Part 142
ထိုစကားလုံးများက တိတ်ဆိတ်နေသော ယွမ်ရှကိုပင် ဒေါသထွက်သွားစေသည်။
စုန့်ထင်ရှန်း အဒေါ်က သူမ၏ မြေးမကို အော်နေသော်လည်း သူမ စကားလုံးများက ဝမ်လေး သူမ၏မြေးမကို အနိုင်ကျင့်သလို ပြောနေခြင်းဖြစ်သည်။
ကစားနေသော ကလေးနှစ်ယောက်ဘဲ ရှိပြီး ဝမ်လေးက မငိုတဲ့ တစ်ယောက်ဖြစ်သည်။ သူတို့၏ မျက်လုံးထဲတွင် ငိုတဲ့သူက အပြစ်မရှိသူ ဖြစ်သည်။
ယွမ်ရှက စုန့်ထင်ရှန်းသည်လည်း သူ့အမျိုးများကို မကြိုက်သည်ကို သိသောကြောင့် အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ယောကျာ်း ဒီပြဿနာကို လာရှင်းပေးပါအုန်း သားအကြောင်းကို ရှင်သိပါတယ် ..သူကဧည့်သည် တစ်ယောက်ဖြစ်တဲ့အချိန်မှာ သူများထက် ပိုပြီး လိမ္မာယဉ်ကျေးတယ်..သူတကယ် သူမကို အနိုင်ကျင့်တယ်ဆိုရင် ကျွန်မတို့ သူ့ကို စည်းကမ်းသတ်မှတ်ရတော့မယ်”
“ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး..ကလေးတွေက ဆိုးပြီး အိမ်ကို ဆူအောင်လုပ်တတ်ကြတယ်..ခနနေရင် အဆင်ပြေသွားလိမ့်မယ်”
“ဟုတ်တယ် ယောကျာ်းလေးတွေက ဆ်ိုးကြတာ သဘာဝဘဲ..လာကြ ထမင်း စားကြရအောင်”
“ထင်ရှန်း ဇနီး..ဒါက ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး..”
ဒီဆွေမျိုးတွေက စုန့်ထင်ရှန်းနဲ့ ဘယ်လောက်ထိ အမျိုးတော်သလဲဆ်ိုတာ ဘယ်သူမှ မသိပေ။ သူတို့အားလုံးသည် အရာအားလုံး အဆင်ပြေအောင် ကြိုးစားကြသည်။ သူတို့သည် ဝမ်လေးက ဆိုး၍ ကလေးမလေးကို ငိုအောင် လုပ်သည်ဟု တွေးကြပြီး ကြီးမားတဲ့ ပြဿနာတစ်ခုလို့ မထင်ကြပေ။ သူတို့၏ လက်တွေ့ဘဝကို ကြည့်လျှင် ကလေးများကြားက ပဋိပက္ခနှင့် ရန်လိုမှုများကို ပုံမှန်ဘဲဟု ထင်ကြသည်။ သူတို့ကလေးများနှင့် အသိကလေးများသည် တစ်ခြားသူများနှင့် ငြင်းခုံတတ်ကြသည်။
ယွမ်ရှ စုန့်ထင်ရှန်းကို ကြည့်လိုက်ပြီး ဝမ်လေးကို တိုးတိုးလေး မေးလိုက်သည်။
“ကလေးလေး ဘာဖြစ်တာလဲ ..မာမားကို ပြောပြပါ”
ကလေးတစ်ယောက်အနေနဲ့ မှားယွင်းစွာ စွပ်စွဲခံရခြင်းကို သူမကြုံတွေ့ဖူးသည်။ ကလေးများသည်လည်း စိတ်ခံစားချက်များရှိကြသည်။ သူတို့မလုပ်ခဲ့သောအရာကို လုပ်သည်ဟု စွပ်စွဲခံရခြင်းသည် အလွန်ဆိုးရွားသည်။ မိဘများက သူတို့အပေါ် ယုံကြည်မှုမရှိလျှင် ပို၍ဆိုးသည်။
တချို့က သူတို့ကလေးတွေကို ယုံကြည်သော်လည်း လူကြီးများနှင့် အငြင်းမပွားလိုသောကြောင့် သူတို့ကလေးများကို မလုပ်ခဲ့သောပြဿနာအတွက် သည်းခံပြီး ငြိမ်နေစေချင်ကြသည်။
