အပိုင်း ၇၅
Viewers 16k

Chapter 75
အရိုးစွပ်ပြုတ်မာလာထန့်



ကျန်းရှုယောင် အခြေခံပါဝင်ပစ္စည်းများကို အနည်းငယ် မွှေကြော်ပြီးနောက် ကျိုးရှီ သူမ၏ တူများနှင့်တို့ကာ မြည်းစမ်းကြည့်သည်။

အတိအကျပြောရလျှင် ဤသည်မှာ သူမ "အစပ်" ကို ပထမဆုံးအကြိမ် မြည်းစမ်းခြင်းဖြစ်သည်။

သူမ၏ လျှာဖျားတွင် ပြင်းထန်သော အစပ်ဓာတ်က မီးကဲ့သို့ လောင်ကျွမ်းသွားသည်။ သူမ လန့်သွားပြီး တရှူးရှူး တရှဲရှဲလုပ်မိ၏။
"ဒီအစပ်က ဘယ်လိုဟင်းခတ်အမွှေးအကြိုင်မျိုးလဲ"

ကျန်းရှုယောင်က ငရုတ်သီးခြောက်ကို ပြပြီး "ဒီမှာ...ဒါကို ငရုတ်သီးလို့ ခေါ်တယ်... တစ်ခုလုံး ဖြစ်ဖြစ်၊ လှီးပြီး ဖြစ်ဖြစ်၊ ထောင်းပြီး ဖြစ်ဖြစ်သုံးလို့ရတယ်... ပမာဏ နည်းနည်းပဲ ရှိတယ်... အမေက နိုင်ငံခြားမှာ ရှာခိုင်းခဲ့တာ...ကျွန်မ ကျွမ်းဇီမှာ စိုက်ထယးတယ်... ဆောင်းဦးနှောင်းပိုင်းမှာ ရိတ်သိမ်းနိုင်မယ်လို့ ခန့်မှန်းရတယ်"

ကျိုးရှီက ခေါင်းညိတ်ပြီး သက်ပြင်းချရင်းဆိုသည်။

"အရသာကို ကြိုက်တယ်... ဝိုင်သောက်ရသလို လန်းဆန်းသွားတယ်"

သူမက အရသာအတွက် အခြေခံပါဝင်ပစ္စည်းအချို့ကို ရွေးချယ်ခဲ့သည်၊ ၎င်းသည် ငန်စပ်စပ်ဖြစ်ပြီး အရသာမှာ အလွန်လေးပင်ပြီး စွဲလမ်းစေသည်။

ကျိုးရှီက အခြေခံပါဝင်ပစ္စည်းများကို မွှေကြော်ပြီး သူမကျက်ခဲ့သော အချိုးအစားနှင့် အပူပေးသည့်အဆင့်များအတိုင်း အဆင့်ဆင့် ကြော်သည်။

ပျမ်းမျှအချက်အပြုတ်လူသစ်များနှင့် နှိုင်းယှဉ်ပါက ကျိုးရှီသည် အလွန်အရည်အချင်းရှိသည်။ သူမက ရှုပ်ထွေးမနေသလို လမ်းလည်းမပျောက်ပေ။ သူမချက်ပြုတ်ပြီးသောအခါ ကျန်းရှုယောင် သူမ၏တိုးတက်မှုအတွက် အနည်းငယ်အံ့သြသွားခဲ့သည်။

ကျိုးရှီက အစပ်အရသာကို အနံ့ခံကာစိုးရိမ်တကြီးပြောသည်။
"ဘယ်လိုအရသာလဲမသိဘူး"

"မြည်းကြည့်... သိလိမ့်မယ်"

ကျန်းရှုယောင် တူကိုယူကာ အနည်းငယ်မြည်းစမ်းလိုက်သည်။ ကျိုးရှီက သူမကို ထိတ်လန့်စွာ ကြည့်နေသည်။

ကျန်းရှုယောင်က မျက်မှောင်ကြုတ်လိုက်သည်။

ကျိုးရှီ ပို၍ပင် ကြောက်ရွံ့လာပြီး သူမလက်ထဲရှိ စာအုပ်ငယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ဒုတိယယောက်မ"

