Chapter 62
ပြန်ပေးဆွဲခံရ
"မြို့စားရှဲ့အိမ်တော်"
သူမက တုံ့ဆိုင်းနေသော်လည်း ကျန်းရှုယောင်၏ အသံက သူမနားထဲတွင် ထွက်ပေါ်လာသည်။
ရှဲ့ဖေး သူမ၏ ဝတ်ရုံလက်များကို အမြန်ဆွဲလိုက်သည်။
တစ်ဖက်ရှိ လူဆိုးဂိုဏ်းက ခေတ္တတိတ်ဆိတ်နေပြီး သူ့ဘေးကလူက ချက်ချင်းပြော၏။
"အကိုကြီး...အဲဒါ ဘယ်လိုအိမ်မျိုးလဲ...ဟိုမိန်းမက ကျုပ်တို့ ညီအစ်ကို သုံးယောက်ကို သတ်ထားတာ... ငါတို့ လွှတ်လို့မရဘူး“
ကျိုးရှီ အကြောင်း သတင်းကိုကြားတော့ ကျန်းရှုယောင် ရင်ဘက်တွေ တင်းကြပ်လာပြီး အသက်ရှုကြပ်သွားသည်။
ခေါင်းဆောင်ဓားပြက တခြားသူတွေလောက် ဒေါသထွက်မနေဘဲ သရော်လေသည်။
"မိန်းမတစ်ယောက်ကိုတောင် မနိုင်ဘူး...မင်းမှာ မျက်နှာရှိသေးလား"
သူ့ကို အနိုင်မယူနိုင်ဘူးလား...
ကျိုးရှီ ဘေးကင်းပုံရသည်။
ကျန်းရှုယောင် သက်ပြင်းတစ်ချက်ချလိုက်သည်။
"အကိုကြီး...သူတို့ နှစ်ယောက်ကကော...ကျုပ်တို့ ဆက်ပြီးအာရုံဆွဲဆောင်လို့မရတော့ဘူး"
သူတို့၏သတ်ပစ်ချင်စိတ်ကို ခံစားရပြီး ကျန်းရှုယောင် တစ်ကိုယ်လုံး တင်းမာသွားကာ ရုတ်တရတ်ပြောလိုက်၏။
"တကယ်တော့ ကျွန်မတို့က မြို့စားရှဲ့အိမ်တော်ရဲ့ မိသားစုဝင်တွေတောင်မှ မဟုတ်တာ"
ထိုလူက သူမကို မော့ကြည့်လာကာ မျက်လုံးများက လေးနက်သွားသည်။
ကျန်းရှုယောင် တုန်ရီသွားပြီး အသံတုန်တုန်နှင့်ဆိုလိုက်၏။
"ကျွန်မ...ကျွန်မက နှိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်ပါ"
ရှဲ့ဖေးက တုံ့ပြန်ခြင်းမရှိဘဲ သူမအား မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
ထိုကဲ့သို့ ရုတ်တရက်စကားတစ်ခွန်းကြောင့် သူမ လေထုထဲက လူသတ်ရန် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖျက်ပစ်လိုက်သည်။
ကျန်းရှုယောင်က သူမ၏ဝတ်ရုံလက်များကို မြှောက်လိုက်ပြီး သူမ၏မျက်လုံးထောင့်များမှ မရှိသည့်မျက်ရည်များကို သုတ်လိုက်သည်။ သူမမျက်နှာက ခါးသီးနေပြီး သက်ပြင်းတစ်ချက်ချကာ သူမကိုယ်သူမ ရယ်လိုက်သကဲ့သို့။
"ကျွန်မရဲ့ ပုံစံကို ကြည့်ပါ... ကျွန်မက ပုံမှန်ဇနီးဖြစ်နိုင်ပါ့မလား...ကျွန်မက ကစားစရာတစ်ခုပါပဲ"
ရှဲ့ဖေး : ?
