေါ်လာသည်။
ကျိုးရှီ သူမရှေ့က မြင်ကွင်းကို ကြည့်လိုက်သည်။ သူမ အံ့ဩသွားသော်လည်း ကြောက်ရွံ့မှုမျိုး မပြခဲ့ပေ။ သူမက ခပ်တည်တည်ဆို၏။
“သူတို့ကို လွှတ်လိုက်... အစောင့်တွေက ငါ့နောက်မှာ... မကြာခင် သူတို့ ဒီကို ရောက်လာလိမ့်မယ်”
ကျန်းရှုယောင် သူမ၏နောက်မှ လူဆိုး၏အသံကို နားထောင်ရင်း ခဏတာ အသက်ရှူချောင်သွားခဲ့သည်။
လွှတ်တော့မည်ဟု တွေးလိုက်ချိန်မှာပဲခေါင်းဆောင်က ရုတ်တရက် ရယ်ပြီးပြောလေ၏။
"ဒါဆို ငါတို့ မင်းကို မလွှတ်နိုင်ဘူး...မင်းက အပေးအယူလုပ်ရမဲ့တိုကင်ပဲ"
သူစကားပြီးသောအခါ တစ်စုံတစ်ယောက်က ကျိုးရှီဆီသို့ ပြေးလာသည်။
ကျိုးရှီ၏ မျက်နှာက တင်းမာနေပြီး ပြေးရန် ရည်ရွယ်ချက်မရှိပေ။
လူဆိုးက သူမကို ထိခါနီးတွင် ရုတ်တရက် သူမ၏ စကတ်ကို မလိုက်သည်။ သူမ၏ပုံသဏ္ဍာန်သည် လျှပ်စီးလက်သလိုဖြစ်ပြီး ဝမ်းဗိုက်ကို ကန်ရန် ခြေထောက်ကို မြှောက်ထားသည်။
လူဆိုးနောက်ကျို့သွားချိန်မှာ သူမက ချက်ချင်းစောင်းကာ "ဝှစ်..."ခနဲဓားကို ဆွဲထုတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သွေးတွေ စီးကျလာတယ်။ လူထွားကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဓားက နှင်းခဲကဲ့သို့ တောက်ပနေပြီး ကျိုးရှီ၏ မျက်နှာကို အေးစက်သော အလင်းရောင်ဖြင့် ထင်ဟပ်နေသည်။
သူမ မျက်နှာပေါ်ရှိ စေးကပ်နေသော သွေးများကို အင်္ကျီလက်နှင့် သုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
“သူတို့ကိုလွှတ်လိုက်”
ကျန်းရှုယောင် သူမနောက်မှ လူများ၏တရှူးရှူးအသံများနှင့် အမောတကောအသံများကိုကြားလိုက်ရ၏။ သိသာထင်ရှားစွာပင် သူတို့အလွန်ဒေါသထွက်နေကြလေပြီ။
သူတို့တစ်ဝိုက်တွင် ထူထဲပြီး စိတ်မသက်မသာဖြစ်စေသော တိတ်ဆိတ်မှုတစ်ခု ရှိနေသည်။ ပေါက်ကွဲတော့မည်ဟန်ရှိနေ၏။
ပြင်းထန်သောအသံနှင့်အတူ သူမ၏နောက်မှ လူဆိုးများသည် ဓားများကိုဆွဲကာ ကျိုးရှီဆီသို့ ပြေးသွားကြသည်။
ယင်းက ကျန်းရှုယောင် ရှေ့ဆုံးတွင် ရင်ဆိုင်ရမည့် မြင်ကွင်းတစ်ခုဖြစ်သည်။ သို့သော် ရုတ်တရက် လည်ပင်းနောက်ဘက်မှ စူးရှသော နာကျင်မှုတစ်ခု ထွက်ပေါ်လာပြီး မျက်လုံးများ မည်းမှောင်သွားကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။
...............