ကျန်းရှုယောင်က သူမ၏ တူများကို ချလိုက်ပြီးလေးနက်စွာ ပြောလိုက်၏။

"ယောက်မက ဟင်းချက်ရာမှာ အရည်အချင်းရှိမယ်ထင်တယ်"

အရသာက ကျန်းရှုယောင်နှင့်မတူပေမဲ့ အရသာရှိပြီး အောင်မြင်နေဆဲပါပင်။

ကျိုးရှီက "အာ" ဟုဆိုပြီး စိတ်လှုပ်ရှားစွာ ခုန်ကာ တူကို ယူ၍ ​မြည်းကြည့်လိုက်သည်။

သူမကိုယ်တိုင်လည်း အံ့အားသင့်သွားပြီး
"ဒါက အောင်မြင်တယ်"

သူမကပျော်ရွှင်စွာပြောလိုက်သည်။
"ငါ့မှာ ဟင်းချက်နိုင်တဲ့ အရည်အချင်း တကယ်ရှိတာလား"

ကျန်းရှုယောင်က သူမအား ရယ်မောကာ နှစ်သိမ့်ပြီး "တကယ်...တကယ်" ဟုပြောလိုက်သည်။

ကျိုးရှီ၏ ယုံကြည်မှု နှစ်ဆတိုးလာသည်။ သူမ အားတက်သွားပြီး မီးဖိုချောင်ရှိ ဟင်းခတ်အမွှေးအကြိုင်အားလုံးကို ချက်ချင်းမွှေကြော်ချင်သော်လည်း ကျန်းရှုယောင်က သူမကို တားလိုက်သည်။

သူတို့ နှစ်ယောက်  မာလာထန့် ချက်ပြီးသောအခါ ညစာ စားရန် အချိန် နီးနေပြီ ဖြစ်သည်။

မာလာထန့် အပြည့်ထည့်ထားသည့် အိုးကြီးတစ်လုံးရှိနေသဖြင့်  သူတို့နှစ်ယောက်က မကုန်ပေ။ ထို့ကြောင့် ကျန်းရှုယောင် ပထမအိမ်တော်ခွဲသို့ အချို့ကိုပို့ပြီး ကျန်အချို့ကို ရှဲ့ရွှင်းအတွက် ချန်ထားမည်ဟုတွေးလိုက်သည်။

မပို့ခင် ရှုရှီက အရင်ရောက်လာ၏။

ရှုရှီက စာရင်းမျှရန် ကျိုးရှီဆီသို့ရောက်လာသော်လည်း ကျန်းရှုယောင်လည်း ထိုနေရာတွင်ရှိနေသည်ကိုမြင်သောအခါ သူမအံ့သြသွားသည်။

"တတိယယောက်မ မင်းကဘာလို့ဒီကိုရောက်နေတာလဲ...နေ့တိုင်းနေ့လည်စာပဲလာစားတာ မဟုတ်ဘူးလား "

ကျန်းရှုယောင်က ရှင်းပြလိုက်သည်။
"မနေ့က ဒုတိယယောက်မက ကျွန်မဆီက ဟင်းချက် သင်မယ်လို့ ပြောခဲ့တယ်...ဒါကြောင့် ဒီမှာ တနေကုန် သင်ပေးနေတာ"

"ဟင်းချက်သင်တာလား"
ရှုရှီက ကျိုးရှီကိုကြည့်၏။

ကျိုးရှီ အခိုက်အတန့်တစ်ခုမျှ စိတ်လှုပ်ရှားသွားသည်။ သူမက ရှုရှီနှင့် မကျေမနပ်ဖြစ်မှုတွေကို ဘေးဖယ်ထားပြီးပြောလိုက်၏။

 "ဟုတ်တယ်...တတိယညီမက ငါ့အရည်အချင်းကို ချီးကျူးတယ်လေ"

ရှုရှီက အတည်ပြုရန် ကျန်းရှုယောင်ကို ကြည့်လိုက်ပြီး ကျန်းရှုယောင်က ခေါင်းညိတ်သည်။

ကျိုးရှီ ရှုရှီက  သူမစကားကို မယုံသည်ကို ချက်ချင်းမြင်ပြီးပြောလိုက်၏။

"ငါလုပ်ထားတဲ့မာလာထန့်က  အခုမှအိုးထဲက ထွက်လာတာ...တတိယယောက်မက အရသာကောင်းတယ်တဲ့"