ယခုအချိန်တွင် ကြောက်စရာကောင်းသော အခြေအနေကြောင့်သာ မဟုတ်ပါက ကျန်းရှုယောင် ပေါ့ပေါ့ပါးပါး ရေရွတ်ခဲ့သော မုသားများအတွက် သူမ သက်ပြင်းချမိမှာ သေချာပါသည်။
ခေါင်းဆောင်က အခြားသော လူဆိုးများနှင့် ကွဲပြားသည်။ သူက ဤအဆင့်အထိ မရောက်မီ မျိုးရိုးမြင့်တစ်ဦး၏ အကြံပေးဖြစ်သည်။
ကျန်းရှုယောင်၏ ဆံထုံးက ပြန့်ကျဲနေပြီး သူမ၏ ခေါင်းတစ်ခြမ်းကို မြှင့်ထား၏။ သူမမျက်နှာက ညစ်ပတ်နေလျှင်ပင် စွဲမက်ဖွယ်မျက်လုံးတွေကို ဖုံးကွယ်ထား၍ မရပါချေ။ သူမ မျက်လွှာချလလိုက်သောအခါ မျက်လုံးထောင့်စွန်းများကမြင့်တက်လာပြီး ထက်မြက်ကာ ဆွဲဆောင်မှုရှိသည်။ ကျက်သရေရှိသော သခင်မတစ်ယောက်၏ အသွင်အပြင်နှင့်မတူ။
ထိုအချိန်တွင် ကျန်းရှုယောင်ကလည်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ တုန်တုန်ယင်ယင်နှင့် သူမဆို၏။
“ကျွန်မအစ်ကိုကြီး အသည်းအသန်နေမကောင်းလို့ ဆေးကုရမှာကြောင့်သာမဟုတ်ရင် ကိုယ်လုပ်တော်အဖြစ် မသွားချင်ခဲ့ပါဘူးရှင်... ဒီဓားပြတိုက်တာကလည်း ကျွန်မအတွင်ကံကောင်းတာပါ... အကိုကြီးတွေကို တောင်းပန်တယ်...ကျွန်မကိုကယ်ပေးပါရှင်... ကျွန်မအဖေနဲ့ အစ်ကိုက အသက်ကယ်ဖို့ ကျွန်မငွေတစ်ပြားယူပြီး အိမ်ပြန်လာမှာကို စောင့်နေတုန်းပဲ"
ခုနလေးက ဤလူများ ဝင်လာသောအခါ ခေါင်းဆောင်တစ်ယောက်ကပဲ သူ့မျက်လုံးထဲမှာ မကောင်းဆိုးဝါး အတွေးတွေ မရှိခြင်းဖြစ်လေသည်။ကျန်းရှုယောင် သူ့ကို ကြည့်ကြည့်လိုက်သောအခါ ဤကြမ်းတမ်းသည့်လူတွေနှင့် ဆက်နွယ်နေရသည်ကို အထင်အမြင်သေးပုံရ၏။ မည်သို့ပင်ဆိုစေကာမူ သူမက အရှက်ခွဲခံရခြင်း သို့မဟုတ် သေခြင်းတရားဖြင့် အဆုံးသတ်သွားပေလိမ့်မည်။ ဒါဆို ဘာလို့ စမ်းမကြည့်ရမှာလဲ...
သူမက တီးတိုးရေရွတ်လိုက်၏။
"မြို့စားရှဲ့အိမ်တော်ရဲ့ ဒုတိယသခင်က သားရဲတစ်ကောင်ပဲ... သူက မိန်းမတွေကို သူ့ခြံထဲမှာ မွေးမြူပြီး အပျော်သဘောသုံးတယ်...သူပျော်ရင် ကျွန်မတို့ ထမင်းစားရတယ်... သူ မပျော်ရင် ကျွန်မတို့ ထမင်းမစားရဘူး...ကျွန်မတို့ အသုံးတော်ခံပြီးရင် သမားတော်က နောက်တခေါက်အတွက် ထိခိုက်ဒဏ်ရာ ဆေးကို ညွှန်းပေးရတယ်...ဘုရားကျောင်းမှာ ဆုတောင်းတဲ့အခါတောင်မှ ကျွန်မတို့ကို အပျင်းပြေနှိပ်စက်ဖို့ခေါ်လာတယ်"
ဝမ်းနည်းပူဆွေးမှုတွေနှင့် သူမ ရိုးရိုးသားသားပြောခဲ့လေရာ ရှဲ့ဖေးပင် ယုံလုနီးပါး။ သူမ၏ကိုယ်ပိုင် နားလည်မှုကို သံသယဝင်လာတော့သည်... ဒါ ဒါက သူမရဲ့ဒုတိယမြောက်အစ်ကို ဟုတ်လား...