ကျန်းရှုယောင် လှုပ်နှိုးသွားသည်။
သူမ၏ သတိပြန်လည်လာချိန်တွင် လည်ပင်းနောက်ဘက်ရှိ နာကျင်မှုက သူမကို ပင့်သက်ရှိုက်မိစေ၏။
သူမလည်ပင်းအနောက်ဘက်ကိုထိလိုက်ပြီးနောက် သူမ၏အမြင်အာရုံတွင်ပေါ်လာသော ရှဲ့ဖေး၏မျက်နှာကိုကြည့်ကာ ရုတ်တရက်ထထိုင်လိုက်သည်။
"ဒါက ဘယ်မှာလဲ"
သူမ ပတ်ပတ်လည်ကို သတိထားကြည့်မိသည်။
ရှဲ့ဖေးက ငိုချင်လာ၏။
"ဓားပြတွေရဲ့သားရဲတွင်း"
ကျန်းရှုယောင် သူမရှိနေသည့် အခန်းကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားရသည်။ ဓားပြတွေ၏သားရဲတွင်းနှင့်မတူဘဲ ရိုးရှင်းသည့် ဗုဒ္ဓခန်းမဆောင် ငယ်လေး တစ်ခုဖြစ်၏။
ရှဲ့ဖေးက ကျန်းရှုယောင်အတွက် ဤမေးခွန်းကို ဖြေခဲ့သည်။ ကြောက်ရွံ့ခြင်းကြောင့် အသံက တုန်တုန်ယင်ယင်ဖြစ်နေ၏။
“ငါ သူတို့ ဘုန်းကြီးတွေကို သတ်နေတာတွေ့တယ်...ပြီးတော့ ဆံပင်ကို ရိတ်ပြီး သူတို့အဝတ်အစားတွေကို ဘုန်းကြီးတွေရဲ့ သင်္ကန်းနဲ့ အစားထိုးတယ်”
ကျန်းရှုယောင်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး ရုတ်တရက် လက်ဆန့်၍ ရှဲ့ဖေး၏ ခေါင်းကို ပွတ်သပ်ကာ သူမ၏ အနက်ရောင်နှင့် မီးခိုးရောင်များစွန်းပေနေသော မျက်နှာကို ထိလိုက်သည်။
ရှဲ့ဖေး မှင်တက်သွားသည်။ သူမ ဟိုးအရင်ကတည်းက ငိုချင်နေခြင်းဖြစ်ပြီး ကျန်းရှုယောင်၏ ပွတ်သပ်မှုကိုခံရပြီးနောက် မနေနိုင်တော့ဘဲဟောက်လိုက်၏။
"ဘာလုပ်နေတာလဲ"
ကျန်းရှုယောင်က သူမမျက်နှာကို တစ်ဖန်သုတ်လိုက်ရာ ရှဲ့ဖေး ပို၍ပင် ဒေါသထွက်လာပြီးပြောခဲ့သည်။
"ငါ ပြန်လုပ်မှာ"
၎င်းကိုပြောပြီးသည်နှင့် တံခါးသော့က တုန်ခါသွား၏။ ရှဲ့ဖေး တောင့်တင်းလာပြီး ချက်ချင်းငြိမ်သွားသည်။
သစ်သားတံခါး ပွင့်လာသောအခါ သင်္ကန်းကို ဝတ်ထားသော လူဆိုးများ ဝင်လာပြီး ဦးစီးဦးဆောင်ပြုသူမှလွဲ၍ ကျန်သူများမှာ ခက်ထန်သော မျက်လုံးများဖြင့် ရန်ငြိုးဖွဲ့နေကြသည်။
"မင်းတို့က ဘယ်မိသားစုလဲ"
ရှဲ့ဖေး မြို့စားရှဲ့အိမ်တော်၏အမည်ကို မသိစိတ်က ထုတ်ပြောချင်ခဲ့သည်။ သူမ၏ နှုတ်ခမ်းဝတွင် စကားလုံးများရောက်လုနီးတွင် လူဆိုးဂိုဏ်း၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို မြင်လိုက်ရကာ ရုတ်တရက် ယုံကြည်မှု ပျောက်ဆုံးသွားသည်။
Xxxxx