မူလက ရှုရှီအား သူမတို့နှစ်ယောက်ကို မနှောင့်ယှက်စေချင်ပေမဲ့ သူမကို တိုက်ခိုက်ရန်အတွက်ပြောလိုက်ရသည်။

"နင်စားကြည့်ပါ့လား"

ကျိုးရှီ၏ တက်ကြွသည့် အသွင်အပြင်ကို ရှုရှီမမြင်သည်မှာ ကြာလေပြီဲ။ သူမစကားကိုကြားသောအခါ ချီတုံချတုံ ခေါင်းညိတ် လိုက်သည်။

သုံးယောက်သား ညစာစားပွဲမှာ ထိုင်ကြပြီး အစေခံက ပန်းကန်ချပေး၏။

ရှုရှီ ပန်းကန်ထဲက မာလာထန့်ကိုကြည့်လိုက်သည့်အခါ သူမချက်ချင်း ကြောင်သွားသည်။

"ဒါ..."

ကျိုးရှီက  တကယ်ဟင်းချက်တတ်နေပြီဟု သူမထင်ခဲ့ပေမဲ့ ဟင်းတစ်ခွက်ပဲ ယူလာခဲ့၏။

ကျန်းရှုယောင်က မိတ်ဆက်ပေးလိုက်သည်။

"ဒါက ပူပြီး စပ်တဲ့ဟင်းပါ...အရိုးပြုတ်ရည်ကို အခြေခံပစ္စည်းအနေနဲ့ သုံးတယ်... အသားနဲ့ အသီးအရွက်တွေ အပါအဝင် အမျိုးမျိုးသော ပါဝင်ပစ္စည်းများနဲ့ ပြုတ်ထားတယ်...အမြင်မလှပေမဲ့ အရသာရှိပါတယ်"

ရှုရှီ ပန်းကန်လုံးထဲသို့ မဝံ့မရဲကြည့်ကာ ကျန်းရှုယောင်က ကျိုးရှီကို ပျော်အောင်သက်သက်​ပြောခြင်းလားဟု တွေးနေမိသည်။

ကျိုးရှီက မာလာထန့်၏ ကြွယ်ဝပြီး မွှေးကြိုင်သော ရနံ့ကို ရှူရှိုက်ကာ "ကောင်းပြီ... နင့်ရဲ့ တူတွေကို ရွှေ့လိုက်" ဟုပြောရန်မစောင့်နိုင်တော့ပါချေ။

အရိုးပြုတ်ရည်က နို့ရည်ကဲ့သို့အဖြူဖြစ်ပြီး အနှစ်က အရသာကို မြှင့်တင်ရန်သာဖြစ်သည်။ အရိုးဟင်းရည်၏အရသာက ပိုသာလွန်သောကြောင့် မျက်နှာပြင်ပေါ်တွင်ဆီလွှာပါးပါးသာရှိသည်။

ဟင်းရည်မှာ အရောင်စုံလင်ပြီး အဖြူရောင် ကြာဆွယ်အချပ်၊အမည်းရောင်မှို၊အစိမ်းရောင် ဂန္ဓမာ၊ ခရမ်းရောင် ခရမ်းသီး...စသဖြင့်အရောင်စုံလင်စွာ ရောစပ်ထား၏။ ပုံသဏ္ဍာန်များက အလွန်ကွဲပြားသည်၊ ခပ်ဝိုင်းဝိုင်း မှိုများ၊ရှည်မျောမျော အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အရွယ်အစားအမျိုးမျိုးရှိသော ငါးများနှင့် ဂဏန်းချောင်းအမျိုးအစားများစွာရှိသည်။

နှမ်းအနှစ် ဇွန်းကြီးတစ်ဇွန်းကို အလယ်ဗဟိုတွင် လောင်းထည့်ပြီး လှီးထားသော နွေကြက်သွန်၊ နံနံ၊ ငရုတ်သီးအတုံးများကို ဖြူးထားသည်။ ၎င်းသည် ကြည့်ရသည်မှာ လျှံပယ်ပြီး ပေါ့ပေါ့ပါးပါးရှိသောကြောင့် လူအများကို ၎င်း၏အရသာကို သိချင်စေသည်။