အမျိုးသားများသည် အာဏာနှင့် အမျိုးသမီးများအတွက် လောဘအရှိဆုံးဖြစ်သော်လည်း ၎င်းတို့သည် အာဏာနှင့် အမျိုးသမီးများကြောင့် စိတ်ယိုင်ရန် အလွယ်ကူဆုံးလည်းဖြစ်သည်။
အလှလေးက မျက်ရည်ကျသည်ကိုမြင်လျှင် စောစောက သတ်လိုသော ရည်ရွယ်ချက်နှင့် မကောင်းသော အကြံအစည်များ ရှိခဲ့သော ဓားပြများပင် စိတ်ပျော့လာသည်။
"ဒီအထက်ထန်းလွှာမိသားစုတွေက ကျွန်မတို့ သာမန်လူတွေကို လူသားတွေလို ဘယ်တော့မှ မဆက်ဆံဘူး"
ကျန်းရှုယောင်က ဒေါသတကြီး ပြော၏။
သူမက ကြူကြူပါအောင် ငိုလွန်း၍
လူဆိုးများ၏ဆဲရေးစကားများမှာ လုံးလုံးလျားလျား နစ်မြုပ်သွားသည်အထိပင်။ လူတိုင်းက ဆင်းရဲတွင်းက မွေးဖွားလာကြသည်။ သူမပြောသည်ကို နားထောင်ပြီး သူတို့ ဖြစ်ပျက်ခဲ့သည်များကို တွေးကြည့်သောအခါ သူတို့မှာ တူညီသည့်ရန်သူရှိနေသည်ဟု ခံစားကြရ၏။
သို့ပေမဲ့ ယင်းက ဦးနှောက်နည်းနည်းပဲရှိသည့် လူဆိုးတွေအတွက်ပဲ အသုံးဝင်လေသည်။ ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ မပြောင်းလဲပေ။ သူ့မျက်လုံးတွေက သူမမျက်နှာကို ကျော်ဖြတ်သွားပြီး သူ့အတွေးတွေက မယိမ်းယိုင်ဘူးဆိုသည်မှာ သိသာ၏။
"မင်းတို့မိသားစုက ဆင်းရဲတယ်လို့ မင်းပြောတယ်...ဒါဆို ဒီလိုအသားပြည့်ပြည့် မျက်နှာဖြစ်အောင် မင်းဘယ်လိုလုပ်ပျိုးထောင်နိုင်တာလဲ"
ရှဲ့ဖေး ဘေးမှ နားထောင်ပြီး ချက်ချင်းပင် ချွေးစေးပြန်လာသည်။
ကျန်းရှုယောင် စတင်ငိုယိုပြန်ပြီးပြောတော့၏။
"ချမ်းသာတဲ့မိသားစုက မိန်းမပျိုတစ်ယောက်လို မဟုတ်ဘဲ မြို့စားရှဲ့အိမ်တော်ထဲကို ဘယ်လိုရောင်းစားလို့ရမှာလဲ...ဒီမျက်နှာကြောင့် ကျွန်မအစ်ကိုရဲ့ရောဂါကို ကယ်တင်နိုင်တာပေါ့ရှင့်"
"ကောင်းပြီ... အဆင်ပြေပါတယ်...မငိုနဲ့...နင့်ငိုသံကြောင့် ငါ့ဦးနှောက်က နာကျင်နေပြီ"
သူ့ဘေးနားက လူဆိုးတစ်ယောက်က သူမကို ဖြတ်ပြောလာသည်။
ကျန်းရှုယောင် သူမ၏ ပါးစပ်ကို ပိတ်ထားပြီး သူမ၏ အသွင်အပြင်သည် အမှန်တကယ်ပင် အားနည်းပြီး နှိမ့်ချသော မိန်းမနှင့်တူသည်။
"အစ်ကို...နောက်မှသူတို့ကိုဘယ်လိုဖြေရှင်းမလဲပြောရအောင်...ငါတစ်နေကုန် ဗိုက်ဆာနေပြီ...ငါတို့ဗိုက်ကို ဖြည့်ဖို့ တစ်ခုခုရှာရအောင်"