ဝမ်လေးက သူ့အမေကို ဂရုတစ်ိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးများပင် တုန်ယင်လာသည်။သူ မှားယွင်းသလို ခံစားရ၍ သူ၏လက်ကို ဆန့်ထုတ်ပြီး နီရဲနေသော လက်ကောက်ဝတ်များကို ပြလိုက်သည်။
“သူက သားရဲ့ လက်ကောက်တွေကို လိုချင်နေတာ…အဘွားက သားကိုပေးထားတဲ့ဟာမို့ သူ့ကို မပေးချင်ဘူး…သူက သားဆီကနေ အတင်းယူတော့ လက်ကောက်ဝတ်တွေပါ နာကုန်တာ…မာမား..သားမညာဘူး”
သူ မလိမ်ဘူးဆိုတာကို ယွမ်ရှ ယုံကြည်သည်။ ဝမ်လေးသည် သူ့အမေနှင့် တူ၍ အသားဖြူသောကြောင့် သူ၏ လက်ကောက်ဝတ်တွင် အရာများ ထင်းနေလေသည်။
ဒီမိသားစုက ဘာဖြစ်နေတာလဲ..အဒေါ်က သူမသားရဲ့ ရွှေလက်ကောက်တွေကို ကိုင်ကြည့်ပြီး ကလေးမလေးက သူမသားဆီက ယူဖို့ ကြိုးစားတယ်။
သူတို့က စုန့်ထင်ရှန်း၏ အမျိုးများဖြစ်ကြပြီး ခုသူတို့ထဲက တစ်ယောက်က ပေါ်တင် ပြုမူနေတယ်။ သူမ စုန့်ထင်ရှန်းကို ကြည့်လိုက်ပြီး သူ့အဖြေကို ကြားရန်စောင့်လိုက်သည်။
တိတ်ဆိတ်နေသော စုန့်ထင်ရှန်းက ရယ်လိုက်ပြီး ကလေးမလေးဆီသို့ သွား၍ မေးလိုက်သည်။
“သူပြောတာ မှန်လား”
ကလေးမလေးသည် ခေါင်းရမ်း၍ အသက်ရှူကျပ်နေသော အသံဖြင့် ဖြေလိုက်သည်။
“သမီး မလုပ်ဘူး”
“အမ်..ဒါဆို မင်းက ဒီလက်ကောက်တွေကို တကယ်မလ်ိုချင်ဘူးပေါ့ ဟုတ်လား”
ကလေးမလေးသည် နှုတ်ခမ်းဆူပြီး ငိုတော့မည့်ပုံပေါက်နေသည်။
“သမီး မလိုချင်ဘူး..အဲ့ဒါတွေယူဖို့ မကြိုးစားခဲ့ဘူး..သူက သမီးကို တွန်းပြီး ရိုက်ခဲ့တယ်”
စုန့်ထင်ရှန်းက ခေါင်းငြိမ့်လိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။
“ဦးလေးက မင်းကို ရွှေလက်ကောက် တစ်စုံဝယ်ပေးဖို့ စဉ်းစားနေတာ မင်းခု အဲ့ဒါတွေကို မလိုချင်ဘူးဆိုတော့လဲ စိတ်မဆိုးပါဘူး”
ကလေးမလေးနှင့် စုန့်ထင်ရှန်း၏ အဒေါ်တို့သည် အံ့ဩသွားကြပြီး ကြက်သေသေသွားသည်။
“သမီး…”ကလေးမလေးက တစ်ခုခုကို ပြောချင်ပုံဖြင့် ပါးစပ်ဟလိုက်သော်လည်း သူမအမေက သူမကို ဆိတ်ဆွဲလိုက်သောကြောင့် သူမ ပို၍ ငိုသွားလေသည်။
စုန့်ထင်ရှန်းက သူတို့ကို ဂရုမထားပဲ ယွမ်ရှကို ပြောလိုက်သည်။
“ရှရှ ဒီကိစ္စကို ထားလိုက်ပါတော့..ငါ့အဒေါ်မိသားစုက အရမ်းရိုးသားကြပါတယ် ရွှေလက်ကောက်တွေ မြင်ပြီးတော့ အဲ့လိုဖြစ်မှာမဟုတ်ပါဘူး…သူတို့အရမ်းဆင်းရဲပေမဲ့ အဲ့လိုမလုပ်ပါဘူး...”