သူမ  မာလာထန့်ကို တူများဖြင့် မွှေလိုက်ပြီး နှမ်းဆော့စ်က ဟင်းရည်ထဲသို့ အရည်ပျော်သွားသည်။ ဟင်းရည်မှ အပူများ ပြန့်ကျဲလာပြီး မွှေးကြိုင်သော ရနံ့များ ပြည့်လျှံလာသည်။ အရိုးစွပ်ပြုတ်၏ လတ်ဆတ်မှုနှင့် အနည်းငယ်စပ်သောငန်သော လျှော်များက အလွှာများရှိပြီး အစာစားချင်စိတ်ကို နှိုးဆွပေးသည်။

သူမ မှိုတစ်ဖတ်ကို ကောက်ယူလိုက်သည်။ နှမ်းဆော့စ်နှင့် ဟင်းရည်အခြေခံက အနည်းငယ်ပျစ်ပြီး အနက်ရောင်မှိုက အညိုရောင်နှင့် အဖြူရောင်ဟင်းရည်ကို စုပ်ယူထားသည်။ လတ်ဆတ်သော မွှေးရနံ့နှင့် ခံတွင်းတစ်ခုလုံး ပြည့်သွား၏။

မှိုက ကြွပ်ဆတ်ပြီး အခြေခံပစ္စည်းက လေးပင်ခြင်းမရှိပါချေ။ ၎င်းသည် ဟင်းသီးဟင်းရွက်များ၏ အနံ့ကို ဖုံးကွယ်မထားသော်လည်း ကြွယ်ဝသော လတ်ဆတ်မှု၊ ပေါ့ပါးမှုနှင့် စပ်သောအရသာကို အသုံးပြု၍ပါဝင်ပစ္စည်းများ၏အရသာကို ဆွဲထုတ်ထားသည်။

သူမ နူးညံ့သော ငါးအသားလုံးကို ကောက်ယူပြီး နူးညံ့သော ငါးအသားထဲသို့ ကိုက်လိုက်သည်။ အတွင်းက အပူတွေက အရှိန်ပြင်းပြင်းနှင့် သူမလျှာဖျားကို အနည်းငယ်ထုံသွားစေ၏။ အရိုးပြုတ်ရည်၏ လတ်ဆတ်မှုနှင့် ငါး၏ လတ်ဆတ်မှုသည် အလွန်လှပစွာ ရောနှောထားသည်။

ဟင်းသီးဟင်းရွက်များ၊ အသားဟင်းလျာများ၊ အရိုးပြုတ်ရည်နှင့် ခေါက်ဆွဲတို့က ရောစပ်နေသည်။ ပါဝင်ပစ္စည်းတစ်ခုစီသည် မူရင်းအနံ့ကို ထိန်းသိမ်းထားပြီး တစ်ခုနှင့်တစ်ခု အရသာကို အချင်းချင်းစုပ်ယူသည်။ အရောင်အသွေးမျိုးစုံ၏ ရနံ့များသည် အဖြူရောင်ဟင်းရည်ပျစ်ပျစ်ပန်းကန်လုံးထဲတွင် ပြန့်ကျဲနေပြီး အချင်းချင်း ပေါင်းစပ်ကာ ထိုးဖောက်သွားကြသည်။

သိသိသာသာပင် ပါဝင်ပစ္စည်းများများစွာရှိသည်၊ သို့သော်ထူးဆန်သောအရသာမရပါချေ။ သန့်စင်သောအရိုးပြုတ်ရည်က အနည်းငယ်ထုံပြီး စပ်သော်လည်း ဗိုက်ကို လန်းဆန်းစေပြီး ပူနွေးစေသည်။ နှမ်းအနှစ်ထည့်ပြီးနောက် ယစ်မူးဖွယ် အရသာထပ်လောင်းထည့်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ပါဝင်ပစ္စည်းများသည် ပို၍ အရသာရှိလာပြီး လူများကို လုံးဝ ရပ်တန့်၍မရဖြစ်စေသည်။