ကျန်းရှုယောင်၏ လက်ဖဝါးကို ဆုပ်ကိုင်ထားသည့် ရှဲ့ဖေး၏လက်များ ပြေလျော့သွားသည်။ သူမအသက်ကို ကယ်တင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရသည်။
ဤကိစ္စက ပြီးသွားပြီဟုယူဆပြီး ကျန်းရှုယောင်က ရုတ်တရက်ထပြောလိုက်၏။
"အစ်ကိုတို့ မကြိုက်မဖြစ်ရင် ကျွန်မအစ်ကိုတို့အတွက် ထမင်းဟင်းချက်ပေးပါရစေနော်"
ဤစကားများပြောပြီးသည်နှင့် နောက်ဆုံးတွင် ခေါင်းဆောင်သည် သူမ၏အထောက်အထားကို ယုံကြည်သွားခဲ့သည်။ ဂုဏ်သိက္ခာရှိသော သခင်မ သို့မဟုတ် ချမ်းသာသောမိန်းမသည် လူကိုယ်တိုင်ချက်ပြုတ်ခြင်းမပြုသောကြောင့် လယ်သူမအမျိုးသမီးများသာလျှင် မီးဖိုချောင်ထဲဝင်ထွက်ကြမှာဖြစ်၏။
ကျန်းရှုယောင်ကို သူ့မျက်လုံးများက စိုက်ကြည့်လာပြီး သတ်မည့်ပုံက နည်းနည်းလျော့သွားသည်။ သူက ဆို၏။
"ငါ မင်းနဲ့ လိုက်ခဲ့မယ်"
ကျန်းရှုယောင် နာခံမှုရှိရှိဖြင့် ခေါင်းညိတ်လိုက်ပြီး တောင့်တင်းနေသော ရှဲ့ဖေးကို ဆွဲခေါ်ကာ ထိုလူနောက်ကနေ အခန်းအပြင်သို့ လိုက်သွားခဲ့သည်။
သူက ဘေးကနေ စိုက်ကြည့်နေပြီး ကျန်းရှုယောင်အတွက် သံသယဖြစ်စရာ ဘာမဆိုလုပ်ရန် ခက်၏။
ဘုန်းကြီးတွေက ရိုးရိုးရှင်းရှင်းပဲ စားကြသည်။ နေ့တိုင်း အသီးအရွက်တွေကို ခေါက်ဆွဲနှင့် ချက်စားကြသဖြင့် ကျန်းရှုယောင်တစ်ယောက် သူမ၏ကျွမ်းကျင်မှု ဘယ်လောက်ပဲ ကောင်းနေပါစေ တခြားဘာမှ မလုပ်နိုင်ပါချေ။
ကိစ္စများကို နှုတ်ကနေထုတ်ပြောလွယ်သော ရှဲ့ဖေးအား ဟင်းသီးဟင်းရွက်များကို ဆေးကြောရန် စေလွှတ်လိုက်သည်။ သူမ ခြင်းတောင်းကိုဖွင့်၍ ကြည့်လိုက်သည်။ အထဲမှာ မုန့်ပေါင်း အနည်းငယ် ရှိသေးသည်။
ကျန်းရှုယောင် မုန့်ပေါင်းများကို အပူပေးရန်အတွက် ထင်းကို မီးရှို့ပြီးနောက် ဟင်းသီးဟင်းရွက်များကို ရေနွေးဖျောလိုက်သည်။ တစ်နပ်စာလောက်ပင် မရှိတရှိဖြစ်၏။
သူမ သူမ၏လက်များကို သွက်သွက်လက်လက် လှုပ်ရှားနေပြီး သူမက တစ်ချိန်လုံး ထမင်းဟင်းချက်နေသော အမျိုးသမီးမျိုးဖြစ်ကြောင်း ထင်ရှားသည်။ သူမကို မည်မျှပင် သံသယရှိပါစေ၊ လူဆိုးကြီး သူမကို တကယ်ပဲ လယ်သူမဟု တွေးကာ ယုံကြည်ရတော့သည်။
ချက်ပြုတ်ပြီးနောက် နှစ်ယောက်သားကို အရင်အခန်းမှာ သော့ခတ်ထားကြ၏။