အစပိုင်းက ရှုရှီ၏သံသယစိတ်သည် စိတ်နှလုံးအကြွင်းမဲ့နှစ်ကာ အရသာခံသည့် သဘောထားအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်လုတ်ပြီးတစ်လုတ်စားကာ သူမ၏ဗိုက်ပူနွေးလာပြီး နဖူးပေါ်မှချွေးများထွက်စေသည်။

အသီးအရွက်နှင့်အသားတွေကို ပြောင်စင်အောင်စားပြီးနောက် ပန်းကန်လုံးထဲမှာ ခေါက်ဆွဲတချို့ ရှိနေပါသေး၏။ ယခုအချိန်တွင် ခေါက်ဆွဲက အရသာအရှိဆုံးဖြစ်သည်။

ဟင်းရည်ထဲမှာ အကြာကြီးစိမ်ပြီးသည့်အခါ ခေါက်ဆွဲက အနည်းငယ် ပွသွားပေမဲ့ အတွင်းပိုင်းမှာ ဝါးနေရတုန်းပါပင်။ ယခုအချိန်တွင် ဟင်းရည်က ပိုပျစ်လာကာ ခေါက်ဆွဲကို မွှေလိုက်သောအခါတွင် လတ်ဆတ်ပြီး အရသာရှိသော ဟင်းရည်ဖြင့် ဖုံးအုပ်သွားသည်။ ကိုက်လိုက်သည့်အခါ နှမ်းအနှစ်၏ရနံ့က ခေါက်ဆွဲရနံ့နှင့် ရောစပ်နေ၏။

ဟင်းသီးဟင်းရွက်များ၏ လတ်ဆတ်မှု၊ အသား၏အသားနိုင်းချင်းအရသာနှင့် အခြေခံပစ္စည်း၏ အစပ်နှင့် အငန်အရသာတို့သည် ရိုးရိုးနှင့် ပေါ့ပါးသော ခေါက်ဆွဲထဲသို့ အရည်ပျော်သွားကြသည်။ ၎င်းတို့သည် နူးညံ့ချောမွေ့ကာ အရသာရှိပြီး အရသာစုံလင်သည်။ မျိုချပြီးနောက် ပါးစပ်ထဲတွင် ကြာရှည်စွာ အရသာစွဲကျန်နေသည်။

ရှုရှီ တသီးတသန့်ဖြစ်ရန်နှင့် ဂုဏ်သိက္ခာရှိရန် ဂရုမစိုက်ပါချေ။ သူမသည် ဇွန်းကိုယူကာ ဟင်းရည်အားလုံးကို သောက်လိုက်သည်။ ယခုအချိန်တွင် ဟင်းရည်က ရိုးရိုးဟင်းရည်မဟုတ်တော့ဘဲ  မာလာထန့်၏ အနှစ်သာရဖြစ်သည်။ ပါဝင်ပစ္စည်းများအားလုံးက အရသာအဖြစ် ပံ့ပိုးပေးနေသည်။ ၎င်းသည် ဆန်းသစ်၊ နူးညံ့ပြီး ရှုပ်ထွေးပုံရသည်။

ရှုရှီ စားပြီးသည့်အခါ သူမ၏အပြုအမူမှားလေးများကို သိသွားပြီး သိက္ခာရှိသည့်အသွင်အပြင်ကို ပြန်လည်ထိန်းသိမ်းရန်အတွက် ပါးစပ်ထောင့်ကို လက်ကိုင်ပုဝါနှင့် အမြန်ပုတ်လိုက်သည် ။

သူမ မော့ကြည့်လိုက်သောအခါ ကျိုးရှီက သူမကို မေးခွန်းထုတ်လိုစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှုရှီက သူမအမူအရာကို မပြောင်းလဲဘဲ တိုးတိုးလေးပြောသည်။

"တတိယယောက်မ မျှော်လင့်ထားသလို အရမ်းအရသာရှိပါတယ်"

ကျိုးရှီက မျက်ခုံးပင့်လိုက်ပြီး
"နင်စားတာကို ငါလုပ်ထားတာ"

"တတိယယောက်မကလည်း သင်ပေးထားတာလေ"
ရှုရှီက  ဆက်ပြောသည်။

"အင်း ဟုတ်တယ်...ယောင်ယောင်က ငါ့ကို အကုန်သင်ပေးတယ်"

ကျိုးရှီက  နာကျင်ခြင်း သို့မဟုတ် မယိုးမရွဖြစ်ခြင်းမရှိသလိုမျိုး သဘောတူလိုက်သည်။

ရှုရှီ၏ အပြုံးသည် ရုတ်တရက် တောင့်တင်းသွား၏။

"ဒုတိယယောက်မက အလုပ်သင်ပဲ... မင်းတို့က မရင်းနှီးဘူး...တတိယယောက်မရဲ့ နာမည်ကိုခေါ်စရာ မလိုဘူး"

ကျိုးရှီက ဆိုသည်။
"အဲဒါကို နားမလည်တဲ့သူက ယောက်မပဲ...
ငါတို့က အရမ်းရင်းနှီးကြတာ"


"အိုး ဟုတ်လား... ဘာလို့ငါမသိရတာလဲ...တတိယယောက်မ...မင်းတို့အတူရှိတာမကြာသေးဘူးမလား"

ရှုရှီက နူးညံ့သိမ်မွေ့နေဆဲဖြစ်ပြီး စိတ်ရင်းမှန်ဖြင့်အကြံဥာဏ်တောင်းနေသကဲ့သို့ ကျန်းရှုယောင်အား ခေါင်းလှည့်ကာကြည့်လိုက်သည်။

ကျန်းရှုယောင် ချွေးအေးတစ်ပေါက် တိတ်တိတ်လေး ကျသွားပြီး အားမပါစွာဆိုလိုက်၏။

"အာ... ဘာကို"

ထိုအခိုက်အတန့်တွင် အစေခံ တစ်ယောက် ရုတ်တရက်ရောက်လာပြီး အဆင်မပြေတင်းမာသောလေထုကို အနှောင့်အယှက်ပေးကာနှုတ်ဆက်လိုက်သည်။

"သခင်မ...တတိယသခင် ရောက်နေပါတယ်... တတိယသခင်မကို ရှာတာလို့ပြောပါတယ်"

သူရောက်လာသည်က တကယ်ကို ကောင်းပါ၏။

ကျန်းရှုယောင် သက်ပြင်းတစ်ချက်ချကာ ခြံတံခါးကို လှမ်းကြည့်လိုက်သည်။

ရှဲ့ရွှင်း ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက် ပြန်မလာသေးကြောင်း အစေခံကပြောသည်ကို ကြားလိုက်ရသည်။ သူ ရုတ်တရက် အနည်းငယ်နိုးကြားသွား၏။

အရင်တုန်းက သူမက ဒုတိယအိမ်တော်ခွဲမှာ နေ့လည်စာပဲစားပြီး ပြန်လာကာ သူနှင့် ညစာစားလိမ့်မည်ဖြစ်သည်။ ခဏအကြာ၌ တုံ့ဆိုင်းသွားပြီး ဒုတိယအိမ်တော်ခွဲကို သွားလိုက်၏။ ဒုတိယအိမ်တော်ခွဲကို သူရောက်သောအခါတွင် အစေခံကရှုရှီလည်းရှိနေသည်ဟုပြောသည်ကို ကြားလိုက်ရသည်။ သူမျှော်လင့်ထားသည့်အတိုင်းပါလားဟု ရုတ်တရက် ခံစားလိုက်ရသည်။

အစေခံက ပြန်ဖြေပြီးနောက် သူခြံဝင်းထဲသို့ ဝင်သွားလိုက်ကာ စားပွဲဝိုင်းတွင် လူသုံးယောက် ထိုင်နေသည်ကို တွေ့ရသောအခါ သူစိတ်သက်သာရာ ရသွားသည်။

ကလေးတွေမရှိရင် အဆင်ပြေပါတယ်... မိသားစုညစာစားပွဲကြီးမဟုတ်ပါဘူး—အယ်... တစ်ခုခုတော့မှားနေပြီ...

"တတိယမောင်ငယ်"

ရှုရှီနှင်ကျိုးရှီက  ထနှုတ်ဆက်လိုက်ပြီး ရှဲ့ရွှင်း၏ အတွေးတွေကို နှောက်ယှက်လိုက်ကြသည်။

ရှဲ့ရွှင်းက ပြန်၍ လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။

ကျန်းရှုယောင်က ပြတ်ပြတ်သားသား မတ်တပ်ထရပ်ပြီး ကျိုးရှီနှင်ရှုရှီတို့ကိုပြောလိုက်၏။

"ကျွန်မခင်ပွန်းရောက်နေပြီမို့ အရင်သွားလိုက်ဦးမယ်နော်"

လေထုက အခြေအနေ မဟန်ဘူး...အရင်ပြန်ဆုတ်လိုက်မယ်...