အခုလေးတင်က ရှဲ့ဖေး ၏ ခေါင်းပေါ်ရှိ အကြောက်တရား ပျောက်ကွယ်သွားခဲ့သည်။သူမ ခက်ခက်ခဲခဲ ပြောလိုက်၏။
“သူတို့ ငါတို့ကို သတ်မှာလား”
ကျန်းရှုယောင်က သက်ပြင်းချလိုက်ပြီး
"ငါအကြောက်ဆုံးက အဲဒါမဟုတ်ဘူး"
ရှဲ့ဖေးက သူမ ဘာကိုဆိုလိုသည်ကို သိပြီး မျက်နှာက ဖြူဖျော့နေသည်။သူမကိုယ်သူမ ခဏလောက် နှစ်သိမ့်နေသလိုမျိုး သူမကမေး၏။
“ဓားပြတွေက ပြန်ရွေးငွေ မလိုချင်ဘူးလား”
ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး
"သူတို့က တောင်ပေါ်မှာ ပုန်းအောင်းနေပြီး ကြံမိကြံရာလုပ်နေတဲ့လူတွေလိုပဲ... လွတ်မြောက်ဖို့ မလွယ်တာကြောင့် ငါတို့ကို ပြန်ခေါ်လာခဲ့တာထင်တယ်"
ရှဲ့ဖေးက နှုတ်ဆိတ်နေသည်။
ခဏအကြာတွင် သူမက ကျန်းရှုယောင်၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီးဆို၏။
"အရင်က... ငါမှားခဲ့တယ်..."
ကျန်းရှုယောင်က သူမ၏ နောက်ကျောကို လက်ဖြင့် ပုတ်ပေးလိုက်သည်။
ရှဲ့ဖေး ရုတ်တရက် မျက်ရည်ကျလာသည်။ ကျန်းရှုယောင်၏ မျက်လုံးများကို သူမ မကြည့်ဝံ့။ အင်္ကျီလက်များဖြင့် မျက်နှာကို သုတ်ကာ နှာရှုံ့ရင်းဆိုလိုက်သည်။
“ဓားပြတွေ ခေါ်သွားတာခံရတဲ့ မျိုးရိုးမြင့် အမျိုးသမီးတစ်ဦး ရှိတယ်လိုလူအများ ပြောကြတာကို ကြားဖူးတယ်... သူ့ကို ကယ်ဆယ်ပြီးတဲ့နောက် သူ့မိသားစုက ဆံပင်ဖြတ်ပြီး သီလရှင်ဝတ်ခိုင်းခဲ့တယ်"
ကျန်းရှုယောင် သူမကို ကြည့်လိုက်သည်။
ရှဲ့ဖေး စိတ်ပိုင်းဆိုင်ရာပြိုလဲသွားပြီး ငိုထားမှုကြောင့် သူမ၏နှာခေါင်းများနီရဲနေကာဆို၏။
"ကြောက်တယ်...မလွတ်မြောက်နိုင်မှာကို ကြောက်တယ်...လွတ်မြောက်ရင်တောင် မိသားစုကမလိုချင်မှာကို ကြောက်တယ်“
"သခင်မကြီးက နင့်ကို အရမ်းအလိုလိုက်တာ... သူဒီလိုလုပ်မှာမဟုတ်ဘူး"
ရှဲ့ဖေး အကြိမ်အနည်းငယ် သီးသွားသည်။ သူမ က သဲသဲကွဲကွဲ စကားမပြောနိုင်လောက်အောင် ငိုနေ၏။
"နင်ကော...နင်ဘာလုပ်မှာလဲ"
ဤမေးခွန်းက ကျန်းရှုယောင်ကို အေးခဲသွားစေသည်။
သူမ မည်သို့လွတ်မြောက်ရန်၊ ရှင်သန်ရန်နှင့် ဖျက်စီးခံရနိုင်ခြေကို လျှော့ချရန်ကိုသာ အာရုံစိုက်ခဲ့သော်လည်း မော်ဒန်ခေတ်ကာလမဟုတ်ကြောင်းကို မေ့သွားခဲ့သည်။ သူမ၏မျက်လုံးထဲတွင် သူမဖြစ်စေ၊ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးများဖြစ်ပါစေ လူတိုင်းသည် သားကောင်များဖြစ်ကြသည်။ သို့သော် ရှေးလူတို့ အနေဖြင့် သူတို့ကို စာနာသနားမည့်အစား "မစင်ကြယ်" နှင့် "မသန့်ရှင်း" ဟူ၍ ခေါ်ဆိုကြမည်မှာ ထင်ရှားသည်။
ရုပ်ရည်ချောမောပြီး အလိုလိုက်ခံရကာ ကြီးပြင်းလာသူ ရှဲ့ဖေးပင်လျှင် သူမမိသားစုက စက်ဆုပ်ရွံရှာမည်ကို စိုးရိမ်နေသည်။ ဤအယူအဆကို ရှေးခေတ်လူများ၏ အရိုးများတွင် ထွင်းထုထားသည်မှာ ကြာလေပြီ။
ရှဲ့ဖေးက ငိုနေတုန်းပင်။ သူမ၏ ဝမ်းနည်းဖွယ် အနာဂတ်ကို သူမ တွေးနေပုံရသည်။ သူမကိုယ်တိုင်က ဧကန်မုချ ကြောက်နေပေမဲ့ သူမကျန်းရှုယောင်ကိုလည်း စိတ်သက်သာရာရစေချင်မိ၏။
"မကြောက်ပါနဲ့ ...တတိယအစ်ကို...တတိယအစ်ကို... သူစိတ်ထဲမထားလောက်ပါဘူး"
ရှဲ့ဖေးက စိတ်ထဲထားမှာမဟုတ်ဘူးဟု အတိအကျ ပြောချင်ပေမဲ့ သူမ သေချာ မပြောနိုင်ပါချေ။
ကျန်းရှုယောင်၏ နှလုံးသားက စိတ်လှုပ်ရှားနေပြီး ထိုစကားတိုလေးများက သူမကို အော်ဟစ်နေသလိုပင
ရှဲ့လန်က ရည်မွန်၊ ထောက်ထားစာနာပြီး နူးညံ့သိမ်မွေ့သည်ကို သူမမြင်ဖူးသည်။ သူ့မှာ တစ်သန်းမှာတစ်ယောက် ချစ်သူတစ်ယောက်ရှိရမည်ဟု သူမထင်ခဲ့သည်။ သို့သော် သူက အခြားပဒေသရာဇ်လူမျိုးတစ်ဦးသာဖြစ်နေပြီး သူမ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့ရသည်။
ထိုမတိုင်ခင်က သူမ ဘေးကအမြင်ဖြင့် ကျိုးရှီ နှင့် လင်းရှီကို သနားသည်ဟု သူမထင်ခဲ့သည်။ ရှဲ့ရွှင်းက သူမကို နာကျင်စေမည့် အကြံအစည်တစ်ခုမှ ရှိနိုင်မည်မဟုတ်ကြောင်း သူမသဘောပေါက်သည့်အတွက် ရှဲ့ရွှင်း အကြောင်းကို ယခုချိန်မတိုင်ခင်ထိ သူမရုတ်ချည်း အလေးအနက် တွေးတောမိခြင်းမရှိခဲ့ပေ။
သူမ မှင်တက်သွားချိန်မှာ သစ်သားတံခါးက "ကျွီ" ခနဲတွန်းဖွင့်ခံလိုက်ရပြီး ရှဲ့ဖေး၏ အော်ဟစ်သံ ထွက်လာသည်။
ကျန်းရှုယောင် ချက်ချင်း သတိပြန်ဝင်လာပြီး အာရုံထွေပြားသည့် အတွေးတွေကို ဖယ်လိုက်ကာ ဝင်လာသည့်လူနှင့် ဆက်ဆံရာမှာ အာရုံစိုက်လိုက်၏။
ဤတစ်ခေါက်တွင် ဓားပြခေါင်းဆောင်တစ်ယောက်သာ ရောက်လာပြီး သူ့အကြည့်တွေက ရှဲ့ဖေးပေါ် ကျရောက်သွားပြီးဆိုသည်။
"မင်းထွက်သွားတော့"