ရိုးရှင်းသော စကားလုံးဖြင့် သူမ သူ့ဆီသို့ တန်းပြေးလာသည်ကို မြင်လိုက်ရသောအခါ ရှဲ့ရွှင်း၏ နှလုံးသားထဲမှ ကျောက်တုံးကြီးသည် နောက်ဆုံးတွင် မြေပေါ်သို့ ပြုတ်ကျသွားသည်။

သူ့စိုးရိမ်မှုတွေက မလိုအပ်ဘူးဟု ရုတ်တရက် ခံစားလိုက်ရပြီး ရှုရှီနှင့်ကျိုးရှီကို ကြည့်သည့် အကြည့်တွေက ပိုပြီး ပျော့ပျောင်းလာ၏။

ကျန်းရှုယောင်ပြေးသည်က မြန်လွန်းသည်။ ကျိုးရှီက "အိုး" ဟုပြောသော်လည်း မရပ်ဘဲ ရှဲ့ရွှင်း၏နံဘေးသို့ ပြေးသွားခဲ့သည်။

"သူ(မ) သူ့ကိုတွေ့ဖို့ အရမ်းစိတ်လှုပ်ရှားနေတယ်"
သူမက ရေရွတ်သည်။

ရှုရှီက  မသိစိတ်ဖြင့် ထောက်ခံလိုက်၏။
"ဟုတ်တယ်"

"သူနဲ့မတွေ့ရတာ ရက်အတော်ကြာနေသလိုမျိူးပဲ... အဲဒါ ဘာအတွက်လဲ...တတိယမောင်ငယ်ကို တအားသဘောကျနေတာလား"

ကျိုးရှီက  ငြီးတွားလိုက်သည်။

ရှုရှီ၏အမူအရာက ဂုဏ်သိက္ခာရှိပြီး နူးညံ့သိမ်မွေ့သော်လည်း သူမ လေသံမှာလည်း မကျေမနပ်ဖြစ်နေသည်။

"မဟုတ်ဘူး"

စကားပြောပြီးနောက် နှစ်ယောက်သား အံသြသွားကြသည်။

ခေါင်းကို လှည့်လိုက်ကြ၏။ သူ့ကို ကိုယ်ကြည့်၊ကိုယ့်ကိုသူကြည့်ဖြစ်နေကြသည်။ တစ်စက္ကန့်အကြာတွင် ၎င်းတို့သည် တစ်ချိန်တည်းတွင် ဟင်းချလိုက်ကြကာ ကိုးရိုးကားယားဖြင့် ရန်ပွဲတစ်ခုမျှ မစတင်ခဲ့ပေ။

ကျန်းရှုယောင် နှင့် ရှဲ့ရွှင်း ခြံဝင်းထဲမှ ထွက်လာခဲ့သည်။သူမ ခြံထဲကထွက်ပြီးနောက် ပထမဆုံးစကားမှာ ဤသို့ဖြစ်၏။

"ရှင်ဝိုင်ဝယ်ခဲ့လား"
မနေ့က သူဝယ်သည်က အလွန်နည်းပြီး သူမ နည်းနည်းမှမဝပေ။

ရှဲ့ရွှင်းက မျက်မှောင်ကြုတ်ကာ သူမကို ငုံ့ကြည့်လာသည်။

"ဒါက မင်းငါ့ကို ပထမဆုံးပြောတဲ့စကားလား"
သူ့လေသံက အနည်းငယ် မတရားခံနေရသလိုပင်။

ကျန်းရှုယောင်က နားမလည်နိုင်စွာပြောလိုက်သည်။
"...မဟုတ်ရင်?"