ရှဲ့ဖေး လုံးဝရှော့ရ သွားပြီး ကျန်းရှုယောင်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
ကျန်းရှုယောင်က နှိမ့်ချပြီး သနားစရာပုံပေါက်နေဆဲပါပင်။
"အစ်ကို...ကျွန်မညီမလေးက ငယ်သေးတယ်... သူ့ကို မထိခိုက်စေပါနဲ့နော်"
ထိုလူက တိတ်ဆိတ်နေပြီး ကျန်းရှုယောင် တုန်တုန်ယင်ယင်ဖြင့် ဦးညွှတ်လိုက်၏။
သူသည် မျိုးရိုးမြင့်များနောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး အလှများစွာကို မြင်တွေ့ခဲ့ရသည်။ အနည်းစုကသာ သူ့ရှေ့က မိန်းမထက် ပိုလှ၏။ သူ့လိုလူတွေအတွက် ကြီးကျယ်ခမ်းနားသည့် အလှတရားက အမြဲတမ်း မထိတွေ့နိုင်သောအရာဖြစ်၏။
သို့ပေမဲ့ ယခုက မတူတော့ပေ။ ဤအမျိုးသမီးသည် အလွန်လှပသည်။ အန္တရာယ်မရှိဆင်းရဲစွာမွေးဖွားလာခဲ့သည်။ သူမသည် နှိမ့်ချပြီး နူးညံ့သိမ်မွေ့ကာ သူမနှင့်တူသော အခြားတစ်ယောက်ကို ရှာမတွေ့နိုင်ပါချေ။ သူမကို သတ်ပစ်လိုက်ရန် သို့မဟုတ် ကြမ်းတမ်းသည့်ယောက်ျားတွေနှင့် ပျော်ပါးခိုင်းလိုက်ရန်က ရက်စက်ရာကျလွန်းသည်။
သူက လမ်းလျှောက်လာပြီး အသံတိုးတိုးဖြင့်မေးလိုက်၏။
"မင်းမြို့စားရှဲ့အိမ်တော်ကို ပြန်ချင်လား"
ကျန်းရှုယောင်က မျက်ရည်များဖြင့် ခေါင်းကို မော့လာကာ သူမ၏မျက်လုံးလှလှများက ထိတ်လန့်မှုများပြည့်နေသည်။
"ဟင့်အင်း...မပြန်ချင်ဘူး"
"ဒါဆို မင်း ငါနဲ့ နေဖို့ ဆန္ဒရှိလား"
ဤအဖြေကို သူစောင့်နေ၏။
ကျန်းရှုယောင်က ချက်ချင်းပြန်မဖြေ။ တုံ့ဆိုင်းသွားပြီးနောက် သူမက မဝံ့မရဲမေးလိုက်သည်။
"ဒါဆို ကျွန်မညီမလေးကို ဘယ်လိုရမလဲ"
ထိုအမျိုးသားက မဖြေခင်မှာ သူမ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြောင့်ဖြောင့်ထားပြီး ရိုးသားစွာပြောလိုက်၏။
“အစ်ကိုကြီး...ကျွန်မအမှန်အတိုင်းပြောပါ့မယ်...ကျွန်မတို့သာမန်မိန်းကလေးတွေ တောင်းဆိုတာက ရိုးရှင်းပါတယ်...ကျွန်မတို့က ကောင်းကောင်းနေချင်တယ်... အစ်ကိုကြီး ကျွန်မတို့ညီအစ်မကို အကာအကွယ်ပေးနိုင်ရင် ကျွန်မ အစ်ကိုကြီးအတွက် နွားတစ်ကောင်ဖြစ်ပေးပါ့မယ်"
ထိုစကားကြားသောအခါ ရှဲ့ဖေး ထိတ်လန့်လွန်း၍ အသက်ပင်မရှူနိုင်တော့။
နောက်ဘာဆက်ဖြစ်မယ်ဆိုသည်ကို သူမသိပေသည်။
ထိုလူက ရွှင်မြူးစွာပြုံးကာ "ကောင်းပြီ"ဟုဆို၏။သူ့ခေါင်းကို လှည့်ပြီး ရှဲ့ဖေးအားပြောလေသည်။
"မင်းထွက်သွား... ငါ့ညွှန်ကြားချက်နဲ့ဆို မင်းကို မထိရဲဘူး"
ကျန်းရှုယောင် သူမ၏ လက်ဖဝါးထဲတွင် ဆံထိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမတစ်ကိုယ်လုံး တင်းမာနေလေသည်။
ရှဲ့ဖေး ငိုယိူပြီး ထွက်မသွားချင်ပေမဲ့ ထိုလူက စိတ်မရှည်ပေ။
အလှလေးကိုမျက်နှာပေးရန်သတိရကာ
ရိုင်းစိုင်းသည့် လုပ်ရပ်မျိုး မလုပ်မိအောင် ကြံ့ကြံ့ခံပြီး တစ်စုံတစ်ယောက်ဝင်လာရန် ကျယ်လောင်စွာအော်လိုက်ကာ ရှဲ့ဖေးကို ဆွဲထုတ်ခိုင်းလိုက်သည်။
ရှဲ့ဖေးကို ဆွဲထုတ်ပြီးနောက် သစ်သားတံခါးကို ပိတ်ပြီး သော့ခတ်လိုက်သည်။
ကျန်းရှုယောင် စိတ်မတည်ငြိမ်နိုင်တော့ဘဲ သူမ နှလုံးသားထဲရှိ တင်းကြပ်နေသောကြိုးက ရုတ်တရက် ပြတ်တောက်သွားသည်။ဤအချိန်မှာ သူမ ခွန်အားများ ကုန်ဆုံးသွားခဲ့လေပြီ။
သူမ တိုးကပ်လာသည့်လူနှင့် ဝေးရာသို့ ဆုတ်သွားသော်လည်း လှည့်လိုက်သောအခါ ဝတ်ရုံလက်မှာ ဖမ်းမိသွားသည်။ "ရွှမ်း"ခနဲဖြင့် သူမ၏ ဝတ်ရုံလက်များ ပြုတ်ထွက်သွားသည်။
အလှလေးသည် သူမ ထိတ်လန့်သောအခါတွင် ထူးထူးခြားခြားကို ကရုဏာသက်ဖွယ်ကောင်းဟန်ရှိ၏။ထိုလူက သူ့အကျီကို ချွတ်ရင်း ဖြည်းညှင်းစွာ လျှောက်လာပြီးဆိုသည်။
"ဘာလို့ ငါ့ဆီကနေ ဖုံးကွယ်ချင်နေတာလဲ...နောင်တရနေသလား"
ကျန်းရှုယောင်၏ စိတ်အခြေအနေကလုံးဝပြိုလဲသွားသည်။သူမ၏ လက်ဖဝါးများသည် ချွေးစေးများထွက်ကာ သူမလက်ထဲက ဆံထိုးကို အပြင်းအထန် ဆုပ်ကိုင်ထားသည်။
ထိုလူက သူမဆီ လျှောက်လာသောအခါ သူမ သူ့လည်ပင်းဆီကို အလိုလို ဝှေ့ယမ်းလိုက်သည်။
သူမ သူ့ကို ထိုးမိသွားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းရှုယောင်၏စိတ်သည် ဖရိုဖရဲဖြစ်နေသည်။ ကြောက်ရွံ့မှုလွန်ကဲပြီးနောက် သူမ၏ အမြင်အာရုံများ မှုန်ဝါးလာပြီး နားများ တဝီဝီမြည်လာသည်။
ထိုလူ၏အော်သံကို သူမကြားလိုက်ရပြီး သူ လှည့်လာပြီး လဲကျသွားသည်ကို ခံစားလိုက်ရသည်။ ထိုလူက အသက်ရှူခြင်း၊ တွန့်လိမ်ခြင်းနှင့် နာကျင်စွာ အော်ဟစ်ခြင်းတို့ ရှိမနေပေ။
သူမ ထိုးမိလိုက်တာလား...
Xxxxx