"မင်းနဲ့ မင်းယောက်မတွေက အရမ်းပျော်နေကြတယ်"

သူတို့အိမ်မှာ ပျော်လွန်း၍ သူမက သူနှင့် မစားတော့ပေ။ သူမက ဒုတိယအိမ်တော်ခွဲသို့ အမှန်တကယ် ပြောင်းရွှေ့ချင်နေပုံရသည်။

"အင်းလေ"

ကျန်းရှုယောင်က သူ၏ နာကြည်းမှုကို မကြားလိုက်ဘဲ ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်လိုက်သည်။

ရှဲ့ရွှင်းမှာ ဆို့နင်ပြီး သွေးဟောင်းတစ်လုတ်ကို ထွေးထုတ်မိလုမတတ်။

ထို့နောက် သူ ကျန်းရှုယောင်ပြောသည်ကိုကြားလိုက်ရ၏။

"ကျွန်မ ညစာ အခုမှချက်ထားတာ... ပူနေတုန်းပဲ... ရှင်စားဖို့ ပန်းကန်လုံး ပြန်တောင်းခိုင်းလိုက်မယ်...ပန်းကန်ကြီးကြီးတစ်လုံးဆိုရင် ရှင်သေချာပေါက် ဗိုက်ပြည့်သွားလိမ့်မယ်" 
မီးဖိုချောင်ထဲမှာ အများကြီးကျန်နေသဖြင့် အလဟဿဖြစ်၍မရပေ။

ပန်းတွေ ပွင့်လာသည်၊ ငှက်ကလေးတွေ တေးဆိုနေ၏၊ အရာအားလုံး နိုးထလာသည်။ ရှဲ့ရွှင်း၏ကမ္ဘာကြီး ပြန်လည်လှပလာသည်။

"ကောင်းပြီ"

သူ့နှုတ်ခမ်ထောင့်များက အထိန်းအကွပ်မရှိ တွန့်ကွေးသွားသည်။

သူက အတွေးလွန်နေတာပဲ...သူမက သူ့ကို အမှတ်ရတယ်... ဘယ်လောက်တွေးပေးတတ်လိုက်သလဲ ကြည့်...

.......

နှစ်ယောက်လုံး ဤည ညစာစားပြီးနောက် ဗိုက်ကားသွားကြသည်။ ရှဲ့ရွှင်းက စားပြီးသည်နှင့် ထုံးစံအတိုင်း စာဖတ်ရန် စာကြည့်ခန်း ပြန်သွားပေမဲ့ ခဏအကြာတွင် သူ့လက်ထဲမှာ စာအုပ်တစ်အုပ်နှင့် ပြန်ရောက်လာသည်။

“စာကြည့်ခန်းက အရမ်းပျင်းစရာကောင်းတယ်” ဟု သူက ရှင်းပြသည်။

ကျန်းရှုယောင်က "အိုး" ဟု ပြောပြီး ခေါင်းငုံ့ကာ ဆက်ရေးဆွဲနေ၏။

ရှဲ့ရွှင်း သူမ၏ အာရုံကို ဆွဲဆောင်ရန်ကျရှုံးခဲ့ပြီး စားပွဲ၌ လိမ်လိမ်မာမာ ထိုင်ကာသူမနှင့်အတူ စာဖတ်ခဲ့သည်။

အရှေ့တောင်ပံက အလွန်သာယာသည်။ ခြံဝင်းထဲမှာ ပုစဉ်းရင်ကွဲတွေ ရှိပြီး အိမ်ထဲကို လေတွေ တိုက်ခတ်နေသောကြောင့် ဤနွေရာသီညမှာ ထူးခြားသည့် တိတ်ဆိတ်မှုကို ယူဆောင်လာ၏။


....
[ET/N- “မာလာ” ဟူသော စကားလုံးသည် တရုတ်အက္ခရာမာ (麻) ၏ အဓိပ္ပါယ် “ထုံ” နှင့် လာ (辣) ၏အဓိပ္ပာယ်"အစပ်” တို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ အလွန်အသေးစိတ်သော ဟော့ပေါ့တစ်မျိုးဖြစ်သည်။ မာလာဟင်းရည်အခြေခံကို စီချွမ်ငရုတ်ကောင်းသို့မဟုတ် ငရုတ်ဆီထည့်ခြင်းဖြင့် ပြုလုပ်သည်။ စပ်သောအနံ့နှင့် အလွန်စပ်သောအရသာရှိသည်။]


Xxxxxxx